Chapter (83)
အမှုနှစ်ခုတစ်ပြိုင်နက်
မနက်စာစားပြီးနောက် လီကျင်လုံတို့ ဌာနကို ပြန်မသွားခဲ့ပေ။ သူနှင့် ဟုန်ကျွင့်တို့သည် လမ်းကြားတစ်ခုသို့ လှည့်ကာ အိမ်တစ်လုံးဆီသို့ ရောက်လာသည်။ နှစ်ယောက်သား တံခါးခေါက်ပြီး ဝင်သွားလိုက်သည်။ ဟုန်ကျွင့် ဒီကို နှစ်ကြိမ်ရောက်ဖူးပါ၏။ ဒါက ချန်မိသားစုအိမ်ပင်။
"ဘာဖြစ်လို့လဲ?" ဟုန်ကျွင့် အံ့သြစွာမေးလိုက်သည်။
လီကျင်လုံက ခဏလောက်စဉ်းစားပြီး ဟုန်ကျွင့်ဘက်ကို လှည့်ပြောလိုက်၏။
"မနေ့ညက တစ်ခုခုကို အိပ်မက်မက်ခဲ့တယ်... အဲဒါကြောင့် ဒီကိုလာကြည့်ဖို့ တွေးလိုက်တာ"
အမျိုးသမီးဝေ့က လီကျင်လုံ ဖြစ်နေတာကို မြင်သောအခါ သူမက ကလေးကို ပွေ့ချီကာ အမြန်ထွက်လာခဲ့သည်။ ကလေးက အသက်တစ်နှစ်ရှိပြီဖြစ်ပြီး တွားသွားနေပါပြီ။ သူက လီကျင်လုံနဲ့ ဟုန်ကျွင့် ကိုမြင်သောအခါ "အာ....အား." ဟူ၍ အသံပေးနေ၏။
"နှလုံးမီးအိမ်ကို အိပ်မက်မက်နေတာလား"
ဟုန်ကျွင့် လီကျင်လုံဘက်ကို တစ်ချက်ကြည့်လိုက်သည်။
လီကျင်လုံက ပြန်မဖြေဘဲ နောက်ထပ် ပိုက်ဆံနည်းနည်းထုတ်ပြီး မိခင်ကို ပေးလိုက်သည်။ သူမက လုံလောက်ပြီ ဖြစ်ကြောင်း၊ ပိုက်ဆံတွေက သုံးကုန်မှာမဟုတ်ကြောင်း ကမန်းကတန်း ပြောလာခဲ့သည်။ သို့သော်လည်း လီကျင်လုံကလည်း သူမအား မငြင်းဆိုဖို့ နားချနေ၏။
"မင်း နာမည်ပြောင်ရွေးပြီးပြီလား"
ဝေရှစ်: "မျောက်လေးလို့ နာမည်ပြောင် ပေးထားတယ်... အပြင်က လူတွေက ခေါင်းဆောင် ဘွဲ့တစ်ခု ချီးမြှင့်ခံရတယ်လို့ ပြောကြတယ်... ကျွန်မအစက သူ့ကို ခေါ်သွားချင်ပေမယ့် လမ်းပျောက်သွားလို့... "
ဝေရှစ် ဒူးထောက်ခါနီးတွင် ဟုန်ကျွင့် သူမကို အမြန်ထူပေးလိုက်သည်။
လီကျင်လုံ : "ကျွန်တော် စကားလုံးနည်းနည်း ရွေးပြီး ခင်ဗျားဆီကို ပို့ပေးမယ်...စိတ်မ၀င်စားရင် ကလေးအတွက် အဆင်ပြေတဲ့ စကားလုံးကို သုံးလို့ရတယ်..."
ဝေရှစ် အလွန်ကျေးဇူး တင်နေမိပါသည်။ လီကျင်လုံက ကလေးကို ရိုးရှင်းစွာ နှုတ်ဆက်ပြီးနောက် ဟုန်ကျွင့်နှင့် အတူ ထွက်လာကာ လမ်းတစ်လျှောက် ဖြည်းညှင်းစွာ ပြန်လာခဲ့သည်။
ဟုန်ကျွင့် စကားမပြောပေ။ နွေဦးလေပြေက အေးချမ်းစွာ တိုက်ခတ်လာသည်။ သို့သော် လီကျင်လုံကတော့ တစ်ခုခုကို စိုးရိမ်နေပုံပေါ်၏။ သူက ရှေ့ကိုလှမ်းပြီး ဟုန်ကျွင့်လက်ကို ဆွဲယူလိုက်ရာ ဟုန်ကျွင့် ရုတ်တရက် ပြန်ဆွဲထုတ်ချင်ပေမယ့် လီကျင်လုံက သူ့လက်ချောင်းကြီးတွေဖြင့် ဆုပ်ကိုင်ထားပြီး သူတို့ရဲ့ လက်ချောင်းတွေကို ယှက်ထားသည်။
လီကျင်လုံသည် သူ့လက်ချောင်းတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားရင်း ဆိုလိုက်သည်။
"ဟုန်ကျွင့် နှလုံးမီးအိမ်က ငါ့အပေါ်ကို ကျရောက်မယ်လို့ မင်းထင်လား"
ဟုန်ကျွင့် အမူအရာ ပြောင်းသွားပေမယ့် ပြန်ဖြေလိုက်သေးသည်။
"ဟုတ်တယ် ဒါက ကံကြမ္မာပဲ"
