ဆယ်နှစ်တာသဘောတူညီချက်
DaoMuBiJi
Author - Nan Pai San Shu
Chapter (20)
ဟန်ဆောင်မယ်
ဒုတိယအကြိမ် အရိုက်ခံရပြီးနောက် ဝမ်မောင် လန့်နိုးလာသည်။ သူက ခေါင်းနောက်ကျောကို ကိုင်လိုက်ပြီး ဝူရှဲကို ပဟေဠိဆန်တဲ့ အကြည့်နဲ့ ကြည့်နေ၏။
"ဘာလုပ်တာလဲ?"
သို့သော် ဝူရှဲက ပြင်းပြင်းထန်ထန် ဆက်ရိုက်နေသဖြင့် စခန်းပတ်လည်သို့ လှည့်ပတ်ပြေးလေသည်။
"ဝူရှဲ! မင်းမှာ လူပိုရှိတိုင်း ငါမင်းကို ကြောက်မယ်လို့ မထင်နဲ့!"
ဝူရှဲ ဒေါသပိုထွက်လာပြီး သူ့ကို ခြေထောက်နဲ့ လွှဲကန်ပစ်လိုက်သည်။ ဝမ်မောင် လှည့်ပြေးသွားစဥ် ဖက်တီးက သူ့ခြေထောက်ကို ဆန့်တန်းပေးလိုက်တာကြောင့် ဝမ်မောင် ခလုတ်တိုက်ကာ မြေကြီးပေါ် လဲကျသွားတော့သည်။ ဝူရှဲ သူ့ကို တက်ခွပြီး ပါးရိုက်ပစ်သည်။
"ပြောစမ်း! မင်းဘာလုပ်နေတာလဲ?"
"မင်းဘာပဲလုပ်လုပ် ငါလုပ်မယ်... ဒါပေမယ့် မင်းလုပ်ခွင့်ရှိတာကို ငါကရော လုပ်ခွင့်မရှိဘူးလား... တရားမျှတမှုမရှိဘူး!"
ဝမ်မောင်က မယုံကြည်သေးတဲ့အတွက် သူ့ကို လက်ပြန် ထပ်ရိုက်လိုက်သည်။ ထို့နောက် သူ့ရင်ဘတ်ပေါ် ခြေတစ်ဖက်နဲ့ လှမ်းတက်လိုက်ရင်း ဖိနပ်ကိုတော့ ဖက်တီးဆီ ပြန်ပစ်ပေးလိုက်သည်။
ဝမ်မောင်က ဝူရှဲကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ ဒါပေမယ့် တခြားဘာမှ မပြောဝံ့ဘဲ စိုက်ပဲ စိုက်ကြည့်နေကာ ခဏကြာတော့မှ အော်၏။
"သူသေသွားတော့ ဘာဖြစ်လဲ... ဆယ်နှစ်အတွင်းမှာ အများကြီး ဖြစ်လာနိုင်တာပဲ မင်းပြောင်းလဲသွားပြီ၊ သူလည်း ပြောင်းလဲသွားပြီ... သူ မသေရင်တောင် မင်းကိုမေ့သွားနိုင်တယ်... မင်းရဲ့အတွင်းစိတ်ဝိညာဉ်ကို ကောက်ယူဖို့ မင်းအသက်စွန့်ပြီး ဒီကိုလာခဲ့ရတာ တန်လား"
ဝူရှဲသည် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး သူ့ကို အေးစက်စွာ ပြန်ကြည့်နေလိုက်သည်။
ဝမ်မောင်: "မင်းမသိတဲ့ အနာဂတ်ကို ပေးဖို့ ဆယ်နှစ်ကြာမှ သူ့ကို လာရှာဖို့ ပြောခဲ့တာကွ! မင်းသိလား.... လူတွေက မေ့နေတတ်ကြတယ်။ ဆယ်နှစ်ဆိုတာ မင်းသူ့ကိုမေ့ဖို့ လုံလောက်ပြီလို့ ထင်တာ... ဆယ်နှစ်ကြာအောင် ဘယ်သူမှ မြေအောက်မှာ နေလို့မရဘူးဆိုတာ မင်းသိတာပဲ.... သူ့ကို လာကြိုတာက မင်း ရူးနေလို့ပဲ..."
ဖက်တီးနဲ့ ရှောင်ဟွားတို့ နှစ်ယောက်စလုံးက ဝူရှဲကို ကြည့်နေကြပြီး ဝမ်မောင်က သူတို့ကို လက်ညှိုးထိုးရင်း ဆက်အော်လေသည်။
"မင်းရဲ့အတွင်းစိတ်နတ်ဆိုးအတွက် မင်းက ဒီလူတွေကို ရေထဲဆွဲထုတ်လိုက်တာလေ... မင်းငါ့ကိုလည်း ရေထဲဆွဲချလိုက်တာ။ ငါ့ဘဝက ဒီလိုမဟုတ်ဘူး မင်းရဲ့အတွင်းစိတ်နတ်ဆိုးကြောင့် မင်းဘာမဆို မင်းလုပ်ချင်တာ လုပ်လို့မရဘူးကွ! အဲဒါက မတရားဘူး!"
