(13) အမှောင်ထဲက တတိယလူ
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)



Chapter (13)

အမှောင်ထဲက တတိယလူ



ဦးလေးသုံးမှာ ဒီအချက်ကို တွေးကြည့်ရင်း မယုံနိုင်ပေမယ့် အေးစက်စက် ချွေးတွေက ထွက်နေတုန်းပါပဲ။ သူက ရှဲ့လျန်းဟွမ်ကို ချလိုက်ပြီး ပတ်ပတ်လည်ကို တစ်ချက် ကြည့်လိုက်သည်။


ပတ်ပတ်လည်ကို စကင်န်ဖတ်ကြည့်ပြီးနောက် ဘာကိုမှ မတွေ့ရပေ။ တိတ်ဆိတ်သော သင်္ချိုင်းဂူထဲတွင် ဘာမျှမရှိ။ ဓာတ်မီးအလင်း​ရောင် မှိန်မှိန်လေးသည် အုတ်ဂူနံရံများကို ဖြတ်ကျော်သွားကာ နားမလည်နိုင်သော အေးစက်မှုတစ်ခုက ဦးလေးသုံး၏ အတွင်းအင်္ဂါများ အတွင်းထိပါ လွှမ်းမိုး ဝင်ရောက်လာသည်။


ဦးလေးသုံးက တခြားလူများနှင့် မတူပေ။ ကလေးဘဝကတည်းက မြေအောက် ကစားသူတစ်ဦး အနေဖြင့် နေထိုင်ခဲ့ရာ လူသေများသည် အရာဝတ္ထုများသာ ဖြစ်သောကြောင့် လူသေများသည် ကြောက်စရာ မဟုတ်ကြောင်း နှလုံးသွင်းခဲ့သည်။ သို့သော် လူကတော့ ကွဲပြားသည်။ ဦးလေးသုံးသည် သင်္ချိုင်းအတွင်း၌ တတိယလူရှိမည်ကို တွေးလိုက်သောအခါ ရုတ်တရက် ထိတ်လန့်သွားသည်။


ရှဲ့လျန်းဟွမ်၏ ဦးခေါင်း အနောက်ဘက်သို့ ထိုးနှက်ထားတာက ကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ ယခုခေတ်တွင် ဘယ်တီဗီစီးရီး သို့မဟုတ် ရုပ်ရှင်များကို ကြည့်ကြည့် တစ်စုံတစ်ဦးကို မူးမေ့သွားစေလိုပါက တစ်စုံတစ်ခုဖြင့် ဦးခေါင်းနောက်ဘက်သို့ ရိုက်ထားမှ ရလိမ့်မည်။ တကယ်တော့ ဦးလေးသုံးတို့လို လူတွေအတွက် လူတစ်ယောက်ကို သတိမေ့အောင် ရိုက်ဖို့သုံးတဲ့ စွမ်းအားက သူတို့ကို သေအောင် ရိုက်တဲ့ စွမ်းအားနဲ့ အတူတူပဲဆိုတာ သိထားကြပါသည်။  


လူက အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ သူ့ကို အားသုံး၍ ရိုက်လိုက်တဲ့အခါ ကံတရားအပေါ်မှာ လုံးလုံးလျားလျား မူတည်သွားပြီ။ အားပျော့ပျော့ဖြင့် အကြိမ်နည်းနည်း ရိုက်တာ များသွားလျှင် စက္ကန့်အနည်းငယ် ကြာလျှင် မူးမေ့လဲသွားပါလိမ့်မယ်။ တကယ်တော့ လူကို မရိုက်ဘဲ လည်ပင်းကို ရိုက်လိုက်တာဟာ လူကို လည်ပင်း ညှစ်သတ်လိုက်သလိုပါပဲ။


ထို့ကြောင့် ရှဲ့လျန်းဟွမ်သည် သူရရှိခဲ့သော ထိုးနှက်မှု အခြေအနေနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရ​သေးပေ။ အကယ်၍ ၎င်းသည် သူ့ကိုတိတိကျကျ ရိုက်သွားတာ ဖြစ်ပါက တစ်ဖက်လူဟာ လူသတ်သမား ဖြစ်လာမှာ သိသာသည်။ ​ချော်လဲကျရင် ဘယ်တော့မှ ဒီလို ပြင်းထန်စွာ ကျမှာ မဟုတ်ပါဘူး။


