(22) တူးမြောင်း
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 3)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

တိမ်ထိပ်ကောင်းကင်နန်းတော် (ဒုတိယပိုင်း)


Chapter (22)

တူးမြောင်း



ဝူရှဲ့မှာ ဟိုဟိုဒီဒီ သွားကြည့်ရအောင်လို့ ပြောချင်ပေမယ့် အဝေးက နက်နဲတဲ့ အမှောင်ထုကို မြင်လိုက်ရတော့ ပါးစပ်ကို အသာလေး ပြန်ပိတ်နေလိုက်ရသည်။ ဖက်တီးမှာ ဝူရှဲ့ရဲ့ ရှက်ရွံ့မှုကို နားမလည်ဘဲ မေးလိုက်သည်။ 


"မင်းပြောတာ နည်းနဘ်းတော့ အဓိပ္ပာယ်ရှိပေမယ့် သူတို့က ဘယ်သွား​ကြတာ​လဲ? မြစ်က သိပ်မကြီးဘူးဆိုတော့ သူတို့ ဘယ်သွားကြတာလဲ သွားကြည့်မလား?"


ဖန့်ကျစ်က ချက်ချင်း ခေါင်းယမ်းလိုက်၏။ 


"ငါတို့ အချိန်မဖြုန်းသင့်ဘူး... တတိယသခင်လေးက ဒဏ်ရာရသွားပြီ။ တစ်ခုခုဖြစ်ရင် ငါတို့ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး ငါတို့ရဲ့ အတွေ့အကြုံကို ဒီမှာ မဖြုန်းတီးကြရအောင်... သခင်သုံးက ဘာကိုဆိုလိုတယ် ဆိုတာတောင် မသိရသေးဘူး... ဒါကြောင့် ပြင်ပကိစ္စတွေ လုပ်မယ့်အစား သခင်သုံးပြောခဲ့တဲ့ မြေအောက်နန်းတော် အဝင်ပေါက်က ဘယ်နားလဲ ဆိုတာကို သေသေချာချာ စဉ်းစားရအောင်... ဒီအခိုက်အတန့်မှာတော့ ဘာပဲဖြစ်ဖြစ် အဲဒီထူးဆန်းတဲ့ ငှက်တွေက ပျံဆင်းလာမယ့်ပုံ မပေါ်​သေးဘူး”


ဒါက ဝူရှဲ့လိုချင်တဲ့ အဖြေ အတိအကျပါပဲ။ သူက ခေါင်းညိတ်ပြပြီး အကြိမ်အနည်းငယ် ချောင်းဆိုးကာ ဒဏ်ရာအပြင်းအထန် ရသွားကြောင်း ပြသလိုက်သည်။ ရွှင့်ကျစ်ကတော့ သူ့သဘောထားကို ထုတ်မပြခဲ့ပါဘူး။ ဖက်တီးမှာ ဒီလိုမျိုးဖြစ်သွားတာကို မြင်တဲ့အခါ နည်းနည်းလေး မကျေမနပ် ဖြစ်သွားသော်လည်း သူက ပခုံးတွန့်ပြီး မေ့ပစ်လိုက်လေသည်။ 


ရွှင့်ကျစ်က သူတို့ကို ကျောက်ရုပ် တူးမြောင်းထဲက ဆွဲထုတ်ပြီး ဝူရှဲ့ ကျသွားခဲ့တဲ့ နေရာကို ပြန်လာခဲ့​ကြသည်။ ဖန့်ကျစ်က သူ့ကျောပိုးအိတ်ထဲက လေကာမီးအိမ်ကို ထုတ်ယူပြီး နွေးထွေးသွားစေဖို့ မီးညှိလိုက်သည်။ တစ်နေ့လုံး ပတ်ပြေးနေခဲ့ရတာကြောင့် ဗိုက်တွေကလည်း အော်ဟစ်နေပြီ ဖြစ်ရာ လေးယောက်သား ထိုင်ပြီး ထမင်းအခဲတွေ စားကြသည်။


အိတ်ကို ဖွင့်ပြီးနောက်မှ သူတို့၏ အစားအစာ အများစုသည် ချန်ဖီအားစစ်တို့အဖွဲ့၏ အိတ်များထဲတွင် ရှိနေကြောင်း သတိရသွားတော့သည်။ သူတို့နှင့်အတူ ယူဆောင်လာသော အစားအစာများက မလုံလောက်ပေ။ အထူးသဖြင့် ဖက်တီးအတွက် မလုံလောက်ကြောင်း သိသာထင်ရှားလှသည်။ ရှိတဲ့အစားအစာများ စားပြီးနောက်တွင် အခြေခံအားဖြင့် အိမ်ထဲက အရာတွေက ဘာမှစားလို့ မရတော့ချေ။ 


