(23) သွားရန် အဆင်သင့်ပြင်ခြင်း
Viewers 14k

DaoMuBiJi

Author - Nan Pai San Shu

Volume (8)

Chapter (23) 

သွားရန် အဆင်သင့်ပြင်ခြင်း



အဲဒီနေ့က ညစာစားနေတုန်း ရှို့ရှို့က ဝူရှဲကို ဘာဆက်လုပ်မလဲလို့ မေးလာသည်။ ဝူရှဲ အစကတော့ ဒါကို ဖန့်ကျစ်က စီစဉ်ထားပြီးသား မိမိအစီအစဥ် မဟုတ်ဘူးလို့ ​ပြောချင်ခဲ့သည်။ ဒါပေမဲ့ အခုနက ဖက်တီးရဲ့ စကားတွေကြောင့် ဖီပေါင်ကို အားလုံးကို ခွန်အားအပြည့်နဲ့ ပြင်ဆင်ဖို့ မှာထားလိုက်သည်။ 


သူက သခင်သုံး ဖြစ်ပေမဲ့ ဖန့်ကျစ်နဲ့ တခြားသူတွေက သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေကို လုံခြုံစွာ ချ​ပေးနိုင်တဲ့နေရာနဲ့ ဝေးကွာနေပါသေးသည်။ 


အဲဒီညက ဖက်တီး လမ်းလျှောက်နိုင်နေပြီ။ ဝူရှဲ သူ့တဲကို သွားကြည့်ရင်း ဗိုက်ကိုကြည့်ပြီး ကျိန်ဆဲပေးလိုက်သည်။ 


"ငါတို့ ဒီတစ်ကြိမ် အောင်မြင်နိုင်ရင် မင်းဗိုက်က အကြီးကျယ်ဆုံး ဂုဏ်ယူရလိမ့်မယ်... မင်းရဲ့ဗိုက်ကို ငါစာတန်းလေး လုပ်ပြီး ကမ္ဘာ့အကောင်းဆုံး ဗိုက်စာလွှာအဖြစ် ရေးထိုးထားလိုက်မယ်..."


"သခင်သုံးရယ် အဲဒီလို ကဲ့ရဲ့စရာစကားတွေ မပြောပါနဲ့ ကျုပ်ဗိုက်က ဒီအမာရွတ်က နောင်အနာဂတ်မှာ မိန်းကလေးတွေကို ဆွဲဆောင်ဖို့ ခက်ခဲတော့မှာ... ကျုပ်ဗိုက်ပေါ်မှာ လဲလျောင်းနေတဲ့ သူမက သေချာပေါက် ထိတ်လန့်သွားလိမ့်မယ်... ဒါကို ဖုံးဖို့ တက်တူးဆိုင်ကို ရှာထားရမယ်... ဒါမှ အနာဂတ်မှာ အတူတူ ပျံသန်းတဲ့အခါ ကောင်မလေးက ကျုပ်ဗိုက်နဲ့ ကစားလို့ရမှာ..."


ဝူရှဲ: "မင်းဒါကို အနက်ရောင် ခြယ်လိုက်ရုံပဲ... စိန်ဗိုက်သား လက်သည်း နည်းနည်း ထပ်ထည့်ပြီး ဆေးခြယ်လိုက်....အဲဒါက ပိုကဗျာဆန်သွားလိမ့်မယ်" 


“ကောင်းလိုက်တာ သခင်သုံးက ပညာတတ်ကြီးပဲ... ဖက်တီးက စာမဖတ်တတ်လို့ ညံ့နေတယ် ပြောရတော့မှာပဲ” ဖက်တီးက ပြောပြီး တဲအပြင်ကို ကြည့်လိုက်သည်။ 


“ခင်ဗျားတို့ ဒီကောင်မလေးကို ကျုပ်အကြောင်း ဘယ်သူမှ မပြောထားကြဘူး မဟုတ်လား”