ဒါပေမဲ့ ဒီမှာ တတိယလူက ဘယ်လိုလုပ် ရှိနိုင်မှာလဲ။


အကယ်၍ ဤနေရာသည် မြေကြီးပေါ်က ရှေးခေတ်သင်္ချိုင်း တစ်ခုဖြစ်ခဲ့လျှင် အသိမိတ်ဆွေ တစ်ဦးနှင့်တွေ့ခြင်းက အလွန်အမင်း ထူးဆန်းပေလိမ့်မည်။ သို့သော် အဓိပ္ပာယ်တော့ ရှိဦးမည်။ သို့သော် လက်ရှိနေရာက ပင်လယ်၏ အောက်ခြေမှာ ဖြစ်သည်။ လူတစ်ယောက် ခိုးလိုက်လာပြီး ပုန်းနေတာ ဖြစ်နိုင်ပါ့မလား။ 


ဖြစ်နိုင်ချေက နည်းလွန်းလှသည်။ ဦးလေးသုံး၏ စိတ်သည် အလွန်လျင်မြန်စွာ လည်ပတ်နေပြီး ဖြစ်နိုင်ခြေ တစ်ခုအကြောင်း ချက်ချင်းစဉ်းစားမိသည်။


သူ ရှဲ့လျန်းဟွမ်နဲ့ ပေါင်းပြီး ရေထဲကို ဆင်းသွားတဲ့အခါတုန်းက လှေပေါ်က လူတွေထဲက တစ်ယောက်ယောက် မြင်သွားလို့ သူတို့နောက်ကို လိုက်လာခဲ့လား။


အခု ပြန်စဉ်းစားကြည့်တော့ ဒါက သေချာပေါက် ဖြစ်နိုင်တယ်လို့ ခံစားရလေသည်။ အနီးနားမှာ တခြားသင်္ဘောတွေ ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတော့ လှေပေါ်မှာ သူ ရှဲ့လျန်းဟွမ်ကို မှောက်ထားတုန်းက ဆူနေလို့ တစ်ယောက်ယောက် နိုးသွားတာလား။ အဲဒီလူက သူတို့ကို အသိမပေးဘဲ တောက်လျှောက် လိုက်လာနေခဲ့တာလား။


လမ်းတလျှောက်မှာ ပင်လယ်က မည်းမှောင်ပြီး ပတ်ဝန်းကျင်ကလည်း မှောင်နေရာ ပရမ်းပတာ အခြေအနေမှာဆို ဘာမှ သဲသဲကွဲကွဲ မမြင်နိုင်ရာ လူတစ်ယောက် အမှောင်ထဲက လိုက်လာလို့ရှိရင် ဘယ်သူကမှ လိုက်ရှာလို့လည်း တွေ့မှာ မဟုတ်ချေ။ ထို့အပြင် သူတို့နှစ်ဦးသည် လာတုန်းက ထိုအကြောင်းအရာများကို လုံးဝ ထည့်မစဉ်းစားခဲ့ကြပေ။


ရိုးရိုးသားသား ပြောရလျှင် ဦးလေးသုံးသည် ထိုအချိန်က ရှေးဟောင်း သုတေသနအဖွဲ့ကို အလေးအနက် မထားခဲ့ပေ။ သူသည် တစ်စုံတစ်ခုကို သိချင်လို့ဟုဆိုကာ ဝမ်ကျင်းအား ဖုံးကွယ်ထားနိုင်သည်။ အဲဒီလူတွေ သံသယဝင်ရင်တော့ သိပ်ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်က သူတို့နောက်ကို တိတ်တိတ်လေး လိုက်လာလိမ့်မယ်လို့ တကယ်ကို မမျှော်လင့်ထားပါဘူး။


