(58) စောင့်ဆိုင်းခြင်း
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (58)

စောင့်ဆိုင်းခြင်း



ရာဇပလ္လင်ပေါ်က ရုပ်အလောင်းကို အဝေးကကြည့်ရင် ဒါဟာ ရှီးဝမ်းမယ်တော်ရဲ့ ရုပ်အလောင်းပဲလားလို့ တွေးမိမှာပင်။ ဝူရှဲ့သည် ဒီလိုအခြေအနေမျိုးက်ု ကြုံဖူးတာ အကြိမ်ပေါင်းများစွာ ရှိပေမယ့် ဒီနေရာက အရမ်းဆိုးတယ်လို့ ခံစားရပြီး မြည်းနက်ခွာကို ထုတ်ဖို့ တစ်ယောက်ယောက်ကို ချက်ချင်း တောင်းဆိုချင်ခဲ့သည်။ 


ဖက်တီး: "ရှီးဝမ်းမယ်တော် မဖြစ်နိုင်ပါဘူး.... သူမကို အုတ်ဂူထဲမှာ မြှုပ်ထားတာပဲ ဖြစ်မယ်... ဒီမှာ လဲလျောင်းနေစရာ အကြောင်း မရှိဘူး ထိုင်​နေစရာလည်း အကြောင်းမရှိဘူး ကြည့်ရတာ ကျောက်တုံးရုပ်ကြီးလို့ ထင်ရတယ်ရော "


ဝမ်းကျင်: "ကျောက်လူသား ဆိုတာလည်း လုံးဝ မဖြစ်နိုင်ဘူး... ဒီနေရာက လူ့ရုပ်တုတွေကို ချထားစရာ အကြောင်း မရှိဘူးလေ... လူရုပ်တစ်ရုပ်ကိုတောင် တစ်လမ်းလုံး ငါတို့ မတွေ့ခဲ့ရဘူး... ဒီနေရာက အရမ်းလျှို့ဝှက်တော့ ရှီးဝမ်း ဘုရင်မရဲ့ သန့်ရှင်းတဲ့မြေပဲ.... ဒီလိုနေရာမျိုးမှာ ရုပ်တုကို ချထားတာက အရမ်း အရေးပါနေလိမ့်မယ်... ငါတို့ သတိထားရမယ်"


ဖက်တီး: "ဖန့်ကျစ်ရဲ့သေနတ် ပျက်သွားတာ သနားစရာဘဲ မဟုတ်ရင် ဒီအဝေးကနေ သူ့ကို ခေါင်းကို ပစ်သတ်လိုက်ရင် သူက လူလား တစ္ဆေလား သိရပြီ"


ဝူရှဲ့ကတော့ စိတ်ထဲမှ 'တစ္ဆေဖြစ်ရင် မင်း မသတ်နိုင်ဘူး ဒါပေမဲ့ လူဖြစ်ရင် မင်းလူသတ် ဖြစ်သွားလိမ့်မယ်' လို့ အော်ပြောလိုက်သည်။ 


ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူတို့ အဲဒီနေရာကို သွားရမှာဆိုတော့ လူလား တစ္ဆေလား သိရမှာပင်။ အဲဒီနေရာက ဥက္ကာခဲနဲ့ နီးတဲ့နေရာပဲလေ။ ဒါနဲ့ လူတွေကိုခေါ်ပြီး ကျောက်လှေကားထစ်တွေဆီ ဦးတည်သွားခဲ့သည်။ 


ဤနေရာတွင် စက်ယန္တရားများ ဆောက်လုပ်ရန် အခြေအနေ လုံးဝ မရှိသောကြောင့် စိတ်အေးလက်အေး သွားလို့ရသည်။ ကျောက်လှေကားများကို အပြင်းအထန် ဖြိုခွင်းပြီး နှစ်ဖက်စလုံးတွင် မီးထွန်းရန်အတွက် အသုံးပြုနိုင်သည့် ကြေးမီးတိုင်များကို အလှဆင်ခြင်း အဖြစ် လုံးလုံးလျားလျား ချယ်လှယ်ထားသည်။ ဖက်တီးက သူ့ကျောပိုးအိတ်ထဲမှာ တစ်လုံးကို တပ်ဆင်ချင်ခဲ့သော်လည်း ထိလိုက်တာနဲ့ ကွဲသွားလေသည်။ 


