(66) သမင်ဘုရင်ရဲ့ ခန္ဓာအစစ်
Viewers 5k

Chapter (66)

သမင်ဘုရင်ရဲ့ ခန္ဓာအစစ်



ဟုန်ကျွင့်သည် သူ့ခေါင်းကို တူ​ကြီးဖြင့် အထုခံထားရသလိုမျိုး ခေါင်းကိုက်ဝေဒနာကို ခံစားနေရသည်။ မှောင်မိုက်နေသော တောအုပ်ထဲတွင် သူ့ကိုယ်သူ ကိုယ်လုံးတီးကြီးဖြင့် ရပ်နေမိတာ တွေ့လိုက်သည်။ ပျံသန်းနေသော ဓားနှင့် အရောင် ငါးရောင်ရှိသော နတ်ရောင်အလင်းတန်းကို ထိ​တွေ့ရန် လက်လှမ်းလိုက်သော်လည်း အားလုံးက သူ့ခန္ဓာကိုယ်ပေါ်မှာ မရှိတော့ချေ။ 


"ဒါကဘယ်နေရာလဲ?!.... ခေါင်းဆောင်! တစ္ဆေဘုရင်ကြီး...မော့!...."


"ရှူး...." နူးညံ့သိမ်မွေ့သော ​ကောင်လေးတစ်ယောက်ရဲ့ ​အသံက သူ့နားထဲ ထွက်ပေါ်လာ၏။ 


"စကားမပြောနဲ့.... မဟုတ် မင်းကို ရှာတွေ့သွားလိမ့်မယ်"


"မင်းဘယ်သူလဲ" 


ဟုန်ကျွင့် ခေါင်းကို လှည့်လိုက်ပေမယ့် အသံရဲ့ အရင်းအမြစ်ကို ရှာမတွေ့ဘူး ဖြစ်နေသည်။ 


"အလင်းအတိုင်း လာခဲ့...."


ဟုန်ကျွင့် ခေါင်းလှည့်ကြည့်လိုက်တော့ သစ်တောရဲ့အနက်ရှိုင်းဆုံး နေရာမှာ အလင်းရောင် အနည်းငယ် ပေါ်လာတာကို တွေ့လိုက်ရပေမယ့် အသံက သူငယ်ချင်းလား ရန်သူလားဆိုတာ စီရင်ဆုံးဖြတ်နိုင်စွမ်း မရှိသေးချေ။ 


"ငါ့ကိုယုံပါ" ထိုအသံက ပြောသည်။ 


ဟုန်ကျွင့် ထိုစကားလုံးကို ကြားလိုက်သောအခါတွင် အလိုလို ကြောက်ရွံ့နေပြီ ဖြစ်သည်။ 


"မင်းရဲ့ကြောက်စိတ်ကို ငါခံစားရတယ်... ဒါပေမယ့် စိတ်မပူပါနဲ့ လူတွေက အိပ်မက်တွေကြောင့် စိတ်ရှုပ်ကုန်တတ်တယ်... ကမ္ဘာပေါ်က အရာအားလုံးက မြင်​နေရရင်တောင် အိပ်မက်မက်နေတာ မဟုတ်​လောက်ဘူး"


ဟုန်ကျွင့် ထိုစကားကြောင့် ထိမိသွားပြီး အလင်းရောင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။


တောတွင်းရှိ အလင်းရောင်က အနည်းငယ် ပိုတောက်ပလာသည်။ တစ်ခဏအကြာတွင် ဟုန်ကျွင့်လည်း သူ့ခန္ဓာကိုယ်ပေါ်၌ အမွှေးအမျှင်များ မပါတာကြောင့် တောထဲတွင် လမ်းလျှောက်လာရင်း ခြေဗလာဖြင့် မြေပြင်ပေါ်ကို နင်းသွားကာ အချိန်တိုင်း ကိုယ့်ကိုကိုယ်ဖုံးဖို့ အရွက်တွေ ရှာရတော့၏။ 


