(82) လန်းလင်ပယင်း
Viewers 5k

Chapter (82)

လန်လင်းပယင်း



မီးရောင်တွေ မြို့တစ်ခွင် အရောင်စုံလို့ပင်။ ချန်အန်းတွင် ညမထွက်ရအမိန့်ကြောင့် လမ်းမတွေပေါ်မှာ လှုပ်ရှားမှုတွေနဲ့ စည်ကားနေချိန်က ပြီးတော့မည်။ လီကျင်လုံသည် သူ့လူတွေကို ထဲ့လန်သော် ပိုင်ဆိုင်တဲ့ "လန်လင်းပယင်း" စားသောက်ဆိုင်ကို ခေါ်သွားခဲ့သည်။  


အဘယ်ကြောင့်ဆိုသော် နတ်ဆိုးနှင်ဌာနက လူတိုင်းသည် ယနေ့ အပြင်ကိုသာ ထွက်ခွာသွားနေရတာကြောင့် ချက်ပြုတ်ရန် မည်သူမျှမရှိသောပေ။ ဒါကြောင့် ဒီမှာပဲ ညနေစာကို အရင်စားရန် ဆုံးဖြတ်လိုက်ကြသည်။ ထဲ့လန်သော်သည် အားထိုက်ရဲ့ အထက်လူကြီးနှင့် လုပ်ဖော်ကိုင်ဖက်များ ရောက်လာတာ မြင်သောအခါ အလွန်စိတ်အားထက်သန်နေ​တော့သည်။


ဟုန်ကျွင့် မနက်ကပဲ ရောက်လာသေးပေမယ့် ယခု စားသောက်ဆိုင်သို့ ရောက်သောအခါ မောပန်းနွမ်းနယ်နေ​ပြီ။ သူသည် တစ်ညလုံး ပြေးလာကာ ကြောက်လန့်တကြားလည်း တိုက်ခိုက်ခဲ့ရ​သေးတာကြောင့် ဧည့်ခန်းမှာ လှဲအိပ်ပြီး မလှုပ်ချင်ချေ။ 


လီကျင်လုံ: "ဒါက ဘယ်လောက်​တောင် ကုန်ကျမှာလဲ... အားထိုက် မင်းဇနီး ဒီလို စီးပွားရေးလုပ်နေတာက ပိုက်ဆံမဆုံးရှုံးဘူးလား... ငါတို့နေ့ခင်းဘက် ဒီနား ဖြတ်သွားတုန်းက ဧည့်သည် နည်းနည်းပဲ တွေ့တယ်"


"ကျွန်မ ပျော်လို့လေ... ရှင့်အပူပါလား? လီကျင်လုံ ဘာစားချင်လဲ?"


ထဲ့လန်သော်က လှေကားကို မှီပြီး လှမ်းပြောလာတဲ့အခါ လီကျင်လုံလည်း ပြုံးလိုက်သည်။ ထဲ့လန်သော်ရဲ့ စကားလုံးတွေက တဲ့တိုးဆန်သော်လည်း သူတို့ကို သူမရဲ့ မိသားစုအဖြစ် သဘောထားကြောင်း သိသာသည်။ 


လီကျင်လုံ: "အားရှစ်နရှုံလည်း ဒီမှာပဲလား... ခေါက်ဆွဲနဲ့ ဟင်းပွဲ နည်းနည်း ဆိုရင်ပဲ ပြည့်စုံနေပါပြီ... ပင်ပန်းလာတော့ ပူပူနွေးနွေး အစားအစာ ရှိရင် ဗိုက်ပြည့်ပါပြီ..."


အားလုံးက အပေါ်ထပ်သို့ တက်ကာ သစ်သားစက္ကူနံရဲ အနောက်တွင် စုရုံးလိုက်ကြသည်။ မကြာခင်မှာပဲ အစားအသောက်တွေ ရလာ၏။ လူတိုင်း ဗိုက်ဆာ​​နေ​ကြတဲ့အတွက် မြန်မြန်စားပြီးတဲ့နောက် လီကျင်လုံက နေ့စဥ်ဖြစ်ပျက်ခဲ့တာတွေကို အသေးစိတ် ရှင်းပြခဲ့သည်။ အားထိုက်နဲ့ အားရှစ်နရှုံတို့ အလွန်တုန်လှုပ်သွားကြသည်။ 


အားထိုက်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ 


"ငါမင်းတို့နှစ်ယောက်နောက်ကို လိုက်မယ်လို့ ပြောသားပဲ...မင်းတို့ မလိုက်ခိုင်းတာ!” 


ဟုန်ကျွင့်: "အဲဒီမှာ ရှဲ့ယွီ ရှိနေမယ်လို့ ငါကဘယ်လိုလုပ် သိမှာလဲ... သရဲခြောက်တယ်လို့ပဲ ပြောတာကို...ငါက ဘယ်လိုလုပ် ဆက်စပ်နိုင်မှာလဲ"


အားရှစ်နရှုံ: "သူ ဧကရာဇ် ဂူဗိမာန်မှာ ပုန်းအောင်းနေတာ ဘာလုပ်ဖို့လဲ... ဧကရာဇ်ထိုက်ကျုံးရဲ့ ရုပ်အလောင်းကို စုပ်ယူလိုက်တာ မဖြစ်နိုင်ဘူးလား?"


လူတိုင်း အရမ်းစိတ်ရှုပ်သွားသည်။ အထူးဆန်းဆုံးမှာ ရှဲ့ယွီ ပေါ်လာခြင်း မဟုတ်ဘဲ အလျင်စလို တိုက်ခိုက်ပြီးနောက် လေထဲမှာ ရုတ်တရက် ပျောက်ကွယ်သွားခြင်းပဲ ဖြစ်သည်။


အားထိုက်: "သွမ့်ဟွမ်မှာလည်း ဒီလိုပဲ... အကြောင်းပြချက်မရှိဘဲ ထွက်လာတာ... အသွင်ပြောင်းသလို ထူးဆန်းတဲ့ စွမ်းအားတွေ ရှိနေတာများလား"


လုရွှီ: "သွမ့်ဟွမ်မှာ ပေါ်လာတဲ့ မြွေရုပ်က သူ့ရဲ့ စိတ်ဝိညာဉ်ပဲ... ကျောင်းလင်မှာ ရှိတဲ့ အကောင်ကမှ သူ့ရဲ့ တကယ့် ခန္ဓာကိုယ်... ဒီလို နဂါးကြီးက မျက်စိတစ်မှိတ်အတွင်း ပျောက်သွားဖို့ မဖြစ်နိုင်ပါဘူး ထူးဆန်းတာ တစ်ခုခု​တော့ ရှိရမယ်"


လီကျင်လုံ ဟုန်ကျွင့်ကို တစ်ချက် ကြည့်လိုက်သည်။ 


"ငါတို့ကိစ္စတစ်ခု စုံစမ်းချင်ရင် အရင်ဆုံး ထောက်လှမ်းရမယ်... သလွန်စတွေ စုပြီး အခြေအနေကို သိတဲ့လူတွေကို မေးကြည့်ရမယ်... အဲဒီနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို တစ်ယောက်ပြီးတစ်ယောက် စုံစမ်းပြီးမှ အချက်အလက်တွေကို ခွဲခြမ်းစိပ်ဖြာပြီး ဆွေးနွေးဖို့ အားလုံးကို လူစုရမယ်... နောက်ဆုံးမှ ကျောင်းလင်လိုနေရာကို စုံစမ်းဖို့ သွားရမယ်"


