(22) သမိုင်းတစ်လျှောက် အကြီးမားဆုံး ဂူဖောက်မှု (၃)
Viewers 14k

DaoMuBiJi

Author - Nan Pai San Shu

Volume (7)

Chapter (22)

သမိုင်းတစ်လျှောက် အကြီးမားဆုံး ဂူဖောက်မှု (၃)



သူမ ဒီလိုပြော​ပြီးတဲ့အခါ မျက်လုံးတွေက မျက်နှာသေဘက်ကို ကြည့်လိုက်သည်။ မျက်နှာသေကလည်း သူမကို လှည့်ကြည့်လိုက်ပြီး သူမကို ဆက်ပြောဆိုတဲ့ အကြည့်မျိုးကို ပေးနေ၏။ သို့သော် ထို​အချိန်တွင် ဟော့ရှို့ရှို့က ပုခုံးတွန့်ပြီး စကားရပ်လိုက်သည်။


ဝူရှဲ: "ဘာဖြစ်တာလဲ?" 


သူမ သက်ပြင်းချလိုက်ပြီး "မဟုတ်ဘူး... နောက်ဆက်တွဲက အရမ်းပျင်းစရာကောင်းတယ်" 


ကျင်းဝမ့်ထောင်က စာသမားပေသမား ဖြစ်သည်။ သူသည် လယ်ကွင်းထဲတွင် အလုပ်လုပ်ရန် သတ္တိမရှိသလို ခွန်အားလည်း မရှိသောကြောင့် တောင်ပေါ် တက်သောအခါတွင် မကြာခဏ အနားယူနေရ၏။ သူ့ကို နောက်ထပ်ဘာမှခိုင်းဖို့ မဖြစ်နိုင်တော့တဲ့ အတွက် စခန်းမှာပဲ ချန်ထားခဲ့ကြသည်။


နောက်တော့ လူတွေက နေရာတိုင်းက ပစ္စည်းတွေကို လိုက်ရှာပြီး တောင်ပေါ်ကို သယ်လာကြသည်။ အများစုကတော့ ပိုးစာအုပ်တွေနဲ့ ဝါးညှပ်တွေပါပဲ။ သူ့ခမျာ ထိုရှေးဟောင်းသင်္ချိုင်း၏ နောက်ခံကို မသိသော်လည်း မေးမြန်းရန် မဝံ့မရဲ ဖြစ်နေသည်။ ဒါ့ကြောင့် ပစ္စည်းတွေကို ခွဲခြားပေးတာ၊ ဘာသာပြန်ပေးတာကိုပဲ လုပ်ရ၏။ 


သူသေချာသိနိုင်တာက ပထမအချက် ဒီနေရာမှာ ရှေးဟောင်း သင်္ချိုင်းတစ်ခုတည်းပဲ ရှိပုံမရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူဖော်ထုတ်ခဲ့တဲ့ ပိုးထည်စာအုပ်တွေနဲ့ ဝါးညှပ်တွေရဲ့ ထိန်းသိမ်းထားတဲ့ အခြေအနေတွေက အလွန်ကွာခြားနေတာကြောင့်ပါပဲ။ အတွင်းထဲမှာ ပါ၀င်တဲ့ အကြောင်းအရာတွေက စာလုံးများနှင့် စာအုပ်များ အပါအဝင် ရှေးဟောင်းစာအုပ်များလည်း ပါဝင်နေတာကြောင့်ပဲ ဖြစ်သည်။ 


ကျင်းဝမ့်ထောင်တို့လို စာလက်ခံသူ အများအပြားသည် ဤနေရာတွင် ရှေးဟောင်းသင်္ချိုင်း အုပ်စုကြီးတစ်ခု ရှိမည်ဟု အလိုလို ခံစားမိကြမှာ အသေအချာပင်။ ထိုလူများတူးနေသည့် ဧရိယာက ကြီးမားပြီး ရှေးဟောင်းသင်္ချိုင်းများကလည်း မနည်းလောက်ချေ။ 


