Chapter 2
Viewers 647

Chapter 2


~~~


သူက အခြေအနေ မကောင်းတဲ့ မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့ရတယ်။ နွေဦးပေါက်က တောရိုင်းမြက်လိုပဲ။ လေတိုက်တိုင်း ယိမ်းနွဲ့ပြီး၊ လေပြေတစ်ချက်စီနဲ့အတူ သူ ကြီးပြင်းလာခဲ့တယ်။ ဒီကျောင်းကို ဝင်လာတော့ အမြဲတမ်း ပထမနေရာကို ယူခဲ့တယ်။


အရာအားလုံးဟာ ကောင်းမွန်တဲ့ လမ်းကြောင်းဆီကို ဦးတည်နေတယ်လို့ ထင်ခဲ့ရတယ်။


လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လဲလှယ်ခံခဲ့ရတဲ့ ခွမ့်မိသားစုရဲ့ သွေးသားအရင်း ဖြစ်ကြောင်း အတည်ပြုတဲ့နေ့ ရောက်မလာခင်အထိပေါ့။


အဖိုးတန်တဲ့ ပုလဲက ခိုးယူခံရတယ်။


ငါးမျက်လုံးတစ်လုံးကိုတော့ တကယ့်အဖြစ် အထင်မှားကြပြီး အမြတ်တနိုး နဲ့ တောက်ပပျော်ရွှင်တဲ့ သခင်လေးတစ်ယောက် အဖြစ် ပြုစုစောင့်ရှောက်ခဲ့ကြတယ်။


တောရိုင်းမြက်ဟာ ပန်းတစ်ပွင့်အဖြစ် ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။


'ခွမ့်ရယ်'ဟာ ခွမ့်လင်ရှီး  ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။


ခွမ့်လင်ရှီး က ဆွဲဆောင်မှုရှိတယ်။ ပြီးတော့ တက်ကြွတယ်။ လူတိုင်းရဲ့ ချစ်ခင်မှုကို ခံရသူ။ သူ့မိဘတွေကတောင် သူ့ကိုချစ်ကြတယ်။ သူ့စေ့စပ်ထားသူကတောင် သူ့ကိုချစ်တယ်။ ကျောင်းရဲ့ ရန်လိုတတ်သူကတောင် သူ့ကို ချစ်နေတယ်။


ဒါပေမဲ့ ခွမ့်ရယ်ကတော့ မိုက်မဲပြီး တုံးအသူ၊ ပြီးတော့ ပစ်ပယ်ခံရသူ ပါ။


ဘယ်သူကမှ သူ့ကို ဘယ်တော့မှ မကြိုက်ခဲ့ဘူး။ သူဟာ သူ့အတွက် တရားဝင်သက်ဆိုင်တဲ့ နေရာကို ပြန်ရောက်လာတယ်။


ဒါပေမဲ့ သူ တကယ်တမ်း ဘယ်တော့မှ ပြန်မရောက်ခဲ့သလိုပဲ။


အရင်တုန်းက သူ့မှာ အိမ်မရှိခဲ့ဘူး။


အခုလည်း သူ့မှာ အိမ်မရှိသေးဘူး။


သူတို့က သူ့ကို ကြမ်းတမ်းပြီး အေးစက်တဲ့ စကားလုံးတွေနဲ့ ပြောဆိုကြတယ်။ ယဉ်ကျေးမှု မရှိဘဲ ရိုင်းစိုင်းပြီး ဘာမှ မသိတဲ့သူအဖြစ် မြင်ကြတယ်။


ခွမ့်လင်ရှီးက သူ့ကို လူသိရှင်ကြား စွပ်စွဲရင်တောင် ခွမ့်လင်ရှီး ရဲ့ မျက်လုံးတွေ အနည်းငယ် နီရဲသွားရုံနဲ့ သူတို့က သူ့ကို ဆူပူကြတယ်။


"ရှောင်ရှီးက မင်းတစ်ယောက်တည်းကိုပဲ ဘာလို့ အပြစ်တင်ရမှာလဲ၊ မင်းသာ မလုပ်ခဲ့ရင် ဘာလို့ သူက မင်းကို စွပ်စွဲရမှာလဲ"


"ငါတို့ ရှောင်ရှီးကို ငယ်ငယ်လေးကတည်းက ပေါင်းသင်းလာတာ၊ သူ့ရဲ့စိတ်နေစိတ်ထားကို ငါတို့ အသိဆုံးပဲ၊ ခွမ့်ရယ် လိမ်မနေပါနဲ့တော့”


သူ တစ်ချိန်က သူငယ်ချင်းတွေလို့ သတ်မှတ်ခဲ့တဲ့ လူတွေကတောင် သူ့ကို မျက်မှောင်ကုတ်ပြီး ပြောကြတယ်။


"ရှောင်ရှီး တစ်ခုခုဖြစ်ရင် ငါ မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး"


'ရှောင်ရှီး.. ရှောင်ရှီး…ရှောင်ရှီး’


လူတိုင်းရဲ့ မျက်လုံးထဲမှာ ရှောင်ရှီး တစ်ယောက်ပဲ ရှိတယ်။


~~~