ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
Chapter (8)
အဘိုးကြီး
ချက်ချင်းရပ်ပြီး နောက်ပြန် ကြည့်လိုက်တော့ တစ်ချိန်တည်းမှာပဲ လူတစ်ယောက်က အော်ဟစ်လိုက်သည်။
အဲဒီအော်သံက ပြင်းထန်တဲ့ သရဲတစ္ဆေလိုပါပဲ။ ဝူရှဲ့တို့ဘက်ကနေ ဟိုဘက်မှာ ရှုပ်ပွနေတာကိုပဲ မြင်ရပြီး ဘာတွေဖြစ်နေလဲ မသိရချေ။ ဝူရှဲ့တို့ ခဏလောက် ထိတ်လန့်သွားပြီး ကောင်လေးအော်နေတဲ့ နေရာကို ချက်ချင်း ပြေးသွားကြည့်လိုက်သည်။
ဟိုးအဝေးကနေ ခွေးဟောင်သံတွေသာ ကြားနေရပြီး သစ်ပင်တွေရဲ့ အရိပ်အောက်မှာပဲ ဖြစ်သည်။ ဘာကြောင့် အော်နေကြတာလဲတော့ မပြောတတ်ချေ။
အားကွေ့: "ဘာဖြစ်တာလဲ?"
"သတိထား! မြက်ခင်းထဲမှာ တစ်ခုခုရှိနေတယ်!"
သူပြောပြီးသည်နှင့် အနီးနားရှိ တောအုပ်ထဲတွင် ရုတ်တရက် တစ်စုံတစ်ခုက လှုပ်ရှားသွားလာနေသကဲ့သို့ ချုံပုတ်များအတွင်း လှုပ်ရှားသွားသည်။ အသံက အလွန်ကျယ်လောင်ကာ တိရစ္ဆာန်ကြီးတစ်ကောင် ဖြစ်ပုံရသည်။
အားကွေ့က သူ့သေနတ်ကို ကောက်ကိုင်လိုက်ပြီး ပစ်ခတ်လိုက်တဲ့ သေနတ်သံဟာ မိုးခြိမ်းသံလို ထွက်ပေါ်လာတာကြောင့် တိရစ္ဆာန်တစ်ကောင်ကို ကြောက်လန့်တကြားဖြင့် အမှောင်ထဲသို့ ပြေးဝင်သွားစေခဲ့သည်။
ဝူရှဲ့တို့နှစ်ယောက် သူတို့ဆီ အမြန်ပြေးပြီး တောင်ပေါ်ရှိ လူပေါင်းများစွာကလည်း တောအုပ်အတွင်းမှ ဓာတ်မီးများဖြင့် လမ်းတလျှောက်လုံး လှုပ်ရမ်းနေသောကြောင့် အားကွေ့က အော်လိုက်သည်။
"ခွေးတွေကို လွှတ်!"
မုဆိုးများစွာက လေချွန်သံ ပေးလိုက်သောအခါ အမဲလိုက်ခွေးများက ပြေးထွက်သွား၏။ ပြေးထွက်လာသည့် အရှိန်သည် မြို့တွင်းရှိ အိမ်မွေးခွေးများနှင့် လုံးဝ မတူပေ။ အရှေ့က ချုံပုတ်များကြား ခွေးဟောင်သံများကို မကြားရပေ။ သို့နှင့် အားကွေ့ နဲ့ တခြားသူတွေက ၎င်းတို့နောက်ကို ချက်ချင်း လိုက်သွားကြသည်။
