Chapter (15) Volume 7
အရာအားလုံးကိုသယ်ဆောင်ပေးတဲ့ ချီလင် (2)
ဖက်တီး: "အစ်ကိုလေးရေ.. ပြတင်းပေါက်တွေကို သန့်ရှင်းရေး လုပ်ခိုင်းနေတာ ဒါကို ရှင်းခိုင်းနေတာ မဟုတ်ဘူး... မင်းအရမ်း အလုပ်ကြိုးစားတယ် ဆိုတာသာ စောစောကတည်းက သိခဲ့ရင် အစောကတည်းက အကုန် လုပ်ခိုင်းလိုက်လေသည်။"
မျက်နှာသေက သူ့ခေါင်းကို ခါယမ်းလိုက်ပြီး ကြမ်းပြင်က အရည်တွေကို လက်နဲ့သပ်ရင်း အနံ့ခံကြည့်လိုက်သည်။ ထိုစဉ် ဝူရှဲလည်း အရည်တွေက အစိမ်းရောင်တွေ ဖြစ်နေ၏။
ဖက်တီး: "ဆေးပြယ်သွားတာလား... ဘယ်လိုမှ မဖြစ်နိုင်ဘူး သောက်ကျိုးနည်း! ဒါက ဆေးခြယ်ထားတဲ့ အတုကြီး မဟုတ်ဘူးလား"
ဝူရှဲလည်း စိတ်ထဲမှာ တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ ဒီလိုဆိုရင်တော့ ကံဆိုးလေပြီ။ သူတို့အပေါ်ထားတဲ့ စားပွဲထိုးတွေရဲ့ သတိထားနေတဲ့ သဘောထားကို ကြည့်ပြီး ဒီအရာဟာ အစစ်အမှန်လို့ ထင်ရပေမယ့် ဒီအရာက အတုဆိုရင် အံ့သြစရာကြီး ဖြစ်သွားပြီလေ။ လေလံသမားကိုယ်တိုင်က လေလံပွဲမှာ အစစ်အမှန်လို့ အခိုင်အမာ ပြောထားရင်၊ သူတို့လက်ထဲမှာ အတု ဖြစ်နေခဲ့ရင် မြစ်ဝါမြစ်ထဲကို ခုန်ဆင်းရင်တောင်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။
အနီးကပ် ကြည့်ချင်တော့မှ မျက်နှာသေက မဟုတ်ဘူးလို့ ပြောရင်း ဝူရှဲအား မထိဖို့ လက်ဟန်ပြလိုက်သည်။ ထို့နောက် “အဆိပ်ပြင်းတယ်” လို့ ပြောရင်း လက်ကို ပြ၏။ ဝူရှဲ သူ့လက်ကို ကိုင်ကြည့်တော့ အနီကွက်ကြီး နှစ်လွှာ ပေါ်လာကာ အရည်များက လက်ဖဝါးများဆီသို့ ပျံ့နှံ့သွားသည်။
ဝူရှဲ လန့်ဖျပ်သွားတာကြောင့် ထခုန်လိုက်မိသည်။
ဖက်တီး: “ဪ ငါ သိပြီ... အရင်ကဆို အမေရိကန်တွေက တစ်ခါတလေ ခိုးယူတာတွေကို ကာကွယ်ဖို့ ရှေးဟောင်းပစ္စည်းတွေမှာ ဓာတုပစ္စည်း ထည့်ထားတယ်လို့ ကြားဖူးတယ်... အဲဒါကို ထိတဲ့သူတွေက ဓာတ်မတည့်ရင် သတိလစ်သွားတတ်တယ်တဲ့... အယ် အခုမင်းဘာလို့ အဆင်ပြေနေတာလဲ"
ဝူရှဲ: "အဝတ်နဲ့ ဖုံးထားလိုက်ပါလား... အဝတ်က
အစိုဓာတ်ကို စုပ်ယူနိုင်တော့ အဝတ်ထဲကို အရည်ပျော်သွားလိမ့်မယ်"
မျက်နှာသေရဲ့ လက်က အနီကွက်များ ဆက်လက် မပြန့်ပွားသေးပေ။ သူက ဂရုမစိုက်သလိုပဲ ကြည့်နေသလို မူးမေ့လဲတော့မည့် လက္ခဏာမျိုးလည်း မတွေ့ရချေ။ ဖက်တီးကလည်း ကျောက်စိမ်းတံဆိပ်ကို မျက်နှာသုတ်ပဝါဖြင့် ထုပ်ကာ ရေဆေးရန် ထွကိသွားခဲ့သည်။
