(14) အတူနေသောဘဝ
Viewers 14k

Chapter (14) Volume 7

အတူနေသောဘဝ



ဟော့ရှို့ရှို့ ပြောသောစကားသည် အမျိုးသမီးဟော့၏ အကာအကွယ် ထီးမပါဘဲ ဝူရှဲတို့၏ဘဝသည် နောင်ကာလများတွင် အလွန်ခက်ခဲလိမ့်မည်ဟူသည့် အဓိပ္ပာယ်မျိုးပင်။


သူတို့သုံးယောက် လုပ်ခဲ့တဲ့ အရှုပ်အထွေးတွေကို ဘယ်လိုဖြေရှင်း ရမလဲဆိုတာ စဉ်းစားဖို့ ဝူရှဲမှာ အချိန်မရှိသေးချေ။ သုံးယောက်ထဲမှာ ဝူရှဲကသာ လေးစားစရာကောင်းတဲ့ ဂူဖောက် နောက်ခံရှိသူ တစ်ယောက်ပဲ။ အဆုံးတွင် အဲဒီလောကထဲကလူတွေ လှုပ်ရှားလာခဲ့ပါက သူ့ဆီကိုသာ ပထမဆုံး လှုပ်ရှားလာပေလိမ့်မည်။ 


ဝူရှဲရဲ့ လောကအမြင်အရတော့ သူတို့မှာ ငွေတကယ်မရှိရင်တောင် အပေးအယူလုပ်ရမယ့် အဖြေတစ်ခု ရှိစမြဲပါပဲ။ ဒါပေမဲ့ သေသေချာချာ စဉ်းစားပြီးမှတော့ ဒီလိုအဖြစ်မျိုး တစ်ခါမှ မကြုံဖူးတဲ့အတွက် စိတ်ကူးယဉ်တာထက် ပိုလေးနက်တဲ့ အရာကို ဦးစားပေးသင့်ကြောင်း သိလိုက်သည်။ 


တခါတရံမှာ သူတို့သုံးယောက်ဟာ လောင်းကစားရုပ်ရှင်တွေမှာ တွေ့ရတတ်သော မသိနားမလည်တဲ့ လောင်းကစား လုပ်ခါစ ကလေးတွေလိုပင်။ အရွယ်ရောက်ပြီးတဲ့အခါ ထိုလောကကို ဒုက္ခရောက်အောင်လုပ်ဖို့ သူတို့ရဲ့ အရည်အချင်းတွေကို အားကိုးနိုင်ပြီ။ 


အစောတုန်းက သူလုပ်ခဲ့တဲ့ ပြဿနာဟာ သူ့လောကအမြင်ထက် ကျော်လွန်နေပြီဆိုတာ သိလိုက်ရပြီ။ ဒီလို အပြင်းအထန် ငြင်းချင်နေတဲ့ စိတ်ဓာတ်တွေက အထောက်အကူ မဖြစ်ပါဘူး။ ဝူရှဲစိတ်ထဲမှာ စိုးရိမ်ပူပန်မှုတစ်ခု ရှိနေသည်။ ​​ဆိုလိုတာက ဒီဘေးဒုက္ခက စိတ်ကူးယဉ်ထားတာထက် မရိုးရှင်းချေ။ 


အခု ဟော့ရှို့ရှို့ ပြောလိုက်တာနဲ့ ဝူရှဲ ချက်ချင်း သွေးဆောင်ခံလိုက်ရသည်။ 


တစ်ဖက်မှာတော့ အဘွားဟော့ရဲ့ စိတ်နေသဘောထားက အရမ်း သိမ်မွေ့နေပြီလို့ ထင်ပါ၏။ နောက်ဆက်တွဲ အရာများသည် ဝူရှဲတို့နှင့် ရှုပ်ထွေးစွာ ဆက်စပ်နေပုံရသောကြောင့် သူမ၌ ငြင်းဆိုခြင်းနှင့် ကြိုဆိုခြင်း ခံစားချက်တို့ ရှိလာပြီ။ အဘွားကြီးမှာ ခဏအတွင်း အဖြေရှာမရနိုင်သော အရာများ ရှိကောင်းရှိနိုင်သော်လည်း သူမ စိတ်ထဲ ပြေလည်သွားသောအခါတွင် နောက်ဆက်တွဲ ရှင်းပြစရာတွေ ရှိလာပါလိမ့်မည်။ 


