Chapter (84)
ဒုစရိုက်အငွေ့အသက်
အားလုံး တိတ်ဆိတ်သွားပြီးနောက် ငါးကြင်းနတ်ဆိုးက မေးလိုက်သည်။
"ဘာလို့ ယန်ကော်ကျုံးလဲ?"
လီကျင်လုံ: "အမြီးကိုးချောင်း မြေခွေး သေတဲ့နေ့မှာ ယန်ကော်ကျုံးက ချန်အန်းမှာ မရှိနေခဲ့ဘူး... သူ ဖန့်ယန်ကို သွားနေခဲ့တာ... ရှဲ့ယွီသာ ချန်အန်းမှာဆိုရင် တိတ်တိတ်ဆိတ်ဆိတ် ထိုင်ပြီး သူ့အစီအစဉ်တွေကို ဖျက်ဆီးနေတာကို စောင့်ကြည့်နေမှာ မဟုတ်ဘူး..."
မော့ရစ်ကန်း: "ပိုကျိုးကြောင်းဆီလျော်တဲ့ မှန်းဆချက် တစ်ခုက အမြီးကိုးချောင်း မြေခွေးရဲ့ အမျိုးအနွယ်ကို ငါတို့သတ်ခဲ့တယ် အမြီးကိုးချောင်းမြေခွေးက ဒေါသကြီးတယ်... ဒီအရှက်ရမှုကို ဘယ်လိုမှ မျိုသိပ်ထားမှာ မဟုတ်ဘူး ဒါပေမယ့် ရှဲ့ယွီက သူမကို လှုပ်ရှားခွင့်မပေးခဲ့ဘူး... နောက်ဆုံးတော့ သူ့ရည်မှန်းချက်က ကောင်းကင်နတ်ဆိုးကို ပြန်အသက်သွင်းဖို့ပဲလေ..."
အားထိုက်လည်း ခေါင်းညိတ်ပြီး ဝင်ပြောလိုက်သည်။
"ဒါနဲ့ ယန်ကော်ကျုံး ထွက်သွားတာနဲ့ သခင်မကော်က ငါတို့ကို တိုက်ခိုက်တော့တာပဲ... နတ်ဆိုးနှင်ဌာနဘက်က သေချာ ကိုင်တွယ်နိုင်မယ်လို့ ငါတို့ထင်ခဲ့ပေမယ့် ဒုက္ခရောက်သွားလိမ့်မယ်လို့လည်း မမျှော်လင့်ထားဘူး"
ဟုန်ကျွင့် စကားမပြောနိုင်တော့ပေ။ များစွာသော အရာများကို ဖြတ်သန်းပြီးခဲ့ပေမယ့် သူသည် ဤအလှည့်အပြောင်းများကို ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။
လုရွှီ: "ဖန့်ယန်မှာ သူဘာလုပ်မှာလဲ"
"ဒါက ဆွေးနွေးတဲ့ နယ်ပယ်ထဲမှာတော့ မပါဘူး..."
အားရှစ်နရှုံ: "မဟုတ်ဘူး... ဒါက အရမ်းအရေးကြီးတယ် ဘာလို့လဲဆိုတော့ ရှဲ့ယွီသာ ချန်အန်းမှာ အရာအားလုံးကို စီစဉ်ပေးခဲ့မယ်ဆိုရင် သူ လွယ်လွယ်နဲ့ ထွက်သွားမှာ မဟုတ်ဘူး"
လီကျင်လုံလည်း အချိန်အတော်ကြာ စဉ်းစားပြီး နောက်ဆုံးတွင် သူသည် ယန်ကော်ကျုံးက ဖန့်ယန်၏ အုပ်ချုပ်ရေးမှူး အန်းလုရှန်းကို စစ်ဆေးရန် သွားခဲ့ကြောင်း ပြောလိုက်သည်။
လီကျင်လုံ: "မင်းတို့ ကြားပြီးပြီဆိုရင် မေ့ပစ်လိုက်ကြပါ..."
"ဘာလို့ ယန်ကော်ကျုံး မဟုတ်ဘူးလို့ ထင်ရပြန်တာလဲ" ငါးကြင်းနတ်ဆိုးက ထပ်မေးသည်။
လီကျင်လုံ: "ရှဲ့ယွီသာ ယန်ကော်ကျုံး ဖြစ်ခဲ့ရင် သူ့အတွက်သူ ဒုက္ခရှာပြီး တော်ဝင်ဂူဗိမာန်မှာ ပြဿနာမရှာလောက်ဘူး... ဒီကိစ္စကို သူ့ညီမကို သတင်းပို့ဖို့ အခွင့်အရေး ပေးမှာမဟုတ်ဘူး"
ဟုန်ကျွင့်သည် တလီတရားရုံးက ဟွမ်ရုံ ပေးခဲ့သော ရှင်းလင်းချက်ကို တွေးတောနေခဲ့သည်။ တရားရုံးရှိ လူများသည် ယန်မိသားစုကို မကြိုက်ကြပုံရသည်။ ဧကရာဇ်ဂူဗိမာန်မှာ သရဲခြောက်ခဲ့တာက ဧကရာဇ်ကိုယ်လုပ်တော် မွေးနေ့မတိုင်မီ ဖြစ်ခဲ့ခြင်းပင်။ ဒါကို တစ်စုံတစ်ယောက်က အခွင့်အရေး ယူပြီး လီလုန်ကျီးကို သတင်းပေးနိုင်သည်။
ယခု ကောက်ချက်သည် သူ့အား နောက်တဖန် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေစေပြန်သည်။
ဟုန်ကျွင့် သူ့ကိုယ်သူ ပြန်ပြောလိုက်သည်။
"ငါအဲဒါကို မစဉ်းစားခဲ့ဖူးဘူး..."