သို့သော် ကြိုးများ၊ ခြေသည်းချိတ်များ၊ မီးသတ်ကိရိယာများနှင့် အခြားလိုအပ်သော စွန့်စားခန်းသုံး ပစ္စည်းများ ဖြစ်သည့် စက်ပစ္စည်း အားလုံးနီးပါးကတော့ သူတို့နှင့်အတူ ရှိနေသည်။


ဖန့်ကျစ်က စစ်ဆေးပြီးနောက် ဝူရှဲ့တို့ဘက် လှည့်ပြောလိုက်သည်။ 


"ချန်ဖီအားစစ်က ငါတို့ရဲ့ စက်ကိရိယာတွေကို ဖြန့်ဝေတုန်းက တစ်ခါတည်း စီစဥ်ထားပြီးသား ဖြစ်မယ်...စက်ပစ္စည်းတွေ အားလုံးကို ငါတို့ကိုသယ်ခိုင်းပြီး အစားအသောက်တွေကိုတော့ သူတို့လူတွေကို သယ်သွားခိုင်းတယ်... ဒီလိုဆိုရင် နှစ်ဖက်စလုံးက ဘယ်သူ့ကိုမှ ချန်ထားခဲ့လို့ မရတော့ဘူး ကိုယ့်ဘာသာကိုယ်လည်း ထွက်ပြေးလို့ မရ​တော့ဘူး... ဟူး ဒီလှည့်ကွက်ကို ငါတကယ် သတိမထားမိဘူး"


ထိုအခါ ဖက်တီးက ရယ်ပြီးပြော၏။


"မင်းဘာသတိ ထားမိလိုက်​သေးလို့လဲ? ကံကောင်းချင်တော့ မင်းနဲ့ မင်းရဲ့သခင်သုံးကို ငါက ဘာမှ မမျှော်လင့်ထားဘူး... မင်းတို့နဲ့တွေ့တိုင်း ငါ့မှာ အရှုံးပေါ်နေတာ...ရထားပေါ်ကတည်းက ငါဒါကို မျှော်လင့်ထားပြီးသား"


ဖန့်ကျစ်က အံကြိတ်၍ "ရွဲ့စောင်းပြောမနေနဲ့ ... မင်းကရော ဘာကောင်းလို့လဲ? ငါတို့ကို ဒုက္ခမပေးရင် ပြီးတာပဲ "


ရွှင့်ကျစ်သည် သူတို့နှစ်ယောက် ထပ်ပြီး ရန်ဖြစ်မှာကို ကြောက်တဲ့အတွက် ကြားထဲ ဝင်တားလိုက်လေသည်။ 


"သူဌေးတို့နှစ်ယောက်... ရန်ဖြစ်ဖို့ ခွန်အားရှိတယ်ဆိုရင် ခင်ဗျားတို့ ဦးလေးသုံးပြောတာကို မြန်မြန် စဉ်းစားလိုက်ရအောင်လား"


ဖန့်ကျစ်ကို စိတ်တည်ငြိမ်သွားအောင် ဝူရှဲ့မှ လက်မောင်းတစ်ဖက်ကို အသာ ရိုက်လိုက်သည်။ ထို့နောက် ရွှင့်ကျစ်ဘက်လှည့်၍။ 


"ကျွန်​​တော့်ဦးလေး ခင်ဗျားဆီလာတုန်းက အခြေအနေ ဘယ်လိုလဲ? အတိအကျ မပြောရင် ကျွန်တော်လည်း မစဥ်းစားတတ်ဘူး... အဲဒီစကားက ယေဘုယျဆန်လွန်းတယ် ကျွန်တော်တို့ ဧကရာဇ်ဂူဗိမာန်ထဲကိုတောင် မဝင်ရသေးဘူး... အတိအကျ မသိရရင် ဘာလုပ်ရမှန်း မသိနိုင်ဘူးလေ"


ဝူရှဲ့ မေးလိုက်တဲ့အခါ ဖက်တီးနဲ့ ဖန့်ကျစ်လည်း ငြိမ်သက်သွားပြီး ရွှင့်ကျစ်ကို အတူတူ လှည့်ကြည့်လိုက်သည်။ ရွှင့်ကျစ် မြေကြီးပေါ် ထိုင်ချလိုက်ကာ မျက်မှောင်ကြုတ်ထားလျက် ပြောပြလာသည်။ 