အဲဒီကိစ္စကို အရင်က တစ်ခါမှ အသေးစိတ် မတွေးဖူးပေမယ့် အခု တွေးကြည့်တော့ တော်တော်များများက တိုက်ဆိုင်မှုတွေ၊ အကြောင်းတရားတွေနဲ့ သက်ရောက်မှုတွေချည်းပါပဲ။ အကယ်၍ သူသည် ပျံသန်းနေသော ဖေးအောင်ကို မလိုက်ခဲ့ပါက လီကျင်လုံကို တွေ့လိမ့်မည် မဟုတ်သလို၊ နှလုံးမီးအိမ်သည်လည်း ကွဲကြေသွားလိမ့်မည် မဟုတ်ပေ။ အကယ်၍ သူသည် ချန်မိသားစု၏ တကယ့်သားစဉ်မြေးဆက်သို့ နှလုံးမီးအိမ် ပေးအပ်ခဲ့မည်ဆိုလျှင် သူသည် နတ်ဆိုးလုရွှီမှ လုံးဝထိန်းချုပ်ခံထားရပြီး လီကျင်လုံနဲ့ မော့ရစ်ကန်းတို့ကို သတ်ပစ်နိုင်သည်။
...အရာရာကို ကောင်းကင်ဘုံက သတ်မှတ်ပေးထားပုံရသည်။ ဟုန်ကျွင့် အတိတ်ကို လေးလေးနက်နက် ပြန်စဥ်းစားကြည့်တော့ အလွန်မှော်ဆန်နေတာကို တွေ့လိုက်ရသည်။ သို့သော် လီကျင်လုံ ပြောသည့်စကားက သူ့အား နောက်ထပ် အမှတ်တရတစ်ခုကို သတိရသွားစေသည်။
အတိတ်ကနေ ယနေ့တိုင် မရေမတွက်နိုင်သော အဖြစ်အပျက်တွေ ဖြစ်ခဲ့ပေမယ့် အဲဒါနဲ့ ပတ်သက်သည့် လုံးဝ မေ့သွားကြသည်။
လီကျင်လုံ လမ်းလျှောက်လာရင်း စဉ်းစားနေခဲ့ရာ နတ်ဆိုးနှင်ဌာန တံခါးဝကို ရောက်တဲ့အခါ ဟုန်ကျွင့် သူ့လက်ကို ရုန်းလိုက်သည်။ လီကျင်လုံက တံခါးဖွင့်လိုက်စဥ် ဟုန်ကျွင့်းလည်း သူ့ဘောင်းဘီကို အမြန်လျှော်ဖို့ ခြံထဲကို အမြန်လေး လျှောက်ဝင်သွားလေ၏။
"အရှင်ယာတန်" အိမ်ဝင်းထဲမှာ လူတစ်ယောက်က အသံပေးလာသည်။
"မင်း အရမ်းအလုပ်များနေတာပဲ..."
ဟုန်ကျွင့် အမြန်ရပ်ကာ လှည့်ကြည့်လိုက်တော့ ဟင်းလင်းပြင်မှာ ရပ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ယန်ကော်ကျုံးပင်။
လီကျင်လုံ လန့်သွားပြီး :"ဝန်ကြီးချုပ် ယန်"
နတ်ဆိုးနှင် ဌာနရှိလူများ အားလုံးတွင် ချိုးယုံစစ်သာလျှင် အရာရှိများနှင့် စကားပြောနိုင်သည်။ မော့ရစ်ကန်း၊ လုရွှီနဲ့ အားရှစ်နရှုံတို့သည် ဧကရာဇ်မင်းမြတ်၏ ဒုတိယမြောက် ဝန်ကြီးချုပ် ဖြစ်သည်ကို မသိကြသလို တရားဝင်ရာထူးကို တစ်ကြိမ်မှ မရရှိခဲ့ကြပေ။ လီကျင်လုံဟာ ဝန်ကြီးချုပ်ဆီက အနိုင်ကျင့်ခြင်းကို ခံရကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခဲ့ဖူးသည်။
ယန်ကော်ကျုံးက သူတို့ဘက်မှာ မရှိတာကို လူတိုင်းသိသောကြောင့် ယန်ကော်ကျုံးဆီက လှည့်စားမခံရစေရန် နှုတ်ခွန်းဆက်တာတွေကို ရှောင်ရှားခဲ့ကြသည်။
လီကျင်လုံသည် ဟုန်ကျွင့်ကို သူ့အခန်းထဲ အရင်ပြန်သွားဖို့ အချက်ပြခဲ့ပြီး ယန်ကော်ကျုံးကို "ကြွပါ" ဟု လက်ဟန်ပြကာ တောင်းပန်လိုက်သည်။ ခန်းမထဲမှာ ခဏ စောင့်ခိုင်းပြီး အဝတ်အစားလဲလိုက်ကာ ဧည့်သည်ကို ဧည့်ခံဖို့ ပြန်ထွက်လာခဲ့ပါ၏။ ယန်ကော်ကျုံးမှာ ဒီလိုမြင်ကွင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ခရိုင်သုံးခုမှ ခရိုင်မှူးအထိ မန်ချူအရာရှိများ အားလုံးသည် သူ့ကိုမြင်သောအခါ အလွန်ရိုသေလေးစားကြပြီး အကျင့်ပျက်ခြစားကြသည်။
