(24) လျှို့ဝှက်ဆန်းကြယ်သော အရာများ ခိုးဝင်တိုက်ခိုက်ခြင်း
Viewers 14k

DaoMuBiJi

Author - Nan Pai San Shu

Volume (8)

Chapter (24) 

လျှို့ဝှက်ဆန်းကြယ်သော အရာများ ခိုးဝင်တိုက်ခိုက်ခြင်း 



ပေါက်ကွဲမှုက အလွန်ကြောက်စရာ ကောင်းလေသည်။ ကြီးမားသော မီးခိုးရောင် တိမ်တိုက်ကြီးက လေထဲ၌ ပေါက်ကွဲပြီး မီးတောက်များက အလွန်မြင့်မားစွာ ထိုးတက်သွားသည်။ တစ်ဆက်တည်း မီးပွားများကို သယ်ဆောင်ကာ ပတ်ဝန်းကျင်သို့ ကျဆင်းသွားခဲ့သည်။


ဖက်တီး: "ဓာတ်ဆီမီးစက် ပေါက်ကွဲသွားပြီ!"


ဖီပေါင်က ဂေါ်ပြားကို ကိုင်ထားလေသည်။ 


"ဘယ်လိုလုပ် ပေါက်ကွဲသွားတာလဲ... ဒီကြောင်ကြီးတွေက မီးစက်ကို ပေါက်ကွဲအောင် ကိုက်ပစ်နိုင်တာမျိုးတော့ မဖြစ်နိုင်ပါဘူး"


သူပြောပြီးသည်နှင့် ထိုနေရာမှ ပေါက်ကွဲသံတစ်ချက် ထပ်ထွက်လာသည်။ ပေါက်ကွဲသံက အနည်းငယ် သေးငယ်သွားသော်လည်း တစ္ဆေတစ်ကောင်က မြေကြီးပေါ် ခြေထောက်ကြီး နင်းချလိုက်သလို တုန်သွား၏။ 


ဖက်တီးလည်း ဖျော့တော့သွားကာ ချိုသဲ့ခေါင်စခန်း၏ ဘယ်ဘက်ရှိ တောအုပ်အတွင်းမှ အခြားဘက်သို့ လှမ်းကြည့်လိုက်သည်။


"သောက်ကျိုးနည်း! အဲဒါက--"


"အဲဒါဘာလဲ" 


ဖက်တီးဟာ မယုံကြည်နိုင်စွာ ကြည့်နေသော်လည်း နောက်ထပ်အသံကို ကြားရဖို့ မျှော်လင့်ရင်း နားစွင့်နေသေးသည်။ ဝူရှဲ ချိုသဲ့ခေါင်စခန်းဘက်ကို လှမ်းကြည့်လိုက်တော့ အစောက ပေါက်ကွဲသံကလွဲလို့ ကျန်တဲ့နေရာက ငြိမ်သွားပါပြီ။ 


ဖက်တီးဆီက ထိုစကားကို ကြား​ပြီးသောအခါ ထိုကောင်က ရုတ်တရက် ကျိန်ဆဲပြီး အနောက်မှ မီးပုံအား လှည့်ကြည့်ကာ အော်လေသည်။


"ဖီပေါင်... မီးကို ဖယ်လိုက်" 


သူ စကားမဆုံးခင်မှာ မှောင်မည်းနေတဲ့ တောအုပ်ထဲမှာ မီးငယ်တစ်ခု ပေါ်လာပြန်သည်။ အမြောက်ကြီးသံနဲ့အတူ ပေါက်ကွဲပြီးကြီး ထွက်လာစဥ် ဖက်တီးအသံကိုလည်း ကြားလိုက်ရသည်။ 


"မြေပေါ် ဝပ်!"


ဝူရှဲ အစ်မယာနဲ့ ရှို့ရှို့ကို မြစ်ကမ်းစပ်မှာ လှဲဝပ်ဖို့ ဆွဲခေါ်လိုက်တဲ့အချိန်မှာ သူ့အနောက်မှာ ပေါက်ကွဲသံတွေ မြည်လာပြီး ခြေဖဝါးတွေနဲ့ တစ်ကိုယ်လုံး တုန်ခါသွားတော့သည်။ သဲသောင်ပြင်တစ်ခုလုံး ပေါက်ကွဲသွားတာကြောင့် ကျိုးပဲ့ကုန်သော ကျောက်တုံးများက မိုးရွာသကဲ့သို့ ပြန့်ကျဲသွားသည်။ 