ဟုန်ကျွင့်လည်း ခေါင်းညိတ်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ချေ။ လီကျင်လုံလည်း နောက်ဆုံးတွင် များစွာကွာခြားသွားမှာ မဟုတ်ဘူးဟု တွေးထင်ခဲ့သည်။ ထပ်ခါထပ်ခါ စုံစမ်းပြီးနောက် သူတို့ ဝင်သွားရင်တောင် ရှဲ့ယွီက အသင့်ပြင်ထားပြီး ဟုန်ကျွင့်ကို အထဲမှာ စောင့်နေသလား သို့မဟုတ် မတော်တဆ ပြေးသွားမလား မပြောနိုင်ချေ။ 


လီကျင်လုံ: "အားလုံး ခန့်မှန်းကြည့်ကြပါ...တစ်ယောက် တစ်ကြောင်း...ဒီနေ့ လူစုခွဲပြီးရင် မနက်ဖြန် ထပ်စစ်ကြည့်ရအောင်"


မော့ရစ်ကန်း :"ရှဲ့ယွီက နောက်ဆုံးတော့ ငါတို့ရဲ့ တံခါးကို လာ​ခေါက်​နေပြီ...ကောင်းတာပဲ.. ငါတို့ ရှေ့ကို ခြေလှမ်းပြီး ရွေ့နေသရွေ့ ငါတို့ကို သူ ဘာမှ မလုပ်နိုင်ဘူး"


“အင်း...” လီကျင်လုံလည်း စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ 


အားထိုက်: "ကျောင်းလင်က သူ့အသိုက်တွေထဲက တစ်ခုလို့ ငါထင်တယ်... တစ်နေရာကို တွေ့သွားပြီ ဆိုတော့ နောက်တစ်နေရာလည်း ရှိလောက်သေးတယ်... လွတ်လွတ်လပ်လပ် နေရာပြောင်းနိုင်တဲ့ မြေခွေးတွေသုံးသွားတဲ့ မှော်လိုပဲ သူ့အသိုက်တွေကြားထဲမှာ ထူးခြားတဲ့ လမ်းကြောင်းတွေ ရှိကောင်းရှိနိုင်တယ်"


လီကျင်လုံလည်း ဒါကို တွေးပြီး "ဒါက အဓိပ္ပာယ်ရှိတယ်" 


အားရှစ်နရှုံ: "ခေါင်းဆောင်... မင်းဒီနေ့ မတော်တဆ မထိမိခဲ့ဘူးဆိုရင် ကိစ္စတွေက တော်တော် ဒုက္ခရောက်သွားလိမ့်မယ်"


"ငါ သိတယ်..." 


လီကျင်လုံ အားရှစ်နရှုံကို ငုံ့ကြည့်လိုက်ပြီး အဓိကအချက်ကို တွေးထားလိုက်သည်။ ဟုန်ကျွင့်နဲ့ လုရွှီတို့ မတော်တဆ အချင်းချင်း ထိမိသွားလျှင် ကောင်းပေလိမ့်မည်။ ဒါက ရှဲ့ယွီ ချမှတ်ထားတဲ့ ထောင်ချောက်တစ်ခု ဆိုရင် အစီအစဥ်က အရမ်းကြောက်ဖို့ ကောင်းသွားပြီ။ အရင်ဆုံး နတ်ဆိုးနှင်ဌာနကို စောင့်ကြည့်နေလိမ့်မယ်... တစ်နေ့ ငါတို့ အဝေးကြီးကို ရောက်နေတဲ့အချိန်မှာ ဟွမ်ရုံကို သွားခိုင်းပြီး ဟုန်ကျွင့်နဲ့ လုရွှီတို့ကို အပြင်ထွက်လာအောင် ဆွဲဆောင်ဖို့ စီစဉ်လိုက်တာ!"


လီကျင်လုံ: "ဟွမ်ရုံက မိစ္ဆာ မဟုတ်ဘူး" 


"ဒါပေမဲ့ ရှဲ့ယွီကလည်း လူသားတစ်ယောက် ဖြစ်နိုင်တယ်" မော့ရစ်ကန်းက သတိပေးသည်။


ရှဲ့ယွီဟာ လူသားပုံစံရှိပြီး တရားရုံးတွင် အရာရှိဖြစ်ခဲ့ပါက တူညီသောအကျိုး သက်ရောက်မှုက ပေါ်လာ နိုင်သည်။


လီကျင်လုံ: "ဒါကလည်း ဖြစ်နိုင်ချေ တစ်ခုပဲ... ကျန်တာရှိသေးလား?"


လူတိုင်းက ကိုယ့်ဘာသာကိုယ် တွေးနေကြသည်။ လီကျင်လုံက အားလုံးကို လူစုခွဲခိုင်းလိုက်ရာ လူတိုင်းလည်း သီးခြားလမ်းလျှောက် ထွက်သွားခဲ့ကြသည်။ လီကျင်လုံ ထိုနေရာတွင် ရပ်နေကာ စားသောက်ဆိုင်ထဲတွင် တွေးနေတုန်း ဖြစ်ပြီး ဟုန်ကျွင့်ကိုကြည့်ရင်း ဘာဖြစ်သွားလဲ ဆိုတာကို တွေးနေမိသည်။


"ဘာကြည့်နေတာလဲ?" 


ဟုန်ကျွင့်မှာ စိုက်ကြည့်ခံနေရတာကြောင့် စိတ်မသက်မသာ ဖြစ်လာသည်။ 


"သွားမယ်... နည်းနည်း သွားသောက်ရအောင်" 


ဟုန်ကျွင့်လည်း အရက်သောက်ဖို့ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ လီကျင်လုံ သူ့အတွက်သူ ငှဲ့လိုက်ပြီး ဟုန်ကျွင့်ကိုတော့ သူ့ဘေးမှာ ထိုင်ခိုင်းလိုက်သည်။ တစ်ချက် လက်လှမ်းလိုက်တာနဲ့ နမ်းလို့ရတော့မည်။ 


ဟုန်ကျွင့်မှာ လီကျင်လုံ မနေ့ညက သူ့ကို ဝန်ခံခဲ့ပြီးကတည်းက သူတို့ကြားက ဆက်ဆံရေးဟာလည်း ကွဲပြားသွားခဲ့သည့။ တစ်ညလောက် ကြာ​ပြီးသွားသော်လည်း သူ့အတွက် နေသားကျဖို့ လုံးဝ အသုံးမဝင်သေးပါ။ လီကျင်လုံ ဘာမှမလုပ်တာကို မြင်တိုင်း သူနဲ့ရင်းနှီးဖို့ လာလည်စေချင်သည်။ ရှက်ကိုးရှက်ကန်းနဲ့ သူ့ကို တွန်းထုတ်ချင်ပေမယ့် သူ့ကိုလည်း အရမ်း ရှိစေချင်ပြန်ပြီ။ 


"ဘာကိုကြောက်နေတာလဲ ဒီမှာဘယ်သူမှ မရှိဘူး" လီကျင်လုံက သူ့နားကို ကပ်လိုက်ပြီး။ 


"အိမ်ရောက်ရင် မင်းက မင်းကို ပွေ့ဖက်ဖို့ ခွင့်မပြုဘူး အပြင်မှာ ဘယ်သူမှ မရှိတဲ့အခါကျတော့လည်း မင်းနဲ့ ရင်းနှီးဖို့ ခွင့်မပြုပြန်ဘူး... မင်း ကိုယ့်ကို အသက်ရှုကြပ်​​​အောင် လုပ်ဖို့ ကြိုးစားနေတာလား"


ဟုန်ကျွင့်ရဲ့ မျက်နှာက နီမြန်းလာသည်။ 


"ကျွန်တော် ငယ်ငယ်လေးကတည်းက ဘယ်သူနဲ့မှ ဒီလိုစကားမျိုးကို...တစ်ခါ... တစ်ခါမှ မပြောဖူးဘူး... တကယ် ရှက်နေသလို ခံစားရတယ်"


"အခု ရှိပြီလေ..." 