ဒါပေမယ့် နတ်ဆိုးနှင်ဌာနက ဥပဒေမဲ့ ရမ်းကားတဲ့ လူအုပ်စုက သူ့ကို ခြံဝင်းထဲမှာ တွဲလောင်းထားခဲ့ဖို့ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ခဲ့ကြသည်။ လီကျင်လုံက လာပေမယ့်လည်း သူ့အဝတ်အစားတွေကို အရင်ပြောင်းဖို့ သွားနေတုန်းပဲ။ ပိုရွံစရာကောင်းတာက နတ်ဆိုးနှင်ဌာနဟာ စတင်ကတည်းက သူ့ရဲ့ တိုက်ရိုက်စီရင်ပိုင်ခွင့် အောက်မှာ ရှိနေခဲ့တာ။ လီကျင်လုံဟာ အလွန်မောက်မာပြီး ကြီးစိုးတဲ့ သူ့ရဲ့လက်အောက်ငယ်သားဟောင်း ဖြစ်ပါ၏။
မထင်မှတ်ပဲ လီကျင်လုံဟာ သူ့အဝတ်အစားတွေကို အရင် သွားလဲနေခဲ့သည်။ နောက်လိုက်တွေက အလိုက်ပင်မသိ။ ရထားလုံးနဲ့ မြင်း မရှိဘူး။ တလီတရားရုံး သို့မဟုတ် တရားရေးဌာနမှ ဘယ်သူမှ သူ့နောက်သို့ မလိုက်ကြသဖြင့် သူတစ်ဦးတည်းသာ ရှိခဲ့သည်။
ဘာကြောင့်လဲ? သူ ဒီမှာနေတာ ဘယ်လောက်ကြာပြီလဲ။ ဒီမနက် အစောကြီးကတည်းက ရောက်နေခဲ့တာ။
... မနက်စောစော ရောက်လာတယ် ဆိုကတည်းက အရမ်းအရေးကြီးတာ ဖြစ်မည်။ လီကျင်လုံလည်း စိတ်ထဲတွင် မေးခွန်းများစွာ လျင်မြန်စွာ ထွက်ပေါ်လာသည်။ သူ့မျက်နှာကို ဆေးကြောပြီး အခန်းထဲမှာ တစ်ကိုယ်လုံးကို ခေတ္တသုတ်ပြီး ကိုယ်ခံပညာ ဝတ်စုံရဲ့ ကြယ်သီးတွေတပ်ကာ ခန်းမထဲကို အမြန်ဝင်လိုက်သည်။
ယန်ကော်ကျုံးရဲ့ မျက်နှာအမူအရာက မည်းမှောင်နေသော်လည်း လီကျင်လုံက ၎င်းကို သတိမထားမိသလို ဟန်ဆောင်ကာ လက်ကို အနည်းငယ်ဖြန့်ကာ ပြောစရာရှိလျှင် မှန်ကန်သော ၀န်ကြီးချူပ်က မြန်မြန် ပြောသင့်ကြောင်း ညွှန်ပြနေသည်။
"ကျောင်းလင်ကို ရောက်ဖူးမယ် ထင်တယ်" ယန်ကော်ကျုံးက အသံနက်ကြီးဖြင့် ပြောသည်။
"ကျွန်တော် ရောက်ပါတယ်..."
လီကျင်လုံ လုံးဝမအံ့သြပါ။ မြို့တော်ရှိ လူတိုင်းတွင် ယန်ကော်ကျုံးရဲ့ မျက်လုံးများနှင့် နားများ ရှိကြပြီး သူတို့၏ တည်နေရာကို သူ့ထံမှ ဖုံးကွယ်ထား၍ မရပေ။
"လီရှန်းတောင်မှာရှိတဲ့ ဟွာချင်ရေကန်မှာ ပေါ်လာတဲ့ မိစ္ဆာကို မင်းစုံစမ်းပြီးပြီလား"
“မစုံစမ်းရသေးပါဘူး” လီကျင်လုံ ခေါင်းယမ်းလိုက်သည်။
ဟွာချင့်နန်းတော်ထဲမှာ ငါးနဲ့ ခွင်းတစ်ကောင် ရုတ်တရက်ပေါ်လာပြီး ရေပူစမ်းရေကန်ထဲက ပြေးထွက်လာကြသည်။ ညစောင့်တပ်သားများပြောသည့် စကားအပေါ် အခြေခံ၍ လီကျင်လုံသည် မိစ္ဆာဘုရင် နှစ်ပါးဖြစ်သည့် ခွင်း နှင့် သိမ်းငှက်တို့ ဖြစ်နိုင်ကြောင်း မှန်းဆမိခဲ့သည်။ ဟုန်ကျွင့်နဲ့ ပတ်သက်နေတာကြောင့် သူ့ကို ပြောပြဖို့ ရည်ရွယ်ချက်မရှိပေ။
"ကျောင်းလင်ရဲ့ အဖြစ်အပျက်က မိစ္ဆာတွေနဲ့ သက်ဆိုင်လား"
လီကျင်လုံ ခဏလောက်စဉ်းစားပြီး မျက်မှောင်ကြုတ်ကာ ထိုသူကိုကြည့်ကာ "မရှင်းသေးဘူး" ဟု ပြန်ပြောလိုက်သည်။
ယန်ကော်ကျုံး : "ကျောင်းလင်မှာ ဘာပေါ်လာတာလဲ"
"ဒါကလည်း မရှင်းသေးပါဘူး...."
