Chapter (32)
စိတ်အားထက်သန်စွာ တန်ပြန်တိုက်ခိုက်
ရက်စက်ကြမ်းကြုတ်သော မိစ္ဆာသုံးကောင်ဖြစ်သည့် ယာကျစ်၊ စွမ်းနင်၊ ပါ့ရှာ့တို့က တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။ သခင်မကော်က လှောင်ပြောင်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ မိစ္ဆာသုံးကောင်ကလည်း ပေါ့ပေါ့တန်တန် လှုပ်ရှားလိုက်ရာ မြေပြင်ပေါ်ရှိ သံကြိုးက အလိုအလျောက် လွင့်ပျံသွားကာ ဟုန်ကျွင့်ကို အတိအကျ ချည်နှောင်လိုက်လေသည်။ သံကြိုးတွေက သတိလစ်နေသော လူကို မတ်တတ်ရပ်နိုင်အောင် ဆွဲထုတ်လိုက်ရာ လူက ဂူနံရံကို တိုက်မိသွားသည်။
ဟုန်ကျွင့်သည် နာကျင်စွာ ညည်းတွားရင်း ဖြည်းညှင်းစွာ လျှောကျသွားသည်။ ခေါင်းငိုက်စိုက်ချကာ အသိစိတ်များ မှုန်ဝါးသွားကာ သူ့မျက်လုံးများက ပုံရိပ်နှစ်ထပ်များနှင့်သာ ပြည့်နေသည်။
သခင်မကော်: "နောက်ထပ်တစ်ယေက် ရှိသေးတယ်... နတ်ဆိုးနှင်ဌာနက မြေခွေး စစ်တပ်တစ်ခုလုံးကို သုတ်သင်ပစ်လိုက်တယ်.... အခုအချိန်အထိ မင်းရဲ့အဖော်တွေက မင်းကို ကယ်တင်ပေးမယ် ဆိုတဲ့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားတုန်းပဲလား"
လီကျင်လုံ၏ ဝတ်ရုံက စုတ်ပြဲသွားကာ သူ့ပခုံးနှင့် ကျောပြင်တွင် စူးရှသော သွားများဖြင့် အကိုက်ခံထားရလေသည်။ ခရမ်းရောင်နဲ့ အနက်ရောင်များက သွေးများဖြင့် ရောနှောကာ စိုရွှဲနေသည်။ သို့သော် သူ့မျက်လုံးက မော့ကြည့်သောအခါတွင် မျက်လုံးများထဲမှ မီးများ ထွက်လုမတတ် ဖြစ်နေသည်။
လီကျင်လုံ: "ညှိနှိုင်းကြရအောင်!"
သခင်မကော်: “အခြေအနေကို ညှိနှိုင်းမယ်ပေါ့...ဒီနေ့အထိ ငါ နင်တို့ကို ဘာလို့ မသတ်သေးတာလဲ သိလား”
လီကျင်လုံ မဖြေသော်လည်း သခင်မကော် နောက်ကွယ်မှ ဟုန်ကျွင့်ကို စိုးရိမ်တကြီးကြည့်နေသည်။ ဟုန်ကျွင့်က ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်သော်ငြား သူ့တစ်ကိုယ်လုံးက ပြိုလဲသွားသလိုမျိုး အလွန်အားနည်းသွားသည်ကို ခံစားလိုက်ရသည်။
"ဘာလို့လဲဆိုတော့ မင်းငါ့ကို ခြိမ်းခြောက်မှု လုံးဝ မလုပ်နိုင်လို့ပဲ" သခင်မကော်က တိုးတိုးလေး ပြောပြီး။
"လီကျင်လုံ မင်းသာ ငါ့ရဲ့ကိုယ်ပိုင်လုပ်ငန်းကို စိတ်မ၀င်စားဘူးဆိုရင် မင်း အေးချမ်းတဲ့ ဘဝနဲ့ နေနိုင်မှာပါ"
"မင်းက...မိစ္ဆာ... မိစ္ဆဘုရင်လား?"
