ဆယ်နှစ်တာသဘောတူညီချက်
DaoMuBiJi
Author - Nan Pai San Shu
Chapter (17)
မျက်နှာဖြူကြီး
မျောက်တွေ ဘယ်လောက်ပဲရှိပါစေ သူတို့ ဘယ်တော့မှ ဒီလို ဆူညံသံမျိူး လုပ်နိုင်မှာ မဟုတ်ပါဘူး။ လူတိုင်း လည်ပင်းကို ငုံ့ထားပြီး ဝူရှဲတို့ကို ငုံ့ကြည့်နေကြသည်။ စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားပြီးနောက် နောက်ထပ် ပြင်းထန်သော တုန်ခါမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူတို့ခေါင်းပေါ်က အမှုန်အမွှားတွေ အားလုံးဟာ ပြုတ်ကျလာကုန်ကာ ခေါင်းတွေပါ တုန်ခါသွားသည်။
ဝူရှဲ၏ တွေးခေါ်ပုံသည် အခြားသူများနှင့် မတူသောကြောင့် အပြင်ဘက်ရှိ ရေတွင်း၏ အကျယ်နှင့် အမြင့်ကို သိသောကြောင့် နက်နဲသော သံသယစိတ်များ ပေါက်ထွက်လာခဲ့သည်။ ဤပြင်းထန်သော တုန်ခါမှုသည် ကြီးမားသော ဒြပ်ထုကြီးဖြစ်ပြီး အောက်ဖက်ရှိ မြေထည်အိုးများထဲသို့ အရှိန်မြှင့်ကာ ပျက်ကျသွားခဲ့သည်။
ဝူရှဲ ရှောင်ဟွားကို မော့ကြည့်လိုက်တော့ သူ့မျက်လုံးတွေက သံသယတွေ အပြည့်ဖြင့်။ ထိုအခိုက် နောက်ထပ် ကြီးမားသော တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး နေရာတိုင်းတွင် ဖုန်မှုန့်များသည် အင်းဆက်ငယ်များစွာနှင့် ရောနှောကျလာသည်။ မျက်စိကို အတင်းမှိတ်ကာ ခေါင်းကို အဆက်မပြတ် ခါနေခဲ့ရသည်။ ခေါင်းပေါ်ရှိ ကျောက်တုံးကြီးလည်း အက်ကွဲလာသည်။ ထို့နောက် အပေါ်မှ မြေထည်အိုးများ ရွေ့သွားသံကို ကြားလိုက်ရသည်။
"အဲဒါ ငှက်ပဲ!"
ဝမ်မောင်က ထိတ်လန့်စွာ အော်ပြောလာသည်။
ကျောက်တုံးကြီးရဲ့ အက်ကွဲကြောင်းထဲကို ဓာတ်မီးကို ထွန်းညှိလိုက်တော့ မှိုင်းညို့နေသော မျက်လုံးကြီး အက်ကွဲရာထဲကို ညှစ်ဝင်နေတာ တွေ့လိုက်ရ၏။ ဓာတ်မီးအောက်မှာ ငှက်ကြီးကလာ်း ငြိမ်ကျသွားသည်။ ထို့နောက် အိုးကို လှမ်းကိုင်လိုက်သည့် ခြေသည်းသံများ ထွက်ပေါ်လာသည်။
ရှောင်ဟွားက ကျွမ်းကျင်စွာ လှုပ်ရှားရင်း ၎င်းကို တုတ်ဖြင့် ရိုက်လိုက်သဖြင့် ပရမ်းပတာတွေ ဖြစ်ကုန်သည်။ ခဏကြာတော့ ငှက်ကြီးက တုတ်ကို ဖမ်းမိသွားရာ ရှောင်ဟွားလည်း အဲဒါကို ပြန်ဆွဲထုတ်ရတော့သည်။
နောက်ထပ် ကြီးမားသော တုန်ခါမှုတစ်ခု ထပ်မံဖြစ်ပေါ်လာပြီး အက်ကြောင်းကလည်း ပိုမိုကျယ်ပြန့်လာသည်။ ကျောက်တုံးပေါ်ရှိ အမှိုက်များသည်လည်း အက်ကွဲကြောင်းထဲက စတင် ကြွေကျလာသည်။ ခမ်ကျန်း သူ့လက်ကို မြှောက်ပြီး ကျိုးနေတဲ့ ကြွေပြားကို ထိလိုက်ပေမယ့် လွတ်သွား၏။ နောက်တော့ မျောက်ရဲ့ ပြတ်ပြတ်သားသား အော်ဟစ်သံကို အောက်ထပ် အုတ်ချပ်ပြင်ကနေ ကြားလိုက်ရလေသည်။
