Chapter (65)
ဘေးဥပဒ်ကိုရင်ဆိုင်ရန် ရောက်လာ
မော့ကောင်းဂူ၏ တတိယထပ်တွင်။
ကောင်းကင်၌ နှင်းများက ကျဆင်းနေဆဲပင်။ ဟုန်ကျွင့် အနောက်ပြန် လှည့်ကြည့်လိုက်တော့ တစ္ဆေအစောင့်တစ်ယောက် သူ့နောက်သို့ လိုက်လာနေတာ တွေ့လိုက်ရသည်။
အစောင့်: “မင်းသားလေး... တစ္ဆေဘုရင်က ဖိတ်ခေါ်လိုက်ပါတယ်!"
"မင်းတကယ် စကားပြောလို့ရတယ်!" ဟုန်ကျွင့် အံ့သြစွာ ပြောလိုက်သည်။
"ကျွန်တော်တို့အားလုံး စကားပြောနိုင်ပါတယ်... ဒါပေမဲ့ မလိုအပ်ရင် လူတွေရှေ့မှာ စကားမပြောဘူး ကျေးဇူးပြုပြီး ဒီဘက်ကိုကြွပါ..."
ဟုန်ကျွင့် : "ဒါပေမဲ့ မင်းငါ့ကို ဘာလို့ 'မင်းသားလေး' လို့ ခေါ်တာလဲ?"
အစောင့်က ပြန်မဖြေဘဲ ယဉ်ကျေးစွာနဲ့ လမ်းပြနေသည်။ ဟုန်ကျွင့် ကျောက်လှေကားကို ကျော်သွားတဲ့အခါ အောက်ကို ငုံ့ကြည့်လိုက်သေး၏။ မော့ရစ်ကန်းက ဒုတိယထပ်တွင် မှိန်းနေပြီး အားရှစ်နရှုံသည် မော့ကောင်းဂူရှိ နံရံဆေးရေးပန်းချီများကို ကြည့်ကာ ဝင်လိုက်ထွက်လိုက် ဖြစ်နေသည်။
ထောင်ပေါင်းများစွာသော မော့ကောင်းဂူထဲရှိ တစ္ဆေစစ်သည် များစွာသည် အားထိုက်ရဲ့ တူရိယာတီးခတ်မှုကို နားဆင်ရန် အလွှာတစ်ခုစီရှိ စင်္ကြံများပေါ်တွင် အုပ်စုငယ်များ စုရုံးထားကြသည်။ တေးဂီတသံသည်လည်း လေထဲတွင် ငြိမ့်ညောင်းစွာ လွင့်မျောနေပါ၏။ လှိုဏ်ဂူ၏ ကိုးထပ်ရှေ့တွင် ယွိမန်စစ်တပ်မှ စစ်သည်များ အများအပြားလည်း စုရုံးရောက်ရှိလာသည်။
မော့ကောင်းဂူမှာ လူတွေ အများကြီး ရှိနေမှန်း ဟုန်ကျွင့် သဘောပေါက်သွားသည်။ရောက်တုန်းက သူတို့ကို မတွေ့ခဲ့ရပေမယ့် အခုတော့ အားလုံး ထွက်လာကြပြီ။ ထိုနေရာသည် ဆူညံပွက်လောရိုက်နေသော မြို့ငယ်လေးတစ်မြို့ကဲ့သို့ စည်ကားလာသည်။
ဟုန်ကျွင့်သည် မူလက တစ္ဆေဘုရင်နှင့် သူ့အစောင့်များ ဤနေရာသို့ ရောက်လာသောအခါ ဘာဖြစ်မလဲ စိုးရိမ်ခဲ့ပေမယ့် အထပ် ကိုးထပ်ကြီးရှေ့တွင် တစ္ဆေတပ်သားတစ်စုနှင့် လီကျင်လုံ စကားပြောနေတာကို မြင်သောအခါတွင် ဖြေရှင်းနိုင်မည်ဟု ထင်တာကြောင့် သူ စိတ်မပူတော့ချေ။
အစောင့်နှင့် ဟုန်ကျွင့်တို့သည် ဒုတိယထပ်မှ ဖြတ်သွားကာ ဂူအပြင်ဘက်တွင် အနားယူနေကြသော ပန်းချီဆရာများက အလောင်းစစ်သည် သူတို့အနီးသို့ ချဉ်းကပ်လာတာ တွေ့လိုက်ကြရာ အားလုံးက လက်အုပ်ချီကာ ဂါဝရပြုသွားကြသည်။
ဟုန်ကျွင့်လည်း ပန်းချီဆရာကို လှည့်ကြည့်ပြီး နှုတ်ဆက်လိုက်၏။ အစောင့်က ခေါင်းတညိတ်ညိတ်နဲ့ အဆင့်တစ်ဆင့်တက်ပြီး သူ့ကို မော့ကောင်းဂူရဲ့ အလယ်ဗဟိုကို ခေါ်သွားပြီး လိုဏ်ဂူတစ်ခုထဲကို ဝင်သွားလေသည်။
ပန်းချီဆရာတစ်ဦးသည် ဘုရားလောင်းရုပ်တုကို ပန်းချီဆွဲနေသည်။ သူ့အသားအရေသည် နှင်းဖြူရောင်လို အလွန်နူးညံ့သိမ်မွေ့ကာ သူ့နောက်တွင် ရောင်စုံအဝတ်အစားများဖြင့် ရုပ်တုရှိသည်။ ပန်းချီဆရာက ဟုန်ကျွင့်နဲ့ အသက်အရွယ်တူတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ဆောင်းရာသီရဲ့လမှာ ဂူထဲမှာ မီးတွေတောက်လောင်နေတာကြောင့် ဘောင်းဘီရှည်ကိုသာ ဝတ်ထားပြီး ခြေဗလာနဲ့ ထိုင်နေပါ၏။
“မင်း သူ့ကို သိလား”
တစ္ဆေဘုရင်က မေးလာသည်။
ဟုန်ကျွင့်မှာ ပန်းချီဆရာရဲ့ အသက်အရွယ်ကို အံ့အားသင့်သွား၏။ ဂူအတွင်းမှ ပန်းချီဆရာတစ်ဦးသာရှိလျှင် အံ့ဩစရာ မလိုသော်လည်း ဂူအတွင်းမှ လူအများအပြားအနက် ထောင်နှင့်ချီသော ပန်းချီဆရာများ ရှိခဲ့သည်။ ဒါက လူကို အတော်လေး အံ့အားသင့်စေသည်။
စိတ်ဝိညာဉ်ထဲသို့ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်သွားသော တုန်လှုပ်မှုတစ်ခုကြောင့် ဟုန်ကျွင့်သည် ဘုရားလောင်းရှေ့တွင် ရပ်နေမိသည်။ ထိုဘုရားရုပ်ပုံများနှင့် ဗုဒ္ဓဘုရားရှင်တို့သည် သူ့အား ကရုဏာစိတ်ဖြင့် ကြည့်နေကြသည်ဟုသာ ခံစားနေရသည်။
ပန်းချီဆရာသည် ဧည့်သည်တစ်ဦး ရောက်လာတယကို မြင်သောအခါ သူ့စုတ်တံကိုချ၍ ဟုန်ကျွင့်ဆီသို့ လက်ကိုဆုပ်ကိုင်ကာ ဂါဝရပြုုကီး ဂူထဲမှ ခေတ္တထွက်ခွာသွားခဲ့သည်။
“မဟာသာမပတ္တ နတ်ဘုရားလောင်း” တစ္ဆေဘုရင်က ပြောလာ၏။
“သက်ရှိသတ္တဝါ အားလုံးကို အသွေးနဲ့ ဓားတွေလက်က ကင်းစင်စေမယ့် နတ်ဘုရားတစ်ထောင်ဂူတဲ့.... အရင်က ပိုက်ဆံပေးပြီး ဒီကလေးတွေကို ဂူထဲမှာ ပန်းချီဆရာ လုပ်ခိုင်းတယ်... မော့ကောင်းဂူကို လာတဲ့ ဘုရားဖူးတိုင်းက နတ်ဘုရားလောင်းတွေက ငါတို့ကို နတ်ဆိုးတွေ ကာကွယ်ပေးလားလို့ မကြာခဏ တွေးမိတတ်တယ်....”