အလင်းရောင်သည် တဖြည်းဖြည်း တောက်ပလာကာ သစ်တော၏ အနက်ရှိုင်းဆုံး တစ်နေရာ၌ မှိန်ဖျော့ဖျော့ အလင်းလေး ပေါ်လာပြီး တောက်ပနေသော ရေကန်တစ်ကန် ပေါ်လာသည်။


ရေကန်ရှေ့မှာတော့ လူငယ်လေးတစ်ယောက်က သူ့လိုပဲ ကိုယ်လုံးတီးနဲ့ ရပ်နေ၏။ ဟုန်ကျွင့်လောက်ပဲ အရပ်ရှိကာ ပိန်ပိန်ပါးပါး ဝမ်းဗိုက်ကြွက်သားတွေ အပြည့်နဲ့ ငွေရောင်အလွှာဖြင့် အုပ်ထားပုံရသည်။ ဟုန်ကျွင့်ကို မြင်သောအခါ သူက မျက်ခုံးပင့်ကာ အနည်းငယ် ပြုံး​ပြလိုက်သည်။


"လု...လု..."


ဟုန်ကျွင့်သည် လုရွှီ၏ ပြီးပြည့်စုံလုနီးပါး ခန္ဓာကိုယ်ကို ရုတ်တရက် မြင်လိုက်ရပြီး နှာခေါင်းသွေးလျှံလုနီးပါး ဖြစ်နေသော်လည်း လုရွှီမှာ အနည်းငယ် အရှက်ကွဲသွားပုံဖြင့် ခေါင်းကို လှည့်ကာ ပြောသည်။


"ထပ်တွေ့ပြန်ပြီနော်...ကို​ကို...."


ဟုန်ကျွင့် : "..."


လုရွှီ သူ့လက်ကို မြှောက်လိုက်ပြီး တစ်ဖက်သားရဲ့ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားတဲ့ အလင်းတန်းတစ်ခု ထွက်လာပြီး အင်္ကျီမပါသောလည်း ဘောင်းဘီအဖြူနဲ့မို့ ဟုန်ကျွင့် အဆင်ပြေသွားသည်။ 


“ဒါက ပိုကောင်းပါတယ်...”


လုရွှီ: "မင်းလည်း အပေါ်ထပ် ဝတ်ချင်လား... ယောင်ကျင်းနန်းတော်က လူတွေက အပေါ်ထပ်ဝတ်လေ့ မရှိဘူးဆိုတာ ငါသိပါတယ်.... နောက်ကျောမှာ ပတ်ထားတဲ့ အဝတ်တွေနဲ့ဆို အမြဲတမ်း အဆင်မပြေတတ်ဘူးမလား..."


ဟုန်ကျွင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ငှက်များသည် များသောအားဖြင့် ၎င်းတို့၏ အတောင်များကို အလေးထားကြပြီး မိစ္ဆာအသွင် ပြောင်းလဲသွားသောအခါ အဝတ်များ ပျောက်ကွယ်သွားသည့်တိုင် ဟုန်ကျွင့်မှာ အတောင်ကို တကယ် အသုံးမချတတ်​သေးပေ။


"ဒါက ဘယ်​​နေရာလဲ" ဟုန်ကျွင့် မျက်​​မှောင်​ကြုတ်​ကာ။ 


"မင်း အဆင်​​ပြေရဲ့လား"


ဟုန်ကျွင့် လုရွှီဘက်ကို ကြည့်လိုက်တော့ လုရွှီက အသက်ပြင်းပြင်းရှူပြီး ပြန်ဖြေ၏။ 


"ဒါက ပန်းချီကားထဲက 'သမင်ဘုရင်ရဲ့ ခန္ဓာကိုယ်အစစ်' ပဲ" 


ဟုန်ကျွင့် ​ငြိမ်နေပေမယ့် အခုချိန်မှာတော့ လုရွှီက သူ့ကို စိုက်ကြည့်ရင်း ရေကန်ထဲက သစ်သားခွက်လေးကို ကောက်ကိုင်လိုက်ပြီး ရေကို ကမ်းပေးလာတာကြောင့် ဟုန်ကျွင့် တစ်ခွက်သောက်ပြီး နောက်တစ်ခွက် ထပ်သောက်လိုက်သည်။ 


လုရွှီ: "အတွင်းနတ်ဆိုးက ဒီတောအုပ်နဲ့ မဝေးပါဘူး... ပန်းချီကားထဲကို ပြန်ရောက်တော့ ငါ့ဝိညာဉ်နဲ့ အတွင်းနတ်ဆိုးက ကွဲကွာသွားခဲ့တာ..."