ရေဆေးပြီးသောအခါတွင် ကျောက်စိမ်းတံဆိပ်တုံးသည် အလွန်ကောင်းမွန်ပြီး တောက်ပသွားသည်။ ထို့နောက် ဝင်းဝါသော နေရောင်အောက်တွင် ထားကြည့်လိုက်သောအခါတွင် မရှင်းလင်းသော အသေးစိတ်အချက်များစွာ ရုတ်ချည်း ပေါ်လာတာ တွေ့လိုက်ရသည်။ ဒီအရာဟာ ရှေးဟောင်းပစ္စည်း မဟုတ်ရင်တောင်မှ ဒါဟာ အနုပညာသမိုင်းမှာ အံ့ဩစရာ အရာတစ်ခုလို သတ်မှတ်ခံရမှာ သေချာပေ၏။
ဝူရှဲလည်း ဤတော့မှ စိတ်သက်သာရာရပြီး အဆင်ပြေတယ်လို့ ထင်လိုက်သည်။ ယခု နောက်ဆုံးတွင် ကျောက်စိမ်းတံဆိပ်တုံး တစ်ခုလုံး၏ အနီးကပ် ကြည့်နိုင်ပြီ။ ၎င်းသည် တစ္ဆေတစ်ကောင်အပေါ် နင်းနေသည့် ချီလင်တစ်ကောင်၏ ပုံသဏ္ဌာန်ပဲ ဖြစ်သည်။
ချီလင်၏ ခြေသည်းများသည် တစ္ဆေလက်ထဲ ဖမ်းမိသော်လည်း အနီးကပ်ကြည့်လျှင် ချီလင်ကို သရဲတစ္ဆေငယ်များစွာက ဝန်းရံ ဖွဲ့စည်းထားပုံ ထွင်းထုခြင်းဖြစ်ကာ အလွန် လက်ရာမြောက်သည်။ ပုံသဏ္ဌာန်တစ်ခုလုံးသည် သရဲတစ္ဆေများပေါ် တက်နင်းနေသည့် ချီလင်သည် တစ္ဆေများနှင့် ပေါင်းစပ်ထားသလိုပင်။ ထိုသရဲတစ္ဆေတို့၏ ခန္ဓာကိုယ်ပေါ်တွင် အကြေးခွံများ ပါရှိပြီး ချီလင်အား ရစ်ပတ်ထားသော မြွေများနှင့်ပင် တူသည်။
တစ္ဆေခလုတ် နဂါးငါး ကျောက်စိမ်းတံဆိပ်တုံး။
တစ္ဆေခလုတ်က သူ့နာမည်နဲ့ ထိုက်တန်ပေမယ့် မြွေနဲ့တူတဲ့ မျဉ်းကြောင်းတွေက ဘာလဲ။ ကျောက်စိမ်းတံဆိပ်တုံးကို အခြားရှုထောင့်မှ ကြည့်လိုက်သောအခါ ချီလင်ကြီး၏ ပုံသဏ္ဌယန်သည် မရေမတွက်နိုင်သော နဂါးငါးပုံသဏ္ဌာန်သို့ ပြောင်းလဲသွားသည်။ ထိုသရဲတစ္ဆေလေးများအား ဘေးတိုက်ကြည့်သောအခါ ရောထွေးနေသော ပုံစံများဖြင့် နဂါးငါး၏ အဓိပ္ပာယ်ကိုလည်း ရှာတွေ့နိုင်ပေသည်။
တရုတ်ရိုးရာ လက်မှုပညာနဲ့ ပတ်သက်ပြီး သုတေသနတချို့ လုပ်ဖူးသူ တစ်ယောက်အနေနဲ့ ဝူရှဲသည် ဒီပစ္စည်းရဲ့တန်ဖိုးဟာ ရှေးဟောင်းဈေးကွက်မှာ၊ အသွင်အပြင်၊ တီထွင်ဖန်တီးမှု၊ လက်ရာနဲ့ နောက်ခံ အချက်လေးချက်ထဲက တစ်ခုဟာ အလွန်အရေးကြီးတယ်ဆိုတာ ချက်ချင်း သိခဲ့လိုက်သည်။
တန်ဖိုးက စျေးမကြီးပေမယ့် ဒီအရာက သူလုပ်နိုင်တဲ့ ကဏ္ဍတိုင်းအတွက် ကန့်သတ်ချက် ပြည့်လုနီးပါး ဖြစ်နေပြီ။ ရိုးရိုးသားသား ပြောရရင် ရှင်းယွဲ့စားသောက်ဆိုင်က ရောင်းတဲ့ဈေးက အရမ်းမကြီးပါဘူး။ နက္ခတ္တဗေဒအရ ကြည့်လျှင်တော့ တန်ဖိုးက အတော်လေး မြင့်မားပေသည်။
