(15) အိုက်ယား
Viewers 1k

ဆယ်နှစ်တာသဘောတူညီချက်

DaoMuBiJi

Author - Nan Pai San Shu

Chapter (15) 

အိုက်ယား



ဂိုဏ်းကိုးဂိုဏ်း၏ ပထမဆုံးစည်းမျဉ်း- အခက်အခဲများ ကြုံတွေ့ရသောအခါ သူငယ်ချင်းများကို တတ်နိုင်သမျှ အကူအညီတောင်းသင့်သည်။ အကူအညီရှာခြင်းက ကမ္ဘာပေါ်တွင် ပထမဆုံးသော ကျွမ်းကျင်မှု ဖြစ်သည်။ အဲဒီလို အရည်အချင်းရှိတဲ့ သူတွေက ဘာမဆို လုပ်နိုင်သည်လေ။ 


ဤကျွမ်းကျင်မှုကို အသက်သွင်းလိုက်ရင် ယခင်က မိမိသာဘာ ဖြေရှင်းနေသော ကျွမ်းကျင်မှုကို အရှက်မရှိခြင်းဟု ခေါ်ခြင်းပင်။


ဝူရှဲ အော်ဟစ်ပြီးနောက် ရှောင်ဟွားဆီက အချက်ပြသံများကို ဆက်တိုက် ကြားလိုက်ရသည်။ ရှောင်ဟွားက သူ့ထက် အများကြီးသတိထားပုံရ၏။ အချက်ပြသံက ဘယ်ဘက်က လာတာကြောင့် ဝူရှဲသည် ဝမ်မောင်ကို လက်တစ်ဖက်နဲ့ ဆွဲကိုင်လိုက်ပြီး ရိုင်းစိုင်းစွာ စပြေးပါတော့သည်။ 


အုတ်မျက်နှာပြင် နေရာတိုင်းတွင် ခြေသည်းများဖြင့် ကုတ်ခြစ်ထားသော အရာများ ရှိသည်။ အစောတုန်းက ဓာတ်မီးအား ဖြုတ်ပြီး တိုက်ခိုက်ခဲ့တာကြောင့် ယခုအခိုက်မှာတော့ အလင်းရောင်က အလွန်မှိန်သွားခဲ့ပါပြီ။ အလင်းရောင်က မျောက်တွေ အားလုံးကို ဆွဲဆောင်မိမှာကိုလည်း ကြောက်တာကြောင့် မတ်ဝန်းကျင်က တံတိုင်းတွေပေါ်မှာလည်း အလင်းမပြရဲတော့ပါ။ 


ရှောင်ဟွား၏ တကုပ်ကုပ် အချက်ပြမှုရဲ့ အဓိပ္ပာယ်ကို လူတိုင်းသိကြသည်။ ပြေးလွှားရတဲ့ အဖုအထစ်များ ပြင်းထန်လာကာ ခမ်ကျန်းလည်း လမ်းဆုံတစ်ခုသို့ ပြေးထွက်လာခဲ့သည်။ သူ့မျက်နှာမှာ ဒဏ်ရာတွေနဲ့ သွေးတွေ ဖုံးနေသော်လည်း ဝူရှဲဘေးက ဝမ်မောင်ကို မြင်တော့ ပြေးချလာပြီး တိုက်ရိုက် တွန်းထုတ်ပစ်လိုက်သည်။ 


"မင်းသေပြီသာမှတ်!"