ဟုန်ကျွင့် : "ဒီပန်းချီဆရာတွေက ခင်ဗျားကိုကြောက်ပုံမပေါ်ဘူး.... သူတို့အားလုံးက ခင်ဗျားကို သိကြတာလား?"
“ငါတို့ အချင်းချင်း သိတယ်.... မင်းတို့ အခေါ်အဝေါ်နဲ့တော့ ရှိုးလော်ပေါ့...”
တစ္ဆေဘုရင်က ခေါင်းငုံ့ကာ ဟုန်ကျွင့်ရဲ့ အသွင်အပြင်ကို လေ့လာနေသည်။
"မင်းက ငါအရင်က တွေ့ဖူးတဲ့လူနဲ့ တူပေမယ့် ဘယ်သူလဲဆိုတာ မမှတ်မိတော့ဘူး"
ဟုန်ကျွင့်လည်း သူ့ဒေါင်းမွေးကို ချွတ်ပြီး တစ္ဆေဘုရင်ကို ပြလိုက်၏။ နှစ်ယောက်သားကြားက လေထုက တိတ်တိတ်ဆိတ်ဆိတ်ပင်။ တစ္ဆေဘုရင်သည် လက်ညိုးကိုဆန့်ကာ ဒေါင်းငှက်မွေးကို ကောက်ကိုင်လိုက်ပြီး။
"နတ်အလင်းငါးရောင်... မင်းက ခုန်ရွှမ်းရဲ့ ကလေးပဲ အဲဒီနေ့က..."
ဟုန်ကျွင့် ထိတ်လန့်တကြားဖြင့် လှည့်ကြည့်လိုက်သည်။
"အဖေ့ကိုတွေ့ဖူးလား?"
တစ္ဆေဘုရင်က မျက်မှောင်ကြုတ်ထား၏။ ဟုန်ကျွင့်သည် ဒီတစ္ဆေဘုရင်ဟာ ယောင်ကျင်း နန်းတော်နှင့် ဆက်ဆံရေးတစ်ခု ရှိရမည်ကို သိလိုက်သဖြင့် ခပ်မြန်မြန်လေး ဆက်မေးလိုက်သည်။
"တစ္ဆေဘုရင်... ကျွန်တော့်အဖေက ဘယ်လိုလူလဲ"
တစ္ဆေဘုရင်က လှည့်ပြီး ဂူထဲကနေ ထွက်သွားရာ ဟုန်ကျွင့် သူ့နောက်ကို ချက်ချင်း လိုက်သွားသည်။ တစ္ဆေဘုရင်သည် ကျောက်လှေကားကိုတက်ကာ အနောက်ဘက်ကို နေဝင်သွားသည့် ယွိမန်ခရိုင် အပြင်ဘက်ရှိ ကျယ်ပြန့်သော သဲကန္တာရဆီသို့ အကြည့်တွေ ရွှေ့လိုက်သည်။
ဟုန်ကျွင့်၏ နှလုံးသားသည် အရေးတကြီး မေးခွန်းများဖြင့် ပြည့်နှက်နေသောကြောင့် မငြိမ်သက်တော့ချေ။ သူ့ဦးလေးကျာကျိုးကိုလည်း မမေးခဲ့ပေ။ အကြောင်းမှာ သူ့အဖေသည် သူ့ရှေ့တွင် အသေကောင်ကဲ့သို့ ဖြစ်နေပေရာ ချုံမင်နဲ့ ချင်းရှူံတို့ကိုလည်း မမေးခဲ့။
ဤဘုရင်၏ ရှေ့တွင်တော့ ဟုန်ကျွင့်သည် မိစ္ဆာမျိုးရိုးတွင် သူ့ဖခင်နဲ့ တစ်မျိုးဆက်တည်းမှ ကာလကြာရှည် ပျောက်ဆုံးနေသော သူငယ်ချင်းတစ်ဦးကို တွေ့နေရသလို ခံစားရသည်။ တစ္ဆေဘုရင်သည် မော့ကောင်းဂူ၏ ထိပ်တွင်ထိုင်ပြီး ဟုန်ကျွင့်အား သူ့ဘေးတွင် ထိုင်ခိုင်းသည်။
"ချုံမင် လမ်းမှာတုန်းက ပြောသေးတယ်... မင်းက ဒီကိုလာခဲ့တဲ့ သူငယ်ချင်းဟောင်းရဲ့ သားဖြစ်နိုင်တယ်တဲ့ မင်းမိဘတွေ နေကောင်းလား"
"သူတို့အားလုံး သေကုန်ပြီ" ဟုန်ကျွင့် ဝမ်းနည်းစွာ ပြန်ဖြေသည်။
သေချာတာပေါ့။ တစ္ဆေဘုရင်က မအံ့သြသွားဘဲ ခေါင်းတညိတ်ညိတ်နဲ့ပင်။
"အဲဒီနေ့က သူငါ့ကို ရှာဖို့ ဟယ်ရှီး လာခဲ့တယ်... ငါတို့ ဒီမှာပဲ ထိုင်နေခဲ့တာ...."
ချက်ချင်းဆိုသလိုပဲ ဟုန်ကျွင့်ရဲ့ နှလုံးသားထဲမှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခု တိုးဝင်လာပေမယ့် သူမမေးခင်မှာပဲ တစ္ဆေဘုရင်က ဆိုလာသည်။
"မသိလိုက်ဘဲ... ငါနိုးလာတော့ နှစ်ပေါင်းများစွာတောင် ကြာခဲ့ပြီ..."
"ဒီမှာ သူဘာလုပ်တာလဲ"
တစ္ဆေဘုရင်က ခဏ စဉ်းစားပြီး ဟုန်ကျွင့်ကိုကြည့်ကာ ဖြေ၏။
"သူက မင်းကို ငါ့လက်ထဲ အပ်ချင်နေတာ.... လျိုဖေးနဲ့ငါ့ကို မြေတောင် မြှောက်ပေးစေချင်တာလေ"
ဟုန်ကျွင့် : "..."