ကျောက်လှေကားထစ်တွေက ရေထဲက ဖြည်းဖြည်းချင်း ထွက်လာတော့ သူတို့ရဲ့ ခန္ဓာကိုယ်ကလည်း ခဲတွေနဲ့ ပြည့်နေသလို ခံစားလာရလေသည်။ ခဏလောက် အနားယူပြီးတဲ့အခါ အနက်ရောင် မြည်းခွာတွေနဲ့ ယဇ်ပလ္လင်ပေါ်ကို ဂရုတစိုက် လျှောက်သွားခဲ့ကြသည်။ ဆိုင်းငံ့ခြင်း မရှိသလောက်ပင် မိုင်းမီးရောင်များသည် ရုပ်ပုံသဏ္ဌာန်ဆီသို့ တဖျပ်ဖျပ် ခတ်သွားသော် ပလ္လင်ပေါ်တွင် ထိုင်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။


အနီးကပ် ကြည့်လိုက်တော့ ပလ္လင်ပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီး အလောင်းကို တွေ့လိုက်ရသည်။ 


ဤအမျိုးသမီး အလောင်းသည် ဆံပင်ပေါ်တွင် အလွန်ရှုပ်ထွေးသော သရဖူကို ၀တ်ဆင်ထားပြီး သူမသည် ရွှေရောင်ပိုးစကတ်နှင့် ကျောက်စိမ်းတုံးဖြင့် ဖုံးထားသော ၀တ်ရုံကို ဝတ်ဆင်ထားသည်။ အမျိုးသမီးအလောင်းက မတ်တတ်ထိုင်နေပုံ ပေါ်တာကြောင့် အသက်ဝင်​နေသည့် အတိုင်းပက်။


အမျိုးသမီး အလောင်း၏ မျက်နှာကို အနီးကပ်ကြည့်ရှုပြီးနောက် အလောင်း၏ မျက်နှာအား ထုံးနှင့်ဆင်တူသော စိမ်းပြာရောင်အလွှာဖြင့် ဖုံးအုပ်ထားပြီး မူလ အကျိုးသက်ရောက်မှုကို ဖန်တီးရန် ဂရုတစိုက် ထုလုပ်ထားကြောင်း သိလိုက်ရသည်။ အမျိုးသမီး၏ ခန္ဓာကိုယ်တွင် အရေပြား သဲလွန်စ မတွေ့ရပေ။ အလောင်းအား မည်မျှ ကောင်းစွာ ထိန်းသိမ်းထားသည်ကို မသိရပေ။ မိုင်းတွင်းမီးရောင် အောက်မှာ သူမက အလွန်ကြောက်စရာကောင်းတဲ့ ဘုရားကျောင်းထဲမှာ ရွှံ့စေးဘုရား တစ်ဆူနဲ့ပင် တူနေသည်။ 


အမျိုးသမီး အလောင်း၏ အနောက်တွင် ရှီးဝမ်းနိုင်ငံ ဒေသကြီးမှ သံချပ်ကာ ၀တ်ဆင်ထားသော အစောင့်နှစ်ဦးက ရပ်နေသည်။ အလောင်းနှစ်လောင်းသည် အမျိုးသမီးအလောင်းကဲ့သို့ ကောင်းစွာ မကာကွယ်နိုင်ခဲ့သည်မှာ ထင်ရှားစွာပင် သူတို့၏ မျက်နှာပေါ်ရှိ အရေပြာတွေက သံပုရာသီးများနှယ် ကွာကျပြီး အတွင်းရှိ အရိုးများလည်း ပုပ်သွားသည်ကို တွေ့ရသည်။ ချပ်ဝတ်တန်ဆာသည် အနက်ရောင်ဖြစ်ပြီး ကျောက်စိမ်းရုပ်များနှင့် တူညီသော ပစ္စည်းဖြင့် ပြုလုပ်ထားသောကြောင့် ယခုမှသာ သေသေချာချာ တွေ့ရလေသည်။ 


ရှေးခေတ် အလောင်း ၃ လောင်း အားလုံးသည် မတ်တပ်ရပ်သူကရပ် ထိုင်သူက ထိုင်နေပြီး ၎င်းတို့ကို အထူး ဖန်တီးပေးထားကြောင်း ထင်ရှားပါသည်။


ဖက်တီး : “ဒါက ရှီးဝမ်းမယ်တော်များလား?" 


