(57) ကောင်းကင်ကျောက်တုံး
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (57)

ကောင်းကင်ကျောက်တုံး



ကောင်းကင်ကျောက်တုံးကို ရှေးခေတ်လူတွေက ဥက္ကာခဲတွေ ကောင်းကင်ကနေ ကြွေကျလာတာကြောင့် ကောင်းကင်ကျောက်တုံးလို့ ခေါ်ကြသည်ဟု ဆိုထားကြသည်။ ကောင်းကင်ကျောက်တုံးက အမျိုးအစား အများကြီး ရှိသည်။ ထုလုပ်ရာတွင် အသုံးအဆောင် ပစ္စည်းများအဖြစ် မကြာခဏ အသုံးပြုလေ့ရှိသော ကောင်းကင် ကျောက်တုံးများသည် အဖိုးတန်ဆုံး ကျောက်တုံးနှလုံးဟု ခေါ်ကြသည်။ 


ဤအရာသည် အမှန်တကယ်ပင် ဥက္ကာခဲတစ်ခုသာ ဖြစ်နိုင်၏။ သို့မဟုတ်ပါက သူတို့မြင်နေရသည့် ဖြစ်စဉ်ကို ရှင်းပြ၍ မရနိုင်ပေ။ ဒါပေမဲ့ ဒီဥက္ကာခဲက ကျောက်တုံးထဲမှာ ဘယ်လောက်ကြီးလဲ ဆိုတာတော့ စိတ်ကူးမယဉ်နိုင်ပါ။


တခြားသူများမှာ တဖြည်းဖြည်း အာရုံများ ပြန်လာရပြီး ဂူခေါင်မိုးပတ်လည်တွင် ထွန်းတောက်စေရန် ၎င်းတို့၏ သတ္တုတွင်းလုပ်သား၏ မီးချောင်းများကို ဖွင့်လိုက်ကြသည်။ ထိုအခါမှ ဥက္ကာခဲသည် ကျောက်ခေါင်မိုး၏ အချင်းကို မီတာငါးရာမှ ခြောက်ရာအထိ ဖြန့်ကျက်ထားကြောင်း သိလိုက်ရသည်။ ကျောက်တုံး အတွင်းပိုင်းသည် အချင်း တစ်ကီလိုမီတာနီးပါးခန့် ရှိမည်ဟု ခန့်မှန်းရသည်။


အပေါက်များသည် ပုပ်နေသော ဧရာမပျားလပို့တွေလို ဖြစ်နေတာမလို့ ဥက္ကာခဲကို ရုပ်ဆိုးစေသည်။ ဘာကြောင့်မှန်း မသိပေမယ့် ဒီအရာဟာ သူတို့မြင်ခဲ့ရတဲ့ အဂ္ဂိရတ်ဆေး အမျိုးအစားဖြစ်ပြီး အပေါက်တွေထဲမှာတော့ လုံးဝကို မည်းမှောင်နေသည်။ အဲဒါတွေကို လင်းဖို့ဆိုရင် မလွယ်သလို ဘာတွေရှိနေလဲ ဆိုတာလည်း မမြင်နိုင်ပေ။ ဘယ်လိုဖွဲ့စည်းထားလဲ​တော့ မသိ။  


ဦးခေါင်းထက်က မရေမတွက်နိုင်တဲ့ မှောင်မိုက်နေတဲ့ အပေါက်တွေကို ကြည့်လိုက်တော့ ဝူရှဲ့မှာ မျက်လုံး သေးသေးလေးတွေဆီက စောင့်ကြည့်ခံရတာသလို ပြင်းပြင်းထန်ထန် ခံစားလိုက်ရပြီး တစ်ကိုယ်လုံး စိတ်မသက်မသာ ဖြစ်လာသည်။ ထိုစဥ် ဝမ်းကျင်က ဆို၏။ 


"ဒါက ငါတို့ရဲ့ ဦးတည်ရာ ဖြစ်ရမယ်... ဒါရှီးဝမ်းမယ်တော်ရဲ့ နောက်ဆုံး လျှို့ဝှက်ချက်ပဲ... ဝမ်းကျန့်ဟိုင် ရှာနေတာက ဒါ ဖြစ်နိုင်တယ်..."