ဝမ်မောင်သည် တွန်းချခံရပြီးနောက် တုန်လှုပ်သွားပြီး တိုက်ခိုက်ရန် အရှိန်အဟုန်ဖြင့် တက်ချင်လာသည်။ ထိုအခိုက် ဝူရှဲကအရင် လှုပ်ရှားလိုက်ကာ နှစ်ယောက်စလုံးရဲ့ ရင်ဘတ်ကို တစ်ချက်စီ ကန်ပစ်လိုက်သည်။ ပြီးတာနဲ့ ခေါင်းနောက်ရှိ နံရံနောက်က ကုပ်သံတွေကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ပြန်ကြည့်​ပေမယ့် ဘာမှမမြင်ရ။


အမှောင်ထဲတွင် မရေမတွက်နိုင်သော မျောက်များ၏ နံရံကို ကုတ်ခြစ်သံများ တဖြည်းဖြည်းနဲ့ နီးကပ်လာခဲ့သည်။ ဆူညံသံတွေ ထပ်မပြရဲတော့ဘဲ ဆန့်ကျင်ဘက်ခြမ်းရှိ အမှောင်ထုဆီ ဖြည်းဖြည်းချင်း ချီတက်သွားလိုက်သည်။ 


အသက်ရှုသံတချို့ကို ကြားရချိန်၌ အလင်းရောင်ကို လက်ဖြင့် ဖိဖွင့်​ကြည့်လိုက်ရာ ရှောင်ဟွားနဲ့ ဝမ်မောင်လူများသည် ထောင့်တစ်နေရာတွင် ကျုံ့နေကြတာ တွေ့လိုက်ရသည်။ သူတို့ရှေ့မှာ ဝိုင်အိုးတွေ၊ အုတ်ကျိုးတွေနဲ့ အကာအရံတွေ လုပ်ထား၏။ ဤအတားအဆီးသည် လမ်းကြောင်းတစ်ခုလုံးကို ပိတ်ဆို့ထားသည်။


ထိုလမ်းကြောင်းက နံရံတစ်ခုမျှသာ ဖြစ်ခဲ့ပုံပါပဲ။ နံရံများကြားတွင် ဘန်ကာအပေါက်များကဲ့သို့ ကွာဟချက်များစွာ ရှိသည်။ ဝမ်မောင်၏ လူများ အားလုံးသည် သေနတ်များ ကိုင်ဆောင်ကာ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြသည်။


ဝူရှဲလည်း ကျော်တက်သွားပြီး အိုးတစ်လုံးကို ဖယ်လိုက်သည်။ ဝင်လို့ရတဲ့ ထောင့်မှာ ခွေးအပေါက်တစ်​ပေါက် ရှိ၏။ သုံး​ယောက်သား ခွေးတွင်းထဲကို ဂရုတစိုက်တက်ပြီး "ဘန်ကာ" ထဲကို ရောက်လာခဲ့သည်။ သူတို့ အသိုက်လုပ်တဲ့နေရာက ရေတွင်းတစ်ခုပင်။ တစ်စုံတစ်ယောက်သည် ​သေရည်အိုးများကို တစ်လုံးပြီးတစ်လုံး ဖြိုချကာ မျောက်များ ထွက်လာသည့် လမ်းကြောင်းတွင် စုပုံထားကာ လမ်းကြောင်းကို လုံးဝ ပိတ်ဆို့ထားခဲ့သည်။ ဒီနည်းနဲ့ တစ်ဖက်က ခုခံကာကွယ်ပြီး တစ်ဖက်က ထွက်ပေါက်တစ်ခု လုပ်နိုင်၏။ 


"အပေါ်မှာ ငှက်တွေရှိတယ်..." 


အပြင်ထွက်ရင် မြန်မြန် သေလိမ့်မယ် ဆိုတဲ့ အကြောင်းကို ပါးစပ်လှုပ်ရုံလေးဖြင့် ပြောလိုက်သည်။ ရှောင်ဟွားကလည်း ပါးစပ်လှုပ်ကာ။


"ဟွာရုံလမ်း..."


