(61) ကြီးထွားလာသော သံသယ
Viewers 5k

Chapter (61)

ကြီးထွားလာသော သံသယ 



ဟုန်ကျွင့် အသက်ပြင်းပြင်း ရှူလိုက်သည်။ ထိုအခါ မျက်လုံးပြူးကျယ်ကျယ်နဲ့ ငါးကြင်းနတ်ဆိုးက ချက်ချင်း ဆက်ပြောလေ၏။ 


"အရမ်းမတွေးပါနဲ့ ဟုန်ကျွင့်... သူတို့ကတော့ အဲဒီလူက လုရွှမ် မဟုတ်ဘူးလို့ ပြောတယ်..."


ထို့နောက် အပြင်းအထန် တိုက်ပွဲအပြီးတွင် လီကျင်လုံ သတိရလာသော ဟုန်ကျွင့်ကို ဝံပုလွေကြီးနဲ့အတူ သယ်ဆောင်ကာ အနောက်မြောက်ဘက်သို့ ထွက်ခွာသွားခဲ့သည်။ လျိုဖေးနဲ့ မော့ရစ်ကန်းက အနီးနားတွင် ဆေးဘက်ဆိုင်ရာ အကြံဥာဏ်ရယူရန် ရိုးရိုးရှင်းရှင်း စီစဉ်ထားခဲ့သော်လည်း လီကျင်လုံက ကွာကျိုးတွင် ဆွေမျိုးများ ရှိနေသေးကြောင်း ဟုန်ကျွင့်ဆီက ကြားမိကြောင်း ပြောလာခဲ့သည်။


"ဘာလို့လဲ" ဟုန်ကျွင့်က ထပ်မေးသည်။


ငါးကြင်းနတ်ဆိုးက "မော့ရစ်ကန်းက ပြောတယ်...ဆွေမျိုးတွေနဲ့ ချစ်ခင်ရတဲ့သူတွေ အနားမှာ ရှိနေတဲ့အခါ အိပ်မက်ဆိုးတွေက ဝေးကွာသွားလိမ့်မယ်တဲ့...အဟုတ်ပဲနော် မင်းဒီကိုရောက်ပြီး နောက်တစ်နေ့မှာပဲ နိုးလာတာ"


ဟုန်ကျွင့်လည်း ပထမဆုံးအကြိမ် နိုးလာပြီးနောက်တွင် သူ ပြန်အိပ်ပျော်သွားသော်လည်း အိပ်မက် မမက်တော့ကြောင်း သတိရမိသည်။


"လုရွှီ ဘာဖြစ်သွားတာလဲ?"


ငါးကြင်းနတ်ဆိုးက အချိန်အကြာကြီး တုံ့ဆိုင်းနေပြီး နောက်ဆုံးမှာတော့ ပြောပြလာသည်။ 


“ခေါင်းဆောင် ခန့်မှန်းမိတာတော့ သူ့ကို သူတို့ဖမ်းသွားပြီ...အဲဒါကြောင့် အခုလိုမျိုး ဖြစ်သွားတာတဲ့” 


ဟုန်ကျွင့် :"!!!"


ငါးကြင်းနတ်ဆိုး: "ငါတို့ပြန်တွေ့တော့ သူက အနက်ရောင် ဝတ်ထားပြီလေ"


ယခင်က ထွက်သွားချိန်မှာ လုရွီီဟာ ကင်းထောက်ဝတ်စုံကို ၀တ်ဆင်ထားကြောင်း မြို့တံခါးစောင့်ကနေတစ်ဆင့် ဟုန်ကျွင့် သတိရမိပေမယ့် သူတို့ပြန်တွေ့တော့ အမှန်ပဲ အနက်ရောင်ကို ဝတ်ထားလေ၏။ မူလကတည်းက နှစ်ယောက် ရှိခဲ့တာဆိုရင်တော့ ဘာမှအဓိပ္ပာယ် မရှိ​တော့ဘူး။


"ဒါဆို လျိုဖေး ပြန်လာတာက..." 


ဟုန်ကျွင့်က ကွဲအက်နေသော အချက်အလက်များထဲမှ အဓိက သော့ချက်ကို ခန့်မှန်းလိုက်သည်။


"အဲဒါ ငါပြောတာ မဟုတ်ဘူးနော်!.. ငါဘာမှ မပြောဘူး!"


လျိုဖေးဟာ လမ်းတစ်ဝက်မှာ လုရွှီကို ခေါ်တင်သွားပေမယ့် တစ်နေရာရာမှာ တိုက်ခိုက်ခံခဲ့ရတဲ့အတွက် လုရွှီကို ထိုလူတွေက ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ဆန်းကြယ်မိန်းမပျိုက လုရွှီနဲ့ ဟုန်ကျွင့်ကို ထိန်းချုပ်ခဲ့သည်။


"သူက သခင်​ဖြူလား?" ဟုန်ကျွင့် ဟစ်အော်လိုက်မိသည်။


ငါးကြင်းနတ်ဆိုးက မဖြေပေ။ သို့သော် ဟုန်ကျွင့်ရဲ့ နှလုံးသားကတော့ ရုတ်တရက် တုန်ခါသွားသလို ခံစားလိုက်ရသည်။ 


"ဟုန်ကျွင့် မင်းအဆင်ပြေရဲ့လား?" 


တံခါးအပြင်ဘက်မှ လီကျင်လုံရဲ့ အသံ ထွက်လာသည်။ သူ့အသံကို ကြားလိုက်သောအခါ ဟုန်ကျွင့်ခမျာ အိပ်မက်ထဲတွင် သူခံစားခဲ့ရသည့် နာကျင်မှုကို ချက်ချင်း တွေးလိုက်မိ၏။ လီကျင်လုံက အခန်းထဲသို့ ဝင်လာပြီး သူ့ရှေ့တွင် ဒူးထောက်ကာ စိုးရိမ်တကြီး ကြည့်နေလေသည်။


"မင်းသင်္ချိုင်းမှာ ဘာအိပ်မက်​တွေ မက်နေခဲ့တာလဲ" 


အိပ်မက်ထဲက အရာအားလုံး ဘယ်လောက်ထိ အစစ်အမှန်လဲ ဆိုတာ ဟုန်ကျွင့် ကိုယ်တိုင်တောင်မှ အတည်မပြုနိုင်သေးချေ။ လုရွှီက သူ့စိတ်ကို ထိန်းချုပ်ဖို့ တမင်တကာ ပုံရိပ်ယောင်တွေ ဖန်တီးခဲ့တာ ဆိုရင်ရော။ 


ငါးကြင်းနတ်ဆိုး: "ငါတို့အိမ်က ဟုန်ကျွင့်ကို ဒုက္ခမပေးဖို့ မင်းကို ငါပြောထားတယ် မဟုတ်ဘူးလား"


လီကျင်လုံက မျက်မှောင်ကြုတ်ပြီး "ငါ သူ့ကို စိတ်ပူနေတာ!"


