(14)လမ်းတစ်လမ်း ပြတ်သွားပြီ
Viewers 1k

ဆယ်နှစ်တာသဘောတူညီချက်

DaoMuBiJi

Author - Nan Pai San Shu

Chapter (14) 

လမ်းတစ်လမ်း ပြတ်သွားပြီ 



ဝူရှဲ တောက်လျှောက် လဲကျသွား၏။ အောက်ခြေမှာ ကျောက်ပြားတွေ အများကြီး ရှိနေတာကိုလည်း တွေ့လိုက်ရကာ အလွှာတစ်ခုစီတွင် ဝိုင်အိုးများ ရှိ​မေသည်။ ရေတွင်း ဒီလောက် တိမ်နေတာ မထူးဆန်း​တော့ပေ။


တစ်လမ်းလုံး ပြုတ်ကျလာတာကြောင့် သူ့ခန္ဓာကိုယ် အလေးချိန် နှင့် ယခင်အလွှာတွေရဲ့ အက်ကွဲနေသော အိုးများကြောင့် အောက်ခြေကို ပြုတ်ကျတဲ့အခါ ဘယ်နှစ်လွှာ ကွဲသွားလဲတောင် မသိခဲ့။ 


သူ့​အသားထဲမှာတောင် အိုးစတွေက ကပ်နေသေးသည်။ ဝူရှဲ လှည့်ပြီး စိတ်ထဲမှ ကျိန်ဆဲပစ်လိုက်သည်။ သေချာ ထရပ်လိုက်တော့မှ အိုးကွဲတို့ရဲ့ အလောင်းတွေကို နေရာအနှံ့ တွေ့လိုက်ရလေသည်။ လေးလံလွန်းတဲ့အတွက် ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်မိပါ၏။ သူမှာ အသားမရှိသလို ထင်ရပေမယ့် ကိုယ်အလေးချိန်က အရမ်းများနေ၏။ 


အထဲမှာ မှောင်မည်းနေသည်။ အပေါ်စီးမှ အလင်းရောင်သည်လည်း အတွင်းထဲကို လုံးဝမလင်းနိုင်ပါ။ ဓာတ်မီးကို ဖွင့်ပြီး ခေါင်းကို ဘယ်ညာ လှည့်လိုက်ရာ ရေတွင်းတစ်ခုလုံးကို အပြာရောင် အုတ်များဖြင့် ပြုလုပ်ထားပြီး ရေတွင်းက အရမ်းကျဉ်းပေမယ့် တော်တော် မြင့်တာကိုတော့ တွေ့လိုက်ရသည်။ 


ဝူရှဲသည် ဗိသုကာပညာကို လေ့လာထားတဲ့အတွက် ဆောက်လုပ်ထားတဲ့ ရည်ရွယ်ချက်ကို တစ်ချက် အရင်ကြည့်လိုက်သည်။ ရေတွင်းရှိ ရေပမာဏက အလွန်မြင့်မားပြီး အရက်အိုးများအားလုံးကို နစ်မြုပ်သွားစေဖို့ဆို ရေတွေဟာ ရေတွင်းခေါင်းမှ လျှံထွက်ထားရမည်ဟု မျှော်လင့်ရသည်။


ရေတွင်းအောက်ခြေရှိ လမ်းကြောင်းသည် ရေတွင်းခေါင်း အားလုံးကို ချိတ်ဆက်သင့်သည်။ ယခုလမ်းကြောင်းက ရေ ခမ်းခြောက်သွားတာ ကြာပါပြီ။ ဒီရေတွင်းက ဘယ်ရောက်သွားမယ်မှန်း မသိနိုင်ပေ။ ဝူရှဲ မတ်တပ်ထရပ်ပြီး ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေကို ခါချလိုက်ရင်း ခန္ဓာကိုယ်ပေါ်က ကြွေအပိုင်းအစတွေကို ကြည့်လိုက်သည်။ ဝူရှဲ ခေါင်းမော့ ကြည့်လိုက်တာနဲ့ တပြိုင်နက် လူမျက်နှာ အကြီးကြီး လှမ်းကြည့်နေတာကို တွေ့လိုက်ရ၏။


စိတ်ထဲက​နေ ​လက်ခလယ်ကို မြှောက်​ပြလိုက်ရာ ၎င်းမျက်နှာကြီးမှာ ရုတ်တရက် ပါးစပ်ပွင့်သွားကာ မျောက်တစ်ကောင် ပါးစပ်ထဲမှ ပြေးထွက်လာ​ပြီး သူ့ရှေ့မှာ လဲကျသွားတော့သည်။ ခဏလောက် ထိတ်လန့်သွားပြီးတာနဲ့ ပြေးတော့သည်။ အသက်ကြီးပြီမို့ မှတ်ဉာဏ် မကောင်းတော့တာလား။ ဒီငှက်က မြေအောက်ထဲကများ ပြေးထွက်လာတာလား။ 