ချိုးယုံစစ်: "ရှဲ့ယွီရဲ့ လူ့ဇာတိခံယူပုံက အနည်းဆုံးတော့ ဝိသေသတစ်ခု ရှိရမယ်...ဒါက ကြိုတင်ကောက်ချက် တစ်ခုပဲ ရှောင်လွှဲလို့မရဘူး"
အားလုံးက ချိုးယုံစစ်ကို ကြည့်လိုက်ကြသည်။
ချိုးယုံစစ်: "သူ အရင်က ဟုန်ကျွင့်နဲ့ တွေ့ဖူးတာဖြစ်မယ်"
လီကျင်လုံ: "မှန်တယ်... နောက်ပြီး အမြီးကိုးချောင်း ကောင်းကင်မြေခွေး သေဆုံးပြီးနောက်မှ ဖြစ်ပျက်ခဲ့တာ... ဟုန်ကျွင့်... မင်းကို ဝူချီယွီ ဘာပြောခဲ့တာလဲ မှတ်မိလား"
ဟုန်ကျွင့်: "အဲဒီ မြေခွေးမိစ္ဆာက သေခါနီး အများကြီး ပြောသွားတာကို ကျနော် ဘယ်လိုလုပ် မှတ်မိနိုင်မှာလဲ"
လူတိုင်း တိတ်ကျသွားသည်။
လီကျင်လုံ: "နက္ခတ်တာရာကြည့်စင်မှာ သူမပြောတာက 'ငါမြင်တယ်... ငါမြင်တယ်... လတ်စသတ်တော့... မင်းပဲကိုး.....'"
"ပြောလို့လား?" ဟုန်ကျွင့် သူ့ဘာသာသူလည်း မေ့သွားခဲ့သည်။
"ဟုတ်တယ်!" ငါးကြင်းနတ်ဆိုးက ချက်ချင်းပဲ ဝင်ထောက်လာ၏။
"ငါလည်း မှတ်မိတယ် ဟုန်ကျွင့်ရဲ့ မိဘတွေကိုလည်း ပြောခဲ့သေးတယ်..."
ဟုန်ကျွင့် အံ့သြသွားပြီး :"ကျောက်ကျစ်လုံ! မင်းတစ်ချိန်လုံး သိနေတာပဲ!"
ငါးကြင်းနတ်ဆိုးလည်း သူ့ပါးစပ်ကို ကမန်းကတန်း ဖုံးထားလိုက်ရသည်။ ယခုအခါ သူ့လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်မိပြီ ဖြစ်သည်။
လီကျင်လုံ: "သူ့ကို အပြစ်မတင်ပါနဲ့ ဟုန်ကျွင့်"
ဟုန်ကျွင့် စိတ်မဆိုးပေ။ ငါးကြင်းနတ်ဆိုးကို ကဲ့ရဲ့တဲ့အကြည့်လေး ပေးရုံပါပဲ။
မော့ရစ်ကန်း: "ဒါနဲ့ နက္ခတ်ဗေဒင်ခန်းမှာ ဝူချီယွီက မင်းမှာ နတ်ဆိုးမျိုးစေ့တစ်ခု ရှိနေတာကို တွေ့လိုက်တယ်လို့ ပြောခဲ့တာ.... တောင်းပန်ပါတယ် ဟုန်ကျွင့်"
ဟုန်ကျွင့်က အဆင်ပြေကြောင်း ပြရန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ခဏတာလောက် တိတ်ဆိတ်သွားပြီးနောက် သူ ခေါင်းညိတ်လိုက်သည်။
ထို့နောက် လီကျင်လုံက ဆက်ပြောသည်။
"မင်းရဲ့ဘဝဇာတ်ကြောင်းကို အဲဒီအချိန်က လူအနည်းငယ်က သိသွားတယ်လို့ ယူဆကြည့်ရအောင်... မင်းထွက်သွားပြီး လန်ကျိုးကိုမသွားခင် ရှဲ့ယွီက မင်းကို ပစ်မှတ်ထားပြီး အစီအမံတွေ ချထားပြီးသား... အဲဒါကြောင့် သူက ပလိပ်ရောဂါနတ်ဘုရား၊ နှင်းမိန်းမပျိုနဲ့ လုရွှီတို့ကို အမိန့်ပေးခဲ့တာ..."