လီကျင်လုံရဲ့ တစ်ကိုယ်လုံးသည် ယခင်က ဟုန်ကျွင့်ရဲ့ဓားပျံများကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့သော်လည်း အတွင်း၌ ပတ်တီးများ ပတ်ထားသဖြင့် မသိသာပေ။ အဆက်မပြတ် နာကျင်ခြင်းသည် လူကို အလွန်ထိတ်လန့်စေကာ ကြမ်းတမ်းသော စကားများကိုပင် မညှစ်ထုတ်နိုင်တော့ဘဲ ဖြစ်နေသည်။ 


ဟုန်ကျွင့် ရုတ်တရက်မေး၏။ 


"ကျင်လုံ...မင်း ငယ်ငယ်တုန်းက မင်းမိသားစုက ဖူရှင်ဖန်းမှာ နေခဲ့တာလား"


လီကျင်လုံ အံ့အားသင့်သွားပြီး "မင်းကိုငါ ပြော​ပြဖူးလို့လား...အင်း ကွန်ဖူဘုရားကျောင်းနဲ့ သိပ်မဝေးဘူး" 


ဟုန်ကျွင့် လီကျင်လုံရဲ့ မျက်လုံးတွေကို ကြည့်ပြီး အစမ်းသဘောနဲ့ မေးကြည့်လိုက်သည်။


"မင်းရဲ့ခြံထဲမှာ စိုက်ထားတဲ့ သလဲပင်တစ်ပင် ရှိတယ်" 


လီကျင်လုံက ရယ်ပြီး "မင်းဘယ်လိုသိလဲ ငယ်ငယ်က ငါ့ကို အိပ်မက်မက်ခဲ့တာလား"


ဒီစကားကို ကြားလိုက်တဲ့အခါ ဟုန်ကျွင့်နှလုံးသားလေးမှာ ရုတ်တရက် အမှောင်ထဲ နစ်မြုပ်သွားခဲ့တော့သည်။ 


"ကိုးနှစ်သားတုန်းက အဖြစ်အပျက်ကို မှတ်မိသေးလား" 


လီကျင်လုံ မျက်မှောင်ကြုတ်သွားပြီး "ဟုန်ကျွင့်... မင်း ဘာအိပ်မက်​တွေ မက်နေခဲ့တာလဲ?"


"ကျွန်​တော့်ကိုဖြေပါ ကျင်လုံ"


လီကျင်လုံလည်း စိတ်ရှုပ်ထွေးစွာနဲ့ ကြည့်နေခဲ့သည်။ ထိုနေ့တွင် လုရွှီရဲ့ ခြယ်လှယ်ခြင်းကို ခံရပြီးကတည်းက ဟုန်ကျွင့်တစ်ယောက် စိုးရိမ်စိတ်များစွာ ရှိလာခဲ့ပြီး ဂရုစိုက်မှု မရှိတော့ပေ။


လီကျင်လုံ: "မော့ရစ်ကန်းနဲ့ ငါ့ရဲ့ ခန့်မှန်းချက်အရ လုရွှီက အိပ်မက်ထဲကို ဝင်လာနိုင်တဲ့ စွမ်းအားရှိတဲ့ သမင်​ဖြူနတ်ဘုရားပဲ ဒါပေမဲ့ သူ့ကို မိစ္ဆာဂိုဏ်းက ဖမ်းသွားပြီ... အခုတော့ သူက အရင်လုရွှီ မဟုတ်တော့ဘူးလို့ ပြောလို့ရတယ် ”


ဟုန်ကျွင့်က "အင်း" လို့ အသံပြုရင်း လီကျင်လုံရဲ့ အကြည့်များကို ရှောင်လိုက်ပြီး။


"သူ့ကို သွားကယ်မယ်မလား?"


"မင်းပြန်ကောင်းလာတဲ့အထိ စောင့်ရမယ်..." 


လီကျင်လုံကတော့ ဟုန်ကျွင့်ရဲ့ မျက်လုံးတွေဆီကနေ လွှဲမသွားခဲ့ချေ။ 


"သမင်ဖြူကို မိစ္ဆာဘက်က ချုပ်ကိုင်လိုက်တာနဲ့ သူထုတ်လွှတ်လိုက်တဲ့ အနက်ရောင် စွမ်းအင်က လူတွေကို အိပ်မက်ဆိုးတွေထဲ ကျရောက်သွားစေနိုင်တယ်... ဒီအိပ်မက်ဆိုးက အစစ်အမှန်မဟုတ်ပါဘူး... ငါ့ကိုပြောပါ ဟုန်ကျွင့် မင်းဘာတွေမက်နေတာလဲ"


"ကျင်လုံ ကျွန်​တော့်ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးမျိုးစေ့ ရှိတယ်"


လီကျင်လုံ: "..."


"မင်း အကုန်လုံးကို သိသွားတာလား" လီကျင်လုံ အံ့သြသွားသည်။


"ငါပြောတာ မဟုတ်ဘူးနော်!"


ငါးကြင်းနတ်ဆိုးက အမြန်လေး ခေါင်းခါလေ၏။ 


"အဲဒါက ဒီနေရာမှာ..." ဟုန်ကျွင့်က သူ့နှလုံးသားကို လက်ညှိုးထိုးပြပြီး။ 


"ကျောက်ကျစ်လုံနဲ့ ဘာမှမဆိုင်ဘူး...ကျွန်တော် ကိုယ်တိုင် ခံစားရတာ"


"ဒါ အိပ်မက်တစ်ခုပဲ...ဒါ အိပ်မက်တစ်ခုပဲ ဟုန်ကျွင့်!"


ဟုန်ကျွင့် ရင်ဘတ်က လက်က ပြင်းထန်စွာ ဆွဲယူခံလိုက်ရသည်။ 


"ငါ့ကိုယုံပါ... မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဘာမျိုးစေ့မှ မရှိပါဘူး...ဟုန်ကျွင့်!"


လီကျင်လုံက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ဟုန်ကျွင့်ရဲ့ လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ ဟုန်ကျွင့်မှာ မသိစိတ်က ခွဲထွက်သွားချင်သော်လည်း နွေးထွေးတောက်ပသော စွမ်းအားတစ်ခုက သူ့သွေးကြောတွေထဲ ထိုးဖောက်ဝင်ရောက်ကာ သူ့တစ်ကိုယ်လုံးသို့ ထိုးသွင်းလိုက်သည်။


လီကျင်လုံရဲ့ လက်ဖဝါးမှ အလင်းရောင်က သူ့ကိုယ်ထဲ တဖြည်းဖြည်း စိမ့်ဝင်လာသည်။ ထိုအလင်းရောင်က သူ့ကို နတ်ဆိုးနှင်ဌာနရဲ့ ဆောင်းဦပိုင်း ဆောင်းဦးပေါက်ချိန်၊ နေရောင်ထဲတွင် ရွှန်းလဲ့နေသော သဖန်းရွက်များ၊ အဖြူရောင် နှင်းဖြူ၊ ရေပူစမ်းများနှင့် နှင်းပွင့်များ ကဲ့သို့သော ပျော်ရွှင်ဖွယ်ရာ အရာများစွာကို အမှတ်ရသွားစေသည်။ 


ဟုန်ကျွင့် တဖြည်းဖြည်း ငြိမ်သက်သွားတော့မှ လီကျင်လုံက ဆိုလာ၏။ 


"ဒါတွေ အားလုံးကို မစဉ်းစားနဲ့ ဟုတ်ပြီလား?"


ဟုန်ကျွင့်က ခေါင်းညိတ်ပြသည်။ လီကျင်လုံက သူ့လက်ကို လွှတ်လိုက်ပြီး ခဏလောက် စဉ်းစားပြီးမှ စကားဆက်လေသည်။ 


"ငါ ၉ နှစ်သား အရွယ်မှာ အဖေ ဆုံးပါးသွားခဲ့ပြီး အပြင်းဖျားသွားတယ်... အဲဒီနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် တော်တော်များများက ငါ့စိတ်ထဲမှာ မှုန်ဝါးနေခဲ့တယ်...ငါ့မှတ်ဉာဏ်က ကိုးနှစ်မပြည့်ခင်မှာ ဒီလိုမျိုးအရာတွေကို မှတ်မိခဲတယ်...ဟုန်ကျွင့် ငါ့ကိုပြောပါ မင်းဘာကို အိပ်မက်မက်ခဲ့တာလဲ မင်းရဲ့မိဘတွေ သေတာကို အိပ်မက်မက်ခဲ့တာလား"


ဟုန်ကျွင့်ရဲ့ နှလုံးခုန်သံ ရုတ်တရက် တုန်လှုပ်သွားပြီး လီကျင်လုံကို ဗြောင်ကျကျဖြင့် ကြည့်ကာ တိတ်ဆိတ်နေခဲ့၏။ လီကျင်လုံလည်း သူ့မျက်လုံးများဖြင့် စိတ်မသက်မသာ ဖြစ်မှုကို ပြသလာကာ စိုးရိမ်သောကဖြင့်။ 


"ငါ့ကိုယုံပါ ဟုန်ကျွင့်!"