"ဒီနေရာက အထီးကျန်တဲ့ သင်္ချိုင်းတစ်ခုပဲ.... လျိုဖေးက မင်းကို အရမ်းချစ်ပေမယ့် ရှေးဟောင်းသင်္ချိုင်းတစ်ခုထဲမှာ အချိန်အကြာကြီး နေထိုင်နေရတာက အမြဲတမ်း စိတ်ပျက်စရာ ကောင်းတယ်... အခုမှ စဉ်းစားမိတာက မင်း ကံကောင်းသွားတယ်"
"ငါက သူ့အတွက် ဝန်ထုပ်ဝန်ပိုးပဲ"
ဟုန်ကျွင့် ခပ်တိုးတိုးလေး ပြောလိုက်သည်။
"မဟုတ်ဘူး" တစ္ဆေဘုရင်မှာ ဟုန်ကျွင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုကို သဘောပေါက်သွားတာကြောင့် ဆက်ပြောပေးလာသည်။
"ဘာလို့ ဒီလိုပြောတာလဲ... မင်း ငယ်ငယ်ကတည်းက ထူးခြားတဲ့ ခန္ဓာကိုယ် ရှိတယ် အဲဒါကြောင့် အမြဲတမ်း စောင့်ကြည့်နေတဲ့ မိစ္ဆာတွေ ရှိနေတတ်တယ်...အဲဒါကို ကိုင်တွယ်ဖို့ သူ့လက်ကို လွတ်ပေးရမယ်... ရှဲ့ယွီ မင်းနဲ့မင်းအမေကို ကာကွယ်ရခက်သွားမှာကို သူ ကြောက်နေခဲ့တာ... အဲဒါကြောင့်...."
ဟုန်ကျွင့် သဘောပေါက်ပြီး ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ စကားပြောနေစဉ်တွင် တစ္ဆေဘုရင်သည် သူ့လက်ကိုဆန့်ကာ ဟုန်ကျွင့်ပုခုံးပေါ် တင်လိုက်သည်။
"ချုံမင် မင်းကို ကောင်းကောင်းကြီး ပြုစုပျိုးထောင်ပေးခဲ့တာပဲ"
ဟုန်ကျွင့် အနည်းငယ် စိတ်ပျက်နေသေးတာကို မြင်လိုက်ရသဖြင့် တစ္ဆေဘုရင်က စနောက်လိုက်သည်။
"ဒါပေါ့... မင်းငါ့အနားမှာ ရှိနေရင် အခုထက်တောင် ပိုဖြူစွတ်လာလိမ့်မယ်"
ဟုန်ကျွင့် ဝမ်းနည်းနေပေမယ့် ဒါကိုကြားတော့ သူ ရယ်လိုက်သည်။
"အဲဒီနှစ်မှာ မင်းအဖေက မင်းအမေကို မပြောဘဲ ငါ့ကိုတွေ့ဖို့ ယွိမန်ခရိုင်ကနေ ထွက်သွားခဲ့တယ်.... သမင်ဖြူရဲ့ဝိညာဉ်ကို ကယ်တင်နိုင်ခဲ့တဲ့ အချက်က မင်းကြောင့် ဖြစ်ရမယ်..."
"ဘာ?!"
ထိုမှပဲ ဟုန်ကျွင့်သည် သမင်ဖြူ လူဝင်စားသည့် အဖြစ်အပျက်သည် သူ့အဖေနှင့် သက်ဆိုင်နေကြောင်း သိလိုက်ရသည်။
"မင်းမသိဘူးလား? သူအရင်က ငါ့ကိုလာတွေ့တော့ ရှဲ့ယွီက သမင်ဖြူကို ဖမ်းချင်နေတယ်လို့ ခံစားရတယ်တဲ့... အဲဒါကြောင့် ရှဲ့ယွီကိစ္စကို ကြားဝင်နှောက်ယှက်ခဲ့တာ..."
ဟုန်ကျွင့် အသံတိုးတိုးဖြင့် အော်ဟစ်မိသွားသည်။ လုရွှီနဲ့ ရင်ဆိုင်ရတဲ့အခါတုန်းက မတူညီတဲ့ ခံစားချက်မျိုး အမြဲခံစားရတာ အံ့သြစရာ မရှိတော့ပေ။
"သမင်ဖြူ လူဝင်စားတဲ့အခါတုန်း မင်းအဖေက မင်းရဲ့ဝိညာဉ်ခန္ဓာထဲမှာ...သူ မင်းအဖေကို မြင်ဖူးတယ် မင်းရဲ့ရုပ်ရည်က မင်းအဖေနဲ့လည်း အရမ်းတူတယ်...."
ဟုန်ကျွင့် အသက်ပြင်းပြင်းရှူပြီး ခေါင်းညိတ်လိုက်သည်။
“ဘာလို့လဲ…”
ဟုန်ကျွင့် ထပ်မေးပြန်တော့ တစ်ချိန်တည်းမှာပဲ သူ့နှလုံးသားက ပြင်းပြင်းထန်ထန် ခုန်လာသည်။
“မိစ္ဆာမျိုးနွယ်အားလုံး ကျွန်တော့်ဆီ လာမှာမလို့လား?”
သူ့အိမ်မက်ထဲမှာ သူ့မိဘတွေက စိတ်အနှောက်အယှက် ဖြစ်စရာတွေကို ရှောင်ရှားဖို့ လှုပ်ရှားနေခဲ့၏။ ငယ်ငယ်တုန်းကဆို “သူ့ခန္ဓာကိုယ်ထဲမှာ မိစ္ဆာတစ်ကောင် ရှိတယ်” လို့တောင် ပြောသေးသည်။
တစ္ဆေဘုရင်က ခဏလောက် စဉ်းစားပြီးမှ ဖြေလာသည်။
"မင်းရဲ့မွေးစားအဖေကို ဒီအကြောင်းမေးသင့်တယ်လို့ ငါထင်တယ်... သူက ဒီကိစ္စရဲ့ အဝင်အထွက်ကို အကောင်းဆုံးသိတဲ့သူ ဖြစ်နိုင်တယ်"
ဟုန်ကျွင့်မှာ ဒီလိုအဖြေမျိုးရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။ သူ့အသံက တုန်တုန်ယင်ယင်ဖြင့်။
"ပြောပါ တစ္ဆေဘု...ဦးလေးရှီ.... ဦးလေး သေချာပေါက်... သိရမယ်!"
တစ္ဆေဘုရင်က နှုတ်ဆိတ်သွားပြန်သည်။ ဟုန်ကျွင့်သည် လေးလေးနက်နက် မျက်မှောင်ကြုတ်ကာ သူ့ကို စိုးရိမ်တကြီး ကြည့်နေတာကြောင့် တစ္ဆေဘုရင်လည်း နားမလည်နိုင်သော ခံစားချက်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
“နှလုံးမီးအိမ်ရမယ့် ကောင်လေးကို တွေ့ဖို့ မင်းကို တောင်ပေါ်ကို ဆင်းခိုင်းကြတာလား”
ဟုန်ကျွင့်သည် တစ္ဆေဘုရင်ရဲ့ လက်မောင်းကို ဆွဲကိုင်ကာ အတိတ်ကို ပြန်သတိရပြီး ထိုနေ့တွင် ချင်းရှူံ သူ့ကို တောင်ပေါ်တက်ခိုင်းပုံ၊ နှလုံးဆီမီးအိမ်ကို လီကျင်လုံဆီ ပေးလိုက်ရပုံတွေဟာ ပြောပြလိုက်သည်။
"ဒါဆို...သူတို့က မင်းကို ဖုံးကွယ်ထားဖို့ မရည်ရွယ်ဘူးလို့ ငါထင်တယ်"
"တကယ်ပဲ ဘာတွေဖြစ်နေတာလဲ?"