လီကျင်လုံ ဟုန်ကျွင့်ကို သူ့ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်ပြီး ဟုန်ကျွင့်ရဲ့ အပြင်ဘက် ၀တ်ရုံထဲသို့ သူ့လက်ကို ထည့်ရန် ကြိုးစားသည်။ ဟုန်ကျွင့် တစ်ကိုယ်လုံး အေးခဲသွားပြီး လီကျင်လုံရဲ့ လက်ကို အလျင်အမြန် လှမ်းဖမ်းထားလိုက်သည်။ လီကျင်လုံက သူ့လက်ကို ​ပြန်ဆုပ်ကိုင်လိုက်ပြီး မိမိရင်ဘတ်ပေါ် ဖိထားလိုက်သည်။ 


ဤတော့မှ ဟုန်ကျွင့် ရုတ်တရက် သတိဝင်သွားကာ အတွင်းခံ အဝတ်အစားကို ကြယ်သီးဖြုတ်ပြီး မှော်အစွမ်းကို အမှတ်အသားထဲသို့ ထိုးသွင်းလိုက်သည်။ သူတို့နှစ်ယောက်လုံး ခေတ္တတိတ်ဆိတ်သွားခဲ့ကြပြီး နောက်ဆုံးတွင် ဟုန်ကျွင့် ကျေနပ်စွာ ပြောလိုက်သည်။  


"ကောင်းသွားပြီ"


ဟုန်ကျွင့်သည် ၀တ်စုံကို သပ်ရပ်အောင် ပြင်ချင်သော်လည်း လီကျင်လုံကတော့ သူ၏ အတွင်းနှင့် အပြင်၀တ်စုံကို ဖွင့်ထားကာ လီကျင်လုံရဲ့ တစ်ကိုယ်လုံးကို ဖိ၍ ပွေ့ဖက်ထားလိုက်သည်။ ဟုန်ကျွင့် ချက်ချင်းပင် တုန်လှုပ်သွားပြီး တိုးတိုး​လေး ပြောသည်။


အားထိုက်က အောက်ထပ်မှာ ရှိနေတုန်းပဲ" 


"ဒီနေ့ ကိစ္စစုံစမ်းဖို့ လီတောင်ကို သွားမယ်..." လီကျင်လုံက သူ့ကို တိုးတိုးလေးပြော၏။ 


"ကိုယ် တစ်နေ့လုံး စိတ်တွေပျက်နေပြီး မင်းအကြောင်းကိုပဲ အရမ်းတွေးနေခဲ့တာ..."


ဒါကိုကြားပြီးနောက် ဟုန်ကျွင့်​မျက်နှာက ချက်ချင်းပင် နီရဲသွားသည်။ လီကျင်လုံရဲ့ စကားလုံးများက သူ၏ အနူးညံ့ဆုံးနေရာကို ထိမိသွားခဲ့သည်။ သူက ခေါင်းကို တစ်ဖက်သို့ လှည့်ပြီး တိုးတိုးလေး ဆိုလိုက်သည်။ 


"ကျွန်တော်လည်း ခင်ဗျားကို လွမ်းတယ်" 


လီကျင်လုံသည် အရက်နံ့များ အလွန်အကျွံထွက်နေသော လေပူတစ်ချက်ကို ရှူထုတ်လိုက်ပြီး။ 


"မင်းလည်း ကိုယ့်ကို လွမ်းတယ် ဆိုတော့ ကိုကိုတော့ သွားပြီပေါ့"


ဟုန်ကျွင့် : "..."


ဟုန်ကျွင့်ခမျာ လီကျင်လုံက သူထင်ထားတာထက် ပိုရှက်စရာကောင်းတာတွေကို ပြောလာလိမ့်မယ်လို့ မထင်ထားခဲ့ အထူးသဖြင့် သူတို့နှစ်ယောက်တည်း ရှိသောအခါတွင်ပင်။ ဒီလိုအချိန်မျိုးမှာ စကားများက ပိုလို့တောင် ရက်စက်လေသည်။ ပြီးတော့ သူ့ကို စိတ်အဆိုးစေဆုံး ဖြစ်စေခဲ့တာက သူကိုယ်တိုင်က ခက်ခက်ခဲခဲ ဖြစ်နေမိတာပင်။ 


"ဒီနေ့တစ်နေ့လုံး မင်းအကြောင်းပဲ တွေးနေမိတာ... မနေ့ညက မင်းပြောခဲ့တာတွေကို ဒီမနက် နိုးလာရင် မင်းလက်မခံမှာကို ကြောက်နေတာ..." လီကျင်လုံ ဟုန်ကျွင့်ကို ပွေ့ဖက်ပြီး ကုတင်ပေါ် ဖိချထားလိုက်၏။ 


"ထပ်ပြောပေးပါ... မင်း ကိုယ့်ကို ကြိုက်တယ်လို့ ထပ်ပြောနိုင်မလား"


ဟုန်ကျွင့်သည် လီကျင်လုံရဲ့ မျက်နှာကို ဆွဲယူပြီး သူ့အောက်မှာ ​ပြန်ဖိလိုက်သည်။ ထိုစဥ် လီကျင်လုံရဲ့ အရာသည် တုတ်တစ်ချောင်းကဲ့သို့ မာကျော​နေပြီး သူတို့၏ ပိုးသားဘောင်းဘီကို အပြန်ပြန်အလှန်လှန် ပွတ်တိုက်မိနေသည်။


"ခင်ဗျား...မြန်မြန်ထ" 


ဟုန်ကျွင့် အောက်ထပ်က တံခါးပိတ်သံကို ကြားလိုက်ရသည်။ ထိုအခိုက် လီကျင်လုံသည် သူ့မျက်လုံးထဲတွင် တောင့်တသော အကြည့်ဖြင့်၊ အိပ်ချင်မူးတူး အကြည့်ဖြင့် သူ့ကိုကြည့်နေ၏။ ဟုန်ကျွင့် သူ့ခံစားချက်များကို မထိန်းနိုင်တော့ဘဲ လီကျင်လုံကို ပွေ့ဖက်ကာ ခေါင်းကို သူ့ပုခုံးများကြားတွင် မြှုပ်ထားလိုက်သည်။ နှစ်ယောက်သား အဝတ်အစားများ ဝတ်ထားလျက်ပင် အချင်းချင်း ချည်နှောင်ရင်း အိပ်​မောကျသွားကြသည်။ 


လီကျင်လုံမှာ အလွန်မောပန်းနေသဖြင့် မျက်လုံးမှိတ်လိုက်တာနဲ့ အိပ်ငိုက်ခြင်း နှင့် အရက်နာကျခြင်းများကို ခံနိုင်ရည် မရှိ​တော့​ဘဲ တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။


ဟုန်ကျွင့်အတွက်ကတော့ ဤပွေ့ဖက်မှုက အလွန်လုံခြုံပြီး နွေးထွေးသည်ဟုသာ ခံစားမိသည်။ လီကျင်လုံရဲ့ ရင်ဘတ်တွင် ပူနွေးသောနွေဦးပေါက် နေရောင်ကဲ့သို့ သို့မဟုတ် သူ့စိတ်ဝိညာဉ်ကို လင်းထိန်နေသော နေရောင်ကဲ့သို့ တောက်ပနေသော နှလုံးမီးအိမ်တစ်ခု ရှိနေပြီး ထိုအလင်းရောင်က သူ့ကို အိပ်ပျော်သွားစေသည်။

..........