ယန်ကော်ကျုံးက ရှေ့ကို အနည်းငယ် ငုံ့ကာ ဆိုလိုက်သည်။
"အရှင်ယာတန်... ဒီအခြေအနေကို ကျင့်ဝတ်ဌာနဆီ သတင်းပို့ပြီးပြီ။ ဧကရာဇ် ကိုယ်လုပ်တော်ရဲ့ မွေးနေ့က မကြာခင် ကျရောက်တော့မှာ...ယွိရှစ်မျှော်စင်က အဲဒီကောင်ရဲ့ နှလုံးသားက ဘယ်လိုမှ မအေးနိုင်မှန်း မင်း သိသင့်တယ်"
ယန်ကော်ကျုံး စိတ်မရှည်တော့ကြောင်း လီကျင်လုံ ချက်ချင်းသိလိုက်သည်။ စွပ်စွဲပြစ်တင်ခံရမှာကို ကြောက်နေကြောင်း သဘောပေါက်တာကြောင့် သူရှင်းပြခါနီးမှာ ယန်ကော်ကျုံးက ဆက်ပြောလာခဲ့သည်။
"မနေ့ညက ချန်လင်ဂူဗိမာန်မှာ လူဘယ်နှစ်ယောက်သေလဲ မင်းသိလား"
လီကျင်လုံ : "!!!"
ယန်ကော်ကျုံး လီကျင်လုံအား နားမလည်နိုင်သော အမူအရာဖြင့် ကြည့်ကာ :"မင်းမသိသေးဘူး ထင်ပါတယ် ဘာပဲဖြစ်ဖြစ် ဂူဗိမာန် အပြင်ဘက်မှာ အစောင့်နှစ်ဆယ့်ငါးယောက်က ညတွင်းချင်း အသတ်ခံလိုက်ရတယ်... သူတို့ရဲ့ လည်ပင်းတွေ အကုန်လုံး ကျိုးသွားပြီး အလောင်းတောင် မကျန်တော့ဘူး"
လီကျင်လုံလည်း ဒီကိစ္စက မကောင်းတော့ကြောင်း တိတ်တဆိတ် တွေးမိတညကြောင့် ဤကိစ္စကို အလေးအနက်ထားဖို့ ဆုံးဖြတ်လိုက်သည်။
ယန်ကော်ကျုံး: “ဒီည မင်းကိုယ်တိုင် သွားကြည့်မှာမလား”
"ချက်ချင်း ဆင်းကြတာပေါ့... ဘုရင်မင်းမြတ်က ဘာပြောလဲ.."
လီကျင်လုံ မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
ယန်ကော်ကျုံး: "သတင်းကို တလီတရားရုံးမှာ သိမ်းထားတယ်... "မင်းဘာနည်းလမ်းသုံးသုံး ငါဂရုမစိုက်ဘူး...အဲဒီကောင်က ဘယ်လို သတ္တဝါလဲ ဆိုတာကို အမြန်ဆုံး ရှာဖွေရမယ်!"
မတ်လ ၁၈ ရက်နေ့၊ ၁၃ နှစ်မြောက် ထျန်းပေါင်။
ဖြစ်ရပ်- ချန်လင်ဂူဗိမာန် သရဲခြောက်မှု။
ခက်ခဲမှု- မြေပြင်အဆင့်
ဧရိယာ- ချန်လင်ဂူဗိမာန်၊ လျန်ရှန်း မြောက်ဘက် တောင်ထိပ်
အမှုတွဲ- အမည်မသိ
ဖြစ်ရပ် အသေးစိတ်အချက်များ- မတ်လ ၁၇ ရက်ညတွင် လျန်ရှန်းတောင်၏ မြောက်ဘက်တောင်ထွတ်ရှိ ချန်လင်ဂူဗိမာန် အပြင်ဘက်တွင် နတ်ဆိုးတစ်ကောင် ရုတ်တရက်ပေါ်လာပြီး ဂူဗိမာန်ကို စောင့်ကြပ်နေသော အစောင့် ၂၅ ဦးကို သတ်ဖြတ်သွားခဲ့သည်။
ဆုလာဘ်- နဂါးကိုဖမ်းမိရင် ယန်မိသားစုက လှလှပပ ဆုချလိမ့်မယ်။
မှတ်ချက်- ဘုရင်မင်းမြတ် သို့မဟုတ် တခြားဘယ်သူ့ကိုမျှ နှိုးဆော်ခြင်းမပြုရ၊ မဟုတ်ပါက သင့်အသက် အန္တရာယ်နှင့် ကြုံတွေ့ရလိမ့်မည်။
လီကျင်လုံလည်း သူ့လူအားလုံးကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။ ယန်ကော်ကျုံး ခန်းမထဲက အမြန်ထွက်လာပြီး လီကျင်လုံအား ပြောလာသည်။
"တလီတရားရုံးရဲ့ လက်ထောက်ဝန်ကြီး ချန်ရှောင်က ကျောင်းလင်အမှုကို စုံစမ်းနေတုန်းပဲ... ဒီအမှုကို ဖုံးကွယ်ဖို့ ကြိုးစားရမှာ..."
“မှန်လှပါ ဝန်ကြီးချုပ်... လူ့အသက်နဲ့ သက်ဆိုင်နေတာပဲ... နှောင့်နှေးနေလို့ မဖြစ်ပါဘူး အမှန်တရားက အရာအားလုံးအတွက် အခြေခံပါပဲ"
လီကျင်လုံက လေးနက်တဲ့ အသံနဲ့ ပြန်ပြောလိုက်သည်။ ယန်ကော်ကျုံးက စိတ်ဆိုးချင်သလို အသက်ပြင်းပြင်း ရှူလိုက်သည်။ မော့ရစ်ကန်းနဲ့ တခြားသူများ ထွက်လာကြသော် ဒေါသတကြီး ထွက်ခွာသွားတဲ့ ယန်ကော်ကျုံးရဲ့ ကျောပြင်ကိုသာ မြင်လိုက်ရသည်။
"ငါ့နောက်လိုက်ခဲ့!"
