(11)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ချင်လင်နတ်သစ်ပင်


Chapter (11)

လူခေါင်း



တောင်ပေါ်ကို ရောက်ကတည်းက လမ်းပြအဘိုးပေးတဲ့ အသားအနည်းငယ်ကလွဲလို့ ခြောက်သွေ့တဲ့အစာကိုပဲ စားခဲ့ရသည်။ မျောက်တွေ မနှောက်ယှက်ခင်ကအထိ အစာနည်းနည်းတောင် မစားခဲ့ရဘူး။ လောင်းယန်က ငါးကိုစားဖို့ အကြောင်းပြောနေတော့ ဝူရှဲ မစားဘူးလို့ ပြောပေမယ့် တကယ်တမ်းကျတော့ သူ့စိတ်တွေက နည်းနည်း လှုပ်ရှားနေပြီ။ ပင်လယ်ထဲမှာ ငါးခေါင်းဟင်းပူပူကို စားခဲ့ရတဲ့ မြင်ကွင်းကို စိတ်ထဲမှာ တွေးနေတုန်းပဲလေ။


ဒါပေမဲ့ ဒီဓားကြီးက သူ့အိပ်မက်တွေကို ဖြိုခွဲပစ်လိုက်ပြီ! ငါးခေါင်းပေါင်းအိုးရဲ့ မြင်ကွင်းနဲ့ ထပ်နေတဲ့ အစာအိမ် အက်ဆစ်တွေနဲ့ ပြည့်နေတဲ့ သွေးစွန်းနေတဲ့ လူရဲ့ဦးခေါင်းကို ကြည့်လိုက်တော့ သူ့လည်ချောင်းထဲမှာ ပျို့အန်ချင်သလို ခံစားချက်တွေက ချက်ချင်း ထိုးတက်လာခဲ့သည်။


လောင်းယန်က အများအားဖြင့် အလွန်ရဲရင့်သူပင်။ သူက လူသေများနှင့် ပတ်သက်လျှင် လူတစ်ထောင်လျှင် ရှစ်ရာကို တွေ့ဖူးသည်သု ဆိုရမည်။ သို့သော် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူ့မျက်နှာမှာလည်း ဖြူဖျော့သွားကာ အကြာကြီး အသက်ရှူမဝနိုင်အောင် ဖြစ်သွား၏။ 


ပျို့အန်ချင်စိတ်ကို ထိန်းထားရင်း ခေါင်းကို ဓားမြှောင်နဲ့ လှန်ကြည့်လိုက်တော့ သူ့မျက်နှာပေါ်က အရေပြားက အနည်းငယ် အနာဘု​တွေလို ဖြစ်နေကြောင်း တွေ့ရတာကလွဲလို့ ဦးခေါင်းတခုလုံးက အတော်လေး နဂိုအတိုင်း ဖြစ်နေတာကို တွေ့လိုက်ရပါသည်။ ဒါက ဒီလူကို စားပြီးထားတာ မကြာသေးဘူးလို့ ဆိုနိုင်သည်။ ထိုးနှက်ချက် အနည်းငယ် ကြာပြီးနောက် ဦးခေါင်းခွံအောက်က မေးရိုးပုံသဏ္ဌာန်က အနည်းငယ် ပျက်ယွင်းသွားကာ မျက်နှာကို စကားလုံးများဖြင့် ဖော်ပြနိုင်ခြင်း မရှိတော့တာကြောင့် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ဆုံးဖြတ်ရန် မဖြစ်နိုင်​တော့ပေ။


ဤလူသည် ငါးဗိုက်ထဲတွင် ကြာကြာမနေခဲ့ရဘဲ သေသွားခဲ့ပြီဟု ဆိုနိုင်သည်။


ဝူရှဲ နှာခေါင်းကို လက်တစ်ဖက်နဲ့ အုပ်ပြီး ငါးဗိုက်ထဲက ရွှဲနေတဲ့ အရာတွေကို ဓားမြှောင်နဲ့ တွန်းထုတ်ပြီး ကျန်တဲ့ အစိတ်အပိုင်းတွေ ဘယ်မှာ ရှိနေလဲ ဆိုတာကို ကြည့်ဖို့ ကြိုးစားရင်း မကြာခင်မှာပဲ လက်နဲ့ အသား အပိုင်းအစတွေကိုပါ ထပ်တွေ့ခဲ့ရသည်။ အစာခြေဖျက်မှုက အတိုင်းအတာ တစ်ခုအထိ ရှိထားခဲ့ပြီမို့ ထိုပုဂ္ဂိုလ်ရဲ့ အထောက်အထားကို ထုတ်ဖော်ပြသနိုင်ခြင်း မရှိတော့ပေ။ 


