(19) လွဲချော်ခြင်း
Viewers 1k

ဆယ်နှစ်တာသဘောတူညီချက်

DaoMuBiJi

Author - Nan Pai San Shu

Chapter (19) 

လွဲချော်ခြင်း 



ဝူရှဲလည်း ဖက်တီးအတိုင်း အတုယူကာ မျောက်ကို ကျောပေါ်မှ ခေါက်ချဖို့ နံရံကို ဆောင့်လိုက်သည်။ သူအ​စော ရပ်နေတဲ့ ရေတွင်းနှုတ်ခမ်းဝကနေ ခမ်ကျန်းတစ်ယောက် ခုန်ဆင်းလာပြီး သွေးတွေလည်း ရွှဲနေသည်။ လက်ထဲပါလာတဲ့ သစ်ကိုင်းနဲ့ မျောက်ကို ပြန်ခုခံနေသည်။ ဝူရှဲသည်လည်း အကြိမ်ပေါင်းများစွာ ရိုက်သတ်ပြီး ရေတွင်းဘက် ပြန်ဆုတ်လာခဲ့သည်။ 


ဝူရှဲ: "မင်း ဘယ်လို​နေလဲ" 


"သောက်ကျိုးနည်း! သခင်ဖက်တီးရဲ့ လက်ပစ်ဗုံးက ကျနော့် ရေတွင်းထဲ တိုက်ရိုက်ကျသွားအောင် လုပ်ပစ်တာဗျ... အဲဒါကို လှန်ဖို့သာ မြန်မြန် မလှုပ်ဘူးဆိုရင် မျှင်ငပိဖြစ်သွားလောက်ပြီ... သူဌေး နောက်တစ်ခါ သခင်ဖက်တီးနဲ့ အပြင်မထွက်လို့ မရဘူးလား.... ဖက်တီးက အဲဒီကောင်တွေထက်တောင် ပိုကြောက်စရာ ကောင်း​နေ​သေးတယ်..."


ဝူရှဲလည်း ဒေါသတကြီးနဲ့ သူ့ဆီ ဦးတည်ပျံသန်းနေတဲ့ မျောက်ကို ရိုက်ချလိုက်သည်။ လူမျက်နှာ ငှက်တစ်ကောင်က ဖက်တီးကို လေထဲမှာ ဖမ်းဆုပ်ထားတာ မြင်​နေရပေမယ့် သူက အရမ်းလေးတာကြောင့် လူမျက်နှာငှက်လည်း မပျံသန်းနိုင်ခဲ့ပေ။ ဝူရှဲ လက်ကို မြှောက်လိုက်ပြီး ပစ်ခတ်လိုက်ရာ လူမျက်နှာ ငှက်တစ်ကောင်ရဲ့ ဦးခေါင်းကို သွေးစွန်းနေတဲ့ အခိုးအငွေ့တွေ ဖုံးလွှမ်းသွားတော့သည်။ 


ဝူရှဲ: "မင်း ဖောက်ခွဲရေးပစ္စည်းတွေ မသုံး​တော့ဘူးလား!!" 


နောက်ကြောင်း ပြန်ကြည့်လိုက်တော့ လေထဲမှာ လူမျက်နှာရှိတဲ့ ငှက်တွေ နည်းပါးလာတာကို တွေ့လိုက်ရပြီး အားလုံးနီးပါးကလည်း မြေပြင်ပေါ်မှာ လဲကျနေကြ၏။ 


ဖက်တီးက ကုန်းထပြီး သူ့ကိုဖမ်းမိတဲ့ ငှက်ကို ပစ်သတ်လိုက်သည်။ 


"လယ်ပြင်ရှင်းလင်းရာမှာ ဖက်တီးရဲ့ စွမ်းဆောင်ရည်ကို ကြည့်လိုက်စမ်းပါ... မီးရှူးမီးပန်း တစ်လုံးက ငှက်ကြီးတွေကို ပစ်သတ်တယ်... မီးပုံးနှစ်လုံးက ၂ကောင် ပစ်တယ်-- အကုန်လုံး ပျံကုန်ပြီ.."


ခမ်ကျန်း : "ကျ​နော်တို့လူတွေလည်း ပျံကုန်ပြီ!"


"ရှောင်ဟွား! " 


ဝူရှဲ အော်ခေါ်လိုက်သည်။ သူ ဖက်တီးကြောင့် မသေပါစေနဲ့လို့ ကိုယ့်ဘာသာ တွေးနေမိ၏။ မြေကြီးပေါ်က လူသားမျက်နှာ ငှက်တစ်ကောင် လှုပ်ခတ်ရင်း ထလာသည်။


ငှက်ပေါင်းများစွာကို ဆက်တိုက်ပစ်ခဲ့ပြီးနောက် လက်က သေနတ်မောင်းတံကို လုံးဝမကိုင်နိုင်ခဲ့ကြောင်း သိလိုက်ရသည်။ လက်က ဒဏ်ရာရသွားပြီ။ အစောကတော့ ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုကြောင့် နာကျင်မှုကိုတောင် မခံစားခဲ့ရသလို ဓားကိုလည်း သုံးနိုင်ပါသေးသည်။ ဒါပေမယ့် ဒီလောက်ပြင်းထန်တဲ့ ရိုင်ဖယ်ကိုတော့ မသုံးနိုင်သေးချေ။ ရိုက်ချက်အနည်းငယ် ကစားပြီးနောက် လက်တစ်ပြင်လုံး ခံစားချက်မရှိတော့​ပေ။ ဒါနဲ့ ချက်ချင်းပဲ ခမ်ကျန်းကို ဆွဲထုတ်ပြီး သေနတ်ကို သူ့ပုခုံးပေါ် တင်​ပေးလိုက်သည်။ 


