ဆယ်နှစ်တာသဘောတူညီချက်
DaoMuBiJi
Author - Nan Pai San Shu
Chapter (21)
လမ်းကြောင်း
နှစ်များစွာကြာပြီးနောက်တွင် ဝူရှဲသည် သူ့အပေါ် ပေးဆောင်နေသူများကို အသုံးမချတတ်တော့ပေ။ လာပြီးတော့ ထွက်သွားတဲ့အခါ ခံစားချက်တွေ အများကြီး ထားခဲ့ရတာကို မကြိုက်ပါ။ သူငယ်ချင်းတွေ ဖူလုံရတာ ကြိုက်သည်။ မိမိဆီက ဘာမှ မလိုသူနဲ့ သူ့ဆီက ဘာမှ မလိုတာသာ ရှိရမည်။ လူတိုင်းရဲ့ လုပ်ရပ်အတွက် အကြောင်းပြချက်က သူတို့ရဲ့ ခိုင်မာတဲ့နှလုံးသားကနေ လာတာပါပဲ။
လက်ဖက်ထမင်းနဲ့ ဘေးမှာထိုင်ပြီး ဖက်တီးက သစ်ကိုင်းတစ်ကိုင်းနဲ့ မြေပြင်ပေါ်မှာ မျဉ်းအနည်းငယ် ဆွဲပြလေသည်။
"မင်းတို့ထွက်သွားတော့ ငါ ဧရိယာသေးသေးလေးမှာ တောင်ကုန်းကို မှုတ်ထုတ်ဖို့ ကြိုးစားခဲ့တယ်... မထင်မှတ်ပဲ နှစ်နေရာ သုံးနေရာလောက် ပေါက်ကွဲသွားတော့ တောင်ဖုံးတစ်ခုလုံး ဖြေလျော့ပြီး အက်ကွဲသွားရော... အဲ့ဧရိယာတစ်ခုလုံး ပြိုကျပြီး အပေါက်ကြီးတစ်ခု ပေါ်လာတယ်... အောက်နားက ရေတွေက ခါးအောက်အထိ ရှိတယ် ရေတွေက မြေအောက်ကို ဆင်းသွားပြီး မြစ်ကြောင်းကလည်း နိမ့်လိုက် မြင့်လိုက်နဲ့... အဲဒီမြစ်ရဲ့ အပိုင်းသုံးပိုင်းမှာ မြေကြီးနဲ့ ထိတွေ့နေတဲ့ တောင်ခွံတွေက အက်ကွဲသွားတယ်... မြစ်အထက် တောင်ပေါ်မှာက နေရောင်ခြည် ရတယ်... ရေတွင်းအောက်ခြေမှာ ပိတ်ဆို့နေတဲ့ ကျောက်ပြားတွေကို တက်ကြည့်တော့ အလွှာလိုက် အထပ်လိုက် လုပ်ထားတာ တွေ့လိုက်ရတာပဲ...."