ဝူရှဲသည် ခြေဖဝါးကို ဖြေလျှော့ပြီး လက်ထဲက အမာရွတ်ကို ကြည့်လိုက်သည်။ ဝမ်မောင် သူ့ကို ဒီလိုပြောလာမယ်လို့ မမျှော်လင့်ထားပေမယ့် စိတ်ထဲမှာ မယိမ်းယိုင်နေတာ ကြာပါပြီ။ အဘယ်ကြောင့်ဆိုသော် လူတိုင်းတွင် မိမိအတွင်းစိတ်ဝိညာဉ်ဆိုး ရှိ၏။
ဝူရှဲ :"မင်းရဲ့အတွင်းစိတ်နတ်ဆိုးက ဘာလဲ?"
သူက ဝူရှဲကို ကြည့်ပြီး အဖြေမပေးခဲ့။ ဝူရှဲ အေးစက်စွာ ပြောလိုက်သည်။
"ငါ မင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်... မင်းပြန်သွားပြီး ဆိုင်ကို ဆက်ကြည့်မလား ဒါမှမဟုတ် မင်းကို အခုဒီမှာပဲ မြှုပ်ပစ်လိုက်ရမလား"
သူ့မျက်လုံးတွေ နီရဲလာတော့သည်။
"မင်းငါ့ကို စကားတောင် မပြောချင်ဘူးမလား... တချို့လူတွေရဲ့ ချိန်းဆိုမှုတွေက လွှတ်ချပစ်လို့ မရဘူး"
ဝူရှဲသည် သူ့ကိုယ်သူလည်း မျက်နှာသေ ပေါ်လာမှာ မဟုတ်ဘူး၊ လမ်းမှာ သေသွားနိုင်တယ်လို့ ပြောခဲ့ပေမယ့် အများကြီး ဖြတ်ကျော်ပြီးရင် စိတ်သက်သာရာ ရလိုခဲ့သည်။ အချိန် ကာလတစ်ခုပဲ လို၏။ ဤသက်သာရာကို ရုတ်တရက် ဉာဏ်အလင်းဖြင့် မဖြေရှင်းနိုင်ပါ။ လွန်ခဲ့သည့် ဆယ်နှစ်နှင့် ယခင်ဘဝတွင်ပင် အရာအားလုံးသည် လက်တွေ့ကျပြီး လက်ဖြင့်ထိတွေ့နိုင်သည်။ သူ ဒီအမှတ်တရတွေကို အဆုံးသတ်လိုပြီ။
"ဒါပေမယ့် ငါပြန်လာတဲ့အခါ ငါမင်းကို ဘာလို့ဒီလိုလုပ်ရတယ် ဆိုတာ ပြောပြနိုင်တယ်"
ဝူရှဲ သူ့ကိုကြည့်ရင်း ဆက်ပြောလိုက်သည်။ ထိုစဥ် ဖက်တီးကပါ ဝမ်မောင်နံဘေးမှာ ထိုင်ချလိုက်ပြီး ဆို၏။
"ပြန်သွားလိုက်ပါ... မင်းရဲ့ IQ က ငါတို့ကို မတားနိုင်သလို မသေဖို့လည်း တားလို့မရဘူး"
ဝမ်မောင် မတ်တပ်ရပ်လိုက်သည်။ မနေ့ညက အမှတ်တရတွေက သူ့မာနကို မပြရဲစေတော့ချေ။ သူ့အသုံးအဆောင် ပစ္စည်းတွေကို ဖယ်လိုက်ပြီး သူ့လူတွေကို တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်ခိုင်းလိုက်သည်။ ဝူရှဲ ခမ်ကျန်းကို အချက်ပြပြီး သူတို့ဆီ စားစရာတချို့ ပေးခိုင်းလိုက်သည်။
ဝမ်မောင်သည် ဝူရှဲကိုကြည့်ပြီး တောင်ပေါ်ကို လှမ်းကြည့်လိုက်သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ပြန်လှည့်လာပြီး တိုးတိုးလေးပြောလာ၏။
"သူဌေး မင်းအသက်ရှင်လျက် ပြန်လာရမယ်"
ဝူရှဲ ခေါင်းညိတ်လိုက်သည်။ သူက နောက်ပြန်လှည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ဖြည်းညှင်းစွာ ထွက်ခွာသွားတော့သည်။ ဝူရှဲ စီးကရက်ဘူးကို ခပ်ပြင်းပြင်းလေး ဆုပ်ထားမိ၏။
ဖက်တီး: "သူ့လူကို အစ်ကိုလေးလို ဟန်ဆောင်ခိုင်းတာက....သူ--"
ဖက်တီးစကားရဲ့ ဒုတိယပိုင်းကို သူ့စကားနားမထောင်တော့ပါ။ ဝမ်မောင် ဘာလုပ်ချင်လဲ ဆိုတာကို စိတ်မဝင်စားဘဲ သူသိချင်တာသာ မေးလိုက်သည်။
“မြေအောက်ကနေ ဘယ်လိုထွက်လာတာလဲ”