ဝူရှဲ့ ခေါင်းညိတ်ပြလိုက်သည်။ 


"တူညီတဲ့ ကိုယ်ဟန် အနေအထားကို ကြည့်လိုက်ရင် အမှန်ပဲ... သူမ တကယ် ဒီမှာ ရှိနေလိမ့်မယ်လို့ ငါလည်း မမျှော်လင့်ထားဘူး.... ရှေးလူကြီးတွေက သူမရဲ့ ခန္ဓာကိုယ်ကို စွန့်ပစ်ပြီး ဒီနေရာမှာ ချထားခဲ့တာ ဖြစ်မယ်"


ထိုကျောက်စိမ်းတုံးများကို မြင်သောအခါ ဖက်တီး၏ မျက်လုံးများလည်း ရုတ်တရက် တောက်ပလာခဲ့သည်။ 


“နောက်ဆုံးတော့ ဖက်တီးတို့ ပစ္စည်းကောင်းတွေကို တွေ့ရပြီ... မိန်းကလေးတွေကတော့ မိန်းကလေးတွေပါပဲ... ရတနာကို သေတဲ့အထိ ဝတ်သွားကြတယ်” 


ဝူရှဲ့လည်း ဖက်တီး မလှုပ်ခင်မှာ သူ့ကိုအရင် ဖမ်းထားလိုက်သည်။ မျက်နှာသေကလည်း ဝူရှဲ့တို့ကို အနားမကပ်ဖို့ လှမ်းတားကာ သူက ပလ္လင်ပတ်လည်က မြေပြင်မှာ ထွင်းထားတဲ့ ပုံစံ​တွေကို ညွှန်ပြလိုက်သည်။ သူ၏ ပုံမှန်မဟုတ်စွာ ရှည်လျားသော လက်ချောင်းများဖြင့် ကြမ်းပြင်ကို ထိလိုက်သည်။ အနားစွန်းကို ထိမိသောအခါ သူက ပြောလေ၏။ 


"သေးငယ်တဲ့ ကွာဟချက်တစ်ခုက ဒီနေရာကို ဟန်ချက်ညီအောင် ထိန်းထားတာ ဖြစ်နိုင်တယ်... သူမနား မကပ်နဲ့"


ဝူရှဲ့လည်း သက်ပြင်းတစ်ချက် ချကာ မော့ကြည့်လိုက်တော့ ဥက္ကာခဲ၏ မျက်နှာပြင်သည် သူတို့နှင့် ထိလုနီးပါး ရှိနေသည်ကို တွေ့လိုက်ရပြီး ခုန်လိုက်ရုံဖြင့် ထိသွားနိုင်သည်။ သူတို့၏ဦးခေါင်း အထက်တွင် တွင်းနက်များစွာ ရှိနေသည်။ သေချာ ကြည့်သောအခါတွင် အပေါက်များသည် ဥက္ကာခဲ၏ အတွင်းပိုင်းသို့ တိုက်ရိုက် ရောက်ရှိသွားနိုင်ကြောင်း ခန့်မှန်းရကာ တွင်းနံရံများက အလွန်ချောမွေ့နေပါသည်။


ဝမ်းကျန့်ဟိုင်က ဒီအရာကို ရှာနေတာလား။ ဝမ်းကျင် ပြောသည့်အတိုင်း သူသည် မသေနိုင်သူဖြစ်မယ့် လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့ပါက ဤဥက္ကာခဲသည် မအိုမသေ ဖြစ်မည့် အခြေအနေနှင့် ဘယ်လိုများ စပ်ဆိုင်နေတာလဲ။ 


ဝူရှဲ့မှာ သေသေချာချာ မော့ကြည့်လိုက်တော့ ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။ 


ဤဥက္ကာခဲရဲ့ ပစ္စည်းက ဘာလို့ ကျောက်စိမ်းရုပ်နဲ့ အရမ်း တူနေရတာလဲ။ ဤအရောင်၊ ဤတောက်ပမှု၊ တူညီသော ပစ္စည်းဖြစ်ပုံရသည်။ ဝူရှဲ့ တစ်ချက်ခုန်၍ ထိလိုက်ကြည့်လိုက်တော့ ဥက္ကာခဲက ပူနေပြီး လုံးဝ မအေးသွားတာကို တွေ့လိုက်ရသည်။ 


ဝူရှဲ့ သူ့ဘာသာသူ တွေးလိုက်မိတာကတော့ ဒါကြီးဟာ "ဥက္ကာပျံကျောက်စိမ်း" အပိုင်းများလား ဆိုတာပါပဲ။