လုရွှီက ခဏလောက် စဉ်းစားပြီး :"မှန်တယ်... အဲဒီညမှာ နှင်းမိန်းမပျိုက ဟုန်ကျွင့်ကိုဖမ်းဖို့အတွက် ထွက်လာဖို့ တောင်းဆိုခဲ့တယ်"
လီကျင်လုံ: "နောက်ဆုံးတော့ သူ မအောင်မြင်ခဲ့ဘူးလေ...အဲ့တော့ သူပြန်လာပြီးရင် မင်းကို ထပ်တွေ့ချင်မှာ သေချာတယ်"
အားရှစ်နရှုံ: "အဲဒါက မသေချာပါဘူး တကယ်လို့ သူက အောင့်အီးထားနိုင်တယ် ဆိုရင်ရော?"
လီကျင်လုံက သူ့လက်ကို ဖြန့်ပြီး ဖြေလိုက်သည်။
"ဒါက ငါ့ရဲ့ မှန်းဆချက်ပဲ ရှိသေးတယ်... ဝူချီယွီ သေသွားတော့ ဧကရာဇ် ကိုယ်လုပ်တော်က ဟုန်ကျွင့်ရဲ့ ဘဝနောက်ကြောင်းကို ပြောပြလာတယ် ဒါကြောင့် ယန်ကော်ကျုံးကလည်း ဒီကနေ အသေးစိတ် အချက်အလက်တွေကို ရသွားမှာပဲ... ယန်ကော်ကျုံးနဲ့ သခင်မကော်က ကြင်ယာတော်ယန်ရဲ့ မိသားစုဝင်တွေ... ဆိုတော့ ဒီလိုဖြစ်လာဖို့က အဓိပ္ပာယ် ရှိတယ်..."
"ငါတို့ ပြန်ရောက်ကတည်းက ဘယ်သူနဲ့တွေ့ခဲ့တာလဲ"
ဟုန်ကျွင့်သည် ယန်ကော်ကျုံး၊ ကောင်းလိရှစ်၊ ဟွမ်ရုံ၊ အိမ်ရှေ့မင်းသား လီဟန်၊ လီလုန်ကျီး၏နောက်မှ အစောင့်များကို စတင်သတိရလာသည်။
ချိုးယုံစစ်: "တော်ဝင်မိသားစုက နိုင်ငံရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်တယ်... နတ်ဆိုးတွေက ဒီဧရိယာကို ထိရင် ကောင်းကင်ဘုံဘေးဆိုးကို ခံစားကြရလိမ့်မယ်"
လီကျင်လုံ : "အဲဒါကြောင့် ငါတို့ ဒါကို ရှင်းထုတ်ပစ်ရမယ်"
မော့ရစ်ကန်း: "ကောင်းလိရှစ်၊ ယန်ကော်ကျုံးနံ ဟွမ်ရုံ.... ဒီသုံးယောက်က ဖြစ်နိုင်ခြေ အရှိဆုံးပဲ... တလီတရားရုံးကို အကြိမ်ပေါင်းများစွာ သွားလိုက်ရင်တော့ ဟွမ်ရုံကိုလည်း ဖယ်ထုတ်နိုင်မယ်လို့ ငါထင်တယ်... သူကတော့ မဖြစ်နိုင်ပါဘူး... ကျန်တဲ့သူတွေက ကောင်းလိရှစ်နဲ့ ယန်ကော်ကျုံးပဲ"
ချိုးယုံစစ်: "နဂါးနက်က မိန်းမစိုးလို ဟန်ဆောင်မှာ မဟုတ်ဘူးလို့တော့ ငါထင်တယ်.. ဒုတိယအနေနဲ့ ကောင်းလိရှစ် ငယ်ငယ်လေးကတည်းက နန်းတော်ထဲမှာနေပြီး ပုန်ကန်မှုကို နှိမ်နှင်းပေးတယ်... မင်းသမီးထိုက်ဖျင်ကို သတ်ဖို့ ဘုရင်မင်းမြတ်ကိုလည်း ကူညီပေးခဲ့တယ်။ ရှဲ့ယွီသာ သူ့ရဲ့ အစွမ်းနဲ့ သူလုပ်ချင်ရင် အားနည်းပြီး အရည်အချင်းမရှိတဲ့ ဧကရာဇ်မင်းကိုပဲ ထောက်ပံ့နိုင်မှာ... ဘုန့းအာနုဘော်နဲ့ ပြည့်စုံတဲ့ ဘုရင်မင်းမြတ်နဲ့ မကိုက်ညီဘူး... ချန်အန်းကို လွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက်က ငါ့ဘိုးဘေးတွေ လာခဲ့တယ်.. နဂါးနက်ရဲ့နေရာကို ရှာတွေ့ဖို့.... ဒါပေမဲ့ သူဘယ်တော့မှ ထွက်မလာခဲ့ဘူး"
ငါးကြင်းနတ်ဆိုးက :"ဒါပေမယ့် သခင်ချုံးမင်က တစ်ချိန်က နဂါးနက်နဲ့ တိုက်ပွဲကြီးတစ်ခု ဆင်နွှဲခဲ့ပြီး နှစ်ဖက်စလုံး ဒဏ်ရာရသွားခဲ့တယ်တဲ့... အရှင်ချုံမင်က နဂါးနက်ရဲ့ 'အဲဒါ' မီးလောင်သွားခဲ့ရင် သူ မိန်းမစိုး ဖြစ်လာနိုင်ချေ ရှိတယ်လို့တောင် ပြောသေးတယ်"
လူတိုင်း- “…”
“အချိန်က မတိုက်ဆိုင်ဘူး” လီကျင်လုံ သူ့သွားတွေကို အံကြိတ်လိုက်သည်။
"ငြင်းခုံနေတာ ရပ်လို့ရမလား... ဖြစ်နိုင်ခြေ အရှိဆုံးကတော့ ယန်ကော်ကျုံးပဲ!”