ဒုတိယအချက်မှာ သူသည် အဖွဲ့တစ်ခုလုံးတွင် စာအုပ် အမျိုးအစား ခွဲခြားခြင်းနှင့် သတ်မှတ်ခြင်း နေရာ၌ ပါဝင်ပတ်သက်ရသူ ဖြစ်သည်။ သူ့အား ပြသခဲ့သော ယူခဲ့သော ပစ္စည်းများအားလုံးမှာ အခြေခံအားဖြင့် စာရွက်စာတမ်းများနှင့် ရှေးဟောင်းစာအုပ်များသာ ဖြစ်သည်။ ၎င်းတို့၏ အန္တိမပန်းတိုင်မှာ ရှေးဟောင်း ဂူသင်္ချိုင်းထဲက ရှေးဟောင်းစာအုပ်များသာ ဖြစ်နိုင်သည်ဟု ထင်ရသည်။ 


တတိယအချက်မှာ အဖွဲ့အတွင်း လူအရေအတွက်က မကြာခဏ လျော့နည်းလာပြီး စခန်းချရာ နေရာများတွင်လည်း ရန်ဖြစ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ရှေးဟောင်းစာအုပ်များ ပြန်လည် ခွဲခြားခြင်းနဲ့ ဖော်ထုတ်တာတွေက အလွန်အချိန်ကုန်၏။ သူ မမျှော်လင့်ထားသည့် အရာမှာ တစ်လ သို့မဟုတ် နှစ်လအတွင်း အပြီးသတ်နိုင်မည်ဟု သူထင်ခဲ့သော အရောင်းအဝယ်မှာ သုံးနှစ်ခန့်အထိ အချိန်ယူခဲ့ရသည်။ 


သုံးနှစ်ကြာအောင် သူသည် ထိုခက်ခဲသော ရှေးဟောင်းကျမ်းများကို အဆက်မပြတ် ခွဲခြားသိမြင်လာကာ မင်းဆက်များအကြောင်း၊ အသုံးပြုမှုများနှင့် အဓိပ္ပာယ်ကို ဘာသာပြန်ဆိုရန် ကြိုးစားနေချိန်သည်။ အပြင်မှာတော့ အဖွဲ့တစ်ခုလုံးက တစ်ဦးနှင့်တစ်ဦး နားလည်မှု မရှိသလောက်ပင်။ 


အဖွဲ့တစ်ခုလုံးသည် ကြီးမားသော ဖိအားအောက်တွင် ရှိနေပုံပေါ်ပြီး လူတိုင်းက တိတ်ဆိတ်ငြိမ်သက်စွာ အလုပ်လုပ်နေသည်။ ကျင်းဝမ့်ထောင်လည်း တိတ်တိတ်ဆိတ်ဆိတ် ပြင်းပြင်းထန်ထန် ကြိုးစားလုပ်ကိုင်ရင်း သူ့သွားတွေ ပြုတ်ထွက်တော့မလို ဖြစ်လာကာ ကိုယ်အလေးချိန် ပေါင် ၁၅၀ ကနေ ပေါင် ၇၀အထိ ကျသွား၏။ ကံမကောင်းရင် အဲဒီနေရာမှာပဲ သေသွားနိုင်လောက်သည်။ 


သူ့အတွက် ထိုသုံးနှစ်တာရဲ့ နဂါးလှေပွဲတော်ကြီးများက သိတောင်မသိလိုက်ပေ။ ၃နှစ်ပြီးနောက် လွန်စွာ ပျင်းရိငြီးငွေ့ဖွယ် ကောင်းသော တဲတစ်လုံး၌ ထိုင်နေစရာ မလိုတော့ဘဲ အလုပ်က ရုတ်ချည်းဆိုသလိုပင် ရပ်သွားခဲ့သည်။ 


