(80) အပြစ်ထပ်ထည့်ခြင်း
Viewers 5k

Chapter (80)

အပြစ်ထပ်ထည့်ခြင်း



မတ်လနှောင်းပိုင်း နွေဦးရာသီတွင် ချန်အန်းဟာ မီးခိုးများ​ဖြင့် ဖုံးလွှမ်းနေပြီး ပိတ်ကျဲတစ်စလို အခိုးအငွေ့များကလည်း တစ်မြို့လုံး ပြည့်​နေခဲ့သည်။


နေ့ခင်းဘက်မှာ မိုးဖွဲဖွဲလေး​တောင် ကျနေသေးသည်။ တစ်မြို့လုံးရှိ မိုးမခပင်များက စိမ်းလန်းစိုပြေနေကာ ပန်းပွင့်များက မိုးရေဖြင့် လန်းဆန်းနေသည်။ တချို့ ပန်းပွင့်များက မြေပြင်ပေါ် ကြွေကျသွားသည်။ တံစက်မြိတ်အောက်မှ မိုးစက်ကလေးများက တဖွဲဖွဲကျနေပြီး ရေငွေ့သည် ရှင့်ချင်နန်းတော်ထဲသို့ လှိမ့်ဝင်နေသည်။


ကြင်ယာတော်ယန်က အိပ်ရာပေါ်တွင် လှဲလျောင်းနေသည်။ ယန်ကော်ကျုံးသည် သူ့တစ်ကိုယ်လုံး မိုးရေကြောင့် စိုစွတ်နေသော နေရာများအား ရွှေချထားသည့် ပိုးလက်ကိုင်ပုဝါဖြင့် သူ့ကိုယ်သူ သုတ်ရင်း သူမဘေးတွင် ထိုင်နေသည်။ ခေါင်းလောင်းပေါ်တွင် ထုလုပ်ထားသည့် အသက်ဝင်​နေဟန်တူသော ရွှေနဂါးကြီးတစ်ကောင်ရဲ့ လက်သည်းငါးချောင်းစီဖြင့် ကိုင်ဆောင်ထားသဖွယ် အလုံပိတ် ဖန်ခွက်နှစ်ခွက်ကို ကိုင်ဆောင်ထားသည်။ ခွက်များသည် မီးခိုးရောင်သဲများဖြင့် ပြည့်နေသော်လည်း အနီးကပ်စစ်ဆေးသောအခါတွင် အဖြူအမည်း သဲနုများ ရောနှောနေတာ တွေ့ရပေသည်။ 


"... တန့်ထုံးက ​​တစ်ချိန်က ကမ္ဘာမှာ အချမ်းသာဆုံး သူဌေးဖြစ်ခဲ့ပေမဲ့ နောက်ဆုံးမှာ လမ်းပေါ်မှာ အစာငတ်ပြီး သေရလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ? ရှန်းရောင့်က ​​သူ့ဘဝတစ်လျှောက်လုံးမှာ အောင်မြင်မှုတွေ အများကြီး ရခဲ့ပေမယ့် မြင်းငါးကောင်နဲ့ ကွဲသွားရတဲ့ ကံကြမ္မာကို သူ မလွတ်မြောက်နိုင်ခဲ့ပါဘူး"


"စကားတွေ ရပ်လိုက်တော့..." 


ယန်ကော်ကျုံးက ပိုးသားလက်ကိုင်ပုဝါကို ချလိုက်ပြီး ယန်ယွိဟွမ်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။


"စိတ်ဝင်စားစရာ ကောင်းလို့လား?"


"ငါ စိတ်ပူတယ်..." ယန်ယွိဟွမ်က မျက်ရည်လည်ရွဲနဲ့။ 


"အစ်ကို အပြင်ကလူတွေက ငါတို့အကြောင်း ဘာတွေပြောနေမှန်းကို မသိဘူး... ယန်မိသားစုက မိစ္ဆာတွေလို့ အားလုံးက ပြော​နေကြတာ!"


ယန်ကော်ကျုံး၏ မျက်လုံးများသည် ဒေါသများဖြင့် ပြည့်နှက်နေသော်လည်း ယန်ယွိဟွမ်ကတော့ အလွန်စိတ်မသက်မသာဖြင့် ရေရွတ်နေ၏။ 


"ဒါက ဘယ်လိုဖြစ်ရတာလဲ... ဘယ်လိုဖြစ်လို..."


ယန်ကော်ကျုံးက ဒေါသတကြီးနဲ့ ပြန်ပြောလေသည်။ 


"လီကျင်လုံ ပြောတဲ့စကားက အမှားအမှန် အဖြူအမည်း ရောထွေးနေတာ အဓိပ္ပာယ်မဲ့ စကားသက်သက်ပဲ...မင်း ဒီကိစ္စကို လွှတ်မချတာကမှ ငါတို့ရဲ့ အကြီးမားဆုံး ဒုက္ခပဲ"


"ဘယ်လိုလုပ် လွှတ်ချထားရမှာလဲ" ယန်ယွိဟွမ်က ဝမ်းနည်းစွာနဲ့ ပြန်ပြောသည်။ 


"အဲဒီညကစ​ပြီး အစ်မ​ကြီး​ကို ခဏခဏ အိပ်မက်မက်တယ်... သူ့မျက်နှာက သွေးတွေနဲ့ ဖုံးလွှမ်းနေတာ... သူ့ကိုယ်စား လက်စားချေ​ပေးဖို့လည်း တိုက်တွန်းနေသေးတယ် ဒါတွေ အကုန်ပြီးသွားပြီလို့ ထင်ပြီး တတ်နိုင်သမျှ မေ့ပစ်ချင်ခဲ့တာ... ဒါပေမယ့် ထန်မင်းဆက်မှာ ကောင်းကင် နတ်ဆိုးတစ်ကောင် ဆင်းသက်လာမယ်လို့ ဘုရင်မင်းမြတ်က မိန့်လာတယ်"


"ကောင်းကင်နတ်ဆိုး? " 


ယန်ကော်ကျုံးသည် ရွှေနဂါး ဖလားကို သုတ်ရန် အာရုံစူးစိုက်နေရာမှ ရယ်မောလိုက်သည်။ ယန်ယွိဟွမ် တိတ်တိတ်ဆိတ်ဆိတ် သက်ပြင်းချလိုက်စဥ် ယန်ကော်ကျုံးက သူ့လက်ကိုင်ပုဝါကို ခါလိုက်သည်။ 


"အစ်ကို ရွှေရောင် အဆောက်အဦးနဲ့ ကျောက်စိမ်းအိမ်ကြီး ပြိုကျတော့မယ် သစ်ပင်မြင့်မြင့်က လေကို ဆွဲဆောင်တယ်တဲ့ ဒါကြောင့် ငါတို့ စောစောပြင်ထားရမယ်"


ယန်ကော်ကျုံး: "နတ်နဲ့ တစ္ဆေအကြောင်း ပြောစမ်းပါဦး... လူမိုက်တွေနဲ့ မိုက်မဲတဲ့ အမျိုးသမီးတွေက ကိုယ့်ကိုကိုယ်ရော တခြားသူတွေကို လှည့်ဖြားဖို့ ကောလဟာလတွေချည်း ထုတ်တတ်တယ်...ငါခန့်မှန်းတာ မမှားဘူးဆိုရင် လီကျင်လုံက ​​အချိန်အတော်ကြာ ဖိနှိပ်ခံခဲ့ရတဲ့သူလေ...သူ အသက်ရှုချင်နေတာကြောင့် အခုလို အရှိန်အဟုန်ပြင်းပြင်း ဖန်တီးခဲ့တာပဲ ဖြစ်မယ်!"