ဝူရှဲ ချက်ချင်း နားလည်သည်။ သူတို့ အပြင်မထွက်ဘဲ ဒေါင်လိုက်ရေတွင်းကို သွားပြီး အောက်ဖက် ရေတွင်းခေါင်းကို ပိတ်ဆို့လိုက်သည်။ ပါးစပ်ထဲက ထွက်လာတဲ့ မျောက်တွေဟာ ဒီ​သေရည်အိုးတွေကို တူးပြီး အပေါ်တက်ဖို့ အချိန်ယူရလိမ့်မည်။ ဖြတ်ကျော်သွားနိုင်ရင်တောင် မျောက်တွေအားလုံး ရေတွင်းထဲကလို အပြေးအလွှား တက်လာဖို့ မဖြစ်နိုင်ပါဘူး။ သူတို့ဘက်က ၎င်းတို့ကို တစ်​ကောင်ပြီးတစ်ကောင် အနိုင်ယူလိုက်လို့ ရပြီ။ 


လူမျက်နှာရှိတဲ့ ငှက်တွေဟာ ရေတွင်းခေါင်းကနေ မတက်နိုင်ကြပါဘူး။ အကြောင်းက သူတို့ရဲ့ အတောင်ပံတွေကို မဖြန့်နိုင်လို့ပင်။ အမှောင်ထဲမှာ ရွေ့လျားနေတဲ့ ဒီအရာတွေကို မိုးလင်းတဲ့အထိ အချိန်ဆွဲထားနိုင်မယ်ဆိုရင် ဘေးကင်းပါလိမ့်မည်။ 


ဝမ်မောင်ရဲ့ လူတစ်ယောက်က သေနတ်နဲ့ ပစ်နေပြီ ထင်ပါရဲ့။ သေနတ်သံကိုသာ နားစွင့်နေပြီး လူတိုင်း လည်ပင်းကို ငုံ့ထားရသည်။ ကတုတ်ကျင်းထဲက ပစ်ခတ်တဲ့အပေါက်ကို လှမ်းကြည့်လိုက်တော့ မီးရောင်ထဲတွင် မရေမတွက်နိုင်သော အစိမ်းရောင်မီးများ လင်းလက်နေကာ အားလုံးမှာ မျောက်မျက်လုံးများသာ ဖြစ်လေသည်။ 


"မင်းမှာ ကျည်ဆံဘယ်လောက်ရှိလဲ" 


ဝူရှဲ စိုးရိမ်တကြီးနဲ့ မေးလိုက်သည်။ 


"ခုနစ်ခု!"


"ဆယ်ခု!"


ဝူရှဲ ထိုဝမ်မောင်ကို လှည့်ကြည့်လိုက်သည်။ 


"မင်းမှာ သေနတ်ရှိပြီးတော့ နောက်ထပ် ကျည်ဆံတွေ ပိုမပြင်ဆင်နိုင်ဘူးလား"


ဝမ်မောင်က ဒေါသတကြီးနဲ့ တုံ့ပြန်သည်။ 


"အရင်တုန်းက အများကြီး ယူလာခဲ့ပေမယ့် နောက်ပိုင်း တောဝက်တွေကို အမဲလိုက်သေးတယ်...အဲ့ကျမှ အားလုံးက အတုတွေ လုံးဝ မပစ်ခတ်နိုင်ဘူးဆိုတာ တွေ့လိုက်ရတာ... အစပိုင်းမှာ စမ်းခိုင်းထားတဲ့ ကျည်ဆံဗူးတစ်ခုကမဲ အစစ်အမှန်...ငါတို့ အဲဒီအထုပ်ကို ခွဲထားတယ်။"


"ကောင်းလိုက်တာ..."


ဝူရှဲမှာ ခမ်ကျန်းနဲ့ အကြည့်ချင်း ဖလှယ်ရင်း ရယ်ရမလား ငိုရမလားမသိ။ ခမ်ကျန်းက ခေါင်းညိတ်ပြပြီး လှည့်ကာ သူ့ကိုယ်ပိုင် ခါးပတ်အင်္ကျီကို လှန်လိုက်သည်။ အတွင်းဘက်တွင် အထူးပြုလုပ်ထားသော အိတ်ဆောင်ဒီဇိုင်းဖြစ်ပြီး ကျည်မျိုးစုံလည်း ထည့်ထားသည်။ 


"2,000 ကျော်လောက်တော့ လုံလောက်တယ်... မလုံလောက်ရင် ကွဲနေတဲ့ ကြွေတုံးတွေကို သုံးလို့ရတယ်..." 