လီကျင်လုံက ပညာဓားကို ကိုင်ဆောင်ထားသည်။ ရွှေရောင်စစ်သည်တော်၏ မျက်လုံးများနဲ့ လီကျင်လုံရဲ့ဓား ကိုင်ဆောင်ထားသည့် အရာက ဟုန်ကျွင့်အား အိပ်မက်ထဲက အရာကို ရုတ်တရက် သတိရသွား​စေသည်။


ဟုန်ကျွင့် စကားပြောဖို့ ထပ်ခါတလဲလဲ တုံ့ဆိုင်းနေတဲ့ အချိန်မှာပဲ ကျာကျိုးက တံခါးကို လာခေါက်လေ၏။


"မင်းတို့နှစ်ယောက်ကို စိတ်အနှောင့်အယှက် ပေးမိတာ တောင်းပန်ပါတယ်... ကြယ်လေး ဦးလေးတို့ ညစာအတူတူ စားကြရအောင်"


ကျာကျိုး၏ဇနီးသည် လွန်ခဲ့သော ဆယ့်နှစ်နှစ်တွင် ကလေးမီးဖွားပြီး သေဆုံးသွားခဲ့သည်။ သားအမိနှစ်ဦးစလုံး မရှိတော့တဲ့အခါ ကျာကျိုးဟာ ဒုတိယအိမ်ထောင်ကို မစတင်ဘဲ နှစ်ပေါင်းများစွာကြာအောင် တစ်ကိုယ်တည်း နေခဲ့သည်။ အလယ်ပိုင်းလွင်ပြင်သို့ မပြန်ချင်တော့သောကြောင့် ဒီမှာပဲ နေဖြစ်ခဲ့သည်။ 


တူလေးကို ပြန်တွေ့ရတော့ သူ့စိတ်လှုပ်ရှားမှုနဲ့ နီးစပ်မှုကို ဖုံးကွယ်လို့ မရတော့ချေ။ လောလောဆယ်မှာ ပြောစရာတွေ အများကြီးရှိပုံပေါ်ပေမယ့် တူလေးက နိုးလာပြီး ဖျားနာထားတာကြောင့် ပြန်ကောင်းလာတော့မှ တစ်ဝကြီးပြောမယ်လို့ တွေးကာ နောက်ဆုံးတော့ စိတ်ကို ထိန်းလိုက်ရသည်။ 


"နှစ်ပေါင်းများစွာတောင် ကြာခဲ့ပြီ"


ထမင်းစားနေတုန်း ကျာကျိုးက ဟုန်ကျွင့်ကို မကြာခဏ ပြုံးပြသည်။ 


ဆွေမျိုးတွေကို အမှတ်တမဲ့ ခွဲခြားသိနိုင်အောင် ငြီးငွေ့လွန်းတဲ့ လူဆိုတာ ဒီလောကမှာ မရှိနိုင်ဘူးလို့ တွေးရင်း ဟုန်ကျွင့်မှာ ကျာကျိုးကိုတွေ့တော့ အရမ်းဝမ်းနည်းသွား၏။ ရှုပ်ထွေးလွန်းလှသော အရာများသည် ပြန်လည်ဆုံဆည်းခြင်း၏ ပျော်ရွှင်မှုကို လျော့ပါးသွားစေခဲ့သည်။


"မင်း ဟယ်ရှီးကိုလာဖို့က အရမ်းခက်တယ်... မင်းဦးလေးဆီလာတာ တစ်ခုခု ယူလာခဲ့သေးလား" 


ကျာကျိုးက ရယ်ပြန်သည်။


လီကျင်လုံ: "ငါတို့ ချန်အန်းမြို့မှာ ဝယ်ခဲ့သေးတယ်လေ... မင်းမေ့သွားပြီလား" 


လီကျင်လုံ သတိပေးလိုက်တဲ့အခါ ဟုန်ကျွင့် လန့်သွားလေသည်။ 


ဟုန်ကျွင့်သည် ဤကဲ့သို့ သတိပေးခံရပြီးမှသာ မထွက်ခွာမီ နောက်ဆုံးတွင် လီကျင်လုံသည် လက်ဖက်ရည်မုန့်တစ်ဗူး၊ အနီရောင် ပိုးထည်နှင့် ပုလဲဆံထိုးများကို ဝယ်ခဲ့သည်ကို သတိရမိသွားသည်။ ထိုအချိန်တုန်းက ငါးကြင်းနတ်ဆိုးတောင် လီကျင်လုံကို အမျိုးသမီးတစ်ဦးလို ၀တ်စားဆင်ယင်မလို့လားဟုပင် စနောက်ခဲ့သေးသည်။ 


"မင်းအဒေါ်က နှစ်အတော်ကြာကတည်းက ဆုံးသွားတာ နှမြောစရာပဲ...ရက်နည်းနည်းကြာရင် မင်းသူ့ကိုတွေ့ပြီး ငွေစက္ကူမီးရှို့ဖို့ လိုက်ပို့​​ပေးမယ်"


ဟုန်ကျွင့်က ခေါင်းညိတ်ပြီး "မွေးဖွား၊ အိုမင်း၊ ဖျားနာ၊ သေဆုံး၊ ဘုန်းအသရေ ချမ်းသာခြင်းတွေက ကောင်းကင်ရဲ့ အလိုတော်ပဲ... ကျွန်တော်တို့ တစ်နေ့နေ့တော့ ပြန်လည်ဆုံတွေ့ကြမှာပါ"


သူ ငယ်ငယ်တုန်းက ဒီစကားကို ချုံမင်က မကြာခဏ ပြောဖူးသည်။ အဲဒီတုန်းက သူ နားမလည်ပေမယ့် အခုတော့ နားလည်သွားလေပြီ။ ကျာကျိုးက ပြုံးပြီး ဆက်ပြောသည်။ 


"မင်းကိုတွေ့​တော့ မင်းအဖေကို ငါအမြဲတမ်း တွေးမိတယ်။ မင်းအဖေက အဲဒီတုန်းက နာမည်ကြီး သမားတော်တစ်ယောက် ဖြစ်ပေမဲ့ မင်း ကြီးပြင်းလာတော့ နတ်ဆိုးနှင်သူ တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး... မင်း ငယ်ငယ်လေးကတည်းက သူ့ခမျာ ဆေးကျွေးခဲ့ရတာလေ... အဲဒါကြောင့် မင်း ပါရမီရှင် ဖြစ်လာတာများလား"


ဟုန်ကျွင့်: "သူက အဖေရဲ့အစ်ကိုပါ နောက်တော့ ကျွန်​တော့်ကို မွေးစားပြီး သိုင်းတွေ သင်ပေးတယ်"


ကျာကျိုးက ခေါင်းညိတ်လိုက်ပြီး "ခုန်ရွှမ်း ရှီးလန်ကို ရောက်တဲ့အခါတုန်းကလေ... သူက သူ့လက်ကိုပြပြီး ငါ့အတွက် နတ်ဆိုးတွေကို နှင်ပေးခဲ့သေးတယ်..."


လီကျင်လုံသည် ကျာကျိုး၏ စကားများကို စိတ်မ၀င်စားဘဲ ဟုန်ကျွင့်မျက်နှာကိုသာ ကြည့်ပြီး မေးလေ၏။ 


"ဘယ်လို မိစ္ဆာမျိုးလဲ?"


ကျာကျိုးက ခဏလောက်စဉ်းစားပြီး ပြန်ပြောသည်။ 


"ငါမေ့သွားပြီ... အဲဒါက ယာတန်မှာ အချင်းချင်း သတ်ဖြတ်နေတဲ့ စစ်သည်တစ်စုပဲ... ခုန်ရွှမ်းက နတ်ဆိုးတစ်ကောင် ရှိနေတယ်လို့ ထင်တော့ သူကိုယ်တိုင် နတ်ဆိုးကို ဖယ်ရှားဖို့ သွားခဲ့တာ... နတ်ဆိုးတွေ ဒုက္ခရောက်သွားပြီးတော့ ဒီနှစ်အထိ ဘာမှမဖြစ်တော့ဘူး... ငါအခု ခုန်ရွှမ်းကို မစောင့်ဘဲ မင်းကိုစောင့်နေရတာ..."