အားရှစ်နရှုံ: "မင်း တစ်ယောက်ယောက်ကို ချန်ထားခဲ့သေးလား?"
လီကျင်လုံ ခဏလောက် တုံ့ဆိုင်းသွားပြီး "ဒါကတော့ သူမ မဖြစ်နိုင်ပါဘူး" လို့ ပြောလိုက်ပါ၏။
ဟုန်ကျွင့်: "ဘယ်သူလဲ?"
မော့ရစ်ကန်း :"ကြင်ယာတော်ယန်!"
အားရှစ်နရှုံသည် ဟုန်ကျွင့်မိသားစုနဲ့ ယန်ယွိဟွမ်အကြားက အတိတ်ကို မသိခဲ့ပါ။ ခုန်ရွှမ်းက ယန်ယွိဟွမ်ကို ကိုယ်တိုင်ကိုယ်ကျ ကုသခဲ့သဖြင့် ဒီခန့်မှန်းချက်ကိုတော့ ပယ်ချနိုင်သည်။
ဟုန်ကျွင့် အကြောင်းကို ပိုတွေးလေလေ ရင်ခုန်လေလေ ဖြစ်သည်။ လီကျင်လုံရဲ့ စကားတွေကို ကြားပြီးနောက် သူ သံသယဖြစ်စ ပြုလာသည်။ ယန်ကော်ကျုံးက သံသယကြီးသူ ဖြစ်ကြောင်း သူအမြဲတမ်း ခံစားမိသည်- သူသည် ကြင်ယာတော်ယန်နဲ့ ပူးပေါင်းကာ မူလပိုင်ရှင်ကို အစားထိုးပြီးနောက် ဧကရာဇ်မင်းအနားတွင် ခြုံခိုတိုက်ခိုက်ဖို့ ပြင်ထားခဲ့နိုင်သည်။
"ရှဲ့ယွီမှာ အတွင်းနတ်ဆိုး ဘယ်နှစ်ယောက်ရှိလဲ"
လီကျင်လုံက ရုတ်တရက် လုရွှီဘက်ကို လှည့်မေးလိုက်သည်။ လုရွှီ ခေါင်းခါလိုက်ပေမယ့် မော့ရစ်ကန်းက ဝင်ပြောလိုက်သည်။
"သွမ့်ဟွမ်မှာ ပထမဆုံး သဲလွန်စပေါ်လာတယ်... သူက မှော်စွမ်းအင်တွေကို စုပ်ယူဖို့ သူ့ဝိညာဉ်တွေထဲက တစ်ခုကို သုံးပြီး ဘယ်နေရာမှာမှ ရှာမတွေ့တဲ့ မှော်မျိုးစေ့ကို အစားထိုးဖို့ လုရွှီလက်ထဲမှာ အပ်ထားပေမယ့် အိပ်မက်ဆိုးတွေကနေ ပြင်းပြင်းထန်ထန် စုဆောင်းထားတဲ့ မှော်စွမ်းအင်ကို ဟုန်ကျွင့်က စုပ်ယူသွားတယ်မလား... နောက်ပြီး သူ့ဝိညာဉ်တွေထဲက တစ်ယောက်ကတော့ ပြန်လွတ်မြောက်သွားတယ်"
ဟုန်ကျွင့် ခေါင်းညိတ်လိုက်သည်။
လုရွှီ: "မနေ့ညက ဧကရာဇ် ဂူဗိမာန်မှာ တွေ့ခဲ့ရတာက အဲဒါက နောက်တစ်ကောင် ဖြစ်မယ်!"