နောက်ထပ် အကြိမ်အနည်းငယ် ဆက်ကြည့်လိုက်တော့ မျိုချခံထားရတဲ့ သူတို့ရဲ့ ကျောပိုးအိတ်ကို တွေ့လိုက်ရ၏။ ဗိုက်ထဲက ပစ္စည်းတွေ အကြွင်းအကျန်တွေနဲ့ ရောထွေးနေတာကြောင့် အရာအားလုံးကို ဘေးဖယ်ထုတ်ပစ်လိုက်သည်။ အစာခြောက်ကို ပလပ်စတစ်စက္ကူဖြင့် ကောင်းစွာ ထုပ်ပိုးထားသော်လည်း ၎င်းကိုစားရန် ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတော့ပေ။ 


ချက်ချင်းဆိုသလိုပဲ ငါးဗိုက်ထဲမှ မုန်လာဥလို ရှည်မျောမျောနဲ့ အနက်ရောင်အရာ တစ်ခုကို တွေ့လိုက်ရသည်။ ဝူရှဲ အားလုံးကို မဆွဲထုတ်ခင်မှာပဲ လောင်းယန်က ထအော်လိုက်၏။ 


"Fu*k! အဲဒါ 'ပါးရိုက်ချက်' ပဲကွ!" 


ပါးရိုက်ချက်ဆိုတာ ဘာမှန်းကို မသိခဲ့တဲ့ ဝူရှဲခမျာ ကြောင်တောင်တောင်လေး ဖြစ်သွားသည်။ ဒီလောင်းယန်က ထောင်ထဲမှာ သူသင်ယူခဲ့တဲ့ ကောက်ကျစ်တဲ့ စကားလုံးတွေကို ပြောနေတာ ဖြစ်မယ်လို့ ထင်လိုက်သည်။ အားလုံးကို ဆွဲထုတ်လိုက်တဲ့ အခါမှာတော့ အိမ်လုပ် ပစ္စတိုတစ်လက်လို့ မြင်လိုက်ရ၏။ ဒီသေနတ်က အရမ်း အကြမ်းထည်ဆန်သည်။ အရွယ်အစား သေးငယ်သော နှစ်လုံးပြူး သေနတ်တစ်လက်လို အရှည်ကြီးကို မြင်လိုက်ရပြီး ပစ္စတိုနှင့် တူစေရန် ၎င်းရဲ့တင်ပါးကို ပြုပြင်ထားသည်။ 


သူ့မှာ ကျည်ထည့်စရာ နေရာနှစ်ခုပါပြီး နှစ်ကြိမ် ပစ်ခတ်နိုင်ပေမယ့် ကျည်တောင့်ဘူးကိုတော့ သူ့အလိုလို မထုတ်ပေးနိုင်ချေ။ ကျည်ဆံ ထည့်ချင်ရင် ကျည်တောင့်အလွတ်ကို ထုတ်ယူရမှာဖြစ်လို့ တိုက်ခိုက်နိုင်စွမ်းမရှိတဲ့ အကောင်ငယ်လေးတွေကို ပစ်ခတ်ဖို့ပဲ သင့်တော်သည်။ ကြီးမားသော သားရဲတစ်ကောင်နှင့် ကြုံတွေ့ရပါက အကယ်၍ သေနတ်ကို ကျည်ဆံမတင်ခင်မှာပင် သေနတ်ပိုင်ရှင်ရဲ့ လည်ပင်းက အကိုက်ခံထားရလောက်ပြီ။ ထို့အပြင် သေနတ်သည် အနီးကပ် အကွာအဝေးတွင် မယုံနိုင်လောက်အောင် အစွမ်းထက်သော်လည်း ၎င်းသည် မီတာ 20 ကျော်အကွာက ခွေးတစ်ကောင်ကိုပင် မသတ်နိုင်ပေ။ ၎င်း၏ လက်တွေ့ကျမှုသည် တရားဝင် ပစ္စတိုနှင့် နှိုင်းယှဉ်၍ပင် မရပေ။