ချန်အန်းမြို့၌ ညဘက်တွင် မောင်းသံများ ရိုက်ခတ်​နေခဲ့သည်။ မနက်လေးနာရီမှာ ကောင်းကင်အထက်၌ တိမ်တွေစုပြီး လမ်းမတွေပေါ်မှာ မိုးတွေ စိုစွတ်လာသည်။ အနက်ရောင်ဝတ် အမျိုးသားတစ်ဦးသည် ထီးကိုကိုင်ကာ ကျူးချွဲ့တံတားကို ဖြတ်၍ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ သူဖြတ်သွားတိုင်း အမှောင်ထဲမှာ ပုန်းနေတဲ့ နတ်ဆိုးတွေနဲ့ မိစ္ဆာတွေဟာ ထိတ်လန့်သွားပုံဖြင့် မကောင်းသော စွမ်းအင်များသည် လှည့်ပတ်သွားကာ ဟောက်သံများကို ထုတ်လွှတ်သည့် မှောင်မိုက်သော သတ္တဝါများအဖြစ်သို့ စုစည်းသွားကြသည်။


"ဒါ မင်းနေရာမဟုတ်ဘူး..."


"မင်းရဲ့ ပေမင်ကို ပြန်သွား..."


အနက်ရောင် ၀တ်ဆင်ထားသော အမျိုးသားသည် ဖြူဖျော့သော မျက်နှာထား၊ ဖြောင့်တန်းသော မျက်ခုံးနှင့် မျက်လုံးများကို ဖုံးအုပ်ထားသော အဝတ်စတစ်စရှိသည်။ ယွမ်ခွင်းပင်။ ကျူးချွဲ့ တံတားပေါ်တွင် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင် စုရုံးရောက်ရှိလာသည်။ ထိုသားရဲသည် အနီရောင်မျက်လုံး၊ ပြင်းထန်သော ဦးခေါင်း၊ ချွန်ထက်သော အကြေးခွံများ၊ ဆူးချွန်များဖြင့် ဖုံးအုပ်ထားသော အနက်ရောင်ကိုယ်ထည် ရှိသည်။ ရှေ့သို့ထွက်နေသော အစွယ်များနှင့် ၎င်း၏ပါးစပ်မှ နတ်ဆိုးစွမ်းအင်များလည်း ထွက်လာသည်။


"ချန်အန်းက ရှဲ့ယွီရဲ့နေရာ...."


ကျူးချွဲ့ တံတားရဲ့ နှစ်ဖက်လုံးကို သိမ်းပိုက်ထားတဲ့ မိစ္ဆာတွေက ပိုပိုများလာကြသည်။ ယွမ်ခွင်းဟာ ထီးကို ကိုင်ဆောင်လျက် တံတားပေါ်သို့ လျှောက်သွားနေဆဲ။ သူသည် မြွေဆိုး၏အသံကို နားမကြားချင် ဟန်ဆောင်ကာ အနီရောင်ဦးခေါင်းနှင့် ရက်စက်ကြမ်းကြုတ်သော သားရဲဆီသို့ ဦးတည်​နေသွားခဲ့သည်။ သားရဲက ဟိန်းဟောက်ပြီး အရှေ့ကို ပြေးထွက်လာသည်။ 


—— ယွမ်ခွင်းသည် သူ့လက်ညိုးနှင့် လက်ခလယ်တို့ကို ပေါ့ပေါ့ပါးပါး ထုတ်ကာ ရက်စက်သော ထိုသားရဲ၏ အစွယ်များကို ထိလိုက်သော်လည်း သူ့ခြေလှမ်းများက မရပ်တန့်ခဲ့ပေ။ သူသည် ထိုလမ်းကို ဖြတ်သွားကာ ကျူးချွဲ့တံတားပေါ်မှ ဆင်းသွားသည်။


ယွမ်ခွင်း လက်နှစ်ချောင်း ညွှန်ပြသည့် နေရာတိုင်းတွင် လေထုသည် လှိုင်းထနေခဲ့ရာ ရက်စက်ကြမ်းကြုတ်သော သားရဲသည် နှစ်ထောင်ပေါင်းများစွာ နာကျင်မှုကို ခံစား​နေ​ခဲ့ရသကဲ့သို့ ချက်ချင်းပင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားကာ လေတစ်ချက် "ဝှေ့ယမ်း" လိုက်ရင်ဖြင့် လွင့်ပျံသွားလေသည်။


မိစ္ဆာနှစ်ကောင်သည် ခြိမ်းခြောက်စကား ပြောချင်နေရာမှ တခဏအတွင်း တိတ်ဆိတ်သွားပြီး ယွမ်ခွင်းကို မတားဝံ့တော့ဘဲ အနက်ရှိုင်းဆုံး အမှောင်ထဲ တိုးဝင် ပုန်းအောင်းကာ အသက်လု ထွက်ပြေးသွားခဲ့ကြသည်။


.......


"လန်လင်းပယင်း" စားသောက်ဆိုင်၏ ဒုတိယထပ်တွင်တော့ ဟုန်ကျွင့်သည် လီကျင်လုံ၏ ရင်ဘတ်ပေါ်တွင် ခေါင်းကိုတင်ထားပြီး ခါးကို ပွေ့ဖက်ကာ အိပ်ပျော်နေခဲ့သည်။ လီကျင်လုံက လက်နှစ်ဖက်ကိုဖြန့်ကာ လှဲလျောင်းနေပြီး တိုးတိုးလေး ဟောက်နေ၏။ 


ယွမ်ခွင်းသည် သူ့​​လက်ညိုးနှင့် လက်ခလယ်ကို ပေါ့ပေါ့တန်တန် ဆန့်လျက် လီကျင်လုံရဲ့ နဖူးကို ထိလိုက်သည်။ လီကျင်လုံ နဖူးပေါ်၌ အပြာရောင် အလင်းတန်းတစ်ခု လင်းလက်လာသည်။ ဟောက်သံက ရပ်တန့်သွားကာ အိပ်မက်မက်နေသကဲ့သို့ မျက်ခုံးများ တွန့်သွားသည်။


ကောင်းကင်ကြီးသည် ကြီးမားလှသော နတ်ဆိုးစွမ်းအင်များဖြင့် ပြည့်နှက်နေပြီး သွေးထွက်သံယို အလောင်းများက မြေပြင်အနှံ့ ပြန့်ကျဲနေသည်။ ဟုန်ကျွင့် စစ်မြေပြင်ထဲတွင် ရပ်နေကာ ကြီးမားသော နဂါးနက်ကြီးတစ်ကောင်က လှည့်ပတ်နေပြီး သူ့အနောက်တွင် အော်ဟစ်နေလေသည်။


ချန်အန်း တစ်​မြို့လုံး မီး​တောက်​​လောင်​​နေသည်​။


ဟုန်ကျွင့်သည် အနက်ရောင်လေထဲတွင် ဖုံးလွှမ်းနေပြီး မျက်လုံးများက နီရဲလာကာ ဒေါသတကြီး အော်လိုက်သည်။


"အား--"


"ဟုန်ကျွင့်... ဟုန်ကျွင့်!"