လီကျင်လုံ လူတိုင်းကို မြင်းတစ်ကောင်စီဖြင့် ဦးဆောင်လာခဲ့သည်။ လမ်းကြားများကို ဖြတ်၍ မြို့ပြင်သို့ ထွက်ခွာသွားရမယ့်အစား သူတို့သည် အားထိုက်နဲ့ ထဲ့လန်သော် နေထိုင်သည့် စားသောက်ဆိုင်သို့ လှည့်သွားကြသည်။
အားထိုက်ကလည်း အားလုံးရဲ့ အဆင်သင့်ဖြစ်နေကြပုံကို မြင်သောအခါတွင် တစ်ခုခုဖြစ်နေပြီဟု သိလိုက်ကာ ချက်ချင်း ထွက်ခွာရန် မြင်းကို ဆွဲလိုက်သည်။ ဒါပေမယ့် လီကျင်လုံကတော့ အဆင်ပြေပါတယ်လို့ ပြောရင်း အားလုံးကို ဝင်ထိုင်ဖို့ အချက်ပြလိုက်သည်။
လီကျင်လုံ: "မင်းကို ပြန်ခေါ်ဖို့ အချိန်မရှိလိုက်လို့...ဒီမှာပဲ စကားပြောရအောင်"
ထဲ့လန်သော်က သေရည် သောက်ချင်ပေမယ့် အားထိုက်က လက်ဖက်ရည်ပဲ ထုတ်လိုက်ပြီး။
"ယုံစစ်ဆီက စာတစ်စောင် ရထားတယ် မကြာခင် သူပြန်လာမှာပါ... သူဘာပြောမလဲ ကြည့်ရအောင်"
လန်းလင်ပယင်း စားသောက်ဆိုင်တွင် လီကျင်လုံက သီးသန့်ခန်းထဲသို့ ၀င်သွားသည်။ အားလုံးထိုင်ကြပြီးနောက် အားထိုက်က ထဲ့လန်သော်ကို အပြင်မှာကြည့်ခိုင်းထားပြီး ဘယ်သူ့ကိုမှ အနားမကပ်စေဖို့ မှာခဲ့သည်။ ထို့နောက် လီကျင်လုံက ယန်ကော်ကျုံး ပြောတာကို လူတိုင်းအား အသေးစိတ်ပြောပြလိုက်သည်။
မော့ရစ်ကန်း : "နောက်တစ်ခုလား?"
ချန်လင်ဂူသင်္ချိုင်းသည် ဝူကျောက်နဲ့ လီကျစ်တို့ကို အတူတကွ သင်္ဂြိုဟ်ထားရာ နေရာဖြစ်သည်။ ဂူဗိမာန်ကို ချိတ်ပိတ်ပြီးကတည်းက လူအနည်းငယ်သာ သွားရောက် လည်ပတ်ခဲ့ကြသည်။ နှစ်စဉ်နှစ်တိုင်း လီလုန်ကျီးသည် ဘိုးဘေးများအား ယဇ်ပူဇော်သောအခါ ဝူကျောက်အပေါ် ရန်ငြိုးထားနေသေးသောကြောင့် ချန်လက် ဂူဗိမာန်သို့ သူတစ်ယောက်တည်း မသွားဖြစ်ခဲ့ပေ။
အားရှစ်နရှုံက ဒီစကားကိုကြားတော့ ရယ်လေသည်။
"ဘာကိုဆိုလိုတာလဲ... မင်းဧကရာဇ်မင်းဆက်တွေရဲ့ တစ္ဆေတွေ အားလုံးက လက်ရှိမင်းဧကရာဇ်ကို ခြောက်ဖို့ ထွက်လာကြတာလား"
အားထိုက်: "ဟေ့ မင်းစကားကို သတိထားဦး!! ငါတို့ ဒီနေရာကို ဧကရာဇ်မင်းဆီက ငှားထားတာနော်"
ဟုန်ကျွင့် : "ကျောင်းလင်က ကောင်ကတော့ ရှဲ့ယွီ ဆိုတာ သေချာတယ်"
လုရွှီ: "ကျွန်တော်လည်း သေချာတယ်...."
“ဟုတ်ပြီ!” လီကျင်လုံက ခေါင်းညိတ်ပြပြီး။
"ဒါကို ငါ့မျက်လုံးနဲ့လည်း မြင်ခဲ့တယ် အဲဒါက ရှဲ့ယွီ ဒါမှမဟုတ်ရင် ရှဲ့ယွီရဲ့ကိုယ်ပွားပဲ"
အားထိုက် လီကျင်လုံဘက် တစ်ချက် ကြည့်လိုက်သည်။ လီကျင်လုံမှာ နိဂုံးချုပ်ရန် အလွန်ခက်ခဲသော အရာတစ်ခုကို စဉ်းစားနေပုံရသည်။
“ဒါဆိုရင်တော့ ပြဿနာ…”
မော့ရစ်ကန်း: "အဲဒါ သူမဟုတ်လောက်ဘူး"
လီကျင်လုံ: "ကောက်ချက်ဆွဲဖို့က စောလွန်းနေသေးတယ်... ဒါပေမယ့် အခုကိစ္စက ရှုပ်ထွေးနေတာ... သူမဟုတ်ရင် ဘယ်သူဖြစ်နိုင်မလဲ"
"ဘာပြဿနာလဲ?"
