(26)ထူးဆန်းတယ်လို့ မထင်ပါနဲ့
Viewers 14k

DaoMuBiJi

Author - Nan Pai San Shu

Volume (8)

Chapter (26) 

ထူးဆန်းတယ်လို့ မထင်ပါနဲ့



ဖက်တီးက ပြောပြီးတာနဲ့ ထပြီး လမ်းလျှောက်ထွက်သွားကာ တစ်စုံတစ်ခုကို ရေရွတ်နေသည်။ သခင်သုံးနဲ့ စကားပြောရင်း အဆင်မပြေလာသလိုပင်။ သူ တောက်လျှောက် ပြောနေတာတွေ့တော့ ရှို့ရှို့က ဝူရှဲဘေး ပြေးထိုင်ကာ သူနဲ့ ဘာတွေပြောနေတာလဲလို့ တိုးတိုးလေး မေးလာသည်။ 


နောက်ပိုင်း အဆင်မပြေ ဖြစ်မှာကြောက်တာကြောင့် ရှို့ရှို့ကို အနည်းအကျင်း ပြောပြလိုက်သည်။ ဖီပေါင်က သူတို့ကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်နေ၏။ မတိုင်ခင်က ကိစ္စကြောင့် စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှု ရှိသွားသလားတော့မသိ သူတို့ ဘာပြောနေကြတာလဲလို့ မေးမလာခဲ့ပေ။ 


ရှို့ရှို့ကလည်း ဝူရှဲ ရည်ရွယ်ချက်ကို သိတာကြောင့် ပြောလာသည်။ 


"ကျွန်မတို့ ဂိုဏ်းကိုးဂိုဏ်း အကြောင်း ပြောနေတာလား... ချောင်ရှားရဲ့ စစ်တပ်ထဲမှာ အနယ်နယ်အရပ်ရပ်က လူတွေရော၊ နေရာပေါင်းစုံက ဒုက္ခသည်တွေ ပါနေတာကြားတယ်... အဲဒီတုန်းက မြို့တော်မှာရှိတဲ့ ဂုဏ်သရေရှိ လူတော်တော်များများက ပေကျင်းအော်ပရာကို လိုင်းနည်းနည်း သီဆိုနိုင်ကြတယ်.. စစ်တပ်က တရုတ်ပြည်သစ်မှာ ရှိနေတာ... တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးနောက်မှ ကွဲကုန်တာ... ကံကောင်းထောက်ချင်တော့ ဒုတိယသခင်ရဲ့ မိသားစုက နောက်ပိုင်းမှာ ဂူဖောက်ဖို့ ငြင်းလိုက်တော့ အခုခေတ်မှာလည်း လူတွေက ပိုကွဲကွာကုန်တာ... အပြင်လူတွေကို ရန်မူလာကြတယ်" 


ရှို့ရှို့က လမ်းတစ်လျှောက်တွင် သူမရဲ့အကိုနှစ်ယောက် အကြောင်း ပြောပြသည်။ ပေကျင်းရှိ နာမည်ကြီးများဟု သတ်မှတ်ခံရသော်လည်း ရှောင်ဟွားနဲ့ အဘွားဟော့လောက်တော့ မဟုတ်ချေ။


ဒါ့ကြောင့် အစောကတည်းက မကျေနပ်တာလို့ ပြောရမည်။ ဖီပေါင်က ရှို့ရှို့ကို အနည်းငယ် သဘောကျသွားပုံရသည်။ သူမ စကားပြောပြီးတိုင်း ဖီပေါင်က လှည့်လှည့်ကြည့်တတ်၏။ 


သူတို့ကြားက ရန်ပွဲက ငယ်ငယ်ကတည်းက တိုးတက်လာခဲ့တာ ဖြစ်နိုင်လေသည်။ ဒါကြောင့် ဝူရှဲ ဝင်မတားဘဲ သူမကို ထပ်ပြောခိုင်းလိုက်သည်။ 