လီကျင်လုံသည် တောထဲတွင် ရပ်နေကာ ဟုန်ကျွင့်​ကို အော်ဟစ်ရန် သူ၏ နောက်ဆုံးခွန်အားကို အသုံးပြု​နေခဲ့သည်။ သို့သော် ဟုန်ကျွင့်သည် သူ့ဘက်သို့ သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ရာ မှော်နဂါးက ပျံတက်သွားပြီး လီကျင်လုံဆီ ပြေးဝင်သွား၏။ 


လီကျင်လုံသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ဆွဲယူကာ သူ့လက်များမှ တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်ရင်း ဟုန်ကျွင့်ထံ ဆက်၍ ချဥ်းကပ်လာသည်။


"အသက်ရှင်သူက... ဖြတ်သွားသူတွေပဲ..."


သူ၏ အသံတိုးတိုးသည် တစ်ကမ္ဘာလုံးကို ပဲ့တင်ထပ်သွားသည်။ တခဏချင်းတွင် လွှမ်းခြုံထားသော အနက်ရောင် မြူခိုးများက အလင်းရှေ့မှ ဆုတ်ခွာသွားခဲ့သည်။


"သေတဲ့သူတွေ ပြန်လာပြီ..."


ထိုအလင်းရောင်သည် ကောင်းကင်နှင့်မြေကြီးကို တောက်ပစေသော နေရောင်လိုပင်။ ညကောင်းကင် အထက်က မှိတ်တုတ်မှိတ်တုတ် ကြယ်များနှင့် အမှောင်ထုကို ဖြတ်၍ ဘယ်တော့မှ မထွက်နိုင်သော နှလုံးမီးအိမ် ဖြစ်သည်။


"ကောင်းကင်နဲ့မြေကြီးက တစ်ထပ်တည်း...ငါတို့အားလုံးက... ထာဝရအတွက်...ဖုန်မှုန့်တွေပဲ..."


လီကျင်လုံသည် မျက်လုံးများကို မှိတ်ထားပြီး ဟုန်ကျွင့်နဖူးပေါ် လက်တစ်ဖက်ကို တင်လိုက်သည်။ အဖြူရောင်အလင်းတန်းများ ရုတ်တရက် ပျံ့နှံ့သွားပြီး လူသေအလောင်းများနှင့် သွေးများဖြင့် ပြည့်နှက်နေသော စစ်မြေပြင်ပေါ် ဖုံးလွှမ်းသွားခဲ့​သည်။


ရှင့်ချင်နန်းတော်တွင် ထူးဆန်းသော မှော်စွမ်းအင်တစ်ခုဟာ ပွင့်လင်းမြင်သာသော ရေလှိုင်းများကဲ့သို့ တိတ်တဆိတ် ပျံ့နှံ့သွားပြီး လေထုတစ်လျှောက် လျင်မြန်စွာ တုန်ခါသွားကာ အိမ်ခြေထောင်ပေါင်းများစွာကို တခဏချင်း ဖြတ်သန်းသွားခဲ့သည်။ ယွမ်ခွင်းရဲ့ သူငယ်အိမ်များ ရုတ်တရတ် ကျုံ့သွားကာ ချက်ချင်းပင် လက်ကို ဆုတ်ကာ ဘေးသို့ လှည့်လိုက်သည်။


သူက လက်နှစ်ဖက်ကို ဖြန့်ကာ "ဝှစ်ကနဲ" အသံဖြင့် ကာကွယ်လိုက်စဥ် သူ့ခန္ဓာကိုယ်သည် ပြိုကွဲသွားပြီး ငွေရောင်အလင်းဖြင့် ထွန်းလင်းနေသော မရေမတွက်နိုင်သည့် ငါးများအဖြစ် ပြောင်းလဲကာ စားသောက်ဆိုင်၏ ဒုတိယထပ်မှ ပျံသန်းလာခဲ့သည်။


"ချန်အန်းထဲက ထွက်သွားစမ်း!"


နက်ရှိုင်းသော အမျိုးသားအသံတစ်သံ ထွက်ပေါ်လာပြီး အနက်ရောင် အငွေ့များက သူ့နောက်သို့ လိုက်လာကာ လေထဲတွင် ပျံသန်းနေသော ငါးများကလည်း ယွမ်ခွင်းရဲ့ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာသည်။


"မင်းရဲ့ ​ပေမင်ကို ပြန်သွား!!"


အနက်ရောင်အငွေ့သည် ချက်ချင်းပင် လှံတစ်ချောင်း အဖြစ်သို့ ပြောင်းလဲသွားပြီး ယွမ်ခွင်းဆီသို့ ပျံသန်းသွားသည်။


"သဘာဝတရားတွေရဲ့ နိယာမတရားတွေက တည်မြဲနေမှာပဲ...."


ယွမ်ခွင်းကလည်း အေးစက်သော လေသံဖြင့် ပြန်ပြောပြီးနောက် ကောင်းကင်သို့ ပျံတက်ကာ မရေမတွက်နိုင်သော ကြယ်များအဖြစ် ပြောင်းလဲသွား​လေ၏။ အနက်ရောင် စွမ်းအင်က မဆုတ်မနစ် လိုက်နေဆဲ။ ၎င်းက အနက်ရောင်နဂါးအဖြစ် ပြောင်းလဲကာ ပြေးလိုက်သွားခဲ့သည်။


တိမ်တွေကို ဖြတ်ကျော်ပြီးတာနဲ့ လရောင်အောက်မှာ ယွမ်ခွင်းဟာ အကြီးစား ခွင်းကြီးတစ်ကောင် ဖြစ်သွားချေပြီ။ သူက ပါးစပ်ကိုဖွင့်ပြီး ဘီလူးတစ်ကောင်လို ဟောက်လိုက်သည်။ 


"ယောင်အတွက် ငါအသက်မရှင်ဘူး.. ကျဲ အတွက် ငါမသေဘူး!"


နောက်အခိုက်အတန့်တွင် ဧရာမ ခွင်းကြီးသည် ပါးစပ်ကို ဖွင့်ဟလိုက်ပြီး လျှပ်စီးကြောင်းများ ပြေးထွက်သွားသည်။ 


နဂါးနက်သည် အဝေးသို့ ပျံသန်းသွားပြီးနောက် မရေမတွက်နိုင်သော မှိန်းများအဖြစ် ပြောင်းလဲကာ အနက်ရောင် ဥက္ကာပျံကဲ့သို့ ဧရာမခွင်းဆီသို့ ပစ်လွှတ်လိုက်သည်။ ဧရာမခွင်းက နာကျင်စွာ ဟောက်ရင်း သူ့ရဲ့ မိုးကြိုးများက တိမ်ပင်လယ်ထဲသို့ ထိုးကျသွားသည်။ တိမ်ပင်လယ်က လရောင်အောက်တွင် မှန်ရေကန်ကဲ့သို့ ကြည်လင်လာသည်။ ဧရာမခွင်းသည် သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာပေါင်း ရာနှင့်ချီလာပြီး ဒဏ်ရာများထဲမှ အနက်ရောင် အငွေ့များလည်း ထွက်လာသည်။ ထို့နောက် တိမ်ပင်လယ်ထဲသို့ တိုးဝင်ကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။


အနက်ရောင်လေထုက စုရုံးလာ၏။ ၎င်းက လူအသွင် ပြောင်းသွားကာ ထိုလူပုံသဏ္ဌာန်သည် တဖန်ပေါ်လာပြီး အတက်အဆင်း လွင့်မျောနေသည်။ သူက တိမ်ပင်လယ်ဆီသို့ လှမ်းကြည့်ကာ ရယ်မောလိုက်သည်။


........