ဝူရှဲတို့ကို ကာကွယ်ခြင်းသည် သူမအတွက် လမ်းလွှဲတစ်ခု ဖြစ်ပြီး ဝူရှဲတို့အတွက်ကတော့ အချိန်ကို နှောင့်နှေးစေသော ဗျူဟာတစ်ခုပဲ ဖြစ်သည်။ နှစ်ဖက်စလုံးအတွက် အားသာချက်တွေ ရှိပါ၏။ သူမဟာ ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်ကာ ဝူရှဲတို့မှာ ဘယ်လောက် ဒုက္ခဖြစ်ခဲ့ရတယ် ဆိုတာကို တုံ့ပြန်ဖို့ အချိန်လည်း ရှိပါသည်။ 


ဝူရှဲနဲ့ ဖက်တီးက တူညီတဲ့ စိတ်ကူးရှိသည်။ ဖက်တီးက လောလောဆယ်မှာ သူ့ဆိုင်ကို ပြန်မသွားနိုင်တဲ့အတွက် အနည်းဆုံးတော့ သူဘာဆက်လုပ်ရမလဲဆိုတာ ဆွေးနွေးဖို့ နေရာရှိတာက အဆင်ပြေတယ်လို့ ဆို၍ သဘောတူလိုက်လေသည်။ 


သူတို့ရဲ့ ဒီအိမ်ခြံဝင်းထဲမှာ အခန်းရှာပေးမယ်လို့ ထင်ခဲ့ပေမယ့် ဟော့ရှို့ရှို့က ကားသမားကို ခေါ်ပြီး မထင်ပေါ်သော တစ်စီးဖြင့် ရောက်လာစေသည်။ သုံးယောက့သား လမ်းမပေါ်မှာ ခေါင်းမထောင်ရဲဘဲ ခြံထဲကနေ မောင်းထွက်လာခဲ့၏။ ဟော့ရှို့ရှို့ရဲ့ အစောတုန်းက စကားလုံးတွေကို သတိရမိသွားတဲ့အခါ အစ်ကိုလေး (မျက်နှာသေ) နဲ့ ပတ်သက်တဲ့ သတင်းတွေ ရှိလားလို့ မေးလိုက်သည်။ 


ဒါပေမဲ့ ဒီကိစ္စက ကြီးကြီးကျယ်ကျယ် သတင်းအချက်အလက်တွေလို့ ပြောပြီး သူမနဲ့ သတင်းချင်း လဲလှယ်ရမယ်ဆိုလို့ ဆိုကာ ဝူရှဲအား စိတ်မပူဖို့ ပြောခဲ့ပါသည်။ ကုန်းကျူခြံဝန်းမှ တုံးစစ်သို့ ကားဖြင့် လှည့်ပတ်သွားလာရင်း လမ်းကြားတစ်ခုထဲရှိ အလွန်မထင်မှတ်သော နေရာတစ်ခုသို့ ရောက်သောအခါတွင် ရှေ့တွင် အလွန်ကြီးကျယ်သော အိမ်ကြီးတစ်လုံးကို တွေ့လိုက်ရပါသည်။


ဖက်တီး: "အိုက်ယိုး... ဒီနေရာကို ချင်မင်းဆက်ရဲ့ ဘယ်မင်းသားကများ ဆောက်ခဲ့တာလဲ?"