ဤကမ္ဘာတွင် ဥက္ကာခဲဟုခေါ်သော ကျောက်မျက်ရတနာ တစ်မျိုး ရှိပြီး ၎င်းသည် ကျောက်စိမ်းနှင့် အလွန်ဆင်တူသောကြောင့် ၎င်းကို ကျောက်စိမ်းအဖြစ် သတ်မှတ်ပြီး အလွန်အဖိုးတန်သော ဥက္ကာခဲတစ်မျိုးလည်း ဖြစ်သည်။ သို့သော် ဤဥက္ကာခဲ၏ အရောင်သည် ကျောက်မျက်ရတနာ ဥက္ကာခဲထက် ပို၍နက်ရှိုင်းပြီး အထူးပါဝင် ပစ္စည်းများ ပါရှိသော ရှားပါးသော ဥက္ကာခဲတစ်ခု ဖြစ်နိုင်လား စဥ်းစားစရာပင်။ ပြီးတော့ အဲဒီ ကျောက်စိမ်းရုပ်တွေကို ဒီလို ဥက္ကာခဲတွေနဲ့ လုပ်ထားတာလား မပြောတတ်။ 


ဒီအတိုင်း အမှန်ဆိုလျှင် ဤအရာသည် ငွေအမြောက်အမြား တန်လိမ့်မည်။ ပေါင်နဲ့ရောင်းရင်တောင် ဒီလောက်ကြီးတဲ့ အပိုင်းက ငွေတော်တော်များများ ရအောင်ယူနိုင်မှာ သေချာသည်။ ဝူရှဲ့ သူ့အတွေးတွေကို ထုတ်ပြောတဲ့အခါ လူတိုင်းကလည်း အဓိပ္ပာယ်ရှိတယ်လို့ ထင်ကြသည်။ 


ဝမ်းကျင် : “ကြည့်ရတာ သွေးအလောင်းတွေ ပေါ်ပေါက်လာပုံက ဒီဥက္ကာခဲတွေနဲ့ နက်ရှိုင်းတဲ့ ဆက်နွယ်မှု ရှိပုံရတယ်... ရှီးဝမ်းမယ်တော်က ရှေးခေတ်တုန်းက ဒီလိုတန်ခိုးကို ရှာတွေ့ခဲ့တာကနေ ကျောက်စိမ်းရုပ်တုတွေ လုပ်ဖို့ ဥက္ကာခဲတွေကို သုံးခဲ့တာ ဖြစ်မယ်” 


ဝူရှဲ့ ဆံပင်​တွေကို ထိုးဖွလိုက်ကာ တစ်ချက် စဉ်းစားမိသည်။ 


"ဟန်မင်းဆက်ကတည်းက ခေတ်စားလာတဲ့ ရွှေချည်အဝတ်အစားတွေက အလောင်းတွေကို နှစ်ပေါင်းထောင်ချီ ဆွေးမြေ့မရအောင် ကာကွယ်ထားတယ်လို့ ပြောချင်တာလား... ဒါပေမဲ့ ရွှေချည်အဝတ်အစားတွေကို ရှေးဟောင်း သုတေသန ပညာရှင်တွေက မကြာခဏ ရှာဖွေတွေ့ရှိခဲ့တယ်လေ...ဒီဒဏ္ဍာရီက သိပ္ပံနည်းကျ မဟုတ်တာတော့ သိသာတယ်...ဒါဆို ဒီဒဏ္ဍာရီက ဘယ်ကလာတာလဲ? ရှေးစာအုပ်တချို့ကို ရှာဖွေကြည့်ရာကနေ ရွှေချည်အထည်တွေက အလောင်းတွေကို အကာအကွယ် ပေးတယ်လို့ တွေ့ခဲ့ကြတာများလား...ဒီကျောက်စိမ်းက သာမန်ကျောက်စိမ်းတွေနဲ့ မတူဘူးလားလည်း မသိရသေးဘူး”


ဖက်တီး: "စစ်မတ်ကာလ ပိုးထည်ကြောင့်များလား? ဟန်မင်းဆက်ရဲ့ ရွှေချည်အ၀တ်အထည်များကို စစ်မက်ခေတ်က စစ်ဖြစ်တဲ့ ပြည်နယ်တွေဆီက တုပထားတာ မဟုတ်ဘူးလား... အဲ့တော့ ဒီကျောက်စိမ်းရုပ်တွေကလည်း အဲဒါကို တုပထားတာများလား"