ဘယ်သူဖြစ်မလဲ။ ရှေးဟောင်း သုတေသနအဖွဲ့မှ လူအများစုကို သူသိသည်။ မရင်းနှီးသော မျက်နှာ အနည်းငယ် ရှိသော်လည်း ထိုလူများကို အတော်လေး တိကျစွာ အကဲ​ဖြတ်နိုင်သည်။ ရှဲ့လျန်းဟွမ်ကလွဲလို့ ဘယ်သူမှ သံသယဝင်စရာ မကောင်းပေ။ လှေသမားဆိုရင်တော့ ဖြစ်နိုင်သည်။ လှေသမားက သူတို့ ရေထဲ ဝင်လာတာကို မြင်ပြီး အနောက်က လိုက်လာတာများလား။


ဒါပေမဲ့ ဒီကိုလာဖို့ ရေငုပ်ကိရိယာတွေ ရှိထားရမယ်။ အဲဒီလှေသမားတွေက ရေကူးကောင်းပေမယ့် ရေငုပ်ကိရိယာတွေကို ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာ မသိကြဘူးမလား။ ဒီတော့ ရှေးဟောင်း သုတေသန အဖွဲ့ထဲက တစ်ယောက်ယောက်ဆို ဘယ်သူများ ဖြစ်မလဲ။


ဦးလေးသုံး ဆက်မစဉ်းစားနိုင်တော့ပေ။ စိတ်ထဲမှာတော့ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီလူက လိုက်လာရင် ဒီအချိန်မှာ သူတို့နဲ့ ညှိနှိုင်းဖို့ အသံပေးသင့်တယ် မဟုတ်လား။ အခုတော့ ၎င်းက နှုတ်ဆိတ်နေပြီး ရှဲ့လျန်းဟွမ်ကိုတောင် ပြင်းပြင်းထန်ထန် ရိုက်ပစ်လိုက်သေးသည်။ 


အစောတုန်းက ဘာအသံမှ မကြားရပေ။ ဒါဟာ သေချာပေါက် ခိုးဝင်တိုက်ခိုက်ခဲ့တာပဲ ဖြစ်မည်။ သူ့ကိုအရင်ချုပ်ထိန်းပြီး သူဘယ်လို လူလဲဆိုတာ ကြည့်ရမည်။ 


ထိုအတွေးများသည် ဦးလေးသုံး၏ စိတ်ထဲတွင် လျှပ်စီးလက်သလို လင်းလက်သွားသည်။ ထိုအချက်ကို တွေးပြီးသည်နှင့် ဓာတ်မီးကို ပိတ်လိုက်ရာ အနီးပတ်ဝန်းကျင်က ရုတ်တရက် မှောင်မိုက်သွားသည်။ ကျန်သော တစ်ခုတည်းသော အလင်းရောင်မှာ ရှဲ့လျန်းဟွမ်၏ လှုပ်နေသော ဓာတ်မီးအလင်းပဲ ဖြစ်သည်။ ရှဲ့လျန်းဟွမ်ကို တစ်ချက် တွန်းလိုက်ရာ မြေကြီးပေါ်သို့ လှိမ့်သွား၏။ 


ဒါက သူရဲ့ အနေအထားကို မသိအောင် ဟန့်တားဖို့ပါပဲ။ အခုအချိန်မှာ ရန်သူဟာ လျှို့ဝှက်ဖို့ အကောင်းဆုံး အခွင့်အလမ်း ရှိနေပြီ။ လှဲလျောင်းနေတာဟာ ဦးလေးသုံးရဲ့ ထူးခြားတဲ့ လှုပ်ရှားမှုတစ်ခုပါပဲ။ တစ်ဖက်သားရဲ့ အသံတချို့ကို ကြားပြီး တစ်ခုခုကို ပစ်ပေါက်လာမှာ ကြောက်ရသည်။ ဥပမာ ချန်ဖီအားစစ်လိုမျိုး လူတစ်ယောက်အတွက် ရန်သူက မတ်တပ်ရပ်နေပါက သူသည် နှလုံးခုန်သံကို နားထောင်ရင် တစ်ချက်တည်းဖြင့် ပစ်ခတ်လိုက်နိုင်သည်။ 