တစ္ဆေဘုရင်က ဟုန်ကျွင့်ကို တိတ်တဆိတ်ကြည့်နေပြီး ခဏအကြာတွင်မှ ဆိုလာသည်။
"ဒေါင်းငယ်လေး... မင်းက ဒီကိစ္စကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူး"
"ကျွန်တော်က ဘာဖြစ်သွားတာလဲ သိချင်ရုံပါ"
တစ္ဆေဘုရင်က “အချိန်က အတိတ်ကိုပြန်သွားပြီး မင်းကို ရွေးချယ်ပိုင်ခွင့် ပေးမယ်ဆိုရင် မင်း ဒီလောကကို လာဖို့ ဆန္ဒရှိမှာလား”
ဟုန်ကျွင့်လည်း စိတ်ရှည်သည်းခံပြီး "ကျွန်တော်ဒါကို မကြားချင်တော့ဘူး! ခင်ဗျား အကုန်သိရဲ့သားနဲ့ ဘာလို့မပြောတာလဲ!"
"ငါ့ကို ဖြေပါ"
တစ္ဆေဘုရင်က လေးလေးနက်နက် ပြောလိုက်သည်။ ဟုန်ကျွင့်မှာ ချုံမင်သူ့ရှေ့မှာ ရပ်နေပြီး သင်ခန်းစာ ပေးနေသလိုပင်။
"ကျွန်တော်..."
ဟုန်ကျွင့် အကြောင်းတစ်ခုခုကြောင့် စိတ်ရှုပ်ထွေးသွားကာ နတ်ဆိုးနှင် ဌာနရှိလူတိုင်း ပေါင်းစည်းလိုက်သောအခါ ရရှိသော ပျော်ရွှင်မှုကို သတိရမိသွားသည်။
"အင်း..."
"ဒါဆို မနက်ဖြန် သေသွားရမယ် ဆိုရင်တောင် မင်းဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူးလား...ဒါက သိပ်အရေးကြီးတယ် ဒေါင်းပေါက်လေး..."
ဟုန်ကျွင့် ကူကယ်ရာမဲ့သွားသည်။
"ကျွန်တော်က ဘာနောင်တရနိုင်မှာလဲ ... "
တစ္ဆေဘုရင်က ခေါင်းညိတ်ပြီး ပြန်ပြော၏။
"ဒါဆိုရင် လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်လောက်က မင်းအဖေအတွက် ကပ်ဆိုးကြီးကို ဖြေဖို့ မင်းမွေးလာတာလို့တော့ ငါ ပြောပြနိုင်တယ်"
ဟုန်ကျွင့် :"!!!"
ထို့နောက် ချက်ချင်းပင် တစ္ဆေဘုရင်သည် သူ၏ဓားလက်ချောင်းများကို မြှောက်လိုက်ကာ သူ့မျက်ခုံးကြားကို ထိလိုက်သာ်။ လက်ချောင်းများမှ နွေးထွေးသော အပြာရောင် အလင်းတန်းများ ထွက်လာပြီးနောက် ဟုန်ကျွင့်၏ မျက်ခုံးမွှေးများကြားသို့ အသာအယာ ပုတ်လိုက်သည်။
"ဝုန်းကနဲ" အသံနှင့်အတူ ဟုန်ကျွင့်၏ အသိစိတ်သည် တစ္ဆေဘုရင်၏ မှတ်ဉာဏ်ထဲသို့ ချက်ချင်း ဆွဲခေါ်ခံလိုက်ရတော့သည်။
လွန်ခဲ့သော ဆယ့်ရှစ်နှစ်။
ခုန်ရွှမ်းသည် အစောက ဟုန်ကျွင့် ထိုင်နေသည့် မော့ကောင်းဂူထိပ်တွင် တင်ပျဉ်ခွေထိုင်နေပြီး ဟုန်ကျွင့်ပေါက်စက သူ့ရင်ဘတ်ပေါ် ကျောထောက်ကာ ခေါင်းကို စောင်းလျက် ထိုင်နေ၏။
"ရှဲ့ယွီက နတ်ဆိုးမျိုးစေ့ကို တစ်ချိန်လုံး ရှာနေတယ်"
ခုန်ရွှမ်းက ညည်းညူရင်း ရေရွတ်နေသည်။
"ငါ နည်းလမ်းတိုင်းကို ကြိုးစားပြီးပြီ... ဒါပေမဲ့ ရှင်းအာရဲ့ ဝိညာဉ်သုံးပါးနဲ့ ဆန္ဒဝိညာဉ်ခုနစ်ကောင်ထဲကနေ အဲဒီမျိုးစေ့ကို ငါမထုတ်နိုင်သေးဘူး..."
တစ္ဆေဘုရင်က လေးနက်စွာဖြင့်: "ကြင်နာမှုကို ရှာတာက စေတနာကို ဖြစ်ပေါ်စေတယ်တဲ့... ဒါက မင်းရဲ့ ညီအကိုနှစ်ယောက် ပေးခဲ့တဲ့ အကြံဉာဏ်နဲ့ အတိအကျပဲ မဟုတ်ဘူးလား"
"မသိဘူး" ခုန်ရွှမ်းရဲ့ မျက်လုံးတွေက ရှုပ်ထွေးနေတဲ့ အရိပ်အယောင်တွေ ပေါ်လာလေသည်။ သူ့အသံက ပလောင်ဆူလာပြီး။
"အဖေတစ်ယောက် ဖြစ်ရတာ အရမ်းပျော်ဖို့ကောင်းတာတော့ အမှန်ပဲ..."
တစ္ဆေဘုရင် - "အစကတည်းက မင်းက နတ်ဆိုးဖြစ်လာမယ့်သူပဲ ဖြစ်သင့်တယ်"
ခုန်ရွှမ်း : "ဟုတ်တယ် အနှစ်နှစ်ရာအတွင်းမှာ ငါကသာ ကောင်းကင်နတ်ဆိုး ဖြစ်လာသင့်တာ..."
နေဝင်ချိန်၏ ရွှေရောင်အလင်းတန်းများက မော့ကောင်းဂူပေါ်တွင် ထွန်းလင်းတောက်ပနေပြီး ဂူထောင်ပေါင်းများစွာရှိ ဗုဒ္ဓရုပ်ပွားတော်များက ရာနှင့်ချီသော သက်ရှိသတ္တဝါ အားလုံးကို သနားကြင်နာမှု ပြနေသယောင် တောက်ပလျက် ရှိသည်။
တစ္ဆေဘုရင်: “ခေါင်းလောင်းကို ဖြည်ဖို့၊ ကြိုးချည်ဖို့ တစ်ယောက်ယောက် လိုအပ်နေသေးတယ်... မင်းညီအစ်ကိုကို မတောင်းရင် ဒီကမ္ဘာမှာ ဘာအကျိုးရှိမှာလဲ?"
ခုန်ရွှမ်းက သက်ပြင်းချလိုက်ပြီး "ချုံမင်နဲ့ ချင်းရှူံက ငါ့ကို ကြုံသလို သေနိုင်တဲ့ မိန်းမတစ်ယောက်ကို ရှာခိုင်းတယ်....ယင်းယန်ရဲ့ အသက်ကို ထိုးသွင်းနည်းကို သင်ပေးတယ် နတ်ဘုရားနဲ့ နတ်ဆိုးတွေထဲက တစ်ခုဖြစ်တဲ့ ငါ့ရဲ့ နတ်ဆိုးမျိုးစေ့ကို သူ့ထဲကို ထိုးသွင်းလိုက်တော့ သူမက နတ်ဆိုးသန္ဓေသားကို လွယ်ထားခဲ့ရတယ်..."