“ဖြစ်နိုင်တယ်” ဝူရှဲ့ ခေါင်းညိတ်လိုက်၏။ 


“ဒါဆို ဝမ်းကျန့်ဟိုင်က ဒီအားနည်းချက်ကို ရှာတွေ့တော့ သူက ရှေးဟောင်းစာအုပ်တွေမှာလည်း ဒီလို ကျောက်စိမ်းရုပ်မျိုး လုပ်ဖို့အတွက် ပစ္စည်းအစစ်ကို ရှာတော့တာ ဖြစ်မယ်"


ရုတ်​တရက်​ ဝူရှဲ့စိတ်​ထဲ ​ပေါ်လာတဲ့ အရာ​တွေ ရှင်းသွားသလို ခံစားလိုက်​ရသည်။ 


"ဟုတ်တယ်... အဲဒါသာ မှန်တယ်ဆိုရင် ဝမ်းကျန့်ဟိုင်ရဲ့ အုတ်ဂူလုယက်မှုတွေ အားလုံးက ဒီဥက္ကာခဲ အပိုင်းအစကို ရှာနေကြတာများလား... နောက်ဆုံးတော့ သူက ဥက္ကာခဲရဲ့တည်နေရာကို ရှာဖွေတွေ့ရှိပြီး လူတွေကို ဒီကို ခေါ်ဆောင်လာခဲ့တာလား"


ဝမ်းကျင်: "မဟုတ်ဘူး... မင်းပြောတဲ့အတိုင်း သူဒီကို ရောက်ခဲ့လို့ ကျောက်စိမ်းကို တွေ့ခဲ့ရင် လှုပ်ရှားပြီးလောက်ပြီ... ဒါပေမဲ့ ပင်လယ်အောက်က ဂူသင်္ချိုင်းမှာ ကျောက်စိမ်းရုပ်တွေကို ငါတို့ မတွေ့ခဲ့ရဘူး... ဒါက ဝမ်းကျန့်ဟိုင်ရဲ့ ပစ်မှတ် မဟုတ်လောက်ဘူး"


ဝူရှဲ့: “ဒါဆို သူ့ရည်မှန်းချက်က ဘာလဲ” 


ဝမ်းကျင်က ဥက္ကာခဲပေါ်က အပေါက်တွေကို ကြည့်ပြီး ခေါင်းခါလိုက်၏။ 


"ငါမသိဘူး.... ဒါပေမဲ့ ဒီပစ်မှတ်က အဲဒီတွင်းတွေထဲမှာပဲ ရှိမယ်လို့ ခံစားရတယ်" 


ဝမ်းကျင်၏ လေသံက အလွန် ဆန်းကြယ်လှသည်။ ဝူရှဲ့လည်း အဲဒီအပေါက်တွေကို ကြည့်လိုက်တော့ အထဲမှာ ဘာရှိနိုင်မလဲလို့ တွေးမိသည်။ သူမက အချိန်အတော်ကြာအောင် ကြည့်ပြီးနောက် ကျောပိုးအိတ်ထဲက ကြိုးကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး ပြောလာသည်။ 


“ငါ ဝင်ကြည့်မယ်” 


ဒါကဘယ်လိုလုပ် ဖြစ်ပါ့မလဲ။ ဝူရှဲ့ ကြားတာနဲ့တင် သူမကိုတားချင်ပေမယ့် မျက်နှာသေက ဝူရှဲ့ဘက်ကို လက်တစ်ဖက်ဆန့်ကာ တားလာသည်။ ဝူရှဲ့ သူ့ကိုကြည့်ရင်း သူဘာကိုဆိုလိုသလဲ ဆိုတာကို သဘောပေါက်သွားသည်။ သူတို့မှာ ရွေးချယ်စရာ တစ်ခုရှိသည်။ သို့သော်လည်း ဝမ်းကျင်မှာက ရွေးစရာမရှိချေ။ 


ဝူရှဲ့ သက်ပြင်းချလိုက်ပြီး ခွန်အားမဲ့သွားသလို ခံစားလိုက်ရသည်။ လူတွေဟာ တခြားသူတွေကို ကူညီချင်တဲ့ စိတ်မျိုးရှိပေမယ့် မကူညီနိုင်တဲ့ အခါမျိုးမှာ ဒီလို အကူအညီမဲ့မှုမျိုးကို တီဗီမှာသာ မြင်နိုင်မယ်လို့ အမြဲတွေးထားပေမယ့် လက်တွေ့မှာပါ ဒီလိုဖြစ်လာလိမ့်မယ်လို့ ဝူရှဲ့ မမျှော်လင့်ခဲ့ပါဘူး။ ဝူရှဲ့ခမျာ တကယ်တော့ အဆင်မပြေချေ။ 