ဝူရှဲ ​သေနတ်​ကို ထုတ်​ပြီး ​မြေပြင်​​ပေါ် ပစ်ချကာ အရွှဲတွေကို ပစ္စည်း​တွေနဲ့ သုတ်​ပစ်​လိုက်​ပြီး ​သေနတ်​ကျည်အိမ်ကို ကြည့်​လိုက်​သည်​။ အထဲမှာ ​သေနတ်​ကျည်​ နှစ်​​တောင့်​ ပါရှိသည်​။ ပစ္စတိုအောက်​တွင်​ ကျည်​ဆံများပါသည့်​ သံ​သေတ္တာတစ်​လုံးလည်း ရှိသည်​။ ကျည်ရှစ်တောင့် ထည့်နိုင်ကာ အပြာလေးလုံးနဲ့ အနီလေးလုံး ဖြစ်နိုင်ပေမယ့် အဲဒါတွေက ဘာအမျိုးအစားလဲတော့ သူလည်း မသိပေ။


ဤလူသည် သေချာပေါက် အမဲလိုက်ရန် တောင်ပေါ်သို့ ရောက်ရှိလာခြင်းဖြစ်ကာ ဒီဂူကို မတော်တဆ တွေ့ရှိသွားခဲ့တာ ဖြစ်နိုင်သည်။ သူသည် ဝင်ကြည့်ချင်သော်လည်း နောက်ဆုံးတွင် မိမိကိုယ်ကို ငါးစာကျွေးမိသလို ​ဖြစ်သွား၏။ ငါးက အဲဒီလူရဲ့အသားကို ကိုက်လိုက်တာနဲ့ ဒီသေနတ်ကိုပါ မျိုချမိသွားတာ ဖြစ်နိုင်လေသည်။ ဒီလိုလူတွေ အတွက်ကတော့ ကံမကောင်းကြဘူးလို့ပဲ ပြောရမည်။ ဒီနေရာမှာ ဒီလို အသားစား ငါးကြီးကြီး ရှိ​နေမယ်လို့ ဘယ်သူက တွေးမိမှာလဲ။


သေနတ်များသည် ကောင်းမွန်သော အကာအကွယ် ပစ္စည်းဖြစ်ပြီး အရေးပေါ်အခြေအနေများတွင် အသက်ကို ကယ်တင်ရန် အသုံးပြုနိုင်သော်လည်း ကျည်ဆန်များမှာ အလွန်နည်းပါးပါသည်။ လောင်းယန်က သူတို့ရဲ့ ပစ္စည်းများကို ထုတ်ယူပြီးနောက်တွင် ငါးဗိုက်ကို အကြိမ်အနည်းငယ်မျှ ခြေရာခံခဲ့သော်လည်း ဘာမှမတွေ့ခဲ့ပေ။ ငါးခန္ဓာကိုယ်ကို ကြည့်လိုက်တော့ သူတို့ဆီက ရထားသော ဒဏ်ရာအနည်းငယ် အပြင် ကျည်ဆံပေါက်များလည်း တွေ့ရ၏။ ငါးက သူတို့ကို မတိုက်ခိုက်ခင်မှာ ဒဏ်ရာရခဲ့ပေမယ့် သံသဲကျည်ဆန်က သေးငယ်လွန်းလို့ အသက် မသေခဲ့ချေ။ 


လောင်းယန်က ငါးကိုကြည့်ရင်း ထူးဆန်းသလို ခံစားရတာကြောင့်။ 


"လောင်ဝူ.. ဒီနေရာမှာ ဘယ်လိုလုပ် လူသတ်နိုင်တဲ့ ငါးကြီးရှိနေတာလို့ မင်းထင်လဲ? တစ်ယောက်ယောက်က ဒီနေရာမှာ ထိန်းသိမ်း မွေးမြူထားတာများလား?"


"မဟုတ်ဘူး... ဒီကျောက်လမ်းရဲ့ ရေမျက်နှာပြင်အောက်မှာ အနီးနားက မြေအောက်မြစ်နဲ့ ဆက်သွယ်ထားတဲ့ တခြားရေလမ်းတွေ ရှိ​နေသေးတယ်လို့ ထင်တယ်... ဒီမြေအောက်မြစ်က ပုံမှန်အားဖြင့် ကျာလစ်မြစ်နဲ့ ဆက်သွယ်ထားတာ ဆိုတော့ ဒီငါးက အဲဒီမြစ်ထဲကနေ ကူးခတ်လာတာ ဖြစ်မယ်.."