သူတို့ ကားပေါ်ကနေ ဆင်းလာခဲ့သည်။ အိမ်ဟောင်းကြီးရဲ့ အပြင်ဘက်မှ အဖြူရောင် စကျင်ကျောက်နံရံကို ကြည့်ပြီး ဖက်တီးက ထပ်ပြောပြန်သည်။ 


"ဒီနံရံရဲ့ အပြင်မှာ မျှော်စင်လေးတွေ ရှိတာပဲကွ... နံရံက အပြင်ဘက်တံတိုင်း မဟုတ်သေးဘူး.... ဘယ်မင်းဆက်က အမွေအနှစ်ပါလိမ့်?" 


ဟော့ရှို့ရှို့: "ဒါတော့ ညီမလည်းမသိဘူး.... ညီမအဖွား ဒီနေရာကို ဝယ်တုန်းက ညီမ ချောင်ရှားမှာပဲ ရှိသေးတယ်"


အပြင်ကကြည့်လိုက်လျှင် သာမာန် ဝင်းအိမ်လိုသာ ဖြစ်သော်လည်း ၎င်းသည် ဝင်းအိမ်ထက် များစွာ ပိုကြီးပြီး အခန်းများစွာ ရှိသည်။ ဥယျာဉ်ထဲမှာ အပင်တွေနဲ့ ပြည့်နေတာကြောင့် ပေကျင်းမှာ ရှိနေတယ် ဆိုတာကိုတောင် မယုံနိုင်လောက်အောင်ပါပဲ။


"အရင်က အစိုးရအေဂျင်စီ တစ်ခုအတွက် အဆောက်အအုံတစ်ခုပဲ"


ဟော့ရှို့ရှို့က ဒုတိယထပ်ရှိ အခန်းတစ်ခန်းကို လက်ညှိုးထိုးပြပြီး ပြောသည်။ 


"အစ်ကိုတို့ နေထိုင်ရမယ့် နေရာက ပိုသန့်ရှင်းပါတယ်"


ကံကောင်းထောက်မစွာ တံခါးနဲ့ ကြမ်းပြင်ကို ပြန်လည်မွမ်းမံထားပြီးပြီ။ ပြုပြင်ထားချိန်က အနည်းငယ် ကြာခဲ့သော်လည်း ခိုင်ခံ့လား ဆိုတာကတော့ ပြဿနာ မဟုတ်ချေ။ နံရံများသည် လူကြာကြာ မနေခဲ့ကြောင်း သိသာစွာ နွယ်ပင်များနှင့် ပြည့်နေပါသည်။ ဖက်တီးက တံခါးတွေနဲ့ ပြတင်းပေါက်တွေက နွယ်များကို ဖြတ်ဖို့ သူသယ်လာတဲ့ ဓားမြှောင်ကို သုံး၏။ ဝူရှဲ အထဲကို ဝင်လိုက်တော့ ဖုန်တွေ အရမ်းထူပြီး ပရိဘောဂလည်း မရှိတာ တွေ့ရသည်။ 


ဖက်တီး: "အစ်မလေး... ဒီနေရာကို အိမ်ခြေရာမဲ့တွေ ရဲစွမ်းသတ္တိရှိအောင် လေ့ကျင့်ဖို့ ချန်ထားတာလား..." 


ဟော့ရှို့ရှို့: "ရှင်းယွဲ့စားသောက်ဆိုင်ကို စော်ကားတဲ့ လူတွေက လမ်းပေါ်မှာ အိပ်တာထက် အိပ်ဖို့ နေရာရရင်တောင် ကံကောင်းလို့ အဘွားက ပြောတယ်" 