ဝမ်းကျင်သည် အလွန်လျင်မြန်စွာ လှုပ်ရှားသွားပြီး ချက်ချင်းပင် သူမသည် ကြိုးကို ချိတ်ဆက်ရန် မျက်နှာသေကိုလည်း ကူခိုင်းလိုက်သည်။ သူမက အပေါက်များပေါ်တွင် မိုင်းတွင်းမီးခွက်ကို လှမ်းထိုး၍ ဝင်ရောက်ရန် ပြင်ဆင်နေသည်။


မူလက သူမကိုယ်စား တစ်စုံတစ်ဦးကို ရှာကယ ဝင်စေချင်သော်လည်း အပေါက်တစ်ခုစီသည် ကတ္တရာစေးပုံးကဲ့သို့ ကြီးမားသော်လည်း ဒေါင်လိုက်နီးပါးဖြစ်နေသဖြင့် တွန်းတိုက်ရင်း ဒူးတုတ်ရင်းမှ ဝင်သွားရမည်။ သူတို့ ယောက်ျားတွေက အရပ်မြင့်ပြီး ခန္ဓာကိုယ်ထွားလို့ လုံးလုံးလျားလျား ကွေးလို့ မဆံ့ပေ။ ဖက်တီးဆို ထည့်တွက်လို့တောင် မရပေ။ ဝမ်းကျင်က သေးသေးလေးဖြစ်ပြီး သူ့ခွန်အားကို အသုံးချနိုင်လောက်သည်။ 


ဝူရှဲ့ အနည်းငယ် စိုးရိမ်မိသော်လည်း ဝမ်းကျင်၏ တက်ကြွမှုကို မြင်လိုက်ရသဖြင့် ဤစိုးရိမ်မှုသည် အဓိပ္ပာယ်မရှိမှန်း သိလိုက်ရသည်။ တစ်ဖက်တွင်တော့ ဝမ်းကျင်သည် သူမခါးတွင် ကြိုးကွင်းကြိုးကို ချည်နှောင်ထားပြီး ဖက်တီးက သူမကို အပေါက်ထဲသို့ ဝင်နိုင်ရန် ပုခုံးကို ငှားပေးသည်။ ဝမ်းကျင်က သူ့ပခုံးပေါ်တက်ကာ တင်းတင်းကြပ်ကြပ် တွန်းတိုက်ရင်း ဝင်သွားလေသည်။


“သတိထား!” 


ဝူရှဲ့ အော်ပြောလိုက်တော့ သူမက ပြန်လှည့်၍ ငုံ့ကြည့်လာသည်။ သူမရဲ့အမူအရာက အနည်းငယ် ထူးဆန်း​နေတာကို သတိပြုမိပါသည်။ သူမ အပြုံးထဲတွင် ဖော်မပြနိုင်လောက်အောင် ခံစားချက်တစ်ခု ပါရှိကာ ဝူရှဲ့ကို လေးလေးနက်နက် ပြုံးပြသွားသည့် အတိုင်းပင်။ 


သူမ တဖြည်းဖြည်း တက်သွားပြီး တွင်းထဲက သူမရဲ့ လှုပ်ရှားမှုတွေ အရမ်းနှေးကွေးသည်။ သူမ မိုင်းတွင်းမီးအိမ် အလင်းရောင် ပျောက်သွားတာကို ကြည့်လိုက်တဲ့အထိ နာရီဝက်လောက် ကြာသွားသည်။ ဝင်လိုက်သည်က မီတာငါးဆယ်အောက်ပင် ရောက်နေပြီ။ 


ဖြစ်စဉ်တစ်ခုလုံးကို ကြည့်လိုက်တော့ သူခိုးဂူထဲကို တွားသွားဝင်သွားသလို ခံစားလာရသည်။ ဤအစာမျိုပြွန်က သက်တောင့်သက်သာ မရှိသည်မှာ သေချာလှသည်။ အလယ်ကို ရောက်သောအခါ သင်သည် ရှေ့နှင့်နောက်ကို လက်လှမ်းမမှီနိုင်တော့ပေ။ 