ဓာတ်မီး အလင်းရောင်အောက်မှာ လမ်းကြောင်းက ခက်ရင်းခွတွေနဲ့ ပြည့်နေတာကို တွေ့လိုက်ရပြီး တစ်ဆက်တည်း တခြားလူတစ်ယောက် ပြုတ်ကျလာသံကိုလည်း ကြားလိုက်ရလေ၏။ 


"ရှောင်ဟွား!" သူဟုတ်မဟုတ် စမ်းကြည့်ဖို့ အော်လိုက်သည်။ 


ခမ်ကျန်း: "ဘော့စ်.. ကျနော်ပါ.. လုံခြုံတယ် သူတို့ဝင်လို့မရဘူး"


"သေစမ်း! ပြေး!" 


"စိတ်မပူပါနဲ့ သူတို့ဝင်လို့မရဘူး... အထဲဝင်ရင် မြန်မြန် မပြေးနိုင်ဘူး အား!!! ဒါကဘာ​ကြီးလဲ!!" 


ခမ်ကျန်းက အမှောင်ထဲတွင် ထအော်​နေသည်။


"ငါ မင်းကို ပြေးဖို့ပြော​နေတယ်လေ အရူး!"


ဝူရှဲ တုန်လှုပ်သွားသလို ခေါင်းမော့ကြည့်လိုက်သော သူ့ခေါင်းပေါ်က ရေတွင်းခေါင်းက အရက်အိုးကြီး ပြိုကျပြီး ပြေးမယ့် လမ်းကို ပိတ်ဆို့သွားလေသည်။ ပြန်ကြည့်လိုက်တော့ ပါးစပ်ထဲက မျောက်က သူ့ဆီ ပြေးလာတာကို တွေ့လိုက်ရသည်။ 


သူ့ကျောပေါ် ခုန်တက်လာတဲ့အခါ ဓာတ်မီးကို လှန်လိုက်ရင်း လျှပ်စစ်ရှော့ခ်ရိုက်ချင်သလိုမျိုး မျောက်ကို ပစ်ပေါက်ပစ်သည်။ 


မျောက်လည်း ထိတ်လန့်တုန်လှုပ်သွားပြီး မြေပေါ်သို့ လဲကျသွားသည်။ သို့သော် ချက်ချင်း မတ်တပ်ထရပ်ပြီး လည်ပင်းကို လှမ်းကုပ်လာရာ ဝူရှဲ ၎င်းကို ကန်ထုတ်ပစ်လိုက်သည်။ လှည့်ကြည့်လိုက်တော့ အမှောင်ထဲမှာ နတ်ဆိုးစွမ်းအင်တွေလို တဟုန်ထိုး ခုန်တက်လာတာကို တွေ့လိုက်ရချေ၏။ တစ်ခုခုတော့ ရောက်လာပြီ။ လက်နှိပ်ဓာတ်မီးကို မြှောက်ကာ တောက်ကြည့်လိုက်တော့ ငှက်မျက်နှာကြီးရဲ့ ပါးစပ်ထဲမှာ ပြည့်ကျပ်နေတဲ့ မျောက်တစ်ကောင်ကို တွေ့လိုက်ရပြန်သည်။ 


"သောက်ကျိုးနည်းပဲ..." 


ဝူရှဲ တံတွေးထွေးကာ လှည့်ကာ ဆက်ပြေးသည်။


"ခမ်ကျန်း မင်းသေပြီလား" 


"မသေသေးဘူး!" ခမ်ကျန်း ပြန်အော်လာတဲ့ အသံက အဝေးမှာပင်။ 


"ကျနော့်ကို စောင့်ဦး.... ကျနော် သေမှာသေချာတယ်!!!"


ဝမ်မောင်ရဲ့ အသံကလည်း ထွက်လာသည် 


"လူတွေ ဘယ်မှာလဲ လူတွေ ဘယ်မှာလဲ"


အသံက ဝူရှဲအနားမှာပါပဲ။ ဝူရှဲ လှည့်ပြီး လမ်းဆုံလမ်းခွကို ပြေးသွားရင်း ရုတ်တရတ် မှောက်လျက်သား လဲကျသွားပေမယ့် ဝမ်မောင်ကို တိတိကျကျ ဝင်တိုက်ပစ်လိုက်သေးသည်။ ထိုအခိုက် မျောက်တစ်ကောင်က ချက်ချင်းပဲ ဝူရှဲကို လုံးလာ၏။ နှစ်ယောက်သား အကြိမ် တော်တော်များများ ကန်ထုတ်ပစ်ခဲ့သည်။ ဝူရှဲ ရုန်းရင်းဆန်ခတ်ကြားကနေ ဝမ်မောင်ခါးက သေနတ်ကို တွေ့လိုက်သည်။ 


"မင်းမှာ သေနတ်ရှိနေသားနဲ့ ဘာလို့ပြေးနေတာလဲ!!!" 