"မင်း ထပ်ဆင်းသွားဦးမယ်လို့ ငါ မပြောထားဘူး ဒါပေမယ့် မင်းပြန်လာတော့ အရမ်းပျော်နေမှန်းသိတယ်... ဒါပေမဲ့ မင်းဘာတွေ လုပ်နေတယ်ဆိုတာ သူမသိဘူး... ဒါကြောင့် ဟန်ဆောင်မနေပါနဲ့ မင်းလည်ငါ့ထက် အသက်အများကြီး မငယ်ပါဘူး နွားတွေ မြက်နုစားနိုင်တဲ့ အရွယ်က ကန့်သတ်ချက်ရှိတယ်"


အပြင်ဘက်မှ ယွင်ချိုင် ဆူညံနေတဲ့ အသံကိုကြားတော့ ကောင်လေးက သူ့မျက်နှာပေါ်ရှိ အမှိုက်ကို ဖယ်ရင်း လှမ်းကြည့်လိုက်သည်။ 


"ကျုပ်က တခြားသူတွေရဲ့ ဘိုးဘွားသင်္ချိုင်းကို တူးရဲပေမယ့် ဒီကောင်မလေးနဲ့ အိပ်ဖို့ မဝံ့ရဲဘူးဗျ... ပြောပြမယ် ဒီတစ်ခါတော့ အချစ်စစ်အတွက် တကယ်ကို အဆင်သင့်ဖြစ်နေပြီလေ။ ဘယ်သူမှ မတားနိုင်တော့ဘူး...ကျုပ်ထက် ပိုကောင်းတဲ့ ပျော်ရွှင်မှုတွေကို ဘယ်သူမှ မပေးနိုင်ဘူး"


“ဘယ်လို ပျော်ရွှင်မှုမျိုး ပေးနိုင်မလဲ” ဝူရှဲက ရယ်မောပြီး။ 


“နောက်ပိုင်း ဝက်ဆီဟင်းချက်ဖို့ ဟင်းသီးဟင်းရွက်ဈေးကို သွားစရာ မလိုတော့တာမျိုးလား”


ဖက်တီး: "ကျုပ်မှာ လက်တွေရှိတယ်လေ... လုပ်ကျွေးနိုင်ပါတယ်..."


ဖက်တီးက သူ့ကို လုံးဝ မှတ်မိပုံမပေါ်ဘဲ ဦးလေးသုံးလို့သာ ဆက်ဆံနေတာကြောင့် ဝူရှဲ စိတ်ဓာတ်ကျလာသလိုတောင် ခံစားလာရသည်။ ဘာကြောင့်လဲဆိုတော့ အခြေအနေ တစ်ခုလုံးကို သူလည်း မသိခဲ့ပါဘူ ဖော်ထုတ်ခံရရင် မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်မလားလည်း မသိပါဘူး။ 


ဒါနဲ့ ဝူရှဲလည်း သူနဲ့ ရိုင်းစိုင်းတဲ့ စကားတွေ ရပ်လိုက်ပြီး တိုက်ရိုက်ပဲ မေးလိုက်သည်။ 


“မင်း ပြန်ကောင်းလာပြီလား” 


ဖက်တီး:"မအိပ်ရတာ ဆယ်ရက်ကျော်လေးပါပဲ... မအိပ်ရလို့ သေရင် အစောကတည်းက သေသွားလောက်ပြီ...ကျုပ်က ငယ်ငယ်ကတည်းက ထက်မြက်တဲ့ လူတစ်ယောက်ပါ။ ခင်ဗျားလို အခက်အခဲတွေလည်း ကြုံဖူးတယ် ဆိုတော့ နည်းနည်း ပင်ပန်းနေလို့လည်း ဘာမှ မဖြစ်ဘူး" 


ဝူရှဲ ခေါင်းညိတ်လိုက်သည်။ 


ဖက်တီး: "အထဲက အရာတွေက ကြောက်ဖို့ကောင်းတာ မဟုတ်ဘူး ဒါပေမယ့် အဲဒီအဆောက်အအုံကြီးက ထူးဆန်းလွန်းတယ်... နှေးမှာကို မကြောက်နဲ့ အထဲကို အပြေးအလွှား ဝင်ရမှာကိုလည်း မကြောက်ပါနဲ့ တတ်နိုင်သမျှ ပစ္စည်းတွေ ယူလာနိုင်တယ်...ကျုပ်တို့တွေ နောက်ဆုံးအကြိမ် ပေါ့ပေါ့တန်တန် ဆုံးရှုံးခဲ့ရတာ အဲဲဒါကြောင့်ပဲ...."