ဟုန်ကျွင့် တိတ်တဆိတ် ပြောလိုက်သည်။ သခင်မကော်ကော်က လှည့်၍ ဟုန်ကျွင့်က ကြည့်ကာ "ဟုတ်တယ်လေ" ဟု ပေါ့ပေါ့ပါးပါးလေး ပြောလိုက်ပါသည်။
"မြေခွေးမိစ္ဆာတွေ... အားလုံးက မင်းရဲ့ လက်အောက်ငယ်သားတွေပေါ့" ဟုန်ကျွင့်က နာကျင်စွာ ပြောသည်။
"ဒါကို သတိပေးရဲသေးတယ်ပေါ့!!" သခင်မကော်က သွေးပင်လယ်ဘက်ကို လှည့်သွားကာ။
"နင်တို့က ငါ့လူတွေကို သတ်လိုက်တာ ဒီနေ့ သေဖို့ အဆင်သင့်ဖြစ်ပြီလား"
"ဟုတ်တယ်" ဟုန်ကျွင့်က ထောင့်မှာ ဒူးထောက်ကာ ခေါင်းမော့လိုက်ပြီး သခင်မကော်အား ကြည့်လိုက်သည်။
"ဘာကြောင့်လဲ သိချင်လား... ဒီကိုလာ ပြောပြမယ်!"
သခင်မကော်ကော်ရဲ့ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ဟုန်ကျွင့်ကို စူးစူးရဲရဲ စိုက်ကြည့်နေ၏။ သူမ၏ မျက်ခုံးများက နီရဲတောက်နေကာ ဖြည်းညှင်းစွာ လျှောက်သွားသည်။
လီကျင်လုံ: "ငါ သူတို့ကို သတ်ဖို့ အမိန့်ပေးခဲ့တာ.... ဟုန်ကျွင့်နဲ့ ဘာမှမဆိုင်ဘူး!"
စကားပြောလို့ အပြီးတွင် လီကျင်လုံသည် ဟုန်ကျွင့်က သူ၏ ဝိညာဉ်စွမ်းအားအားလုံးကို စွန့်လွှတ်ပြီး သခင်မကော်ကို ခိုးဝင်တိုက်ခိုက်လိုကြောင်း တွေ့လိုက်ရသော်လည်း ယင်းမှာ မဖြစ်နိုင်သောကြောင့် ဖြည်းညှင်းစွာ ခေါင်းယမ်းကာ သခင်မကော် အာရုံပြောင်းအောင် အစွမ်းကုန် ကြိုးစားခဲ့သည်။
ဟုန်ကျွင့်: "မင်းဘာလို့ ဒီလိုလုပ်ရတာလဲ... မင်းဘာသာ မိစ္ဆာဘုရင်ကို ကောင်းကောင်းမွန်မွန် လုပ်ပါလား.... မင်းဘာလို့ လူတွေကို သတ်ချင်ရတာလဲ"
သခင်မကော်က ဒါကိုကြားတော့ တိုးတိုးလေး
"မင်းဘာလို့ ဒီလောက်တောင် နုံနေတာလဲ"
ဟုန်ကျွင့် သခင်မကော်အား ကြည့်သောအခါတွင် သူ့မျက်လုံးများတွင် သနားစရာနေသည့် အရိပ်အယောင်များ ရှိနေသည်။
"မင်း ချန်အန်းကို ကြိုက်တယ် ငါလည်း သဘောကျတယ်" ဟုန်ကျွင့် သူ့မျက်လုံးတွေကို ညှိုးငယ်စွာနဲ့ လုပ်ရင်း ပြောသည်။
"ဒါပေမဲ့ မင်းဒီလိုလုပ်ရင် မင်းအသက်မရှင်နိုင်တော့ဘူး"