ဝူရှဲ့ ဂူအဝင်ဝကို ဆယ်မိနစ်ကျော်လောက် မျှော်ကြည့်ပြီးနောက် လည်ပင်းက သည်းမခံနိုင်တော့ချေ။ ဒါကြောင့် ဦးလေးသုံးရဲ့ တခြားကောင်တွေလိုပဲ အနားယူဖို့ ထိုင်လိုက်သည်။ ခန္ဓာကိုယ်က အအေးမမိအောင် အဝတ်တွေကိုလည်း ရေညှစ်လိုက်သည်။ ကြိုးကိုတော့ အပေါက်ထဲမှာပဲ ထည့်ထားပြီး ဆယ်မီတာကျော်ကျော် အကြာတွင် ဖက်တီးသည် ဝမ်းကျင်အား အတွင်းဘက်သို့ စစ်ဆေးရန် အချက်ပြနည်းဖြင့် အနည်းငယ် ပေးပို့ခဲ့သည်။


လေထုက အရမ်းတင်းမာနေပြီး တစ်ဖက်မှာတော့ ဝူရှဲ့တို့နောက်က အမျိုးသမီးအလောင်းက တုန်လှုပ်ခြောက်ခြားစရာ ကောင်းနေသည်။ တစ်ဖက်မှာတော့ ဝမ်းကျင်ရဲ့ လုံခြုံရေးအတွက်လည်း စိုးရိမ်နေရ၏။ တစ်နာရီခန့် စောင့်ပြီးနောက် ဖက်တီးပြောသည့် စကားသံကို ရုတ်တရက် ကြားလိုက်ရသဖြင့် ချက်ချင်း ထရပ်လိုက်သည်။ 


“မမကြီး ဘာများဖြစ်နေတာလဲ” 


အပေါက်ထဲက ကြိုးကို ဖက်တီးတစ်ယောက် ဆွဲချနေတာကို လှမ်းမြင်လိုက်ကာ သူ ကြိုးအချို့ ဆွဲချလိုက်သော်လည်း ဘယ်သူကမှ ကြိုးကို ပြန်ဆွဲမထားပေ။ 


ဝူရှဲ့စိတ်တွေ တင်းကျပ်လာပြီး တစ်ခုခု​တော့ မဖြစ်ဘူးမလားလို့ တွေးမိပြီး ဖက်တီးကို ထပ်စမ်းကြည့်ဖို့ အချက်ပြလိုက်သည်။ ဖက်တီးက ကြိုးကို ထပ်ဆွဲချလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။


“မကောင်းတော့ဘူး.. ကြိုးက အရမ်းပေါ့​နေတယ် တစ်ဖက်မှာ ချည်ထားတာ ဘယ်သူမှမရှိဘူး” 


မျက်နှာသေကလည်း ဒါကိုကြားတဲ့အခါ သူ့ရဲ့အမူအရာက ပြောင်းလဲသွားပြီး ဖက်တီးကို ပြောလိုက်သည်။ 


"သူမကို ဆွဲထုတ်လိုက်!"


ဖက်တီးသည် ချက်ချင်းပင် အင်အားသုံးကာ ကြိုးကို အမြန်ဆွဲထုတ်လိုက်သည်။ သူ့ဆွဲအားကို ကြည့်လိုက်တာနဲ့ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ရသည်။ တကယ်လို့ ဘာအင်အားကိုမှ အားထုတ်ရန် မလိုအပ်ပေ။ ကြိုးက ရေစီးသလိုလို ဆွဲထုတ်ခံလိုက်ရပြီး ဒေါင်လိုက်ဆွဲထုတ်လိုက်ရာ ကြိုးသည် အစုလိုက်အပြုံလိုက် အပေါက်မှ ပြုတ်ကျလာခဲ့သည်။


ကြိုးရဲ့ အဆုံးက လွတ်ထွက်သွားပြီး ကြိုးကို ဖြုတ်ပြီး ထွက်သွားတာကို တွေ့လိုက်ရသည်။ ဝူရှဲ့တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ရင်း စိတ်ထဲမှာ အရမ်းဆိုးတဲ့ ခံစားချက်ကို ခံစားလိုက်ရ၏။ 


"ဟိတ်! ဝမ်းကျင်က သူ့ဘာသာသူ ဖြည်လိုက်တာများလား?"


လေးနက်သော အမူအရာဖြင့် မျက်နှာသေသည် ဖက်တီး၏ပခုံးကို ဖိချလိုက်သည်။ ထို့နောက် ဖက်တီး နောက်ကျောကို တစ်ကိုယ်လုံးနှင့် တက်နင်းကာ အပေါက်ထဲသို့ ခုန်ဝင်သွားလေသည်။ သူက အရှိန်ပြင်းပြင်းဖြင့် ဝင်သွားတာကြောင့် ရပ်တန့်ခိုင်းချိန် မရလိုက်။ 


"ကြိုး ကြိုး ယူသွား!" 