ဝူရှဲ သူ့သေနတ်ကို ဆွဲထုတ်ပြီး ပစ်ထည့်လိုက်သည်။ 


ဝမ်မောင် :"အဲဒီသေနတ်ကို သုံးလို့ မရဘူး!"


သို့​​သော် ဝူရှဲက ခလုတ်ကို ဆွဲလိုက်ပါပြီ။ ဒါကြောင့် ကျယ်လောင်တဲ့ ပေါက်ကွဲသံကို ချက်ချငိး ကြားလိုက်ရသည်။ ၎င်းက လွင့်ထွက်သွားပြီး နံရံကို ထိသွားကာ ဝူရှဲကတော့ လက်နှစ်ဖက်ကနေ ပုခုံးအထိ ဘာမှ မခံစားရတော့ပေ။ 


"ငလူး! မင်းဘာ​တွေ ထည့်ထားတာလဲ" 


ပါးစပ်ထဲက သွေးတွေကို အကြမ်းပတမ်း ထွေးထုတ်ပစ်လိုက်သည်။ သေချာ ကြည့်လိုက်တော့ အခုနက သူ့အပေါ် ခုန်အုပ်နေတဲ့ မျောက်တွေအားလုံး သွေးတွေရွှဲနေတဲ့အထိ အရိုက်ခံရတာ တွေ့လိုက်ရသည်။ နားထဲမှာ ဘာအသံမှ မကြားရဘဲ ဖြစ်သွားကာ ပြန်မကြားရခင် အနည်းငယ် ကြာသွား၏။


"ဒီမှာ ကျည်ဆံတစ်တောင့်က ကျည်ခြောက်လုံး ပေါင်းစပ်ထားတယ်..."


သေနတ်ထိပ်ကို ကြည့်လိုက်တော့ ကျိုးနေပြီ။ ဝူရှဲ ဝမ်မောင်ကို ကြည့်လိုက်၏။ 


ဝမ်​မောင် :"လုပ်တဲ့သူက တစ်ကြိမ်ပဲ ထုတ်ပစ်လို့ရတယ် လို့ပြောတယ်... အဲဒါကြောင့် လိုအပ်ရင် ကိုယ့်အတွက် သိမ်းထားချင်တာ" 


"နောက်ဆုံး ကျည်ဆံကို မင်းအတွက်မင်း ချန်ထားတာလား"


"ဟုတ်တယ်"


"မင်းက ကိုယ့်ကိုကိုယ် သတ်သေဖို့ အမြောက်ကို သုံးချင်​မေတာလား မင်း ကိုယ့်ကိုကိုယ် ဘယ်လောက် မုန်းတီးနေတာလဲ... မင်းခေါင်းကို သေနတ်နဲ့ ပစ်လိုက်ရင် ဘာမှ မကျန်တော့ဘူး သိလား... မင်းနဲ့ ဆက်ဆံရတာ ခက်ချက်!... မှုခင်းဆရာဝန်တွေလည်း လူသားတွေပဲ သိလား တခြားသူတွေကို ဒုက္ခမပေးစမ်းနဲ့"


ဝမ်မောင်သည် ဝူရှဲဆီကနေ ပျော့အိအိ ဖြစ်သွားတဲ့အထိ အရိုက်ခံရသော မျောက်ကို ကြည့်ကာ စကားမပြောနိုင်သေး။ ဝူရှဲ သူ့ကို ဆွဲထူချင်သည်။ ဒါပေမဲ့ အလုပ်မဖြစ်ပါဘူး။ သေနတ်ပစ်ထားတဲ့လက်ကို မြှောက်လိုက်ပေမဲ့ အောက်ကို ငုံ့ကြည့်လိုက်တော့ သူလက်က ဒီအတိုင်း လိမ်နေတာ သိသိသာသာ ကွဲသွားတာ တွေ့လိုက်ရတော့သည်။ 


"ဒီမှာ တကယ် အဆုံးသတ် သွား​တော့မှာလား... မဟုတ်ဘူး... နည်းလမ်းမရှိတာမျိုး မ​ဖြစ်နိုင်ဘူး"


ဝူရှဲသည် စီးကရက်တစ်လိပ်ကို ထုတ်လိုက်ပြီး သေနတ်အဖျား၌ မီးညှိလိုက်သည်။ 


"ရှဲ့ယွီချန်! သောက်ကျိုးနည်း ငါ့ကို လာကယ်ဦး!!"