"ဒါဆို သူတို့မျက်လုံးထဲမှာ ငါ့ဘဝကသာ အရေးကြီးဆုံးပဲ... အခု ငါယွီကျစ်ကို မစွန့်လွှတ်နိုင်လောက်အောင်ကို နက်နက်ရှိုင်းရှိုင်း ချစ်မိနေပြီလို့တောင် မမျှော်လင့်ထားမိဘူး... ငါ ရှင်းအာ နတ်ဆိုးဖြစ်သွားမှာကို ထိုင်ကြည့်မနေနိုင်ဘူး... အခုတော့ နေရာတိုင်းကို ဆေးကုသဖို့ လိုက်ရှာနေတယ်..."
"ခုန်ရွှမ်း... မင်းကို ငါမကူညီချင်လို မဟုတ်ဘူး မင်းရဲ့သားက အလောင်းကောင် သရဲတစ္ဆေဖြစ်သွားရင်တောင်မှ နတ်ဆိုးမျိုးစေ့ကို မဖယ်ရှားနိုင်ဘူး... နတ်ဆိုးမျိုးစေ့ကို ဖယ်ရှားနိုင်တဲ့ တစ်ခုတည်းသော အရာက ဖူတောက်မင်ရဲ့ တရားဓမ္မနဲ့ လက်နက်ခြောက်ခု ပေါင်းစည်းခြင်းပဲ...
"နှလုံးမီးအိမ် လုပ်နိုင်မလား မသိဘူး... ငါ နှလုံးမီးအိမ်ကို ရှာရမယ်...."
"မဖြစ်နိုင်ပါဘူး" ဟု တစ္ဆေဘုရင်က လေးလေးနက်နက် အသံဖြင့် ဆိုသည်။
"လူတစ်ဦးရဲ့ စိတ်ဝိညာဉ်ထဲက နတ်ဆိုးစွမ်းအင်ကို နှလုံးမီးအိမ်နဲ့ မောင်းထုတ်နိုင်ပေမယ့် မင်းသားရဲ့ ခန္ဓာကိုယ်ထဲကဟာက နတ်ဆိုးမျိုးစေ့... ဒီလောကထဲက နတ်ဆိုးစွမ်းအင်ကို ပေါင်းစည်းစေမယ့် နိဒါန်း.... အစကတည်းက မင်းရဲ့တာဝန်... နတ်နဲ့ နတ်ဆိုးတွေရဲ့ တစ်ခုတည်းသော ဘဝက အသက်ရှင်ခြင်းနဲ့ သေခြင်း ကံကြမ္မာပဲ"
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အဖြူရောင် အလင်းတန်းများ လင်းလက်သွားကာ တစ္ဆေဘုရင်၏ လက်ချောင်းများ ဟုန်ကျွင့်နဖူးမှ ထွက်ခွာသွားခဲ့သည်။
ဟုန်ကျွင့် အတွေးများက အိပ်မက်ထဲတွင် ရှိနေပြီး "ဒါအားလုံး အမှန်ပဲလား...."
"မင်းအဖေက သူအသက်ရှင်နေချိန်မှာ သူ့ကိုယ်သူ အပြစ်တင်လေ့ရှိတယ်"
"ဘာလို့လဲ" ဟုန်ကျွင့် တုန်လှုပ်သွားသည်။
"ဘာလို့လဲ"
"ကောင်းကင်နဲ့မြေကြီးကြားမှာ ရန်ငြိုးတွေ ရှိနေတတ်တယ်... ဒါကြောင့်လည်း နတ်ဆိုးတွေ ရှိတာ... လူဝင်စားတဲ့ နှစ်တွေ၊ တစ်ကောင်ပြီး တစ်ကောင် ကြီးထွားလာတယ် နတ်ဆိုးစွမ်းအင်တွေ အရမ်းပြင်းထန်တယ်ဆိုရင် အဲဒါကို သန့်စင်ဖို့ နည်းလမ်းအမြဲ ရှိရတယ်.... နတ်ဆိုးမျိုးစေ့တွေ... ခုန်ရွှမ်းရဲ့ကိုယ်ထဲမှာ နတ်ဆိုးမျိုးစေ့ ရှိခဲ့တယ်... နတ်ဆိုးဖြစ်လာမယ့် အမျိုးအနွယ်မို့ သူက နှလုံးမီးအိမ်နဲ့ ကမ္ဘာကြီးကို တောက်ပစေပြီး ဘုရင်ဖူတောက်မင်ရဲ့ တန်ခိုးကို သုံးထားတာ... ခုန်ရွှမ် အဲဒါကနေ လူဝင်စားလာခဲ့တာ...."
တစ္ဆေဘုရင်က “အခု ငါ့မေးခွန်းကို ပြန်ဖြေနိုင်ပြီလား ဒေါင်းကလေး”
ဟုန်ကျွင့် : "..."
"မင်း ဒီဘဝမှာ သေဖို့ ရည်မှန်းထားရင် မင်း ဒီလောကကို ရောက်လာပြီး ဖြတ်သန်းရတာကို နောင်တရနေသေးလား"
ဟုန်ကျွင့် မတ်တပ် ထရပ်လိုက်သည်။ သူ့မျက်လုံးတွေက မှင်သက်နေ၏။
“သက်ရှိသတ္တဝါအားလုံး သေရမှာပဲ”
တစ္ဆေဘုရင်က ဆက်ပြောနေသည်။
ဟုန်ကျွင့် စိတ်ရှုပ်ထွေးသွားကာ အသက်မဲ့သော ခြေလှမ်းများဖြင့် လျှောက်သွားသည်။ ခန္ဓာကိုယ်က လှည့်ပတ်ယိမ်းထိုးကာ မော့ကောင်းဂူ၏ အဆုံးဆီသို့ လျှောက်သွားခဲ့သည်။ သူ့နှလုံးသားထဲ၌ လျှပ်စီး၊ မိုးခြိမ်းသံ၊ လေပြင်းများနှင့် ဆီးနှင်းများဖြင့် ပြည့်နေသော်လည်း သူ့အမူအရာမှာ အလွန်ငြိမ်သက်နေသည်။
နေဝင်ချိန်၏ အလင်းရောင်သည် ဤဂူထောင်ပေါင်းများစွာနှင့် ဂူတစ်ခုစီ၏ အဝင်ဝတွင် ဗုဒ္ဓရုပ်ပွားတော် ထောင်ပေါင်းများစွာပေါ် ဖြာကျလျက်ရှိ၏။ ကောင်းကင်ယံ၌ ဗုဒ္ဓရုပ်ပွားတော်များကို အေးချမ်းစွာ ငြိမ်သက်စွာ ကြည့်နေသော်လည်း သူသည် အထီးကျန်သူသာ ဖြစ်သည်။
ညနေပိုင်းတွင် လီကျင်လုံသည် အဆောက်အအုံရဲ့ ကိုးထပ်ကြီးမှ အမြန်ဆင်းလာသည်။
အားထိုက်: "ဘယ်သွားမှာလဲ"
လီကျင်လုံသည် အနောက်ဘက်တွင် နေဝင်နေသည်အား လှမ်းကြည့်လိုက်၏။ လူတစ်စုသည် အဝေးမှ မြင်းများစီးလာပြီး အနီးနားရောက်တော့ ဆင်းကာ လီကျင်လုံကို ဂါဝရပြုလိုက်သည်။
“ယွီမန်ကို ကာကွယ်ပေးဖို့ စစ်သူကြီးက ပြောထားတယ်... သူ့လက်အောက်ငယ်သားတွေကို အစားအသောက်နဲ့ ဝိုင်တွေ ယူလာခိုင်းတယ်တဲ့"
လီကျင်လုံ: "ကြိုးစားအားထုတ်မှု အတွက် ကျေးဇူးတင်ပါတယ်... အားလုံးကို ပို့ပေးလိုက်ပါ"
စစ်သားများသည် ကိုးထပ် အဆောက်အအုံထဲသို့ ရိက္ခာများကို ရွှေ့ကာ ပြန်ဖြေ၏။
"တရုတ်နှစ်ကူးက နီးနေပြီ ငါတို့ ဒီနှစ် တရုတ်နှစ်သစ်ကူးကို ကျင်းပရတော့မယ်... အဲဒါအတွက်လည်း စိတ်ပူစရာ မလိုတော့ဘူး"
ထိုအခါမှ အားထိုက်သည်လည်း နှစ်သစ်ကူးက သုံးရက်အတွင်း ရောက်ရှိလာတော့မည်ကို သတိရသွားသည်။
အားရှစ်နရှုံ: "ဒီနှစ် တရုတ်နှစ်သစ်ကူးကို ဒီမှာပဲ ကျင်းပရမယ်လို့ မမျှော်လင့်ထားဘူး"
လီကျင်လုံ: "ဝမ်းနည်းစရာ အကောင်းဆုံးကတော့ ယုံစစ် မလာသေးတာပဲ... မဟုတ်ရင် အားလုံးက ဒီကို ရောက်နေကြလိမ့်မယ်... မော့ရစ်ကန်း ဆင်းလာပြီး ကူညီဦး!"