ဝူရှဲ အဲဒါကို တွေးကြည့်မိတော့ တစ်ကိုယ်လုံး ချွေးတလုံးလုံးနဲ့ ဖြစ်လာသည်။ ဒီက ဖောက်ထွက်ပြီးလို့ ဒီပစ္စည်းသာ လုယက်ခံရရင် အဲဒီလူကို လွယ်လွယ်နဲ့ လွတ်ပေးနိုင်မှာ မဟုတ်ဘူး။ အခုလောလောဆယ်တော့ သူတို့ရဲ့ အကာအကွယ်ပေးမှုတွေက ကလေးဆန်လွန်းပုံပေါ်သည်။
ချီလင်၏ ပုံသဏ္ဌာန် တစ်ခုလုံးသည် မျက်နှာသေရဲ့ ခန္ဓာကိုယ်ပေါ်ရှိ တက်တူးနှင့် အလွန်ဆင်တူနေတယ်လို့ ခံစားရသော်လည်း ၎င်းတို့နှစ်ခုက မတူကြောင်းလည်း ခံစားနေရသည်။ ပြောရရင် ကျောက်စိမ်းတံဆိပ်တုံးရဲ့ ပုံစံက ချီလင်နဲ့ တော်တော်တူနေရုံသာ။
ဖက်တီးလည်း မြင်လိုက်တာနဲ့ ငိုတော့မယ့် မျက်နှာနဲ့ ပြောလာသည်။
"ငါးနဲ့ သရဲဘယ်နှစ်ကောင် ရှိလဲ ရေတွက်ကြည့်ရအောင်... ငါးနဲ့ တစ္ဆေအရေအတွက်က အရမ်းထူးခြားနေရင် ပိုလို့တောင် အံ့သြစရာ ကောင်းသွားလိမ့်မယ်"
အဲဒီနောက်မှာတော့ သူက စတင်ရေတွက်တော့သည်။ အကြိမ်အနည်းငယ် ရေတွက်ပြီးနောက် ဟစ်အော်လာ၏။
"မဟုတ်သေးဘူး ဒီကိစ္စမှာ ပြဿနာရှိနေပြီ"
ဝူရှဲ: "ဘာဖြစ်တာလဲ?"
“ဒီတစ္ဆေက ခေါင်းပျောက်နေတယ်”
ဖက်တီးက ဝူရှဲမြင်အောင် လက်ညှိုးထိုးပြလေသည်။ ဝူရှဲ မြင်လိုက်တာနဲ့ ထွင်းထုထားတဲ့ လက်ရာတွေက ရှုပ်ထွေးလွန်းတာကြောင့် ရုတ်တရက် သတိမထားမိခဲ့တာကို တွေ့လိုက်ရ၏။ ဒီအသေးစိတ်ကိုတော့ သူတကယ် မမြင်ခဲ့မိချေ။
တံဆိပ်တုံး တစ်ခုလုံးကို ကြည့်လိုက်တော့ တစ်နေရာထက်ပိုတဲ့ နေရာတွေက ပြဿနာရှိနေပေမယ့် နေရာသုံးခုက အဓိကထား တွေ့ရသည်။ ဒါပေမဲ့ ထူးဆန်းတာက ကျိုးနေတဲ့နေရာကိုတော့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ထားသလိုပါပဲ။ ဖက်တီးသည် ကျောက်စိမ်းတံဆိပ်တုံးကို အသုံးပြုသောအခါ ထိုနေရာသုံးခုသည် လက်ချောင်းထိပ်များကို ဆုပ်ကိုင်ထားရာ နေရာသုံးနေရာ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
"ပေကျင်းမြို့ဟောင်းက ပန်းအင်္ကျီတွေ ဆိုတာကို ကြားဖူးလား"
ဖက်တီးက ရုတ်တရက် လှည့်မေးလာသည်။ ဝူရှဲ ခေါင်းခါလိုက်သည်နှင့် ဖက်တီးက ရှင်းပြ၏။
"ဂျာကင်နဲ့ ခါးမှာပါတဲ့ ပန်းပွင့်တွေက ချိတ်ဆက်ထားတတ်တယ်လေ... ခါးပတ်ကို အင်္ကျီဝတ်တဲ့အချိန်ဆို ဂျာကင်လက်နှစ်ခုက တိမ်တွေလိုပဲ ဖြစ်နေပြီး ခါးဝတ်အင်္ကျီကကျ လခြမ်းပုံလို ဖြစ်နေတယ်... ခါးပတ်အင်္ကျီကို ချွတ်လိုက်ရင်တောင် ဂျာကင်အင်္ကျီလက်တွေရဲ့ တိမ်ပန်းလို ပုံစံတွေက လခြမ်းပုံပေါ်မှာ အရာတင်ခဲ့တတ်တယ်လေ"
"ဘာလဲ ဘာလဲ ရှင်းအောင်ပြောလို့ မရဘူးလား!"