ယန်ယွိဟွမ် ယန်ကော်ကျုံးဘက်ကို ရုတ်တရက်ကြည့်လိုက်ပြီး။ 


"ဘာကို အသက်ရှူချင်တာလဲ?"


ယန်ကော်ကျုံး: "ထန်မင်းဆက်မှာ အမျိုးသားခေါင်းဆောင်တစ်ယောက် ရှိခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ... လီဟန်ကလည်း ထီးနန်းဆက်ခံချင်တယ် ဒါကြောင့် သူ့မှာ သူ့အစီအစဉ်နဲ့သူ ရှိရမယ်... ဘယ်လိုနတ်ဆိုးမျိုး၊ ဘယ်လိုဆိုးကျိုးတွေ၊ ဘေးဥပဒ်တွေကလွဲလို့ ငါတို့အတွက် ဘာရည်ရွယ်ချက်ရှိမှာလဲ"


ယန်ယွိဟွမ်ရဲ့ မျက်နှာက ဖျော့တော့သွားသည်။ ယန်ကော်ကျုံးက ရွှေရောင်နာရီမှန်ကို သုတ်ကာ သစ်တုံးသေတ္တာကို သေချာဖွင့်ရင်း ဆိုလိုက်သည်။ 


"မင်းရဲ့ ယိအာ ဒီကို အမြန်ရောက်သင့်ပြီ.. လီကျင်လုံကို သူ့ဘာသာသူ မောင်းထုတ်ဖို့ သင့်တော်တဲ့ အချိန်ရှာထားပါ"


ယန်ယွိဟွမ် မဝံ့မရဲ မတ်တပ်ရပ်လိုက်သည်။ ယန်ကော်ကျုံး ခဏလောက်စဉ်းစားပြီး ခန်းမအပြင်ဘက်က မိုးတွေကို လှမ်းကြည့်လိုက်လေ၏။ 


"လွန်ခဲ့တဲ့ လအနည်းငယ်က လန်ကျိုးမှာ မိစ္ဆာတစ်ကောင်ဖမ်းမိတယ်လို့ ကဲရှူးဟန့်ဆီက ကြားထားတယ်... အဲဒီနေ့က အလျင်စလိုထွက်သွားတော့ မိစ္ဆာကို သူတို့နဲ့အတူ ခေါ်မသွားခဲ့ဘူး... ကဲရှူးဟန့်က သူတို့ကို စစ်ဆေးမေးမြန်းပြီးနောက်မှ လီကျင်လုံ ပတ်ဝန်းကျင်မှာ ပုန်းအောင်းနေတဲ့ မိစ္ဆာတစ်ကောင်ရှိတယ်ဆိုတာ သိလိုက်ရတယ်... အဲဒါက ဘယ်သူလဲဆိုတာ ခန့်မှန်းကြည့်... ဟုန်ကျွင့်လို့ခေါ်တဲ့ လူငယ်ပဲ"


ယန်ယွိဟွမ် အံ့အားသင့်သွားပြီး: "ဘာ?! မဖြစ်နိုင်ပါဘူး အဲဒီတုန်းက ကျွန်မကို ကုသပေးခဲ့တဲ့သူက သမားတော်ခုန်... သူ့အဖေပဲ"


ယန်ကော်ကျုံးက သစ်သားသေတ္တာကို သူ့ရင်ခွင်ထဲတွင် ကိုင်ထားသည်။ 


"ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ နတ်ဆိုးဆိုရင် သူ့ပုံစံအမှန်ကို ထုတ်ဖော်မယ့်နေ့တစ်နေ့တော့ ရှိလာမှာပဲ... လီကျင်လုံက စိတ်ကူးယဉ်စိတ်များတယ် ဒါကိုတောင် မစဉ်းစားတတ်ဘူး... လူမျိုးတိုင်း ဂုဏ်ကျေးဇူးကြီး၊ သာယာဝပြောတဲ့ ခေတ်ကြီးမှာ နတ်ဆိုးတွေ ဘယ်တုန်းကများ ရှိခဲ့ဖူးလို့လဲ?"


ယန်ယွိဟွမ် ဖြည်းညှင်းစွာ အသက်ရှုလိုက်သည်။


"သူ နတ်ဆိုးနှင်ဌာနရဲ့ အကြီးအကဲ ဖြစ်လာပြီးပြီးချင်းမှာပဲ ဒီလိုထူးဆန်းတဲ့ အရာတွေ တစ်ခုပြီးတစ်ခု ဖြစ်ပျက်လာခဲ့တယ်.. အခု ပိုလို့တောင် အံ့သြစရာကောင်းနေပြီ...ဟမ့် နတ်ဆိုး ဆိုတာက လီဟန် နဲ့ သူဖန်တီးထားတဲ့ အဖုံးတစ်ခုပဲလေ... ကလေးတွေကို အရူးလုပ်ထားတဲ့ ဒီတစ္ဆေပုံပြင်တွေက လူကြီးနဲ့ လူမိုက်တွေကိုပဲ လှည့်စားနိုင်တယ်..."


ယန်ယွိဟွမ် ထိတ်လန့်သွားပြီး ဒေါသတကြီးနဲ့ လှည့်အော်လိုက်သည်။ 


"ပါးစပ်ပိတ်ထား!"


ယန်ကော်ကျုံး: "မင်း သူ့ကို ဖုံးကွယ်ထားနိုင်ပေမယ့် ငါ့ဆီကတော့ မရဘူး.. စဉ်းစားကြည့်ပါ၊ တစ်နေ့နေ့မှာ နတ်ဆိုးနှင်ဌာနက ဒီနတ်ဆိုးတွေရဲ့ အရင်းအမြစ်ကို ထုတ်ဖော်ခဲ့မယ်ဆိုရင် အဲဒီလူတွေကို ဘယ်လို အရေးယူမလဲ၊ မင်းအစ်မအကြီးဆုံးက နတ်ဆိုးတစ်ကောင်လို့ မင်းတကယ် ထင်နေတာလား"


ယန်ယွိဟွမ် စိုးရိမ်တကြီးနဲ့ “ဒါက…”


ယန်ကော်ကျုံးက ရှေ့ကို တိုးလာပြီး "မထင်ပါနဲ့... နတ်ဆိုးနှင်ဌာနက လူတွေကို လှည့်စားဖို့ မှော်ပညာကို အသုံးပြုတဲ့ တတ်ယောင်ကားသမားတွေနဲ့ ပြည့်နေတာ... ဒီလှည့်ကွက်တွေက မင်းရဲ့ ဂုဏ်သိက္ခာကို ကျေနပ်စေမယ်လို့ ဘယ်သူက ထင်နိုင်မှာလဲ"


ယန်ယွိဟွမ်လည်း သူမ၏ ကျောပြင်ပေါ်တွင် အေးတိအေးစက် အငွေ့အသက်များ ဖြတ်ပြေးသွားသလို ခံစားလိုက်ရသည်။ 