"အဲဒါက လွန်ခဲ့တဲ့ တစ်လလောက်ကပါ... အဲဒီတုန်းက ကျွန်တော်လည်း ဧည့်သည်တွေကို တောင်ပေါ်တက် လမ်းပြပေးနေတာ သူတို့က ခင်ဗျားတို့လောက် မတော်ဘူး... သူတို့က နှင်းဖုံးနေတဲ့ နှင်းတွေကို လှမ်းကြည့်ရုံပဲ... ခင်ဗျားရဲ့ ဦးလေးသုံးကလည်း အဲဒီတုန်းက ဧည့်သည်တွေ ကြားထဲမှာ ရှိတယ်... ကျွန်တော်တို့တောင်ပေါ်မှာ တစ်ညအိပ်တော့ သူက ကျွန်​တော့်ကို ရုတ်တရက်ခေါ်တယ်။ လျှို့ဝှက်ဆန်းကြယ်ပြီး အခု နှင်းဖုံးနေတဲ့တောင်တွေကို သူကိုယ်တိုင် သွားတော့မယ်လို့ ပြောတယ် တခြားဘယ်သူ့ကိုမှ မပြောဖို့ တောင်းဆိုတယ် ပြီးတော့ ပိုက်ဆံနည်းနည်း ထပ်ပေးတယ်... ဝူရှဲ့လို့ခေါ်တဲ့ လူကို တောင်ခြေကနေ စောင့်နေပါတဲ့.. ပြီးရင် ခင်ဗျားတို့ကို တောင်ပေါ်ခေါ်သွား​ပေးရမယ်။ သူနဲ့ကျွန်တော် အဲဒီသတိပေးချက်ကို ပြောတဲ့အခါတုန်းက 'ခင်ဗျား' ဖြစ်သရွေ့တော့ အဲဒါကိုကြားတာနဲ့ ချက်ချင်း နားလည်သွားလိမ့်မယ်လို့ သူက အလေးပေး ပြောခဲ့​သေးတယ်" 


“သူ တကယ် အဲ့လိုပြောတာလား” 


ရွှင့်ကျစ်က ခေါင်းညိတ်ပြပြီး သူ့အမူအရာကနေ သူ့စကားတွေက သေချာကြောင်း ထောက်ခံပြသနေသည်။ 


တစ်ခုခုတော့ ထူးဆန်း​နေသလို ခံစားလိုက်ရသည်။ ဒီစကားက ဟောပြောချက်ရဲ့ အကြောင်းအရာထက် နားထောင်သူကို အလေးပေးသလိုပဲ။ 'သူ' ကြားတာနဲ့ ချက်ချင်း နားလည်နိုင်တယ်တဲ့။ ဧကန္တ သူ့မှာ တခြားသူတွေနဲ့ မတူတဲ့ အရည်အသွေးတွေ ရှိနေလို့လား။ 


"ဒါဆို ချန်ဖီအားစစ်ကို ရှင်းထုတ်ပြီးမှ ဒီအချက်တွေကို ပြောပြရမယ် ဆိုတာ မင်းဘယ်လိုလုပ်သိလဲ" 


ဖက်တီးက ဝင်မေးလေသည်။ ရွှင့်ကျစ်သည် အရင်ကနဲ့ လုံးဝမတူတဲ့ အမူအရာပြပြီး ရယ်မောလိုက်သည်။


"ကျွန်တော်က ငတုံးမဟုတ်ပါဘူး ခင်ဗျားတို့ရဲ့ ဦးလေးသုံးက ခင်ဗျားတို့ရဲ့ လူအရေအတွက်ကို ပြောပြထာခဲ့ပြီးသား... လူအရေအတွက် မှား​နေရင် ဝူရှဲ့ တစ်ယောက်တည်းကိုပဲ ဒီမက်ဆေ့ချ်ကို ပြောပြရမယ်တဲ့...ခင်ဗျားတို့ကိုတွေ့တာနဲ့ ခင်ဗျားတို့အဖွဲ့ထဲမှာ တစ်ခုခုမှားနေပြီလို့ ခံစားမိတယ်.. လူအုပ်စုနှစ်စု ရောနှောနေသလိုပဲ အဲဒီအချိန်မှာ ခင်ဗျားတို့ဘာတွေ လုပ်​ကြမှာလဲ ဆိုတာ ကျွန်တော်မသိဘူး... ဒါကြောင့် ကျွန်တော် ငတုံးဟန်ဆောင်ရမယ်လေ နောက်ဆုံးတော့ ကျွန်တော်က တခြားသူရဲ့ ပိုက်ဆံကို လက်ခံထားတဲ့ လူဆိုတော့ အဆင်မပြေရင်တောင် ခင်ဗျားတို့ကိစ္စတွေကို နှောင့်နှေး​စေရင် မကောင်းဘူးလေ"