ဖက်တီး: "ငါ ပြောချင်တာက ဒီတစ္ဆေခေါင်း ပျောက်နေတဲ့ နေရာ၃နေရာက လက်စွပ် သုံးကွင်းရဲ့ အရာပဲ လက်စွပ်သုံးကွင်းကို ဝတ်ထားသူက ဒီကျောက်စိမ်းတံဆိပ်ကို ဖမ်းဆုပ်ထားတာ... ဒါမှမဟုတ် လက်သုံးချောင်းရာ ဖြစ်မယ်... လက်ရဲ့ အနေအထားက ကျိုးနေတဲ့ နေရာမှာ အတိအကျပဲ... ဒါကို ဒီလို ဖမ်းကိုင်ထားတာ.... ကျောက်စိမ်းတံဆိပ်တုံးက အရမ်း လက်ရာမြောက်တယ်...ပညာသားပါပါ လုပ်ထားတာပဲ”
ဝူရှဲလည်း ကောက်ကိုင်လိုက်ပြီး ပြုလုပ်ထားပုံက လိမ္မာပါးနပ်တယ်လို့ ထင်ပေမယ့် စိတ်ထဲမှာတော့ ကြေးဂိတ်ရှေ့မှာ တွေ့ခဲ့ရတဲ့ တစ္ဆေတံဆိပ်တုံးနဲ့ အရမ်းဆင်တူနေတယ်လို့သာ ခံစားနေရလေသည်။ ဒါပေမဲ့ ဟုတ်လား၊ မဟုတ်ဘူးလား ဒါမှမဟုတ် ဆက်စပ်မှုရှိမရှိ ဘယ်လိုသက်သေပြမလဲ မသိတော့ချေ။
ဒါကြောင့် မျက်နှာသေကို မေးကြည့်ဖို့အတွက် ခေါင်းလှည့်လိုက်သည်။
"ခင်ဗျား ——"
သူတွေးကြည့်လိုက်တဲ့အခါ တစ်ဖက်လူကလည်း အရာအားလုံးကို မေ့သွားခဲ့လောက်လေပြီ။ မေးလည်း အချည်းနှီးပါပဲ။
မျက်နှာသေကတော့ ဒါကို အထူးစိတ်ဝင်စားပုံ မပေါ်သလို သူက ဘာမှ အထူးတလည် ထုတ်မပြဘဲ ခပ်တည်တည်ကြီး ရပ်နေ၏။ ဖက်တီးလည်း သူ့ကိုကြည့်ကာ ချက်ချင်း ဝါးစားပစ်ချင်လုနီးပါး ဖြစ်နေသည်။
"ငလူးတဲ့မှ... ဒီတစ်ခါတော့ ငါ့ဉာဏ်က တကယ် ဖွံ့ဖြိုးနေပြီပဲ... ငဒူလေး... ငါတို့ ဒီလိုမျိုး အရေးယူခဲ့တာကို ဘယ်သူက တာဝန်ယူနိုင်မှာလဲ"
ဝူရှဲခမျာလည်း အဲဒါကို တွေးကြည့်မိတော့ ရုတ်တရက် ထူးဆန်းတဲ့ ကြိုတင်သတိပေးချက် တစ်ခုကို ခံစားလိုက်ရသည်။
"ဒါက ပြောဖို့ခက်တယ်"
ထိုစဥ် အပြင်ဘက်တွင် အသံများစွာ ထွက်ပေါ်လာတာကြောင့် ဖက်တီးက ချက်ချင်းပင် ပစ္စည်းကို ပြန်သိမ်းလိုက်သည်။
"ကောင်းပြီ ကလေးမလေး ပြန်လာပြီ... အဲဒါကို မစဉ်းစားနဲ့တော့... ဒီဟယကို သိမ်းထားလိုက်ရအောင် မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ တစ်ယောက်ယောက်က ငါတို့ကို ပြောပြလိမ့်မယ် အခုအပြင်ကို အရင်သွားလိုက်တာ ပိုကောင်းမယ်"