ဟုန်ကျွင့်ရဲ့ ဦးနှောက်က အတူတူ လိုက်စဥ်းစားနိုင်တဲ့အထိ အနည်းငယ် မလုံလောက်တော့ပေ။ လုရွှီသည်လည်း သူနှင့် လုံးဝ အဆက်အသွယ် ပြတ်နေသလိုပင်။ မော့ရစ်ကန်း၊ အားထိုက်နဲ့ လီကျင်လုံ တို့သည် ထူးဆန်းသော သဘောတူညီမှုတစ်ခု ရနေခဲ့ကြောင်း ခံစားနေရသည်။
"မင်းတို့ ဘာအကြောင်းပြောနေတာလဲ?"
ဟုန်ကျွင့်မှာ လေထု တိတ်ဆိတ်သွားတာ မြင်လိုက်ရပြီး သူ့အခြေအနေကလည်း တည်ငြိမ်မှု လုံးဝ ကင်းသွားသည်။ ရုတ်တရက် အနည်းငယ်လည်း ဝမ်းနည်းသွားသည်။ လီကျင်လုံနှင့် သူ၏ဆက်ဆံရေး ပြောင်းလဲသွားသော်လည်း အားလုံးက သူ့ကို ကာကွယ်ပေးပြီး အရာအားလုံးကို ဖုံးကွယ်ထားသည့် အချိန်သို့ ပြန်ရောက်သွား၏။
သူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်နှင့် တပြိုင်နက် လီကျင်လုံက ၎င်းကို ချက်ချင်း သတိပြုမိသည်။
"ဟုန်ကျွင့် ....တကယ်တော့..."
"အဆင်ပြေပါတယ်..." ဟုန်ကျွင့်က ထပြီး။
"မင်းတို့ လက်ဖက်ရည်သောက်ဖို့ ရေနည်းနည်း ကျိုလိုက်ဦးမယ်!
လီကျင်လုံက သူ့လက်ကို မလွှတ်စတမ်း ဆုပ်ကိုင်ထားလိုက်သည်။ သူက စိတ်ပျက်သွားသလိုပဲ ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ပြောလာသည်။
"မင်းစိတ်ထိခိုက်သွားမှာ ကြောက်လို့ ကိုယ် မပြောပြတာ..."
မော့ရစ်ကန်းက လှောင်အိမ်ပုံစံ လုပ်ပြသည်။ လီကျင်လုံလည်း သဘောပေါက်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။ ဆိုလိုသည်မှာ ဟုန်ကျွင့်သည် ရှဲ့ယွီကို ယခုအချိန်အထိ မကြောက်သေးသောကြောင့် သူ့ကို အသိပေးလိုက်လည်း မနာကျင်စေလောက်ချေ။
ဟုန်ကျွင့်: "ကျနော့်ကိုပြောပါ...."
"ကိုယ်တို့ ဒီရက်ပိုင်း မှန်းဆကြည့်နေကြတာ..." လီကျင်လုံသည် စားပွဲနောက်ကွယ်ရှိ သစ်သားခုံတန်းကို မှီကာ မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။
"ရှဲ့ယွီ ဘယ်မှာလဲ? အမြီးကိုးချောင်း မြေခွေးလို လူသားအသွင် ပြောင်းလဲပြီး ချန်အန်းမြို့မှာ ပုန်းအောင်းနေလား? ဆိုတာပေါ့...."
လုရွှီ? "ကျနော် သွမ့်ဟွမ်မှာရှိတုန်းက ချန်အန်းက အမြီးကိုးချောင်း ကောင်းကင်မြေခွေး သေသွားပြီလို့ ရှဲ့ယွီ အကြိမ်ကြိမ် ပြောနေတာ ကြားဖူးတယ်... ချန်ရှီရဲ့ အနီးနားမှာပဲ ရှိမယ်ထင်တယ်"
မော့ရစ်ကန်း: "ငါ လုရွှီနဲ့ အသေးစိတ် စစ်ဆေးပြီးပြီ...ဒါက ငါတို့မှာရှိတဲ့ တစ်ခုတည်းသော အချက်အလက်ပဲ...."
ဟုန်ကျွင့်လည်း ထိုလူတွေက သူနားမလည်တဲ့အရာတွေကို လျှို့ဝှက်စုံစမ်းနေပြီး တကယ်ကို ကြော်ငြာနေတာ ဖြစ်ကြောင်း သိလိုက်သည်။
ဟုန်ကျွင့်. "ဒါဆို?... ရလဒ်က ဘာလဲ?"
သာမာန်အားဖြင့် ဟုန်ကျွင့်သည် နိဂုံးချုပ်စကားကိုသာ နားထောင်လေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်တော့ လီကျင်လုံပင် အဆုံးသတ်နိဂုံးက ဘာလဲ မဆုံးဖြတ်ရသေးပေ။
ထိုစဥ် အပြင်ဘက်မှ ခြေသံတွေ ထွက်လာရာ လီကျင်လုံ ချက်ချင်း သတိကပ်သွား၏။ အပြင်ဘက်က ထဲ့လန်သော်ရဲ့ စကားသံကို ကြားတော့မှ လူတိုင်း သက်ပြင်းချနိုင်သွားကြသည်။ အားထိုက် ကန့်လန့်ကာကို အမြန်ဖွင့်လိုက်သည်။
"ယုံစစ် ပြန်လာပြီ!"
