DaoMuBiJi
Author - Nan Pai San Shu
Volume (8)
Chapter (25)
ရွေးချယ်စရာမရှိ
ဖက်တီးက ချိုသဲ့ခေါင်ရဲ့ စခန်းကို သွားပြီးတော့ ရိုင်ဖယ်သေနတ် နှစ်လက်ကို ယူလာခဲ့တော့သည်။ ဝူရှဲလည်း အဲဒါကိုတောင် ထည့်မတွေးနိုင်တော့ဘဲ သူ့ကို လမ်းပြပြီး အားလုံး ချက်ချင်း ထွက်ခွာလာကြသည်။
တောင်ပေါ်ကို တက်ဖို့က မြေအောက်ဆင်းဖို့ထက် အများကြီး ပိုကြာသည်။ ကံကောင်းထောက်မစွာနဲ့ ဖက်တီးက တစ်ကြိမ် ဖြတ်လျှောက်ခဲ့ဖူးတာကြောင့် လမ်း တော်တော်များများကို သိနေပြီ။ သူက လမ်းပြပြီး စကားကို အကြမ်းဖျင်းသာ ပြောသည်။ ဝူရှဲမှာ သူဘယ်သူလဲဆိုတာ ပြောပြဖို့ အခွင့်အရေးတောင် မရခဲ့ချေ။
ဒီလိုဖက်တီးကို တစ်ခါမှ မမြင်ဖူးတာကြောင့် ပိုလို့တောင် စိတ်မထိန်းနိုင်တော့ချေ။ ဖက်တီးရဲ့ အပြေးအလွှားသွားပုံက အရမ်းစိတ်လှုပ်ရှားနေပုံပေါ်ပေမယ့် ဖြစ်စဉ်တစ်ခုလုံးကို ပြောပြတဲ့အခါကတောင် သူဒီလောက် စိတ်မပူနေသလိုပင်။
ဖက်တီး သူ့ကို တစ်ခုခုကို ဖုံးကွယ်နေတာလား။
ဝူရှဲ မမေးရဲတော့ဘဲ ဆက်သွားနေခဲ့သည်။ ရေကန်ကို ဖြတ်ကျော်ပြီး မရောက်ဖူးတဲ့ နေရာတစ်ခုကို ရောက်သွားသည်။ ဖက်တီးက ဖြတ်လမ်းရှိတယ်ဆိုပြီး တောင်ပေါ်ကနေ တစ်ဖက်သို့ ဆင်းခိုင်း၏။ ထို့နောက် ချိုင့်ထဲကိုဆင်းကာ ဖက်တီးတစ်ယောက် ချိုင့်ထဲက မြက်ခင်းထဲကို ခုန်ဆင်းသွားတော့သည်။ ထိုလူက ရုတ်တရက် မြက်ပင်တွေထဲ တိုးဝင်သွားပြန်သည်။
ဝူရှဲမှာ မြက်တွေ ဒီလောက် သိပ်သည်းနေမယ်လို့ မထင်ထားပေ။ ဖက်တီးနဲ့အတူ ခုန်ချပြီးမှ မြက်ပင်အောက်မှာ လျှို့ဝှက်လမ်းကြောင်းတစ်ခု ရှိနေတာကို တွေ့လိုက်ရတေသည်။
"အစ်ကိုလေး ရှာတွေ့ထားတာလေ... မိုက်တယ်မလား... ချိုင့်ဝှမ်းထိပ်မှာ သစ်သားအကြီးကြီးနဲ့ ဆောက်ထားတဲ့ ရှေးဟောင်း လျှို့ဝှက်လမ်းတစ်ခု ရှိတယ်.. မြက်တွေဖုံးနေတာ ကြာပြီ အရင်ကဆို လမ်းလျှောက်ရတာ ပိုအဆင်ပြေတယ် အခု မြက်ပင်တွေက အရမ်းထူထပ်တယ်... အောက်ကမြက်တွေက နေရောင်ခြည်မရလို့ ကောင်းကောင်း မပေါက်ဘူး ဝင်ပေါက်က ဝင်သွားရတာ ပိုလွယ်တယ်..."
