ဆယ်နှစ်တာသဘောတူညီချက်
DaoMuBiJi
Author - Nan Pai San Shu
Chapter (18)
ပစ်ခတ်ခြင်း
သူစကားမဆုံးခင်မှာ မျောက်တစ်ကောင်က ဖက်တီးမျက်နှာပေါ် ခုန်တက်သွား၏။ ဖက်တီးက ရေတွင်းနံရံကို ခေါင်းနှင့် ဆောင့်ပစ်လိုက်တာကြောင့် မျောက်လည်း ခေါက်ကာ သတိလစ်သွားခဲ့ပြီ ဂူထဲသို့ တိုက်ရိုက် ပစ်ချလိုက်သည်။ နောက်ပြန်ကြည့်လိုက်တော့ နေရာအနှံ့ ကွက်လပ်ကနေ တွားသွားနေတဲ့ မျောက်တွေကို မြင်လိုက်ရရာ ဖက်တီးလည်း သေနတ်ကို မြှောက်ပြီး ပစ်ရတော့သည်။
နောက်တော့ အမှောင်ထဲက တွားသွားနေတဲ့ တခြားအကောင်တွေကို ကြည့်ပြီး အံ့သြသွားသည်။
"ဘာလို့ မျောက်တွေ ဒီလောက်များနေတာလဲ!"
ဖက်တီးက ဒေါသတကြီးနဲ့ ကျိန်ဆဲလိုက်သည်။
"မင်းဘာလုပ်နေတာလဲ အားဟွား! မင်းရဲ့မျောက်ဘုရင်ဝတ်စုံကို ရှာတွေ့ပြီလား"
"ထွက်သွားစမ်း! သေနတ်!"
ရှောင်ဟွား အော်လိုက်သည်။ ဖက်တီးလည်း လှည့်ပြီး သူ့ကိုယ်ပေါ်မှ AK47 ကို ရှောင်ဟွားဆီ တိတိကျကျ လှမ်းပစ်ပေးလိုက်သည်။
ဖက်တီးသည် ဂူနံရံကို လက်တစ်ဖက်က ကိုင်ထားရန် လိုအပ်ပေမယ့် ရှောင်ဟွားကတော့ သေနတ်ကို လက်နှစ်ဖက်စလုံးတွင် ကိုင်ကာ ခြေထောက်နှစ်ဖက်လုံးကို နံရံမှာ တွယ်ကပ်ထားသည်။ ပစ်ခတ်မှု အနည်းငယ်ကြာပြီးနောက် ဝင်ပေါက်အနီးရှိ မျောက်များ အပိုင်းပိုင်း အပြတ်အသတ် ခံလိုက်ရသည်။ သေနတ်သံတွေက သူတို့ကို ဒီနေရာလေးမှာ နားမကြားလုနီးပါး ဖြစ်လာပြီး ကျည်ဆန်ခွံတွေကလည်း ပါးပြင်ကို လာထိမှန်သဖြင့် အဖုကြီးတွေ အများအပြား ပေါက်ထွက်ကုန်သည်။
ရှောင်ဟွား၏ ကာပစ်ပေးမှု အောက်တွင် ဖက်တီးက အက်ကြောင်းပေါ်သို့ တက်သွားပြီး အောက်မှလူများက ၎င်းတို့၏ သေနတ်များနှင့် ကျည်ဆန် အားလုံးကို ပစ်ခတ်ကြသည်။
ဝူရှဲမှာ လက်ထဲ၌ လေးလံတဲ့ ပြည်တွင်း AK ကို ရလိုက်တာနဲ့ ဒေါသကြီးလာပြီး အဆိုးတွေ ပေါက်ထွက်လာတော့သည်။ ဒါကြောင့် အဖိနှိပ်ခံတွေကို လက်နက် မကိုင်ခိုင်းပါနဲ့လို့ ပြောတာ ဖြစ်မည်။ ဝူရှဲ လက်ကို မြှောက်ပြီး ခေါင်းပေါ်က ကျောက်ပြားဖြင့် လှမ်းပစ်သည်။ ကျောက်ပြားက အပိုင်းပိုင်းခွဲပြီး မျောက်ပါးစပ်ထဲ ပြုတ်ကျသွား၏။ ဖက်တီးက ရေတွင်းခေါင်းကို ပစ်ပြီး တွားသွားကာ ရေတွင်းနှုတ်ခမ်းဝကနေ လှိမ့်ထွက်သွားသည်။
ဝူရှဲလည်း လှည့်ပြီး ချက်ချင်း ခုန်ထွက်လိုက်တော့ ရေတွင်းရဲ့ အစွန်းနားက သစ်ပင်တွေပေါ်မှာ ခိုနားနေတဲ့ လူမျက်နှာရှိတဲ့ ငှက်တွေကို နေရာတိုင်းမှာ တွေ့လိုက်ရသည်။ ၎င်းတို့က အနည်းဆုံး ရာနှင့်ချီ၍ ရှိပေသည်။ တစ်ချိန်တည်းမှာပင် "မျက်နှာများ" အားလုံးက သူတို့ဆီသို့ လှည့်လာခဲ့သည်။
"မီးအပြည့်!"