ဤသို့ပြော​ပြီးသောအခါ သံမဏိဖြင့် အားဖြည့်ထားသည့် သူ၏ ကျည်ဆန်လေးကို မြှောက်​ပြလိုက်သည်။ ထို့နောက် သူ့ခါးပတ်မှ အနီရောင် ရော်ဘာကြိုးကို ဆွဲထုတ်၏။ ပြီးတာနဲ့ အဝါရောင် ရော်ဘာကြိုးကို ဖြုတ်ကာ အနီရောင် ရော်ဘာကြိုးကို ပတ်ရစ်လိုက်သည်။


ခမ်ကျန်းက လောက်လေးခွ မိသားစုက ဖြစ်သည်။ ငယ်စဉ်ကတည်းက လောက်လေးခွ ပစ်ချက်များအား လေ့ကျင့်ခဲ့ပြီး အံ့မခန်းလက်မောင်းသန်မာသူပင်။ သူ့မိသားစုတွင် လောက်လေးခွ သားရေကွင်း အရောင်သုံးမျိုးရှိသည်။ အဝါရောင်သားရေကွင်းကို ငှက်ပစ်ဖို့အသုံးပြုပြီး ပျမ်းမျှစွမ်းအားရှိပါ၏။ အနီရောင် ရော်ဘာကြိုးကိုဆို သာမန်လူများ၏ လက်တံခွန်အားဖြင့် ဆွဲမဆန့်နိုင်ပါ။ 


လူတစ်ယောက်ရဲ့ ဦးခေါင်းခွံကို ကွဲသွားစေနိုင်တဲ့ သံဘောလုံးအား ပစ်ခတ်နိုင်သည်။ အနက်ရောင် ရော်ဘာကြိုးနဲ့ ပတ်သက်ပြီးတော့ အခုထိ သူသုံးတာ မတွေ့ဖူးသေးပါဘူး။ အထူးအသုံးပြုတာမျိုး ဖြစ်လိမ့်မည်။ 


ဝူရှဲက ဓားတစ်ချောင်း ကိုင်ထားပြီး ရှောင်ဟွားက သူ့ရှေ့မှာ တုတ်တစ်ချောင်း ကိုင်ထားသည်။ ဝူရှဲဟာ သူ ဘယ်အချိန်က ရုပ်ပိုင်းဆိုင်ရာ ကစားသမား ဖြစ်လာခဲ့လဲတောင် မမှတ်မိတော့ပါ။ ကမ္ဘာကြီးက တကယ် ပြောင်းလဲသွားပြီလေ။ 


"သူဌေး ကျနော့်ကို နည်းနည်း အလင်း​ပြပေးပါဦး" 


သူက သေနတ်ပစ်တွင်းကို သိမ်းပိုက်လိုက်ပြီး တိတ်တဆိတ် ပြောလာသည်။ ဝူရှဲလည်း သေနတ်ပစ်တွင်း တစ်ခုဆီသို့ ရောက်လာပြီး လက်ဖဝါးဖြင့် ဓာတ်မီးကို ဖိလိုက်ကာ အပေါက်ဆီသို့ ချိန်ရွယ်ထားလိုက်သည်။


ချက်ချင်းပင် ရေတွင်းက လင်းထိန်သွား၏။ ငှက်ပါးစပ်ထဲရှိ ပထမဆုံးမျောက်သည် သူတို့၏ဘန်ကာမှ လေးမီတာ နီးပါးအကွာတွင် ရှိ​နေသည်။ သေနတ်ပစ်ကွင်း နောက်ကွယ်က လူတွေအားလုံးကလည်း သူတို့ရဲ့ သေနတ်တွေကို မြှောက်လိုက်ကြသည်။ လမ်းတစ်ဝက်မှာ လေထဲကို ဖောက်ထွင်းဝင်ရောက်လာတဲ့ လေယာဉ်ပျံလို ဝှစ်ကနဲ အသံကို ကြားလိုက်ရပြီး မျောက်ဦးခေါင်းသည် သွေးအခိုးအငွေ့များပေါက်ထွက်ကာ လုံးဝ ကွဲထွက်သွားခဲ့သည်။