"ဘုရင်မင်းမြတ်ရဲ့ နေရာကို ငါထားခဲ့မယ်... နတ်ဆိုးနှင် ဌာနကတော့ မရဘူး... မဟုတ်ရင် ဒီကိစ္စက အဆုံးမသတ်ဘဲ ပိုကြီးကြီးလာလိမ့်မယ်"


ယန်ယွိဟွမ်က ယန်ကော်ကျုံးအား ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေသည်။ ယန်ကော်ကျုံးက စကားအနည်းငယ် ပြောပြီး သူမကို ချန်ထားခဲ့လိုက်၏။ သူက ယန်ယွိဟွမ်ကို ခဏလောက်ကြည့်ရင်း ခေါင်းညိတ်​ပြပြီး လှည့်ထွက်သွားတော့သည်။ ယန်ယွိဟွမ်သည် အပြင်ဘက်တွင် မိုးဖွဲဖွဲကျနေသော နွေဦးမိုးကို ကြောင်တက်တက်ဖြင့်သာ ငေးကြည့်နေခဲ့သည်။


နတ်ဆိုးနှင် ဌာနတွင်တော့ မော့ရစ်ကန်းနဲ့ အားရှစ်နရှုံတို့သည် ၎င်းတို့တာဝန်ယူထားသော ကိစ္စများကို ကိုင်တွယ်ရန် သွားခဲ့ကြပြီး အားထိုက်က ဟုန်ကျွင့်နဲ့ လုရွှီကို ခေါ်ထုတ်လာခဲ့သည်။ 


"အနောက်ဈေးကို အရက်သွားသောက်ရအောင်?"


ဟုန်ကျွင့်နဲ့ လုရွှီက လက်ဆွဲလျက် ထွက်လာကြသည်။ အားထိုက်က အဆိုပါမိန်းကလေးကို သွားတွေ့ခဲ့ပြီး လီကျင်လုံက အပြင်ထွက်သွားတာ ပြန်မလာသေးပေ။ နှစ်ယောက်သား လက်ဖက်ရည်သောက်ပြီး တံစက်မြိတ်အပြင်မှာ မိုးရွာ​နေတာကို ကြည့်နေကြသည်။


"ဘာတွေရောက်နေ​​ကြတာလဲ?" 


ဟုန်ကျွင့် သူ့ကိုယ်သူ ပြောနေသလိုဖြင့် ရေရွတ်လိုက်သည်။ 


လုရွှီ: "မနေ့ညက လီရှန်းတောင်မှာရှိတဲ့ ဟွာချင်းနန်းတော်မှာ မိစ္ဆာတစ်ကောင် ပေါ်လာတယ်တဲ့.... မနက်အစောကြီး စုံစမ်းဖို့ သွားကုန်ပြီ "


ဟုန်ကျွင့် အစတုန်းကတော့ အားလုံးက သူ့ကိုဝိုင်းမေးမှာ ကြောက်နေခဲ့သည်။ 'ခေါင်းဆောင်ကို ဘာလို့ကြိုက်လဲ၊ မနေ့ညက ဖြစ်ခဲ့တာတွေ၊ မင်းတို့နှစ်ယောက်က အခုမှစပြီး အတူတူရှိကြလိမ့်မယ်...' စသဖြင့်။ သူဒီလို​တွေထားပေမယ့် မထင်မှတ်ပဲ လူတိုင်းက ဂရုမစိုက်တဲ့ အမူအရာတွေသာ ထွက်လာသည်။ 


အစပိုင်းတွင် စနောက်မှု အနည်းငယ်မှလွဲ၍ သူတို့ကိစ္စတွေကို အမှန်တကယ် လက်ခံနိုင်သွားသလိုပင်။ 


"မော့ရစ်ကန်းက..."


"ငါ လီကျင်လုံအကြောင်း မပြောဘူး... မင်းလည်း သူ့အကြောင်း မပြောနဲ့"


ဟုန်ကျွင့် : "..."


သူ့ခမျာ ခေါင်းညိတ်ရုံမှတပါး ရွေးချယ်စရာမရှိသဖြင့် နှစ်ယောက်သား စကားမပြောဘဲ သဘောတူညီမှုရခဲ့သည်။ လုရွှီက ခဏလောက်စဉ်းစားပြီး အခြားတစ်ခုမေးတော့မယ့် အချိန်မှာ အပြင်က တစ်ယောက်ယောက်က အော်ဟစ်လာခဲ့၏။ 


"ခေါင်းဆောင်လီ! ခေါင်းဆောင်လီ ဒီမှာရှိလား?"


ဟုန်ကျွင့် အဲဒီလူကို ဝင်ခွင့်ပေးလိုက်သည်။ ထိုလူက အိမ်ရှေ့မင်းသားရဲ့ လူဖြစ်ကာ နယ်ချဲ့အမိန့်ကို ကိုယ်တိုင်ကိုယ်ကျ ပေးပို့ခဲ့ဖူးသည်။


ဟုန်ကျွင့်: "ခေါင်းဆောင်က အမှုကို စုံစမ်းစစ်ဆေးဖို့ ထွက်သွားပါပြီ"


"ဒါဆို မင်းပဲ လက်ခံပေးထားပါ... ဒါက ဘုရင်မင်းမြတ်နဲ့ အရှေ့နန်းတော်က ထုတ်ပြန်တဲ့ အမိန့်တော်ဖြစ်ပြီး ခေါင်းဆောင်လီကို ယာတန်အရှင်ဘွဲ့ကို အပ်နှင်းတာ" 


ယာတန်သည် အမြဲတမ်း မြုံနေသည့် နေရာဖြစ်ပြီး အဝါရောင် သဲများနဲ့ ကျဆုံးသွားသော စစ်သည်များ၏ သင်္ချိုင်းဖြစ်သည်။ ယခု ယာတန်အရှင် ဆိုတဲ့ ဘွဲ့က ပထမဆုံးအကြိမ် ပေးအပ်ခြင်း ဖြစ်သည်။ ထို့နောက် ထိုလူက ဆက်ပြောသည်။ 


"တရားစီရင်ပိုင်ခွင့် အမိန့်နဲ့ အရှင်တံဆိပ်တုံးကိုလည်း ငါတို့ ပြင်ဆင်ထားပြီးပြီ ဟဲရှီး လမ်းတစ်လျှောက်မှာ တရားစီရင်ရေးအမိန့်ကို ထုတ်ပေးထားတယ်...ယာတန်မှာ ဘယ်သူမှ မနေရဘူး... ဒါကြောင့် ယွိမန်က ကျာကျိုးဆီ အကြောင်းကြားစာ"


လုရွှီ : "ဘာကိုဆိုလိုတာလဲ?"


ဟုန်ကျွင့် : "နားမလည်ဘူး..."


လောကီရေးရာများကို စိတ်မဝင်စားသော အစောင့်နှစ်ယောက်သာ နတ်ဆိုးနှင် ဌာနတွင် ကျန်ခဲ့သည်။ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကျေးဇူးတင်စကားမပြောဘဲ လက်ဆောင်ကို ယူလိုက်ကြသည်။ 


တစ်ဖက်လူ: "မင်းတို့ ဒီမှာ လူကြီးမရှိဘူးလား"


"ကျွန်တော်က လူကြီးပဲလေ..." ဟုန်ကျွင့် ဒေါသတကြီးနဲ့။ 


"အသက် ဆယ့်ခုနစ်နှစ်ရှိနေပြီ... ဘယ်လိုလုပ် အရွယ်ရောက်တဲ့သူ မဟုတ်ရမှာလဲ!"