ဝူရှဲ့ သူတို့နောက်ကို လိုက်ချင်ပေမယ့် အားကွေ့က ယွင်ချိုင်ဘက်လှည့်ပြီး အော်လိုက်ရာ ယွင်ချိုင်က ဝူရှဲ့တို့အား တားကာ မလိုက်သွားဖို့ ပြောလေသည်။ သူတို့အနေနဲ့ ဝူရှဲ့တို့ကို ဂရုမစိုက်နိုင်လို့ပေ။ သားရဲသည် နီးကပ်လွန်းပါက တစ်စုံတစ်ဦးကို ထိခိုက် နာကျင်စေမည် ဖြစ်သောကြောင့် မုဆိုးများသည် မျက်စိစုံမှိတ်၍ မပစ်နိုင်ချေ။ အထူးသဖြင့် ကျားသစ်လို တောရိုင်းသားရဲတွေက အရမ်းရက်စက်ပြီး ၎င်းထံမှ ဖမ်းမိရင် ဒဏ်ရာအပြင်းအထန် ရနိုင်တဲ့အတွက် အထူးသတိထားရပါမယ်။ ကူညီပေးတာက ဒုက္ခပဲလေ။
ထုံးစံအတိုင် ဝူရှဲ့လည်း သူ့အရည်အချင်းနဲ့ ပတ်သက်ပြီး သိသောကြောင့် မငြင်းလိုက်ပေ။ သို့သော် မျက်နှာသေက သူတို့ဆီက ဂရုစိုက် စောင့်ရှောက်မှုကို လိုအပ်မယ့်သူလား။ သူသယ ခြေလှမ်းအနည်းငယ် လှမ်းလိုက်လျှင် ဒုက္ခဖြစ်စေတဲ့ ကိစ္စက တခြားကိစ္စ ဖြစ်သွားလိမ့်မည်။
အမဲလိုက်ခွေးများကို ကောင်းစွာ လေ့ကျင့်ပေးထားသည်။ ၎င်းတို့ ၃ကောင်က မြက်တောကို ဝိုင်းရံထားသောအခါတွင် မုဆိုးများကလည်း နောက်မှ ပြေးလိုက်သွားကြသည်။ ခွေးများနှင့် လူတို့သည် အချင်းချင်း အကူအညီပြုရင်း ရှေ့တွင် ရှိနေကြပြီး ပတ်ဝန်းကျင် အနေအထားကို အကဲခတ်နေ၏။ ၎င်းအတွက် ပတ်၀န်းကျင်ရှိ လူတိုင်း အတွေ့အကြုံရှိထားရန် လိုအပ်သည်။ သို့မဟုတ်ပါက သားကောင်သည် အောင်မြင်မှုအမှတ်ကို ရှာတွေ့ပြီး လွတ်မြောက်နိုင်သည်။
အားကွေ့နှင့် အခြားသူများက အော်ဟစ်နေကြပြီး သားကောင်အား အခြေအနေနှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးစေသည်။ မည်သည့်လမ်းကြောင်းမှ လွတ်မြောက်သွားမည်ကို မသိသောကြောင့် ၎င်းတို့သည် ဝိုင်းအတွင်းသို့သာ ပြန်လှည့်သွားနိုင်သည်။ တစ်ချိန်တည်းမှာပင် မုဆိုးများ အားလုံးသည် ၎င်းတို့၏ သေနတ်များကို မြှောက်ကာ ဝိုင်းကို ကျဉ်းမြောင်းသွားအောင် ချဥ်းကပ်သွားကြသည်။ ဤနည်းလမ်းသည် ဝူရှဲ့၏မွေးရပ်မြေတွင် တောဝက်ကြီးများကို အမဲလိုက်ရန် အသုံးပြုသည့် နည်းလမ်း အတိုင်းပင်။
တကယ့် အမဲလိုက်တဲ့ မြင်ကွင်းကို ဝူရှဲ့အနေနဲ့ မမြင်ရတာ ကြာနေပြီဖြစ်သည်။ ဓာတ်မီးကို ပိတ်ထားလို့ မရပေ။ အားကွေ့တို့က တဖြည်းဖြည်း ချဥ်းကပ်သွားနေကြသည်။ ဤနေရာက အမဲလိုက်ခွေးများသည် အလတ်စား ခွေးများဖြစ်ပြီး ၎င်းတို့သည် ငှက်များနှင့် ယုန်များကဲ့သို့သော အကောင်ငယ် အများစုကိုသာ အမဲလိုက်သောကြောင့် ကမူးရှူးထိုး မတက်ဝံ့ကြပေ။