ဖက်တီးက သစ်ကိုင်းအချို့ကို မီးထဲသို့ပစ်ချကာ လှမ်းပြောသည်။ 


"ရွှေမိသားစု နဲ့ ကဲ့ရဲ့ခြင်း ဆိုတဲ့ ဇာတ်မျိုးကို စိတ်မဝင်စားပါ... ဂိုဏ်းကိုးဂိုဏ်းမှာ ငါတို့မသိတဲ့ အချစ်ဇာတ်လမ်းလေးတွေ ရှိလား...ကြားတာတော့ မင်းတို့ သခင်နှစ်က မုဆိုးဖို့ ဖြစ်လာပြီးနောက်ပိုင်း သူ့လက်ပေါ်မှာ ရေးထားတဲ့ ကြွေထည်ပုံစံတွေကို 'အပြာနဲ့အဖြူ' လို့ ခေါ်တယ်ဆို... အဲဒါလေးရော ရှိသေးလား?" 


ရှို့ရှို့: "အပြာနဲ့ အဖြူ သေးသေးလေး ရှိသေးတယ်... သွားကြည့်ချင်တာလား အခု ဘိုးဘွားရိပ်သာမှာ ရှိတယ်...အဖြူနဲ့ အပြာရောင် ကြွေပုံစံက အပြာရောင် ကြွေရုပ်နဲ့တူတယ်လေ... ကွဲအက်နေတာလေးပဲ ချွင်းချက်..."


ဖက်တီး လက်ဖက်ရည် တစ်ငုံသောက်ပြီး ပြန်ဖြေသည်။ 


"ချစ်ဘိုးဘွားတို့ ရိပ်သာလား... ကိုယ်ကျင့်တရားနဲ့ သိက္ခာရှိရှိလေး လုပ်ပါစေ.. လူ့ဘောင်ဟောင်းက အမျိုးသမီး အများစုက သနားစရာကောင်းတဲ့ အခြေအနေမှာ မွေးဖွားလာကြတာ... ဒီအပြာအဖြူ ပန်းပွင့်လေးတွေကလည်စ သူ မဖြစ်ချင်သလို ဖြစ်မလာနိုင်ပါဘူး" 


ဖီပေါင်က သဘောမတူစွာဖြင့် ဖြတ်ပြောလာသည်။ 


"ညစ်ပတ်တဲ့အရာတွေ မကြားချင်ဘူးနော်... ငါတို့လို လူတွေကလည်း မပြောတတ်ဘူးလေ.... မင်း ဘာလို့ နည်းနည်းလောက် ဝင်မပြောတာလဲ" 


"ငါက ယွင်ချိုင်ကို ကတိပေးထားပြီးသား... အခု မင်း လူကောင်းတစ်ယောက် ဖြစ်ချင်ရင် မင်းဒီလို အောက်တန်းကျတဲ့ အရသာတွေနဲ့ မပျော်မိစေနဲ့ ယ" 


ဖက်တီးက လှည့်ပြီး သူ့မျက်နှာကို ဦးထုပ်နဲ့ ကွယ်ထားလိုက်လေသည်။ 


"နောက်ကျသွားပြီ....ဖက်တီးငါ အိပ်ရေးပျက်နေလို့ အရင်အိပ်တော့မယ်... မင်းတို့သုံးယောက် ဆက်ပြောကြ"


ဝူရှဲ လကို မော့ကြည့်လိုက်သည်။ အပေါ်က သစ်ကိုင်းများက လရောင် အများစုကို ပိတ်ဆို့ထားသလို တဲအပေါ်က ကန့်လန့်ကာရဲ့ အပိုင်းကလည်း အုပ်ထားတာကြောင့် လရဲ့ အရိပ်အယောင်ကို သိပ်မတွေ့ရချေ။ 


ဒီလျှို့ဝှက်ကတုတ်ကျင်းကို ကျန်းမိသားစု ရှေးဟောင်းအဆောက်အအုံ ဆောက်လုပ်သူများမှ ဆောက်လုပ်ထားခြင်း မဟုတ်ချေ။ ရှေးဟောင်း လင်နမ်ဘုရင့်နိုင်ငံက ယောင်လူမျိုးများ ကောက်ယူထားသော ရုပ်ကြွင်းတစ်ခုဖြစ်ကြောင်း သိသာထင်ရှားသည်။ 


လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဤနက်နဲသော တောင်ကြီးထဲတွင် လျှို့ဝှက်ဆန်းကြယ်သော လှုပ်ရှားမှုများစွာ ရှိခဲ့ဖူးသော်လည်း ရှေးခေတ် ယောင်လူမျိုးတို့က ဒီနေရာကို ဘာရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့သလဲတော့ မသိနိုင်ချေ။ 


လူတော်တော်များများက ခဏ​လောက် အနားယူချင်​​နေကြတာမို့ တစ်ယောက်ကို တစ်ယောက်မှီကာ အိပ်ပျော်သွားကြသည်။ သူ မျက်လုံးမှိတ်ခါနီးမှာ ဖက်တီးက ရုတ်တရက် ငုတ်တုတ်ထထိုင်ပြီး ဆီးသွားကန်ဆီ သွားနေတာကို တွေ့လိုက်ရသည်။ 


ဖက်တီးမှာ အိပ်မပျော်နိုင်လောက်အောင် စိုးရိမ်စရာတွေ အများကြီး ရှိနေတယ် ထင်ပါရဲ့။ ဝူရှဲ ဦးထုပ်ကို မျက်နှာပေါ်လှန်ပြီး တစ်နာရီလောက် အိပ်ဖို့ စိတ်ကူးရင်း အိပ်ပျော်သွားတော့သည်။ 


အိပ်ယာမဝင်ခင် ခဏလောက်ပဲ အနားယူရမယ်လို့ ကိုယ့်ကိုယ်ကို သတိပေးနေသရွေ့တော့ အချိန်မှန် နိုးထလာမှာ သေချာပါ၏။ သေချာတာပေါ့ ခဏကြာတော့ ဝူရှဲ နိုးလာခဲ့သည်။ သူ့မျက်နှာကို ခေါင်းလျှော်ရည်လို အနံ့ရှိတဲ့ ဦးထုပ်နဲ့ ဖုံးထားသည်။ ကွမ်ရှီးဧရိယာမှာ ရေတွေပေါများလို့ ဒီလို​မြို့ရနံ့ကို ရနိုင်တာက ကံကောင်းတယ်လို့ ပြောရမည်။ 


ဘုရင်လုနန်းတော်နဲ့ တိမ်ထိပ် ကောင်းကင်နန်းတော်ကို သွားခဲ့တဲ့နေ့တွေ အကြောင်းတွေးရင်း ဝူရှဲ အသက်ရှုကြပ်လာသည်။ အဲဒီအချိန်တုန်းက သူဟာ အသင်းစိတ်ဓာတ်ကို ဖျက်ဆီးပစ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး သတိနိုးထလာဖို့အတွက် ဖန့်ကျစ်ဆီက အမြဲတမ်း ကန်ထုတ်ခံရမှာ ဖြစ်ပါ၏။ 


အခု သူ အိပ်ရာထဲမှာ အိပ်နေခွင့် မရှိတော့ပါ။ သူက သခင်သုံး ဖြစ်နေပြီ။ တခြားလူတွေက သူ့ကို ကြည့်နေကြသည်။ ဝူရှဲ ဦးထုပ်ကို အမြန်ဆွဲပြီး လှန်လိုက်တော့ မျက်နှာကိုဖုံးထားတဲ့ ဦးထုပ်က စိုစွတ်နေတာ ခံစားမိလိုက်သည်။ 


ဝူရှဲ လန့်ဖျပ်သွားပြီး ချက်ချင်း ထထိုင်လိုက်ရင်း မီးတောက်နေတဲ့ ဧရိယာ တစ်ခုလုံးမှာ တစ်ခုခု မှားနေပြီဆိုတာ သတိထားမိလိုက်သည်။ မြောင်းအစွန်းနားက မိုးရွာနေတယ် ထင်ပေမယ့် မော့ကြည့်လိုက်တော့ ရေတွေက ကျောက်တုံးတွေဘက်က ရွာကျနေတာ တွေ့လိုက်ရသည်။