ဒါကို သူ တစ်ခါတည်းပြောပြီးပြီ။ အခုလည်း ဝူရှဲ ထပ်ပြီး ခေါင်းညိတ်ပြလိုက်ရသည်။ ဖက်တီးက တစ်ဖက်က ချိုသဲ့ခေါင်ရဲ့ စခန်းကို ညွှန်ပြပြီး ပြောလိုက်သည်။ 


“သခင်သုံး... ဖီပေါင်လို့ခေါ်တဲ့ အဲဒီလူငယ်ကို လှမ်းခေါ်လိုက်... ဟိုဘက်က သေနတ်တွေ ယူရမယ် ကျုပ်တို့ အကူအညီလိုတယ်...”


ဝူရှဲ: "ငါတို့ သူတို့နဲ့ ဘာမှမဆက်သွယ်​ဖို့ ကြိုးစားသင့်တယ်လို့ ထင်တယ်... စိတ်ပျက်စရာတွေချည်းပဲ"


"ကျုပ်တို့အသက်ထက် စိတ်ပျက်စရာ ကောင်းလို့လား?" ဖက်တီးက သက်ပြင်းချလေ၏။ 


"အဲ့ဒီကောင်လေး ရှောင်ဟွား ပြောတာဖြစ်ရမယ်...သခင်သုံး အဲဒီကောင်လေး ပြောတာကို နားမထောင်နဲ့... အဲဒီကောင်လေးက ဝမ်ကန်း အော်ပရာ အဆိုတော်တစ်ယောက်ပါ။ စစ်တိုက်ရတာ သတ်ရတာ မကြိုက်တာတော့ သေချာတယ်.... ခင်ဗျား မိသားစုမှာ လက်မှုပညာနဲ့ သတ္တိရှိတယ် ဒါပေမဲ့ ကျုပ်မှာ မရှိဘူး... ကျုပ်ပြောတာက ကျုပ်မှာ သေနတ်ရှိရင် နည်းနည်းပါးပါးတော့ ရောင်းရလည်း အဆင်ပြေတယ်... ယုံကြည်မှု အများကြီး ရှိသွားတာပေါ့"


ဖက်တီးရဲ့ အယူအဆ တော်တော်များများဟာ အခြေခံအားဖြင့် မှန်တတ်တယ် ဆိုတာ ဝူရှဲလည်း သိပါ၏။ ဒါကြောင့် "မင်း ဘာလုပ်မှာလဲ" လို့ မေးလိုက်သည်။ 


ဖက်တီး သူ့အဝတ်အစားကို ဝတ်ကာ မျက်နှာကို သုတ်လိုက်သည်။ 


"မစိုးရိမ်ပါနဲ့... အဲဒီလူကိုသာ ခေါ်ပြီး ကျုပ်ကို လမ်းညွှန်ပေးရင် ရပြီ" 


နောက်တစ်ကြိမ် ဖက်တီးကို ပြန်ကြည့်လိုက်တော့ သူက သူ့သေနတ်ကို သန့်ရှင်းရေး လုပ်နေပြီ။ ဖီပေါင်က ဘေးမှာ နှာတံညိုမဲနေတဲ့ ကျည်ဆံတွေကို ရေတွက်နေတာ တွေ့လိုက်ရသည်။ ဖက်တီးနဲ့ သူ ဘာလုပ်လိုက်တာလဲလို့ တွေးနေပေမယ့် ဖက်တီးကို မေးခွန်းတွေ ထပ်မမေးရဲတော့ချေ။ ဖီပေါင်ကို ဖက်တီးတစ်ကောင် လှည့်စားနေတယ်လို့သာ ခံစားနေရသည်။ 