အကယ်၍များ ခွေးအမဲလိုက်ခွေးပ ဝံပုလွေကြီးတစ်ကောင်ဟု ထင်လျှင တစ်ဦးနှင့်တစ်ဦး အခြေအနေအရ လက်ချင်းချိတ်ကာ တိုက်ခိုက်ရန် ရှေ့သို့ ပြေးသွားပေလိမ့်မည်။ အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက် အားကွေ့နှင့် အခြားလူများသည် သာမာန်သားကောင်ကို မပစ်မိဘဲ အမှားများ လုပ်မိသွားလျှင် သားကောင်က ချက်ချင်း ဦးတည်ရာ တစ်ခုသို့ အပြေးအလွှား ရောက်သွားသောအခါ မုဆိုးက အနီးကပ်ပစ်ရန် သေချာအောင် ချိန်ရမည်။
ပြီးတော့ အမဲလိုက်ခွေးက သူ့နောက်ကို လိုက်လာလိမ့်မယ်။ ဒီသားကောင်ဟာ အခြေခံအားဖြင့် မလွတ်မြောက်နိုင်ပါဘူး။ ဒါပေမဲ့ အဲဒီကောင်က ချက်ချင်း မထွက်လာခဲ့ဘဲ တဖြည်းဖြည်း ငြိမ်သက်သွားပြီး ခဏအတွင်းမှာပဲ မြက်ခင်းပြင် တစ်နေရာမှာ ပုန်းနေခဲ့သည်။ ထို့ကြောင့် အားကွေ့နှင့် အခြားသူများလည်း မချဉ်းကပ်ဝံ့ကြပေ။
ဒါကိုမြင်တော့ ဝူရှဲ့ အရမ်းအံ့ဩမိသွားသည်။ တစ်ဖက်က အကောင်က ဉာဏ်များတဲ့ မြေခွေးတစ်ကောင် ဖြစ်နေတာလား မပြောတတ်။ သို့သော် မြေခွေးတစ်ကောင်သည် လူတွေကို မတိုက်ခိုက်မီ ဒီလိုလုပ်တတ်လို့လား။
အားကွေ့က ဓာတ်မီးဖြင့် လျှောက်ထိုးကြည့်သည်။ ဤမုဆိုးများသည် အတွေ့အကြုံ မရှိ၍ စိတ်ကူးကောင်းမရှိချေ။ သူတို့ဟာ တောင်ပေါ်ရှိ တောင်ဝိညာဉ်များ မဟုတ်သောကြောင့် အားကွေ့က ယွင်ချိုင်အား သားကောင်ကို ကူဖော်ထုတ်ရန်အတွက် ကျောက်တုံးများနှင့် ပစ်ခတ်ဖို့ အော်ပြောလေသည်။ ဝူရှဲ့နဲ့ ယွင်ချိုင်တို့ ကူးခါနီးမှာ နှစ်ယောက်စလုံးကို မျက်နှာသေက ပြန်ဆွဲခေါ်လိုက်၏။
ဝူရှဲ့ မျက်နှာသေကို မော့ကြည့်လိုက်တော့ သူ့မျက်လုံးတွေက အမဲလိုက်တဲ့နေရာကို မကြည့်ဘဲ အားကွေ့ရဲ့ နောက်ကို လိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ ထိုအခိုက် အသံတစ်သံက အော်ဟစ်လာသည်။
"မင်းနောက်ကို သတိထား!"