"မဟုတ်သေးပါဘူး... ရေငုပ်ကိရိယာတွေ ဆိုတာ လွန်ခဲ့တဲ့ နှစ်ထောင်ချီလောက်က မပေါ်သေးဘူးလေ... ဒီရေအောက် လမ်းကြောင်းတွေကို သူတို့ဘယ်လိုလုပ် တူးနိုင်မှာလဲ?"


ဝူရှဲက လောင်းယန် အရမ်းစိတ်ဝင်တစား ရှိနေတာကို တွေ့တော့ ရှင်းပြလိုက်သည်။ 


"အဲဒါက တူးထားတာ မဟုတ်ဘူး... မတော်တဆဖြစ်လာတာလို့ ငါထင်တယ်" 


ဝူရှဲ ဗိသုကာပညာကို သင်ယူနေချိန်တုန်းက ဘူမိဗေဒဆိုင်ရာ အဆောက်အဦတွေ အကြောင်း ဆွေးနွေးတဲ့ သဘာဝ စက်ပြင်သင်တန်းတစ်ခု တက်ခဲ့ဖူးသည်။ ရှေးခေတ်အခါက ကျောက်တောင်များ လှုပ်ခတ်သောအခါ ကျောက်တမံများအတွင်း အခေါင်းပေါက်များ ဖြစ်ပေါ်တတ်သည်ဟု ဖော်ပြထားသည်။ ကျောက်သားတမံများသည် တောင်ချောင်းများနှင့် ချိတ်ဆက်ပါက တောင်အတွင်း၌ ရေစနစ်တစ်ခု ဖြစ်ပေါ်လာနိုင်သည်။ မိုင်းလုပ်သားတွေ ဒီကိုရောက်လာချိန်က ကြီးမားသော မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့နိုင်သည်။ မတော်တဆ မိုင်းပေါက်ကွဲပါက မိုင်းတွင်းများစွာ အတွင်း အပေါက်တွေ ဖြစ်သွားနိုင်ပြီး ကြီးမားပါက ၎င်းသည် ဆောက်လုပ်ရေး မျက်နှာပြင် တစ်ခုလုံးကို ရေလွှမ်းသွားမှာပဲ ဖြစ်သည်။


ဒါက ကျောက်မိုင်းဂူလို ဖြစ်သည်။ အများအားဖြင့် ရေနုတ်မြောင်းများ မရှိသော်လည်း ဒီလိုရေလျှံနေတာက ဒီလိုမတော်တဆမှု တစ်ခုကြောင့် ဖြစ်နိုင်ပါ၏။


သို့သော်လည်း ကျောက်မိုင်းဂူ၏ အတိုင်းအတာသည် သူတို့မြင်ရတာထက် များစွာ ကြီးမားနိုင်သော်လည်း ၎င်းသည် ရေအောက်မြုပ်နေသောကြောင့် မမြင်နိုင်ပေ။ ကျောက်တုံးများစွာကို ကြည့်ရုံဖြင့် သူတို့သွားမည့် ရှေးဟောင်းဂူ သင်္ချိုင်းကြီး၏ အရွယ်အစားမှာ သေးငယ်မည်တော့ မဟုတ်ချေ။ 


ငါးအသေကောင်နှင့် လူခေါင်းကို ရေထဲသို့ ပြန်တွန်းချသော်လည်း အနံ့က ဆိုးရွားလွန်းလှသည်။ သူတို့နှစ်ယောက်မှာ အကြာကြီး မနေနိုင်ဘဲ အဝတ်တွေ ခြောက်သွေ့လုနီးပါး ဖြစ်နေတာကို တွေ့ရသဖြင့် သပ်သပ်ရပ်ရပ် ၀တ်ဆင်ကာ လိုအပ်သည့် ပစ္စည်းအားလုံးကို အိတ်ထဲ ထည့်၍ အလျင်စလို ထွက်ခွာသွားခဲ့သည်။


လောင်းယန်က ဓာတ်မီးကိုဖွင့်ကာ ရှေ့က​နေလမ်းကို ဖွင့်သည်။ နှစ်ယောက်သား ရှေ့တစ်ယောက် နောက်တစ်ယောက် သွားကာ နောက်က ကျောက်လမ်းအတိုင်း တည့်တည့် လျှောက်လာခဲ့၏။ 