"ကျွန်တော်က ဆယ့်ရှစ်နှစ်....သူက ကျွန်တော့်အစ်ကို" 


တစ်ဖက်လူ - “…”


နတ်ဆိုးနှင်ဌာနမှာ ထူးထူးဆန်းဆန်း လူတချို့ ရှိတယ်လို့ မကြာခဏ ကြားဖူးခဲ့သည်။ ဒီနေ့တွေ့တော့မှ တကယ်ကြီး ဖြစ်နေ၏။ ၁၇ နှစ်က ၁၈နှစ်ရဲ့ အစ်ကိုဖြစ်နိုင်သလား စုံစမ်းရန် အမှုထမ်းလေးခမျာ အချိန်မရှိပေ။ သူတို့က ဒီနေရာကနေ မြန်မြန်လေးသာ ထွက်သွားချင်​နေကြသည်။ သူတို့က နောက်ထပ်စာတစ်စောင်ကို ထုတ်ပြီး ဟုန်ကျွင့်ဆီ ပေးလိုက်သည်။ 


"ဒါက ဟယ်ရှီးက စာ... ကျေးဇူးပြုပြီး ယူပြီး လက်မှတ်ထိုးပေးပါ..."


ဟုန်ကျွင့်တွင် တံဆိပ်တုံး မရှိသောကြောင့် အဆုံးတွင် သူလက်မှတ်ပဲ ထိုး​ပေးခဲ့သည်။ အမှုထမ်းက လက်ထောက်က သတင်းပို့ဖို့ ထီးတစ်လက်နဲ့ ပြန်သွား၏။ လုရွှီက ဟုန်ကျွင့်ရဲ့ နာမည်နဲ့ ရေးထားတဲ့ စာကို တွေ့တော့ ပြလာသည်။ 


"ဒါ မင်းဟာလား?"


"ငါ့ဦးလေး!" 


စာထဲမှာ ရေးထားတဲ့အရာတွေ အားလုံးဟာ လမ်းခွဲပြီးနောက် ဖြစ်ပျက်ခဲ့တာတွေကို သူ မြင်ခဲ့ရကြောင်း ပြောထားခြင်းပင်။ ထိုနေ့တွင် သူဘာမှမပြောဘဲ အလျင်အမြန် ထွက်ခွာသွားသော်လည်း ကျာကျိုးထံမှစာအရ ၎င်းတို့သည် ယခင်က စာများ ဖလှယ်ခဲ့ကြပုံရသည်။ 


လီကျင်လုံက သူ့နာမည်နဲ့ တောင်းပန်စာတစ်စောင် ရေးဖူးမယ်ထင်ပါရဲ့။ ကျာကျိုး ရေးတဲ့စာရဲ့ အနှစ်ချုပ်ကတော့ လမ်းခွဲပြီးနောက် ဘယ်အချိန် ပြန်ဆုံကြမလဲဆိုတာကို သူ မသိခဲ့တာမို့ နောင်အချိန်ရရင် မအေးတဲ့အချိန်ကို ရွေးပြီး ယွိမန်ကို မကြာခဏ လာသင့်ကြောင်း ပြောထားသည်။ 


"ဦးလေးက ငါ့ရဲ့ တစ်ဦးတည်းသော ဆွေမျိုးပဲ"


လုရွှီက ခေါင်းညိတ်ပြီး "သေမျိုးတွေက ငါတို့နဲ့ မတူဘူး" 


ဟုန်ကျွင့် ရုတ်တရက် သတိရသွားပြီး မေးခွန်းတစ်ခု စဉ်းစားလိုက်သည်။ သူက နတ်ဆိုးတစ်ဝက် ဖြစ်သည်။ ဆိုလိုသည်မှာ... သူသည် အချိန်အကြာကြီး အသက်ရှင်နေနိုင်ပုံရသည်။ ဒါပေမယ့် လီကျင်လုံ၊ လုရွှီနဲ့ တခြားလူတွေ အားလုံးက သေမျိုးတွေဆိုတော့ ဘာလုပ်သင့်လဲ။


လုရွှီ သူဘာတွေတွေးနေမှန်း မသိသဖြင့် နောက်တစ်ယောက်ကို ရွေးပြီး မေးလာသည်။ 


"ဒါဘယ်သူလဲ" 


"ဒါ...တစ္ဆေဘုရင်ပဲ!" 


ဟုန်ကျွင့် ပိုးစက္ကူကို ဖြည်ကြည့်လိုက်သည်။ အတွင်းတွင် သပ်သပ်ရပ်ရပ် တံဆိပ်ခတ်ထားသော စာလုံးများရှိပါကာ ဘာတွေလဲ မသိနိုင်ချေ။ သူ စာအုပ်ကို လှည့်ကြည့်ခါနီးမှာ အပြင်က တစ်ယောက်ယောက်က လှမ်းခေါ်ပြန်သည်။ 


"ခေါင်းဆောင်လီ! ခေါင်းဆောင်!"


ဟုန်ကျွင့်လည်း အရှေ့နန်းတော်မှ အမှုထမ်း လက်ထောက်ပြန်လာသည်ဟု ထင်ခဲ့သော်လည်း တံခါးကို ဖွင့်လိုက်သောအခါ တလီတရားရုံးက ဝန်ကြီး ဟွမ်ရုံနဲ့ စာရေးတစ်ဦးဖြစ်နေတာ တွေ့လိုက်ရသည်။


"ခေါင်းဆောင် ဘယ်မှာလဲ" 


ဟွမ်ရုံက စိုးရိမ်တကြီးနဲ့ မေး​လေသည်။


ဟုန်ကျွင့် ထပ်ပြီး ရှင်းပြရပြန်သည်။ လုရွှီက သူ့နောက်ကနေ ခေါင်းလေးထွက်ကာ လှမ်းကြည့်နေ၏။ ဟုန်ကျွင့်လည်း ဤလူသည် လီကျင်လုံရဲ့ လက်ရှိ အထက်လူကြီးဖြစ်သည်ကို သိသောကြောင့် လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော် ဟွမ်ရုံက စိုးရိမ်နေဆဲ။ 


"မော့ရစ်ကန်းလည်း ဒီမှာမရှိဘူး သူတို့ ဘယ်တော့ပြန်မှာလဲ" 


"ကျွန်တော် မသိပါဘူး"


လူငယ်နှစ်ယောက် ဟွမ်ရုံကို မျက်နှာမလွှဲဘဲ ကြည့်နေခဲ့သည်။


"ခုန်ဟုန်ကျွင့် မင်းတို့ဒီမှာ လူကြီးမရှိဘူးလား?" 