မိုးခြိမ်းသံကြောင့် လီကျင်လုံ နိုးလာခဲ့သည်။ မိုးခြိမ်းသံကို ကြား​နေရသော်လည်း မိုးမရွာ။ မျက်လုံး ဖွင့်ကြည့်လိုက်တော့ ခေါင်းနည်းနည်း ကိုက်နေသေးတာကို သိလိုက်သည်။ သူ့အကျီကို ချွတ်လိုက်ပြီး နှစ်ယောက်စလုံးပေါ် ခြုံလိုက်ကာ ဟုန်ကျွင့်ကို ပွေ့ဖက်ရင်း အိပ်ပျော်သွား​လေသည်။


နောက်တစ်နေ့တွင် ဈေးထဲတွင် အဆက်မပြတ်ဆူညံနေသော အသံတွေကြောင့် ဟုန်ကျွင့် နိုးလာသည်။ ရုတ်တရက် သူ့ခြေထောက်တွေမှာ စိုစွတ်နေတဲ့ ခံစားချက်နဲ့အတူ တစ်ခုခုမှားနေပြီလို့ သိလိုက်တာကြောင့် ထိုနေရာကို လက်နဲ့ထိလိုက်သည်။ 


ဘယ်လိုမျှမဖြစ်နိုင်ဘူး! 


ဟုန်ကျွင့် ချက်ချင်းပင် ရှက်သွားပြီး လီကျင်လုံကိုလည်း ထပ်မံထိလိုက်သောအခါတွင် သူလည်း စိုနေတာ တွေ့လိုက်ရသည်။ 


မဟုတ်ဘူး၊ ဒါက သူ့ကို မတော်တဆ ထိမိခဲ့တာလား။ ဒါမှမဟုတ် မနေ့ညက သူ့ကိုယ်သူ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတာလား။ 


ဟုန်ကျွင့် လီကျင်လုံရဲ့ ခါးပတ်ကို ဖြည်းညှင်းစွာ ဆွဲဖွင့်လိုက်ပြီး နှလုံးခုန်သံက လည်ချောင်းထဲသို့ ရောက်ရှ်လာသည်။ သူ့အောက်ခံဘောင်းဘီကို စမ်းကြည့်ချင်ပေမယ့် နောက်ထပ်တစ်လွှာကို ထိလိုက်ပြီးနောက် လကိက အောက်ခံဘောင်းဘီထဲကို တိုက်ရိုက်ရောက်ရှိသွားသည်။


အား--! 


မတော်တဆ ထိမိသွားပြီ။ 


ဟုန်ကျွင့် ကြီးမား မာကျောသော အရာကြီးကို ဆုပ်ကိုင်လိုက်ပြီး သူ့လက်များ ရုတ်ချည်း စိုစွတ်သွားသည်။ သာမာန်အားဖြင့် သူသတိမထားမိဘဲ သူ့ကိုယ်သူ ထိမိတတ်သော်လည်း ဤပထမအကြိမ်တွင် သူသည် လီကျင်လုဲ၏ ပူလောင်မှုနှင့် ထူထပ်သော "ထိုအရာ" ကို တိုက်ရိုက် ထိမိခဲ့ပြီး ခံစားချက်ကလည်း အလွန်ထူးဆန်းလာသည်။ 


ဟုန်ကျွင့် လျှပ်စီးလက်သွားသလို ခံစားလာရသည်။ သူသည် ချက်ချင်းပင် သွားများကို အံကြိတ်ကာ အသံမထွက်ဝံ့ဘဲ အသက်အောင့်လိုက်မိကာ မျက်နှာကို ထူးဆန်းသော အမူအရာဖြင့် ထိန်းထားလိုက်သည်။


သူ့လက်ကို ဖြည်ချင်သော်လည်း ညင်သာစွာ ဆုပ်ကိုင်ထား၍လည်း မရပေ။ ထိုနေ့က ရေပူစမ်းတွင် မြင်လိုက်ရသည့် အရွယ်အစားကြောင့် တုန်လှုပ်သွားမိတာကိူ သတိရမိသွားသည်။ အခု အလေးချိန်က အရမ်းကြီးနေပြီ။


"ပျော်စရာ​ကောင်းလား?" 


လီကျင်လုံက မျက်လုံးမှိတ်ထားလျက်မှ ပြုံးလိုက်သည်။


ဟုန်ကျွင့် သူ့လက်ကို အမြန် ပြန်ဆွဲထုတ်လိုက်သည်။ 


"ငါ... ငါ အတည်ပြုချင်လို့..."


လီကျင်လုံ ကောင်လေးရဲ့ လက်ကို ဇတ်ကနဲ ဖမ်းဆုပ်ထားလိုက်သည်။ သူက မျက်လုံးဖွင့်ပြီး ဟုန်ကျွင့်ကို ပြုံးပြကာ ခါးကို အနည်းငယ် တွန်းပင့်လိုက်ရာ ၎င်းက ဟုန်ကျွင့်လက်ကို ပွတ်တိုက်မိသွားသည်။ ဟုန်ကျွင့် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး တံတွေး မျိုချဖို့တောင် မတတ်နိုင်ခဲ့။ ထို့နောက် လီကျင်လုံက သူ့လက်ကို ဟုန်ကျွင့်​ဘောင်းဘီထဲသို့ ထည့်လိုက်ရာ ဟုန်ကျွင့် ခပ်မြန်မြန် ရှောင်လိုက်သည်။ သူ့နားရွက်က ရှက်လို့ နီရဲနေပြီ။ 


"မထိနဲ့... စိုနေပြီ..."


"မနေ့ညက ဘာကိုအခွင့်ကောင်းယူခဲ့တာလဲ" 


လီကျင်လုံသည် တစ်ဖက်လူရဲ့ နားရွက်​လေးကို နှာခေါင်းဖြင့် ချစ်ခင်စွာ ပွတ်သပ်ကာ နားထဲတွင် တိုးတိုးလေး ပြောနေသော်လည်း သူ့လက်များက မရပ်တန့်သွားပေ။ သူက ဟုန်ကျွင့်ရဲ့ အရာကို တိုက်ရိုက် ဆုပ်ကိုင်လိုက်ပြီး အလွန် အဓိပ္ပာယ်ရှိတဲ့ အမူအရာဖြင့် သူ့လက်မကို နောက်ပြန် ပွတ်သပ်လိုက်သည်။ 


"အာ....." 