အထဲမှာ ကျောက်ရုပ်တွေနဲ့ တိရိစ္ဆာန်ရုပ်တုတွေ လဲလျောင်းနေပြီး အတွင်းဘက်မှာလည်း မှောင်မဲနေသည်။ လိုဏ်ဂူရဲ့ နံရံနှစ်ဖက်စလုံးမှာ တွင်းတွေနဲ့ အက်ကွဲကြောင်းတွေ ပြည့်နှက်နေပြီး တခါတရံမှာတော့ တစ်ဝက်လောက် ကျန်သေးသော အချောထည် ကျောက်ထွင်းလက်ရာတွေကိုလည်း မြင်တွေ့ရလေသည်။ 


ဤအရာများသည် အလွန် ကြီးမားသောကြောင့် ဝူရှဲသည် ဤနေရာအထိ ကျောက်တုံးများကို ရှေးဟောင်း ဂူသင်္ချိုင်းအတွင်းသို့ သယ်ဆောင်သွားနိုင်ပုံမှာ အံ့သြစရာပင် ကောင်းလှသည်ဟု တွေးမိသည်။ 


ပါမောက္ခချီ သူ့ကို ပေးခဲ့တဲ့ အချက်အလက်တွေအရ ရှစ်တိုင်းပြည်ရဲ့ နယ်မြေက မကျယ်ချေ။ အများစုဟာ တောင်တန်းဒေသတွေ ဖြစ်ကာ အမဲလိုက်ခြင်းက အဓိက အသက်မွေးဝမ်းကြောင်း အလုပ်ဖြစ်သည်။ ကုန်ထုတ်စွမ်းအားက အတော်လေးကို နောက်ကျတာကြောင့် ဟိုးအဝေးက ကျောက်တုံးတွေကို သယ်ယူနိုင်စွမ်း မရှိလောက်ချေ။ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ စေရန်အတွက် ရှေးဟောင်း ဂူသင်္ချိုင်းများသည် တစ်ခုနှင့်တစ်ခု နီးကပ်စွာ တည်ရှိ​​နေသင့်သည်။


ခုနက သူတို့ ဝင်လိုက်သော အပေါက်သည် ဂူသင်္ချိုင်းဖောက်သူများ ဖောက်ခွဲသွားသော နေရာ ဖြစ်သည်။ ဆိုလိုသည်မှာ ကျောက်မိုင်းတွင်း၏ ထွက်ပေါက်သည် တ​ခြားတစ်ဖက်တွင် ရှိနိုင်သည်။ ဒီအတိုင်း ဆက်သွားရင် မြေအောက်နန်းတော်ရဲ့ အဝင်ဝသို့ ရောက်သွားနိုင်​လောက်သည်။


သို့သော် သူတို့ ထိန်းချုပ်နိုင်မှုထက် ကျော်လွန်နေတဲ့ အရာကတော့ တချို့လူတွေဟာ သူတို့ရဲ့ သင်္ချိုင်းတည်နေရာကို ဖုံးကွယ်ထားရန်အတွက် အဝေးတစ်နေရာတွင် ပစ္စည်းများကို တမင်ပြင်ဆင်ထားတတ်သည်။ ဒါကတော့ သူတို့အလွယ်တကူ ရှာမတွေ့နိုင်ချေ။ 


နာရီဝက်လောက် လမ်းလျှောက်ပြီး ရှေ့နဲ့နောက်က အရာအားလုံးဟာ မှောင်မိုက်နေခဲ့သည်။ လောင်းယန်ရဲ့ ဓာတ်မီးဟာ ဘက်ထရီ ကုန်ဆုံးသွားတာကြောင့် မီးရောင်က တုန်ခါလာသည်။ မောပန်းနေတော့ ဘက်ထရီကို မလဲ​သေးဘဲ ကိုယ့်စိတ်ကို လန်းဆန်းသွားအောင် ဆိုပြီး စီးကရက်တစ်လိပ် သောက်လိုက်သည်။


သူတို့နှစ်ယောက် မြေပြင်ပေါ် ထိုင်ကာ ဓာတ်မီးများကို မြေကြီးပေါ်တွင် ချထားလိုက်ရာ အသက်ဝင်နေသလို ကျောက်ရုပ်များကို လင်းထိန်သွားစေသည်။ ထိုအခိုက် လောင်းယန်က သူ့ကိုပြောလာ၏။  


"ဒီကျောက်တုံးရုပ်ထုတွေက အရမ်းအသက်ဝင်တယ်နော်.. တကယ်ကြောက်စရာ ကောင်းတယ်။ အဲဒါတွေက ဘယ်မင်းဆက်ကလို့ ထင်လဲ? ဘာလို့ငါ သဲလွန်စ​တွေ ရှာမတွေ့ပါလိမ့်?"