အပေါ်မှာ နေရောင်က တောက်ပြောင်နေပေမယ့် အတွင်းထဲမှာတော့ မှောင်လွန်းနေသည်။ မြက်ခင်းထဲမှာ ကျောက်စရစ်ခဲကြီးတွေနဲ့ ပြည့်နေတာကိုလည်း တွေ့လိုက်ရသေး၏။ သွားရတာ သိပ်မကောင်းပေမယ့် ချောက်ကမ်းပါးမှာ ချိတ်ထား ခံရတာထက်စာရင်တော့ ပိုကောင်းပါသည်။
"ဒီကနေ ဆယ်မိုင်ကျော်လောက် လမ်းလျှောက်ရတယ်... ကျုပ် အမှတ်အသား လုပ်ထားတယ်၊ တက်ရင် အဝင်ဝက သစ်ပင်ကြီးနဲ့ မဝေးဘူး... ရှေ့ကတော့ အရမ်းစိုနေတယ်... ဒီမှာပဲ အနားယူကြမယ်... အနားယူပြီးရင်တော့ ဝင်ပေါက်မရောက်ခင် ခဏ ထပ်ရပ်ကြမယ်"
လူတွေအားလုံး တစ်ယောက်ပြီး တစ်ယောက် ထိုင်နေကြတဲ့ အချိန်မှာ ဖက်တီးက မျက်စောင်းထိုးပြပြီး။
“သခင်သုံး စကားပြောဖို့ ခြေတစ်လှမ်းလောက် ငှားပါဦး”
ဖက်တီးက ဆိုကာ အထဲခပ်လှမ်းလှမ်းသို့ လျှောက်ဝင်သွားကာ ကျောက်တုံးကြီးတစ်လုံး ရှိတဲ့ နေရာကို ရောက်သွားသည်။ သူဘာဆက်လုပ်ချင်မှန်း မသိတာကြောင့် ဝူရှဲလည်း ထိုင်ချလိုက်၏။ ဖက်တီးက သူ့မျက်နှာကို ချက်ချင်းဆွဲဆိတ်လိုက်ပြီး အကြိမ်ပေါင်းများစွာ နာကျင်ထားရသလို မျက်ရည်တောင် ကျလာလေသည်။
"ဘာလဲ?" ဝူရှဲ စိတ်ထဲက ကျိန်ဆဲမိသည်။
"ငဒူလေး... မင်းမျက်နှာက တော်တော် ကြည့်ကောင်းနေတယ်နော်.. မင်းရဲ့တတိယဦးလေးလို ဖြစ်အောင် မင်းဘာလို့လုပ်ခဲ့တာလဲ" ဖက်တီးက တိုးတိုးလေး ပြောသည်။
ဝူရှဲ အံ့သြသွား၏။
"မင်းဘယ်လိုလုပ် သိသွားတာလဲ"
"မင်း ဘယ်လောက် ခေါင်းမာနေလဲ ကြည့်ဦးလေ... သူများတွေ မမြင်ရရင်တောင် ငါကမင်းကို ဘယ်လိုလုပ် မဖမ်းမိဘဲနေမှာလဲ...မင်းငါ့ကို စကားပြောတဲ့အခါတိုင်း ငါတကယ် စိတ်ရှုပ်နေတယ်များ ထင်လား ငါ့မှာ လျှပ်စီးလက်တဲ့ နှလုံးသားရှိတယ်... ဘာတွေဖြစ်နေတာလဲ ငါသိပြီးသား"
"ဒါဆို မင်းငါ့ကို ဘာလို့ စောစောက မပြောတာတုန်း...ငါ့မှာ မင်းကို ပြောပြဖို့ အခွင့်အရေး ရှာမရဘူး ဖြစ်နေတာ"
ဝူရှဲပြောပြီး ရှောင်ဟွားရဲ့ အစီအစဉ်ကို ပြောပြလိုက်သည်။
"ဟင့်အင်း မင်းငါ့ကိုမပြောရင် မင်းရဲ့အစီအစဥ်ကဘာလဲဆိုတာ ငါမသိဘူး သေချာပေါက် မင်းနဲ့ မပူးပေါင်းဝံ့ဘူးလေ... မင်းရဲ့ဆရာဝန်က မင်းရဲ့တတိယဦးလေးအပေါ် ဘယ်လိုလဲ မင်းမသိဘူးလား....သူမက ငါ့ကိုပြုစုတဲ့အခါတုန်းက သစ်ပင်ပေါက်လိုပဲ သဘောထားတယ်.... အိပ်မက် မက်မနေတောင် သူမက ငါ့ကို သတ်တော့မလို ပြုစုနေတာ အသိသာကြီး!" ဖက်တီးက တစ်ဖက်ကို လှမ်းကြည့်ရင်း။
"သူဘာတွေပြောနေတာလဲ မင်းသိလား ရီစရာကောင်းလိုက်တာ... ငါကတော့ သူမကို ကမ္ဘာပေါ်က ခွေးမတစ်ကောင်လို့ သတ်မှတ်ပေမယ့် မင်းကို ဒီလိုလုပ်နေတယ်လေ...မင်းဦးလေးရဲ့ ချစ်ခြင်းမေတ္တာကတော့ ငါ့သွားတွေတောင် ကျိန်းပါတယ်ကွာ...ငါသာ ထိန်းပြီး အိပ်မပျော်နိုင်ခဲ့ရင် လည်ပင်းညှစ်သတ်ခံရလိမ့်မယ်..."
