(3)မီးလောင်နေပြီ
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (3)

မီးလောင်နေပြီ



ဒီအချိန်မှာ ဝူရှဲ့လည်း ထူးဆန်းတယ်လို့ ခံစားချက်ရပေမယ့် ကြောင်အနေတုန်းပင်။ ဒီလိုရာသီဥတုမျိုးမှာ ပျဉ်ထောင်အိမ်ဟောင်းမှာ မီးလောင်ကျွမ်းမှု ဖြစ်နိုင်ခြေက အရမ်းများပေမယ့် စိတ်ထဲမှာတော့ မထင်ထားမိသေးပါဘူး။ ခဏကြာတော့ စိတ်ထဲက ခံစားချက်ဟာ တဖြေးဖြေး ပြင်းထန်လာပြီး အသက်ရှူကျပ်လာသည်။ 


က​လေး​​တွေ နောက်​ကို​ ပြေးလိုက်​ပြီး မီး​​လောင်ရာဆီ​ ပြေးသွားကြည့်ရာ နီးကပ်​လာ​လေ​ ခံစားချက်က ပိုဆိုး​လာလေ ဖြစ်လာ၏။ ရှေ့ကို အပြေးအလွှား ပြေးလာသောအခါတွင် မြင်လိုက်ရသည့် အရာက မယုံနိုင်လောက်အောင် ထူထပ်သော အုတ်တံတိုင်းကြီးထဲမှ မီးခိုးများ ထွက်ကျလာပြီး အပူရှိန်က လွန်စွာ နီးကပ်လာမှ မီးအကြီးကြီး လောင်နေပြီမှန်း သိလိုက်သည်။ အုတ်တံတိုင်း အဆောက်အအုံ နောက်ဘက် တောင်တန်းတွေလည်း မီးလောင်၊ ချုံပုတ်တွေက မည်းမှောင်နေပြီး မီးက အထက်ကို ပျံ့နှံ့နေဆဲ ဖြစ်သည်။ 


ရွာသူရွာသားများက အရပ်ရပ်မှ လာရောက်၍ မီးငြိမ်းသတ်ရန် တောင်ပေါ်သို့ အပြေးအလွှား ပြေးတက်လာကြသည်။ တောင်ကြီးပါ မီးလောင်ကျွမ်းသည်နှင့် တစ်ပြိုင်နက် ဆိုးရွားသော အကျိုးဆက်များက မှန်းဆ၍မရနိုင်ကြောင်း သိ​ကြပါ​သေးသည်။ ဒါကြောင့် တောမီးကို အရင်ငြိမ်းသတ်တာက လုံးဝ မှန်ပါ၏။ 


မီးရဲ့ရင်းမြစ်က တောင်ပေါ်မှာရှိပုံရပြီး ကျန်းချီလင်အိမ်ရဲ့ အုတ်တံတိုင်း အဆောက်အဦးက တောင်ခြေရင်းမှာ ရှိတာကြောင့် ထိခိုက်မိပေမယ့် ဒါက လုံးဝ မူမမှန်မှန်း သိသာသည်။ အိမ်က အဲဒီနေရာမှာ လွတ်လွတ်လပ်လပ် ရပ်နေခဲ့တာလေ။ 


မီးက အရမ်းပြင်းသည်။ သူတို့ ချောင်းထဲရောက်တာ ခဏလေးပဲ ရှိသေးတာမို့ မိုးကြိုးထိတာတောင် ဒီလောက်မြန်မြန် လောင်မှာ မဟုတ်ဘူး။ အထင်ရှားဆုံး အချက်မှာ လေထုထဲတွင် ရေနံဆီ၏ အနံ့ပြင်းပြင်း ရှိနေခြင်းပင် ဖြစ်သည်။


ဤနေရာတွင် မီးသတ်ရေပိုက်များ မရှိသည့်အပြင် မီးသတ်စက်အဖြစ် အားလုံးတွင် ရေပုံးများသာ ရှိသော်လည်း ပုံးအရေအတွက်မှာ အကန့်အသတ်ရှိပြီး တောမီးငြှိမ်းသတ်သည့်အချိန်၌ ကျန်းချီလင်အိမ်က မီးလောင်သွားလောက်ပြီ။ ဝူရှဲ့မှာ စိတ်ဓာတ်ကျလာပြီး အပြေးအလွှား ဝင်ချင်ခဲ့သည်။ ဖက်တီးက ဖမ်းဆွဲပြီး ဝင်သွားရတာ အရမ်းအန္တရာယ်များကြောင်း၊ အသက်ကို စွန့်စားပေးစရာ အကြောင်းမရှိကြောင်း ပြောပါသည့။