ဖက်တီး အော်သော်လည်း လျစ်လျူရှုပြီး ဝင်သွားသည်။ ကြိုးမပါဘဲ သူ မလုပ်နိုင်ဘူးဆိုတာကို မြင်တော့ ဝူရှဲ့လည်း ဖက်တီးကို ဖိချလိုက်သည်။ 


"ထိုင်ချလိုက်" 


ဖက်တီး ဒေါသတကြီးနဲ့: "မင်းတို့က ငါ့ကို မြင်းလူသားလို့ ထင်နေတာလားဟ!!" 


ဝူရှဲ့ မြေပြင်ပေါ်တက်ပြီး လက်တစ်ဖက်နဲ့ ခြေထောက်တွေကို ပြင်းပြင်းထန်ထန် ကန်ထုတ်ကာ ခုန်တက်လိုက်သည်။ ရလဒ်အနေနဲ့ စက္ကန့် အနည်းငယ်အတွင်း ချော်လဲပြီး ဖက်တီးပေါ် လဲကျသွား၏။ ဝူရှဲ့ သူထပ်ကြိုးစားရင် ဒီအတိုင်းပဲရှိနေမှာ ဖြစ်ပြီး သူ့ရဲ့ကိုယ်လုံးကိုယ်ပေါက်က လုံးဝ မဖြစ်နိုင်ဘူးဆိုတာ ချက်ချင်း နားလည်သွားခဲ့သည်။ 


ဝူရှဲ့ မတ်တပ်ထရပ်ပြီး အ​ပေါက်ထဲ ချောင်းကြည့်လိုက်တော့ မျက်နှာသေသည် အပေါက်ကြားထဲ၌ ဝင်သွားနိုင်ဖို့ ရုန်းကန်နေတာကို တွေ့လိုက်ရသည်။ သူသည် အရပ်ရှည်လွန်းပြီး ဒူးများကို အသုံးမပြုနိုင်သောကြောင့် သေးငယ်သော ခြေလှမ်းများကိုသာ အသုံးပြုနိုင်ခဲ့ကာ သုံးစွဲရတဲ့ စွမ်းအင်ကတော့ အလွန်သက်သာသည်။ ဒီဥက္ကာခဲတွေ အသက်ရှင်နေတာလား ဆိုပြီး ရုတ်တရက် ထင်ယောင်ထင်မှား ဖြစ်မိလာသည်။ အဲဒီအပေါက်တွေက အသားစားချင်တဲ့ ထောင်ချောက်တွေ ဖြစ်နေရင် မျက်နှာသေ သူ့အလိုလို ပိတ်မိနေနိုင်သည်။ 


ဒါပေမဲ့ ဒါကမဖြစ်နိုင်ဘူး ဆိုတာ သိပါသည်။ သူ့စိတ်တွေက ကမောက်ကမ ဖြစ်နေတာကြောင့် မတွေးရဲတော့ပေ။ မျက်နှာသေ ဘယ်လောက်ကြာကြာ တက်သွားလဲ မသိပေမယ့် တဖြည်းဖြည်း တွင်းနက်ကြီးထဲမှာ လုံးဝ ပျောက်ကွယ်သွားပါပြီ။


ဝူရှဲ့ မထိုင်နိုင်တော့ဘဲ ဂူအဝင်ဝမှာ ရပ်ပြီး အလင်းပြန်လာတာကို မြင်ပြီး နှစ်ယောက်စလုံး ဘေးကင်းစွာ ပြန်လာဖို့ မျှော်လင့်နေခဲ့သည်။ 


အချိန်တွေ ကြာလာတာနဲ့အမျှ စိတ်မရှည်ဘဲ စိတ်ပူပန်မှုကနေ ငြိမ်သက်ခြင်းကနေ ငြိမ်သက်ခြင်းကနေ ထုံကျင်သွားပြီး ထုံကျင်ခြင်းကနေ စိတ်တွေ လွတ်သွားခဲ့သည်။ ဆယ်နာရီကြာတဲ့အထိ ဘာမှ မဖြစ်လာပေ။ မျက်နှာသေရော၊ ဝမ်းကျင်ရော ပြန်မလာဘဲ တွင်းထဲမှာ ဘာအသံမှ မကြားရချေ။ ဤလူနှစ်ယောက်ကို ဤတွင်းများက အခြားကမ္ဘာသို့ ခေါ်ဆောင်သွားခဲ့သလိုပင်။