ဟော့ရှို့ရှို့သည် သူ့လွယ်အိတ်ထဲက ပစ္စည်းတစ်ထုပ်ကို ထုတ်ပြီး ပြောလာသည်။


"ဒါက သွားတိုက်ဆေး၊ သွားတိုက်တံ၊ တဘက်.... ညီမ မထွက်လာခင်တုန်းက အဖွားအိမ်ကနေ ခွက်နဲ့ မျက်နှာသုတ်ပုဝါကို ရှာတွေ့ခဲ့တာ အစ်ကိုတို့အရင် သုံးလို့ရတယ် နောက်မှ အစ်ကိုတို့အတွက် အိပ်ယာယူလာပေးဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ် ညီမက ချမ်းသာတဲ့ မိန်းကလေးတော့ မဟုတ်ဘူး...ညီမရဲ့ လက်ချောင်းတွေနဲ့ ကိုင်ပြီး သန့်ရှင်းရေးလုပ်ပေးလို့ အဆင်မပြေတော့ ကိုယ့်ဘာသာကိုပဲ လုပ်လိုက်တော့နော်"


ဖက်တီး: "စားရင် ဘာလုပ်စားရမှာလဲ... ဒီမှာ KFC လို့ ခေါ်ရင် ရှက်စရာကြီးနော်... လာပို့တဲ့လူတွေ သေချင်သွားမှာ သေချာတယ်"


"အိပ်ယာတွေ ပို့ပေးတဲ့အခါ ရေနွေး၊ ရေနွေးဗူးနဲ့ ခေါက်ဆွဲခြောက်တွေ ယူလာပေးလိမ့်မယ်... အိမ်သာက ပထမထပ်မှာ... ခြံထဲမှာ ရေရှိတယ်။ အစပိုင်းမှာတော့ သံချေး​ရေ​တွေ ပါနိုင်တယ် ဒါပေမဲ့ ခဏကြာရင်တော့ ပျောက်သွားလိမ့်မယ် ဒီမှာ မနေနိုင်တော့ဘူး အပြင်ထွက်ပြီး နေချင်ရင် အဖွားက ကူညီပေးပါလိမ့်မယ်...."


သူမက ပြောပြီးနောက် ကျောက်စိမ်းတံဆိပ်တုံးကို ကြည့်နေလေရာ ဖက်တီးက ချက်ချင်း မျက်မှောင်ကြုတ်ပြီး ဖြတ်ပြော၏။ 


"ကလေးမ... ဒါက မင်းအကိုသုံးယောက်အတွက် နောက်ဆုံး အရင်းအမြစ်ပဲ... ငါတို့ရဲ့အတွင်းခံ ဘောင်းဘီနဲ့တောင် ညီမျှတယ်နော်... အဲဒါကို အခွံခွာဖို့ မင်းအဖွားရဲ့ ရလဒ်ထွက်လာတဲ့အထိ စောင့်ရမယ်... အခု​တော့ ဝတ်ထားရဦးမှာပဲ"


ဟော့ရှို့ရှို့: "ရွံစရာကောင်းလိုက်တာ... အစ်ကို့ရဲ့အတွင်းခံကို ဘယ်သူက လိုချင်လို့လဲ" 


သူမသည် ပတ်ဝန်းကျင်ကို ကြည့်ကာ ယောက်ျားပီသစွာ သက်ပြင်းချလိုက်လေသည်။ 


"ဒါဆို အစ်ကိုတို့ အိပ်ရာခင်းအတွက် ညီမ ပြင်ဆင်လိုက်ဦးမယ်... ညနေတွေ့မယ် ဝိုင်လည်း ယူလာပေးမယ်။"


"အိုက်ယိုး ကောင်းလိုက်တဲ့ ညီမလေး" ဖက်တီးက မျက်ရည်တွေကျလုမတတ်ဖြင့်။ 


"ဒါဆို စောစောလာပါနော်.... အစ်ကိုတို့ စောင့်နေမယ်"