ဝူရှဲ့စိတ်တွေက ကမောက်ကမ ဖြစ်ကာ မြေပြင်ပေါ် ဒူးထောက်လဲကျမလို ဖြစ်သွားသည်။ ရုတ်တရက် သူ့​ဘေးမှာ ပေါ်လာတဲ့ ပုံတစ်ပုံက သူ့တုံ့ပြန်မှု မပြုနိုင်ခင်မှာ အရှိန်ပြင်းပြင်းနဲ့ မီးဖိုခန်းဆီသို့ ပြေးသွားလေပြီ။ ဝူရှဲ့ မော့ကြည့်လိုက်တော့ မျက်နှာသေ ဝင်သွားတဲ့ နေရာကို လှမ်းမြင်လိုက်ရသည်။


"အစ်ကိုလေး!!"


အကာအကွယ်မပါဘဲ မီးထဲသို့ အပြေးအလွှားဝင်ခြင်းသည် ပြင်းထန်သော မီးလောင်မှုကို ဖြစ်စေ၏။ မီးက သနားညှာတာမှု လုံးဝ မရှိတာကြောင့် ဝူရှဲ့နဲ့ ဖက်တီးတို့ နှစ်ဦးစလုံး တုန်လှုပ်သွားကြသည်။ မီးကိုမထိရင်တောင် အဆင်ပြေမယ်လို့ မဆိုလိုနိုင်ပါဘူး။


ဖက်တီးက ချက်ချင်းအော်ပြီး အကူအညီတောင်းသည်။ နှစ်ယောက်သား ချက်ချင်း အမြန်ပြေးသွား၏။ သို့သော် အိမ်နဲ့ ငါးမီတာ ခြောက်မီတာ ဝေးတဲ့ နေရာကို ရောက်သွားတဲ့အချိန်မှာ တောက်လောင်နေတဲ့ အပူလှိုင်းက သူတို့ မျက်နှာကို ရိုက်ခတ်သွား​တော့သည်။ ဝူရှဲ့ ဆံပင်တွေ ချက်ချင်း ကောက်ကောက်ကွေးကွေးတွေ ဖြစ်ကုန်ကာ မျက်ခုံးနဲ့ ဆံပင်တွေဆီက တဖျပ်ဖျပ် အသံ​တွေပါ ထွက်လာသည်။


ဝူရှဲ့ သွားတွေကို အံကြိတ်ပြီး အရေပြားပေါ် ပူလောင်တဲ့ ဝေဒနာကို ခုခံရင်း အိမ်အစွန်းကို ပြေးဝင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ချက်ချင်း သိလိုက်ရသည်။ လှဲအိပ်ပြီး ကြည့်လိုက်ရုံမျှဖြင့် ရွှံ့နွံများ စိုစွတ်နေသော ရွှံ့ပုံးများ ဖုံးလွှမ်းနေသော မြေအောက်၌ မျက်နှာသေ တွားသွားနေတာကို တွေ့ရသည်။ 


"အစ်ကိုလေး!"


အနီးကပ်ကြည့်ဖို့ မဖြစ်နိုင်တော့ပေ။ အကြောင်းမှာ အပူရှိန်ပြင်းပြင်းနဲ့ မျက်လုံးဖွင့်လို့ မရတော့တာကြောင့် မျက်နှာသေလည်း တွားသွားခဲ့ရပုံပဲ။ ထိုစဥ် မီးငြှိမ်း​နေသတ်တဲ့ လူတွေက ပြေးလာပြီး ဝူရှဲ့တို့ကို ဖမ်းခေါ်သွားသည်။ 