ဤရုတ်တရက် လွတ်လပ်သွားမှုက သူ့အတွက် အစပိုင်းတွင် မသက်မသာ ဖြစ်စေသော်လည်း နှစ်ရက်အကြာတွင် သူ့စိုးရိမ်စိတ်များ တဖြည်းဖြည်း သက်သာလာကာ တဲထဲမှ ထွက်လာခဲ့သည်။ ဒါ့အပြင် စခန်းပတ်ပတ်လည်တွင် လှည့်လည်သွားလာရန် အချိန်ရလာသည်။ 


တောင်တန်းဒေသရှိ ရှားရှားပါးပါး မြေပြန့်တွင် ရွာတစ်ရွာ နီးလျှင် နည်းနည်းပါးပါး လျှောက်ကြည့်နိုင်၏။ ထို​မြေပြန့်ဒေသကို လယ်ယာမြေအဖြစ် ဝယ်ခြမ်း သိမ်းယူနိုင်သော်လည်း ယခုအခါ လူတို့နေထိုင်ရာနှင့် ဝေးကွာလွန်းတဲ့အပြင် မြင့်မားသော သစ်ပင်များဖြင့်သာ ပြည့်နေပါသည်။ 


ဤနေရာ၌ အသွားအလာ အလွန်ခက်ခဲသဖြင့် အဝေးမှ တောင်တန်းများကိုသာ ကြည့်နေရသည်။ ထိုစဥ် ကောင်းကင်အဆုံး၌ ကြီးမားသော နှင်းဖုံးနေသော တောင်တန်းကြီးလေးခုကို တွေ့နိုင်သည်။ နှင်းတွေဖုံးနေတဲ့ တောင်တန်းတွေရဲ့ ရှေ့မှာ စိမ်းလန်းစိုပြေတဲ့ တောင်တန်းတွေက ယန်ဇီမြစ်တောင်ဘက်ရှိ မြက်ပင်တွေရဲ့ စိမ်းလန်းမှုတင်မက ဧရိယာတစ်ခုလုံးရှိ အရောင်များ အားလုံးသည် အပင်များ၏ အလွန်သန်စွမ်းသော တက်ကြွမှုကို ပြသလျက် ရှိသည်။


တောင်ပေါ်ရှိ လေထုသည် အလွန်လတ်ဆတ်၏။ ရုတ်တရက် သူ့ပတ်ဝန်းကျင်က လုံးလုံးလျားလျား ပြောင်းလဲသွားသလို ခံစားလိုက်ရကာ လွန်ခဲ့သည့် သုံးနှစ်အတွင်း သူခံစားခဲ့ရသော အမှောင်ထုကလည်း လွင့်ပါးသွားခဲ့သည်။


ထို့နောက်တွင် သူ့ခန္ဓာကိုယ် တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာ၏။ ဒါ့အပြင် သူ့ပတ်ဝန်းကျင်ရှိ အရာများကို စိတ်ဝင်စားလာကာ ထိုပစ္စည်းများကို ဘယ်နေရာကနေ တူးဖော်လာတာလဲ ဟူသော အတွေးကလည်း ဝင်လာသည်။ သူ့ပတ်ဝန်းကျင်၌ တူးဖော်ထားသော သဲလွန်စများ မရှိပေ။ သူခန့်မှန်းထားတဲ့ ရှေးဟောင်းသင်္ချိုင်း ဆိုတာကလည်း မရှိနေသည့်အလား။ 


သို့ရာတွင် ပတ်ဝန်းကျင် တောင်တန်းများသည် အလွန်မတ်စောက်လှ၏။ ထိုတောင်တန်း မြေပြင်ကို ကြည့်လျှင် ကြီးမားသော ရှေးဟောင်းသင်္ချိုင်းများ ပေါ်လာနိုင်ခြေမှာ အလွန်နည်းပါးပါသည်။