ခြေလှမ်း ဆယ်လှမ်းကျော် လှိမ့်လိုက်ပြီးနောက် သံခေါင်းတလားနှင့် ဝေးကွာသွားတာကို ခံစားလိုက်ရသဖြင့် ငြိမ်သက်လိုက်ကာ ပတ်ဝန်းကျင်ရှိ အသံများကို နားထောင်ရန် ကြိုးစားလိုက်သည်။


သင်္ချိုင်းဂူက အလွန်တိတ်ဆိတ်နေပြီ။ ရေတစ်စက်တစ်စက် ကျသံကိုသာ ကြားနိုင်သည်။ ဦးလေးသုံးကိုယ်တိုင် တိတ်ဆိတ်သွားသောအခါတွင် ပတ်ဝန်းကျင်ကလည်း ပို၍တိတ်ဆိတ်သွားသည်။


နှလုံးခုန်သံတွေအပြင် နားမလည်နိုင်တဲ့ အသံတချို့ကိုလည်း သူကြားလိုက်ရ၏။ ထိုအသံက အရမ်းအားပျော့ပြီး ဦးတည်ရာကိုပင် သူ မပြောနိုင်ပေမယ့် သေချာပေါက် အနီးအနားမှာ ရှိနေသည်။ အသက်ရှူသံ ဒါမှမဟုတ် တစ်စုံတစ်ခုကို ပွတ်တိုက်သွားတဲ့ အသံလိုပဲမို့ ဦးလေးသုံးအား အေးစက်နေတဲ့ ချွေးတွေအား ထွက်ကျလာစေသည်။ 


'တကယ် လူရှိနေတာပဲ'


ဦးလေးသုံး တိတ်တဆိတ် ကျိန်ဆဲပြီး မျက်လုံးမှိတ်ကာ သူကြားရသော အသံများကို နားထောင်လျက် အသံ၏ ဦးတည်ရာကို ဖော်ထုတ်ရန် ကြိုးစားသည်။ ဒါပေမဲ့ ခဏလောက် နားထောင်ပြီးတဲ့ နောက်မှာတော့ တစ်ဖက်လူက သူ့ကိုတွေ့သွားသလို အသံ ပျောက်သွားရာ အသက်ရှုကြပ်သွားတော့သည်။ 


ဦးလေးသုံး၏ နှလုံးခုန်သံသည် ဖြည်းညှင်းစွာ ခုန်နေပါပြီ။ သူက ဖြည်းဖြည်းချင်း ထလိုက်သည်။ ထိုလူသည် အနီးနားရှိလို့ သူ့ကို မတော်တဆ နင်းမိလျှင် လဲလျောင်းနေရပေလိမ့်မည်။


လမ်းတစ်ဝက်လောက် အရောက်မှာပဲ ဘယ်ဘက်အနောက်နားက အရိုးအဆစ် လှုပ်ရှားသံကို ရုတ်တရက် ကြားလိုက်ရတော့ အရမ်းနီးကပ်လာတာ သိလိုက်ရရာ ဦးလေးသုံးလည်း ရုတ်တရက် ထိတ်လန့်တကြားနဲ့ နောက်ပြန်လှည့်ပြီး ထိုအသံနှင့် ခပ်ဝေးဝေး နေချင်ခဲ့သည်။ 


ထိုအချိန်တွင် သူ့မျက်နှာမှ လေနုအေးကို ရုတ်တရက် ခံစားလိုက်ရရာ မယုံနိုင်စွာဖြင့် ခေါင်းငုံ့ရန် ကြိုးစားလိုက်သော်လည်း အချိန်နှောင်းသွားပြီ။ ရုတ်တရက် အမှောင်ထဲမှ လေပြင်းများ တိုက်ခတ်လာကာ လူတစ်ဦး ရုတ်တရက် ပြေးထွက်လာခဲ့သည်။ ထိုလူက ဦးလေးသုံးအား တစ်ချက်တည်းဖြင့် ကိုင်ပေါက်ပစ်လိုက်ရာ ဦးလေးသုံးခမျာ လဲကျသွားတော့သည်။ 