မော့ရစ်ကန်းက တတိယထပ်တွင် မှိန်းနေသေးသည်။
ညမအိပ်ခင်မှာ လီကျင်လုံသည် ရိက္ခာတွေကို စုဆောင်းပြီး စစ်သားတွေကို ဆုကြေးတွေ ပေးနေသည်။ တစ္ဆေဘုရင်က သူ့တူဖြစ်သူ ဟုန်ကျွင့်ကို စောစောက တွေ့ချင်တယ်လို့ ဆိုတာကြောင့် အပြင်မှာ ရပ်စောင့်နေလိုက်သည်။ ယွိမန်ခရိုင်ကိုလည်း သူတို့ ဘေးကင်းကြောင်း သတင်းပို့ထား၏။
"ဟုန်ကျွင့်!"
လီကျင်လုံ ပြေးလိုက်ဆင်းလိုက်နှင့် ဟုန်ကျွင့်ကို နေရာတိုင်းတွင် ရှာဖွေနေသော်လည်း လုရွှီ အိပ်ပျော်နေသော လှိုဏ်ဂူရှေ့တွင် သစ်သားသစ်သားတုံးကဲ့သို့ ရပ်နေသော မော့ရစ်ကန်းကိုသာ တွေ့လိုက်ရသည်။
"ခေါင်းဆောင် စကားပြောရအောင်... ဘယ်အချိန်ရှိပြီလဲ၊ နှစ်သစ်ကူးကျင်းပဖို့ စိတ်ကူးရှိသေးတာလား"
"နည်းလမ်းရှိမှာပါ"
"မင်းဆိုလိုတာက?!" မော့ရစ်ကန်း စိတ်လှုပ်ရှားစွာဖြင့်။
လီကျင်လုံ မော့ကောင်းဂူ အပြင်ဘက်သို့ မျက်နှာမူကာ မော့ရစ်ကန်း နှင့် ဘေးချင်းကပ်လျက် နေရင်စ တိတ်ဆိတ်နေခဲ့သည်။ ယခု သဲသောင်ပြင်များက နှင်းများ ဖုံးလွှမ်းသွားပြီ။
"ငါ ဘာလုပ်နိုင်မှာလဲ!"
မော့ရစ်ကန်း: "ဝံပုလွေနဲ့ သမင်ဖြူက အတွဲဖြစ်ဖို့ ရည်မှန်းထားပြီးသား"
"မှန်တယ်" လီကျင်လုံ လက်ရန်းကို ပုတ်ပြီး ဆက်ပြောလိုက်သည်။
"မင်းဘယ်လိုလုပ်မလဲ"
အားထိုက်: "အဟက်.... အနှောင့်အယှက် ပေးမိတဲ့အတွက် ခွင့်လွှတ်ပါ...မင်း ဟုန်ကျွင့်ရော ဘယ်လို ခံစားရမလဲဆိုတာ မေးဖူးလား?"
ငါးကြင်းနတ်ဆိုးက "မင်း ဘာမေးနေတာလဲ... ခေါင်းဆောင် မင်းတကယ်ပဲ မင်းတို့က ကောင်းကင်ဘုံက ချမှတ်ထားတဲ့ စုံတွဲလို့ ထင်နေတာလား"
အားရှစ်နရှုံ: "ငါနားမလည်ဘူး... မင်းတို့မျက်လုံးထဲမှာ ခံစားချက်တွေ အလိုလိုရောက်လာတယ်လို့ ဆိုလိုတာလား.... ဒါက မှားနေတယ်နော်... လီမျိုးရိုး မင်း သိပ်ယုံကြည်မှုရှိလား...ငါ မင်းကို လှည့်ကွက်နည်းနည်း သင်ပေးရမလား"
"ငါပြောတာ အဲ့လိုမဟုတ်ဘူး!" လီကျင်လုံ စိတ်မရှည်စွာနဲ့ ပြောသည်။
မော့ရစ်ကန်း အားရှစ်နရှုံဘက် ဒေါသတကြီးနဲ့ အော်ပြောလိုက်သည်။
"မင်းက တိုက်ချင်တာလား"
လီကျင်လုံက တစ်ဖက်ကို ညွှန်ပြပြီး မော့ရစ်ကန်းအား နှစ်ယောက်ပဲ စကားပြောရန် ထောင့်သို့ ရွှေ့ကာ သူ့ကို တွန်းထုတ်လိုက်သည်။
မော့ရစ်ကန်း: "လာ ဒီအချိန်မှာ မင်းဘာလုပ်နိုင်မလဲ ကြည့်ရအောင်... မင်း ငါတို့ကို အမြဲတမ်း စိတ်ချခိုင်းထားတာ မဟုတ်လား... မင်း ကတိပေးထားတဲ့အရာက သေချာပေါက် ပြီးသွားတတ်တယ် မဟုတ်ဘူးလား..."
လီကျင်လုံ: "မင်း ရုပ်ဖျက်ပညာကို သိတယ်မဟုတ်လား ဒါမှမဟုတ် မင်းကို ငါနဲ့တူအောင် ပုံဖော်နိုင်တဲ့ စွမ်းအင်တွေရှိလားလို့ တစ္ဆေဘုရင်တွေနဲ့ နတ်ဆိုးတွေကို မေးကြည့်ရအောင်လေ... ငါ မင်းနဲ့တူနိုင်ရင်..."
"ဒါပေမဲ့ ဘာကွာလဲ?! မင်းငါ့လို အယောင်ဆောင်လုပ်ပြီး ချစ်မိသွားရင်တောင် နောက်ဆုံးတော့ အတူတူပဲ မဟုတ်ဘူးလား?"
လီကျင်လုံလည်း အဲဒါကို စဉ်းစားမိပြီး စကားပြောင်းပြောလိုက်သည်။
"မင်းကို အစားထိုးရမလား? ငါက မင်းအနားမှာ ရှိနေ..."