ကျာကျိုးသည် ယခုအချိန်၌ ပင်ပန်းနွမ်းနယ် နေပုံရသည်။ သူသည် ရာထူးမတိုးဘဲ နယ်စပ်ကို နှစ်အတော်ကြာ စောင့်ကြပ်နေပုံရသည်မှာ ၎င်း၏ဖခင်၊ ဟုန်ကျွင့်အဘိုး ကျာတူးသည် လက်ထောက်သံတမန် ဖြစ်ကာ ကဲရှူးဟန့်က အာဏာရသွားခဲ့သည်။ မြို့နယ်ကို မြို့တော်အရာရှိများထံ လွှဲပြောင်းပေးခဲ့ရသော်လည်း ကျာကျိုးက ယွိမန်ဂိတ်တံခါးရှေ့မှာ တစ်ယောက်တည်း နေခဲ့သည်။  


ကဲရှူးဟန့်သည် ချီတက်တိုက်ခိုက်ရာတွင် သူ၏စွမ်းရည်ကို လေးစားသော်လည်း ကျာကျိုးက ရာထူးတိုးရန် ဆန္ဒမရှိပေ။ သူက လုံးဝကို တွေးမနေဘဲ သူ့ဇနီးကို တစ်သက်လုံး အမှတ်ရနေအောင် ဒီနေရာမှာပဲ အခြေချဖို့ စီစဉ်ခဲ့လေသည်။ 


ဟုန်ကျွင့်: "ဦးလေး....ခေါင်းဆောင်က ဒီကိစ္စကို ချောချောမွေ့မွေ့ ဖြေရှင်းပေးမှာပါ... အရမ်းကြီး စိတ်မပူပါနဲ့"


ကျာကျိုးက ခဏလောက် စဉ်းစားပြီး: "ကြယ်လေး... ရိုးရိုးသားသား ပြောရရင် မင်းက နတ်ဆိုးနှင်သူ ဖြစ်ချင်တာလား ဒီတရားဝင်ရာထူးမှာ အသက်မွေးမှာလား"


ဒီစကားကိုကြားတော့ ဟုန်ကျွင့် ခဏလောက် စကားမပြောဘဲ တိတ်ဆိတ်သွားကာ လီကျင်လူံရဲ့ မျက်ခုံးတွေ တွန့်သွား၏။ ကျာကျိုးက လီကျင်လုံဘက်လှည့်၍ ထပ်ပြောသည်။ 


"လီကျင်လုံ... ခုန်မိသားစုအကြောင်း ငါမသိဘူး... ဒါပေမဲ့ ကျာမိသားစုက နှစ်တွေအတော်ကြာပြီးမှ ကြယ်လေးကို ပြန်တွေ့ရတာ..."


လီကျင်လုံ၏ တရားဝင်ရာထူးမှာ ကျာကျိုးနှင့် အတူတူပင် ဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးသည် စစ်သံမှူးများ ဖြစ်ကြသော်လည်း ထန်မင်းဆက်၏ စည်းဝေးပွဲအပြီးတွင် နယ်ခြားစောင့်တပ်များသည် မြို့တော်ရှိ အရာရှိများ၏ အရေအတွက်ထက် အမြဲပိုနေခဲ့သည်။ ကျာကျိုးသည် ဟုန်ကျွင့်အကြောင်း ပြောသောအခါ အမြဲယဉ်ကျေးသော်လည်း အလျှော့မပေးချေ။ 


"မင်းဟာ မိစ္ဆာတွေကို ဖမ်းပြီး တိုက်ခိုက်နေတာ ငါမြင်တယ်... ငါ့တူလေးက ရှားပါးနေပြီ အခု သူ အရမ်းဖျားနေပြီး လမ်းမှာ ဝိညာဉ်ပါ ဆုံးရှုံးလုနီးပါး ဖြစ်သွားတယ်... မင်း ဘယ်လို မိစ္ဆာမျိုးတွေနဲ့ ကြုံခဲ့ရလဲ ငါ သိချင်နေတယ်... ဘယ်လိုလဲ... ငါ့မျက်နှာဟောင်းကို ​ထောက်ထားပြီး ကြယ်လေးကို ယွိမန်မှာ စောင့်ရှောက်ခွင့်ပေးပါလို့ မင်းသားဆီ စာတစ်စောင်ရေးပြီး ပို့ပေးဖို့ တောင်းဆိုချင်တယ်..."


လီကျင်လုံ မျက်မှောင်ကြုတ်သွားသည်။ တခြားလူသာဆိုရင် သူ ထထိုးမိလိမ့်မည်။ သူ့စိတ်ထဲမှာတော့ မင်းမိသားစုရဲ့ မျိုးဆက်သုံးဆက်နဲ့တောင် သူ့ရဲ့ဒီညီလေးကို လဲဖို့ မတန်ဘူးလို့ ပြောနေပေမယ့် ဟုန်ကျွင့်ရဲ့ အကြီးအကဲတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်လို့ မရချေ။ 


လီကျင်လုံ: "ဟုန်ကျွင့် သူ့ဘာသာသူ ဆုံးဖြတ်ပါစေ..."


"မဖြစ်ဘူး... ကျွန်တော် လုရွှီကို ကယ်ဖို့ ကျန်သေးတယ်"


ကျာကျိုး: "မင်းအဖေအကြောင်း ပြန်စဉ်းစားပြီး မင်းအမေအကြောင်း ပြန်တွေးကြည့်စမ်း... အဲဒီတုန်းက မင်းအမေက တည်ငြိမ်တဲ့ ဘဝနဲ့ နေချင်တယ်... အရင်တုန်းက ငါ့စကားကို နားထောင်ခဲ့မယ်ဆိုရင် မင်းအခုလောက် အားကိုးရာမဲ့ဖြစ်မှာ မဟုတ်ဘူး... အနာဂတ်မှာ မင်းရဲ့ သားသမီးတွေ အကြောင်းလည်း ထည့်စဉ်းစားရလိမ့်မယ်"


ခုန်ရွှမ်းကို လေးစားကြောင်း ဖော်ပြသော်လည်း ကျာကျိုးသည် သူ့အဖေရဲ့ သေဆုံးမှုအတွင်း သူ့အမေ ပါသွားခြင်းအပေါ် အမြဲအပြစ်တင်နေခဲ့သည်။ 


ဟုန်ကျွင့်က ရုတ်တရက် ပြန်ပြောသည်။ 


"ဦးလေး... ဒါက အဖေ့ရဲ့အ​​ပြစ် မဟုတ်ပါဘူး... သူက အမေကို ကောင်းကောင်းဆက်ဆံပြီး ကျွန်တော့်ကိုလည်း ချစ်တယ်... နောက်ဆုံး ခွဲခြမ်းစိတ်ဖြာလိုက်ရင် ကျွန်တော်ကသာ အဖေနဲ့အမေကို သတ်ခဲ့တဲ့သူပဲ"


ဒါကိုကြားတော့ လူတိုင်း လန့်ဖြတ်သွားသည်။ မော့ရစ်ကန်းကလည်း ရုတ်တရက် တုန်လှုပ်ခြောက်ခြားတဲ့ အမူအရာနဲ့ လှည့်မေးလာ၏။ 


"ဟုန်ကျွင့်! မင်းဘာပြောလိုက်တာလဲ?"