ခမ်ကျန်းဟာ အလွန်ကောင်းမွန်သော ရည်မှန်းချက် စွမ်းရည်ရှိသည်။ စည်ကိုဆွဲကိုင်ပြီး ပန်းတိုင်ကို အရောက်လှမ်းဖို့ သူက ဆက်ကူညီပေးခဲ့သည်။ တစ်ချီပြီးသွားတော့ သူ့ခေါင်းနောက်ဘက်မှာရှိတဲ့ ဆံပင်အားလုံးကို ကျည်ဆန်ခွံတွေက ပြောင်သွားအောင် မီးရှို့ပစ်လိုက်တော့၏။ 


ရေတွင်းထဲက လူတွေ တစ်ယောက်ပြီး တစ်ယောက် ပြန်တက်လာကြသည်။ သူတို့၏ ပစ်ခတ်မှု စွမ်းအားသည်လည်း ပိုမိုအားကောင်းလာသလို ရှောင်ဟွားလည်း ပြန်ပေါ်လာ၏။ အားလုံးက သွေးထွက်သံယို မျက်လုံးတွေနဲ့ သတ်နေကြကာ သူတို့ရှေ့က ပစ်မှတ်တွေ မရပ်မချင်း မရပ်ခဲ့ကြ။


သေနတ်သံများက နားရွက်များကို ဖောက်ထားဆဲဖြစ်ပြီး လေထဲတွင်တော့ ဆာလဖာရနံ့များဖြင့် ပြည့်နေသည်။ လေထဲမှာ ဘာတစ်ခုမှ မရှိတော့တဲ့အခါ မြေပြင်မှာ သွေးခဲတွေ ပြည့်နှက်လာလေသည်။ 


"သေနတ်ကို အောက်စိုက်!" 


ဝူရှဲ ခွန်အားအပြည့်နဲ့ အော်လိုက်သည်။ မရေမတွက်နိုင်သော ကင်းခြေများ​တွေ စုလာပြီး လူမျက်နှာငှက်၏ အလောင်းကို စတင်ကိုက်စားကြသည်။ မြေပြင်ပေါ်တွင် စိမ်းလန်းသော ချောင်းများ ရုတ်ချည်း စီးဆင်းလာတော့၏။


"ထွက်ပြေးတော့!" 


ဖက်တီးက သူ့ခြေကို မြောက်ရင်း သေနတ်ကို ခမ်ကျန်းဆီ ပစ်ချလိုက်ကာ တောထဲက ထွက်သွားသည်။


ကင်းခြေများအားလုံးကို အသွေးအသားတွေက စွဲဆောင်ထား၏။ သူတို့ ဆက်ပြီး ရိုက်သတ်ရင်းနဲ့ပဲ မြန်မြန် ကျော်သွားလိုက်သည်။ ဖက်တီးသည် လက်တစ်ဖက်က ပိုးသတ်ဆေးကို နေရာအနှံ့ ပက်ဖျန်းသည်။ တောထဲမှထွက်ပြီး တောင်စောင်းရှိ ချုံပုတ်ဧရိယာသို့ သွားပြီးနောက် ဖက်တီးတစ်ယောက် ချုံပုတ်များကို မီးရှို့ပစ်သည်။ (TN - တောမီးရှို့နေတယ်ဗျို့!)


မီးငြှိမ်းသတ်ပြီးနောက် မြက်ခင်းပြင်မှာ တိုက်ရိုက် လှဲချလိုက်ပြီး ကောင်းကင်ကလည်း တဖြည်းဖြည်း လင်းလာ၏။ 


လူတိုင်း ရေစိုခံအဝတ်အိတ်နဲ့ မိမိကိုယ်ကို အလုံ ထုပ်ပြီး အိပ်ပျော်သွားကြသည်။ 


ဝူရှဲသည် အိပ်ရာက နိုးလာတဲ့အခါ လက်မောင်းမှာ နာကျင်မှုက သည်းမခံနိုင်တော့ဘူး။ တစ်ဖက်သို့ လှည့်ကြည့်လိုက်တော့ နေက အပေါ်ကို ရောက်နေပြီ။ ခမ်ကျန်းက သူ့ဘေးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသေးသည်။


ဝူရှဲ ထပြီး သူ့ကိုနှိုးလိုက်သည်။ ဖက်တီးနဲ့ ရှောင်ဟွားက တစ်ယောက်က လက်ဖက်ရည်တည်ကာ တစ်ယောက်က ထမင်းချက်နေတာ တွေ့လိုက်ရသည်။ ဝမ်မောင် နဲ့ တခြားသူတွေလည်း ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြ၏။ 


ဝူရှဲ ကျော်တက်သွားပြီး ဖက်တီးရဲ့ ခြေဖဝါးကို ဆွဲကိုင်ကာ သူ့ဖိနပ်ကို ချွတ်လိုက်သည်။ ထို့နောက် ဝမ်မောင်အနားကို သွားကာ ထိုဖိနပ်ဖြင့် သူ့ခေါင်းအနောက်ဘက်ကို ပြင်းပြင်းထန်ထန် ရိုက်ပစ်လိုက်တော့သည်။