ဝူရှဲ့ မျက်နှာသေရဲ့ မျက်လုံးသွားရာအတိုင်း လိုက်ကြည့်လိုက်တော့ အားကွေ့ရဲ့နောက်က မြက်ခင်းပြင်မှာ လှိုင်းလုံးကြီး တစ်ခုတွေ့လိုက်ရသည်။ သေချာပေါက် ပတ်ပတ်လည်မှာ လေတိုက်နေတာမျိုး မရှိပေ။ မြက်ခင်းထဲမှာ တစ်ခုခုက ပုန်းနေသလို အားကွေ့နဲ့ တဖြည်းဖြည်း နီးကပ်လာသသည်။
အားကွေ့ ချက်ချင်း လှည့်ကြည့်လိုက်တော့ လှိုင်းလုံးကလည်း ချက်ချင်း ရပ်သွားသည်။ ဝူရှဲ့ အံ့သြစွာ လှည့်မေးလိုက်သည်။
“ဘာကြီးလဲ... နောက်တစ်ကောင်လား”
"မဟုတ်ဘူး"
မျက်နှာသေက လှည့်ပတ်ကြည့်ရင်း အေးစက်စွာ ပြောသည်။ ဝူရှဲ့လည်း လက်နှိပ်ဓာတ်မီးဖြင့် လှည့်ပတ်ကြည့်လိုက်တော့ အဝေးက မြက်ခင်းပြင်မှာ ထူးဆန်းတဲ့ လှိုင်းဂယက်ပေါင်းများစွာကို ချက်ချင်း သတိထားမိသွားကာ ၎င်းက သူတို့ဆီ ဦးတည်လာနေလေသည်။
မုဆိုးတွေက ဒီလိုမြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးကြတာကြောင့် လူတိုင်း တအံ့တသြနဲ့ ကြက်သေသေနေကြသည်။ ကံကောင်းချင်တော့ ယွင်ချိုင်က အရင်တုံ့ပြန်ပြီး လေချွန်၍ ခွေးတွေကို ပြန်ခေါ်ခဲ့သည်။
ဝူရှဲ့ သူတို့ကို လူစုကြဖို့ မြန်မြန် ဟစ်အော်လိုက်၏။ သူသည် လူတချို့စုပြီး ဝိုင်းဖွဲ့ လှုပ်ရှားနေတာကို ဂရုတစိုက်ကြည့်ရင်း မြက်ခင်းပြင်မှာ လှိုင်းလုံးတွေလို တဖျပ်ဖျပ်ခတ်ပြီး ပေါ်လာတာကို တွေ့လိုက်ရသည်။
အမဲလိုက် ခွေးသုံးကောင်သည် သူတို့ထက် အခြေအနေ၏ ထူးဆန်းမှုကို ခံစားရပြီး လမ်းကြောင်းတိုင်းကို အော်ဟစ်ဆူညံစွာ ထိုးဟောင်နေခဲ့သည်။ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေနဲ့ လှိုင်းလုံးတွေက သူတို့ဆီ တဖြည်းဖြည်း ချဉ်းကပ်လာပြီ။ ဝူရှဲ့ မကြောက်ပေမယ့် နှလုံးက တုန်လှုပ်ပြီး ဒရမ်တီးနေသလို ခံစားရသည်။
"ငါတို့အထဲကို လာခဲ့!"
အားကွေ့ ယွင်ချိုင်ကို အော်ပြောပေမယ့် အခြေအနေက ဘယ်လိုဖြစ်လဲ မသိပေ။ ဒါပေမဲ့ တောင်ပေါ်ကလူတွေက ရက်စက်ပြီး ဘယ်သူမှ မကြောက်ကြဘူးဆိုတာတော့ အမှန်ပါပဲ။ လူတော်တော်များများက သူတို့ရဲ့ သေနတ်တွေကို မြှောက်ထားပြီ။ ဒီအချိန်မှာ သူတို့က ဝူရှဲ့တို့ကိုလည်း ဂရုမစိုက်ဘဲ ကျောက်ခဲကို လက်နက်အဖြစ် ယူပြီးတော့ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြသည်။
“ဒီမှာ မြက်တွေ အရမ်းများတယ် ငါတို့ တောင်စောင်းပေါ်က ရှေးဟောင်းသင်္ချိုင်းဆီကို ပြန်ဆုတ်ကြမယ်”