ကျာကျိုးသည် ဤစကားကို ကြားသောအခါတွင် သူ့တူလေးသည် ဝန်ထုပ်ဝန်ပိုး မည်မျှထမ်းနေရကြောင်း တွေးမိသွားလေသည်။ သူ့နှလုံးသားထဲတွင် မိဘမေတ္တာနဲ့ အပြစ်တင်မှုတွေကို ဘယ်လောက် တွေးတောနေခဲ့ကြောင်း သိလိုက်သည်။


"မင်းဘာလို့ အဲ့လိုတွေ တွေးနေရတာလဲ" 


ကျာကျိုးက သူ့တူကို ချလိုက်ပြီး ဟုန်ကျွင့်ဆီကို ရောက်လာသည်။ လက်တွေကို ဆန့်တန်း၍ ပွေ့ဖက်ကာ နှစ်သိမ့်ပေးရင်း စကားဆက်လေ၏။ 


"မင်းအမေက မင်းကို ပိုင်ဆိုင်ရတာ ဒီဘဝမှာ အပျော်ရွှင်ဆုံး အရာပဲတဲ့... ဘာပဲဖြစ်​ဖြစ်​ မင်း​ပြောသလိုပဲ ဘဝနဲ့​ သေခြင်း​တွေက ကံကြမ္မာဖြစ်​သွားတတ်​တယ်... ကံကြမ္မာက မင်း​နဲ့​မဆိုင်​ဘူး မင်း​အပြစ်​လည်း မဟုတ်ဘူး"


ဟုန်ကျွင့် ထိုစကားကို ကြားသောအခါတွင် ခံစားချက်များ ရောထွေးကာ ပေါက်ကွဲလုမတတ် ဖြစ်လာသည်။ မျက်ရည်များကို အင်္ကျီလက်နှင့် သုတ်နေ၏။ ကျာကျိုး လီကျင်လုံကို ကြည့်သောအခါတွင် သူ့မျက်လုံးများတွင် ကဲ့ရဲ့ချင်နေသည့် အကြည့်များ ရှိနေသည်။ လီကျင်လုံ ဒါကိုမြင်ပြီး စိုးရိမ်နေပေမယ့် ဘာလုပ်ရမှန်း မသိပေ။ 


ထိုညတွင် လီကျင်လုံ အိမ်ရှေ့တွင်ရပ်ကာ နှင်းမုန်တိုင်း ကျရောက်တော့မည့် အတိုင်း အုံ့မှိုင်းနေပြီး ကောင်းကင်ကို ကြည့်နေလေသည်။


လီကျင်လုံ: " ဆန်းကြယ်မိန်းမပျိုက သူမရဲ့ ခွန်အားကို မပြဘဲ နှင်းတွေကျတဲ့ နေ့တစ်နေ့မှာပဲ ပြတယ်... အိမ်မက်က သူ့ကို တော်တော်နာကျင်စေပုံရတယ် "


မော့ရစ်ကန်း: "အခုငါ လုရွှီကိုပဲ စိတ်ပူနေတယ်...အဖမ်းခံရပြီးတော့ အဲ့ကလေး ဘာဖြစ်သွားလဲ မသိဘူး"


"ဆန်းကြယ်မိန်းမပျို နဲ့ ပလိပ်နတ်ဘုရား လက်ထဲ ရောက်သွားတယ် ဆိုတော့ သူတို့အတွက် အသုံးဝင်လို့ပဲ ဖြစ်မယ်... ဒါကြောင့် လောလောဆယ်တော့ သူ အန္တရာယ် မဖြစ်တော့ဘူး... လုရွှီကို သူတို့ ဘယ်လို ထိန်းချုပ်ခဲ့လဲဆိုတာကိုပဲ ငါလည်း စိတ်ပူနေတာ... ကျောက်ကျစ်လုံ ပြောတဲ့ အနက်ရောင်ဝတ် လုရွှီက ဘယ်သူလဲ"


မော့ရစ်ကန်း: "မင်းနဲ့ငါအရင်က မှန်းဆထားတဲ့အတိုင်း ဖြစ်ကောင်းဖြစ်နိုင်တယ်... သခင်ဖြူ လူပြန်ဝင်စားတဲ့အခါတုန်းက နတ်ဆိုးမျိုးရိုးကြောင့် အနှောက်အယှက် ဝင်ပေးလိမ့်မယ်... သူ့တစ်စိတ်တစ်ပိုင်းက လူဝင်စားပြီး လုရွှီရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားတယ်... တခြားအပိုင်းကတော့..."


လီကျင်လုံ: "... အနက်ရောင်လုရွှီ!"


မော့ရစ်ကန်းရဲ့ အမူအရာမှာ လေးနက်တည်ကြည်နေသော်လည်း လီကျင်လုံက ရှိုက်ကြီးတငင် ပြုံးကာ ပြောလေ၏။ 


"ဟင့်အင်း... ဒါက တကယ်ရှက်စရာ ကောင်းတယ်... မင်းရှာနေတဲ့သူက ဘယ်သူလဲ.. မိန်းမမဟုတ်ရင်လည်း ကိစ္စမရှိဘူးထား... ဒါပေမဲ့ အခုက နှစ်ယောက်​တောင် ဖြစ်နေပြီ"


မော့ရစ်ကန်း: "လုရွှီကို အရင်ဆုံး ကယ်တင်ဖို့ ကြိုးစားရမှာပဲ... ကျန်တာကို နောက်မှ ဆွေးနွေးမယ်...ငါဟုန်ကျွင့်ကို အရင်သွားကြည့်ဦးမယ်"


မော့ရစ်ကန်း လီကျင်လုံဘေးမှ ဖြတ်သွားကာ စင်္ကြံမှ ထွက်ခွာသွားသည်။

.

 ........


ဟုန်ကျွင့်သည် တစ်ခုခုကို စဉ်းစားရင်း ကုတင်ပေါ်မှာ လဲလျောင်းနေသည်။ ထိုစဥ် ငါးကြင်းနတ်ဆိုးက။ 


"ဟုန်ကျွင့် ဒီနေ့ မင်းပြောခဲ့တဲ့စကားက ငါ့ကို အရမ်းဝမ်းနည်းစေတာပဲ...."


ဟုန်ကျွင့် ပြန်မဖြေဘဲ တိုးတိုးလေး မေးလိုက်သည်။ 


"ကျောက်ကျစ်လုံ... ချုံမင်က ငါ့အမေကို မုန်းနေမယ်လို့ မင်းထင်လား?"


ငါးကြင်းနတ်ဆိုးက လန့်သွားပြီး "ဟုန်ကျွင့်! မင်းဘာတွေ တွေးနေတာလဲ!"


"သူ ငါ့အမေကို မုန်းလိမ့်မယ်...သူ ငါ့ကိုလည်း မုန်းမှာပဲ... ငါ့အမေနဲ့ ငါကြောင့်သာ ငါ့အဖေက ယောင်ကျင်းနန်းတော်ကို ဘယ်တော့မှ ပြန်မသွားတော့ဘူး ဆိုတာ ငါသိတယ်... အဖေ့ကို စိတ်ဆိုးပေမယ့် အခုအဖေက သေသွားပြီ... ပြန်မလာနိုင်တဲ့အတွက် သူငါ့ကို မွေးစားခဲ့တာ..."


"မင်း အရူးပဲ!.... "


ငါးကြင်းနတ်ဆိုးသည် သစ်သားအင်တုံမှ လှမ်းထွက်ကာ ဟုန်ကျွင့်ဆီသို့ ပြေးသွားကာ သူ့အမြီးကို ခါယမ်းနေ၏။


"ဟုန်ကျွင့်... ချုံမင် မင်းကို အရမ်းချစ်တာ အတုမဟုတ်ဘူး​နော် မင်း ဘာဖြစ်နေတာလဲ"


ဟုန်ကျွင့်: "မဟုတ်ရင် အဖေ ယောင်ကျင်းနန်းတော်ကို အကူအညီတောင်းတာကို ဘာလို့ ရောက်မလာကြတာလဲ... အကြောင်းအရင်းက သူငါတို့ကို လုံးဝကူညီချင်စိတ် မရှိလို့ပဲ..."