"မရှိဘူး"


လုရွှီနဲ့ ဟုန်ကျွင့်တို့ တညီတညွတ်တည်း ပြောလိုက်ကြသည်။ 


"ကျွန်​တော်တို့က ငတုံးလေးတွေ..." လုရွှီက ဆက်ပြောသည်။


ဟုန်ကျွင့်: "ဟုတ်တယ်... မွေးကတည်းက ဦးနှောက်တွေက တံခါးထဲမှာ ပိတ်မိနေပြီး အလုပ်မလုပ်ဘူး အမှုတွေကို စုံစမ်းလို့မရဘူး ဘီလူးတွေကို ဖမ်းဖို့နေနေသာသာ သေခြင်းတရားကို ဒီမှာစောင့်နေရုံပဲ တတ်နိုင်တယ်"


လုရွှီ: "တစ်ခုခုဖြစ်ရင် ကျွန်​တော်တို့ကို ဘာမှမပြောနဲ့" 


ဟုန်ကျွင့် - "ကျွန်​တော်တို့ လုံးဝမသိချင်ဘူး... ခေါင်းဆောင် ပြန်လာတဲ့အထိ ခင်ဗျား ဒီမှာ စောင့်​နေလို့ရတယ်"


ဟွမ်ရုံလည်း စကားလုံးများဖြင့် ထေ့ငေါ့​နေခြင်းကို နားလည်သွားသည်။ 


"အဲ့လိုပြောတာ မဟုတ်ဘူး... ငါပြောတာ အဲ့လိုမဟုတ်ဘူး ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်ခဲ့ပါဦး... ဟေး ဒါဘာလဲ ယာတန်ရဲ့အရှင် မင်း သူ့ကို သခင်​ကြီးလို့ ခေါ်သင့်တယ်... မဟုတ်ဘူး ဘာလို့ သူ့ကို ယာတန်အရှင် ဘွဲ့ကို ပေးလိုက်တာလဲ"


ဟွမ်ရုံလည်း စာရေးကို အပြင်မှာစောင့်ခိုင်းပြီး ခန်းမထဲကို ဝင်သွားသည်။ လီကျင်လုံရဲ့ ယာတန်အရှင် ဘွဲ့ကို အပ်နှင်းပေးသော အမိန့်ကို မြင်သောအခါ ခဏလောက်အထိ မတုံ့ပြန်နိုင်ခဲ့ပေ။ ဟုန်ကျွင့်သည် လုရွှီနဲ့ ဘေးချင်းကပ်ရပ်နေပြီး သူ့ကိုကြည့်လိုက်တော့ ခေါင်းငိုက်စိုက်ကျနေသည်။


"မင်းတို့နှစ်ယောက်..." ဟွမ်ရုံမှာ ချွေးတွေ တသွင်သွင် ထွက်ကျနေ၏။ 


"ငါ မင်းကို ချက်ချင်းပြော​ပြမယ်... ဒါက ထူးဆန်းတဲ့ အခြေအနေပဲ.. သည်းခံ​ပေးပါ"


ဟုန်ကျွင့်သည် လီကျင်လုံနှင့်အတူ တလီတရားရုံးကို မကြာခဏ သွားလေ့ရှိသည်။ ဟွမ်ရုံ သူ့ကို မှတ်မိပေမယ့် အများစုကတော့ လီကျင်လုံရဲ့ နောက်လိုက်အဖြစ်သာ ဆက်ဆံခဲ့ကြပါသည်။ အခြေအနေက ဆိုးရွားနေချိန်မှာ ဟွမ်ရုံက ငြိမ်သက်သွားပြီး ဆိုလာ၏။ 


"ရိုးရိုးသားသားပြောရရင် မနေ့ညက ဧကရာဇ်ဂူဗိမာန်မှာ ကြီးကြီးမားမား ဖြစ်ပျက်သွားခဲ့တဲ့ ကိစ္စတစ်ခု ရှိတယ်..." 


မတ်လ ၁၇ ရက်၊ ထျန်းပေါင် ၁၃ နှစ်မြောက် ။


ဖြစ်ရပ်- ကျောင်းလင်မှာ သရဲခြောက်ခြင်း 


ခက်ခဲမှု- လူသားအဆင့်


တည်နေရာ- ဧကရာဇ်ထိုက်ကျုံး ကျောင်းလင်ဂူဗိမာန်၊ ကျိုယိတောင်


ပါဝင်သည့်ကိစ္စ- အမည်မသိ


ဖြစ်ရပ်အသေးစိတ်အချက်များ- မတ်လ ၁၃ ရက်ညတွင် ကျိုယိတောင်ရှိ ဧကရာဇ်ထိုက်ကျုံးဧကရာဇ်ထိုက်ကျု၏ ကျောင်းလင် ဂူဗိမာန် အပြင်ဘက်တွင် ပြင်းထန်သော တစ္ဆေတစ်ကောင် ရုတ်တရက်ပေါ်လာပြီး လူသတ်သွားခဲ့သည်။ ကော်ကျားရွာရှိ ဂူဗိမာန်တွင် တာဝန်ထမ်းဆောင်နေသော အစောင့်များသည် အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ပြီး သွေးချောင်းစီးသွားခဲ့သည်။ လူလေးဦးသေပြီး တစ်ယောက်က ရူးသွား၏။ အရူးသည် နေ့ခင်းဘက်တွင် လွတ်မြောက်သွားခဲ့ပြီး ကျောင်းလင်ဂူဗိမာန်၏ အနက်ပိုင်းသို့ ပြေးထွက်သွားခဲ့ရာ တလီတရားရုံးက လက်ထောက်ဝန်ကြီး ချောင်ရှောင်နဲ့ ယမန်ဌာနက အပြေးသမားတစ်ဦးဟာ ကျောင်းလင်ကို စုံစမ်းရန် ဝင်ရောက်သွားခဲ့သော်လည်း ​ပြန်ထွက်မလာခဲ့ပေ။ 


လစာ- မရှိသေးပါ။


မှတ်ချက်- ဘုရင်မင်းမြတ် သို့မဟုတ် တခြားသူများကို သတိမပေးပါနှင့်၊ မဟုတ်ပါက သင့်အသက်အန္တရာယ်နှင့် ကြုံတွေ့ရလိမ့်မည်။


ဟုန်ကျွင့် : "ဒါက သရဲခြောက်တာလား ဘာလို့ စောစောက မပြောတာလဲ"


ဟွမ်ရုံက ရှိုက်ကြီးတငင် ပြုံးပြီး :"ငါအရင်က ကိစ္စတစ်ခု လွှဲပေးခဲ့ပြီးပြီ ဒါပေမယ့် အဲဒါကို နတ်ဆိုးနှင်ဌာနက အခုထိ မကိုင်တွယ်ရသေးဘူးလေ... ဒါက လေးနက်တဲ့ကိစ္စ... ဒါ ဧကရာဇ် ထိုက်ကျုံးရဲ့ ဂူဗိမာန်နဲ့ ပတ်သက်တယ်... အားလုံးက ခေါင်းပျက်သွားမယ့် အမှုကြီး...."