လူတိုင်း ခမ်ကျန်းကို ကြည့်လိုက်တော့ ခမ်ကျန်းဟာ ရေစီးကြောင်းလေးလို လှုပ်ရှားနေတာကို တွေ့လိုက်ရသည်။ သူ့လက်ကို လွှတ်လိုက်သည်နှင့် သူ့အဝတ်အစားများ လျှောကျလာကာ သံမဏိဘောလုံးက သူ့လက်ထဲသို့ ဝင်သွားပေလိမ့်မည်။ သူသည် ရော်ဘာကြိုးကို ဖမ်းကိုင်ကာ လေချွန်သံများ ထွက်ပေါ်လာတိုင်း ကျည်ဆန်သည်လည်း သေနတ်ပစ်တွင်းသို့ လျှောကျသွားပြီး ဝီစီသံကဲ့သို့ တုန်ခါသွားသည်။ တစ်ဆက်တည်း အဝေးမှ မျောက်များ၏ အော်သံကိုပါ ကြားလိုက်ရသည်။


အဲဒီအခါမှာ မျက်နှာကျက်နဲ့ နံရံတွေကနေ အနည်းဆုံး ရာနဲ့ချီတဲ့ ငှက်ပါးစပ်မျောက်ကောင်တွေ အပြေးအလွှား ပြေးချလာတာကို တွေ့လိုက်ရသည်။ ဒီမြင်ကွင်းကို ဘယ်လို ဖော်ပြရမှန်းပင်မသိ။ တခဏချင်းမှာပဲ လူတိုင်းက သေနတ်တွေကို စတင် ပစ်ခတ်လိုက်ကြပြီး ပထမအသုတ် ငှက်ပါးစပ်မျောက်တွေကို သုတ်သင်လိုက်သည်။ 


သို့သော် သူတို့ရဲ့ ရှေ့အရှိန်ကို လုံးဝ ဟန့်တားခြင်း မရှိခဲ့ပါ။ တခဏအတွင်း လေးမီတာအကွာတွင် မျောက်တစ်ဒါဇင်ကျော် ပြေးတက်လာသည်။ ဒုတိယအချီတွင် ပစ်ခတ်မှုမှာ ၎င်းတို့အားလုံးကို ပေါက်ကွဲစေခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့၏အလောင်းများ မြေပြင်ပေါ်သို့ ပြုတ်ကျသည်ကိုပင် မမြင်နိုင်တော့ဘဲ မျောက်များ ထပ်ပြေးလာကြသည်။


သေနတ်တွေအားလုံး ပြင်းထန်စွာ ပစ်ခတ်တော့သည်။ မျောက်များသည် ဘန်ကာ၏ အပြင်ဘက်နံရံကို ထိမှန်သွားရာ အပြင်ဘက်ရှိ သေရည်အိုး အခွံများလည်း ကွဲအက်ကာ ပြုတ်ကျလာကုန်သည်။


ကျည်ဆံအားလုံးသည် စက္ကန့် 30အတွင်း အားလုံးနီးပါး ပစ်ခတ်ခဲ့ပြီး အသွေးနှင့် အသားများ နေရာအနှံ့ ပျံ့သွားခဲ့သည်။ ကျည်ဆံ ၃ တောင့်ကို တစ်ချိန်တည်း ပစ်ခတ်ကြသည်။ လောက်လေးခွ ကြိမ်နှုန်းသည် ကန့်သတ်ချက်သို့ ရောက်ရှိခဲ့ပါပြီ။ ပြိုကျနေတဲ့ အတားအဆီးကို ကြည့်လိုက်ပြီး ရှောင်ဟွားက လှည့်အော်လာ၏။ 


"တားလို့မရ​တော့ဘူး!"