သူ့မှာ ဘာမှလုပ်စရာ မရှိသလို စူးစမ်းချင်စိတ်ကြောင့် တစ်နေ့မှာ လူတစ်စုအနောက်ကနေ တောင်ပေါ်ကို တိတ်တဆိတ် လိုက်လာခဲ့သည်။ တောင်ပေါ်ကို တက်ပြီးနောက် တွေ့လိုက်ရတာက ရုတ်တရက် ကျောက်တုံးကြီးတစ်ခု ဖြစ်ပင်။ ၎င်းက ဓား​ကြီးဖြင့် ဒေါင်လိုက် လှီးဖြတ်ထားပုံရပြီး ကွေ့ကောက်နေသော အကွေးအကောက်များ အားလုံးကို ခုတ်ထစ်ထားသည်။ 


ဒေါင်လိုက်နီးပါး ဖြစ်နေသည့် လုံးဝ မညီမညာ ဖြစ်နေသော ကျောက်သား မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော သစ်ပင်များလည်း တည်ရှိနေသည်။ အပေါ်ရှိ ကျောက်တုံးကြီးများမှ သေးငယ်သော ရေတံခွန်က စီးဆင်းလျက်ရှိကာ ချောက်ကမ်းပါး အောက်က ဧရာမသစ်ပင်ကြီးရဲ့ထိပ်ဖျားကို ထိပြီး နေရာအနှံ့ ရေများ ဖြန့်ကျက်သွားသည်။


ဤချောက်ကမ်းပါးမျိုးသည် မြစ်ကမ်းတစ်လျှောက်တွင် မကြာခဏ တွေ့ရလေ့ရှိသော ပုံစံပင်။ ယန်စီမြစ်တစ်လျှောက်တွင် ထင်ရှားသော ချောက်ကမ်းပါးများကို ပြန်လည် ထွင်းထုထားသောကြောင့် မဆန်းချေ။ ဤချောက်ကမ်းပါးသည် ယခင်က မြစ်ကြီးတစ်စင်း ဖြစ်ခဲ့ပုံရသော်လည်း ယခုအခါတွင် မြစ်ရေသယက ပြောင်းလဲသွားခဲ့ပါပြီ။ ရေတွေက ခန်းခြောက်သွားပြီ။ 


ရှေ့ကို မျှော်ကြည့်ရင်း အဲဒီနေရာရဲ့ ချောက်ကမ်းပါးများက အဆုံးမရှိသလို ဆယ်ကီလိုမီတာအထိ ရှည်လျားကာ ချောက်ကမ်းပါး ထိပ်များကိုပင် မမြင်ရပေ။ 


ထိုချောက်ကမ်းပါးများတွင် ငှက်သိုက်များတော့ ပေါများနိုင်သည်။ ထိုနေရာတွင် မရေမတွက်နိုင်သော ကြိုးများနှင့် ကေဘယ်ကြိုးများကို သူတွေ့ခဲ့ရပြီး တစ်ချိန်တည်းတွင်ပင် လူတွေက ကြိုးများစွာကို ​ဖျက်ချနေတာ တွေ့ရသည်။ ၎င်းတိုလြည်း သူတို့ရဲ့ သမိုင်းဝင်တာဝန်ကို ပြီးမြောက်ခဲ့တာ ထင်ရှားပါ၏။ ရှေးခေတ်သင်္ချိုင်းလို့ ခေါ်တဲ့ ဒီရှေးဟောင်းစာအုပ်တွေ ဘယ်ကလာတယ် ဆိုတာကို သူချက်ချင်း နားလည်သွားသည်။ 


ရှူလူမျိုး တော်တော်များများဟာ တာအိုဘာသာကို ကိုးကွယ်ကြသည်။ အထူးသဖြင့် ဘာသာတရား အမျိုးမျိုး ထွန်းကားတဲ့ စီချွမ်ဒေသမှာဆို ကောင်းကင်ရဲ့ ခေါ်သံကို ခံစားရတဲ့ တစ်ချိန်ကျရင် ချောက်ကမ်းပါးကို တက်ကြလိမ့်မယ်လို့ အဆိုရှိသည်။ အကြောင်းမှာ အဲဒီလိုနေရာတွေမှာ မသေမျိုးတွေ ရှိနေတယ်လို့ ဒဏ္ဍာရီ ရှိတာကြောင့်ပါပဲ။ 