လီကျင်လုံ: "အတွင်းစိတ်ထဲက နတ်ဆိုးဘယ်နှစ်ယောက်ကို အများဆုံး ဖန်တီးနိုင်လဲ"
မော့ရစ်ကန်းက လက်သုံးချောင်းကို မြှောက်ထားသည်။
ဟုန်ကျွင့်: "နှစ်ကောင်ကျန်သေးတယ်...ဒါပေမယ့် သူက စိတ်ဝိညာဉ်သုံးပါးနဲ့ ဝိညာဉ်ခုနစ်ကောင်ကို လွှတ်ပေးလိုက်ရင် သေမှာမဟုတ်ဘူး"
မော့ရစ်ကန်း: "ဒါကြောင့် သူ့ခန္ဓာကိုယ်ထဲမှာ အနည်းဆုံး ဝိညာဉ်တစ်ခု အမြဲရှိနေလိမ့်မယ်...သူ့ဝိညာဉ်သုံးခုက တစ်နေရာတည်းမှာမရှိပေမယ့် သာမန်လူတွေနဲ့တူအောင် လုပ်ပေးနိုင်တဲ့ မှော်အတတ် တစ်ခုခုတော့ ရှိကောင်းရှိနိုင်တယ်"
ငါးကြင်းနတ်ဆိုးက :"ဒီအဆင့်အထိ ကျင့်ကြံထားပြီးရင် နတ်ဆိုးဝိညာဉ်ရဲ့ စွမ်းအားကလည်း အရမ်းအားကောင်းလာနိုင်တယ်.... လူဝင်စားပြီးရင် အားနည်းသွားတဲ့ လုရွှီနဲ့မတူဘဲ သူ့မှာ ဝိညာဉ်ခုနစ်ခုနဲ့ နာမ်ဝိညာဉ်တစ်ခုပဲ ရှိတယ်... အများစုကတော့ တိုက်ခိုက်တဲ့နေရာမှာ အားနည်းပေမယ့် တခြားအချိန်တွေမှာ ထိခိုက်မှုတော့ မရှိနိုင်ဘူး"
လီကျင်လုံ : "ငါမင်းတို့ကို အခုပြောနေတာ အဲဒါပဲ... ဒါပေမယ့် ယန်ကော်ကျုံးကို နောက်တစ်ခါတွေ့ရင် ရှောင်ရမယ်... မဟုတ်ရင် မင်းတုံ့ဆိုင်းနေရင် သူ့မျက်လုံးတွေက... ကျစ်..."
စကားပြောရင်း ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ ဟုန်ကျွင့်သည့ ဖြစ်ပျက်နေတာကို နောက်ဆုံးတော့ နားလည်သွားခဲ့ပြီး အနည်းငယ် စိတ်ပျက်သွားပေမယ့် လီကျင်လုံရဲ့ ရည်ရွယ်ချက်ကို သူသိပါ၏။ ယန်ကော်ကျုံး ရှေ့မှာ သူ့ကို ဖော်ထုတ်မိမှာ ကြောက်တာကြောင့် မပြောခဲ့ခြင်းပင်။ သူတို့ရဲ့ အစီအစဉ် ပျက်သွားနိုင်သည်။
မော့ရစ်ကန်း: "အမှုကို စုံစမ်းကြည့်ရအောင်... ငါတို့ ရလဒ်တွေ ဖြည်းဖြည်းချင်း ရလာမှာပါ..."
"ဒါက ထောင်ချောက်တစ်ခုလိုပဲ ထူးဆန်လွန်းတယ်"
လီကျင်လုံ ညည်းညူလိုက်သည်။ အားထိုက်ကလည်း တစ်ချက် စဥ်းစားပြီး ဝင်ပြောသည်။
"အရမ်းကို ကျိုးကြောင်းဆီလျော်တယ်... ပထမတော့ ဟုန်ကျွင့်နဲ့ လုရွှီကို လှည့်စားဖို့ ငါတို့ မြို့ထဲမှာမရှိဘူးဆိုတဲ့ အချက်ကို အခွင့်ကောင်းယူသွားတယ် "
ဟုန်ကျွင့်က: "ဒါပေမယ့် ဝန်ကြီးချုပ်ယန်က လူကြီးမင်းဟွမ်ကို ညွှန်ကြားတာလား... အိမ်မှာ ငါတို့နှစ်ယောက်ပဲ ရှိတဲ့အချိန်ပဲ... ဘယ်လိုလုပ် ဒီလိုတိုက်ဆိုင်မယမှာလဲ"
“မှန်တယ်” လီကျင်လုံက မျက်ခုံးပင့်လိုက်သည်။
"သာမန်သဘောအရ မင်း မနေ့က ကျောင်းလင်မှာ ရှဲ့ယွီကို မတော်တဆ တွေ့ခဲ့တာက အဓိပ္ပာယ်ရှိရဲ့လား စဥ်းစားကြည့်ရမယ်... အခု ငါတို့ ပြန်ရောက်ပြီမလို့ ရှဲ့ယွီက ဒီအခွင့်အရေးကို အသုံးချပြီး လူတိုင်းကို လှည့်ဖြားဖို့ အဖြစ်အပျက်တစ်ခု ဖန်တီးလာနိုင်တယ်... သူဘာလုပ်ချင်လဲ မသိပေမယ့် သူက မင်းကို တိုက်ခိုက်ချင်တာတော့ သေချာသလောက်ပဲ..."