ဖုန်ထူထပ်နေတဲ့ လမ်းမပေါ်ကနေ ပြေးလွှားလာရလို့ မောပန်းနွမ်းနယ်နေဟန်ရှိတဲ့ ချိုယုံစစ်က သီးသန့်ခန်းထဲကို ညှစ်ဝင်လာခဲ့လေသည်။
"အရမ်းပင်ပန်းနေပြီ... မရီး... လက်ဖက်ရည်လေး လုပ်ပါဦး!"
ချိုးယုံစစ် ရက်အနည်းငယ်ကြာမှ ထွက်ခွာသွားပြီးနောက် ဟုန်ကျွင့်သည် နတ်ဆိုးနှင် ဌာနတွင် တစ်စုံတစ်ရာ ပျောက်ဆုံးနေကြောင်း အမြဲလိုလို ခံစားခဲ့ရသည်။ အခုတော့ အားလုံး အဲဒီမှာ ရှိနေကြပါပြီ။
လီကျင်လုံ: "လော့ယန်မှာ ဘယ်လိုလဲ"
"မင်းတို့ဘက်ကအကြောင်း အရင်ပြောရအောင်" ချိုးယုံစစ်က လက်ဖက်ရည်ခွက်ကိုယူပြီး တစ်ကျိုက်လောက် မော့သောက်လိုက်သည်။
"ပြီးရင် ငါထပ်ထည့်ပြီး ပြောမယ်!"
လီကျင်လုံ: "ချန်အန်းမှာ ပြဿနာကြီး တစ်ခုရှိတယ်။"
ချိုးယုံစစ်: "ဘယ်လိုဖြစ်တာလဲ.... မင်းတို့ဒီမှာ အရက်သောက်ပြီး ဒီအမှုကို အတူတူစုံစမ်းနေတာလား"
ငါးကြင်းနတ်ဆိုးက တင်ပျဉ်ခွေထိုင်နေတဲ့ ဟုန်ကျွင့်ရဲ့ပေါင်ပေါ် ခုန်တက်ပြီး ဝင်ပြောလိုက်သည်။
"လောင်အာ့ ဆက်ပြောပါဦး... ရှဲ့ယွီ ဘယ်ရောက်နေလဲ"
လီကျင်လုံ : "ချန်အန်းမှာပဲ ရှိတယ် ဖြစ်နိုင်ခြေအရှိဆုံးကတော့ ရှင့်ချင်နန်းတော်ထဲမှာပဲ ဘုရင်မင်းမြတ်အနားမှာပဲ"
"အာ?!" ဟုန်ကျွင့် အံ့အားသင့်စွာဖြင့်။
လူတိုင်း တိတ်ဆိတ်နေခဲ့သည်။ လုရွှီသည် လီကျင်လုံကို ကြည့်လိုက်ပြီးနောက် ဟုန်ကျွင့်ကိုပါ ကြည့်လိုက်သည်။ ဟုန်ကျွင့်က လီကျင်လုံ၏ "အရည်အချင်း" အကြောင်း တစ်ချိန်က ပြောခဲ့သည့်စကားကို သတိရမိသည်။ သူသည် ပျောက်ဆုံးနေသော အချက်အလက်များစွာမှ အံ့သြဖွယ်ကောင်းသော ခန့်မှန်းချက်များကို အံ့ဖွယ်နည်းဖြင့် အမြဲတမ်း စီမံခန့်ခွဲနိုင်သူဖြစ်သည်။
"ဘာလို့ဒီလို ပြောတာလဲ"
ဟုန်ကျွင့် မနေနိုင်စွာ ဖြတ်မေးလိုက်သည်။
မော့ရစ်ကန်း: "ဒါက ဒေါသထွက်စရာ ကောင်းပေမယ့် ခေါင်းဆောင် ဒီလိုပြောလာပုံထောက်ရင် ငါလည်း ဖြစ်နိုင်ခြေ အရမ်းများတယ်လို့ ထင်တယ်"
"ရှဲ့ယွီက ချန်အန်းမြို့ရဲ့ အခြေအနေကို ကောင်းကောင်းသိတယ်" လီကျင်လုံက လက်ဖက်ရည်သောက်ပြီး ဖြည်းဖြည်းချင်း ပြောပြသည်။
"အချက် နှစ်ချက်ရှိတယ်... ပထမအချက် တစ်ယောက်က သူ့သူလျှိုတွေက သူ့ကို အချိန်မရွေး သတင်းပို့တယ်... ဒုတိယအချက်က သူ ချန်အန်းမြို့မှာ ရှိနေတယ်"
"နောက်ဆုံးအကြိမ် အမြီးကိုးချောင်း မြေခွေးသေသွားတုန်းက အခြေအနေကိုကြည့်ရင် မိစ္ဆာတွေ ပြန့်ကျဲသွားတယ်... အနည်းဆုံး အချိန်ကာလတစ်ခုအထိ မြို့ထဲမှာ မိစ္ဆာတွေ မရှိကြတော့ဘူး... မြေခွေး သေသွားတော့ ရှဲ့ယွီက ချန်အန်းမှာ သူလျှိုတစ်ယောက် ထပ်ထည့်ခဲ့တယ်... ဒါပေမဲ့ အမြီးကိုးချောင်း မြေခွေး သေသွားတော့ မြို့ထဲ အထူးအဆန်း ဘာတွေမှ မဖြစ်တော့တာကို ငါ သတိထားမိတယ်! ငါ ချန်အန်းကနေ ထွက်သွားတယ်... လန်ကျိုးကိုသွားပြီး ပြန်လာတော့ တလီတရားရုံးက အမှုတွဲတွေကို စစ်ကြည့်သေးတယ်... ဘာမှထူးခြားတာ မတွေ့ဘူး"
"ဟုန်ကျွင့်... ချင်းရှူံက မိစ္ဆာဘုရင် ချန်အန်းမှာ ရှိနေတယ်လို့ မင်းကိုလည်း ပြောဖူးတယ်မလား... ဒါကြောင့် ရှဲ့ယွီက ဘယ်တုန်းကမှ ထွက်မသွားခဲ့ဘူး... အစကနေအဆုံးထိ သူ ဒီမှာပဲ ရှိနေခဲ့တယ်လို့ ငါထင်တယ်"
ဟုန်ကျွင့် : "..."