ထိုစကားကို ပြောပြီးနောက် ဖက်တီးသည် အလွန်ထက်မြက်စွာဖြင့် ထုပ်တန်းပေါ်တက်ကာ ထုပ်တန်းပေါ်ရှိ အုတ်ခဲများကြားက အက်ကွဲကြောင်းထဲသို့ တွန်းထည့်ထားလိုက်သည်။ အပြင်မှာတော့ အိတ်အကြီးအသေးတွေနဲ့ လူတော်တော်များများက အပေါ်ထပ်မှာ အိပ်ဖို့အတွက် အိတ်တွေ ယူလာပေး၏။
ဖက်တီးက တုံ့ပြန်တာ အရမ်းမြန်သည်။ သူက ကျောက်စိမ်းတံဆိပ်ကိုတောင် မကြည့်ရသေးသလိုနဲ့ ဝိုင်က ဘယ်မှာလဲလို့ ချက်ချင်း မေးလိုက်သည်။ ဟော့ရှို့ရှို့က အညွှန်းမပါသော ဝိုင်ပုလင်းနှစ်ပုလင်းကို ထုတ်လိုက်ပြီး ပြော၏။
"အကောင်းဆုံး အာ့ကော်ထို... အစ်ကိုတို့ အရသာခံပြီးတဲ့အထိ သိမ်းထားလိုက်..."
"ကြွားလုံးထုတ်နေလိုက်... ဒါပေမဲ့ အာ့ကော်ထိုက အကောင်းဆုံးပဲ"
နောက်လိုက်တွေက ကောင်မလေးကို နှုတ်ဆက်ပြီး ထွက်သွားပေမယ့် ကလေးမလေးကတော့ ထွက်မသွားချေ။ သူမက လွယ်အိတ်ထဲက အမြန်စာပို့ သေတ္တာကြီးကို ထုတ်လိုက်ပြီး။
"မြေပဲကြော်"
ဖက်တီးက အဲဒီလူတွေ ထွက်သွားတာကို ကြည့်ပြီး ထူးဆန်းတယ်လို့ ထင်တာကြောင့် မေးလိုက်သည်။
"မင်း မပြန်ဘူးလား"
"ညီမ ပြန်သွားရင် နှမြောစရာကြီး ဖြစ်သွားမှာပေါ့... ရှေးဟောင်းအိမ်တစ်ခုမှာ အဘိုးကြီး သုံးယောက်ပဲ ရှိတယ်... အာ့ကော်ထိုက လျှော်ကြိုးတစ်ချောင်းပဲလိုတယ်... သောက်ပြီးရင် အစ်ကိုတို့သုံးယောက် အတူတူ ကြိုးဆွဲချလိုက်"
ဖက်တီး: "မင်းလို သရဲမကိုပါ ထည့်တွက်လိုက်ရင် ငါတို့လည်း ကြိုးဆွဲချလို့ ရလောက်ပြီ"
ဝူရှဲ မေးလိုက်သည်။
"မင်းရဲ့အဖွားက မင်းဒီကိုရောက်နေမှန်း သိလား... မင်းကိုဒီလာရှာတဲ့ အထိတော့ မစောင့်နဲ့"
"အစ်ကိုဝူရှဲ တကယ် မေ့သွားတာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား ညီမစိတ်ထားကိုတောင် မမှတ်မိဘူးလား" ကလေးမလေးက မျက်တောင်မှိတ်ပြပြီး။
"အဖွား မသိဘူး.... ဒါပေမဲ့ သူညီမကို မရှာပါဘူး... ညီမ ရှစ်နှစ်သမီးအရွယ်တုန်းက လေယာဉ်ပေါ်တက်ပြီး ချောင်ရှားနဲ့ ပေကျင်းကို ကျွမ်းကျွမ်းကျင်ကျင် သွားတတ်နေပြီ...ပြီးတော့ ဒီကိုလာတာက လျှို့ဝှက်ချက်တွေကို ဖလှယ်ဖို့နော်.. စိတ်ချလက်ချနေပါ...ညီမဘက်က ကောင်းကောင်းကြီး အာမခံတယ်"