လုရွှီနဲ့ ဟုန်ကျွင့်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ခဏကြာတော့ ဟုန်ကျွင့် ပြတ်ပြတ်သားသား ​ပြန်ပြောလိုက်သည်။ 


"ခေါင်းဆောင် ပြန်လာတဲ့အထိ စောင့်ကြရအောင်"


ဟုန်ကျွင့်လည်း ဧကရာဇ်မင်းမြတ်၏ ဘိုးဘွားသင်္ချိုင်းသို့ ပေါ့ပေါ့ဆဆ သွားမထိရဲချေ။


"မလုပ်နဲ့!" ဟွမ်ရုံ မျက်နှာက ဖျော့ဖျော့လေး ဖြစ်သွားသည်။ 


"ခုန်ဟုန်ကျွင့်... ဘာပဲဖြစ်ဖြစ် မင်းတို့ နတ်ဆိုးနှင်ဌာနက ဒီနေ့ ကိုင်တွယ်ပေးမှဖြစ်မှာ... ဒီအမှုကို အကြာကြီး ထိန်းထားလို့ မရတော့ဘူး! မင်းထပ်စောင့်​နေရင် ဂူဗိမာန်အစောင့်တွေက တလီတရားရုံးကို သွားမယ် ဂူဗိမာန်စောင့်အသစ်က မင်း တာဝန်မကျေဘူးလို့ ပြောရင် ဘယ်လိုလုပ်မလဲ? လျန်ဟောက်နဲ့ ယန်အိမ်တော်က ဆက်ဆံရေး ကောင်းတယ်... ဘုရင်မင်းမြတ်သာသိရင် သေချာပေါက် ဒေါသထွက်လိမ့်မယ်! မင်းက တိုက်ပွဲထဲက လူသေအလောင်းတချို့ကို ကောက်ယူခဲ့တာ မဟုတ်ဘူးလား"


ဟုန်ကျွင့်နဲ့ လုရွှီတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ 


ဟွမ်ရုံ: "ဒီကိစ္စက အရမ်းလေးနက်တယ် အရမ်းအရေးကြီးတယ်!" 


သူသည် လူငယ်လေးနဲ့ ပိုမိုနီးကပ်လာပြီး တိုးတိုးလေး ပြောလိုက်သည်။ 


"ဒီကိစ္စက ဘိုးဘွားဗိမာန်နဲ့ တိုင်းပြည်နဲ့ သက်ဆိုင်တယ်... ပဟေဠိဆန်တဲ့ စိတ်ဆန္ဒရှိသူက အဲဒါကို ဖမ်းမိပြီး ရှုပ်အောင် လုပ်ပစ်ရင် ဒါမှမဟုတ် တစ်ယောက်ယောက်က လျှို့ဝှက်ဆန်းကြယ်အောင် တမင်တကာ လုပ်နေတယ်လို့ ဝန်ကြီးချုပ်ယန်က သံသယရှိ​သွားမယ်ဆိုရင်..."


ဟုန်ကျွင့် : "???"


လုရွှီ : "?"


ဟွမ်ရုံက စိုးရိမ်တကြီးနဲ့ :"ဧကရာဇ်ထိုက်ကျုံးရဲ့ ဝိညာဉ် ထွက်လာတယ်လို့ တစ်ယောက်ယောက်က ကောလဟာလတွေ လွှင့်လိုက်ရင် ဘယ်လိုလုပ်မလဲ.... ဘုရင်မင်းမြတ်ကို တစ်ယောက်ယောက်က အကြံပေးလိုက်ရင်... သြော် မင်းတို့နှစ်ယောက်က နားမလည်ပါဘူး!"


ဟုန်ကျွင့် ရုတ်​တရက်​ အာရုံ​တွေ​ စိုက်ထားလိုက်ပြီး သူ ကြားလိုက်​တာကို နားလည်​သွားသည်​။ 


လုရွှီ: "လူကြီးမင်းဟွမ်... ဧကရာဇ်မင်းမြတ်ရဲ့ ဘိုးဘေးတွေ ပေါ်လာပြီး နိုင်ငံတော်ရဲ့ အရေးကိစ္စကို လျစ်လျူရှုလို့ ဆိုပြီး ကြိမ်းမောင်းနေတာလား"


"ငါပြောတာ အဲ့လိုသဘော မဟုတ်ဘူး!" ဟွမ်ရုံက ချက်ချင်းပဲ ပြန်​ဖြေသည်။ 


"ငါ ဆိုလိုချင်တာက တစ်ယောက်ယောက်က ယုတ်ညံ့တဲ့ ရည်ရွယ်ချက်နဲ့ ကောလာဟလတွေ ဖြန့်နေမှာ ကြောက်တာ သခင်လေးတို့ နှစ်ယောက်... မင်းတို့ရဲ့ ခေါင်းဆောင် ဘယ်တော့ ပြန်လာမှာလဲ"


ဟွမ်ရုံ ငိုတော့မည်မို့ ဟုန်ကျွင့် အဖြေပေးလိုက်သည်။ 


"စိတ်မပူပါနဲ့ ကျွန်​တော်တို့ချက်ချင်း သွားလိုက်မယ်"


လုရွှီကလည်း သဘာဝအတိုင်း တုံ့ပြန်သည်။ အပြင်ဘက်တွင် မိုးစဲသွားခဲ့ပြီ ဆိုပေမယ့် နတ်ဆိုးနှင်ဌာနမှာတော့ ဘယ်သူမှ ပြန်မလာခဲ့ကြပေ။ ဟွမ်ရုံက မပြန်ခင်မှာ လမ်းညွှန်ချက်တွေ အများကြီးပေးခဲ့သည်။ ဟုန်ကျွင့်က စာတစ်စောင် ရေးထားခဲ့ကာ ပိတ်မိနေသော ငါးကြင်းနတ်ဆိုးကို ဆွဲထုတ်ကာ သူ့နောက်ကျောပေါ် တင်၍ လုရွှီနှင့်အတူ ထွက်သွားခဲ့သည်။


မွန်းတည့်ချိန်ရောက်သည်နှင့် လုရွှီ မြို့ပြင်သို့ လှည့်ထွက်တော့မည် ဖြစ်သော်လည်း ဟုန်ကျွင့်က အားထိုက်ကို အရင်သွားရှာရန် အကြံပြုလာခဲ့သည်။ သူတို့သည် မြို့တော်အလယ်၌ ဖွင့်လှစ်ထားသော စားသောက်ဆိုင်သို့ ရောက်ရှိလာကြသည်။ ထိုစားသောက်ဆိုင်သည် ဟုန်ကျွင့် သွားရန် အနှစ်သက်ဆုံး "ငါးခုန်နဂါးတံခါး" ၏ ဆန့်ကျင်ဘက်တွင် တည်ရှိသည်။ ၎င်းသည် ကြီးမားသော စားသောက်ဆိုင်ကြီး ဖြစ်ပြီး အတွင်းတွင် ပိုးသားကုလားကာများစွာဖြင့် ခမ်းနားစွာ အလှဆင်ထားသည်။


ညနေစောင်းနေပြီဖြစ်၍ စားသောက်ဆိုင်ထဲတွင် ဖောက်သည်မရှိ။ အားထိုက် တစ်ယောက်တည်းသာ စားသောက်ဆိုင်ထဲတွင် ပျံဝဲနေတဲ့ ယင်ကောင်တစ်ကောင်ကို ကစားနေ၏။ 


"ဒါက ဘယ်လောက်​တောင် ကုန်ကျမှာလဲ" လုရွှီက သေရည်ဆိုင်ကြီးရဲ့ အထပ် နှစ်ထပ်ကို မော့ကြည့်ရင်း ရေရွတ်လိုက်၏။ 


"ပေးချေလို့​ရော ​လောက်ပါ့မလား?"