ကျောက်တုံးများ အားလုံးကျပြီးနောက် ဖက်တီးက ကျယ်လောင်စွာ ကျိန်ဆဲသံကို ထပ်ကြားလိုက်ရသည်။ နောက်ပြန် ကြည့်လိုက်သောအခါတွင် သူတို့မီးပုံသည် လွင့်သွားပြီ။ နေရာတိုင်းတွင် ပြန့်ကျဲနေသော မီးသွေးမီးများသာ ရှိတော့သည်။


"ပြောက်ကျားကစားပုံကြီးဟ! တောရိုင်းတိရိစ္ဆာန်တွေကို သုံးပြီး လူတွေကို မီးပုံနား ရောက်အောင် အရင်မောင်းခိုင်းပြီးမှ မီးပုံကြီးကို အတိအကျထိဖို့ အမြောက်တွေ သုံးတာ" 


ဝူရှဲ: “မင်းက ဒါကိုလည်း နားလည်​သေးတာလား” 


"သခင်သုံး! ဘယ်လို ခွဲခြမ်းစိတ်ဖြာရမှန်း မသိတော့ဘူးလား....ဘာလို့ ခင်ဗျားတူလေးနဲ့ သွားတူနေတာလဲ... ဒီနည်းဗျူဟာက ဘာတွေလဲဆိုတာ ခင်ဗျားမျက်စိနဲ့ မြင်နိုင်ရမယ်"


ဝူရှဲ စိတ်ထဲမှာ ကျိန်ဆဲလိုက်သည်။ 


“ဒါပေမယ့် တစ်ဖက်မှာက လူတစ်ယောက်ပဲ ရှိတယ်” 


"ဘယ်လိုလုပ်မြင်လဲ" ရှို့ရှို့က မျက်နှာဖြူဖျော့ဖျော့ဖြင့် မေးလာသည်။ 


"ငါတို့ အသက်ရှင်နေသေးတယ်... ဒီအချက်က ဒီနည်းဗျူဟာနဲ့ မပစ်ခတ်ခင် တစ်ယောက်ယောက်က ငါတို့ကို စနိုက်ပါလုပ်ခဲ့ရင် ငါတို့သေလိမ့်မယ်... ဒါပေမဲ့ ဒီလူက ဆရာကြီးတစ်ယောက်ပဲ ဖြစ်မယ် ဒီသေနတ်တွေကို ကောင်းကောင်းကြီး ပစ်ခတ်တတ်ပြီး အဝေးကို ဖြတ်​မြင်နိုင်တယ်... ဉာဏ်အားကောင်းတယ် ငါတို့ ခေါင်းပြလို့မဖြစ်ဘူး... မဟုတ်ရင် ငါတို့ အပစ်ခံရမှာပဲ"


"အမှောင်ထဲ သွားမယ်!"


"ဒီရှစ်လိ တစ္ဆေ​တောကောင်တွေရဲ့ အခြေအနေက ငါတို့နဲ့အတူတူပဲ ဖြစ်ရမယ်...အမှောင်ထဲသွားမယ် သူတို့နဲ့တွေ့ရင် မတော်တဆ ဒဏ်ရာရသွားရုံပဲ... ပြီးမှ ဘာဖြစ်သွားမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့"


သူပြောပြီးသည်နှင့် ရုတ်တရက် တောအုပ်ထဲတွင် နောက်ထပ် မီးတောက်နှင့် အမြောက်သံများ ထွက်ပေါ်လာသည်။ သူတို့အားလုံး ခေါင်းကိုငုံ့ထားရင်း အေးစက်တဲ့ တုံ့ပြန်မှုတစ်ခုကို ခံစားလိုက်ရ၏။ ဝူရှဲ စိတ်ထဲမှ 'ဘယ်မှာ ပေါက်ကွဲနေတာလဲ' လို့ တွေးမိလေသည်။ ထိုစဥ် လေထဲမှာ လေချွန်သံ အနည်းငယ် ကြားလိုက်ရရပြီး သူတို့ရှိတဲ့ ဦးတည်ရာကို ရောက်လာသလို ခံစားလာရသည်။ 