ထိုဖောက်ခွဲရေးပစ္စည်းများဖြင့် လှည့်ပတ်နေသော လေသည် ရေတွင်းထဲသို့ ပြေးဝင်ကာ ကြောက်မက်ဖွယ် ဟောက်သံတစ်ခု ထွက်လာပြီး ဝူရှဲတို့အား တစ်ပိုင်းသေလုနီးပါး ကြောက်ရွံ့စေခဲ့သည်။
ဖက်တီးပြတဲ့ လမ်းကြောင်းကို ကြည့်ရင်း လေးလေးနက်နက် တွေးလိုက်မိသည်။
ဖက်တီးသည် မြေအောက်ရေလမ်းထဲသို့ ၀င်သွားသောအခါ အရှေ့ရှနှင့် မွန်ဂိုလီးယားတို့ သွေးထွက်သံယို တိုက်ပွဲဖြစ်ခဲ့ရာနေရာဆီ ရောက်သွားခဲ့သည်။ ထိုနေရာရှိ တောင်သည် အရှေ့ရှ လူမျိုးအတွက် အလွန်အရေးကြီးကြောင်း ပြသထား၏။ ယခု တွေ့ရှိရသည့် ရှေးဟောင်းရေတွင်းများ ပြည့်နေသည့် တောလမ်းတစ်လျှောက် အောက်ခြေတွင် မြေအောက်ရေလမ်းကြောင်းတစ်ခု ရှိနေခဲ့သည်လေ။ ရေဓာတ်က မြေအောက်အထိ ချဲ့ထွင်နေသေးတယ်လို့ ဖက်တီးက ပြောပြလာသည်။
ဤနေရာသည် တိမ်ထိပ် ကောင်းကင်နန်းတော်နှင့် အလွန်ဝေးပါသည်။ ချောင်ပိုင်တောင်၏ ကုန်းတွင်းပိုင်း၌ ရေအရင်းအမြစ် အများအပြားရှိပြီး ဤနေရာမှ မိုးရေကို ထိုနေရာအထိ သယ်ယူရန်တော့ မလိုအပ်ပါ။ ဤမြေပြင်သွေးကြောသည် မြေအောက်တစ်နေရာ၌ အရှေ့ရှ၏ အဓိကနေရာသို့ ဦးတည်သွားရမည်ဖြစ်သည်။ ဤတောအုပ်ထဲတွင် လူမျက်နှာငှက်များစွာကလည်း နေထိုင်လျက်ရှိပြီး ၎င်းတို့နေထိုင်ရာ မြေအောက်နှင့် ဆက်စပ်နေပါသည်။
ဝူရှဲသည် သူ့လူတွေကို ပစ္စည်းတွေ စုစည်းထားဖို့၊ ကျည်ဆံတွေကို ရေတွက်ခိုင်းသည်။ သူ့လက်ကို ပြဖို့ ဆရာဝန်လည်း ခေါ်လိုက်သည်။ ဆရာဝန်ကတော့ အရိုးမကျိုးသွားဘူးလို့ ပြောပြီး ဒဏ်ရာရတဲ့လက်ကို အားမသုံးဖို့ မှာသွား၏။ ဝူရှဲလက်ကို ပတ်တီးစည်းလိုက်ပြီး ဝမ်မောင် အဝေးကို ထွက်သွားတာအား လှမ်းကြည့်လိုက်သည်။
ဝူရှဲ: "ငါတို့ ဆက်ဆင်းရမှာပဲ... လေက ဘယ်လိုလဲ"
ဖက်တီး: "ရေနဲ့လေက လည်ပတ်နေသရွေ့တော့ ပြဿနာမရှိဘူး... ဒါပေမယ့် ရေတွင်းအောက်က ဧရိယာက အရမ်းကျဉ်းတယ်... ငါတို့ ဆက်သွားလို့ မရတော့ဘူး အောက်ကိုပဲ ဆင်းရမယ်။"
ဝူရှဲ ခေါင်းညိတ်လိုက်သည်။ အပြင်မှာ ရေငုပ်ကိရိယာ သုံးစုံပဲရှိကာ အပို မထည့်လာခဲ့။ ဒီမှာ ရေငုပ်အတွေ့အကြုံရှိတဲ့ လူက ဝူရှဲနဲ့ ဖက်တီးပင်။ ပြီးတော့ ရေလမ်းခရီးကို ကျွမ်းကျင်တဲ့ ကောင်လေးတစ်ယောက် သူတို့အဖွဲ့ထဲ ပါလာသည်။ ကောင်လေးသည် မြစ်ဝါမြစ်ထဲက အလောင်းတွေကို သယ်ယူဖို့ သူ့အဖေနောက်ကို လိုက်ဖူး၏။