လူတိုင်း ချက်ချင်း သတိကပ်ထားကြပြီး တောင်ပေါ်ကို အမြန်လျှောက်လာရာ မမျှော်လင့်ဘဲ ရွေ့သွားသည်နှင့် ထိုလှိုင်းလုံးများသည် သူတို့နှင့် မီတာသုံးဆယ်ကျော် အကွာတွင် ချက်ချင်း ပျောက်ကွယ်သွားပြန်သည်။ ထိတ်လန့် ကြောက်ရွံ့နေဖို့ အချိန်မရှိသလောက်ပဲမို့ သူတို့သည် လမ်းဖြောင့်အတိုင်း မလျှောက်ဘဲ တောင်စောင်းကိုသာ တည့်တည့် တက်ခဲ့ကြသည်။
တောင်ပေါ်မှ ရွှံ့နွံများ စိုစွတ်နေပြီး လူအနည်းငယ်မှာ ခက်ခက်ခဲခဲ တက်လာရသောကြောင့် ယွင်ချိုင်ဆိုလျှင် ခြေထောက်များ ညောင်းကာ မီတာများစွာအထိ လျှောကျသွားသည်။ ဝူရှဲ့ လှမ်းဆွဲပေမယ့် ခြေချော်ပြီး ခြေဖဝါးအောက်က ရွှံ့တွေက ပြိုကျသွား၏။
မျက်နှာသေက ဝူရှဲ့လက်ကို လျင်မြန်စွာ ဖမ်းဆွဲကာ အားကွေ့ကလည်း ယွင်ချိုင်ကို လှမ်းဆွဲထားလေသည်။ သူတို့နဲ့ မြက်ရိုက်များကြား အကွာအဝေးက မီတာအနည်းငယ်သာ ရှိတော့သည်။ တောင်ကုန်းပေါ်ရှိ ပေါင်းပင်များသည် ကုလားကာများကဲ့သို့ ထူထပ်နေသဖြင့် ယခုအချိန်တွင် မြက်ပင်များ တစ်ဝိုက်တွင် မြက်နင်းမိနေသံများနဲ့ အလွန်ထူထပ်ကာ မြက်တောကြောင့် ရုတ်တရက် ရင်ထဲ၌ မသက်မသာ ဖြစ်လာတာကို ပြင်းထန်စွာ ခံစားလိုက်ရသည်။
ဝူရှဲ့ မျက်နှာသေဆီက ဆွဲထုတ်ခံရပြီးနောက် သူ့ခြေထောက်တွေ ညောင်းနေတာကြောင့် ခဏအတွင်း မလှုပ်နိုင်တော့ချေ။ ယွင်ချိုင်ကလည်း ငိုပြီး ခြေထောက်တွေ မလှုပ်နိုင်တော့ဘူးလို့ ဆို၏။ တောင်စောင်းမှာ ရွှံ့တွေ ပြိုကျပြန်ရာ သူမတင်ပါးလေး လျှောကျသွားတာကြောင့် မျက်နှာသေပါ ဝိုင်းကူ၍ သူမကို လက်တစ်ဖက်နဲ့ ဆွဲတင်လိုက်သည်။
အကြိမ်အနည်းငယ် တက်ပြီး နောက်ကနေ ဘယ်သူမှ မတွန်းရင်တောင် ရွှံ့တွေက မခံနိုင်တော့ဘဲ ပြိုကျတော့မှာမို့လို့ အပေါ်ကို ဆက်တက်ဖို့ ကြိုးစားရသည်။ ဝူရှဲ့ကတော့ မမျှော်လင့်ဘဲ ကျောပေါ်မှ ရေအေးတွေ လောင်းချခံလိုက်ရသလို ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ခြေဖဝါးအောက်မှ ရွှံ့များပြိုကျကာ တောင်ကုန်းပေါ်သို့ လဲကျကာ မီတာများစွာ အောက်သို့ လျှောကျသွားခဲ့သည်။ ထဖို့ ရုန်းကန်နေတုန်း အပေါ်မှ အားကွေ့ရဲ့ အော်ဟစ်သံကို ကြားလိုက်ရသည်။
"ပြေး! ပြေး!"
သူ့အသံကို နားထောင်ရင်း သူမြင်ခဲ့ရတာတွေကို အလိုလို သိလိုက်သည်။ သူဘယ်ဘက်ကို ရွှေ့လိုက်စဥ် အားကွေ့က ထပ်အော်၏။
"မှားနေပြီ ဟိုမှာ...."