အဲဒါကို ကြားလိုက်ရတော့ ဝူရှဲလည်း နည်းနည်းတော့ စိတ်အေးလက်အေး ခံစားသွားရသည်။ ဝူရှဲ စကားပြောချင်တဲ့အခါ ဖက်တီးက လက်ပြပြီး။
"စကားများများပြောဖို့က အသုံးမဝင်ဘူး... မင်းဘယ်သူလဲဆိုတာ ငါသိသွားပြီဆိုတော့ မင်းကို တစ်ခုခုမေးမယ်... မင်း ဖြေရမယ်"
"ဘာလဲ?"
"အဲဒီသခင်ဟွားကို မင်းယုံလား.."
သူဘာလို့ ဒီလိုမေးရတာလဲလို့ တွေးပြီး ဝူရှဲ ခေါင်းညိတ်ပြလိုက်သည်။
"သူက ငါ့ကို အများကြီး ကူညီပေးခဲ့တယ်... သူက ယုံကြည်ရမယ်လို့ ထင်တယ်"
"သူ့ရဲ့အသေးစိတ် အချက်အလက်တွေကို မင်းစစ်ဆေးပြီးပြီလား... သူက မင်းလိုကလေးပဲလား?"
"သေချာတာပေါ့... ဘာဖြစ်နေတာလဲ"
"ဂိုဏ်းကိုးဂိုဏ်းရဲ့ ဓာတ်ပုံဟောင်းတွေကို မင်းမြင်ဖူးလား"
ဝူရှဲ ဒီအကြောင်းကိုတော့ တကယ်မသိတာကြောင့် ခေါင်းခါပြလိုက်သည်။
"ငါ့ကိုပြောစမ်း.... မင်းငါ့ကို တိုက်ရိုက်ပြောတော့ ဘာဖြစ်မှာမလို့လဲ"
ဖက်တီးက ခေတ္တရပ်လိုက်ပြီးမှ ပြန်ဖြေသည်။
"ဟုတ်ပြီ... ငါအတွေးလွန်နေတာ ဖြစ်မယ်... ဒီလူက မင်းကို ဒီလိုအကြံဥာဏ်ပေးနိုင်မယ်လို့ မထင်ထားလို့ပါ.... သူက သိပ်စိတ်မချရဘူး"
ဖက်တီးက လိမ်နေပုံမပေါ်တာကို မြင်တော့ ဝူရှဲ တိုးတိုးလေး ပြောလိုက်သည်။
"ဒါပေမဲ့ အဲဒီတုန်းက ငါလည်း ဘာမှ မလုပ်နိုင်ဘူးလေ.. မဟုတ်ရင် မင်းတို့ကို ကယ်ဖို့ ငါလာနိုင်မှာ မဟုတ်ဘူး"
"နည်းနည်းတော့ ခက်ပါတယ်လေ... ဒါပေမဲ့ တခြားသူတွေ ပြောသလောက်တော့ မခက်ပါဘူး" ဖက်တီးက သူ့လက်ကို ဝှေ့ယမ်းကာ။
"ဒါပေမဲ့ ငါ သူ့ကို ကျေးဇူးတင်ရမှာတော့ အမှန်ပဲ... ဒီအကြောင်းကို ငါ မမေးခဲ့ဘူးလို့ပဲ ဟန်ဆောင်လိုက်... ငါတို့ သိပ်စဉ်းစားနေဖို့ အချိန်မရှိဘူး ဒီကိစ္စကို အရင်ရှင်းကြရအောင်။"
ဝူရှဲလည်း သူ့စိုးရိမ်စိတ်တွေကို တွေးပြီး အသံတိုးတိုးနဲ့ မေးလိုက်သည်။
"မျက်နှာသေရဲ့ အခြေအနေအကြောင်း မင်းငါ့ကိုလိမ်ခဲ့တာတော့ မဟုတ်ဘူးမလား... မင်းအမှန်အတိုင်း မပြောပြဘူးလို့ ခံစားနေရတယ် "
ဖက်တီးက ဝူရှဲပုခုံးကို ပုတ်ပြီးပြောသည်။
"ဒီသခင်ဖက်တီး ငါက မင်းကို ဒုက္ခပေးချင်နေရင် ဒီနေ့အထိ ဘာလို့ စောင့်နေရမှာလဲ..."