ဆံပင်ရှည်၊ ဖြူဖျော့သော အသားအရေ၊ ခန္ဓာကိုယ် သွယ်လျကာ အရပ် ၁.၉ မီတာကျော်နှင့် အသက်နှစ်ဆယ်ကျော် ရှိပြီဖြစ်သည်။ ရေထဲမှာ ရေကူးတဲ့အခါ သူက မြွေဖြူတစ်ကောင်လိုပါပဲ။ ဒါကြောင့် သူ့အမည်ပြောင်မှာ စုကျန်း ဖြစ်သည်။
(TN - တရုတ်ဒဏ္ဍာရီထဲက မြွေဖြူနတ်သမီး ပိုင်စုကျန်း ကို ပြောတာပါ)
ဖက်တီးသည် တောင်အပြင်ဘက်တွင် အချက်ပြရန် ဂြိုလ်တုဖုန်းတစ်လုံးကို အသုံးပြုကာ ရိက္ခာများအားလုံးကို ယူဆောင်လာရန် အပြင်ဘက်ရှိ အင်အားကြီးများကို တောင်းဆိုကာ ခေတ္တ အနားယူလိုက်ကြသည်။
အဲဒီညမှာပဲ သူတို့သည် ကီလိုမီတာ အနည်းငယ်လောက် ပြန်ဆုတ်ပြီး စခန်းကို စုစည်းလိုက်သည်။ နောက်နေ့ကျတော့ မူလစခန်းမှာနေခဲ့တဲ့ ဖက်တီးရဲ့လူတွေက ဝူရှဲတို့နဲ့ လာပူးပေါင်းကြသည်။ ရှောင်ဟွားကတော့ သူတို့နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်သည်။ နောက်ထပ် ရှာဖွေတွေ့ရှိမှု ရှိ၊ မရှိ သိနိုင်ရန် ကုန်းလမ်းဖြင့် ဆက်လက် ချီတက်ခဲ့သည်။
ရေငုပ်ကိရိယာတွေ ရောက်လာတော့ ချိုင့်ဝှမ်းထဲ အရမ်းအလုပ်များကုန်၏။ စုကျန်းနဲ့ ဝူရှဲသည် ပစ္စည်းတွေကို စစ်ဆေးပြီး ရေတွင်းခေါင်းကိုရှာဖို့ တောထဲ ပြန်ဝင်ခဲ့လိုက်သည်။
မြေပြင်မှာ ငှက်အရိုးတွေနဲ့ ပြည့်နေပါသည်။ ခန္ဓာကိုယ် အားလုံးကို ကင်းခြေများ ကိုက်စားသွားပြီး အရိုးအောက်မှာလည်း ကင်းခြေတွေ အများကြီးရှိသေးသည်။ အောက်ဆီဂျင် နာရီတွေကို ချိန်ညှိပြီး ဖက်တီး ထွက်လာတဲ့ လမ်းအတိုင်း ခါးအထိနက်တဲ့ မြေအောက်မြစ်ထဲ ဆင်းသက်ခဲ့ကြသည်။ ကြွေကျနေသော ကြွေပြားများသည် မြစ်အောက်ခြေတွင် ပြန့်ကျဲနေ၏။
ဓါတ်မီးနဲ့ တောက်ကြည့်လိုက်တော့ မြေအောက်မြစ်ရေက အညစ်အကြေး ကင်းစင်နေတာ တွေ့ရသည်။ ခဏကြာတော့ ရှေ့ကို လှမ်းမျှော်ကြည့်ရင်း ခါးကို ကွေးရင်းသာ ရှေ့သို့ လှမ်းနိုင်ခဲ့သည်။ မြစ်ရေစီးနှုန်းက အရမ်းနှေးပါသည်။ မီတာ 30 လောက်အကွာကို လျှောက်ပြီး ဖြတ်ကူးဖို့ လိုတယ်လို့ ဖက်တီးပြောတဲ့ နေရာကို ရောက်သွားတဲ့အခါ ရေလမ်းသည် အောက်ဘက်သို့ ကျယ်လာကာ လမ်းကြောင်းက ရေထဲတွင် လုံးဝ နစ်မြုပ်သွားခဲ့သည်။