ငါးကြင်းနတ်ဆိုးမှာ ဟုန်ကျွင့်ကို ဗြောင်ကျကျသာ စိုက်ကြည့်နိုင်​တော့သည်။


ဟုန်ကျွင့် ထိုအိပ်မက်ကို ရရှိပြီးနောက်တွင် သူသည် ပိုမိုရှင်းလင်းစွာ တွေးတောနေပုံရပြီး ယခင်ကလို ပေါ့ပေါ့ပါးပါး မဟုတ်တော့တဲ့ အသွင်အပြင်ကိုလည်း ရှင်းရှင်းလင်းလင်း မြင်လာခဲ့ရသည်။


"အနက်ရောင်လုရွှီက ငါ့အတွက် အတင်း လုပ်ပေးနေတဲ့ အိပ်မက်ဆိုး တစ်ခုပဲလား" ဟုန်ကျွင့် သူ့ဘာသာသူ ခေါင်းခါကာ။ 


"ဟင့်အင်း... ငါဒီလို အိပ်မက်ကို မက်နေတာကြာပြီ"


သူ့အတိတ်ကို ပထမဆုံး သတိရမိသည်မှာ အကြောင်းတစ်ခုခုကြောင့် မိဘများ မသေဆုံးမီက အချိန်ကိုဖြစ်ကာ အဲဒါကို ဝတ်မှုန်ကို ရှူရှိုက်မိခြင်းကြောင့် ဖြစ်သည်။ အဲဒီမြင်ကွင်းက အိပ်မက်ထဲမှာ သိပြီး ခံစားခဲ့ရတာတွေနဲ့ လုံးဝနီးပါး တိုက်ဆိုင်နေပါ၏။ တစ်ခုတည်းသော ခြားနားချက်မှာ လီကျင်လုံ ဖြစ်သည်။


ဒါတွေအားလုံးက လွဲမှားနေတယ်ဆိုရင် လီကျင်လုံဟာ ဖူရှင်ဖန်း ​မှာ နေထိုင်ခဲ့ဖူးပြီး သူ့အိမ်မှာ သလဲပင်တစ်ပင် ရှိတယ်ဆိုတာ ဘာကြောင့်သိနိုင်မလဲ။ ကိုးနှစ်သားအရွယ်တုန်းက သူ့မှတ်ဉာဏ်တွေ ဆုံးရှုံးခဲ့ရတယ်လို့ ပြောတယ်မလား။ 


ဒီကာလအတွင်း ဘာတွေဖြစ်ခဲ့လဲ။ တခဏချင်းမှာပဲ ဟုန်ကျွင့်ဟာ တစ်ကမ္ဘာလုံးက စွန့်ပစ်ခံလိုက်ရသလို ခံစားရ၏။ ချုံမင် တစ်ချိန်က သူ့ကို ထားခဲ့ပြီးဖြစ်သော်လည်း သူ့တွင် လီကျင်လုံ ရှိနေသေးသည်။ သို့သော် သူ့အိမ်မက်ထဲတွင် ဤအရာအားလုံးကို သတိရပြီးနောက် လီကျင်လုံသည် သူ့အဖေကိုသတ်သော ရန်သူဖြစ်ပြီး သူ့မိဘများကို သတ်ဖြတ်ခဲ့သူလည်း ဖြစ်သည်။


"မင်းသိလား" ဟုန်ကျွင့် ငါးကြင်းနတ်ဆိုးကို လှည့်ကြည့်လိုက်သည်။


"ဒီနေ့ ငါ့ဦးလေး နတ်ဆိုးနှင်သူ မလုပ်ဖို့နဲ့ သူနဲ့ အတူနေဖို့ ပြောတော့ ဒါက ငါ့ရဲ့ ကံကြမ္မာပဲလို့ ခံစားရတယ်"


ငါးကြင်းနတ်ဆိုးသည် ဟုန်ကျွင့် တစ်နေ့တာလုံး တိတ်တဆိတ် မှိန်းနေချိန်တွင် ဤမျှလောက်များ​သော အရာများစွာကို တွေးတောနေလိမ့်မည်ဟု မမျှော်လင့်ထားပေ။ နှစ်သိမ့်စကား အနည်းငယ် ပြောပြီးချိန်တွင် အပြင်မှ ခြေသံများ ထွက်ပေါ်လာပြန်သည်။


မော့ရစ်ကန်းက ဆေးဖက်ဝင်အပင်ကို ကျိုထားသော ဟင်းရည်ပန်းကန် တစ်လုံးနှင့် ရောက်လာသောအခါ ဟုန်ကျွင့် နောက်ပြန်လှည့်ထိုင်ကာ ခဏလောက် စဉ်းစားပြီးမှ မေးလိုက်သည်။ 


"လုရွှီကို သွားရှာမှာလား... ငါတို့ဘယ်တော့ထွက်မှာလဲ" 


“ဆေးသောက်ပါဦး”


မော့ရစ်ကန်း ဆေးပန်းကန်လုံးကို လွှဲပေးခဲ့သော်လည်း ဟုန်ကျွင့်က သူ့လက်ကောက်ဝတ်ကိုသာ ဆုပ်ကိုင်ထားသည်။ သူ မျက်ခုံးပင့်ကာ ကြည့်လိုက်သော် ဟုန်ကျွင့်က။ 


"အဲဒီနေ့က နှင်းထဲမှာ ဘာမြင်ခဲ့တာလဲ?"


ဟုန်ကျွင့်ရဲ့ အသက်ရှုသံတွေ မြန်လာပြီး။ 


"ငါ့ခန္ဓာကိုယ်ထဲမှာ အနက်ရောင် စွမ်းအင်တွေ ရှိလား" 


မော့ရစ်ကန်းမှာ ခဏလောက် စဉ်းစားပြီးနောက် ဆေးပန်းကန်လုံး ချလိုက်သည်။


"ဟုန်ကျွင့် မင်းဘာတွေ မက်မက်နေတာလဲ... ခေါင်းဆောင်ကို မပြောချင်ရင် ငါ့ကို ပြောပြလို့ရမလား တခြား ဘာကိုမှ တွေးမနေနဲ့..."


ဟုန်ကျွင့်က ဗြောင်ကျကျသာ ပြန်ကြည့်နေပေမယ့် မော့ရစ်ကန်းက သူ့လက်ဖဝါးကို ဆန့်လိုက်ပြီး ဟုန်ကျွင့်ရှေ့မှာ ဖြန့်လိုက်သည်။ 


မော့ရစ်ကန်း: "ကိုင်ထား..." 


မော့ရစ်ကန်းသည် ရုတ်တရက် အရပ်ရှည်ပြီး ကြီးကျယ်ခမ်းနားသော ဝံပုလွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတာကို မြင်လိုက်ရတော့ ဒါက ခွေးနှင့်လူကြား လက်ဆွဲနှုတ်ဆက်ခြင်း၏ ကျင့်ဝတ်ဖြစ်ကြောင်း ဟုန်ကျွင့် သဘောပေါက်လိုက်သည်။


သူက သူ့လက်ကို မော့ရစ်ကန်းလက်ထဲကို ထည့်လိုက်တဲ့အခါ မော့ရစ်ကန်းရဲ့ သူ့လက်ချောင်းတွေနဲ့ ညင်သာစွာ ဆုပ်ကိုင်​ပေးလိုက်သည်။ 


"ပြောပါ...." 


မော့ရစ်ကန်း ဟုန်ကျွင့်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်နေသည်။ 


"ငါ အိပ်မက်မက်ခဲ့တယ်" ဟုန်ကျွင့် တိုးတိုးလေး ပြောလာသည်။ 


"ငါ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးမျိုးစေ့ တစ်ခုရှိတယ်"


မော့ရစ်ကန်း: "ဒါဆို?"


ဟုန်ကျွင့် တုန်တုန်ယင်ယင် အသံနဲ့ "အဲဒါက ငါ့မိဘတွေကို သတ်လိုက်တာ... အဲဒါက ဘယ်လိုနတ်ဆိုးမျိုးလဲ"


"ရှူး...." 