ဝူရှဲ့ ရုတ်တရက် မြင်လိုက်ရတာက ကျားသစ်နှင့် တူသော်လည်း ကျားသစ်မဟုတ်သော အကောင်ကြီး တစ်ကောင်၏ အစိမ်းရောင် မျက်လုံးနှစ်လုံးက မြက်ခင်းပြင်ထဲမှ ထွက်လာတာကို မြင်လိုက်ရသည်။ ၎င်းက ပေကျင်း အော်ပရာ မျက်နှာဖုံးထဲက ရက်စက်ကြမ်းကြုတ်သော ဘီလူးတစ်ကောင်ကဲ့သို့ပင် သူတို့ကို ကြည့်နေ၏။
ဝူရှဲ့ကတော့ ကြည့်လိုက်တာနဲ့တင် အဲဒါက ဘာလဲဆိုတာ သိတော့ အရမ်းအံ့သြသွားသည်။ အဲဒါကတော့ ကျားသစ်နဲ့ ဆင်တူတဲ့ အမေရိကန် တောကြောင် တစ်ကောင်ပင်။ ၎င်းကို ရှစ်လိဟု ခေါ်သည်။
ရှစ်လိသည် ကျားသစ်ထက် သေးငယ်ပြီး ကြောင်ထက် များစွာကြီးမားသော ကြောင်ကြီးတစ်ကောင် ဖြစ်ပြီး ၎င်းက ဆိုးသွမ်းသော သားရဲတစ်ကောင်လို သတ္တဝါ ဖြစ်လေ၏။ ရှစ်လိနှင့်ကျားသစ်ကြားတွင် အထင်ရှားဆုံး ကွာခြားချက်မှာ ရှစ်လိသည် အော်ပရာထဲရှိ ပန်းအမွေးများကဲ့သို့ပင် နားရွက်တွင် ကြမ်းတမ်းသော အမွေးနှစ်ကြောင်း ပါရှိသည်။
ဤအကောင်မျိုးသည် IQ အလွန်မြင့်မားသော်လည်း အစာရှာသောအခါတွင် အုပ်စုလိုက် လာတတ်သည်။ ၎င်းတို့သည် ခြင်္သေ့ပြီးလျှင် အုပ်စုလိုက် အမဲလိုက်တတ်သည်် တစ်ခုတည်းသော ကြောင်မျိုးစိတ် ဖြစ်သည်။ တိဗက်တွင်တော့ ထိုအကောင်ကြီးများကို "တောနတ်ဆိုးများ" ဟုခေါ်ကြပြီး ငယ်ရွယ်သော အမျိုးသမီးများကို ၎င်းတို့၏ အသိုက်များဆီသို့ ပြန်ခေါ်ဆောင်သွားသည်ဟု ဆိုကြသော်လည်း ၎င်းတို့၏ သားမွေးကြောင့် မကြာသေးမီ ကာလများအတွင်း ၎င်းတို့သည် လုံးဝ မျိုးသုန်းလုနီးပါး အမဲလိုက်ခြင်း ခံခဲ့ရသည်။ ကွမ်ရှီးရဲ့ မှောင်ခိုတောထဲမှာ ဘာ့ကြောင့် ပေါ်လာကြတာလဲ။
၎င်းသာ ရှစ်လိဖြစ်ပါက ဖန်းမာက ဘယ်လိုလုပ် တိုက်ခိုက်ခံခဲ့ရတာလဲ။ ရှစ်လိသည် ကြောင်ကဲ့သို့ဖြစ်ပြီး ၎င်းကို မသတ်မီ မောပန်းသည်အထိ ဆော့ကစားလေ့ ရှိသည်။ ၎င်းသည် အလွန်သတိကြီးသော အကျင့်စရိုက်ရှိပြီး အနီးကပ်တိုက်ပွဲတွင် အလွယ်တကူ တိုက်ခိုက်မည် မဟုတ်ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ အခြား ရှစ်လိတစ်ကောင်က ဝူရှဲ့ရဲ့ တစ်ဖက်ကနေ ခေါင်းကို ထွက်ကြည့်လာ၏။ ဒီအကောင်က ပိုကြီးသည်။ တစ်ချိန်တည်းမှာပဲ ဝူရှဲ့ ခေါင်းပေါ်ကနေ ရွှံ့တွေကျလာပြီး မျက်နှာသေက သူ့အပေါ်မှာ ခုန်ပျံကာ ဝူရှဲ့ဘက်ခြမ်းကို လျှောကျသွားသည်။ အားကွေ့၏ အမဲလိုက်ဓားက သူ့လက်ထဲတွင် ရှိနေသည်။ မျက်နှာသေက ဆင်းလာပြီးနောက်တွင် သူက ချက်ချင်းပင် ဝူရှဲ့ကို လှမ်းဆွဲကာ အခိုင်အမာ ပြောခဲ့ပါ၏။
“ငါ့နောက်ကျောကို နင်းပြီး တက်သွားလိိုက်!”