ဝူရှဲ ဒီသေနတ်ကို မြင်ဖူးပေမယ့် အမည်မဖော်နိုင်တဲ့ သေနတ်တစ်လက်ပင်။ ထိုစဥ် ဖက်တီးက သေနတ်ကို ရှောင်တင်းတန်းလို့ ချစ်စနိုး​လေး ခေါ်နေလေသည်။  


သူ ဒီသေနတ်ကို အရင်ကမြင်ဖူးပါသည်။ 


ဝူရှဲ: "ဒီသေနတ်ကို ဘာလို့ ရှောင်တင်းတန်းလို့ ခေါ်​နေတာလဲ"


"ဘာလို့လဲဆို​တော့ ဒီသေနတ်ကို ပစ်လိုက်တဲ့ အချိန်ကျရင် ရှောင်တင်းတန်းလေးလိုပဲ နှာခေါင်းက အရမ်းခုန်သွားတယ်လေ..."


ဝူရှဲမှာ ဖက်တီးစကားကြောင့် ရှောင်တင်းတန်းဟာ ဘယ်အချိန်က စပြီး အရမ်းပြင်းပြင်းထန်ထန် ကတတ်သွားတာလဲလို့ပင် တွေးမိသွားသည်။ အဲဒါကို တွေးကြည့်တဲ့အခါ ဖက်တီးဟာ မိမိတို့နဲ့မတူတဲ့ ခေတ်တစ်ခုမှာ နေထိုင်ခဲ့ပုံရတယ်လို့သာ မှတ်ယူလိုက်သည်။ ဝူရှဲရဲ့မှတ်ဥာဏ်ထဲမှာ ရှောင်တင်းတန်း ဆိုတဲ့ တရုတ်ရုပ်သေးရုပ်လေးဟာ အမြဲကခုန်နေပေမယ့် ဒီအထဲမှာတော့ ဖက်တီးကိုယ်တိုင်က သေနတ်ကို နာမည်ပြောင်ပေးပစ်လိုက်သည်။ 


သေနတ်ကို သန့်ရှင်းရေးလုပ်ပြီးနောက် ဖက်တီးက ကျည်ဆန်ကို ထည့်လိုက်၏။ 


"ဒီပစ္စည်းကို ရထားမယ်လို့ တကယ်ကို မမျှော်လင့်ထားဘူး... အခု မှောင်ခိုဈေးကွက်က တကယ်ကို စိတ်ချယုံကြည်ရနေပြီ ထင်တယ်... ဒီဟာက အနီးကပ် တိုက်ခိုက်ဖို့ ပြီးပြည့်စုံတဲ့ လက်နက်ပဲ... အထူးသဖြင့် နေရာကျဉ်းကျဉ်းလေးမှာ အရမ်း သေစေလောက်တယ်...ဒါပေမဲ့ ကျည်အများကြီး မရခဲ့တာတော့ နှ​မြောစရာပဲ"


"လက်တစ်ဆုပ်စာပဲတဲ့လား?" 


ဖက်တီးက ချက်ချင်းပဲ ဝူရှဲဆီကို တစ်စုံတစ်ခုကို ပစ်ချပေးလိုက်သည်။ ဝူရှဲ ငုံ့ကြည့်လိုက်တော့ အရမ်းထူးဆန်းပုံရတဲ့ ပြုပြင်ထားသော ပစ္စတိုတစ်လက်ကို တွေ့လိုက်ရသည်။ 


ဖက်တီး: "အဲဒါက အီတလီသေနတ်ပဲ... ပေါ့ပါးတယ်.... သခင်သုံး အဲဒါကို စိတ်မ၀င်စားဘူးဆိုရင်၊ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ သေနတ်တစ်လက်လည်း ယူလာခဲ့လို့ ရတယ်နော်"