ဝူရှဲဟာ မြောင်းအစွန်းက ကျောက်တုံးတစ်တုံးဘေးမှာ ထိုင်နေခဲ့တာ ဖြစ်သည်။ နွယ်ပင်တွေ အပေါ်က မြောင်းနံရံတွေပေါ် တွယ်တက်ထားကာ ရေတွေကလည်း ရွှဲကျဲကျဲနဲ့ ကျောက်တုံးပေါ် ပက်နေခဲ့သာ်။ သူ့ပတ်ဝန်းကျင်က လူတော်တော်များများဟာလည်း ရေကြောင့် လန့်နိုးနေကြပြီး လူတချို့က ခေါင်းတွေဖုံးပြီး ရေပက်ခံရတဲ့နေရာကနေ ပြေးထွက်လာကြသည်။ 


“ဘာတွေဖြစ်နေတာလဲ”


ဖက်တီးက ချက်ချင်းပဲ အသံတိတ် လှုပ်ရှားမှုလုပ်လိုက်သည်။ သူဘာတွေ့မှန်း မသိတာကြောင့် ဝူရှဲ သူ့ကိုကြည့်ရင်း ရေတွေရွှဲနေတဲ့ သူ့ခန္ဓာကိုယ်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ဦးထုပ်နံ့က ဝူရှဲ ချက်ချင်း မျက်မှောင်ကျုံ့သွား၏။ 


ဆီးတွေ။ တစ်ယောက်ယောက်က သူတို့ခေါင်းပေါ်တက်​ပြီး သေးပေါက်နေတာပဲ။ 


“မင်းမေငါလိုး!" 


ဖီပေါင် တိုးတိုးလေး ဟစ်အော်လိုက်ရင်း ရွံရှာစရာ ကောင်းလောက်အောင် တံတွေး​တွေ ထွေးထုတ်လိုက်သည်။ ဆီးတွေက သူ့ပါးစပ်နားအထိ တစ်ဆို့နေမှန်း သိသာပါ၏။ ဖက်တီးက စကားမပြောရန် သူတို့အား ဆက်ပြောနေသဖြင့် လူတိုင်းကလည်း အလွန်ရွံရှာနေတဲ့ကြားက ရ​ပ်သွားကြသည်။ ဖက်တီးက ရှေ့သို့ လှမ်းတက်ကာ မြောင်းဘေးရှိ ကျောက်ဆောင်ပေါ်သို့ တက်လာသည်။  


သူဘာလုပ်ချင်မှန်း မသိတော့ ဝူရှဲလည်း အံကြိတ်ပြီး သူ့နောက်ကို လိုက်သွားခဲ့သည်။ ဝူရှဲ စပျစ်နွယ်ပင်တွေကို ကောက်ကိုင်ပြီး အပေါ်ဘက် ကန့်လန့်ကာအောက်ခြေကို တက်သွားတာကို တစ်ယောက်ယောက်က အင်္ဂလိပ်လို စကားပြောနေတာကို ကြားလိုက်ချိန် ချက်ချင်း သဘောပေါက်သွား၏။ 


ဆီးတွေက ကျနေတုန်းပဲ။ ဖက်တီးရဲ့မျက်နှာပေါ်မှာ ရွှဲနေသလားတောင် ဂရုမစိုက်ဘဲ ပြောနေတာကို နားမလည်နိုင်​ကြောင်း လက်ဟန်ခြေဟန်နဲ့ လုပ်ပြနေ​သေးသည်။ 


ဝူရှဲကတော့ ပြင်းပြင်းထန်ထန် ပျို့အန်ချင်တာကို ထိန်းထား၏။ အပေါ်မှာ လူတော်တော်များများ ရှိကြမယ်ဆိုတာ သိသာထင်ရှားပါသည်။ သူတို့က မြောင်းအောက်မှာ ကန့်လန့်ကာအလွှာတွေ ​သေးပေါက်လာကြပေမယ့် လူတွေရှိမှန်း မသိကြပုံပါပဲ။ 