ဟော့ရှို့ရှို့ ဝမ်းသာအားရနဲ့ ပြေးထွက်သွားသည်။ ဝူရှဲနဲ့ ဖက်တီး သူမ ထွက်သွားပြီးတာနဲ့ ခြံတံခါးကို ပြေးပိတ်လိုက်ရင်း နှစ်ယောက်လုံး သက်ပြင်းချပြီး မြေပြင်ပေါ် လဲကျသွားလေသည်။ အခုလေးတင် ဆုပ်ကိုင်ထားခဲ့တဲ့ တင်းမာမှုဟာ ချက်ချင်း ပျောက်ကွယ်ကာ ဘယ်သူမှ မရှိနေတဲ့ အချိန်ကသာ စိတ်ကို တည်ငြိမ်စေတာ လက်ခံလိုက်ရသည်။ 


ဖက်တီးက ဟိုဟိုဒီဒီကြည့်ရင်း "အဘွားကြီးက ငါတို့ကို လှည့်စားနေတယ်လို့ ထင်လား"


ဝူရှဲ ခေါင်းခါလိုက်၏။ 


"ဟင့်အင်း ဒီနေရာက တကယ့်ကို ဘေးကင်းတယ်... ဒီည ဒီမှာနေရတာ အန္တရာယ်ကင်းလောက်တယ် တစ်ခုခုများ အဆင်မပြေရင် ညဘက်မှာ ဆွေးနွေးပြီး မနက်ဖြန် ထွက်သွားကြမယ်..."


ပြောပြီးတော့ မျက်နှာသေဘက်ကို ကြည့်လိုက်သည်။  


"ခင်ဗျား အဲဒီအဘွားကြီးကို မယုံဘူးလို့ အစောက ပြောတယ်နော်.. ဘာလို့လဲ သူမ လိမ်နေတယ်လို့ ခံစားရလို့လား?"


မျက်နှာသေသည် အပြင်ဘက်တွင် နွယ်ပင်များဖြင့် ဖုံးအုပ်ထားသော ပြတင်းပေါက်ရှေ့တွင် ရပ်ကာ လူဆိတ်ညံနေသော ခြံအပြင်ဘက်ကို အချိန်အတော်ကြာအောင် ငေးကြည့်နေပြီးမှ သူ့ကို မေးသည့် မေးခွန်းကို ပြန်ဖြေသည်။


"ခံစားရတယ်" 


ဖက်တီး: "ထျန်းကျန်း .... တကယ်တော့ မင်းဖက်တီးငါလည်း အဲဒီလိုပဲ ခံစားရတယ် အဘွားကြီး အစ်ကိုလေးကို မြင်လိုက်တာနဲ့ ပထမဆုံး တုံ့ပြန်မှုက အစစ်အမှန်ပဲ... ဒါပေမဲ့ နောက်ပိုင်းမှာ သူမက အကြောင်းအရာကို တမင်တကာ လှည့်ပတ်နေသလိုမျိုး နည်းနည်းတော့ ကွဲလွဲ​နေတယ်... ငါတို့ရဲ့ အတွေးတွေကို နှောင့်နှေးသွားအောင် လုပ်နေသလိုပဲ အစ်ကိုလေးက မှတ်ဉာဏ်တွေ ပျောက်ပြီး စိတ်ရှုပ်နေပေမယ့် သိုးမွေးငှက်လို အသိစိတ်ကတော့ ရှိတုန်းပဲ”


ဝူရှဲ ဒါကိုတော့ သတိမထားမိခဲ့။ ဝူရှဲသည် ငတူံးဟု မဆိုလိုသော်လည်း ထိုအချိန်က အခြေအနေကြောင့် တုန်လှုပ်သွားကာ ထူးထူးခြားခြား မခံစားရပေ။ ထိုနှစ်ယောက်က အခုလို ပြောပြသောအခါတွင် သူ အနည်းငယ် စိုးရိမ်လာသည်။


“အဘွားကြီးက ဒီလောကထဲက လူဟောင်းတစ်ယောက်ပဲ... နောက်ဆုံး အစ်ကိုလေး ထွက်ခွာတော့မယ့်အချိန်မှာ သူ့ဘက်က တုံ့ပြန်မှုတွေ မပေးသေးဘူး... အခုအစ်ကိုလေးက ငါတို့ကို အကာအကွယ်ပေးဖို့ စွန့်စားရဦးမယ် အစ်ကိုလေးရဲ့ နည်းလမ်းက တော်တော်မိုက်တယ်” 