ချိုးယုံစစ်လည်း အစပိုင်း လီကျင်လုံ မှန်းဆထားတာတွေကို ရှင်းရှင်းလင်းလင်း သဘောပေါက်တာကြောင့် ခေါင်းညိတ်လိုက်သည်။
"ငါသာ ကောင်းကင်မြေခွေးဆိုရင် ဘုရင်မင်းမြတ်အနားမှာ ပုန်းခိုနေဖို့က မခက်ခဲဘူး"
လီကျင်လုံက ခေါင်းညိတ်ပြီး :"ဒါက တရားရုံးမှာ အဆင့်မြင့်တဲ့ လူတစ်ယောက် ဖြစ်နိုင်တယ်"
ဟုန်ကျွင့်: "ဒါ မဖြစ်နိုင်ဘူး!"
သူသည် ထန်မင်းဆက် တရားရုံးအကြောင်း များများစားစား မသိသော်လည်း လီကျင်လုံနဲ့အတူ လိုက်ရင်း အရာရှိများစွာနှင့် တွေ့ဆုံခဲ့သည်။ အကယ်၍ နဂါးနက် ရှဲ့ယွီသာ အရာရှိများကြားတွင် ပုန်းအောင်းနေပါက အလွန်ကြောက်စရာ ကောင်းပေလိမ့်မည်။
"ကိုယ်တို့မှာ သေချာတဲ့ သဲလွန်စတော့ မရှိပါဘူး"
လီကျင်လုံ ဟုန်ကျွင့်ကို တစ်ချက်ကြည့်လိုက်သည်။
"ငါတို့မှာ မရေရာတဲ့ ဦးတည်ချက်တစ်ခုပဲ ရှိတယ်... ရှဲ့ယွီကတော့ သေချာပေါက် အရမ်း အရမ်းကို သတိထားနေမှာပဲ... တကယ်လို့ သဲလွန်စတွေ ထုတ်ဖော်ပြလိုက်ရင် သူ လုပ်နေတာက ကျိုးကြောင်းဆီလျော်မှု မရှိနိုင်တော့ဘူး"
ချိုးယုံစစ်က ခေါင်းညိတ်ပြီး :"ဟုတ်တယ် လူတွေနောက်လိုက်နိုင်လို့ သဲလွန်စတွေ လွယ်လွယ်နဲ့ ပေါ်လာတာရင်တော့ ပြဿနာတစ်ခုတော့ ရှိလာမှာပဲ"
အားထိုက်: "စဉ်းစားကြည့်... သူတို့က သခင်မကော်ကိုတောင် အစားထိုးနိုင်တာလေ... ရှဲ့ယွီက အရာရှိနည်းနည်းကို အစားထိုးဖို့ ဘယ်လောက်များ ခက်သွားမှာမလို့လဲ"
ဟုန်ကျွင့်လည်း အဲဒီအချက်ကို တွေးမိပြီး အရမ်း ဖြစ်နိုင်တယ်လို့ ထောက်ခံလိုက်သည်။
လီကျင်လုံ: "တကယ်တော့ သခင်မကော် ကွပ်မျက်ခံရတဲ့ နေ့ကတည်းက ငါ့မှာ မရေမတွက်နိုင်တဲ့ သံသယတွေ ရှိနေတာ..."
"ဘယ်သူဖြစ်နိုင်လဲ?" ငါးကြင်းနတ်ဆိုးက မေး၏။
"ပထမ သံသယရှိသူကတော့ ယန်ကော်ကျုံး"
ဟုန်ကျွင့်ခမျာ ကျောရိုးအောက်က အေးစက်သွားတာကို ခံစားလိုက်ရရာ တုန်လှုပ်သွားသောအသံဖြင့် အော်လိုက်သည်။
"မဖြစ်နိုင်ဘူး!"
ယန်ကော်ကျုံးကို အကြိမ်များစွာ မြင်ဖူးသည့်တိုင် သူသည် အသွင်ပြောင်းသော ဘီလူးတစ်ကောင်ဟု မထင်ခဲ့ပေ။
ချိုးယုံစစ်: "ရှဲ့ယွီ နတ်ဆိုးတစ်ကောင်က စိတ်ဆန္ဒအတိုင်း အသွင်ပြောင်းနိုင်ချေ အရမ်းများတယ်... သာမာန် နတ်ဆိုးနှင်သူတွေသာ ဒါကို မြင်နိုင်ရင် သူ့မှာ လုပ်စရာရှိမှာတောင် မဟုတ်ဘူး"
"ဒါပေမယ့် အခု မဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်။" လီကျင်လုံက မျက်မှောင်ကြုတ်ပြီး ဆိုလိုက်သည်။
"ဒုတိယသံသယရှိသူကတော့ ကောင်းလိရှစ်"
"မတူဘူး..."
ချိုးယုံစစ် ခေါင်းယမ်းလိုက်သည်။