ဝူရှဲ့: "သူက ဘာအတွက် ဒါကိုလိုချင်တာလဲ... ဒီဥက္ကာခဲရဲ့ အသုံးပြုပုံကို သူသိလို့လား?" 


ဝမ်းကျင်လည်း ခေါင်းခါလေသည်။ 


"မသိသေးဘူး.... ဒီတွင်းတွေနဲ့ ဆက်စပ်နေနိုင်တယ် ဒါနဲ့ ဘာလို့ ဒီလောက်များနေတာလဲ"


ဝူရှဲ့ကတော့ အဲဒီတွင်းတွေကို ကြည့်လေ ကျောရိုးတွေက ချမ်းစိမ့်သွားသလို ခံစားရလေ ဖြစ်တာကြောင့် ပြောလိုက်သည်။ 


"သူတို့ကိုယ်တိုင် တူးထားတာများလား... ဧကန္တ ဒီဥက္ကာခဲထဲမှာ တစ်ခုခု ရှိ​နေတာလား"


ဟေးရန်ကျင်းက ရုတ်တရက် "မဟုတ်ဘူး ဒါက သဘာဝအလျောက် ဖြစ်နေတာ ဖြစ်မယ် ဥက္ကာခဲ တော်တော်များများက ပျားလပို့ပုံစံရှိပေမယ့် ဒီအပေါက်တွေရဲ့ ပုံစံက နည်းနည်းတော့ ရုပ်ဆိုးတယ်"


သူ ရုတ်တရက် လေးလေးနက်နက် ပြောလာတော့ ဝူရှဲ့မှာ နားထောင်ရတာ သိပ်ကျင့်သားမရနေချေ။ ဦးလေးသုံးရဲ့ တွဲဖက်တစ်ဦးကလည်း ပြောလာသည်။ 


"ချိုင်တာမုမြစ်ဝှမ်းနဲ့ ထလီမုမြစ်ဝှမ်း နှစ်ခုလုံးက ဂြိုဟ်သိမ်တစ်ခုရဲ့ ပစ်ကျလာလို့ ပေါ်လာတာ... သေသေချာချာ အတည်မပြုနိုင်တဲ့ ထုတ်ပြန်ချက် တစ်ခုလည်း ရှိတယ်လို့ ပြောကြတယ်... အဲဒါကို ကြားဖူးလား... အဲ့အတိုင်းဆို ဒါက အဲ့တုန်းက ပြုတ်ကျလာတဲ့ ဂြိုဟ်သိမ်အပိုင်းအစ ဖြစ်နိုင်တယ်... ထမုထိုရဲ့ ဒီအိုအေစစ်ကလည်း ဥက္ကာခဲ အပိုင်းအစ ရိုက်ခတ်မှုရဲ့ ဗဟိုမျက်လုံး ဖြစ်လိမ့်မယ်... ရှီးဝမ်းမယ်တော်က ရှီးဝမ်းနိုင်ငံကို ဒီမီးတောင်ဝမှာ တည်ဆောက်ခဲ့တယ်... သူတို့ မြေအောက် မွေးမြူရေး ရေလှောင်ကန်တစ်ခု တည်ဆောက်နေတုန်း မြေတွင်းကို ထိုးဖောက် ဝင်ရောက်ထားတဲ့ ဒီဥက္ကာခဲကို ရှာဖွေတွေ့ရှိခဲ့လိမ့်မယ်...ဒါက ရှီးဝမ်းမယ်တော်ရဲ့ မြင့်မြတ်တဲ့ တန်ခိုးတော် ဖြစ်ထွန်းလာရတဲ့ အကြောင်းအရင်း ဖြစ်လိမ့်မယ်"


ဒီလူ ဒါနဲ့ဆို ဒုတိယအကြိမ်မြောက် စကားဝင်ပြောခြင်းပင်။ ဒီလူပြောတာကို ဝူရှဲ့ ဘယ်တုန်းကမှ ဂရုမစိုက်ဖူးသလို သူ့နာမည်က ဘာလဲဆိုတာ မမှတ်မိပေမယ့် သူ့ထုတ်ပြန်ချက်ရဲ့ တိကျတဲ့ အကြောင်းအရာကို မေးတော့မှာ ဖြစ်ပေမယ့် ဖက်တီးကိုတော့ ဆွဲဆောင်သွားနိုင်ခဲ့သည်။ 