ဟုန်ကျွင့်: "မင်း ငါနဲ့ အပြင် ထွက်သွားလို့ရလား"


လုရွှီ သူ့ခေါင်းကို ခါလိုက်ပြီး "ဒီပန်းချီကားကို နတ်ဆိုးတစ်ကောင်က ထားခဲ့ချင်တဲ့ အခါတိုင်း ငါတို့ကလည်း တစ်ဖန် ပြန်ပေါင်းသွားလိမ့်မယ်... အရင်တုန်းကတော့ ငါတို့မှာ ခန္ဓာကိုယ်မရှိဘူး ဝိညာဉ်ခန္ဓာနဲ့ပဲ လှုပ်ရှားနိုင်ခဲ့တယ်... လူ့ခန္ဓာကိုယ်နှင့် ကျန်တစ်ကောင်က အတွင်းနတ်ဆိုးပဲ... အတွင်းနတ်ဆိုးကို လွှတ်လိုက်တာနဲ့ ငါ့ကိုယ်ငါ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူး... ကံကောင်းချင်တော့.. ကိုကို.... မင်းနဲ့ သမန်းဝံပုလွေက ငါ့ဦးချိုကို ဖြတ်တောက်ပစ်နိုင်ခဲ့တယ်လေ..."


"မင်းက ငါ့ထက် အသက်ကြီးတယ်" ဟုန်ကျွင့် ဘာပြောရမှန်း မသိပေမယ့် ရုတ်တရက် အတွေးပြောင်းသွားပြီး။ 


"အမြဲတမ်း အစ်ကိုလို့ မခေါ်ပါနဲ့တော့... ကြားရတာ ကိုးလို့ကန့်လန့်ကြီး..."


လုရွှီသည် ရေကူးကန်၏ အစွန်းဘက်သို့ လှမ်းတက်ကာ မေးစေ့ကို မြှောက်လျက် ဟုန်ကျွင့်ား ရေကူးကန်ထဲသို့ ကြည့်ရန် အချက်ပြလိုက်သည်။ ဟုန်ကျွင့်လည်း ရေကူးကန်ထဲသို့ ငုံ့ကြည့်လိုက်ပြီး ခဏ တိတ်ဆိတ်သွားခဲ့သည်။


တောက်ပတဲ့ ကြယ်တစ်ညဟာ ရေကူးကန်ထဲမှာ ကလေးတစ်ယောက်ဟာ သူ့အ​ဖေလည်ပင်းကိုစီးလျက် ပါလာ၏။ အမျိုးသားက အိမ်တံခါးကို ခေါက်နေသည်။ အဲဒီအိမ်က မော့ရစ်ကန်းရှိတဲ့ ချီလျန်တောင်ခြေက ရှစ်ဝေရွာပါပဲ။


ထိုမိသားစုတွင် မွေးကင်းစ ကလေးငယ်တစ်ဦး မွေးဖွားလာသည်။ ခုန်ရွှမ်းသည် သူ့လက်ထဲက ကလေးကို အောက်သို့ချကာ မွေးကင်းစကလေးကို ချီကာ ၎င်း၏ ရင်ဘတ်၊ ဝမ်းဗိုက်နှင့် နောက်ကျောတို့ကို ထိလိုက်သည်။


ဟုန်ကျွင့် : "ဒါက..."


လုရွှီ: "အကြီးက မင်းပဲ... အငယ်က ငါ"


လုရွှီသည် ဟုန်ကျွင့်ကို တောင်းပန်သော အပြုံးဖြင့် ကြည့်လိုက်သည်။


ကလေးငယ် ရေချိုးပြီးနောက် လုရွှီဖခင်က မွေးကင်းစကလေးကို ပွေ့ချီထားသည်။ ခုန်ရွှမ်းက ဟုန်ကျွင့်လေးရဲ့ လက်ကို ဆုပ်ကိုင်ထားပြီး နှစ်ယောက်သား ထိုင်ကာ စကားပြောနေကြသည်။


မြင်ကွင်းက ပျောက်သွား၏။


လုရွှီက ပြုံးပြီး "ဟုန်ကျွင့်....ငါမင်းရောက်လာတဲ့အထိ စောင့်နေတာ...." 