ဟုန်ကျွင့်သည် ငွေရဲ့ သဘောတရားကို နားလည်ပေမယ့် အကြမ်းဖျင်းသာ နားလည်ထားခဲ့သည်။ ထဲ့လန်သော်က သူတို့နှစ်ယောက် လာနေတာကို မြင်တော့ ပြုံးပြုံးလေးနဲ့ ပြောလာ၏။ 


"သူဌေးမ ဒီနေ့ ပျော်နေလို့ သေရည်တွေကို အလကား တိုက်လိုက်မယ်!"


အားထိုက် ယင်ကောင်ကို မြှောက်လိုက်ပြီး လူနှစ်ယောက်ကို နှုတ်ဆက်ဖို့ လက်ဝှေ့ယမ်း​ပြလိုက်သည်။ ဟုန်ကျွင့် အဆောတလျင်ဖြင့် ပြေးကာ သူနဲ့ လုရွှီတို့ဟာ ဒီအမှုကို သွားစုံစမ်းမယ့်အကြောင်း ပြောပြလိုက်သည်။ 


"အတူတူ သွားကြတာပေါ့"


အားထိုက် အမြန်ပဲ ထွက်လာမလို့ လုပ်သည်။ သို့သော် ဟုန်ကျွင့်က ထဲ့လန်သော်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ ဒေါသထွက်နေမှာကို ကြောက်တာကြောင့် ကမန်းကတန်း ပြောခဲ့သည်။


"မင်းရဲ့ မရီးနဲ့ပဲ ဒီမှာနေခဲ့သင့်တယ်" 


ထဲ့လန်သော်က ထွက်လာပြီး "သူ့ကို နင်တို့နဲ့အတူ လိုက်ခွင့်ပြုတယ်!"


လုရွှီ: "ငါတို့အဲဒီကို မြန်​မြန်သွားပြီးတော့ မြန်မြန်ပြန်လာခဲ့မယ်...စုံစမ်းတာကို ပြီးအောင်လုပ်ဖို့ တစ်နာရီ​လောက်ပဲကြာမှာ... မင်းကိုခေါ်သွားရင် ပိုနှေး​​နေလိမ့်မယ်"


အားထိုက်လည်း အရှုံးပေးရုံမှတပါး ရွေးချယ်စရာ မရှိတော့ဘဲ နှစ်ယောက်သားကို သတိထားရန်သာ တောင်းဆိုလိုက်သည်။ မြို့မှထွက်ခွာပြီးနောက် ဝေးလံခေါင်သီသော နေရာရောက်တဲ့အခါ လုရွှီသည် သူ့ကိုယ်သူ သမင်ဖြူအဖြစ်ပြောင်းလဲကာ ဟုန်ကျွင့်ကို သူ့နောက်ကျောတွင် ထိုင်ခိုင်းလိုက်သည်။


"အိုး မင်းရဲ့ချို!"


ဟုန်ကျွင့် အံ့အားသင့်စွာ အော်လိုက်သည်။ သမင်ဖြူ၏ ဦးချိုများသည် အနည်းငယ် ကြီးထွားလာပြီး ဟုန်ကျွင့် ဖြတ်ထုတ်လိုက်သော ဒဏ်ရာမှာလည်း နဂါးဦးချိုတိုကဲ့သို့ ပျောက်ကင်းသွားပါ​ပြီ။


"ဖြည်းဖြည်းချင်း သက်သာလာပြီလေ... သေချာကိုင်ထား!" 


ထို့နောက် သမင်ဖြူသည် တိမ်များပေါ်တွင် စီးသွားသကဲ့သို့ ခပ်မြန်မြန် ပြေးလေတော့သည်။ တရားဝင်လမ်းမှ ထွက်ခွာပြီး တောထဲသို့ ဝင်ရောက်ခဲ့ရာ ၎င်း၏ ခွာလေးခုသည် လေထဲသို့ တိုးဝင်လိုက်တိုင်း လှိုင်းပုတ်သံနှင့်အတူ စိမ်းလန်းသော ဂျုံခင်းများကို ဖြတ်ကျော်ကာ မြက်ခင်းပေါ်မှ ပျံဝဲနေသကဲ့သို့ ဟုန်ကျွင့်ကို သယ်ဆောင်ကာ တောင်များပေါ်သို့ လျင်မြန်စွာ ဖြတ်ပြေးသွားခဲ့သည်။


မြင်းစီးရင်တော့ တရားဝင်လမ်းကို လမ်းလျှောက်ရမှာ ဖြစ်ပြီး ချန်အန်းကနေ ကျိုယိတောင်အထိ အနည်းဆုံး တစ်ရက်ခွဲလောက် ကြာပါသည်။ သို့သော် သမင်ဖြူသည် အလွန်လျင်မြန်ပြီး ဖြတ်လမ်းကို ယူလိုက်သဖြင့် တစ်နာရီအကြာတွင် ကျောင်းလင် အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။ သို့သော်လည်း အရှိန်ပြင်းပြင်းဖြင့် ခရီးသွားခြင်းက ပင်ပန်းနွမ်းနယ်ပြီး လူ့ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားသောအခါ လုရွှီသည် ကျောင်းလင်အပြင်ဘက်က လှေကားထစ်များပေါ်တွင် ထိုင်ချလိုက်ပြီး မောဟိုက်လာသည်။


"မင်း ပြေးတာ ပျံတော့မလိုပဲ... အဲ့လောက် လောနေစရာ မလိုပါဘူး" 


လုရွှီ: "ခဏလေး ပြေးတာ အဆင်ပြေတယ်... အကြာကြီးက အဆင်မပြေဘူးဗျ ဝံပုလွေကြီးကတော့ ခံနိုင်ရည်ကောင်းတယ်လေ... ဒါပေမယ့် သူက ဘယ်ရောက်သွားမှန်းမှ မသိတာ..."


ကျောင်းလင် ဂူဗိမာန်သည် အရှေ့နှင့် အနောက်ဘက်ကို မျက်နှာမူထားပြီး တောင်နှင့် ဆန့်ကျင်ဘက်တွင် တည်ဆောက်ထားသည်။ ၎င်းက တောင်ပေါ်တွင် နစ်မြုပ်နေသည့် ကြီးမားလှသော နန်းတော်ကဲ့သို့ပင်။ နံဘေးတွင် ဝန်ကြီးများ၏ သင်္ချိုင်းများစွာလည်း ရှိသည်။ 


ကျိုယိတောင်သည် မူလက လူသူကင်းမဲ့ခဲ့ပြီး အုတ်ဂူကို စောင့်ကြပ်နေသူများသာ ရှိတတ်သည်။ သို့သော် ဤအဖြစ်အပျက်ပြီးနောက်တွင် အစောင့်များသည် တောင်ခြေရင်းရှိ ကော်ကျား ရွာသို့ ခေတ္တဆုတ်ခွာသွားခဲ့ပြီး ညနေခင်းတွင် မြင်ကွင်းကို ပို၍ ဆိတ်သုဉ်းစေကာ လေထုကိုလည်း တုန်လှုပ်ချောက်ချားသွားစေသည်။


လေအေး​အေး တိုက်ခတ်လိုက်တိုင်း တောင်ပေါ်ရှိ မြက်ပင်များနှင့် သစ်ပင်များ တဆတ်ဆတ် တုန်ခါသွားသည်။ ဟုန်ကျွင့်သည် နားမလည်နိုင်သော အုံ့မှိုင်းနေသညိ့ ရောင်ဝါကို ခံစားလိုက်ရသည်။ ဧကရာဇ်မင်း၏ ဂူဗိမာန်သည်ပင် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို မပြောင်းလဲနိုင်ခဲ့ပေ။


ဟုန်ကျွင့် : "မင်း သရဲတစ္ဆေတွေကို ကြောက်နေတာလား။"


"အဆင်ပြေပါတယ်..." 