ဖက်တီးရဲ့ အမူအရာက တစ်စုံတစ်ခုကို ဖုံးကွယ်ထားသလိုမျိုး တစ်ဝက်တစ်ပျက် ပြုံးနေသည်။ ဝူရှဲ မြင်လိုက်ရပြီးနောက် အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသော်လည်း တတိယသခင်အနေဖြင့် ဝူရှဲကဲ့သို့ သူ့ကို တိုက်ရိုက်ပြောနေဖို့ မဖြစ်ပေ။ ဒါကြောင့် အတင်းအကျပ် မတွန်းလှန်နိုင်တော့ဘဲ သေနတ်ကို ချိန်တွယ်​ကြည့်လိုက်သည်။ ဖက်တီးက သူ့ဆီကို မျက်နှာသုတ်ပုဝါ တစ်ထည် လှမ်းပစ်ချပြီး ပြော၏။ 


"ဘယ်သူမှ မမြင်ရအောင် ဖုံးထား... သူတို့က ရှာနေတာ"


ဝူရှဲလည်း သေနတ်ကို မျက်နှာသုတ်ပုဝါနဲ့ ထုပ်လိုက်သည်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သေနတ်ကို မြင်လိုက်ရတော့ အံ့သြမိပေမယ့် အခုတော့ သူငယ်ချင်းဟောင်းကို တွေ့လိုက်ရသလိုပါပဲ။ ဖက်တီးက သေနတ်ကျည်ကို အသင့်မောင်းတင်၍ အိတ်ထဲ ထည့်လိုက်သည်။ 


"အခု ညက အေးအေးဆေးဆေး အိပ်လို့ရပြီ" 


ပြောပြီး အိတ်ကို လက်ထဲမှာကိုင်ကာ အာဘွားလေးတောင် ပေးလိုက်သေးသည်။ 


ဖက်တီးရဲ့ မျက်လုံးတွေကို ကြည့်လိုက်ချိန် သူဒီလိုပြောလာတဲ့အခါ သူ့မျက်လုံးတွေက ပိုပိုပြီးလေးနက်လာတာကို တွေ့ရပြီး သူ့ရဲ့ "တစ်ခုခုကို ဖုံးကွယ်ထား" ဆိုတဲ့ စိတ်ထားနဲ့ ပြတ်ပြတ်သားသား မျက်လုံးတွေက ဝူရှဲစိတ်ထဲမှာ နစ်မြုပ်သွားခဲ့သည်။ 


သူဖုံးကွယ်ထားတဲ့ အချက်အလက်တွေက အရင်ကလို ယုံကြည်ရလောက်စရာ ကင်းမဲ့တယ်လို့ ဝူရှဲခမျာ မျှော်လင့်နေ၏။ 


အထူးသဖြင့် ဥမင်လိုဏ်ခေါင်းအတွင်း သူ့အတွေ့အကြုံ အသေးစိတ်ကို သူနဲ့ စကားပြောချင်မိသည်။ ထိုအခိုက် တစ်စုံတစ်ခု ပေါက်ကွဲသွားသလိုပဲ တဲအပြင်ဘက်က ကျယ်လောင်တဲ့ ပေါက်ကွဲသံကို ရုတ်တရက် ကြားလိုက်ရလေသည်။ 


ဖက်တီးက ထုံးစံအတိုင်း ဝူရှဲထက် လျင်မြန်စွာ တုံ့ပြန်ပြီး ချက်ချင်း ထွက်သွားသည်။ ဝူရှဲလည်း ပြေးထွက်၍ အသံလာရာဘက်ကို လှမ်းကြည့်လိုက်ရာ ချိုသဲ့ခေါင်တို့စခန်းမှ သေနတ်သံများ ဆက်တိုက် ကြားလိုက်ရ​လေသည်။


ဝူရှဲ ဖက်တီးကို ချာကနဲ လှည့်ကြည့်လိုက်သည်။ 


"မင်း လုပ်တာလား?"


"ဒါပေါ့... ဖက်တီးက သေနတ်ပဲခိုးတာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာ မလုပ်ဘူး..."


ဖီပေါင်: "သွားကြစို့... သွားကြည့်ရအောင်..." 