ထို့နောက် လုရွှီသည် ရေကူးကန်၏ အစွန်းပေါ်သို့ တက်ပြီး ဟုန်ကျွင့်ဆီသို့ ပြေးလာခဲ့သည်။ ဟုန်ကျွင့် အော်ဟစ်လိုက်မိစဥ် လုရွှီကသူ့ကို မြေပြင်ပေါ်သို့ တွန်းလှဲကာ ဖက်ထားလိုက်လေပြီ။ 


ဟုန်ကျွင့်: "ငါမင်းကို ပြောပါဦးမယ်! မင်းက ငါ့နာမည်ကလွဲလို့ တခြားဘယ်သူ့ကိုမှ မမှတ်မိဘူးလား"


ဟုန်ကျွင့် လုရွှီကို မြေကြီးပေါ်ကနေ ပြန်ဆွဲတင်လိုက်ပြီး သူတို့နှစ်ယောက် ရေကန်​​​ဘေး​မှာထိုင်လိုက်စဥ် လုရွှီ အနည်းငယ် ဝမ်းနည်းသွားပုံဖြင့်။ 


"အဲဒီတုန်းက ငါ့မှာ ဝိညာဉ်တစ်ခုပဲ ရှိသေးတယ်လေ....သူ့ကို မင်းနဲ့တူတယ်လို့ ငါထင်ခဲ့တာ...."


"ငါ့အဖေနဲ့ တူတာလား"


"ဟုတ်မယ်" 


လုရွှီ ခေါင်းညိတ်ပြလိုက်သည်။ 


ဟုန်ကျွင့်: "လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က အမေအကြောင်း အိပ်မက်မက်ခဲ့တယ်"


လုရွှီက သူ့ခေါင်းကိုလှည့်ပြီး ဟုန်ကျွင့်ကို ကြည့်လိုက်သည်။ 


"အဲဒီအိပ်မက်တွေက မမှန်ဘူး... အကုန်လုံးက လုံးဝအမှန် မဟုတ်ဘူး" 


ဟုန်ကျွင့် လုရွှီရဲ့ လက်မောင်းကို ချက်ချင်း ဆွဲကိုင်လိုက်သည်။ 


"သူတို့အကြောင်း ပိုရှင်းရှင်းလင်းလင်း မြင်မက်ခွင့်ပြုနိုင်မလား? ခေါင်းဆောင် အကြောင်း အိပ်မက်မက်ပြီးပြီ... တိရန်ကျယ်ကိုလည်း အိပ်မက်မက်ခဲ့တယ်..."


လုရွှီက သူ့လက်တွေကို ဖြန့်ပြီး "မင်း ငါ့ဦးချိုကို ဖြတ်လိုက်ပြီလေ..."


ဟုန်ကျွင့်လည်း သူ့နဖူးကို လက်တစ်ဖက်ဖြင့် ရိုက်ကာ လုံးဝ အားကိုးရာမဲ့ ဖြစ်သွားသည်။


လုရွှီ: "မင်း ငယ်ငယ်တုန်း တစ်ယောက်ယောက် မင်းရဲ့ မှတ်ဉာဏ်ထဲမှာ တံဆိပ်တစ်ခု ထည့်ထားခဲ့တာ မင်းသိလား"


"ဘာ?!" 