ဝူရှဲ့မှာ ရွှင့်ကျစ်ရဲ့ အမူအရာကို ကြည့်လိုက်ရင်း ကောက်ကျစ်မှု တစ်မျိုးရှိ​​နေသလို ခံစားရပြီး သူ့နှလုံးသားထဲမှာ ထုံးတစ်ခုရှိနေတယ်လို့ပင် တွေးမိလာသည်။ သူတောင်ပေါ်တက်ပြီးကတည်းက သူ့ရဲ့ရိုးသားမှုနဲ့ အပြုအမူတွေဟာ အတုအယောင်တွေ ဖြစ်ခဲ့ပုံရသည်။ 


အပြင်ပန်းကြည့်ပြီး လူတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ အကဲဖြတ်လို့ မရတာတော့ အမှန်ပါပဲ။ ဒီကောင်လေးက အချိန်ကြာလာတာနဲ့အမျှ တည်ငြိမ်လာပြီး သူ့ရဲ့အရောင်အသွေး အစစ်အမှန်တွေ ပေါ်လာတာ အံ့သြစရာ မရှိပါဘူး။


ဖန့်ကျစ်သည် ဂူဖောက်လောက၌ ကျင်လည်နေသူ လူဟောင်းဖြစ်သလို သူ့မျက်နှာ မည်းမှောင်သွားပြီး ဝင်မေးလိုက်သည်။ 


"အဲ့လောက် မရိုးရှင်းနိုင်ပါဘူး...မင်း တခြားဘာတွေ သိထား​သေးလဲ" 


ရွှင့်ကျစ်က "ကျွန်တော်က အငြိမ်းစားမယူခင် ဒီမှာ စစ်သားတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်... နှင်းတွေထူထပ်တဲ့ တောင်တွေမှာ အများကြီးပေါ် လမ်းလျှောက်ခဲ့ဖူးတယ်... ကျွန်တော့်မိဘတွေက ဒေသခံ ရှန်းလူမျိုးတွေပါ.... သူတို့တွေဟာ ဇူလိုင် ၁၈ ရက် ရုန်းရင်းဆန်ခတ်ကာလမှာ မြောက်ကိုရီယားကနေ ထွက်ပြေးလာပြီး တောင်တွေထဲ ပုန်းအောင်းနေခဲ့ကြတယ်။ ဒီတောင်ကြီးမှာ ရှေးခေတ်က ဒဏ္ဍာရီတွေ အများကြီးရှိတယ် ထူးဆန်းတဲ့ အရာတွေ အများကြီးကိုလည်း ကြုံခဲ့ရတယ်.... နှစ်စဉ်နှစ်တိုင်း မရေမတွက်နိုင်တဲ့ လူတွေက ထူးဆန်းတဲ့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ တောင်ပေါ်ကို လာလည်ကြတယ် ဘာမှမသိဘူးလို့ ပြောချင်ရင်တောင် တစ်ခုခုတော့ သိနေသေးတယ်.... ဒါကြောင့် ခင်ဗျားတို့ ဒီတောင်ပေါ်ကို လျှောက်သွားနေတာ တွေ့တော့ ဘာလုပ်ချင်​ကြလဲ ဆိုတာကို မှန်းဆကြည့်မိတယ်” 


သူကခေတ္တရပ်လိုက်ပြီး။ 


“ခင်ဗျားတို့ ဦးလေးသုံးရဲ့ ညွှန်ကြားချက်အတိုင်းသာ မဖြစ်ခဲ့ရင် ဒီလိုတောင်စောင်းနဲ့ နှင်းပြိုကျတဲ့ နေရာတွေအထိ ဘယ်တော့မှ လမ်းပြမှာ မဟုတ်ဘူး"