မော့ရစ်ကန်းသည် ဟုန်ကျွင့်၏ လည်ပင်းနောက်ဘက်သို့ အခြားလက်တစ်ဖက်ကို ဖွင့်ကာ သူ့ဘက်သို့ ညင်သာစွာ ပွေ့ဖက်လိုက်ပြီး။  


"အဲဒါက မမှန်ပါဘူး... ဒါ အိပ်မက်ဆိုးတစ်ခုပဲ နတ်ဆိုးရဲ့ ထိန်းချုပ်မှုကို ခံလိုက်ရတဲ့ လုရွှီကြောင့် ဖြစ်သွားတာ... မင်းနှလုံးသားထဲမှာ စိုက်ထားတဲ့ အိပ်မက်ဆိုး တစ်ခုပဲ"


ဒါကို ကြားလိုက်တာနဲ့ ဟုန်ကျွင့်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရသွားသလို ခံစားလိုက်ရပြီး ဟုန်ကျွင့်ကို မယုံကြည်နိုင်စွာ ကြည့်နေလိုက်သည်။ 


"နားထောင် ဟုန်ကျွင့်...ငါ မင်းကို မေးခွန်းတစ်ခုမေးပါရစေ... ခေါင်းဆောင်လည်း မသိပါဘူး သူ့ရှေ့မှာ တစ်ခါမှ မပြောဖူးပါဘူး... မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးမျိုးစေ့တစ်ခု ရှိနေတယ် ဆိုပါစို့...."


မော့ရစ်ကန်းက နံရံတွေမှာ နားရွက်ရှိမရှိ အတည်ပြုဖို့ဆိုပြီး တိုးတိုး​လေး ပြောသည်။ 


“ဒါဆို မင်းက ကောင်းကင်နတ်ဆိုး ထမြောက်ခြင်းရဲ့ ကိုယ်ခန္ဓာ ဖြစ်လာမှာ မဟုတ်ဘူးလား....?


"​ကောင်းကင်နတ်ဆိုးဆိုတာ ဘာလဲ" 


ဟုန်ကျွင့် မျက်မှောင်ကြုတ်လိုက်သည်။


“နှစ်တစ်ထောင် လူဝင်စားပြီးရင် ကောင်းကင် နတ်ဆိုးက ပြန်လည်မွေးဖွားလာတယ်.... နတ်ဆိုးစွမ်းအင် ဆိုတာ ကောင်းကင်နဲ့မြေကြီးရဲ့ သွေးကြောတွေထဲမှာ သန့်စင်လို့ မရနိုင်တဲ့ ဒေါသနဲ့ နာကျင်မှုပဲ....အဲဒါတွေက လူ့လောကမှာ အကြာကြီး စုစည်းနေပြီး ကောင်းကင်နတ်ဆိုး ဖြစ်လာတာ...." 


ဟုန်ကျွင့် သူ့အိမ်မက်ထဲမှာ လှန်လှောကြည့်နေတဲ့ စာအုပ်ကို သတိရသွားသည်။ နောက်ဆုံးစာမျက်နှာက "ကောင်းကင်နတ်ဆိုး" ဖြစ်သွားတဲ့ အကြောင်းပါ၏။ တခဏအတွင်းမှာပဲ အမှတ်တရတွေက ကြည်လင်လာသည်။


"ဟုတ်တယ်" ဟုန်ကျွင့်က ပြန်ဖြေသည်။


မော့ရစ်ကန်း: “ ဝံပုလွေဖြစ်ဖြစ် သမင်ဖြူပဲဖြစ်ဖြစ်... ယုံစစ်တို့မိသားစုက အမွေဆက်ခံထားတဲ့ နဂါးလို မသေနိုင်တဲ့ သခင်ရဲ့ စွမ်းအားဖြစ်ဖြစ် ဒါမှမဟုတ် သန့်ရှင်းတဲ့သားတော် အားထိုက်ပဲဖြစ်ဖြစ်.... သူကလည်း နတ်ဆိုးတွေကို စောင့်ကြည့်ဖို့ ဉာဏ်ပညာဓားကို ကိုင်ထားရမှာပဲ... ဖူတောက်မင် ဘုရင်အတွက် ဟုတ်ဟုတ် မဟုတ်ဟုတ် အဆုံးစွန်ပန်းတိုင်က ကမ္ဘာကြီးကို ကာကွယ်ပြီး နတ်ဆိုးတွေကို ဖယ်ရှားသန့်စင်ဖို့ပဲ မဟုတ်ဘူးလား..."


ဟုန်ကျွင့် ခေါင်းညိတ်ပြပြီး သူ့မျက်လုံးတွေမှာ သံသယတွေ ပြည့်နှက်နေ၏။


"သေချာပါတယ်... မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဆိုး မရှိဘူး... လျိုဖေးက နတ်ဆိုးကြိုပြီး ပေါ်လာတာကို အတည်ပြုနိုင်တာကြောင့် ဒါက အနက်ရောင်ဝတ်ထားတဲ့ လုရွှီ လုပ်ခဲ့တာပဲလို့ စဉ်းစားကြည့်လို့ ရတယ်...."


ရှင့်ချင်နန်းတော် အပြင်ဘက်ရှိ မြေခွေးမိစ္ဆယများကို မီးရှို့လိုက်သောအချိန်ကို ဟုန်ကျွင့် ရုတ်တရက် သတိရသွားသည်။ ဒေါသနှင့် နာကျင်မှုတို့သည် အနက်ရောင် မြူခိုးများနှင့်အတူ ကောင်းကင်သို့ တိုးဝင်သွားသည်။


လျိုဖေး ထိန်းချုပ်ခံထားရာကနေ နိုးထလာသောအခါ၊ မော့ရစ်ကန်း နိုးထလာသောအခါတွင် အနက်ရောင်မီးသည် နဂါးဟောက်သံများနှင့် မြူခိုးမည်းများ ဖျန်းခနဲ ဖျန်းခနဲ ထသွားသည်။


"အဲ့ဒါ နတ်ဆိုးလား " ဟုန်ကျွင့် မျက်မှောင်ကြုတ်လိုက်သည်။


မော့ရစ်ကန်းက ခပ်တည်တည်နဲ့ ခေါင်းညိတ်ပြ၏။ 


"နတ်ဆိုးကြီးက ပေါ်လာပြီး ကမ္ဘာကြီးရဲ့ တစ်နေရာရာမှာ ပုန်းအောင်းနေတာ... မင်းမှာ နတ်ဆိုးမျိုးစေ့ မရှိသလို မင်းကလည်း နတ်ဆိုးဖြစ်လာမှာ မဟုတ်ဘူး" 


သူက ဟုန်ကျွင့်ရဲ့ နှလုံးသားကို ညွှန်ပြပြီး ပုခုံးကို ပေါ့ပါးစွာ ပုတ်လိုက်သည်။ ဒီလိုပြောတာက ကျိုးကြောင်း ဆီလျော်ပုံရတယ်လို့ ခံစားရတာကြောင့် ဟုန်ကျွင့်ရဲ့ စိတ်အခြေအနေက ရုတ်တရက် ပိုကောင်းလာ၏။


"ဒါပေမဲ့ ငါ့အိပ်မက်ကို ဘယ်လိုရှင်းပြမလဲ" 


ဟုန်ကျွင့် မျက်မှောင် ကြုတ်သွား​ပြန်သည်။ မော့ရစ်ကန်း ထိုကောင်လေးကို တိတ်တဆိတ် ကြည့်ကာ။


"သမင်ဖြူက အိပ်မက်​တွေကို ဖြတ်ကျော်နိုင်စွမ်း ရှိတယ်...သူက မင်းအိပ်မက်​တွေကို စူးစမ်းရုံတင်မကဘူး လူတွေ၊ မိစ္ဆာတွေနဲ့ သတ္တဝါတွေရဲ့ အိပ်မက်ကိုလည်း စူးစမ်းလေ့လာနိုင်တယ်... အခုလုရွှီကို ထိန်းချုပ်ထားတော့ အိပ်မက်ဆိုးတွေရဲ့ အရင်းအမြစ် ဖြစ်လာခဲ့တာ..."