သူလည်း လောင်းယန်လိုပင် ခေါင်းရှုပ်နေပါသည်။ တရုတ်နိုင်ငံရဲ့ ရွှံ့နှင့် ကျောက်ထွင်းထုသည့် ယဥ်ကျေးမှုသည် ရှည်လျားသော သမိုင်းကြောင်းရှိပြီး ရှေးခေတ်အိန္ဒိယနှင့် တိဗက်ယဉ်ကျေးမှုတို့နှင့် ရှည်လျားစွာ ပေါင်းစည်းထားသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။သို့သော်လည်း လက်တွေ့ဆန်မှုကို အဓိကအသုံးပြုသည့် ထွင်းထုနည်းပညာက သူ့စိတ်ထဲမှာ ရှိနေပါသေးသည်။ ၎င်းသည် တစ်ကြိမ်သာ ထင်ရှားခဲ့ပြီး အဲဒါကလည်း ဧကရာဇ်ချင်ရှစ်( ချင်ရှစ်ဟွမ်) ၏ စဉ့်ကူးသူရဲများနှင့် မြင်းများပဲ ဖြစ်သည်။ သို့သော် ဤကျောက်ရုပ်တုများသည် စဉ့်ကူးသူရဲများ၊ မြင်းများနှင့် လုံးဝကွဲပြားပြီး ၎င်းတို့သည် အမှန်တကယ်ပင် ဂြိုလ်သားမျိုးစိတ်များလို ဖြစ်​နေသည်။


သို့သော်လည်း ကျောက်ရုပ်များ အားလုံးတွင် မြွေနှစ်ထပ်ပုံစံ၏ ထူးခြားသော လက္ခဏာများ ရှိပြီး ရှေးခေတ် ရှစ်လူမျိုးများ၏ ယဉ်ကျေးမှု အမျိုးအစားနှင့် သက်ဆိုင်နေကြောင်း ထင်ရှားလေသည်။ ဤသတ္တုတွင်းသည် သူတို့သွားမည့် ရှစ်တိုင်းပြည်ရဲ့ ရှေးခေတ် ဂူသင်္ချိုင်းနှင့် သက်ဆိုင်သည်ဖြစ်စေ မသက်ဆိုင်သည်ဖြစ်သေ ရှေးခေတ် မြွေတိုင်းပြည် (ရှစ်တိုင်းပြည်) ရဲ့ နယ်မြေထဲ ရောက်လာတာတော့ သေချာပြီ။


[Tn - ရှစ်တိုင်းပြည်က အသွေးအနီးစပ်ဆုံး အသံထွက်ယူထားတာပါ၊ ဒီနေရာမှာတော့ မြွေအသံထွက်ပါ]


လောင်းယန်က စကားအများကြီး ပြောပြီး ဆေးလိပ်သောက်ရင်း မေးခွန်းတွေလည်း မေးနေသည်။ ဖြေရတာ ပျင်းလာတာကြောင့် ဝူရှဲလည်း လောင်းယန်အား သူ့ကို ဒီလောက် မေးမနေနဲ့၊ သူက ရှေးဟောင်းသုတေသန ပညာရှင်မဟုတ်တဲ့ အတွက် ဒီကထွက်ရင် ပစ္စည်းတွေ ယူပြီးတော့ ဒီအရာတွေကို လေ့လာဖို့ သက်ကြီးရွယ်အိုတွေ၊ ပါမောက္ခတွေကို အလုပ်ပေးလိုက်မယ်လို့သာ ဖြေလိုက်သည်။ 