ဦးလေးသုံးသည် သူ့ခါးတွင် ထည့်ထားသော ဓာတ်မီးကို တစ်ဖက်လူက ဆွဲထုတ်သွားတာ ခံစားလိုက်ရသည်။ တစ်ဆက်တည်း သူ့အင်အားများ လျော့သွားတာကိုလည်း ခံစားလိုက်ရသည်။ ဒါကြောင့် ရုတ်တရက် ခေါင်းငုံ့၍ လွတ်မြောက်ရန် ကြိုးစားလေသည်။ သို့သော် မေးရိုးက ထုံကျင်သွား၏။ အကြောင်းမှာ ရတ်သူက သူ့ကိုဓာတ်မီးဖြင့် ရိုက်ပစ်လိုက်တာကြောင့် သူ့ပါးစပ်ထဲ သွေးတွေ ပြည့်သွားသည်။ 


'သူငါ့ကို မြင်နိုင်တယ်'


ထိုအချိန်တွင် တတိယဦးလေးမှာ ဤအတွေးမျိုးသာ ရှိခဲ့သည်။ တစ်ဖက်လူက သူ့ကို အမှောင်ထဲတွင် တိကျစွာ တိုက်ခိုက်နိုင်ခဲ့ပြီး သူ၏ ဓာတ်မီးကို တစ်ချက်တည်း ဆွဲထုတ်နိုင်ခဲ့သည်အထိ ရှင်းရှင်းလင်းလင်း မြင်နိုင်လေ၏။


ဘာဖြစ်နေတာလဲ တစ်ဖက်လူမှာ ကြောင်မျက်လုံး ရှိနေလို့လား။ 


ဦးလေးသုံးမှာ ထိတ်လန့် တုန်လှုပ်စွာဖြင့် ခေါင်းကို တစ်ဖက်သို့ ရွှေ့လိုက်သော်လည်း တစ်ဖက်သားက သူ့နှာခေါင်းကို ဒုတိယအကြိမ် တိတိပပ ရိုက်ချလိုက်လေသည်။ ဒီတစ်ခါတော့ ခေါင်းတောင် မထောင်နိုင်လောက်အောင် ပြင်းထန်စွာ ရိုက်ခံရပြီး ငန်တဲ့အရသာတွေ ပါးစပ်ထဲ ပြည့်သွားသည်။ 


ဒီတစ်ခါကတော့ ငယ်ငယ်ကတည်း​က ဘုရင် ဖြစ်ခဲ့တဲ့ ဦးလေးသုံးခမျာတော့ အရှက်ကွဲသွားချေပြီ။ အဖိုးရဲ့ ရိုက်နှက်ဆုံးမမှုတွေက လွဲလို့ ဘယ်တုန်းကများ ဒီလိုမရှုံးဖူးချေ။ သူချက်ချင်း လူသတ်ချင်စိတ်တွေ ပေါက်ဖွားလာပြီး ခေါင်းကို မော့ကာ ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။


လူသတ်သမားသည် သူ့မေးစေ့ကို နောက်ထပ် ပြင်းပြင်းထန်ထန် ထိုးနှက်လာမှာကို ​စောင့်​နေမယ့်အစား ဦးလေးသုံးသည် မေးစေ့က နာကျင်မှုကိုတောင် မခံစားနိုင်တော့ပေ။ ထိုအခိုက် တစ်ဖက်လူက ဓားမြှောင်ကို ကိုင်ထားတဲ့ သူ့လက်​ကောက်ဝတ်​ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပါသည်။


'မင်းကငါ့ကို မုဒိမ်းကျင့်ချင်သေးတယ်​ပေါ့' လို့ တွေးရင်း တစ်ဖက်လူရဲ့ လက်တွေကို ဆွဲကိုင်ကာ မြေကြီးပေါ် တွန်းချလိုက်သည်။ သူ့ဘာသာသူလည်း ကျယ်လောင်စွာ ကျိန်ဆဲရင်း ခေါင်းကို ရုတ်တရက် မြှောက်ကာ တံတွေးတွေနဲ့ ထွေးလိုက်သော်လည်း သူ့ပါးစပ်ထဲက သွေးတွေသာ အများကြီး ထွက်ကျလာလေ၏။ 