ဖက်တီးက မျက်နှာသေအား လက်မထောင်ပြသည်။ မျက်နှာသေဆီက တုံ့ပြန်မှု မရှိတာကြောင့် ဖက်တီးက တိုးတိုးလေးပြောသည်။ 


"ဒီကောင်က အခုတလော စကားနည်းလာပြန်ပြီ သိလား" 


သူကတော့ ဒီလိုပဲမလို့ ဝူရှဲ သက်ပြင်းပဲ ချလိုက်သည်။ 


“ဘာပဲဖြစ်ဖြစ် အဘွားကြီးက အဆုံးမှာ ရှင်းပြပေးလိမ့်မယ်လို့ ယုံကြည်ထားရမှာပဲ... ဒီအခွင့်အရေးကောင်းကို မဖြုန်းတီးဘဲ သေသေချာချာ စဉ်းစားကြည့်ကြရအောင် ​ပြောလို့မရဘူး မနက်ဖြန်ဆို အဲ့အဘွားကြီးက ငါတို့ကို မောင်းထုတ်ဖို့ ရောက်ချင်ရောက်လာမှာ..." 


ဖက်တီး: "ဒါပဲ ဒါပေမဲ့ အဲဒါမတိုင်ခင် ငါတို့နည်းနည်း သန့်ရှင်းရမယ် မဟုတ်ရင် ဒီနေရာက လူမနေနိုင်တော့ဘဲ သရဲတွေပဲ ဝင်လာလိမ့်မယ်... တစ်ယောက်ယောက်ကို ဒီဖုန်တွေနဲ့ သတ်မိရင် အဘွားကြီးက ငါတို့ကိုယ်စား လျော်ကြေးပေးမှာ မဟုတ်ဘူး... ငဒူလေး မင်းက တစ်ဦးတည်းသော ကလေးပဲ မင်းအိမ်မှာ ဘာမှ မလုပ်ရဘူး မဟုတ်လား"


ဝူရှဲ အိမ်အလုပ်တွေ အများကြီး မလုပ်ရတာတော့ အမှန်ပဲ။ ဒါပေမဲ့ သန့်ရှင်းရေးနဲ့ ပတ်သက်ပြီးတော့ သာမန် IQ ရှိသူတိုင်း လုပ်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် သူက ကူညီပေးဖို့ သဘောတူလိုက်လေ၏။ 


ထို့နောက် ဖက်တီးသည် မျက်နှာသုတ်ပုဝါကို ဆုတ်ဖြဲကာ တစ်ဝက်ကို စုတ်ကာ ခြံထဲသို့ သွားကာ ကြမ်းပြင်ကို သုတ်လိုက်သည်။ မျက်နှာသေမှာ ကြောင်တက်တက် ဖြစ်မနေတော့ပေ။ သူသည်လည်း ဖက်တီးဆီက ဆွဲထုတ်ခံလိုက်ရကာ ဝူရှဲနဲ့အတူ ပြတင်းပေါက်များကို သန့်ရှင်းရတော့သည်။ 


ဝူရှဲ တခြားအခန်းတွေကို စူးစမ်းကြည့်တော့ စွန့်ပစ်ထားတဲ့ ပရိဘောဂတွေ ကျန်နေသေးတာ တွေ့ရသည်။ စားပွဲခုံတွေ၊ ထိုင်ခုံတွေ၊ ရေဆေး​​ဘေစင်တွေနဲ့ တခြား အပိုင်းအစတွေ အားလုံးကို တစ်ပြီးတစ်စ သန့်ရှင်းရေး လုပ်ခဲ့ကြသည်။ အိမ်ဟောင်းကြီးက ရှုပ်ပွနေတာတော့ မဟုတ်။ ဝူရှဲမှာ အိမ်ကို လွမ်းဆွတ်သွားတဲ့ ခံစားချက်တစ်ခုကိုပင် ခံစားလိုက်ရလေသည်။ 