ရုတ်တရက် တောအုပ်ထဲမှာ ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းနေပြီး အဝေးက မိုးခြိမ်းသံတွေကို ကြားလိုက်ချိန်မှာတော့ လုရွှီသည် ဟုန်ကျွင့်ကို စကားမပြောရန် အချက်ပြပြီး ရေကန်​ဘောင်ပေါ်မှ သူ့လက်ကို ချက်ချင်း ဖိချလိုက်သည်။


ဟုန်ကျွင့် ကောင်းကင်ကြီးကို သတိထားပြီး ကြည့်လိုက်သည်။ ကောင်းကင်ကြီးက နံရံဆေးရေးပန်းချီလို အဝါရောင်ဖျော့ဖျော့နဲ့ အနက်ရောင် မြူတွေ ပြန့်ကျဲနေကာ အရှေ့မြောက်ဘက်သို့ ဦးတည်နေသည်။ 


"မင်းကို လိုက်ရှာနေတာ... အတွင်းနတ်ဆိုးက မင်းနဲ့ငါကို ပန်းချီကားချပ်ထဲမှာ ချည်နှောင်ထားလိုက်တာ....ငါမင်းရဲ့ဝိညာဉ်ကို တောထဲကိုခေါ်နိုင်ဖို့ မှော်စွမ်းအင်တွေနဲ့ အခွင့်အရေး ယူခဲ့ရတာ... ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ်ထဲမှာလည်း နတ်ဆိုးစွမ်းအင်တစ်ခု ရှိတယ်မလား... မဟုတ်ရင် သူ မင်းကို ပန်းချီကားထဲ ဘယ်လိုလုပ် ခေါ်မလဲ?"


"ဟုတ်တယ်" 


"ဒါပေမဲ့ ပန်းချီကားထဲဝင်ပြီးရင် မင်းရဲ့နတ်ဆိုးစွမ်းအင်နဲ့ ဝိညာဉ်က ခွဲလို့မရတော့ဘူး" လုရွှီက မျက်မှောင်ကြုတ်ပြီး 


"ငါကြည့်ပါရစေ"


သူက လှည့်ကြည့်လိုက်ပြီး ဟုန်ကျွင့်ရဲ့ ရင်ဘတ် ကြွက်သားတွေကို ထိကြည့်ဖို့အတွက် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့ရဲ့ဖြူဖွေးနေတဲ့ လက်ချောင်းတွေက ဟုန်ကျွင့်ရင်ဘတ်ထဲကို နစ်မြုပ်သွား၏။


တခဏချင်းမှာပဲ ဟုန်ကျွင့်သည် လုရွှီရဲ့လက်ချောင်းက သူ့နှလုံးသားကို တိုက်ရိုက် ထိုးနေတာကို ခံစားလိုက်ရတာမလို့ သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားပေမယ့် လုရွှီက ထိလိုက်ပြီးနောက် လက်ကို ချက်ချင်း ပြန်ဆုတ်သွားသည်။ 


"တစ်ခု...ခု..." လုရွှီ မဝံ့မရဲနဲ့ ပြောလိုက်သည်။


"နတ်ဆိုးမျိုးစေ့" ဟုန်ကျွင့် တိုးတိုး​​လေး ပြောသည်။


နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အကြာကြီး ကြည့်နေကြသည်။ 


"ငါသိတယ်"


လုရွှီ: "မင်းက နတ်ဆိုးလား...ဘာလို့ နတ်ဆိုးစွမ်းအင်ကို အများကြီး မစုပ်ထားတာလဲ..."


"မမေးနဲ့ ငါလည်းမသိဘူး" 


လုရွှီကတော့ တစ်စုံတစ်ခုကို နားလည်သွားသလို ဟုန်ကျွင့်ကို ကြည့်ပြီး ခေါင်းညိတ်ပြလေ၏။ 


"စိတ်မပူပါနဲ့ ငါ မင်းကို ကာကွယ်ပေးမယ် "


ဟုန်ကျွင့် ရှိုက်ကြီးတငင် ပြုံးနေသော်လည်း အကြောင်းပြချက်မရှိဘဲ ဝမ်းနည်းနေမိသည်။


လုရွှီ: "သူတို့ အခု မော့ကောင်းဂူထဲမှာ မင်းကို ရှာနေလိမ့်မယ်... အတွင်းနတ်ဆိုးက မင်းကို ပန်းချီကားထဲမှာ ပိတ်မိနေတဲ့ ဓားစာခံအဖြစ် ဆက်ဆံပြီး သူတို့နဲ့ အလဲအလှယ် လုပ်လိမ့်မယ်။ အတွင်းနတ်ဆိုး ထပ်ထွက်လာရင် ငါ မင်းကို လွှတ်​ပေးဖို့ အခွင့်ကောင်း ယူလို့ရတယ်... ငါ့နောက်လိုက်ခဲ့"