ဓာတ်မီးဘက်ထရီကို အစားထိုးပြီး ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် ဓာတ်မီး အလင်းရောင်အောက်တွင် သူတို့ရှေ့က အောက်ခြေပုံက ရောင်ပြန်ဟပ်နေသည်။ သူတို့ အရှေ့သို့ ပြေးသွားကြည့်တော့ အရှေ့တွင် ကျောက်နံရံတစ်ခု ရှိနေတာ တွေ့လိုက်ရသည်။ ကျောက်စာလမ်း၏ အဆုံးတွင် ကွဲကြေနေသော အရာများစွာ ရှိသည့် ကျောက်ခန်းငယ် တစ်ခန်းလည်း ရှိကာ ဦးခေါင်းမပါသော ကျောက်ရုပ်များ ရှိသည်။ အခန်းကို ကျောက်မီးအိမ်များဖြင့် ဝန်းရံထားပြီး ကျောက်ခန်း၏ အလယ်တွင်တော့ ကျောက်ခေါင်းတလား တစ်လုံးကို ထားရှိထားသည်။


မြွေနှစ်ကောင်သည် အလွန်ကြီးမားပြီး အဖုံးပေါ်တွင် အပြည့် ထွင်းထု​ထားသည်။ မြွေနှစ်ကောင်က ခေါင်းတလားရဲ့ နှစ်ဖက်စလုံးကို ရစ်ပတ်ထားကာ ထွင်းထုမှုမှာ အလွန်သန့်စင်သော်လည်း မြွေ၏အမြီးမှာ သိသိသာသာ မပြီးသေးဘဲ အကြမ်းဖျဉ်းမျှသာ ထွင်းထုထားခဲ့သလို ဖြစ်နေ၏။


လက်နှိပ်ဓာတ်မီးကို ထွန်းညှိလိုက်ရာ ခေါင်းတလား၏ ကျောက်ရုပ်သည် ခရင်မ်ဖုံးနေသလို ဖြူစင်သော အရောင်အဆင်း ရှိတာကို တွေ့ရသည်။ ခေါင်းတလားရဲ့ အဖုံးကို လုံးဝ မပိတ်ထားဘဲ လက်မောင်းလောက် ချုပ်ရိုးထူထူများ ပေါ်လွင်နေသည်။ ခေါင်းတလား တစ်ခုလုံးကို ကုတင်ပေါ်တွင် ထားထားပြီး ပတ်ပတ်လည်တွင် ဘာပစ္စည်းမှ မရှိပေ။ 


ကြည့်ရတာ ဒါက အပိုသင်္ချိုင်းရဲ့ အခေါင်းတလား ဖြစ်ပုံရသည်။ ၎င်းကို သင်္ဂြိုဟ်စဉ်အတွင်း ကျန်ခဲ့တာ သို့မဟုတ် အပိုပစ္စည်းအဖြစ် ထွင်းထုထားပြီး ဤနေရာတွင် စွန့်ပစ်ထားခဲ့တာ ဖြစ်နိုင်သည်။


ဒီကျောက်တုံးလမ်းက ဘာကြောင့် ဒီလောက် ရှည်လျားနေတာတောင် ဒီနေရာကိုပဲ ရောက်သေးတာလဲ။ မဖြစ်နိုင်ဘူးနော်။ ဒါက ချွတ်ယွင်းနေတဲ့ ကုန်ပစ္စည်းတွေ စုပုံနေထားတဲ့ နေရာဆိုတာ သိသာထင်ရှားပါတယ်။ ထွက်ပေါက်ကလည်း မရှိဘူး။ ဒါဆို ဒီကျောက်တုံးလမ်းရဲ့ အဆုံးနှစ်ဖက်စလုံးက ပိတ်သွားလို့လား။ ကျောက်သယ်တဲ့လမ်းက သူတို့ဖြတ်သွားခဲ့တဲ့ ရေလမ်းရဲ့ ရေအောက်က လမ်းလား? ဒါမှမဟုတ် ဒီကျောက်ခန်းထဲမှာ လျှို့ဝှက်လမ်းကြောင်း တစ်ခု ရှိ​နေ​သေးတာများလား။


ဝင်ပေါက်က ရေအောက်မှာ ရှိနေရင် ကြောက်စရာကောင်းလိမ့်မယ်လို့ ကိုယ့်ဘာသာ တွေးနေမိသည်။ 


ကျောက်ခန်းထဲမှာ ဘာမှ ထူးထူးခြားခြား မရှိပေ။ လောင်းယန်နဲ့သူ လှည့်ပတ်ကြည့်ရင်း နောက်ဆုံးတော့ ခေါင်းတလားရဲ့ ပတ်ပတ်လည်ကို ရောက်လာခဲ့သည်။ လောင်းယန်က ပထမဆုံးအကြိမ် မြင်ဖူးတာကြောင့် အလွ န်အံ့အားသင့်သွားကာ နှစ်ကြိမ်တိုင်တိုင် လှည့်ပတ်ကြည့်ကာ 


"အထဲမှာ ဖုတ်ကောင်များ ရှိ​နေမလား?"