ဖန့်ကျစ်က ဝူရှဲ့ကို ကြည့်ပြီး တစ်ဖန် ဖက်တီးကိုလည်း ကြည့်ကာ ခဏလောက်အထိ စကားထပ်မပြောခဲ့ပေ။ မိနစ်ဝက်လောက် အံ့အားသင့်သွားပြီးနောက် ဖန့်ကျစ်က စီးကရက်တစ်လိပ်ကို ထုတ်ကာ ကမ်းပေးလိုက်သည်။


"ညီနောင်ရွှင့် မင်းတောင်တွေကို မမြင်ရတော့ဘူး ငါတို့ကလည်း တစ်ဖွဲ့တည်း ဖြစ်သွားပြီပဲ လာ စီးကရက်တစ်လိပ်လောက် သောက်လိုက်ပါဦး" 


ရွှင့်ကျစ်က စီးကရက်ကို မယူဘဲ ခေါင်းကို မော့ပြီး ဆိုလာသည်။ 


"ပေါက်ကရ စကားတွေ မပြောပါနဲ့... ကျွန်တော်က ခင်ဗျားတို့ကို သဘောကျလို့ ကူညီပေးတာ မဟုတ်ဘူး ငါ ပိုက်ဆံလက်ခံထားလို့ ကူညီ​ပေးတာပါ.... ခင်ဗျားရဲ့ဦးလေး ကျွန်တော့်ကို ပေးခဲ့တဲ့ ပိုက်ဆံတွေက နှစ်သက်လောက် လုံလောက်တယ်လို့ ပြောလို့ရတယ်... ဒါကြောင့် ခင်ဗျားကို ဘာပဲဖြစ်ဖြစ် သူ့ဆီ ခေါ်လာ​ပေးရမယ်တဲ့... ဒီဝါကျရဲ့အဓိပ္ပာယ်ကို မြန်မြန်စဉ်းစားပါတော့"


ဖန့်ကျစ်မှာ သူ့ကြောင့် ရှက်လွန်းလို့ သူ့ပါးစပ်ထဲ စီးကရက်ထည့်ဖို့ကလွဲလို့ ရွေးစရာ မရှိတော့ပေ။ သူက ဒေါသတကြီး ပြုံးပြီး ဝူရှဲ့ကို လှမ်းကြည့်လိုက်သည်။ ဝူရှဲ့လည်း။


"ဒါဆို ဦးလေးသုံး အဲဒီတုန်းက ပြောခဲ့တာကို ပြန်ပြောပြပါဦး"


ရွှင့်ကျစ်က ပြန်စဥ်းစားလိုက်ကာ။


"အဲဒီတုန်းက သူဒီလိုပြောခဲ့တယ်... 'ဝူရှဲ့ ရောက်တဲ့အခါ မြေအောက်နန်းတော် ဝင်ပေါက်က ရွှမ်ဝူ အလောင်းတွေကို ငြင်းတဲ့အရပ်မှာ ရှိတယ်လို့ ပြောလိုက်ပါတဲ့'... ကျွန်တော်လည်း ဘာကိုဆိုလိုတာလဲလို့ မေးလိုက်တော့ သူက ခင်ဗျားသာဆိုရင် သေချာ​ပေါက် သိလိမ့်မယ်တဲ့လေ" 


"လာပြန်ပြီ!" 


ဝူရှဲ့ သက်ပြင်းချလိုက်ပြီး ကိုယ့်ကိုကိုယ် ပြန်ပြောလိုက်မိသည်။ အဓိကသော့ချက်က 'သူ' ကိုယ်တိုင်ပဲ။ ဒါပေမဲ့ သူကိုယ်တိုင်ကိုက ဒီစာကြောင်းကို လုံးဝ နားမလည်ဘူး ဖြစ်နေသည်။ ဦးလေးသုံး ဘယ်ကရလာတဲ့ သတ္တိတွေနဲ့ သူ့အပေါ် ဒီလောက် ယုံကြည်မှုနေတာလဲ။ လှည့်စားနေတာတော့ မဟုတ်ဘူးမလား။


လူတိုင်းက စိတ်အားထက်သန်တဲ့ အမူအရာတွေနဲ့ ဝူရှဲ့ကို ကြည့်နေကြသော်လည်း သူကတော့ ခေါင်းခါပြီး သက်ပြင်းသာ ချပြလိုက်ရသည်။ ဖက်တီးက သူ့အား နားမလည်နိုင်စွာ ကြည့်ရင်း။ 


"ဒီသဲလွန်စက မင်းတို့မိသားစုထဲမှာ အရင်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ တစ်ခုခု ဆက်စပ်နိုင်ချေ ရှိလား? ဥပမာ မင်းတို့ဝူမိသားစုက လူတွေပဲ နားလည်နိုင်တဲ့ တစ်ခုခုပေါ့!"