ဒီတစ်ခါ ပေါက်ကွဲတာက သူတို့ဘေးမှာ မဟုတ်ပေမယ့် သူတို့နဲ့ မီတာရာဂဏန်းလောက်သာ ဝေးတဲ့ တောထဲမှာ ဖြစ်လေသည်။ ဝေးကွာနေသေးတဲ့အတွက် သက်ရောက်မှုက မပြင်းထန်ပေမယ့် အဲဒီနေရာမှာတော့ ချက်ချင်း လောင်ကျွမ်းသွားပါ၏။


ဖက်တီးနဲ့ ဝူရှဲ အဲဒီနေရာကို တစ်ပြိုင်တည်း ကြည့်လိုက်ကြသည်။ 


ဖက်တီး: “ဟိုမှာ ဘာရှိလို့လဲ” 


ဝူရှဲ ကြည့်လိုက်တော့ ချက်ချင်းမှာပဲ နောက်ထပ် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြန်ပြီး တစ်နေရာတည်းမှာပဲ လောင်ကျွမ်းသွား၏။ ပြိုင်ဘက်က ဘယ်မှာ တိုက်ခိုက်နေတယ်ဆိုတာ သဘောပေါက်လိုက်တဲ့ အချိန်မှာ ဝူရှဲမှာ ပြီးသွား​ပြီမှန်း သိလိုက်သည်။ 


ဝူရှဲ: "အက်ကွဲကြောင်း!.. သူတို့ အက်ကွဲကြောင်းကို ဖောက်နေတာ!"


"ဘယ်တစ်ခုလဲ?" 


"မင်းကို ဆွဲထုတ်လိုက်တဲ့ နေရာ!" 


ဝူရှဲ အော်ပြီး တောထဲကို အပြေးအလွှား ပြေးဝင်သွားတော့သည်။ ခြုံပုတ်တွေကို တိုက်မိပြီး ခြစ်ရာတွေ ထင်ကုန်ပေမယ့် ဆက်ပြေးသည်။ တောင်ပေါ်ကို ရောက်တော့ တောင်ကုန်းတစ်ခုလုံး ပြိုကျသွားတာ သိလိုက်ရ၏။ အက်ကွဲအစွန်းကို စောင့်ကြပ်နေသူများက အန္တရာယ်ကျရောက်နေပြီ။ အောက်ခြေ အပေါက်သာ ပိတ်မိသွားပါက ရှောင်ဟွားနဲ့ ဖန့်ကျစ်တို့ ဘယ်တော့မှ အပြင်မထွက်နိုင်တော့ပေ။


ပြီးတော့ ကျန်းချီလင်။ 


ဝူရှဲ နောက်က လိုက်လာတဲ့ ဖက်တီးကလည်း ကျောက်စရစ်ခဲတွေကြားကနေ ရွှေ့ဖို့ ကြိုးစားနေသည်။ တစ်ချိန်တည်းမှာပဲ နောက်ထပ် အမြောက်ကျည်တစ်ခုက ချောက်ကမ်းပါးပေါ် ပြုတ်ကျလာပြီး ကောင်းကင်မှာ ကျောင်းလွယ်အိတ် တစ်လုံးစာလောက်ရှိတဲ့ ကျောက်စရစ်ခဲများ မိုးရွာကျလာတော့သည်။ 


ဒီညရဲ့ တိုက်ခိုက်မှုမှာ အမြောက်ကျည် ဒါဇင်ပေါင်းများစွာက ချောက်ကမ်းပါးပေါ်ကို တိကျစွာ ဆင်းသက်ခဲ့ပြီး အက်ကြောင်းတစ်ခုလုံးကို ပျက်ဆီးသွားစေခဲ့သည်။ 


ဒီကျည်တွေကို ဦးတည်ရာ တစ်ခုတည်းကနေ ပစ်ခတ်​နေတာ မဟုတ်ပေ။ သေနတ်သမားဟာ အမြဲတမ်း ရွေ့လျားနေတယ်ဆိုတာ သိသာထင်ရှားပေမယ့် ဒီနေရာနဲ့ အကျွမ်းတဝင် ရှိလွန်းနေသည်။ မှောင်မိုက်တဲ့ညမှာ သူဟာ နေရာအမျိုးမျိုးကနေ ကျည်တွေကို တိကျစွာ ပစ်နိုင်ခဲ့သည်။ 