အားထိုက် ခေါင်းကိုက်ချင်လာသည်။
"ဒါကတော့ အသင့်လျော်ဆုံး ရှင်းပြချက်ပဲ"
မော့ရစ်ကန်း: "ဒါက ကျိုးကြောင်း ဆီလျော်လွန်းတယ်...နှစ်တွေအကြာကြီး အသက်ရှင်လာတဲ့ မိစ္ဆာဘုရင်က ဒီလောက်မိုက်မဲတဲ့ နည်းလမ်းကို သုံးပါ့မလား"
အားရှစ်နရှုံက လီကျင်လုံကို ကြည့်လိုက်သည်။
"အခု သူ အကြောက်ဆုံးအရာက မင်းပဲလေ... ငါသာဆိုရင် တခြားဟာတွေကို ဖြည်းဖြည်းချင်း မလုပ်ခင် မင်းကို အရင်ရှင်းပစ်ရလိမ့်မယ်"
လီကျင်လုံ ခေါင်းညိတ်ပြသော်လည်း ပြန်မဖြေ။
"ငါ ပြန်လာတာနဲ့ ရှဲ့ယွီက ငါ့ကိုချက်ချင်း ဖြေရှင်းမယ်လို့ ငါလည်း ထင်ထားတာ"
ချိုးယုံစစ်: "ငါ့ရဲ့ ဒီလော့ယန် ခရီးစဉ်မှာ သတင်းနည်းနည်း ရလာခဲ့တယ်"
လူတိုင်း ဂရုတစိုက် နားထောင်လာကြသည်။
ချိုးယုံစစ်သည် မကြာသေးမီက ခြင်ဆီစားသည့်ကိစ္စအား စုံစမ်းစစ်ဆေးရန် လော့ယန်ကို ပြန်သွားပြီး နေ့ရောညပါ မရပ်မနား အလုပ်လုပ်ခဲ့ရာ တရားခံသည် မိစ္ဆာ ဖြစ်လာအောင် ကျင့်ကြံထားသော မျောက်လွှဲကျော်တစ်ဦးဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ချိုးယုံစစ်ရဲ့ ကျွမ်းကျင်မှုအရဆိူ မျောက်လွှဲကျော်လို မိစ္ဆာအနည်းငယ်နဲ့ ဆက်ဆံရတာ ပြဿနာမရှိပါဘူး။
ကံကောင်းထောက်မစွာပဲ မျောက်မိစ္ဆာက ရက်စက်လွန်းတာမျိုး မဟုတ်တာတောင် ချိုးယုံစစ်ခမျာ တုန်တုန်ယင်ယင်နဲ့ အရင် ချိတ်ပိတ်လိုက်ပြီး မိုးခြိမ်းသံနဲ့ ရိုက်ချခဲ့ရသည်။
လီကျင်လုံသည် ချိုးယုံစစ်ကို လေ့ကျင့်ပေးသည့်အနေဖြင့် မိစ္ဆာကောင်ကို ကိုယ်တိုင် ကိုင်တွယ်ခိုင်းဖို့ စီစဥ်ထားလေသည်။
မူလက ချိုးယုံစစ်သည် ၎င်း၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ဖျက်ဆီးလိုပြီး ထိုကဲ့သို့ ကြီးလေးသော ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ပြီးနောက် လူဝင်စားရန် အခွင့်အရေးပင် မပေးခဲ့ပေ။ ဒါပေမယ့် မိစ္ဆာက ပြင်းပြင်းထန်ထန် တောင်းပန်ပြီး နောက်ဆုံးမှာတော့ နတ်ဆိုးဘုရင် ရှဲ့ယွီရဲ့နေရာက တကယ်ပဲ ချန်အန်း ဖြစ်ကြောင်း ပြောကာ ရှဲ့ယွီကို သစ္စာဖောက်ခဲ့သည်။
ချိုးယုံစစ်: "သွမ့်ဟွမ်မှာ မင်းတို့ ဖမ်းမိတဲ့ သဲမြွေကို မှတ်မိသေးလား"
ဒါကိုတော့ လူတိုင်း မှတ်မိကြသည်။
လီကျင်လုံ: "ငါ တစ်ခုခု လုပ်ချင်လို့ အဲ့သဲမြွေကို လွှတ်လိုက်တာ"
"ဘာလုပ်ချင်တာလဲ?"
မော့ရစ်ကန်း နဲ့ တခြားသူတွေတောင် လီကျင်လုံရဲ့ ဆိုလိုရင်းကို မသိကြချေ။ လီကျင်လုံက သူ့လက်ဖက်ရည်ကို မသိပါဘဲ ကောက်သောက်လိုက်ပြီး ဆို၏။
"ရှဲ့ယွီဆီ ချို့ယွင်းချက်တစ်ခု ပေးလိုက်တာ... သူ့ကိုယ်သူတောင် သတိမထားမိဘဲ သူ့သဲလွန်စကို ကြိုထုတ်ဖော်ပြနိုင်စေဖို့လေ... ပြီးတော့ ငါ့ကို ကိုင်တွယ်လာအောင်...ကိစ္စမရှိပါဘူး ဆက်လုပ်ပါစေ.."
ချိုးယုံစစ်: "ဒီကောင်နဲ့ သဲမြွေက အရင်က အလယ်ပိုင်းဒေသက မိစ္ဆာတွေ မဟုတ်ဘူး... ကောင်းကင်နတ်ဆိုးကို အသက်ပြန်ရှင်စေဖို့အတွက်ဆိုပြီး ရှဲ့ယွီက ရှီးကျင်းနဲ့ နန်ကျောက်မှာရှိတဲ့ မိစ္ဆာတစ်စုကို အလယ်ပိုင်းလွင်ပြင်ဆီ ခေါ်သွားခဲ့တာ..."