ဟိုဘက်မှာ တစ်ခုခုမှားနေတာ တွေ့တော့ အဖွဲ့သားတွေကလည်း တဲထဲက ပြေးပြီး ပစ္စည်းတွေထုပ်ဖို့ တခြားသူတွေကို အချက်ပြလိုက်သည်။ ဝူရှဲလည်း လိုအပ်တဲ့ပစ္စည်းတွေ အားလုံးကို ချုံထဲကို ဖယ်ထုတ်လိုက်ပြီး ဖက်တီးကို လှမ်းကြည့်လိုက်၏။ 


အဲဒီနေရာကို မရောက်ခင်အထိ နေရာတိုင်းလိုလိုမှာ သေနတ်သံတွေသာ ထွက်ပေါ်လာ​နေပြီး မှောင်မိုက်တဲ့ညမှာ ကျည်ဆန်တွေက ပြေးလွှားနေရာ စစ်မြေပြင်ထဲ ရောက်သွားသလိုပါပဲ။


"ဘာတွေဖြစ်နေတာလဲ?"


ဖီပေါင်: "အစ်ကိုဖက်တီး... ကျည်ဆံတွေက တစ်ဖက်နဲ့တစ်ဖက် ပစ်​နေတာ မဟုတ်ဘူး.... ပစ်ခတ်တာချည်းပဲ တန်ပြန်တိုက်ခိုက်မှု မရှိဘူး အကုန်လုံးက တစ်ဖက်တည်းကိုပဲ ပစ်နေတာ"


ဖက်တီး: "တန်ပြန်ပစ်ခတ်တာ မရှိဘူးလား... ဖက်တီးတို့က ဆယ်နှစ်သားကတည်း သေနတ်နဲ့ ကစားလာတာ...ဒီသေနတ်တွေက တိုတိုတုတ်တုတ်ပဲ ပစ်နေတာ... ဟိုဘက်မှာ တစ်ခုခု တိုက်ခိုက်နေတာ ရှိတယ်" 


"ဘာလဲ?"


“မသိဘူး... မြစ်ထဲက ထွက်လာတာ ဖြစ်မယ်” 


ဝူရှဲ ပြောပြီးတာနဲ့ သစ်ပင်ပေါ်မှာ စနိုက်ပါသမား တစ်ယောက်က မြစ်ထဲသို့ တစ်စက္ကန့်အတွင်း ကျည်ဆန်တွေ ပစ်လွှတ်လိုက်ပါတော့သည်။ ဖက်တီးက သူ့သေနတ်ကို ကိုင်လိုက်ပြီး ရေကန်ဘက်ကို ချဥ်းကပ်သွားသည်။ ဝူရှဲလည်း သူ့နောက်ကို လိုက်သွားခဲ့၏။ သူတို့ ကျော်သွားခါနီးမှာ သူတို့အနောက်မှ စခန်းကနေ အော်သံတွေကို ရုတ်တရက် ကြားလိုက်ရသည်။


တစ်ကြိမ်လျှင် ခြေလှမ်းသုံးလှမ်း လှမ်း၍ ချက်ချင်း လှည့်ကြည့်လိုက်ရာ သူတို့စခန်းဘေးရှိ ရေကန်မှ ရှစ်လိတောကောင်တွေ ကောင်အများအပြား ထွက်ပေါ်လာတာ တွေ့လိုက်ရသည်။ ၎င်းတို့က ကမ်းစပ်ဆီသို့ ပြေးတက်သွားကြလေ၏။ 


ဖက်တီးသည် သေနတ် ခေါင်းကို မြှောက်လိုက်ပြီး လေ​ပြင်းတစ်ချက်နဲ့အတူ ရှစ်လိတောကောင်ကို ရေကန်ထဲသို့ တိုက်ရိုက် ပြန်ပို့ပေးလိုက်လေသည်။ ဝူရှဲ အမြန်ပြေးပြီး မီးပုံထဲက ထင်းတစ်ပိုင်းကို ဆွဲယူပြီး အစ်မယာနဲ့ ရှို့ရှို့တို့ အော်ဟစ်နေတဲ့ နေရာဆီသို့ ပစ်ချလိုက်သည်။ 