ဖက်တီးလို စည်းကမ်းမဲ့သူသည် တစ်ချိန်တည်းတွင် သူတို့နှင့် မီတာ လေးငါးရာ ဝေးကွာသော နေရာကို လှမ်းကြည့်နေပြီ။ သူက ဝူရှဲ့တို့ကိုလည်း လာကြည့်ခိုင်းသည်။ ရေကို ဖြတ်လျှောက်ပြီးတဲ့နောက် သူတို့ အဲဒီနေရာကို ရောက်တဲ့အခါ ဥက္ကာခဲနဲ့ ဂူမျက်နှာကျက်ကြားက လမ်းဆုံကို တွေ့လိုက်ရသည်။ ဤနေရာသည် ငရဲ​တောင်ငယ့နှင့်ပင် တူနေ၏။ ကျောက်စက်ပန်းဆွဲ များစွာသည် အပေါ်ထပ်မှ ငိုက်စိုက်ကျကာ ကြီးမားသော ကျောက်ရေတံခွန်​ကြီးလို ဖြစ်လာသည်။ ကုန်းစောင်းသည် အလွန်နှေးကွေးပြီး ရယ်စရာကောင်းလောက်အောင် ကြီးမားသည်။ 


ဤကျောက်တုံးရေတံခွန်များသည် မရေမတွက်နိုင်သော ဧရာမ ဘီလူးများ ဆွဲထားသလိုပင် ထင်ရသည်။ ဤကျောက်တုံး ရေတံခွန်များသည် အလွန်ကြောက်စရာကောင်းပြီး အလွန်အရုပ်ဆိုးလှသည်။ ဤသည်မှာ ဥက္ကာခဲနှင့် တိုက်မိပြီးနောက် အပူချိန်မြင့် ကျောက်များဖြင့် ဖြစ်ပေါ်လာသည့် ထူးဆန်းသည့် မြင်ကွင်းတစ်ခု ဖြစ်လိမ့်မည်။


အကျယ်ဆုံးနှင့် အကြီးဆုံး ကျောက်တုံးကြီးတစ်ခုကြားတွင် ကျောက်လှေကား ထစ်များ ရှိသည်။ နှစ်ဖက်စလုံးတွင် ကြေးမီးချောင်းများ ချထားသည်ကို တွေ့ရပြီး ကျောက်ရေတံခွန်နှင့် ဂူသင်္ချိုင်းခေါင်မိုးများက အနည်းငယ် ကျိုးကျထားသည်။ ပတ်ဝန်းကျင်ကို ပြန်ကြည့်လိုက်တော့ အဲဒီပလက်ဖောင်းပေါ်မှာ ရှိတဲ့အရာက ယဇ်ပူဇော်တဲ့ စင်မြင့် ဖြစ်ရမယ် ဆိုတာကို သဘောပေါက်လာသည်။


အရေးအကြီးဆုံးကတော့ ယဇ်ပလ္လင်ပေါ်မှာ ထောင့်များစွာရှိတဲ့ ကျောက်ပလ္လင်ကို ချထားသည်။ ရှင်းရှင်းလင်းလင်း မြင်ရခက်ပေမယ့် ပလ္လင်ပေါ်မှာတော့ လူထိုင်နေတာကိုတော့ ယောင်ဝါးဝါး တွေ့ရလေသည်။ 


ဝူရှဲ့ အသက်ရှုကြပ်လာပြီး သူက ဘယ်သူလဲလို့ တွေးလိုက်မိသည်။ ဒါက ရှီးဝမ်းမယ်တော် ဖြစ်နိုင်ပါ့မလား။ သူမက ဒီလောက်ကြာနေပြီကို တစ်ချိန်လုံး သူမရဲ့ သန့်ရှင်းရာဌာနကို စောင့်ရှောက် နေတုန်းပဲလား။