အစာနှင့် ရေကိုသာယူ၍ ချောက်ကမ်းပါးကို တက်ပြီးနောက် ကြိုးကို ဖြတ်ရမည်။ လွတ်မြောက်ရာလမ်းကို ဖြတ်ထားပြီးနောက် နောက်ဆုံး ကျင့်စဉ်ကို မအောင်မြင်ပါက အတွင်း၌ အစာငတ်သေလိမ့်မည်။ လူအများစုသည် မသေနိုင်သောသူများ ဖြစ်လာရန် ၎င်းတို့၏ စိတ်ပိုင်းဖြတ်ထားတာ မှန်ကန်ကြောင်း ဖော်ပြရန် လုပ်တတ်ကြသည်။ 


အထူးသဖြင့် ဒေသဆိုင်ရာ ဒဏ္ဍာရီများပါသည့် နတ်သမီးတောင်တန်း ဖြစ်သည်။ အဲဒီလို အစွဲရှိသော လူအများစုသည် ရှေးဟောင်း အဂ္ဂိရတ်ဆရာများ၏ စာအုပ်အချို့ကို မျိုးဆက် အနေနဲ့ တစ်ခုပြီးတစ်ခု မကြာခဏ ယူဆောင်လာတတ်ကြသည်။


စဥ်းစားကြည့်ရင် သူခွဲခြားခဲ့တဲ့ မြောက်များစွာသော မင်းဆက်များ၏ အရိုးစုများနှင့် ရှေးဟောင်းစာအုပ်များကို ဤချောက်ကမ်းပါးပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တွယ်တက်ပြီး ရှာတွေ့ခဲ့တာ ဖြစ်နိုင်သည်။


ယခုအခါ ကြိုးအချို့ကို ဖယ်ရှားလိုက်ရာ ၎င်းတို့ ရှာဖွေနေသည့်အရာကို တွေ့ရှိထားကြောင်း ထင်ရှားသည်။ ဒါပေမဲ့ သူတို့က ထွက်သွားဖို့ မစီစဉ်သေးဘူး ထင်ပါရဲ့။ တခြားဘာဆက်လုပ်ရမလဲ စဥ်းစားနေကြပုံပင်။ ကြိုးအားလုံးကို မဖြုတ်ရသေးသော်လည်း ချန်ထားသည့် ကြိုးအပိုင်းကို ကြည့်ရင်း ကျင်းဝမ့်ထောင်ဟာ ရှေးစာအုပ်များအပြင် ဤကိစ္စအတွက် တစ်ခုခုရှိနေပြီဟု ခံစားမိလာသည်။


ကံမကောင်းစွာပဲ ကျင်းဝမ့်ထောင် ထိုနေရာသို့ ရောက်သွားသော်လည်း ရှေ့ဆက် မတိုးခဲ့ပေ။ သူ၏ကျွမ်းကျင်မှုဖြင့် ချောက်ကမ်းပါးပေါ်သို့ တက်၍ အသေးစိတ် အချက်အလက်များကို မေးမြန်းရန် သတ္တိမရှိသည့် အတွက်ကြောင့်ပါပဲ။ နောက်နေ့တွေကို အရမ်းသက်တောင့်သက်သာနဲ့ ကုန်ဆုံးခဲ့သည်။ 


ဒီရက်ပိုင်း အတွင်းမှာပဲ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနဲ့ ပွင့်လင်းမြင်သာမှုမှာ ရုတ်တရက် တုံ့ပြန်မှုကောင်းတဲ့ လူတချို့လိုပဲ ဖြစ်လာသည်။ သူက တွေးတောမိရင်း ရုတ်တရက် ယိုယွင်းပျက်စီးနေတဲ့ ရှေးဟောင်းစာအုပ်တွေထဲက တချို့အရာတွေကို ဘာကြောင့် မဖွက်ထားခဲ့မိတာလဲ ဟူ၍ နောင်တရလာတော့၏။ 