ချိုသဲ့ခေါင်ရဲ့ လူတွေက ဒီမှာ ရှိမနေသင့်ဘူးလေ။ 


နိုင်ငံခြားသားတွေကြားက တိကျတဲ့ စကားပြောသံကို မကြားရတာကြောင့် ဖက်တီးက ဝူရှဲရဲ့ လက်ကိုင်ဖုန်းကို လှမ်းတောင်းလေသည်။ ဖုန်းရဲ့ အသံသွင်းစနစ်ကို ဖွင့်ခိုင်းနေစဥ် တရုတ်လူမျိုး တစ်ယောက်ရဲ့ အသံကို ကြားလိုက်ရသည်။ 


"မြန်မြန်သွားရအောင်... အနားယူဖို့ အချိန်မရှိဘူး" 


သူပြောပြီးနောက် လူတစ်ယောက်က အင်္ဂလိပ်လို ဘာသာပြန်ပေး၏။ ဒီစကားသံကို ကြားလိုက်ရတော့ ဝူရှဲ အံ့ဩသွားတော့သည်။ ဒီအသံကို ကြားဖူးနေသလိုပင်။ 


ဖက်တီးနဲ့ ဝူရှဲ အချင်းချင်း လှည့်ကြည့်လိုက်ကြသည်။ ဖက်တီးက တံတွေးအနည်းငယ် ထွေးလိုက်ရင်း ဒီအသံကြားတော့ သူ့အမူအရာကလည်း မှိန်ဖျော့သွားသည်။ 


“သောက်ကျိုးနည်း! နိုင်ငံခြားသား လူရိုင်းတွေက ဆီးတော်တော် ပေါနေကြတာလား... ကလေးမ လာပြီး သူတို့ပြောတာကို နားထောင်ကြည့်စမ်းပါဦး” 


တရုတ်အသံကိုလည်း မှတ်တမ်းတင်ထားသည်။ ဝူရှဲတို့ ချက်ချင်း ​ပြန်သွားကြည့်သော်လည်း ရှို့ရှို့က သူ့အဝတ်အစားများကို ဖြည်ပြီး ရေချိုးရန် ရေကန်သို့ သွားနေပြီ။ 


"အမလေး ကလေးမ... မဆေးသေးနဲ့...ဆီးရေကန်ထဲမှာ ငါလည်း ချိုးဖူးပါတယ်... ရေချိုးပြီးလည်း အရင်အတိုင်း ဖြစ်မလာသေးဘူး"


ရှို့ရှို့နဲ့ ဖီပေါင်တို့က အတူတူ ရေဆေးနေကြသည်။ 


"မင်းက မဆေးဘူးလား... "


ဖက်တီး:"ရွှဲနေပြီ...အကုန်လုံး ရွှဲ​နေပြီးပြီ... မနေ့ညက ပျင်းလို့ ရေကန်တိုင်းမှာ အကြိမ်ရေ နည်းနည်းလောက် ရေချိုးပြီးပြီ... အသံသွင်းထားတာကို နားထောင်ရအောင်" 


ရှို့ရှို့: "ငါမလုပ်​ဘူး!... ဒီအနံ့ကို သည်းခံ​နေရတာထက်​​ သေပဲ​သေလိုက်ချင်​တယ်​"


ဖက်တီးက အဝေးက ရေကူးကန်ကို ညွှန်ပြရုံကလွဲလို့ ရွေးချယ်စရာ မရှိတော်ပေ။ အနံ့က တော်တော်ကို မသက်မသာ ဖြစ်စေတာပဲ မဟုတ်ပါလား။ ချက်ချင်းဆိုသလိုပဲ သူမက ဆံပင်နဲ့ အဝတ်အစားတွေကို ထပ်ခါထပ်ခါ လျှော်ဖွပ်ရင်း ဆီးနံ့တွေ ဖျော့သွားတဲ့အထိ ဆေးပစ်သည်။ 


"သေရ​တော့မယ့် လူတွေက ဆီးကိုကြောက်နေကြတာလား... သိပ္ပံသုတေသနတွေအရဆို အလောင်းတွေရဲ့ ဆွေးမြေ့မှုက ဆီးထက် သေချာပေါက် ပိုညစ်ပတ်တယ်နော်... ဆီးသောက်ရတာ အဆင်ပြေပါတယ်" 


ရှို့ရှို့ ရေကူးကန်ထဲက ရေကို လှမ်းယူဖို့ သူမဦးထုပ်ကို သုံးလိုက်သည်။ 


"ဒါဆိုလည်း သောက်လိုက်လေ!"


