1
"သေမျိုးတစ်ယောက်ဖြစ်တဲ့ ကျွန်မ ပိုင်ဇီက.... ကျွန်မတို့ပိုင်မိသားစုဝင်တွေအားလုံးကို သတ်ဖြတ်ခဲ့တဲ့အတွက် လင်ကျန့်ဂိုဏ်းရဲ့ တပည့် ချွေ့ဖူလင်ကို အပြစ်ပေးစေလိုပါတယ် ဂိုဏ်းအကြီးအကဲတွေကို တရားမျှတမှုရှာဖွေပေးဖို့ တောင်းဆိုချင်ပါတယ်"
ကြီးမားတဲ့ အပြစ်ပေးခန်းမကြီးထဲမှာ ကြမ်းပြင်ကို ဦးတိုက်အရိုအသေပေးတဲ့ အသံတွေ မရပ်မနား ထွက်ပေါ်နေခဲ့တယ်။
ဒူးထောက်နေခဲ့ရတာကြောင့် ငါ့ရဲ့ ဒူးခေါင်းတွေက ထုံကျင်နေခဲ့ပြီး နဖူးဟာလည်း ပေါက်ပြဲပြီးသွေးတွေထွက်နေခဲ့တယ်။
ပန်းရောင်ဝတ် မိန်းကလေးတစ်ယောက်က ခန်းမ အပြင်ဘက်ကနေ နောက်ကျမှဝင်ရောက်လာခဲ့ပြီး သူမရဲ့ဝတ်ရုံလက်တွေက ကျက်သရေရှိစွာ ခါယမ်းနေတယ်။
ငါသူမကို မှတ်မိတယ် သူမက ချွေ့ဖူလင် ဒီကမ္ဘာရဲ့ အမျိုးသမီးဇာတ်လိုက်ပဲ...။
"တတိယဂိုဏ်းချုပ်... အဲ့တာကမတော်တဆတစ်ခုပါ" လို့
သူမရဲ့ သာယာငြိမ့်ညောင်းပြီး စွဲမက်စရာကောင်းတဲ့ အသံနဲ့ ပြောလယတယ်။
"ဒူးထောက်စမ်း!"
ဂိုဏ်းချုပ်တစ်ယောက်က အပေါ်ကနေ မာမာထန်ထန်နဲ့ အမိန့်ပေးလိုက်တော့မှ ချွေ့ဖူလင်က ချက်ချင်းဆိုသလို ဖြူဖျော့သွားပြီး ဒူးထောက်ချလိုက်တယ်။
သူမရဲ့ ပုံစံဟာ တောက်ပတဲ့လမင်းတစ်စင်းလို နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းတာမို့ လူတွေရဲ့ နှလုံးသားအိမ်ကို လှုပ်ရှားစေမဲ့ပုံပဲ။
စိတ်မကောင်းစရာပဲ။ သူမရဲ့အတွင်းစိတ်ကတော့ ဟိုးအတွင်းပိုင်းထဲကစပြီး ပုပ်သိုးပျက်စီးနေရှာတယ်။
လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ရွာသားတွေအတွက် တောင်ပေါ်ကို ဆေးပင်တွေ စုဖို့ငါသွားခဲ့တယ်။
ငါမသိခဲ့တာက ပြန်ရောက်ရောက်ချင်းမှာ မိသားစုတစ်ခုလုံး မီးလောင်တိုက်သွင်းခံလိုက်ရတဲ့ ပျက်စီးခြင်းတစ်ခုက ငါ့ရှေ့မှာစောင့်ကြိုနေမယ်ဆိုတာပဲ။
မီးကျွမ်းနေတဲမြေပြင်ပေါ်မှာ ချွေ့ဖူလင် တစ်ယောက်တည်းသာ ကျန်နေခဲ့ပြီး သူမက စိတ်ရှုပ်ထွေးပြီး မှင်တက်နေသလိုအမူအရာနဲ့ ပယောဂဝင်နေသလိုမျိုး ဖြစ်နေခဲ့တယ်။
သိပ်မကြာခင်မှာပဲ မသေမျိုးနတ်ဘုရားတစ်ယောက်က သူမနောက်ကို လိုက်လာပြီး သနားကြင်နာတဲ့ပုံစံနဲ့ သူမကို ပွေ့ဖက်လိုက်တာ ငါမြင်လိုက်ရတယ်။
"ဒီလိုနိမ့်ကျတဲ့သေမျိုးတွေရဲ့ အသက်က ဘာမှအရေးမပါတဲ့ အသေးအဖွဲ့လေးတွေပါပဲ ဖူလင်...ဒီလိုကိစ္စလေးကြောင့် မင်းရဲ့တာအိုနှလုံးသားကို အနှောက်အယှက်အဖြစ်မခံနဲ့ "
ပြီးတော့ သူတို့က ပိုပြင်းထန်ကြီးမားတဲ့ မီးတောက်တွေကို ပစ်လွှတ်ပြီးတော့ အလောင်းတွေကို အစအနပါ မကျန်အောင် တောက်လောင်စေရင်း လက်ချင်းတွဲရက် ထွက်သွားခဲ့ကြတယ်။
ငါ့အတွက်ဆိုလို့ အဝတ်စအဟောင်းတစ်ခုနဲ့ အလျင်အမြန် လိုက်သိမ်းဆည်းခဲ့ရတဲ့ ငါ့မိသားစုရဲ့ မီးကျွမ်းထားတဲ့ ရုပ်ကြွင်းအစအနတွေပဲကျန်နေခဲ့တယ်။
သိပ်မကြာသေးခင်ကမှ ငါ့ညီမငယ်လေးက ငါ့ရင်ခွင်ထဲမှာ ရယ်မောနေခဲ့သေးတာ။
အခုတော့ သူမက နိမ့်ကျတဲ့တိရစ္ဆာန်တစ်ကောင်လိုမျိုး အရှင်လတ်လတ် မီးလောင်တိုက်သွင်းခံလိုက်ရတယ်။
သူတို့ကတော့ နောင်တရနေတဲ့ပုံစံ နည်းနည်းလေးမှ မရှိခဲ့ကြဘူး။
ရှင်းပါတယ် ဘာလို့လဲဆိုရင် သူတို့က ကျင့်ကြံသူတွေဖြစ်
နေပြီး ငါတို့ကတော့ သေမျိုးတွေဖြစ်နေလို့ပဲ။