"ငါ နားမလည်ဘူး" ဟုန်ကျွင့်က ဆိုသည်။
"ရှဲ့ယွီက 'နတ်ဆိုးကို အသက်ပြန်ရှင်စေချင်တာလား' ဒါမှမဟုတ် 'နတ်ဆိုး ဖြစ်ချင်တာလား' "
သူ အနည်းငယ် စိတ်မသက်မသာနဲ့ ပြောလိုက်ပါ၏။
ချိုးယုံစစ်: "ဒါက ငါသိတယ်.. ရှဲ့ယွီက နတ်ဆိုးမျိုးစေ့ကို ရှာနေတာ နှစ်အတော်ကြာပေမယ့် မအောင်မြင်တဲ့အတွက် သူ့ဝိညာဉ်သုံးကောင်ကို မူလကောင်းကင် နတ်ဆိုးမျိုးစေ့အတွက် အစားထိုး အတွင်းနတ်ဆိုးသုံးကောင်ကို ဖန်တီးဖို့ ပစ္စည်းတွေအနေနဲ့ သုံးလိုက်တာ... သူ့ဝိညာဉ်တွေထဲက တစ်ကောင်အောင်မြင်နိုင်ရင် ဝိညာဉ်သုံးကောင်လုံးကို ပြန်ယူသွားလိမ့်မယ်... အဲ့လိုပဲ ကမ္ဘာမှာ အပြင်းထန်ဆုံး စွမ်းအားလည်း ရှိလာလိမ့်မယ်"
"မျောက်မိစ္ဆာတစ်ကောင်က ဒီလိုအရေးကြီး တဲ့လျှို့ဝှက်ချက်ကို ဘယ်လိုလုပ် ပြောနိုင်ရတာလဲ" လီကျင်လုံ မျက်မှောင်ကြုတ်ပြီး ခန့်မှန်းကြည့်နေသည်။
“ဒါက နောက်ထပ် ထောင်ချောက်တစ်ခု ဖြစ်နိုင်မလား”
အားရှစ်နရှုံ: "အတွင်းရေးမှူးချုပ်ရဲ့နောက်ကို လိုက်လာတုန်းက ငါလည်း အမြဲတမ်းလိုလိူ သံသယဝင်နေရတာလဲ... မင်းတို့ ဟန်လူတွေက မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြည့်နေကြတာပဲ"
လီကျင်လုံ: "မင်းငါ့ကို သခင်ကြီးလို့ခေါ်သင့်တယ် အခု ဟန်လူမျိုးတွေက မင်းကို လစာပေးပြီး မင်းရဲ့ တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့ ကူညီပေးမှာ.. မင်းလစာလိုချင်သေးလား မင်း ဒီမှာ ယာယီအလုပ်သမားပဲ ဖြစ်ချင်လား?"
အားရှစ်နရှုံလည်း သူ၏ ပြစ်မှုကို ဆောလျင်စွာ ဝန်ခံခဲ့ရသည်။
ချိုးယုံစစ်: "နှင်းမိန်းကလေးနဲ့ ပလိပ်ရောဂါနတ်ဘုရားက လုရွှီကို စောင့်ရှောက်နေသလိုပဲ တခြားနတ်ဆိုး လေးကောင်ကိုလည်း စောင့်ရှောက်ပေးနေလောက်တယ် ဒီ မျောက်လွှဲကျော်ရဲ့ အလုပ်က လက်အောက်ငယ်သား လေးယောက်ထဲက တစ်ယောက်အတွက် အသား လတ်လတ်ဆတ်ဆတ် စုဆောင်းတဲ့နေရာမှာ ကူညီပေးဖို့ပဲ... အိုး... ဘာပဲဖြစ်ဖြစ်... ဒါက အလုပ်ပဲလေ။"
သူက စကားပြောနေရင်း ဟုန်ကျွင့်နဲ့ လုရွှီကို တစ်ချက် ကြည့်လိုက်သည်။
လုရွှီ: "စားဖို့.... လူတွေကို ဖမ်းတာလား?"
ဟုန်ကျွင့် ထိုစကားကို ကြားပြီးနောက် အလွန်စိတ်မသက်မသာ ဖြစ်လာခဲ့ရသည်။ နောက်ဆုံးတော့ သူကလည်း နတ်ဆိုးတစ်ဝက်ပဲလေ။ နတ်ဆိုးတွေ ဘယ်လောက်တောင် ရက်စက်နိုင်လဲ။ "ချုံမင်း တစ်နေ့ နတ်ဆိုးဘုရင် ဖြစ်လာရင် ငါလုပ်ရမယ့်အရာက သူ လူသားတွေကို စားသောက်ပြီး လူသတ်တာတွေကို တားဖို့ပဲ" ဟုတော့ တွေးလိုက်မိသည်။
ငါးကြင်းနတ်ဆိုး :"လူတွေက ကဏန်း၊ သမင်၊ နို့စို့ဝက်၊ ကြက်သားကင် အဲဒါတွေကို စားလေ့ရှိတယ်... အဲဒါနဲ့ ပတ်သက်ပြီး ဘာမှလုပ်လို့မရဘူးမလား... ငါတို့အားလုံးကလည်း သက်သတ်လွတ်ချည်း စားလို့ မရဘူးလေ..."