သက်ရောက်မှုကြောင့် သူတို့ရဲ့ အတားအဆီးက ပြိုကျပြီး ကွာဟချက်လည်း ပြိုကျသွားပုံရသည်။ ဝူရှဲ သူ့ခေါင်းထိပ်ကို ဂရုမစိုက်နိုင်တော့ပါ။ တစ်စုံတစ်ယောက်ကို ကူပြင်ပေးဖို့ ပြောချင်နေပေမယ့် ဝမ်မောင်က လဲပြိုကျသွား၏။ သူက ဟောက်ပြီး ခုန်ဆင်းကာ ကြွေပြားများကို ကောက်ကိုင်ရင်း မျောက်ကို မြေပြင်ပေါ် ရိုက်ချလိုက်သည်။ ဒီအရာတွေကလည်း အပြင်မှာရှိနေတဲ့ အရာတွေကို ကြောက်လန့်နေပုံရသည်။
မိနစ်အနည်းငယ်ကြာ ဟောက်ပြီးနောက် နောက်တစ်ကြိမ် တုန်ခါမှု မရှိလာခဲ့ချေ။ ဝမ်မောင်ရဲ့ လူများက ၎င်းက အသုံးဝင်တယ်လို့ မြင်ပြီး အားလုံးက ဝိုင်းအော်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ကြွေပြားအောက်မှ ကျယ်လောင်သော ဟောက်သံတစ်ခု ထွက်ပေါ်လာပြီး မြေပြင်ကြီး တုန်ခါသွားကာ လူတိုင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။
ထိုကျယ်လောင်သော ဟောက်သံက နီးကပ်လွန်းလှသည်။ အသံဟာ ရေတွင်းအောက်က တစ်ခုခုဟာ ရေတွင်းအောက်ခြေကို ထိသွားသံမျိုးပင်။ ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး မြေကြီးအောက်က ကြွေပြားများ ကြွေကျသွားသဖြင့် ကြမ်းပြင်က ပြိုကျလာသည်။
ရေတွင်းအောက်ခြေက ပြုတ်ကျသွားပြီးနောက် တွင်းနက်တစ်ခု ပေါ်လာသည်။ အောက်ထပ်ကနေ လေအေးတွေ ချက်ချင်း စိမ့်ထွက်လာတော့သည်။ ဝမ်မောင်နှင့် သူ့လူများက သတိမမူမိဘဲ အားလုံး လဲကျသွားသည်။
ငှက်ပါးစပ်အပြင်ဘက်ရှိ မျောက်သည် ခုန်တက်လာပြီး ရေတွင်းနံရံတစ်လျှောက် သူတို့ဆီသို့ တွားသွားလာခဲ့သည်။
ခမ်ကျန်းက အောက်လှိုဏ်ဂူအဝင်ဝတွင် ၎င်း၏လောက်လေးခွကို ချိန်ရွယ်ပြီး ဂူထဲသို့ ပြေးဝင်လာနေသော မျောက်ကို ပစ်ခွင်းလိုက်သည်။ ရှောင်ဟွားကလည်း တက်လာတဲ့ မျောက်ကို တုတ်နဲ့ ရိုက်ချလိုက်သည်။
"ဒီမှာ ဘာရှိလဲ ကြည့်လိုက်စမ်း"
ဝူရှဲလည်း မှောင်မည်းနေသော ဂူဝင်ပေါက်တွင် သူ့ဓာတ်မီးကို ထွန်းလိုက်ရာ ဝမ်မောင် နှင့် သူ့လူများသည် ဂူနံရံတွင် တွယ်ကပ်နေကြတာအား တွေ့လိုက်ရသည်။ သူတို့က ဝူရှဲတို့ကို မကြည့်ဘဲ ခြေဖဝါးများကသာ တဆတ်ဆတ် တုန်နေ၏။ လက်နှိပ်ဓာတ်မီးကို သူတို့ခြေထောက်ပေါ် ရွှေ့လိုက်တော့ အဖြူရောင်မျက်နှာကြီး ထွက်လာတာကို တွေ့လိုက်ရတော့သည်။
ဝူရှဲ သူ့မျက်နှာဆီ ဓာတ်မီးကို ထွန်းတောက်လိုက်သဖြင့် မျက်နှာဖြူကြီးက မျက်လုံးကို မှိတ်ချလိုက်ပြီး ကျိန်ဆဲလေ၏။
"သောက်ကျိုးနည်း... ငါတို့ လမ်းကျဉ်းလေးမှာ တွေ့ဂတယ်လို့...မီးတွေ လျှောက်မဖွင့်နဲ့ စက်မှုလုပ်သားတွေက အရည်အသွေး ရှိသင့်တယ်"
"သေနာဖက်တီး... မင်းမြေအောက်ကနေ ဘယ်လိုလုပ် ထွက်လာတာလဲ...."
ကောင်းကင်က ကျလာတဲ့ လက်ဖဝါးနည်းပညာနဲ့ သူ့ကို ရိုက်လွှတ်လိုက်ချင်ပေမယ့် မလုပ်ဘဲ ဒေါသတကြီးသာ အော်ပြောလိုက်သည်။