လုရွှီ မထိန်းနိုင်ဘဲ အနည်းငယ်တော့ တုန်လှုပ်သွားသည်။ 


သူတို့နှစ်ယောက်သည် ကျောင်းလင် ဂူဗိမာန်၏ ဝင်ပေါက်အောက်တွင် ဘေးချင်းကပ် ရပ်နေကြသည်။ ဟုန်ကျွင့် တစ်ယောက်တည်း လာမယ်ဆိုရင် နည်းနည်းတော့ ကြောက်ရွံ့သွားမှာ ဖြစ်ပြီး သူ့နောက်က ငါးကြင်းကတောင် သတ္တိရှိရှိနေဖို့ နှိုးဖို့လိုပါလိမ့်မည်။ သို့သော် လုရွှီပါ အနီးနားတွင် ရှိနေသဖြင့် သူ့ခံစားချက်များမှာ ပိုကောင်းလာသည်။ 


ဟုန်ကျွင့် မှော်လက်နက်များကို မသုံးဘဲ အချိန်အတော်ကြာ ပစ်ထားခဲ့တာကြောင့် သူနှင့် အနည်းငယ် ရင်းနှီးအောင် လက်ချောင်းတွေကြားမှာ ကစားကြည့်လိုက်သည်။ သူသည် နတ်အလင်းငါးရောင်ကို ခါယမ်းကာ သူ့လက်ချောင်းများကြားရှိ ဓားပျံကို ကိုင်ထားသည်။


ဟုန်ကျွင့်: "မင်းမှာ မှော်လက်နက် မရှိဘူး" 


လုရွှီဝါ ယခင်က ဂေါ်ပြားတစ်လတ်သာ အသုံးပြုခဲ့ကြောင်း သွားသတိရမိသည်။


"ဝံပုလွေကြီးက ငါ့ကို တစ်ခုလုပ်ပေးမယ် ပြောတယ်" 


"ဒါဆို ငါ့နောက်က လိုက်ခဲ့..." 


ဟုန်ကျွင့်သည် သူ့ဘယ်လက်တွင် ရောင်စုံနတ်အလင်းငါးရောင်နှင့် ညာလက်တွင် ဓားပျံကိုကိုင်ဆောင်ကာ ကျောင်းလင် ဂူဗိမာန်ထဲသို့ ဝင်ရောက်လာခဲ့သည်။


လုရွှီ : "ကောင်းပြီ မင်းနောက်ကွယ်မှာ ငါပုန်းနေမယ်။"


ဟုန်ကျွင့်သည် အမှုကို ကိုယ်တိုင်စုံစမ်း စစ်ဆေးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး လုရွှီကလည်း အတွေ့အကြုံမရှိသေးသူ ဖြစ်တာကြောငံ သူ့အနောက်မှာ ထားလိုက်သည်။ လီကျင်လုံသာဆိုလျှင် သူအရင်လုပ်ခဲ့သော အရာကို လုပ်ပြီးနောက်တွင် ဖြစ်ခဲ့သော အရာကို အတုလုပ်ခြင်း၊ ထောက်လှမ်း စုဆောင်းခြင်းနှင့် မြင်ကွင်းကို စစ်ဆေးခြင်းတွေ လုပ်လိမ့်မည်။ 


သို့သော် ဟုန်ကျွင့်ကိုယ်တိုင်က အမှုကိစ္စနှင့်ပတ်သက်ပြီး နားမလည်နိုင်ဘဲ အကြောင်းပြချက်မရှိ ဒီကို ရောက်လာခဲ့သည်။ တစ်ခုခုမှားနေတယ်လို့ အမြဲခံစားမိပေမယ့် ခဏကြာတဲ့အထိ တိတိကျကျ မပြောနိုင်သေး။ 


လုရွှီ: "သရဲတစ္ဆေလို့ထင်လား" 


"မင်း​ရော ဘယ်လိုထင်လဲ?" 


ဟုန်ကျွင့် လုံးဝမသိခဲ့ပါ။ သူတို့နှစ်ယောက် ကျောင်းလင် အပြင်ဘက်ကို လှည့်ပတ်သွားလိုက်ကြသည်။


လုရွှီ: "ဒါ မိစ္ဆာဖြစ်မယ်"


ဟုန်ကျွင့် ခေါင်းညိတ် သဘောတူလိုက်သည်။ လုရွှီဟာ ယခင်က ကင်းထောက်တစ်ဦးဖြစ်သည်။ ထိုအချိန်က သူသည် ဝိညာဉ်တစ်ခုသာရှိသော်လည်း မကြာခဏ စာများပေးပို့ရတာကြောင့် ကင်းထောက်ခြင်း အကြောင်းကို ယေဘူယျ အခြေအနေတော့ နားလည်ထားခဲ့သည်။


"သေသွားတဲ့ နေရာက ဘယ်မှာလဲ" 


ဟုန်ကျွင့် ညည်းညူလိုက်သည်။


နှစ်ယောက်သား ကျောင်းလင် ဂူဗိမာန်အဝင်ဝသို့ ​ပြန်ရောက်လာသောအခါ နေဝင်ခါနီးပြီ။ အောက်ခြေတွင် နောက်ထပ် လှေကားထစ်တန်းတစ်ခု ရှိသေးသည်။ ထူးထူးခြားခြား အသံများ မကြားရဘဲ အေးစက်သော လေပြင်းများသာ တိုက်ခတ်နေသည်။ ဂူဗိမာန် အပြင်ဘက်တွင် အုတ်ကြွေပြား တန်းစီထားသော အိမ်များ ရှိပြီး လူများ နေထိုင်ရာ နေရာ ဖြစ်နိုင်ပါ၏။ 


အိမ်အတွင်းက အနံ့က အရမ်းနံသည်။ 


"သွေး...." လုရွှီက ပြောသည်။


ဟုန်ကျွင့်လည်း အနံ့ခံပြီး တံခါးကို ဖွင့်လိုက်တော့ အခန်းထဲမှာ ခရမ်းရောင် အနက်ရောင် သွေးတွေနဲ့ ပြည့်နေတာကို တွေ့လိုက်ရလေ၏။ အလောင်းကို ဆွဲထုတ်သွားသလိုမျိုး အိမ်အပြင်ဘက်အထိ သွေးစီးကြောင်းတွေက ပျံ့နှံ့သွားသည်။


ဟုန်ကျွင့်: "ဒီမှာ....သွေးလမ်းအတိုင်း လိုက်ရအောင်"




(TN - ယန်ကော်ကျုံး လုပ်ကြံတာလားပေါ့ ကလေးနှစ်ယောက်ကို။ အသွေး စာပြန်မစစ်ထားပါနော်)