"အမ် အဲဒါက အားနာစရာကြီးလေ"
"တက်လာခဲ့!" အားကွေ့ကလည်း လှမ်းဆွဲလေသည်။
ကြောင်တွေက သူတို့ သားကောင်တွေရဲ့ လည်ချောင်းကို ထိုးနှက်တိုက်ခိုက်ရတာကို နှစ်သက်ကြသည်။ ဝူရှဲ့ ရိုင်းစိုင်းတဲ့ ရွံ့တွေထဲက ခြေထောက်ကို ကြိမ်ဖန်များစွာ ဆွဲထုတ်ပြီး အကြမ်းပတမ်း ခါကာ မျက်နှာသေရဲ့ ပခုံးကို တစ်ချက်နင်းလိုက်မိသည်။ စိတ်ထဲကလည်း အကြိမ်ပေါင်းများစွာ တောင်းပန်နေမိ၏။
အပေါ်က အားကွေ့က သူ့လက်ကို လှမ်းဆုပ်ကိုင်လိုက်ပြီး မျက်နှာသေရဲ့ ပုခုံးကို ကန်ကျောက်လိုက်ခြင်းဖြင့် တောင်စောင်းမှာ တည်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်။ ထိုစဥ် ယွင်ချိုင်ရဲ့ အော်သံကို ကြားလိုက်ရ၏။ ကြီးမားတဲ့ အကောင်ကြီး တစ်ကောင်က မြက်ခင်းပြင်ကနေ ရုတ်တရက် ခုန်ဆင်းကာ တိုက်ခိုက်ဖို့ တောင်ကုန်းပေါ်ကို ခုန်တက်လာခဲ့သည်။ ၎င်းဟာ ဝူရှဲ့ရှေ့က ကျောက်နံရံကို ကျော်လုနီးပါး ခုန်ပျံသွားလေရာ ရွှံ့ပန်းပွင့်တွေပေါ်က "ကြောင်ကြီး" ခြေလှမ်းကို လှမ်းကြည့်လိုက်သည်။
အားကွေ့က သူ့လက်ကို အလန့်တကြား လွှတ်ချလိုက်တော့ ဝူရှဲ့ လဲကျသွားပြီး လေထဲမှာပဲ အကိုက်ခံလိုက်ရသည်။
ကံကောင်းထောက်မစွာနဲ့ ရှစ်လိက သေးငယ်သောကြောင့် ဝူရှဲ့အား မြေပြင်ပေါ်သို့ တိုက်ရိုက်ဖိချရန် မတတ်နိုင်ခဲ့ပေ။ ဝူရှဲ့သည် မြက်ခင်းပြင်သို့ မီတာအတော်ကြာအောင် လှိမ့်ဆင်းသွားသည်။ သူ့အား ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်ပြီး ထလိုက်သောအခါတွင် သူ့ပူခုံးမှာ နီးနေပြီဖြစ်သည်။
ဟိုဟိုဒီဒီ လှမ်းကန်လိုက်သော မြက်ပင်အားလုံးက ရှုပ်ထွေးလှသည်။ ရှစ်လိက မြေပြင်နှင့် ထိပြီးသည်နှင့် တပြိုင်နက်ပင် နောက်တစ်ကြိမ် ခုန်အုပ်လုနီးပါး ဖြစ်နေပြီ။
သူ့တွင် ကြောက်ရွံ့ရန် လုံးဝအချိန်မရှိပါ။ ဤနှစ်အနည်းငယ်အတွင်း သူ၏ စွန့်စားခန်းများသည် သူ့အား ခိုင်မာသော ရှင်သန်မှုဗီဇကို ပေးခဲ့ပါပြီ။ ဝူရှဲ့ လည်ချောင်းကို ကာကွယ်ပြီး ပြုတ်ကျသွားတဲ့ တောင်စောင်းဘက်ကို လှိမ့်ချလိုက်သည်။