ဝူရှဲ ဟောက်ပြီးတာနဲ့ အနီးဆုံးကို စတင် ပစ်ခတ်ခဲ့သည်။ တစ်ကောင်ကို ပစ်သတ်ပြီးနောက် နောက်ကျောဘက်က နာကျင်မှုကို ခံစားလိုက်ရသည်။ တစ်ကောင်က သူ့ကျောပေါ် တက်လာသဖြင့် ဝူရှဲလည်း သေနတ်ဖင်နဲ့ လှည့်ရိုက်ပစ်သည်။ ရှောင်ဟွားလည်း လှည့်ထွက်လာပြီး ဝူရှဲဘေးက မြေပြင်ပေါ် လူးလဲနေတာ၏။ တစ်ချိန်တည်းမှာပဲ လရောင်ကြောင့် လူမျက်နှာပါ ငှက်တွေအားလုံး လေထဲကို ပျံတက်သွားသည်။
"ကျည်ဆံ!"
ဝူရှဲ အော်လိုက်သည်။ သူနဲ့ ရှောင်ဟွားသည် တချိန်တည်းတွင် ကောင်းကင်တစ်ခုလုံး အမွေးအမှင်များနှင့် ကျည်ဆံအပိုင်းများစွာကို လွှင့်ပစ်လိုက်တော့သည်။ ကျည်ဆံခွံ အလွတ်ကို လွှင့်ပစ်လိုက်ပြီးနောက် အစားထိုးဖို့ တစ်လုံးကို ကောက်ယူလိုက်၏။ ထိုစဥ် ခေါင်းပေါ်က ဖိအားတွေက တဟုန်ထိုး ကျဆင်းလာသည်။
"ရေတွင်းထဲမှာ မဆော့စမ်းနဲ့!!!"
ရုတ်တရက် သူ့ဘေးက လေပြင်းတစ်ချက် တိုက်သွားကာ ရှောင်ဟွားကို လေထဲတွင် ဖမ်းမိသွားသည်။ ဝူရှဲမှာ သေနတ်ကို မြှောက်ထားပေမယ့် အမှောင်ထဲမှာ ရမ်းမပစ်ရဲပေ။ ထိုစဥ် ခမ်ကျန်းက ရှောင်ဟွားဆီသို့ လောက်လေးခွဖြင့် ပစ်ချလိုက်သည်။
ဝူရှဲလည်း အမြန်ထပြီး လူမျက်နှာငှက်ကို နင်းပြီး ပစ်သတ်လိုက်သည်။ ရှောင်ဟွားက ဝူရှဲကို ပိတ်ကန်လေ၏။ နောက်တော့မှ ကျောပေါ်မှာ အေးတိအေးစက် အထိအတွေ့အား ခံစားလိုက်ရပြီး ခြေသည်းတစ်ချောင်းက သူ့နောက်ကျောကို ကုတ်လုနီးပါး ဖြစ်သွားတာ သိလိုက်သည်။ ရှောင်ဟွားက လဲလျောင်းပြီး သေနတ်နဲ့ပစ်လိုက်သဖြင့် သွေးတွေ တဖျပ်ဖျပ် ထွက်ကျလာသည်။
ပြီးတာနဲ့ ရှောင်ဟွား နောက်ပြန်လှည့်ကာ ခမ်ကျန်းကို အော်လေ၏။
"ငလူး! မပစ်ခင် ပစ်မှတ်ကို အရင်မှတ်ထား! အရမ်းနာတယ်ကွ!"
"တောင်းပန်ပါတယ် သခင်ဟွား!"
ခမ်ကျန်းသည် ရှောင်ဟွားကိုပစ်ဖို့ လောက်လေးခွ တစ်ချောင်းကို အသုံးပြုခဲ့ပြီး သံဥသည် ရှောင်ဟွား၏ ဆံပင်များမှတဆင့် ချော်ထွက်ကာ သူ့နောက်သို့ တစ်ချက် ထိသွားသည်။ တစ်ချိန်တည်းမှာပင် ဖက်တီးသည် သူ့လက်ထဲတွင် လက်ပစ်ဗုံးနှစ်လုံးကို ကိုင်ဆောင်ကာ လေထဲသို့ ပစ်ချလိုက်သည်။
"ဖောင်း!"
"သေရော!"
ဝူရှဲလည်း ဒေါသတကြီးဖြင့် နံဘေးက ရေတွင်းထဲသို့ နောက်တစ်ကြိမ် ထပ်ဝင်လိုက်ရလေသည်။ လက်ပစ်ဗုံးက ကောင်းကင်ကို နေ့အလင်းရောင်လို လင်းထိန်သွားစေတဲ့အထိ ပေါက်ကွဲသွားစေသဖြင့် ခြေဖဝါးတွေက ပြေလျော့သွားကာ အောက်ကို ထိုးကျသွားခဲ့သည်။
ဝူရှဲမျာ မျောက်ပုံထဲကို ပြုတ်ကျလုနီးပါး ဖြစ်သွား၏။ တစ်ဆင်တည်း ပြင်းထန်သော ဝေဒနာ အနည်းငယ် ခံစားရပြီးနောက်တွင် တစ်ကောင်က သူ၏ ကျောရိုးကို ကိုက်ထားကြောင်း သိလိုက်ရတော့သည်။