ဒါပေမဲ့ ဖက်တီးသူ့ကို လိမ်တာက တစ်ခါ နှစ်ခါမကတော့ချေ။
"မင်းငါ့ကိုဒုက္ခမပေးတိုင်း မင်း မလှည့်စားဘူးလို့ မဆိုလိုဘူး"
ဖက်တီး: "မင်းက နုံအတဲ့ ငဒူလေးပဲကွ... မင်းနားမလည်ပါဘူး.... မင်းက လူတိုင်းကို ယုံတယ်... သူတို့နဲ့တွေ့တဲ့အချိန် မင်းရဲ့ စိတ်နှလုံးကို ပြလိုက်တယ်... ငါက မင်းနဲ့မတူဘူး မင်းကလွဲလို့ ဘယ်သူ့ကိုမှ မယုံဘူး"
"ဒါက ယုံကြည်တာ မယုံကြည်တာနဲ့ ဘာဆိုင်လဲ"
ဖက်တီး: “ဒါက အများကြီး အရေးကြီးတယ်”
ဖက်တီးက အသံထပ်တိုးကာ။
"မင်းကို ငါပြောနိုင်တာထက် အဲဒီမှန်ထဲမှာ အများကြီး ပိုတွေ့ခဲ့တယ်... ဒါပေမဲ့ ငါမင်းကို အခုချက်ချင်း မပြောနိုင်ဘူးလေ.. မင်းနဲ့ငါ နှစ်ယောက်တည်း အချိန်ခဏလောက် ရှိမယ့်အချိန်ထိ အခွင့်အရေးကို ရှာနေတာ..."
လူအုပ်စု အနားယူနေတဲ့ဘက်ကို ကြည့်လိုက်တော့ ဖီပေါင်နဲ့ အစ်မယာတို့ နှစ်ယောက်စလုံးက စပ်စုနေပုံဖြင့် ဒီဘက်ခြမ်းကို ကြည့်နေကြတာကို တွေ့လိုက်ရသည်။
“တွေ့လား” ဖက်တီးက မျက်စာပစ်ပြသည်။
“ဒီမှာ ဘယ်သူမှ ဘယ်သူ့ကိုမှ မယုံကြဘူး... တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း စိတ်မသက်မသာ ဖြစ်နေကြတာ...အရင်က မင်းကို မပြောပြချင်ပေမယ့် ငါတို့ ဒီလမ်းကို လျှောက်နေတာက အက်ကြောင်းတွေပေါ် တက်တာ မဟုတ်ဘူး... မင်း ဒီတောင်ပေါ်ရောက်တဲ့ အချိန်ကစပြီး ဘာပဲဖြစ်လာဖြစ်လာ မင်းဘာမှကို မအံ့သြနဲ့”
"ဘာမှ ထူးထူးခြားခြား ဖြစ်မလာဘူးမလား"
"ဒီမှာ ဘာမဆို ဖြစ်သွားနိုင်တယ်ကွ... ဒီရှေးကျတဲ့ ကျန်းမိသားစု တည်ဆောက်မှုရဲ့ မကောင်းဆိုးဝါး စိတ်ပညာက အရာတော်တော်များများကို သက်ရောက်မှု ရှိတယ်.... တစ်ခုခုဖြစ်သွားရင်တောင် မအံ့သြနဲ့..."
ဘာသာပြန် - ဖက်တီး ဒီလောက် ပျာယာခတ်သွားတာက ရှောင်ဟွားတို့နဲ့အတူ ဝူရှဲတကယ် လိုက်သွားတယ် ထင်လို့များလားပေါ့။ သူက သိနေတာဟ။