ရှေးဟောင်း စာအုပ်များက အခြေအနေကောင်း မဟုတ်သော်လည်း သီးသန့်စာအုပ်များသည်လည်း အဖိုးမဖြတ်နိုင်ပေ။ ကျင်းဝမ့်ထောင်ရဲ့ စရိုက်က ရှေးဟောင်းစာအုပ်များကို တန်ဖိုးထားတတ်သည့် တစ်ခုတည်းသော ရူပါရုံဖြစ်သောကြောင့် အကောင်းဆုံး စာအုပ်များထဲမှ တစ်ခုကို ဖျောက်ထားရန် လွယ်ကူပါသည်။


ဂိုဏ်းကိုးဂိုဏ်းကို စော်ကားခြင်းရဲ့ အကျိုးဆက်က ပြင်းထန်မည်ကို သူသိသော်လည်း သက်တောင့်သက်သာရှိသော ဘဝဟူသော အရာက သူ့လောဘကို အရိုးထဲအထိ ခြင်တစ်ကောင်လို ဝင်ကိုက်နေတာကြောင့် လုံးလုံး နောင်တရသွားခဲ့ရသည်။


လူတွေက အမြဲတမ်း အဲဒီလိုပါပဲ။ နောက်ပိုင်းမှသာ ဒီလိုမျိုး ဖြစ်သင့်တယ် ဒါမှမဟုတ် လုပ်သင့်တယ်လို့ တွေးနေကြသည်။ အဲဒီအချိန်ကို တကယ်ပြန်သွားရင် သူတို့မှာ လုပ်ဖို့ သတ္တိ မရှိသေးပါဘူး။


ဒါပေမဲ့ ဒီတတိယနှစ် ကလေးများနေ့မှာတော့ ဘုရားသခင်က သူ့ကို ဒုတိယအကြိမ် အခွင့်အရေး ပေးလာခဲ့သည်။ စခန်း၌ ကြီးကြီးမားမား တစ်စုံတစ်ခု ဖြစ်ပေါ်လာ၏။ မွန်းတည့်ချိန်မှာတော့ လူတစ်စုက တောင်ပေါ်ကနေ လူငယ်ဆယ်ယောက်ကို အလျင်အမြန် သယ်ဆောင်လာခဲ့ပါသည်။ ထမ်းစင်နှင့်ပတ်သက်သော စကားများ၊ ထမ်းစင်ပေါ်ရှိလူများ၏ သွေးများ ဖုံးလွှမ်းနေသော ပုံစံကြောင့် စခန်းက ခဏတာ ပရမ်းပတာ ဖြစ်သွားခဲ့သည်။


ညနေစောင်းတွင် သွေးစိမ်ထားလုနီးပါး ပိုးစာအုပ် အများအပြားကို ကျင်းဝမ့်ထောင်ဆီ ပေးပို့လာခဲ့သည်။ သုံးနှစ်ကြာပြီးနောက်တွင် သူသည် အဘွားကြီးဟော့နဲ့ တခြားဂိုဏ်းခွဲကိုးခုကို ပထမဆုံးအကြိမ် တွေ့ဆုံနိုင်ခဲ့သည်။ ၎င်းတို့လူတစ်စုက သူ့ကို နောက်ဆုံး ခွဲခြားခြင်း လုပ်ငန်းကို စတင်ရန် စောင့်ကြည့်ချင်ခဲ့ကြတာပဲ ဖြစ်သည်။ 


သူသည် ကြီးမားသော စာလိပ်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းသည် စစ်မတ်ကာလခေတ်မှ လုဟွမ် ပိုးပရပိုက် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိလိုက်သည်။