ဝူရှဲက အဲဒါကို စဥ်းတောင်း မစဉ်းစားဘဲ။


"မရှိနိုင်ဘူး... ခေါင်းတလားကို ဆေးအရင် သုတ်လိမ်းပြီးမှ ထွင်းတယ်ဆိုတာမျိုး တစ်ခါမှ မကြားဖူးဘူး... ဒါက ခေါင်းတလား အလွတ်ဖြစ်နိုင်တယ်"


လောင်းယန်က ခေါင်းတလားအဖုံးရဲ့ ကွက်လပ်ကြားကနေ မျက်လုံးပြူးပြီး မီးထွန်းကြည့်လိုက်သည်။


"ဒါပေမဲ့ အထဲမှာ တစ်ခုခုရှိနေသလိုပဲ မင်းမယုံရင် လာကြည့်ကြည့်" 


ဝူရှဲလည်း သူ့ဘေးကို သွား၍ ခေါင်းတလားရဲ့ အဖုံးကြားကနေ လှမ်းကြည့်လိုက်တော့ အထဲမှာ အနက်ရောင် အရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ဒါပေမဲ့ အဲဒါက ဘာလဲဆိုတာ တကယ်ကို မသိနိုင်ပေ။


လောင်းယန်ကတော့ ခေါင်းတလား အဖုံးပေါ်က ဖုန်မှုန့်များကို မှုတ်ထုတ်လိုက်ပြီး ခေါက်ကြည့်လိုက်သည်။ အလင်းရောင်တစ်ခုရရန် အခေါင်းအတွင်းထဲသို့ ဓာတ်မီးကို အဖုံးကြားထဲက ထည့်ချင်သော်လည်း သူတို့ဝယ်ထားသော ဓာတ်မီးခေါင်းမှာ ကြီးလွန်းသဖြင့် အချိန်အတော်ကြာအောင် ကြိုးစားပြီးနောက် သူထည့်လို့ မရဘူး ဖြစ်နေသည်။ သူက ဆို၏။


"ဖွင့်ကြည့်ကြမလား?" 


ဝူရှဲ စိတ်ထဲမှာတော့ နည်းနည်း လစ်ဟာနေသလို ခံစားလိုက်ရသည်။ ဟိုတုန်းက အခေါင်း​တွေကို ဖွင့်ကြည့်မယ်ဆိုရင် ပတ်ပတ်လည်မှာ ဂူဖောက်လောကရဲ့ ဝါရင့်တချို့ အမြဲရှိနေတတ်သည်။ ဒီတစ်ခါတော့ တစ်ယောက်တည်း ဖြစ်နေတာကြောင့် ယုံကြည်မှု သိပ်မရှိတော့ပေ။ ထို့ကြောင့် သူက ခေါင်းခါရင်း။ 


"ဒါကြီးက တစ်ခုခုတော့ မှားနေသလိုပဲ... အ​လောတကြီး မဖွင့်နဲ့!"


စကားမဆုံးမီတွင် လောင်းယန်သည် ရုတ်တရက် ခြေလှမ်းပေါင်းများစွာ နောက်ပြန် ဆုတ်သွားကာ နောက်ပြန် ဖင်ထိုင်ရက် လဲကျသွားသလို ဓာတ်မီးတောင် လှိမ့်ထွက်သွားသည်။


ဝူရှဲလည်း သူဘာလုပ်နေတာလဲ မေးတော့မယ့် အခိုက်မှာ သူကိုယ်တိုင်လည်း လန့်ဖြတ်သွားတော့သည်။ ရုတ်တရက် သူ့လက်တွေက အေးစက်သွား၏။ အောက်ကို ငုံ့ကြည့်လိုက်တော့ ခြောက်သွေ့​ပြီး ခပ်ဖျော့ဖျော့ လက်တစ်စုံက ခေါင်းတလားအဖုံးရဲ့ ကြားထဲကနေ ဘယ်အချိန်ကတည်းက ဆန့်ထွက်လာတယ် မသိ သူ့ရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားတာ တွေ့လိုက်ရတော့သည်။