ချွေးတွေ စိုရွှဲနေပေမယ့် အခန်းက ဒီလိုပုံစံပြောင်းသွားတာကို မြင်လိုက်ရတော့ အိမ်ရှင်မတစ်ယောက် ဖြစ်ရတာ တော်တော်ပျော်ဖို့ကောင်းတယ်လို့ တွေးပြီး ဂုဏ်ယူမိသလိုပင် ခံစားနေရ၏။ 


တစ်ဖက်မှာတော့ ဖက်တီးကြီးဟာ အိမ်မှုကိစ္စ အလွန်ကောင်းသူ ဖြစ်သည်။ သူ အလုပ်လုပ်နေပုံကို ကြည့်လျှင် ယောက်ျားတစ်ယောက်လို့ပင် ပြောရခက်စေသည်။ အရင်က ပေါင်းသင်းဆက်ဆံရေး ကောင်းသူလို့ ပြောလို့ မရခဲ့ပေမယ့် အခုတော့ ဝူရှဲမှာ ဖက်တီးဆီက သင်ယူရင်း သန့်ရှင်းရေးလုပ်နေရသည်။  


ဝူရှဲအ​​နေ​ဖြင့် ဖက်တီးရဲ့ ဘဝပုံစံတွေက အမျိုးမျိုး ရှိနေတယ်လို့ အမြဲတမ်းထင်မြင်မိပေမယ့် သူ့အကြောင်းပြချက်က အချိန်တိုင်းနဲ့ မတူတာကြောင့် သူ့ဘဝအကြောင်း အထူးတလည် မယုံခဲ့ချေ။ ဖက်တီး ဒီလိုအလုပ်လုပ်ပုံနဲ့ဆို သူ အငြိမ်းစားယူတဲ့အခါ အိမ်ထိန်း ကုမ္ပဏီတစ်ခုဖွင့်လို့ ရကြောင်း၊ လုပ်ငန်းနဲ့ မိတ်ဆက်ပေးနိုင်ကြောင်း ဝူရှဲ စနောက်လိုက်သည်။ 


သူက ရယ်ပြီးပြော၏။ သူက အိမ်ဟောင်းတွေကို သန့်ရှင်းရေး လုပ်တဲ့နေရာမှာ ကျွမ်းကျင်ပြီး အဲဒီရှေးဟောင်းမြို့တွေမှာ အိမ်အလုပ်တွေ လုပ်ဖို့ စိတ်ကူးနေကြောင်း၊ ဒီနေ့ ကြွေပြားတစ်ချပ်ဝယ်ပြီး မနက်ဖြန် စားပွဲခြေထောက်ကို ခိုးသွားနိုင်ရင် သူ့ဘဝက ပိုကောင်းလာလိမ့်မယ်လို့လည်း ဆိုသည်။ အဲဒါနဲ့ သူက လုယူလာတဲ့ ကျောက်စိမ်းတံဆိပ်တုံးကို ထုတ်ယူပြီး ပြောသည်။ 


“ကောင်းပြီ... ငါတို့ လုယက်လာတဲ့ ဟာကို ကြည့်ကြရအောင်.... မနက်ဖြန် ငါတို့ မထိနိုင်တော့မှာ ကြောက်ရတယ်” 


အဲဒါကို ထုတ်ပြီး ပြတင်းပေါက်ကနေ ဖြာကျနေသော တောက်ပနေတဲ့ နေရောင်အောက်မှာ ထားလိုက်သည်။ ထိုအခါ ကြမ်းပြင်ပေါ်မှာ ပုံနှိပ်ထားတဲ့ ကျောက်စိမ်းတုံးထဲက အရည်တွေ စိမ့်ထွက်လာတာကို တွေ့လိုက်ရလေသည်။