တစ်ဖက်လူသည် သူလုပ်တော့မှာကို ခံစားမိပုံရကာ ရှောင်ထွက်သွားတာ သိလိုက်သည်။ ထိုအချိန်တွင် ဦးလေးသုံးသည်လည်း လှည့်၍ သူ့ကိုယ်သူ လွတ်မြောက်နိုင်ခဲ့သည်။ တစ်ဖက်လူကလည်း ဦးလေးသုံး လွတ်မြောက်နိုင်ဦးမယ်လို့ မမျှော်လင့်ထားတာကြောင့် ချက်ချင်း ထကာ ဦးလေးသုံးရဲ့ ဒူးကောက်ကွေးကို ကန်ထည့်လိုက်ရာ ဦးလေးသုံးခမျာ ပြင်းပြင်းထန်ထန် လဲကျသွားတော့သည်။ 


သာမာန်လူတွေ ရန်ဖြစ်တဲ့အခါ တစ်ယောက်ယောက်က တခြားလူဆီမှ ဖိနှိပ်ခံရစဥ် သူ့ခွန်အားတွေလည်း ပြေလျော့သွားလိမ့်မည်။ အဲဒီအချိန်မှာ ပထမဆုံး အတွေးက လွတ်မြောက်ဖို့ပါပဲ။ ဒါပေမဲ့ တစ်ယောက်ယောက်က မင်းရဲ့အပေါ်ကို ရောက်နေတယ်ဆိုရင် မင်းကို ထပ်ချုပ်နှောင်ဖို့က အရမ်းလွယ်သွား​ပြီ။ 


ထို့ကြောင့် ဦးလေးသုံးသည် လွတ်မြောက်ရန် ဟန်ဆောင်ကာ တစ်ဖက်လူကို ပြန်လည် ဖိချလိုက်သည်။ ထို့နောက် လူ့ဦးခေါင်းခွံပါရှိသော သားရေအိတ်ကို တခြားလက်ဖြင့် ဆုပ်ကိုင်ကာ ရိုက်ချပစ်လိုက်သည်။


အဲဒီတုန်းက ဘယ်နေရာကို ထိသွားမှန်းမသိပေမယ့် တစ်ဖက်လူဆီက ညည်းညူသံ တစ်ချက်ကိုတော့ ကြားလိုက်ရ၏။ ဦးလေးသုံးကတော့ ရယ်မောပြီး အပေါ်ကို လှည့်ကာ သားရေအိတ်ကို ကောက်ကိုင်ကာ တစ်ဖက်သား ညည်းတွားနေတဲ့ နေရာကိုပဲ ထပ်မံ ရိုက်ချလိုက်သည်။


အထဲမှာ အရိုးတွေ အပိုင်းပိုင်း ကွဲကြေသွားတာတော့ နှမြောစရာ ကောင်းလှပေသည်။ သနားစရာက သူသည် ရေအိတ်ကို ထပ်မြှောက်နိုင်တဲ့ အစွမ်းမရှိတော့ချေ။ သူသည် ရိုက်မိလား မရိုက်မိဘူးလား ဆိုတာ ဂရုမစိုက်​တော့ဘဲ ရှဲ့လျန်းဟွမ် သံဓာတ်မီးထိုးထားတဲ့ နေရာကို အသည်းအသန် ပြေးသွားလိုက်သည်။ ဓာတ်မီးကို ဆွဲကိုင်ပြီး သူအနောက်ကို လှည့်ထွန်းလိုက်၏။


အရင်က ထင်ထားတဲ့ အမှောင်ထဲမှာ ထိပ်တိုက်ရင်ဆိုင်မှုဟာ အသုံးမဝင်လှပါဘူး။ တစ်ဖက်လူက သူ့ကို တကယ်မြင်နေရပါသည်။ နောက်တော့ သူ့ဓာတ်မီးကို ပိတ်ပြီး လှည့်ပတ်လိုက်တာဟာ ရယ်စရာ ပြကွက်ကို ဖြစ်သွားသည်။ တစ်ဖက်သားကို ထိန်းထားနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ တစ်ဖက်လူကို ထွက်ပြေးသွားဖို့ တွန်းအားပေးခြင်းပါပဲ။ 