မိုးသောက်ပြီးလို့ ကိုယ့်ကိုကိုယ် သပ်သပ်ရပ်ရပ် ပြန်လုပ်ကာ ချိုသဲ့ခေါင်စခန်းကို သွားကြည့်တော့ သူတို့ထဲက လူခုနစ်ယောက် သေဆုံးပြီး အများစုဟာ မရေမတွက်နိုင်တဲ့ ကိုယ့်လူတွေရဲ့ ပရမ်းပတာ ပစ်ခတ်မှုကြောင့် သေဆုံးသွား​ကြတာ တွေ့လိုက်ရ၏။ 


ရှစ်လိတောကောင်များက ရေကန်မှ ထွက်လာပြီး ချိုသဲ့ခေါင်နဲ့ မိမိတို့ကို ခိုးဝင်တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားတာကြောင့် တောအုပ်အနီးတွင် တပ်စွဲထားခဲ့သည်။ ထို့နောက်တွင် ယခုလို ထူးဆန်းသော လက်နက်ကြီး တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဘယ်သူမှ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ 


သူတို့ကို တိုက်ခိုက်တဲ့လူတွေက ဒီတိရိစ္ဆာန်တွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း တကယ် ထိန်းချုပ်နိုင်ပုံရ၏။ ဒါတွေကို ဝူရှဲမှာ လေးလေးနက်နက် မတွေးဘဲ မနေနိုင်ချေ။ အက်ကြောင်း ပိတ်ဆို့သွားတာက ရှောင်ဟွားနဲ့ ဖန့်ကျစ်တို့ကို ပြန်လမ်းမဲ့ ဖြစ်သွားစေပြီ။ 


"ဘာလုပ်ရမလဲ" 


ဒီမေးခွန်းကို မေးရင်း အားလုံးက ဝူရှဲကို ကြည့်နေကြသည်။ သခင်သုံးအနေနဲ့ သူသေချာပေါက် အဖြေပေးရလိမ့်မည်။ မဟုတ်ရင် အိမ်ပြန်ကြရအောင်လို့ပဲ ပြောရမလား။ 


အိမ်မပြန်နိုင်ပါဘူး။ ဖက်တီး တစ်ယောက် ပြန်ရလာပြီး ဖန့်ကျစ်နဲ့ ရှောင်ဟွားကို ဆုံးရှုံးသွား​ပြီ။ ဒီသဘောတူညီချက်က မတန်ဘူး။ ပိုက်ဆံလည်း ဆုံးရှုံးသေးသည်။ 


သူ့ဗိုက်မှာ ထွင်းထားတဲ့ ပန်းချီကားက ချက်ချင်းဆိုသလို တန်ဖိုးတွေ ဆုံးရှုံးသွားတဲ့အတွက် ဖက်တီးမှာလည်း အလွန်အမင်း စိတ်ဓာတ်ကျနေ၏။ နှစ်ယောက်သား ကျောက်တုံးပေါ်မှာ ထိုင်ပြီး ယမ်းမှုန့်ကိုသာ တိတ်တိတ်လေး စားလိုက်ချင်တော့သည်။ 


ရှို့ရှို့ :"သခင်သုံး... အကြံတစ်ခုတော့ ပေးရလိမ့်မယ်"


ဝူရှဲမှာလည်း ရွေးချယ်စရာ တစ်ခုပဲရှိမှန်း သိတာကြောင့် သက်ပြင်းချလိုက်သည်။ 


"အစီအစဥ်က မပြောင်းလဲသေးပါဘူး ဒါပေမဲ့ အခု တခြားလမ်းကြောင်းကိုပဲ လျှောက်ရတော့မယ်... ဒီနေရာက လမ်းကြောင်းအားလုံးမှာ ကွက်လပ်တွေ ရှိတယ်....တခြားဝင်ပေါက်တွေကို ရှာတွေ့နိုင်တယ်" 


ဖက်တီးက ခေါင်းခါသည်။ 


"မဖြစ်နိုင်ဘူး ကျုပ်တို့မှာ အချိန်သိပ်မရှိဘူး... အခု တစ်ခုတည်းသော နည်းလမ်းက ငါတို့ရဲ့ မူလလမ်းဆုံကို ပြန်သွားပြီး မယုံနိုင်စရာကောင်းတဲ့ စင်္ကြံကို ပြန်တွေ့ဖို့ပဲ ရှိတော့တယ်"


မူလလမ်းဆုံသို့သာ သွားရတော့မည်။ ဘာဖြစ်မယ်ဆိုတာ မသိပေမယ့် ဒီမှာ ကျောက်တူးနေတာထက်စာရင် အချိန်ကုန် သက်သာလိမ့်မည်။