ဟုန်ကျွင့်ခမျာ ဒီလို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ခံစားချက်မျိုး တစ်ခါမှ မကြုံဖူးခဲ့ချေ။ ယခင်က ၎င်းကို အကြိမ်အနည်းငယ် ငြင်းဆန်ခဲ့ဖူးသော်လည်း ဘယ်လို ဖြေရှင်းရမလဲ သူ့ဘာသာသူ မလေ့လာခဲ့ပေ။ ယောင်ကျင်း နန်းတော်တွင် ဘယ်သူမှ သူ့ကို မသင်ကြား​ပေးခဲ့ပေ။ ခက်ခဲသော်လည်း အလွန်အကဲဆတ်သည်။ 


လီကျင်လုံ၏ လက်မသည် ၎င်းအား ပွတ်တိုက်လိုက်သောအခါတွင် တုန်ယင်နေသော ခံစားမှုသည် သူ့ကျောရိုးတစ်လျှောက် ချက်ချင်းပင် စီးဆင်းရင်း သူ့ခေါင်းထိပ်အထိ ပျံ့နှံ့သွားသည်။


လီကျင်လုံသည် ကောင်လေးအား ပို၍ပင် ပွေ့ဖက်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် လှုပ်ယမ်းကာ ဟုန်ကျွင့်လက်ကို ပြန်ဆွဲယူရင်း သူ့ထူထဲသော အရာအား ရှေ့ကို တွန်းထုတ်လိုက်သည်။


"မင်းလက်ကို ပိုတင်းတင်းလေး ဆုပ်ထားပေး...." 


လီကျင်လုံရဲ့ အသံဟာ အနည်းငယ် တုန်ယင်နေပြီး သူ အလွန် သက်တောင့်သက်သာ ရှိနေတာလည်း ထင်ရှား​ပေသည်။


ဟုန်ကျွင့်ခမျာ လီကျင်လုံလက်အောက်တွင် ကြည်နူးမှုနှင့်အတူ တုန်လှုပ်နေပြီး သူ့ခန္ဓာကိုယ်တစ်လျှောက် နှစ်သိမ့်မှု ရေစီးကြောင်းများ ပျံ့နှံ့လာသည်။ ရုတ်တရတ် လီကျင်လုံက မလှုပ်မယှက်ဖြင့် ရပ်သွားပြီး ဟုန်ကျွင့်၏ ရောင်ရမ်းနေသော အရာအား နောက်ပြောင်ပြီး ကစားလိုဟန်ဖြင့် လက်မနှင့် လက်ညိုးဖြင့် ညင်သာစွာ ညှစ်လိုက်သည်။


"အား!" 


ဟုန်ကျွင့် ချက်ချင်း အော်ပစ်လိုက်ရာ လီကျင်လုံက သူ့ကို အမြန်လှမ်းနမ်းလိုက်ပြီး အနည်းငယ် နောက်ပြန်ဆုတ်ကာ ဟုန်​ကျွင့်လက်ထဲမှ သူ့​​အရာကို ဆွဲထုတ်လိုက်သည်။


လီကျင်လုံ: "တစ်ယောက်ယောက် လာနေပြီ... အိမ်ပြန်ရောက်မှ ဒီည ငါမင်းကို အရာအားလုံး ပေးမယ်... မင်းကြိုက်သရွေ့ ပျော်နိုင်တယ်... အခုတော့ ထပြီး မနက်စာစားရမယ်"


သူစကားပြောပြီးတာနဲ့ ဟုန်ကျွင့်သည် အောက်ထပ်က သစ်သားတံခါးကို ရုတ်သိမ်းလိုက်သံအား ကြားလိုက်ရလေသည်။ 


ထဲ့လန်သော် : "တက်ပြီးကြည့်မလို့လား"


"နွေဦးညတွေက တိုတောင်းတယ်လေ..." အားထိုက်က ပြုံးပြုံးလေးဖြင့်။


"မသိချင်ဘဲ ဘယ်နေပါ့မလဲ"


တစ်ဆင်တည်း ထဲ့လန်သော်ရဲ့ ကြာပွတ်ဆွဲသံကဲ့သို့ "အက်ကွဲ" အသံတစ်ခု ထွက်ပေါ်လာပြီး အားထိုက်တစ်ယောက် စားသောက်ဆိုင် အောက်ထပ်သို့ လျင်မြန်စွာ၊ လိမ္မာပါးနပ်စွာ လျှောက်သွားပြီး ဒုတိယထပ်သို့ ရောက်သွားခဲ့သည်။ 


"ခေါင်းဆောင်... ဟုန်ကျွင့် နိုးပြီလား"


"ငါလာတော့မယ်!" 


အားထိုက်သည် ကြီးကြီးကျယ်ကျယ် ပြောပြီး ဒုတိယထပ်က လှေကားထစ်ပေါ် ခက်ခက်ခဲခဲ နင်းလိုက်သည်။ ထိုအခိုက် လီကျင်လုံ နိုးလာပြီး လက်ရန်းကိုမှီရင်း ပျင်းရိစွာ မတ်တတ်ရပ်နေတာ တွေ့လိုက်ရကာ ဟုန်ကျွင့်ကလည်း အိပ်ငိုက်နေသော မျက်လုံးများဖြင့် အားထိုက်ကို ကြည့်​နေသည်။ 


အားထိုက်: "နတ်ဆိုးနှင် ဌာနက တစ်ယောက်ယောက်က မင်းကို တွေ့ချင်နေတယ်... မနေ့ညက ဘယ်လောက်​တောင် သောက်ခဲ့တာလဲ... စိတ်ပြန်လည် လန်းဆန်းစေတဲ့ သေရည် လိုချင်လား"


လီကျင်လုံသည် မနေ့ညက အလွန်အကျွံ မသောက်သောကြောင့် မလိုအပ်ကြောင်း ထောက်ပြရန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ဟုန်ကျွင့်က အတွင်းခံဘောင်းဘီတွေကို ချွတ်လိုက်ပြီး လီကျင်လုံအား အနောက်ကနေ ပေးလိုက်ရာ လီကျင်လုံက ၎င်းတို့ကို ပေါ့ပေါ့ဆဆ ခေါက်ပြီး သူ့အိတ်ကပ်ထဲ ထည့်ကာ အောက်ထပ်ကို ခေါ်သွား​လေ၏။ ဟုန်ကျွင့်သည် စောစောက နိုးလာပေမယ့် လိုချင်တပ်မက်မှု လျော့နည်းသွားသဖြင့် အနည်းငယ် ရှက်သွားသေးသည်။ သူက ခေါင်းကုတ်ပြီး မနေ့ညက သူ့ကို ခေါ်သွားပေးတဲ့ ထဲ့လန်သော်ကို ကျေးဇူးတင်လိုက်သည်။ 


ထဲ့လန်သော် : "မသွားခင် ခေါက်ဆွဲစားမလား?"


လမ်းလျှောက်လာရင်း လီကျင်လုံက ပြန်ဖြေလိုက်၏။ 


"ကျွန်တော် သူ့ကို အပြင်သွားစားဖို့ လိုက်ပို့ပေးမလို့...ခယ်မလေးကို မနှောင့်ယှက်တော့ပါဘူး"


ထဲ့လန်သော် :"မကြာမကြာ လာနော်..." 