သူ့ကိုကူညီပြီးတာနဲ့ မီးလောင်တဲ့ နေရာကနေ ပြိုကျလာတဲ့ ကျယ်လောင်တဲ့ အသံကိုကြားရပြီး မျက်နှာသေကလည်း အုတ်တံတိုင်း အဆောက်အအုံကြားက နေရာလွတ်ထဲကနေ တစ်ချက်လှိမ့်ကာ ထွက်လာပါ၏။ သူ့တစ်ကိုယ်လုံးမှာ အဖြူရောင်မီးခိုးတွေ ထွက်နေသည်။ သူက ချက်ချင်းထကာ ဝူရှဲ့တို့ဘက် ပြေးလာကာ တစ်စုံတစ်ယောက်ကလည်း ချက်ချင်း ခုန်တက်လာပြီး သူ့ကိုရေတွေ လောင်းပေးလိုက်သည်။ အနီးနားက လူတစ်ချို့က သူ့ကို ' ရူး​နေပြီ ရူး​နေပြီ' ဟုသာ ရေရွတ်နေသည်။ 


ရွှံ့နွံတွေဖုံးနေတဲ့ အိမ်ထဲကို ပြေးကြည့်လိုက်တော့ မီးလောင်သွားတာလား မသိပေမယ့် သူ့ဘယ်ဘက်လက်မှာ နေရာတော်တော်များများမှာ ပြာတွေနဲ့ မည်းနေတာကို တွေ့လိုက်ရသည်။ သူ့လက်နဲ့တူးဖို့ လမ်းဖွင့်ကာ ထွက်လာခဲ့ပုံပဲ။ ဝူရှဲ့ လှည့်အော်လိုက်သည်။ 


"ခင်ဗျားအသက် မရှင်ချင်တော့ဘူးလား?"


ဖက်တီးက မျက်နှာသေကို ထနိုင်အောင် သူ့ကို ကူညီပြီး မေး၏။ 


“ဘယ်လိုနေလဲ” 


သူ့မျက်နှာက ထုတ်ဖော်မပြတတ်ဘဲ အေးစက်စက် အမူအရာနဲ့ ပြောလေသည်။ 


"ဘာမှမရှိတော့ဘူး!"


အဲဒီနောက် မီးငြိမ်းဖို့ သွားတဲ့ လူတွေကို ကြည့်ကာ ဆက်ပြောသည်။


“ရေနံဆီနံ့ရတယ် ကြမ်းပြင်တောင် မီးလောင်သွားပြီ”


ဒီလုပ်ရပ်ရဲ့ အဓိပ္ပာယ်က ရှို့မီးဆိုတာ

ရှင်းနေပြီ။ ဖက်တီးက မီးငြိမ်း​နေတဲ့လူတွေကို ကြည့်ပြီး ပြောလာသည်။ 


"ဝူလေး... ဒီရွာက တစ်ခုခု​​တော့ မှားနေပြီ ထင်တယ်"


ထိုအခိုက် မျက်နှာသေကို ကြည့်ရင်း တစ်စုံတစ်ယောက်က အော်ပြောလာခဲ့သည်။ 


"သူ့ကို ရွာရုံးကို ခေါ်သွားလိုက်ပါ... မီးလောင်ဒဏ်ရာက အသေးအဖွဲ့ပဲ ဖြစ်ဖြစ် ကုသထား... ဘာပဲဖြစ်ဖြစ် အဲဒီအိမ်မှာ ဘယ်သူမှလည်း မနေ​တော့ဘူးလေ... လူတွေကို ဘယ်လိုကယ်တင်ရမလဲဆိုတာ သင်ယူမလို့လား"


စောင့်ကြည့်နေတဲ့ ကလေးတစ်ယောက်ကို တွေ့တော့ ရွာရုံးကို လမ်းပြဖို့ အကူအညီတောင်းတဲ့အခါ ကလေးက ဆရာဝန်ကို ခေါ်လာပေးမယ်လို့ ပြောလေသည်။ ဝူရှဲ့မှာ အခုနတုန်းက ကိစ္စကို ကြောက်နေသေးတာကြောင့် မျက်နှာသေကိုကြည့်ကာ ပွစိပွစိ လုပ်နေမိသည်။ ထိုအခါ ဖက်တီးက ပြဿနာမရှာဖို့နဲ့ တခြားသူတွေ ကြားမှာစိုးလို့ သတိထားဖို့ ပြောလာ၏။ ဝူရှဲ့ခမျာ ပါးစပ်သာ ပိတ်နေရတော့သည်။ သူ့နှလုံးတွေက တစ်ခုခု ပိတ်ဆို့နေသလို အသက်ရှူမဝသလို ဖြစ်နေရာ ဘာပြောရမှန်းတောင် မသိတော့ပေ။ 