သို့သော် တစ်ဖက်လူသည် လျှပ်စီးကြောင်းကဲ့သို့ ဓာတ်မီး အလင်းရောင်ကို ဖြတ်ကျော်သွားသလိုပဲ ဦးလေးသုံးသည် တိုက်ခိုက်သူကို ဘယ်မှာမှ ရှာမတွေ့တော့ပေ။


ဒေါသတွေထွက်ပြီး တည်ငြိမ်မှုကလည်း မရှိတော့ဘဲ ပုန်းအောင်းနေတဲ့လူကို မြင်လို့ကတော့ ဓားမြှောင်နဲ့ အသေထိုးသတ်ပစ်မယ်လို့ ကျယ်လောင်စွာ ကျိန်ဆဲပြီး ခေါင်းတလားဘက်ကို လှည့်ကြည့်လိုက်သော် ရေသံတစ်ချက် ကြားလိုက်ရ၏။ ထိုလူက ရေထဲက ထွက်လာခဲ့ခြင်းပင်။ 


သူ ပြေးသွားတာလား?။ ဦးလေးသုံး ခုန်ပေါက်ပြီး သူ့နောက်ကို လိုက်သွားခဲ့သည်။ ရေဝင်ပေါက်ကို အမြန်ပြေး ကြည့်လိုက်တော့ အဲဒီလူက ရေထဲကို ငုပ်သွားပြီဆိုတာ မြင်လိုက်ရ၏။ ရေထဲမှာ လှိုင်းဂယက်တွေ ရှိနေသေးသည်။ သူ့ခမျာ ဒေါသထွက်ပြီး ခုန်ချချင်လာပေမယ့် ဓာတ်မီးအောက်မှာ ရေတွေက မည်းနေတာ မြင်လိုက်ရ​လေသည်။ 


တစ်ဖက်လူက ချောင်းမြောင်း ခုတ်ထွင်လာရင် ခက်တော့မည် ဖြစ်တာကြောင့် ရေကိုသာ လက်ညှိုးထိုးပြီး ကျိန်ဆဲလိုက်လေ၏။ အဲဒီလူက ဘယ်သူလဲဆိုတာ မသိတာကြောင့် ဝမ်ကျင်းကလွဲလို့ သင်္ဘောပေါ်ရှိ လူတိုင်းကို နာမည်တပ်ကာ ဆဲဆိုကြိမ်းမောင်းခဲ့သည်။ 


သို့သော် သူကျိန်ဆဲနေစဉ်တွင် တစ်စုံတစ်ခု မူမမှန်တော့တာကို ခံစားလိုက်ရ၍ သူ့အနီးတစ်ဝိုက်တွင် ထူးထူးခြားခြား ဆူညံသံအချို့ ရှိနေသလို နားရွက်များက ယားယံလာသည်။


ဦးလေးသုံးလည်း အသံထွက်လာသည့် နေရာတွင် ဓာတ်မီးကို ထွန်းလိုက်သောအခါ သူ့တစ်ကိုယ်လုံး အေးစက်လာပြီး မူးလဲလုနီးပါး ဖြစ်သွားရသည်။


သူတို့ အောက်ဆီဂျင်ဘူး၏ ပလပ်ပေါက်မှ ဝက်အူလမ်းကြောင်းကို ဘယ်အချိန်က ဖြုတ်သွားတယ်မသိ။ အောက်ဆီဂျင်တွေက ဆူညံသွားသံတွေနဲ့အတူ စိမ့်ထွက်နေတာကို တွေ့လိုက်ရ​ပေသည်။



TN - ဒါနဲ့လေ အမှောင်ထဲကလူကို တရုတ်ဖန်တွေကတော့ အစ်ကိုလေးလို့ ခန့်မှန်းထားကြပါတယ်။ တကယ် အစ်ကိုလေးသာဆိုရင် ဦးလေးသုံးနဲ့ ရှဲ့လျန်းဟွမ်က ခေါင်းတလားကို မီးရှို့၊ သေးပန်းလို့ ဝင်တိုက်ခိုက်တာလား စဥ်းစားစရာပေါ့နော်။ ပြီးတော့ တော်တော်လေးလည်း မြန်တယ်။ မျက်စိအား​ကောင်းတယ်။