အားထိုက်ကတော့ သူတို့နှစ်ယောက်ကို ပြုံးစိစိနဲ့ ကြည့်နေ၏။ ဟုန်ကျွင့် ရှက်ရွံ့စွာ ပြုံးပြီး လီကျင်လုံရဲ့နောက်ကို လိုက်သွားခဲ့သည်။ 


ဝက်သားနဲ့ ကြက်သားကို ဟင်းချိုလုပ်ကာ အရသာကောင်းတဲ့ "ရွှေကျောက်စိမ်းထမင်း" လို့ ခေါ်တဲ့ အနောက်ဈေးမှာ မနက်စာဆိုင် တစ်ခုရှိပြီး ဟင်းချိုအရသာကို မြှင့်တင်ဖို့အတွက် အခွံမာသီး၊ မျှစ်ဖြူနဲ့ တို့ဟူးဖြူတို့ကို ထည့်ထားသည်။ 


“နတ်ဘုရားတွေက လောဘကြီးလွန်းလို့ ရွှေထမင်းတစ်ပန်းကန်လောက် မြေကြီးပေါ်ကို ချပေးလာတာ... ဧည့်သည်ရဲ့ ထမင်းက ဒီမှာပါဗျ...”


စားပွဲထိုးက ပန်းကန်လုံး ခြောက်လုံးကို သယ်ဆောင်ကာ စားပွဲပေါ်တင်လိုက်သည်။ ဟုန်ကျွင့် ပန်းကန်များကို စပ်စု ကြည့်လိုက်တော့ ကောက်ညှင်းပေါင်း ပန်းကန်လုံးတစ်ဝက်၊ အပေါ်မှ စက္ကူပါးပါးကဲ့သို့ လှိမ့်ထားသော လတ်ဆတ်သော တောထမင်းချပ်တစ်ဆုပ်ကို တွေ့လိုက်ရသည်။


ဟုန်ကျွင့်: "ဒါက ဘယ်လိုဖြစ်တာလဲ.... နောက်ထပ် နှစ်ပန်းကန်ချပေး..."


ဟုန်ကျွင့် စားခါနီးမှာ လီကျင်လုံက သူ့ကို အမြန်ဆွဲထားပြီး "မလောပါနဲ့" လို့ ဆိုကာ သူ့ကို ခဏစောင့်ခိုင်းလိုက်သည်။ ထို့နောက် ဆူပွက်နေသော ဟင်းအိုးကြီးတစ်လုံးအား သယ်လာသော သူဌေးကို လက်ညှိုးထိုးပြလိုက်သည်။


"ဟင်းကို သေသေချာချာ စား--"


ဟင်းရည်ကို အိုးထဲက ခပ်ယူ၍ ပျော့ပျောင်းပြီး နူးညံ့နေသော ကောက်ညှင်းပေါင်းပေါ် လောင်းချလိုက်သည်။ ချက်ထားသော ဆန်စေ့များကို စွပ်ပြုတ်ထဲ စိမ်ထားလိုက်တဲ့အခါ အဖြူရောင် ကျောက်စိမ်းကဲ့သို့ ကြည်လင်ပြီး နူးညံ့လာသည်။ ကောက်ညှင်းနဲ့ တို့ဟူးက ချိုသလို ဟင်းရည်ကလည်း ပိုအရသာရှိလေ၏။ 


နှင်းဖြူထမင်းပန်းကန်လုံး၊ ဆားငံပြာရည်စိမ်ထားသော ဘဲဥတစ်လုံးနှင့် ရှာလကာရည်၊ တရုတ်နံနံ ပန်းကန်သေးသေးတစ်လုံးစီကို စားပွဲပေါ်၌ ချခင်းပေးထားသည်။ 


ဟုန်ကျွင့် : "..."


"ကြိုက်သလောက်စား...."


နှစ်ယောက်သား စားပွဲရှည်ကြီးတစ်ခုတွင် တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ မနက်အစောကြီးမို့ လူသိပ်မရှိသေး။ လီကျင်လုံသည် ငါးမှုန့်တစ်ဇွန်းကို ခပ်ကာ ဟုန်ကျွင့်ပန်းကန်ထဲသို့ ဖြန်းလိုက်ပြီး။ 


"ဖြေးဖြေးစား.... အပူမလောင်စေနဲ့.. " 


တစ်ချိန်က လီကျင်လုံသူ့ကို လျှော့စားခိုင်းတာကို သတိရပြီး ပြန်ပြောလိုက်သည်။ 


"ကျွန်တော့်မှာလည်း ပိုက်ဆံရှိတယ် ကြီးလာပြီလေ... ပိုစားလို့လည်း အဆင်ပြေတယ်" 


သူသည် ဇွန်းကို ချက်ချင်းယူကာ ရယ်မောရင်း လီကျင်လုံကို မော့ကြည့်လိုက်သည်။


လူငယ်လေး၏ အပြုံးနှင့် သူ့မျက်လုံးများတွင် ချစ်ခြင်းမေတ္တာများက နွေဦးလေညင်းထဲ ရေချိုးနေသလိုမျိုး လီကျင်လုံကို ချက်ချင်း လန်းဆန်းသွားစေသည်။ 


လီကျင်လုံသည် အမှန်တကယ်ပင် ရှက်ရွံ့ပြီး အလိုလို ပင်ကိုယ်စိတ်ပါလာသော အပြောင်းအလဲကို ဖုံးကွယ်ရန် ကြိုးစားရင်း သူ့ခြေထောက်များကို အမြန်ခွဲလိုက်သည်။ သူက ချောင်းဆိုးရင်း။ 


"ဘာရယ်တာလဲ"


ဟုန်ကျွင့် အသာ ခေါင်းယမ်းကာ ရယ်မောလိုက်သည်။ လီကျင်လုံက သူ့ရဲ့​ကိုယ်ခံပညာ ဝတ်ရုံကော်လာကို ဆွဲချပြီး နံနက်စာ စစားသည်။ ခဏအကြာတွင် သူသည် တစ်ခုခုကို တွေးပြီး လေးလေးနက်နက် ပြောလိုက်သည်။


"အရသာရှိလား.. ရှိရင် များများစားပါ" 


ဟုန်ကျွင့် "အင်း" လို့ ဖြေလိုက်တော့ လီကျင်လုံက ရယ်ပြန်သည်။ 


"ခင်ဗျား ဘာရယ်ပြန်ပြီလဲ" 


ဟုန်ကျွင့် တဖြည်းဖြည်း မစိုးရိမ်တော့ပါ။ လီကျင်လုံနဲ့ အတူရှိနေရတဲ့ သူ့ဘဝက အရမ်းလှပနေပုံပေါ်တယ်လို့သာ ခံစားနေရသည်။ 


လီကျင်လုံ : "ကိုယ် ရယ်တာက အစားအသောက်နဲ့ လိင်ကိစ္စကိုပါ... ဒါက သဘာဝပဲ"


"ဘာကိုဆိုလိုတာလဲ?" 


လီကျင်လုံ သူ့ကိုမျက်စိသာ မှိတ်ပြလာသဖြင့် ဟုန်ကျွင့် စိတ်ရှုပ်သွားသည်။ ပန်းကန်တစ်လုံးပြီးတာနဲ့ နောက်တစ်လုံး ထပ်တောင်းသည်။ ဒုတိယပန်းကန်ကို စားနေချိန်မှာတော့ လီကျင်လုံရဲ့ ဆိုလိုရင်းကို ရုတ်တရက် နားလည်သွားပြီး သူ့ထမင်းများကို "ဖူးကနဲ" ထွေးထုတ်လုနီးပါး ဖြစ်သွားခဲ့လေ၏။