မျက်နှာသေကတော့ သူ့ခန္ဓာကိုယ်​ပေါ်ရှိ ဒဏ်ရာများကို လုံးဝ ဂရုမစိုက်ဘဲ ကြောင်မှိန်းနေကာ ဘာကိုတွေးရမှန်း မသိပေ။ သူက ထိုနေရာတွင်သာ ရပ်နေကာ လေထုက တင်းမာလာသည်။ ဝူရှဲ့မှာတော့ ထိုလူကိုကြည့်ရင်း ဘယ်လို စိတ်ဓာတ်ကျနေကြောင်းတောင် မပြောပြတတ်ပေ။ ဒီလို ဖြစ်လာမယ်လို့ ဘယ်သူက ထင်မှာလဲ။ သိခဲ့ရင် ချောင်းထဲ သွားတာထက် အရိုက်ခံလိုက်ရတာက ပို​တောင် ကောင်းဦးမည်။ အခု ပြောဖို့ နောက်ကျသွားပြီ။


မီးငြှိမ်းသတ်ရန် လေးနာရီခန့် ကြာခဲ့သည်။ မကြာမီတွင် ဆရာဝန်တစ်ဦးရောက်ရှိလာပြီး ဒဏ်ရာများကို ဆေးရွက်များဖြင့် ကုသပေးခဲ့သည်။ မျက်နှာသေကို စစ်ဆေးပြီးနောက် သူအဆင်ပြေကြောင်း ပြောပြ၏။ မျက်နှာသေသည် မြေအောက်ရွှံ့၏ အပူဒဏ်ကြောင့် ဖြစ်နိုင်သော်လည်း သူ၏ ဘယ်ဘက်လက်က အနည်းငယ် လောင်ကျွမ်းသွားခြင်း မရှိပေ။  


ဆရာဝန်က သူတို့ကြားက လေပြင်းတွေ လှိုင်းလုံးတွေကို မြင်ပုံရပြီး စိတ်မပူဘဲ ဆေးဖက်ဝင်အပင်တွေကို ဖြည်းညှင်းစွာ ပေးကာ ဆေးတွေလဲနေသမျှ အမာရွတ်တွေ မကျန်တော့ဘူးလို့ ဆိုပါသည်။ ဤနေရာတွင် နွေရာသီတွင် တောင်ပေါ်မီးလောင်ကျွမ်းမှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ရွာသူရွာသားများသည် ရှေးခေတ်ကတည်းက မီးလောင်မှုဒဏ်ကို အများအပြား ခံစားခဲ့ကြရသည်ဟု ပြောပြသည်။ 


ဝူရှဲ့တို့ထဲက တစ်ယောက်မှ စကားမပြောကြချေ။ အားကွေ့ရဲ့အိမ်ကို ပြန်ရောက်တဲ့အခါ ဝူရှဲ့တစ်ယောက် သူ့မျက်ခုံးမွှေးတချို့ မီးလောင်ပြီး ပြုတ်ကျသွားတာကို တွေ့လိုက်ရတော့ မီးလောင်တာက ကြောက်စရာ ကောင်းတယ်လို့ တွေးမိသည်။ 


မျက်နှာသေကတော့ သူ့စတိုင်မတိုင်း လုံးဝတိတ်ဆိတ်လျက် ရှိပြီး အခန်းထဲတွင် မီးလောင်နေသော ဟင်းသီး ဟင်းရွက်နံ့များနှင့် ပြည့်နေသဖြင့် အလွန်စိတ်မသက်မသာ ဖြစ်မိသည်။ ထိုအခိုက် ဝူရှဲ့ ဖက်တီးကို နည်းနည်းလေး အပြစ်တင်မိ၏။ သူသာ ပြန်လာဖို့ မပြောဘူးဆိုရင် အထဲဝင်ပြီး ဓာတ်ပုံတွေယူဖို့ အခွင့်အရေး ရလောက်မယ်၊ အခုဖြစ်မလာဘူးဆိုပြီး ပြောလိုက်တော့ ဖက်တီးက ဒေါသထွက်ပြီး ပြောသည်။ 