ထပြီးနောက် ဘာကိုမှ ဂရုမစိုက်တော့ဘဲ လန့်သွားမိသည်။ အားကွေ့နဲ့ သူတို့နောက်က တခြားသူတွေဟာ သူတို့ရဲ့ သေနတ်တွေကို ပစ်ခတ်နေပြီ။ ဝူရှဲ့မှာလည်း ရုတ်တရက် လမ်းကြောင်းကို မပြောနိုင်တာကြောင့် ချိုင့်ထဲကိုပဲ အမြန် ပြေးဝင်သွားခဲ့သည်။ မီတာအနည်းငယ် ပြေးပြီးနောက် လေပြင်းတိုက်သံကြားလိုက်ရပြီး ခေါင်းနောက်ကို ကာရင်း ငုံ့ချလိုက်သည်။ မဟုတ်ရင် ဦးခေါင်းခွံကို တည့်တည့် ကိုက်မိသွားလို့ကတော့ ပွဲသိမ်းပြီ။
ဝူရှဲ့ လှည့်ကြည့်လိုက်တော့ လျှပ်စီးလက်သွားတဲ့အရှိန်နဲ့ လိုက်နေတဲ့ မှောင်မဲနေတဲ့ အရိပ်အယောင်ကို တွေ့လိုက်ရသည်။ ဒီအချိန်ကျမှာတော့ ဝူရှဲ့ခမျာ ကိုယ့်ကိုကိုယ် ခုခံဖို့ လုံးဝ အချိန်မရှိတော့ပေ။
မျက်လုံးကို လုံးဝ မမှိတ်နိုင်ခဲ့ချေ။ သို့သော် တစ်မှိတ်အတွင်းမှာပဲ ပတ်ဝန်းကျင်က မြက်ပင်တွေ ရုတ်တရက် ကွဲထွက်သွားပြီး အေးစက်တဲ့ အလင်းရောင်တစ်ခုနဲ့အတူ မြက်ခင်းပြင်ပေါ်ကနေ လျှပ်စီးလက်သလို အရိပ်မည်းကြီး တစ်ခုက ဖြတ်ပြေးလာခဲ့သည်။
အနက်ရောင် အရိပ်ကြီးသည် ကြီးမားသော အရိပ်နှစ်ခုနှင့် တိုက်မိပြီး အဝေးကို လှည့်ထွက်သွားသည်။ လီရှစ်၏ ဟောက်သံများနှင့် ညည်းညူသံများကိုသာ ကြားရပြီး မြက်ပင်များက ရှုပ်ထွေးစွာ ပွက်ပွက်ဆူလာသည်။
အချိန်အနည်းငယ် ကြာပြီးနောက် မြက်ခင်းပြင်သည် တိတ်ဆိတ်သွားကာ အတွင်းမှ မည်းမှောင်သော အသွင်တစ်ခု ပေါ်လာသည်။ ၎င်းကို တွေ့တော့မှ ဝူရှဲ့ သက်ပြင်းတစ်ချက်ချရင်း ထရပ်လိုက်သည်။ ထိုအဘိုးကြီးက ထွက်လာပြီး လရောင်ထဲကို လှမ်းကြည့်လိုက်သည်။ ပိန်ပိန်ပါးပါးနဲ့ ထူးဆန်းတဲ့ ထိုလူတစ်ယောက်ဟာ သွေးတွေနဲ့ ဖုံးလွှမ်းနေတဲ့ လီရှစ်ကို ကိုင်ထားကာ လက်ထဲမှာလည်း ထူးခြားတဲ့ အမဲလိုက်ဓား တစ်ချောင်းကို ကိုင်ထားသည်။
သူက ဝူရှဲ့ဆီ လျှောက်လာပြီး ဝူရှဲ့လည်း ၎င်းကို မြင်တော့ အံ့ဩသွားခဲ့သည်။ နောက်တစက္ကန့်မှာ ပိုလို့တောင် အံ့သြစရာကောင်းတဲ့ ပုံကို မြင်လိုက်ရလေ၏။ အကြောင်းမှာ ထိုလူရဲ့ ခန္ဓာကိုယ်မှာ အမည်းရောင် ချီလင် တက်တူးကို တွေ့လိုက်ရသောကြောင့်ပင်။
သမင်ချိုများ၊ နဂါးအကြေးခွံများ၊ မီးတောက်နေသော အညွှန့်တွေကလည်း မျက်နှာသေ၏ ခန္ဓာကိုယ်ပေါ်ရှိ အရာများနှင့် အတူတူပဲ ဖြစ်လေသည်။