ဟုန်ကျွင့်မှာ မေးစရာ မေးခွန်းများစွာ ရှိပါသေးသော်လည်း လုရွှီက သူ့ကို လက်ဖြင့်ပုတ်ကာ မတ်တပ်ရပ်ခိုင်းနေပြီ။ 


"ဒီမှာ လမ်းရှိသေးတယ်... သွားရအောင်!"


သစ်ပင်တွေရဲ့ အရိပ်တွေက ကခုန်နေပြီး နေရောင်က တောက်ပြောင်နေသည်။ ဟုန်ကျွင့်မှာ ရေခဲနဲ့ နှင်းထဲမှာ အချိန်အတော်ကြာအောင် နေခဲ့ရတာကြောင့် ချန်အန်းရဲ့ နွေရာသီကိုတောင် ချက်ချင်း လွမ်းဆွတ်သွားသည်။ 


ဟုန်ကျွင့်: "မင်းရဲ့အိမ်က အရမ်းလှတာပဲ မင်းဒီမှာနေတာ ဘယ်လောက်ကြာပြီလဲ...."


ဟုန်ကျွင့်သည် ပန်းချီကားတစ်ချပ်မှာ နေထိုင်ရတာက အရမ်းကောင်းတယ်၊ ရိုးရှင်းတယ်၊ လှတယ်၊ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်ကာ အထီးကျန်နေသလိုပဲလို့ ခံစားရလေ၏။ 


"မသိဘူး"


လုရွှီလည်း သူ့မျက်လုံးထဲမှာ ရှုပ်ထွေးတဲ့ အရိပ်အယောင်နဲ့ ပြန်ပြောသည်။ 


"ငါ ငယ်ငယ်ကတည်းကလား...သိတတ်တဲ့ အရွယ်ရောက်တော့ အသိစိတ်တွေက ပန်းချီကားထဲ ရောက်နေပြီ"


လုရွှီရဲ့ လူဝင်စားခြင်း လုပ်ငန်းစဉ်ကို ဖြတ်တောက်လိုက်သောကြောင့် သူသည် သမင်ဖြူဖြစ်စဥ်အချိန်က မှတ်ဉာဏ်များ ပျောက်ဆုံးသွားခဲ့သည်။ ၎င်းမှာ လူဝင်စားချိန်၌ ဝိညာဉ်စွမ်းအားအပြည့် ရှိသောကြောင့် ဖြစ်နိုင်သည်။ အများဆုံး မှတ်မိတာက ခုန်ရွှမ်းနဲ့ သူ့သားဖြစ်သည်။ ကျန်တာ ရှင်းရှင်းလင်းလင်း မမှတ်မိချေ။ 


သူသိတာက ဒီပန်းချီကားထဲမှာ သူနေထိုင်ပြီး တစ်ခါတလေ အိပ်ပျော်နေတတ်သည်။ တစ်ခါတလေ နိုးလာတဲ့အခါ ပန်းချီကားထဲမှာ ရှိနေကာ သူ့မျက်လုံးတွေနဲ့ ကမ္ဘာကြီးရဲ့ အရာအားလုံးကို မြင်နေခဲ့ရသည်။ 


ဟုန်ကျွင့် အံ့သြတကြီးနဲ့ “အဲဒါ ပြောရမယ်ဆိုရင် အဲဒီတုန်းက…”


"ဟုတ်တယ်" လုရွှီ ခေါင်းညိတ်ပြီး။ 


"မင်းနဲ့ ဝံပုလွေကို ငါ တွေ့ခဲ့တယ်လေ... ငါ မင်းတို့ကို မော့ကောင်းဂူဆီကို ခေါ်သွား​စေချင်ခဲ့တာ... "