မော့ရစ်ကန်း: "ဖြစ်စဉ်တစ်ခုလုံးမှာ မင်းကို ငါအနှောင့်အယှက် ပေးမှာ မဟုတ်ဘူး... အဆုံးမှာ နှလုံးမီးအိမ်က အလင်းနဲ့ ဖယ်ရမှာပဲ ဘာကွာလို့လဲ"
"ဒါက ဖြစ်နိုင်ချေတစ်ခုပဲ! မင်းမစမ်းကြည့်ချင်ဘူးလား"
မော့ရစ်ကန်း မဖြေချင်ခဲ့ချေ။ လီကျင်လုံမှာ သူ့ရဲ့ ပထမအစီအစဉ် မအောင်မြင်တဲ့အတွက် နောက်တစ်ခု ထပ်စဉ်းစားရသည်။
“ဒါမှမဟုတ် ဝိညာဉ်တွေကို လွှဲပေးလို့ရလား... ငါ့ဝိညာဉ်ကို မင်းရဲ့ခန္ဓာကိုယ်မှာ ချိတ်ထားလိုက်ရင်…”
မော့ရစ်ကန်း: "ခေါင်းဆောင်... အဲ့တော့ ဘာကွာသွားလဲ?"
"ငါပြောမယ်... မင်းကမင်းပဲ... ငါ့ဝိညာဉ်ကို မင်းနဲ့ ခဏလောက် ချိတ်ထားရုံပဲလေ..."
မော့ရစ်ကန်းသည် ခန္ဓာကိုယ်တစ်ခုတည်းတွင် ဝိညာဉ်နှစ်ခု ရှိနိုင်သလား ရုတ်တရက် တွေးလိုက်မိပေမယ့် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။
"နှလုံးမီးအိမ်က မင်းရဲ့ စိတ်ဝိညာဉ်မှာလား ဒါမှမဟုတ် မင်းရဲ့ သွေးကြောထဲမှာလား"
ထိုအခါမှ လီကျင်လုံလည်း အဲဒါကို ချက်ချင်း သတိရသွားသည်။
"ငါ့ရဲ့ သွေးကြောထဲမှာပဲ... ဒါကလည်း အလုပ်မဖြစ်ပြန်ဘူး!"
မော့ရစ်ကန်း : "..."
အားရှစ်နရှုံက တစ်ဖက်မှနေ၍ စိတ်ဝင်တစား ကြည့်လိုက်ရင်း အားထိုက်ကို ပခုံးတွန့်ကာ သူ့လက်ကို ဖြန့်လိုက်သည်။ ထိုအခါ အားထိုက် အပြုံးလေးနဲ့ မေးလေ၏။
"မင်း အရင်တုန်းက ခေါင်းဆောင်ကို အချစ်ရေးနဲ့ ပတ်သက်ပြီး အထိန်းအကွပ် မရှိခဲ့ဖူးလို့ ပြောခဲ့တယ်မလား... ခေါင်းဆောင်ကိုလည်း ဒီလိုယုံကြည်မှု ပေးခဲ့တာပဲ မဟုတ်လား"
ဒါပေမဲ့ အားရှစ်နရှုံကတော့ အားထိုက်ကို တခြားတစ်နေရာသို့ ကြည့်ဖို့ အချက်ပြလေသည်။ လရောင်အောက်မှာတော့ ဟုန်ကျွင့်သည် သက်ပြင်းတချချဖြင့် အရမ်းပင်ပန်းနေပုံရပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တော့ အားရှစ်နရှုံက ပြုံးပြီး လှမ်းအော်သည်။
"ဟုန်ကျွင့်?"
ဟုန်ကျွင့်ကတော့ အဖြေမပေးဘဲ ဂူထဲသို့သာ ဝင်သွားသည်။
လုရွှီ နံရံဆေးရေးပန်းချီရှေ့တွင် ငြိမ်သက်စွာ အိပ်စက်နေတုန်းပင်။ တစ္ဆေဘုရင်၏ အစောင့်များသည် သူ၏ ဦးခေါင်း၊ ပုခုံး၊ ခါးနှင့် ဝမ်းဗိုက်အထက် မြေပြင်ပေါ်တွင် စုစုပေါင်း မီးခွက်ခုနစ်လုံးကို ထွန်းညှိထားသည်။
"ဒါက ဘယ်လို အစီအရင်မျိုးလဲ"
အစောင့်: “အရှင်မင်းမြတ်က ပြောတယ်... ဒါက သူ့စိတ်နှလုံးကို သက်သာစေမယ် ကြယ်ခုနစ်ပွင့် မီးပုံးပါတဲ့”
ဟုန်ကျွင့် ခေါင်းညိတ်လိုက်သည်။ ပလိပ်နတ်ဘုရားနှင့် ဆန်းကြယ်မိန်းမပျို မဖယ်ရှားရသေးကြောင်း အမှတ်တမဲ့ သတိရလိုက်မိ၏။ ၎င်းတို့ ဘယ်နေရာတွင် ပုန်းအောင်းနေကြလဲ မသိသလို တစ်ကျော့ပြန်ရန် အစီအစဉ်ရှိမရှိကိုလည်း မသိရသေးချေ။ သို့သော် တစ္ဆေဘုရင်က နိုးလာပြီး ဘေးဒဏ်ကို မကြောက်တော့ပါ။ အအေးဒဏ်ကို မဆိုထားနှင့် အိပ်မပျော်နိုင်သေးသောကြောင့် ထိုနတ်ဆိုးနှစ်ကောင်သည် သူ့ကို နောက်တစ်ကြိမ် နှိုးဆော်ရန် မစွမ်းဆောင်နိုင်တော့ပေ။
သူသည် ပန်းချီကားကို မှီ၍ လုရွှီနံဘေးတွင် ထိုင်ကာ သူ့လက်ကိုဆန့်ပြီး လုရွှီနဖူးပေါ် တင်လိုက်သည်။
အဲဒီတုန်းက သူ့အဖေဟာ မူလက သူ့သားရဲ့အသက်ကို ကယ်တင်ချင်ခဲ့ပေမယ့် မထင်မှတ်ဘဲ အမှားတစ်ခုခုကြောင့် လုရွှီကို ကယ်တင်ခဲ့သည်။ အကြောင်းတစ်ခုခုကြောင့် လုရွှီ နိုးလာဖို့၊ သူ့အိပ်မက်ထဲ ပြန်ဝင်ခွင့်ရဖို့၊ သူ့အဖေနဲ့အမေကို တွေ့ပြီး သူ့ကိုယ်ပိုင်အမှတ်တရတွေ ပြည့်နှက်နေရင်တောင် အိပ်မက်ထဲမှာ စကားနည်းနည်း ပြောခွင့်ပေးဖို့ မျှော်လင့်နေမိ၏။
ဒီဆုံးဖြတ်ချက်ကို သူ နောင်တရဖူးလား။
ဒီနောက်ကွယ်မှာ ဘာတွေဖြစ်နေလဲ အမေ သိလား။
ဒါတွေက ကွယ်လွန်သွားတာ ကြာပြီဖြစ်တဲ့ လူတွေအတွက်က အဓိပ္ပာယ်အများကြီး မရှိတော့ပေမယ့် ဟုန်ကျွင့်ဟာ အတိတ်ရဲ့ အသေးစိတ်တွေကို သိချင်နေဆဲပါပဲ။ သူ့အတိတ်က မှုန်ဝါးနေပြီး သူ့အနာဂတ်ကလည်း ဘယ်မှာမှ မတွေ့နိုင်သလို ဖြစ်နေသည်။ သူဟာ သူ့အဖေကို ဘယ်အချိန်မှာ အစားထိုးပြီး နတ်ဆိုးဖြစ်လာမှာလဲ၊ ပြီးတော့ သူ့ကိုသတ်မယ့် ဘုရင်ဖူတောက်မင်က ဘယ်မှာလဲ။