"ငါ့ကိုဘာလို့ အပြစ်လာတင်နေတာတုန်း! အဲဒါက သေချာပေါက် တစ်ယောက်ယောက်က တမင်သက်သက် မီးလာရှို့သွားတာလေ... အတင်းဝင်ရင် ငါတို့ ပစ်မှတ်ထားခံရမှာ မကြာခင် တစ်ခုခုတော့ ဖြစ်လာလိမ့်မယ်... နောက်ပြီး ဒီလိုအခြေအနေမျိုးမှာ နေ့ခင်းကြောင်တောင် သူများအိမ်ထဲ တွားသွားဝင်သွားရင် အရိုက်ခံရမှာ သေချာတယ်ဟ! ငါတို့ကို ဓာတ်ပုံတွေကို မမြင်စေချင်လို့ပဲ ဖြစ်မယ်" 


ဝူရှဲ့လည်း စိတ်တိုနေသလို ခံစားနေရသည်။ ဒီအချိန်မှာ ဖက်တီးကို အပြစ်မတင်နိုင်ပေမယ့် သူ့ဘက်က ဒီလိုပြောလာတဲ့ အခါမှာတော့ ဝူရှဲ့ သူနဲ့ ရန်ဖြစ်ချင်စိတ်ကို တွန်းလှန်ပြီး နံရံနဲ့ ခေါင်းကို အကြိမ်အနည်းငယ် ဆောင့်လိုက်ခါမှ နည်းနည်း ငြိမ်သွား၏။ 


ဖက်တီးက သူ့လျှာကို ကိုက်ပြီး "ငါတို့ ဒီကိစ္စကို ဘာမှလုပ်လို့ မရ​တော့ဘူးထင်တယ် ဒီလိုလုပ်မယ်ဆိုပြီး တွေးထားတာ ကြာနေပြီထင်တယ် မဟုတ်ရင် ငါတို့ ဒီလောက် ကံဆိုးမှာ မဟုတ်ဘူး....မီးရှို့တဲ့လူက ဟိုအရူးဖြစ်မယ် သေတ္တာကို ခိုးတဲ့သူက တခြားတစ်ယောက်ရဲ့ ဟန်ဆောင်မှုဖြစ်နိုင်သလို သူလည်း မီးလောင်မှုအဖွဲ့ရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” သူ ခေတ္တရပ်လိုက်ပြီး။


“သူရဲ့ အပေါင်းအပါက အပြင်ကို ထွက်သွားတာတွေ့တာနဲ့ ငါတို့ ထပ်မဝင်ရဲတော့ဘူးလို့ ထင်မှာပဲ... ပြီးတော့ ငါတို့ ထွက်သွားတာနဲ့ အိမ်ကို မီးရှို့ကြလိမ့်မယ်… မိုက်လိုက်တာ! သေချာပေါက် အဲ့လိုပဲ ဖြစ်မယ်..."


ဒီနည်းနဲ့ သူတို့က မိမိတို့ကို ခဏရှာဖွေ​ကြည့်ပြီး ငါတို့ရဲ့အစီအစဥ်အကြောင်း စောစောကတည်းက မသိခဲ့မယ်ဆိုရင် သူတို့ဟာ အတိုင်းအတာ တစ်ခုအထိ ပြင်းပြင်းထန်ထန် လုပ်မှာ မဟုတ်သေးပေ။


ဒီလိုဆိုရင် မီးတင်ရှို့သူတွေဟာ အဲဒီအချိန်က တောင်စောင်းမှာ သူတို့ကို စောင့်ကြည့်နေခဲ့တဲ့ ရွာသားတွေ ဖြစ်ကောင်းဖြစ်နိုင်ပါ၏။ သူတို့က ဘယ်သူတွေလဲ။ သူတို့ကို တစ်ခါမှမတွေ့ဖူးသလို သူတို့ကလည်း မိမိတို့ကို သိမှာ မဟုတ်ဘူးလေ။ 


"သူတို့က ငါတို့ ဘာရှာနေမှန်း မသိလောက်ဘူး ငါတို့ ဓါတ်ပုံတွေကို ရှာနေတာ သိရင် ဓါတ်ပုံတွေကို ဖယ်ပြီး မီးရှို့ပစ်နိုင်တယ်... တစ်အိမ်လုံးကို မီးရှို့စရာ မလိုဘူး" 


ဖက်တီးက ပြောပါသည်။ 


"ဒီလူတွေက သူတို့မျက်နှာတွေပေါ်မှာ ဖုံးကွယ်ထားနိုင်လောက်တဲ့ အထိတော့ ဉာဏ်ရည်မမီကြလို့ ငါယုံတယ်... မင်း သူတို့မျက်နှာပေါ်က အကြည့်တွေကို မှတ်မိသေးတယ်မလား?" 