ဟုန်ကျွင့် အသက်ပြင်းပြင်း ရှူလိုက်သည်။ ထိုစဥ် လုရွှီက အနည်းငယ် ဝမ်းနည်းသွားပုံဖြင့်။ 


"ပလိပ်ရောဂါနတ်ဘုရားနဲ့ ဆန်းကြယ်မိန်းမပျို နှစ်ယောက်စလုံး ပန်းချီကားထဲကို ဝင်သွားပြီ... အနက်ရောင်နဂါးလည်း ရှိတယ် သူ့ကို 'မိစ္ဆာဘုရင်' လို့ခေါ်တယ်"


နှစ်ယောက်သား တောအုပ်ထဲက ထွက်လာခဲ့ရာ အဝေးမှာ နန်းတော်တစ်ခု ပေါ်လာတာကို တွေ့လိုက်ရသည်။ 


လုရွှီ: "အဲဒါက ငါ ငယ်ငယ်ကတည်းက သိမ်းပိုက်ထားတဲ့ ငါ့ရဲ့နောက်ထပ် နေရာတစ်ခု... "


လုရွှီဟာ သူ့ကိုယ်သူ ငယ်ငယ်လေးကတည်းက ပန်းချီကားထဲမှာ တစ်ယောက်တည်း နေခဲ့ရတာကို ပြောလာခဲ့သည်။ ဟုန်ကျွင့် မထင်ထားတာကြောင့် လုရွှီပုခုံးကို လက်တစ်ဖက်နဲ့ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။


“မင်းဒီမှာ နေခဲ့ရတာ ဆယ့်ရှစ်နှစ်တောင်?"


လုရွှီ ခေါင်းညိတ်ပြီး ပြော၏။


"တစ်ခါတလေ အပြင်မှာ ငါ့မိဘတွေရဲ့ ပြုစုစောင့်ရှောက်မှုကို ငါမြင်ရတယ်... ကံမကောင်းချင်တော့ သူတို့ကလည်း သေကုန်ပြီ"


ဟုန်ကျွင့် မျက်လုံးတွေ နီရဲလာသည်။ မော့ကြည့်လိုက်တော့ သူတို့ တစ်ယောက်ကို တစ်ယောက် ခဏလောက် စိုက်ကြည့်လိုက်မိပြန်သည်။ 


"ငါ ဒီမှာ ချိတ်ပိတ်ခံထားရတုန်းက မင်းငါ့ကို ရှာတွေ့မှာလားလို့ ခဏခဏ တွေးမိသေးတယ်... အပြင်မှာ နေထိုင်တဲ့ ခန္ဓာကိုယ်ကို ငါ မထိန်းနိုင်တော့ဘူး သူတို့က ငါ့ခန္ဓာကိုယ်ကို နေရာတကာ လိုက်ရှာနေတုန်းပဲ... ဒါပေမယ့် မင်းတို့ကိုတော့ ငါ ရှာ​တွေ့​​စေချင်တယ်... အရမ်းကြီး ပြလို့မရတော့ ပန်းချီကားကို ချက်ချင်း ပြန်ဝင်ရတယ် မဟုတ်ရင် ငါ့ကို ရှာတွေ့သွားလိမ့်မယ်..." 


ဟုန်ကျွင့် ထိတ်လန့်သွားပြီး "အဲဒါကြောင့် အဲဒီနေ့ပြီးတော့..."


ထို့ကြောင့် အဆုံးတွင် လုရွှီသည် အတားအဆီးကိုချိုးဖျက်ပြီး သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ဟုန်ကျွင့်ကို မော့ကောင်းဂူသို့ ခေါ်ဆောင်သွားခဲ့သည်။ သို့သော် ထိုညတွင် ပလိပ်နတ်ဘုရားနှင့် ဆန်းကြယ်မိန်းမပျိုတို့သည် လုရွှီကို ပန်းချီကားထဲမှ ဆွဲထုတ်ခဲ့သည်။ သဲလွန်စများကို အမှတ်တမဲ့လိုက်ခဲ့ရုံနဲ့ လောကထဲက သူ့ခန္ဓာကိုယ်ကို ရှာတွေ့သွားခဲ့သည်။


လုရွှီ ဝမ်းနည်းစွာနဲ့ "... ငါ ပန်းချီကားထဲ လှမ်းဝင်ပြီးတာနဲ့ မင်းရဲ့အိပ်မက်ကို နတ်ဆိုးက ချုပ်ကိုင်ထားပြီ..."


