ဆယ်နှစ်တာသဘောတူညီချက်
DaoMuBiJi
Author - Nan Pai San Shu
Chapter (16)
ဟေ့
ရှောင်ဟွားသည် အထက် ဟွာရုံလမ်းကို မျှော်ကြည့်ကာ တုတ်တစ်ချောင်းဖြင့် တွန်းထုတ်လိုက်သည်။ တုတ်၏ ပင်မရိုးတံနှစ်ဖက်စလုံးကို ဝေ့ယမ်းရင်း ရေတွင်းနံရံကို သူ့ခြေထောက်များဖြင့် ကန်ရင်း တိုက်ရိုက် တက်သွားလိုက်သည်။
"တက်လာခဲ့.... ရိုက်ရင်း ဆုတ်ကြ!"
ဝမ်မောင်နှင့် သူ့လူများသည် အတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် တွားသွားကြသည်။ ထိုစဥ် မျောက်တစ်ကောင်က သေနတ်ပစ်တွင်းမှ တွားသွားကာ ခမ်ကျန်းဆီသို့ ပြေးဝင်သွားခဲ့သည်။ ဝူရှဲ လက်ထဲမှဓားဖြင့် ဆွဲခုတ်ပစ်လိုက်၏။ ခမ်ကျန်းကလည်း ဝက်ဆီးအိမ်အနည်းငယ်ကို ဆွဲထုတ်ရင်း လောက်လေးခွဖြင့် ဆွဲပစ်သည်။ မြေပြင်ကို ထိသွားတဲ့ ဆီးအိမ်များ ပေါက်ထွက်ကာ အနံ့အသက်ဆိုးများ လွှမ်းသွားသည်။
ဝူရှဲ ဓားနှစ်ချောင်းနဲ့ ကာကွယ်ရင်း အော်လိုက်သည်။
"ဘာကြီးလဲ!"
"ဆီး!"
မျောက်တစ်ကောင်သည် အခြား သေနတ်ပစ်တွင်းမှ တွားသွားလာပြီး ခမ်ကျန်း၏မျက်နှာကို တိုက်ရိုက် တိုက်ခိုက်သည်။ သူက မျောက်ကို လောက်လေးခွနဲ့ ဆွဲပစ်သလို တစ်ချိန်တည်းမှာပင် ထောပတ်ညှစ်သလိုမျိုး မျောက်များသည်လည်း သေနတ်ပစ်တွင်းများ အားလုံးထဲမှ ညှစ်ထုတ်လာကာ ငါးကောင်က သူ့နောက်ကျောပေါ်သို့ ခုန်တက်သွားကြသည်။
နှစ်ယောက်သား ခုတ်ထစ်ပြီး ထိုးကြိတ်ကြရ၏။ ဝူရှဲ လှည့်ပြီး ခမ်ကျန်းကိုယ်ပေါ်က နှစ်ကောင်ကို ကန်ချလိုက်သည်။ ထိုအခိုက် သူ့ကိုလည်း မျောက်တွေက လှဲသိပ်နေ၏။ လက်ခြောက်ဖက် သို့မဟုတ် ခုနစ်ဖက်လောက်ဟာ ရေတွင်းမှ ဆင်းလာပြီး ဖမ်းမြှောက်လိုက်သည်။ ဝူရှဲ ထပြီး တိုက်ခိုက်လိုက်သည်။
ခမ်ကျန်းသည် ဘန်ကာအတွင်းရှိ သံဘူးတစ်ခုအား သံကျည်ဆန်ဖြင့် ပစ်ခတ်ခဲ့သည်။ ဘန်ကာတစ်ခုလုံး ပြေလျော့သွားပြီး ရေတွင်းအောက်ခြေရှိ ကွက်လပ်ထဲသို့ ပြိုကျလာသည်။ မကြာခင်မှာပဲ ရေတွင်းအောက်ခြေကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့သွားခဲ့ပါ၏။
အပြင်မှာ ရူးသွပ်မတတ် ပေါက်ကွဲသံကို ကြားနေရဆဲဖြစ်သော်လည်း အသံက နည်းပါးလာသဖြင့် သူတို့အားလုံး သက်ပြင်းချနိုင်ခဲ့ကြသည်။ အပေါ်က ကျောက်ပြားတွေနဲ့ သေရည်အိုးတွေကို မသန့်စင်ရသေးတဲ့အတွက် အပေါ်နဲ့အောက် အတားအဆီးတွေ ရှိနေ၏။
ဝူရှဲ့ ဝမ်မောင်ကို ကြည့်လိုက်တော့ ဝမ်မောင်ကလည်း သူ့ကို ကြည့်နေသည်။ သူတို့နှစ်ယောက်လုံး အရမ်းပင်ပန်းနေခဲ့ပါပြီ။ ရှောင်ဟွားလည်း သူ့ဘက်ကို လှည့်ကြည့်လာသည်။ ရုတ်တရက်ဆိုသလိုပဲ ရေတွင်းကြီးတစ်ခုလုံး တုန်ခါသွားသလို ကြီးမားတဲ့ အရာဝတ္ထုတစ်ခုက သူတို့ခြေထောက်အောက်မှာ ပိတ်ဆို့နေတဲ့ အစုအပုံကြီးကို ဝင်တိုက်မိသွားလေတော့သည်။