"သောက်လို့ အဆင်ပြေပေမယ့် အရသာကောင်းဖို့က လိုသေးတယ်... မြန်မြန် ပြီးအောင် လုပ်စမ်းပါ... ငါတို့ သူတို့ကို ဖမ်းလို့မမိဘဲနေမယ်"


"စိတ်မပူပါနဲ့... သူတို့က တောင်ပေါ်လမ်းကို လျှောက်နေကြတာ ငါတို့ကို လိုက်မမီနိုင်တော့ဘူး... ဒီလူအုပ်စုက ငါတို့အရှေ့ကနေ ပါးနိုင်ရွာက ထွက်သွားကြတာ... ဒါတောင် တောင်တွေပေါ်မှာ ရက်အတော်ကြာ လမ်းလျှောက်နေကြတာ... ငါတို့ကသာ သူတို့ကို ကျော်တက်သွားမှာ..."


ဖက်တီး: “လမ်းပြအသစ်က ဘာဖြစ်သွားတာလဲ... သူတို့မှာ ဘာလို့ လမ်းပြရှိနေတာလဲ”


ဝူရှဲ ခေါင်းခါပြပြီး ခုနက ကြားရတဲ့ ဒေသိယစကားသံကိုသာ ဆက်တွေးနေသည်။ အသံက ဘာလို့ သူအတွက် အရမ်းရင်းနှီးနေတယ်လို့ ခံစားနေရပါလိမ့်။ 


ဖက်တီးက ဝူရှဲကိုသာ စေ့စေ့ကြည့်နေသည်။ ဘာမှားနေလဲလို့ မေးလာတာကြောင့် ဝူရှဲ ရှင်းပြလိုက်တဲ့အခါ သူက ဘာမှမတုံ့ပြန်လာချေ။ ပြဿနာကို သူ သတိမထားမိခဲ့ပုံရသည်။ ရှို့ရှို့က ဝင်ပြောလာ၏။ 


"ဘာပဲဖြစ်ဖြစ် ချိုသဲ့ခေါင်က ညီမတို့ရောက်မလာခင်မှာ တခြားအဖွဲ့ကို လွှတ်လိုက်တာပဲ ဖြစ်မယ်... သူ သခင်သုံးကို မတူတာတွေ ပြောလိုက်တာ ကြားလိုက်ရတယ်... သူ့မှာ ဖုံးကွယ်ထားတာတွေ ရှိနေတယ်ဆိုတာ သိသာတယ်" 


ချိုသဲ့ခေါင်က စူးစမ်းလေ့လာရန် အဖွဲ့များကို ဆက်လက် စေလွှတ်ခဲ့သည်။ သူ့ဆီမှာ အချက်အလက်တွေက ရှုပ်ယှက်ခတ်နေမှာ သေချာပေမယ့် အချက်အလက် အသစ်များ ရသွားပါက လမ်း​ပြအသစ်က အဓိက သော့ချက်ဖြစ်လိမ့်မည်။ 


"ဒါပေမဲ့ ငါတို့ဘာလုပ်သင့်လဲ သူတို့ကို လျစ်လျူရှုပြီး ဆက်လျှောက်သွားမလား"


ဖက်တီးက ခဏလောက်စဉ်းစားပြီး လှမ်းကြည့်နေချိန် ဝူရှဲစိတ်ထဲမှာ အရမ်းဆိုးတဲ့ ကြိုတင်သတိပေးချက် တစ်ခုက ဝင်လာလေပြီ။ 


"ငါတို့ တက်ကြည့်ကြတာပေါ့"