လူတိုင်း- “…”
ချိုးယုံစစ် : "ငါတို့ရဲ့ဟုန်ကျွင့် နတ်ဆိုးဘုရင် ဖြစ်လာရင် မင်းကိုပဲ အားကိုးရတော့မှာပဲ"
ဟုန်ကျွင့်လည်း ရယ်ရမလား ငိုရမလား မသိပေမယ့် လီကျင်လုံက မေးလာခဲ့သည်။
"လူသားဆိုတော့ ငါတို့ လူသားတွေကလည်း မကောင်းတာ လုပ်တတ်တယ်... ဟုန်ကျွင့် မင်းကိုယ့်ကို မုန်းလား?"
"မမုန်းဘူး!"
အားထိုက်: "ဒါပေါ့ ငါတို့လည်း မင်းကို မမုန်းပါဘူး... ခေါင်းဆောင်ကိုပဲ ကြည့်... မဟုတ်ပါဘူး သခင်ကြီးကို ကြည့်လိုက် မင်းကို သေတဲ့အထိ ချစ်တာ"
လီကျင်လုံက ချောင်းဆိုးလိုက်ပြီး ဟုန်ကျွင့်ခမျာလည်း ရုတ်တရက် ရှက်လာတော့သည်။ ချိုးယုံစစ်က အခုမှသာ တစ်ခုခုကို ခံစားသွားပုံရပြီး သူတို့နှစ်ယောက်ကို အံ့သြစွာကြည့်ကာ အားထိုက်ကို မေးခွန်းထုတ်တဲ့အကြည့်နဲ့ ဖြစ်သွားပြီလားဟု မေးလိုက်သည်။
လီကျင်လုံ: "ကောင်းပြီ... အဆင်ပြေပါတယ်... လူလေးယောက် ပြီးတော့ရော?"
ချိုးယုံစစ်: "သူတို့က မိစ္ဆာတွေအားလုံးကို စုဆောင်းနေကြတာ... ချန်အန်းကို ရှောင်ပြီး မြောက်ဘက်ကို သွားစုဝေးနေကြတာ"
"မြောက်ဘက်လား?" လီကျင်လုံ တစ်စုံတစ်ခုကို ယောင်ဝါးဝါး ခံစားလိုက်ရသည်။
"မြောက်ဘက်က ဘယ်နေရာလဲ"
ချိုးယုံစစ် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး။
"မိစ္ဆာဘုရင်က ချန်အန်းမြို့ကို သူ့ဘာသာသူ စောင့်ရှောက်နေတာ... လွန်ခဲ့တဲ့ လအနည်းငယ်က ချန်အန်းကို သွားနေတဲ့ မိစ္ဆာကြီး လေးယောက်လည်း ရှိတယ်... သူတို့ အခုဆို ရောက်နေလောက်ပြီပေါ့!"
ဟုန်ကျွင့် လန့်သွားသည်။
အားထိုက်: "သူတို့ လေးယောက်လုံး ရောက်လာတာလား... ငါ သတိမထားမိလိုက်ဘူး"
လီကျင်လုံ: "နှင်းမိန်းမပျိုနဲ့ ပလိပ်ရောဂါနတ်ဘုရားနဲ့ ယှဥ်လိုက်ရင် ဘယ်လိုရှိလဲ"
ချိုးယုံစစ်: "မသိဘူး...မိစ္ဆာမျိုးနွယ်က လူတွေလို သက်ကြီးရွယ်အိုတွေအရ အဆင့်သတ်မှတ်တာ မဟုတ်တော့ ငါတကယ်မသိဘူး"
ဟုန်ကျွင့်က မသိသဖြင့် ငါးကြင်းနတ်ဆိုးကို ချက်ချင်း လှည့်ကြည့်လိုက်သည်။ ငါးကြင်းနတ်ဆိုးကလည်း သဘောပေါက်တာမို့ ဆိုလိုက်သည်။
"ဒီနည်းနဲ့ဆို ရှင်းပြရတာ ခက်လွန်းတယ်ကွ... ငါ နောက်မှ မင်းအတွက် ပုံဆွဲပေးမယ်"
လီကျင်လုံ: "အဲဒီလေးကောင်က ဘယ်လိုမိစ္ဆာတွေလဲ"
ချိုးယုံစစ် : "မူရင်းပုံစံက ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် နာမည်တွေကတော့ သေရည်၊ 'လိင်'၊ 'ငွေ' နဲ့ 'ဒေါသ' တွေပဲ... ဒါက နောက်ဆုံးအပိုင်းပဲ... ငါ စုံစမ်းလာတာ ဒီလောက်ပဲ"
"သွားဖို့ အဆင်သင့်ပြင်ကြ!" လီကျင်လုံက ချက်ချင်းပဲ အမိန့်ပေးလိုက်သည်။
"လူတိုင်း လူစုခွဲပြီး လှုပ်ရှားကြမယ်... ငါ့မှာ အကြံတစ်ခုရှိတယ်"