ဤအရာက ရှင်းပြနိုင်ပုံရသောကြောင့် ဟုန်ကျွင့် ခေါင်းညိတ်လိုက်သည်။


"အဲ့လိုလား..."


ငါးကြင်းနတ်ဆိုးလည်း သိသိသာသာ သက်သာရာရသွားကာ "မင်း အရမ်းမတွေးပါနဲ့" လို့ ဝင်ပြောလာသည်။


မော့ရစ်ကန်း: "အခု ထိပ်တန်းဦးစားပေး သူ့ကိုရှာပြီး နတ်ဆိုးမျိုးနွယ်ရဲ့ လက်ကနေ ကယ်တင်ဖို့ပဲ"


ဟုန်ကျွင့်: "မြန်နိုင်သမျှ မြန်မြန်ထွက်ကြရအောင်"


"မင်း ပြန်ကောင်းလာဖို့ ဘယ်လောက် ကြာမလဲတောင် မသေချာဘူး" 


ဆေးကို ကောက်ယူပြီး ဟုန်ကျွင့်လက်ထဲ ပေးလိုက်သည်။ 


"ငါလုရွှမ်ကို ထပ်ပြီး စိတ်ပူနေရင်တောင် ထွက်သွားမှာ မဟုတ်ဘူး" 


ဟုန်ကျွင့်မှာ ထိုစကားကို ကြားရသောအခါတွင် မော့ရစ်ကန်းဆီက နူးညံ့မှုကို ခံစားမိတာကြောင့် ဆေးကို သောက်လိုက်သည်။


"အိပ်တော့... မင်း ဖြည်းဖြည်းချင်း ပြန်ကောင်းလာလိမ့်မယ် သိပ်အများကြီး မတွေးနဲ့"


ဟုန်ကျွင့် ခေါင်းညိတ်ပြပြီး ညင်သာစွာ လှဲချလိုက်၏။ သူ့နှလုံးသားကလည်း ဖြည်းဖြည်းချင်း ငြိမ်သက်သွားကာ မျက်ခွံများ ညောင်းလာသည်။ မော့ရစ်ကန်း ဆေးပန်းကန်လုံးကို သိမ်း၍ လီကျင်လုံအခန်းသို့ ပြန်သွားခဲ့သည်။


လီကျင်လုံ :"ဘယ်လိုလဲ?"


 "သူယုံတယ်"


လီကျင်လုံ၏ မျက်ခုံးများက ဘယ်သောအခါမှ ပြေလျော့မသွားကြောင်း သိသာစွာ တွန့်ချိုးလျက်သား။ 


"သူကိုယ်တိုင် ဝန်ခံတာ... သူ့ခန္ဓာကိုယ်ထဲမှာ 'နတ်ဆိုးမျိုးစေ့' ရှိတယ်လို့ အိပ်မက်မက်နေတယ်လို့ ဝန်ခံခဲ့တယ်" 


လီကျင်လုံမှာ ထိုစကားကို ကြားသောအခါ ထိတ်လန့်သွားပြီး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အကြာကြီး ကြည့်နေကြသည်။


"သူဘာဖြစ်လာမှာလဲ"


မော့ရစ်ကန်း၏ မျက်လုံးများတွင် ရှုပ်ထွေးမှုများ ပေါ်လာကာ ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။ 


"မင်း သူ့မွေးစားအဖေကို ရှာရမယ်...ဟုန်ကျွင့်မှာ ဒီအရာတွေ ရှိနေတယ်ဆိုတာ သူတို့ မသိဘူးလို့ မယုံဘူး... မင်းနဲ့ငါ့ရဲ့ အစွမ်းအစ နယ်ပယ်က ဒီကိစ္စကို အဖြေမရှာနိုင်သေးဘူး..." 


လီကျင်လုံရဲ့ အသက်ရှုသံများ လေးလံလာသည်။ သူ့ခမျာ မူးဝေခြင်းကို မခံနိုင်တော့ဘဲ လက်တစ်ဖက်ကို နံရံပေါ်တင်ကာ မတ်တပ်ရပ်ရလေသည်။ 


"အခုအကြိမ် ဖြစ်ခဲ့တာက ခဏအတွင်းတော့ ထပ်မဖြစ်နိုင်ဘူး" 


မော့ရစ်ကန်း: "ပြောရခက်တယ်... ညစ်ညမ်းနေတဲ့ သမင်ဖြူက ဟုန်ကျွင့်ရဲ့ ခန္ဓာကိုယ်ထဲက အစေ့ကို နှင်းထဲမှာ လုံးဝ မထိန်းနိုင်ခဲ့ဘူး။ နတ်ဆိုးမျိုးနွယ်က ဒီကိစ္စကို သိထားပြီးသားဖြစ်မှာပဲ.... သမင်ဖြူက နတ်ဆိုးမျိုးစေ့ကို ဒုတိယအကြိမ် နှိုးဆွပေးမှာလား ဆိုတာ အာမမခံနိုင်ဘူး"


လီကျင်လုံက ဒေါသတကြီးနဲ့ "ဒါဆို ဟုန်ကျွင့်ရဲ့ ခန္ဓာကိုယ်ထဲက နတ်ဆိုးက ကောင်းကင်နတ်ဆိုးလား.... သမင်ဖြူကို ဘယ်သူက ထိန်းချုပ်ထားတာလဲ?"


"ငါဘယ်လိုလုပ် သိမှာလဲ?!" မော့ရစ်ကန်းလည်း ထပ်တူထပ်မျှ တုန်လှုပ်သွားပြီး။ 


"ငါတို့ဆီမှာ အချက်အလက်က နည်းလွန်းတယ်! နတ်ဆိုးမျိုးစေ့နှစ်ခု ရှိကောင်းရှိနိုင်လား? သုံးခုလား? ဟုန်ကျွင့်ခန္ဓာကိုယ်ထဲက တစ်ကောင်က ငါတို့ထင်ထားတာ မဟုတ်ဘူးပေါ့..... ”


လီကျင်လုံ ချာကနဲ လှည့်ထွက်သွားတာကြောင့် မော့ရစ်ကန်း လှမ်းအော်လိုက်သည်။ 


"မင်းဘယ်သွားမလို့လဲ... သူ အိပ်ပျော်သွားပြီ။"


လီကျင်လုံ: "စိတ်အေးအေးထားလို့ ရအောင်လို့"


ခြံထဲမှာ ခဏလောက် ရပ်လိုက်ပြီး ဟုန်ကျွင့်ရဲ့ အခန်းတံခါးကို ညင်သာစွာ ​တွန်းဖွင့်လိုက်သည်။ အဝတ်ဖြူနဲ့ ခြေဗလာဖြင့် လီကျင်လုံတစ်ယောက် အထဲကို လှမ်းဝင်လိုက်သည်။ ကုတင်ပေါ်၌ ထိုင်ကာ ဟုန်ကျွင့်ကို အကြာကြီး စိုက်ကြည့်နေမိ၏။ 


ဟုန်ကျွင့်၏ အိပ်ပျော်နေသော မျက်နှာလေးက ဂရုမစိုက်သော ကလေးတစ်ယောက်လိုပင်။ စောင်ခြုံထဲမှ ခြေတစ်ချောင်းကို ခွာလိုက်ရာ သူ၏ ဘောင်းဘီများကို ပွတ်တိုက်ကာ ဖြူဖွေးနေသော ခြေကျင်းဝတ်များကို ပေါ်လွင်လာစေသည်။


လီကျင်လုံ တိုးတိုးလေး ခေါ်လိုက်သည်။ 


"ဟုန်ကျွင့်!"


ဟုန်ကျွင့်သည် ဘာမှ မကြားရတော့သလို အိပ်ပျော်နေ၏။ လီကျင်လုံ သူ့ဘေးတွင် ဝင်လှဲလျောင်းပြီး သူ့ဝမ်းဗိုက်ကို လက်နှစ်ဖက်ဖြင့် လျှိုသွင်းပွေ့ဖက်ကာ စိုးရိမ်စိတ်များ အပြည့်ဖြင့် တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။