နွယ်များကို ခွဲထုတ်ရန် ဓားမြောင် တစ်လက်ကို သုံးရင်း ဖက်တီးနဲ့ ဝူရှဲတို့ လရောင်အောက်၌ လှုပ်ရှားခဲ့ကြသည်။ ကုန်းစောင်းတစ်လျှောက် ဖြည်းညှင်းစွာတက်ရင်း လေတိုက်သံတွေ ထွက်လာတာကို ကြားလိုက်ရ၏။ သူတို့အဖွဲ့ဟာ ညလုံးပေါက် ချီတက်နေပြီး အတိအကျ အကွာအဝေးကို ရောက်နေပြီ။ ဒါပေမဲ့ ကုန်းစောင်းက သူတို့ရှေ့မှာပဲ။ 


ဖက်တီးက ခြေလှမ်းအနည်းငယ် လှမ်းပြီး ခပ်သွက်သွက် လျှောက်သွားသည်။ ဝူရှဲလည်း မြက်ခင်းပြင်ထဲကို လျှောက်လာစဥ် ဖက်တီးက သူ့ကို ဖမ်းပြီး မြက်ခင်းပြင်ထဲကို ဝင်သွားကာ အသံမထွက်ဖို့ ခေါင်းခါ​ပြ၏။ သူညွှန်ပြနေတဲ့နေရာကို ကြည့်လိုက်တော့ အမြင့်မှာ မီးပွားအမှတ်တစ်ခု ရှိနေတာကို တွေ့လိုက်ရပြီး တစ်စုံတစ်ယောက်လည်း ရှိနေတာကို တွေ့လိုက်ရသည်။ 


"စစ်သူကြီး ငါတို့ သူတို့နောက် ဆက်မလိုက်နိုင်တော့ဘူး"


"ဘာလုပ်တာလဲ?"


ဖက်တီး :“သေနတ်ကို ပြင်ထား!” 


ဝူရှဲ သေနတ်ကို ကောက်ကိုင်လိုက်ပြီး ရှေ့ကအဖွဲ့ကို ကြည့်လိုက်တော့ ခြုံပုတ်ကုန်းပေါ်တက်ထိုင်နေတဲ့ နိုင်ငံခြားသားတစ်စုကို တွေ့လိုက်ရ၏။ ဓာတ်မီးတွေ မသုံးခဲ့ကြပေမယ့် မီးတုတ်တွေပဲ သုံးနေကြရာ လမ်းပျောက်ဖို့က လွယ်လွန်းလေသည်။ 


စုစုပေါင်း ဆယ့်ငါးယောက်လောက်ရှိတဲ့ နိုင်ငံခြားသားတွေ အားလုံးက သူတို့အဖွဲ့နဲ့ အတူတူပါပဲ၊။ သူတို့တွေက ကမ်းနားက ချိုသဲ့ခေါင်တို့ အဖွဲ့ ဟုတ်မဟုတ် မပြောနိုင်သေးဘူး။


မကြာခင်မှာပဲ တခြားနိုင်ငံခြားသားတစ်ယောက်နဲ့ စကားစမြည်ပြောနေတဲ့ တရုတ်အမျိုးသားတစ်ဦးကို တွေ့တော့ ဝူရှဲ တုန်လှုပ်သွားပြီး အရမ်းထူးဆန်းတဲ့ ခံစားချက်တစ်ခုက ရောက်ရှိလာတော့သည်။ 


ထို့နောက် ထိုလူက ရုတ်တရက် ခေါင်းလှည့်ကာ အနောက်သို့ လှည့်ကြည့်ရာ သူ့မျက်နှာက မီးရောင်အောက်၌ ခေတ္တမျှ တောက်ပလာသည်။


ဝူရှဲ ခဏလောက် ထိတ်လန့်သွားပြီး ကြက်သွေးတွေ ထိုးသွင်းခံလိုက်ရသလို ကြက်သေသေသွားတော့သည်။ တစ်ကိုယ်လုံးမှာ အေးစက်တဲ့ ချွေးပေါက်တွေ ပေါက်ထွက်နေတာကြောင့် အဲဒီမျက်နှာကို တကယ် မြင်​နေရတာလားဆိုတာ ရုတ်တရက် မပြောနိုင်သေးပါဘူး။ 


အဲဒါ သူ့မျက်နှာပဲ။


ကိုယ့်ကိုကိုယ် ကြည့်နေရသလိုမျိုး ဝူရှဲ နောက်တစ်ယောက်ကို တွေ့နေရသည်။