တစ္ဆေဘုရင်ရဲ့ စကားအရဆို ဤလောကမှာ သူ့အသက်တာမှာ အဓိပ္ပာယ်မရှိသလို သူ့တန်ဖိုးကလည်သ ဤလောကအတွက် စွန့်လွှတ်အနစ်နာခံမှု တစ်ခုလိုသာ ဖြစ်လေသည်။
"လုရွှီ" ဟုန်ကျွင့် တိုးတိုးလေး ခေါ်လိုက်သည်။
"အဖေက လူကောင်းပဲ မဟုတ်လား"
လုရွှီက ငြိမ်သက်စွာ အိပ်မောကျနေသေးသည်။ ဟုန်ကျွင့် ရှိုက်ကြီးတငင် ပြုံးပြီး ရေရွတ်မိ၏။
"သူမင်းအသက်ကို ကယ်ခဲ့တယ် ဒါပေမဲ့ အရက်စက်ဆုံးအရာကိုတော့ ငါ့အတွက် ထားခဲ့တယ်"
လုရွှီ ဘေးစောင်းကြည့်လိုက်တော့ ဒီအချိန်မှာ သူ ဘယ်သူ့ကို သွားပြောရမှန်း မသိတော့သလို ဖြစ်သွားသည်။ လုရွှီ သူ့ကို အိမ်မက်ထဲ လွှတ်ချလိုက်တဲ့အခါ သူ့အတိတ်နဲ့ သူ့ဘဝအပါအဝင် သူ့မှတ်ဉာဏ်ထဲမှာ အရာအားလုံးကို မြင်တွေ့ခဲ့ရမယ်ဆိုတာ မသိစိတ်က သိလိုက်သည်။
လုရွှီ မျက်တောင်များက အနည်းငယ် ရွေ့သွားလေရာ ဟုန်ကျွင့်လည်း မျက်မှောင်ကြုတ်ကာ သူ့အနားသို့ ချဉ်းကပ်သွားကာ ဂရုတစိုက် ငုံ့ကြည့်လိုက်သည်။ သူက မျက်လုံးဖွင့်လာပြီး ဟုန်ကျွင့်ကို ပြောလာသည်။
"မင်းရဲ့ ကံကြမ္မာက မင်းရှေ့မှာ မြင်နေရတာထက် ပိုရက်စက်တယ်"
ဟုန်ကျွင့် : "..."
ရုတ်တရက် လုရွှီသည် ဟုန်ကျွင့်လက်ကို ဆွဲကိုင်လိုက်လေတဲ့အခါ ဟုန်ကျွင့်လည်း လန့်ဖြတ်သွားတော့၏။
"လွှတ်!"
ကြီးမားလှသော အနက်ရောင် စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး ၎င်းတို့နှစ်ဦးကို ဖုံးအုပ်ပစ်တော့သည်။ ဟုန်ကျွင့်လည်း လုရွှီကို ပြင်းထန်စွာ တွန်းထုတ်လိုက်ပြီး။
"မင်းရဲ့ ဦးချိုကျိုးသွားပြီ... မင်းမှာ မှော်အစွမ်းမရှိဘူး!"
ထို့နောက် လုရွှီက ဆူညံသောအသံဖြင့် ဆိုလာသည်။
"ငါ့မှာ စိတ်ဝိညာဉ် ရှိသေးတယ်"
ပြောပြီးနောက် လုရွှီခန္ဓာကိုယ်မှ အနက်ရောင် စွမ်းအင်များ ဟုန်ကျွင့်ကို ရိုက်ခတ်သွားသည်။ ဟုန်ကျွင့်လည်း နှလုံးက ရုတ်တရက် နာကျင်သွားကာ ခေါင်းကို ငုံ့လိုက်မိစဥ် ဖမ်းမိသွားတော့သည်။ လုရွှီခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်စွမ်းအင်ကို တစေ့တစောင်း ကြည့်လိုက်ပြီးနောက် သူ့ရင်ဘတ်နှင့် ချိတ်ဆက်ထားသော အနက်ရောင်စွမ်းအင်များက ဂူတစ်ခုလုံးကို ပေါက်ကွဲ လွှမ်းမိုးသွားလေသည်။
တစ်ချိန်တည်းမှာပင် လီကျင်လုံသည် မော့ရစ်ကန်းရဲ့ အင်္ကျီကော်လာကို ဆွဲကိုင်လိုက်ပြီး နှစ်ယောက်သား အခြေအတင် ဖြစ်နေကြသည်။
"မော့ရစ်ကန်း!"
ရုတ်တရက် မော့ရစ်ကန်းကို လွှတ်လိုက်ပြီး သူတို့နှစ်ယောက် ခေါင်းကို ချက်ချင်း လှည့်ကာ မဝေးတဲ့ လှိုဏ်ဂူဆီကို လှည့်ကြည့်လိုက်လေ၏။ ဂူထဲမှ ပြင်းထန်သော အနက်ရောင် စွမ်းအင် ထွက်ပေါ်လာပြီး တစ္ဆေဘုရင်၊ အစောင့်များ၊ အားထိုက်နဲ့ အားရှစ်နရှုံတို့လည်း တစ်ချိန်တည်းတွင် အံ့အားသင့်သွားကြသည်။
အားရှစ်နရှုံ: "ဟုန်ကျွင့် အထဲမှာရှိတယ်!"
အနက်ရောင်စွမ်းအင်က ဂူအတွင်းမှ ပြေးထွက်လာပြီး ကြေကွဲဖွယ် အသံဗလံများဖြင့် ပေါက်ကွဲထွက်လာသည်။
လီကျင်လုံနဲ့ မော့ရစ်ကန်း တချိန်တည်းနီးပါး ပြေးလာကာ ဂူပေါက်ဝဆီသို့ အပြေးအလွှား ရောက်လာခဲ့သော်လည်း ကြီးကျယ်ခမ်းနားသော အနက်ရောင် လေထုက လှိုဏ်ဂူ အဝင်ပေါက်ကို ရုတ်တရက် ပိတ်ချပစ်ခဲ့သည်။
မော့ရစ်ကန်း: "လုရွှီ!"
လီကျင်လုံ : "ဟုန်ကျွင့်!"
လှိုဏ်ဂူထဲတွင်တော့ ဟုန်ကျွင့်နဲ့ လုရွှီဟာ ဘေးချင်းကပ်လျက် လဲလျောင်းနေသော်လည်း အနက်ရောင် စွမ်းအင်သည် လျင်မြန်စွာ ပျံ့နှံ့ကာ နံရံဆေးရေးပန်းချီထဲသို့ စိမ့်ဝင်သွားပြီး တခဏချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
လီကျင်လုံ : "..."
မော့ရစ်ကန်း : "..."
ဘာသာပြန် - ငိုမိတော့မယ်။ ဟုန်ကျွင့်လေးကို သနားလိုက်တာ။ အခုဆို ဟုန်ကျွင့်လေးကို အသက်ပေးချစ်မယ့်လူက လီကျင်လုံပဲ ရှိတော့မယ်ထင်တယ်။