ဝူရှဲမှာ သူမကို တကယ် အထင်ကြီးပုံမပေါ်သလို ဒီကောင်မလေးက ထူးဆန်းနေပုံရပြီး မိုက်မဲတဲ့ပုံလည်း ပေါက်နေတာကြောင့်ရော ဝူရှဲမှာလည်း သူ့အားနည်းချက်ကို မပြချင်တာကြောင့် ပြန်မေးလိုက်၏။
“မင်းတကယ် လဲချင်နေတာလား မင်း နောက်နေတာလို့ ထင်ခဲ့တာ... ငါ မင်းကို ဘယ်လို ယုံကြည်ရမလဲ... "
"အစ်ကို ညီမကို စမ်းကြည့်လို့ရတယ်လေ"
"မင်းကို စမ်းသပ်ရမှာလား ဘာလို့လဲ"
ဝူရှဲ ကိုယ့်ကိုယ်ကို ပြန်ပြောလိုက်တာက 'မင်းမှာ ဘာအချက်အလက်တွေ ရှိနေလဲတောင် ငါမသိဘူးလေ' ဟုပင်။
ဖက်တီးက တိုးတိုးလေး ပြောလာသည်။
“ငဒူလေး... ဒီမိန်းကလေးက မင်းကို သွေးဆောင်ဖို့ ကြိုးစားနေတာ သေချာတယ်”
ဝူရှဲလည်း ဖက်တီးအား မိုက်မဲတဲ့စကားတွေကို ရပ်လိုက်ဖို့ အချက်ပြလိုက်သည်။
"ကောင်းပြီ... အစ်ကို့ကို တစ်ခုလောက် ပြောပြပါရစေ မနားထောင်ပြီးရင် ညီမက အစ်ကိုနဲ့ သတင်းအချက်အလက် ဖလှယ်ဖို့ အရည်အချင်း ပြည့်မီတယ် ဆိုတာ ချက်ချင်း သိလာလိမ့်မယ်"
ဝူရှဲလည့း ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတာကို တွေ့လိုက်ရသည်။ သူက သူမကစားနေတဲ့ လှည့်ကွက်တွေကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ သူမက ဝူရှဲကို ကြည့်ပြီး စပြောသည်။
"ညီမ ငယ်ငယ်က ဗီဒီယိုတိပ်ခွေ တစ်ခွေကို အမှတ်တမဲ့ တွေ့ခဲ့ဖူးတယ်... ဗီဒီယိုတိပ်ခွေကို ကြည့်ပြီးတော့ အရမ်းစိတ်ရှုပ်သွားတာနဲ့ အဖွားကို မေးဖူးတယ်... သူမက ဘာမှပြန်မပြောတဲ့အပြင် ညီမကိုတောင် ကြိမ်းမောင်းသေးတယ်...နောက်တော့ ဒီကိစ္စကို ကိုယ်တိုင်ပဲ စစ်ဆေးကြည့်တယ်... အစ်ကို အဖွားကို ပြောပြတာကို နားထောင်ပြီးတော့ ညီမတို့ရဲ့ စုံစမ်းစစ်ဆေးမှုကိစ္စတဲ့လည်း ဆက်စပ်နေမယ် ဆိုတာကို တွေ့လိုက်ရတယ်... ညီမကို ယုံသင့်တယ်နော်"
အဘွားအိုက အကြောင်းအရာကို လုပ်ကြံဖန်တီးလို့ ရတယ်လို့ ပြောတဲ့အခါကတည်းက အဲဒီကိစ္စကို ဆွေးနွေးထားတဲ့ ဝူရှဲနဲ့ ဖက်တီးက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ သူမကလည်း ဝူရှဲတို့ဆီက ဘာတုံ့ပြန်မှုမှ မတွေ့တော့ သက်ပြင်းချလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်၏။
“ငါးက ငါ့လက်ထဲမှာ ရှိတယ်”