Chapter 1
~~~
ကျောင်းပြောင်းလာတဲ့ ပထမဆုံးနေ့မှာပဲ။
နာမည်ကြီး အယောင်ဆောင် သခင်လေးခွမ့်လင်ရှီးကို ငါ တွေ့လိုက်ရတယ်။
သူ့ကို ယောက်ျားလေးရော မိန်းကလေးပါ လူတွေအများကြီး အမြဲလိုလို ဝိုင်းနေတတ်ကြတယ်။ တချို့က သူ့ကို ကြိုက်နေကြပြီး တခြားသူတွေကတော့ ပိုပြီးတောင် ကြိုက်ကြတယ်။ ဘယ်သူကမှ မကြိုက်တဲ့ အရာတစ်ခုတောင် သူ့မှာ မရှိဘူး လို့ထင်ရတာပဲ။
အသည်းအသန် လိုက်လံပိုးပန်း နေကြသူတွေထဲမှာ သူ့ရဲ့ ငယ်သူငယ်ချင်း 'ကျန်းချန်' နဲ့ ကျောင်းရဲ့အနိုင်ကျင့်တတ်တဲ့ ကောင်လေး 'လင်ယွဲ့’ လည်း ပါတယ်။
သူတို့နှစ်ယောက်က ခွမ့်လင်ရှီး ဆိုတဲ့ ကောင်လေးရဲ့ မျက်နှာသာကို ရဖို့အတွက် အကြိမ်ကြိမ် ကြိုးစားနေကြသတဲ့။
ခွမ့်လင်ရှီး ပြုံးနေတာနဲ့ သူ့ရဲ့ ဖြူစင်တောက်ပတဲ့ မျက်နှာမှာ လခြမ်းသဏ္ဌာန် ကွေးနေတဲ့ မျက်လုံးတွေကို အလှဆင်ထားတယ်။ သူ့ရဲ့ ပါးချိုင့်တွေက ပေါ်လွင်နေပြီး၊ သူ့ကို တက်ကြွပြီး ချစ်စရာကောင်းတဲ့ ပုံပေါက်စေတယ်။
အတန်းရဲ့ နောက်ဆုံးတန်းမှာတော့ အရပ်ရှည်ပြီး မှိုင်းထွေနေတတ်တဲ့ ကောင်လေးတစ်ယောက် ထိုင်နေတယ်။
နေရောင်ထဲမှာ ရှိနေပေမဲ့ သူ့ရဲ့ စွမ်းအင်အားလုံးကို ထုတ်ယူပစ်လိုက်သလိုပဲ။
ဘယ်သူကမှ သူ့ရဲ့ စိတ်ခံစားချက်ကို ဂရုမစိုက်ကြဘူး။
ဒါပေမဲ့ ငါ သူ့နာမည်ကို သိတယ်။
'ခွမ့်ရယ်’
~~~