"မဖြစ်နိုင်ဘူး... ဦးလေးသုံးရဲ့ ပင်ကိုယ်စရိုက်ကို နားလည်တယ်။ သူက အရမ်းရှုပ်ထွေးတဲ့ ကုဒ်တစ်ခုကို ပြောပြီး ငါတို့ကို ခန့်မှန်းခိုင်းမယ့်လူတော့ မဟုတ်ဘူး.... ဒီစာကြောင်းရဲ့ အဓိပ္ပာယ်က သေချာပေါက် အရမ်းရှင်းတယ် တစ်ခုခုတော့ မှား​​နေလိမ့်မယ်... ငါတို့တွေးတာတွေက မှားနေတာဖြစ်မယ် ထင်တယ်"


"ဒါပေမဲ့ သခင်သုံးက သခင်လေးကြားတာနဲ့ သိနိုင်တယ်လို့ ပြောတယ်ဆိုတော့ 'ကျုပ်တို့'ကတော့ သိနိုင်မှာ မဟုတ်ဘူး... သခင်လေးမှာလည်း တူညီတဲ့ ကုဒ်တစ်ခု ရှိရမယ်... စဥ်းစားကြည့်ပါဦး... သခင်လေးတို့ကြားက ဆက်ဆံရေးအရဆို တူညီတဲ့ သဲလွန်စတစ်ခုခု ရှိနေနိုင်တယ်"


ဒါကလည်း သိပ်ပြီး စိတ်မချရဘူးလို့ ခံစားရလေသည်။ ဒါပေမဲ့ ဒီအချိန်မှာ တခြားနည်းလမ်း မရှိတာကြောင့် လက်ညိုးတစ်ချောင်း စ​ထောင်ပြီး စဉ်းစားရတော့သည်။ 


တကယ်တော့ ဦးလေးသုံးနဲ့ သူက သိပ်ပြီး တူညီမှု မရှိပေမယ့် ဒီသဲလွန်စက သူနဲ့ ဦးလေးသုံးကြားက အရာတစ်ခုခု ဖြစ်ရမယ်။ ဖန့်ကျစ်နဲ့ တခြားသူတွေကတော့ ဖယ်ထုတ်ပစ်ရမယ်။ နောက်ဆုံးတော့ သူတို့တူကြီးနှစ်ယောက် 'ဝူ' ဆိုတဲ့ မျိုးရိုးရှိတယ်။ ဒါကြောင့် သူတို့ဟာ တစ်ခုတည်းအဖြစ် ရေတွက်သင့်ပေမယ့် ဒါက လျှို့ဝှက်ကုဒ်နဲ့ ဘာမှမဆိုင်ပါဘူး။


သူနဲ့ ဦးလေးသုံးက မိန်းမတွေနဲ့ တွေ့ရင် နည်းနည်းတော့ တုံးအပေမယ့် ဒါကလည်း အတော်လေး မရေရာတဲ့ တူညီမှုပင်။ ဒီလိုအချက်ကိုတော့ နှစ်ယောက်လုံးက သေတဲ့အထိတောင် ဝန်ခံမှာ မဟုတ်ဘူး။ အဲဒါတွေအပြင် သူတို့မှာ တူညီတာတစ်ခုကတော့ သူတို့နှစ်ယောက်စလုံးက ဟန်ကျိုးမှာ နေထိုင်တာပါပဲ။ ယခုနေထိုင်ရာ အဓိကနေရာကလည်း ဟန်ကျိုးပဲ ဖြစ်သည်။


'ခဏ!'


ဒါကို တွေးလိုက်ချိန် စိတ်ထဲမှာ တစ်ခုခု ပေါ်လာသလို ကြည်နူးမှု အရိပ်အယောင် တစ်ခုက ရုတ်တရက် ခေါင်းထဲ ပေါ်လာ၏။ 


'ရွှမ်ဝူက အလောင်းတွေက ငြင်းပယ်တယ်' ဆို​တာက ဦးလေးသုံးရဲ့ အရိပ်အမြွက်ပဲ။ ဟန်ကျိုး။ ‘သူ’ ဆိုရင် သေချာပေါက် နားလည်လိမ့်မယ်။


ဒီစကားလေးလုံးက တကယ်ကို အဓိပ္ပာယ်ရှိမှန်း ဝူရှဲ့ ရုတ်တရက် သိလိုက်တော့သည်။