ဝူရှဲ့တွင် မရေရာသော အထင်အမြင်များ ရှိသော်လည်း သူမြင်ခဲ့ရသော အကွာအဝေး အတွင်းက မျက်နှာအမူအရာတွေကို မှတ်မိရန် ခက်ခဲမည် ဖြစ်သဖြင့် သက်ပြင်းကို မချနိုင်တော့ပေ။ 


အကယ်၍ ကျန်းချီလင်သာ သံသေတ္တာကို ချက်ချင်း မစဉ်းစားမိခဲ့လျှင် ဓာတ်ပုံကို တိုက်ရိုက် မြင်ခဲ့ရလိမ့်မည်။ ယခုအခြေအနေမှာ ဖြစ်မလာတော့သော်လည်း ဖြစ်လာပါက သေတ္တာသည် မီးလောင်ကျွမ်းနေသော အပျက်အစီးများ အောက်တွင် နစ်မြုပ်သွားမည်ဖြစ်ပြီး အလင်းရောင်ကို မည်သည့်အခါမျှ မမြင်နိုင်​တော့ချေ။ 


အမှားတွေ ရှိခဲ့တယ် ဆိုတာကို တွေးကြည့်မိတော့ ဝူရှဲ့ နည်းနည်း စိတ်သက်သာရာ ရသွားသည်။ ကောင်းကင်က ကန့်သတ်ထားတာ ဖြစ်ပြီး ဒီအိမ် မီးလောင်ပြီးတာနဲ့ သိနိုင်လိုက်တာ တစ်ခုက ဒီရွာက တစ်ယောက်ယောက်က တစ်ခုခုတော့ သိထားရမယ်။ ဘာပဲဖြစ်ဖြစ် ဒါက သဲလွန်စ တစ်ခုပဲ မဟုတ်ဘူးလာ။ 


ဒါပေမယ့် အဲဒီလူတွေကို အရေးယူမလား။ ဒီလူတွေကပဲ သူတို့ကို အရေးယူမလား ဆိုတာတော့ မသိသေးပေ။ ဒါမှမဟုတ်ရင် အိမ်ကိုပါ မီးရှို့ပစ်ဖို့ မလိုဘူးလို့ ဖက်တီး ပြောစကားက ကျိုးကြောင်းဆီလျော်ပါ၏။ သူတို့ကိုပါ သတ်ချင်ရင်တော့ နောက်တစ်ခါ ပိုသတိထားရလိမ့်မည်။ 


ဒီလိုတွေးလိုက်မိပေမဲ့ ဖက်တီးကတော့ နည်းနည်း စိတ်ပူနေတုန်းပင်။ သူသည် အားကွေ့ခြံထဲက တံစဉ်တွေ ယူလာပြီး ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ကုတင်အောက်မှာ ထိုးထည့်ထားလေသည်။ တံခါးနဲ့ ပြတင်းပေါက်မှာလည်း ခွက်တွေကို ချိတ်ဆွဲထားကာ အကယ်၍ တံခါးနှင့် ပြတင်းပေါက်များသာ ရွေ့သွားပါက ပြိုလဲကျပြီး အသံထွက်လာလိမ့်မည်။


ဝူရှဲ့တော့ ဒီအချိန်မှာ စိတ်မသက်မသာ ခံစားနေရသည်။ တစ်စုံတစ်ယောက်က သူတို့ကို ဟန့်တားနေတာကြောင့် လမ်း​ပြဟောင်းကို ရှာဖွေရာမှာ ကူညီပေးနေတဲ့ အားကွေ့နဲ့ ပတ်သက်တဲ့ အရာတွေဟာ မှားသွားပါလိမ့်မယ်။ တချို့လူတွေက သူတို့ကို ဆက်ပြီး မစုံစမ်းစေချင်တဲ့ပုံပဲ။