သူတို့နှစ်ယောက်က နန်းတော်တစ်ခုဆီ ရောက်လာစဥ် ဟုန်ကျွင့်က လှည့်မေးလိုက်၏။ 


"အတွင်းစိတ်ဝိညာဉ်က ဘယ်လို ပေါ်လာတာလဲ"


ထိုအချိန်တွင် ပန်းချီကား အပြင်ဘက်မှာတော့ ငါးကြင်းနတ်ဆိုးသည် အိပ်ပျော်နေသော ဟုန်ကျွင့်ကို ပွေ့ဖက်ကာ "ဟုန်ကျွင့် ဟုန်ကျွင့်" ဟု အော်ခေါ်နေသည်။ လီကျင်လုံ ဟုန်ကျွင့်ရဲ့ အသက်ရှုသံကို နားထောင်နေစဥ် မော့ရစ်ကန်းကလည်း လုရွှီရဲ့ သွေးခုန်နှုန်းကို စစ်ဆေးကြည့်​နေရာ နှစ်ယောက်သား ကျယ်လောင်စွာ ငြင်းခုံ​နေကြသည်။ 


"တိတ်တိတ်နေစမ်း!" တစ္ဆေဘုရင်က ဟောက်လိုက်သည်။ 


အားထိုက်: "ဘာဖြစ်ကုန်တာလဲ" 


မော့ရစ်ကန်း: "အသက်ရှုနေတယ်... သွေးခုန်နှုန်းကလည်း ပုံမှန်ပဲ.... အိပ်မက်ထဲ ဝင်သွားတာ?" 


တစ္ဆေဘုရင်: “ဝိညာဉ်က ခန္ဓာကိုယ်ထဲက ထွက်သွားတာ... မင်းတို့ နောက်ဆုံးတွေ့ခဲ့တာက ဘာလဲ။” 


လီကျင်လုံလည်း ပန်းချီကားထဲ ဝင်သွားတဲ့ အနက်ရောင်စွမ်းအင်ရဲ့ မြင်ကွင်းကို အတိုချုံးပြောပြလိုက်တော့ အားလုံးက သမင်ဘုရင်ပန်းချီကားကို မျှော်ကြည့်ရင်း ဆွံ့အသွားသည်။ 


တစ္ဆေဘုရင်: “ဒီပန်းချီကားထဲကို ဝင်သွားပြီ” 


အားရှစ်နရှုံ: "မှော်လက်နက်တွေ အားလုံး ရှိနေတုန်းပဲ... ညီလေးက ပြဿနာ တတ်တော့မှာပဲ.."


လီကျင်လုံ နံရံဆေးရေးပန်းချီကို ကြည့်လိုက်ရာ နံရံကို အနက်ရောင် စွမ်းအင်အလွှာဖြင့် ဖုံးအုပ်ထားတာ တွေ့လိုက်ရသည်။ 


တစ္ဆေဘုရင်: “မလန့်နဲ့... မင်းတို့ရဲ့ ဝိညာဉ်တွေကို မင်းတို့ရဲ့ ခန္ဓာကိုယ်ကနေ ထွက်သွားပြီး သူ့ကို ကယ်တင်နိုင်ဖို့ ငါလုပ်ပေးမယ်...."


မော့ရစ်ကန်းလည်း ရုတ်တရက် တစ်ခုခုကို တွေးမိသွားတာကြောင့် ဖြတ်မေးလိုက်သည်။ 


"တစ်နည်းဆိုရရင် သူတို့ရဲ့ ဝိညာဉ်တွေက ပန်းချီကားထဲမှာ ရှိနေတုန်းပဲပေါ့... ဒါဆို နတ်ဆိုးစွမ်းအင်တွေလည်း......"


တစ္ဆေဘုရင်: “အရမ်း မပျော်နေနဲ့ဦး... အရင်စမ်းကြည့်ရအောင်”