သူတို့နှစ်ယောက်လုံးက ဝူရှဲလက်ကို ချက်ခိင်းဆုပ်ကိုင်ပြီးနောက် ပြေးထွက်သွားကြကာ တစ်ယောက်ကိုတစ်ယောက် ဖက်ထားလိုက်ကြသည်။ ဖက်တီးကလည်း ရှောင်တင်းတန်းလေးကို သုံးတဲ့နေရာမှာ အလွန်ကောင်းမွန်တာကြောင့် နှစ်ချက်ပစ်ရင် နှစ်ကောင်သေ၏။ ဒီသေနတ်က ဒီတိုက်ပွဲမှာ တကယ့် လူသတ်လက်နက်ပါပဲ။


ရှို့ရှို့နဲ့ အစ်မယာတို့မှာ အရမ်းကြောက်သွားတဲ့ အတွက် အချင်းချင်း ဖက်ထားကြလေသည်။ ဖက်တီးနဲ့ ဖီပေါင် မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ် ၂ ကောင် ၃ ယောက် ရေထဲက ပြေးထွက်လာတာနဲ့ ပစ်သတ်လိုက်သည်။ 


ဖက်တီး :"တြိဂံကာကွယ်ရေး"


ဝူရှဲမှာ ဖက်တီး ဘာကိုဆိုလိုမှန်း မသိလိုက်ပေ။ သူ အစ်မယာကို ကွယ်ရင်း သုံးချက်လောက် ပစ်ခတ်လိုက်တာက အဲဒီကောင်ရဲ့ သွက်လက်မှုကို သိသွားတော့သည်။ သုံးချက်မှာ တစ်ချက်မှ မထိပါဘူး။ ဒီလိုအချိန်မျိုးမှာ နှစ်ပေါင်းများစွာ လေ့ကျင့်ထားတဲ့ သူ့ရဲ့ ကျွမ်းကျင်မှု မတိုးတက်ခဲ့ဘဲ စိတ်တွေ ရှုပ်လာတာကြောင့် လက်နဲ့ပဲ ပိတ်ဆို့ခဲ့ရသည်။ 


ထိုစဥ် သူ့အနောက်မှာ ဘာတစ်ခုမှ မရှိတော့ပေ။ ပြန်လှည့်ကြည့်လိုက်တော့ အစ်မယာက သူ့ရှေ့မှာ ပိတ်ဆို့နေပြီ ဆိုတာကို မြင်လိုက်ရတာကြောင့် ဝူရှဲ အံ့သြသွားခဲ့သည်။ ဒီလောက်ထိ လုပ်စရာ မလိုဘူးလေ။ ကံကောင်းထောက်မစွာနဲ့ သူ့ဘေးနားက ဖက်တီးက သူမလက်ကို ဆွဲကိုင်ပြီး အပေါ်ကနေ လှဲချပေးလိုက်သည်။ 


ချ!"


ရှစ်လိတောကောင် အစ်မယာရဲ့ လည်ပင်းကို မကိုက်ခင် တစ်စက္ကန့်နီးပါးလောက်အလိုမှာ ဝူရှဲ့လက်ထဲက ကျည်ဆံဟာ အစ်မယာရဲ့ လက်မောင်း​အောက်ကနေ ပြေးထွက်သွားလေ၏။ ရှစ်လိလည်း ကျည်ထိပြီး ကုန်းပေါ်တက်ကာ တောထဲကို ပြေးဝင်သွားပါတော့သည်။ 


ထပ်ပစ်ဖို့လက်ကို မြှောက်လိုက်ပေမယ့် ဖက်တီးက သူ့လက်မောင်းကို ဖိလိုက်သည်။ 


"သခင်သုံး.... အော်မီတော်ဖော်..."


သူပြောပြီးသည်နှင့် ရုတ်တရက် ချိုသဲ့ခေါင်တို့ စခန်းဘက်က ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာလေ၏။ မီးတောက်များက ကောင်းကင်အထိ ထိုးတက်သွားကာ တစ်စုံတစ်ရာ ပေါက်ကွဲသွားကြောင်း ပြသနေလေသည်။