သခင်မကော်၏ မျက်လုံးများထဲတွင် မမျှော်လင့်ထားသော အကြည့်များ ရှိနေသည်။ ကမ္ဘာပေါ်တွင် သူမကို ဟုန်ကျွင့် တစ်ဦးတည်းသာ ထိုမေးခွန်းကို မေးဖူးလေသည်။
"ဒါဆို မင်း တိရန်ကျယ်ကို မေးရမှာပေါ့" လို့ သူမရဲ့ အမူအရာက ရက်စက်မှုအပြည့်နဲ့။
"သူက နတ်ဆိုးဂိုဏ်းကို ပထမဆုံး တိုက်ခိုက်ပြီး မိစ္ဆာတွေ အားလုံးကို မောင်းထုတ်ခဲ့သူပဲ"
ဟုန်ကျွင့်က တိုးတိုးလေးဖြင့် "မြေခွေးတွေက လူသားနဲ့ ဆင်တူတဲ့ မိစ္ဆာတွေပဲ... မင်းက နတ်ဆိုးတစ်ကောင်လို နှိပ်စက်တာကို လက်ခံနေတယ် ဒါပေမဲ့ လူသားတွေရဲ့ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေကို မင်း ခံစားရမှာပဲ"
"မှန်တယ်" သခင်မကော်က ဘာမှမသိချင်ယောင်ဆောင်ပြီး
"အဲဒီကောင်လေးရဲ့ ဗလာကျင်းတဲ့ ခံစားချက်တွေကြောင့် အရာအားလုံးက ဖြစ်ပေါ်လာတာဆိုတာ အခုမှ သိလိုက်ရတယ်.... ကျင့်ယွင်သာ အဲဒီကောင်လေးကို မချစ်ခဲ့ဘူးဆိုရင် ဒါတွေ မဖြစ်လာဘူး... သူမက အလောင်းကို စွန့်ပစ်ဖို့ ဝန်လေးနေတာ ကုတင်အောက်မှာ ဝှက်ထားချင်ပြီး တစ်နေ့နေ့မှာ ငြိမ်သက်စွာ အနားယူတော့မယ့် အချိန်ကို စောင့်ဆိုင်းနေတာ"
လီကျင်လုံလည်း ဒါကိုကြားတော့ ထိတ်လန့်သွားသည်။
ယခင်က ကြောင်သည် သခင်မချင်အိမ်မှ လွတ်မြောက်ခဲ့ပြီး ကျင့်ယွင်၏ အခန်းတွင် ပုန်းအောင်းကာ အိပ်ယာအောက်ရှိ အလောင်းကို သူတို့အား ရှာတွေ့စေခဲ့သည်။
လီကျင်လုံ: "မင်း ဖျင်ကန်းလီကို ရောက်ဖူးတယ်.... မင်း ကျင့်ယွင်နဲ့ တွေ့ဖူးတယ်!"
လီကျင်လုံ၏ အသံသည် အနည်းငယ် တုန်လှုပ်သွားခဲ့ကာ။
"အဲးဒီကြောင်က မင်းရဲ့မြေခွေးမိစ္ဆာ မျက်နှာကို မြင်ဖူးတယ်... အဲဒါကြောင့် ငါတို့ကို မျှားခေါ်သွားခဲ့တာ ဖြစ်မယ်!"
သခင်မကော်က သက်ပြင်းချရင်း "ကျင့်ယွင် နဲ့ အချိန်အကြာကြီး ငြင်းခုံရင်း ဒုက္ခပေးနေတဲ့ဟာက ကြောင်တစ်ကောင် ဖြစ်သွားတာကို ငါ မမျှော်လင့်ထားဘူး.... မင်းမသေခင် မင်းဘာသိချင်သေးလဲ မေးလိုက်ပါ ငါခွင့်ပြုမယ် ဘာပဲဖြစ်ဖြစ် ဒီနေ့ မင်းတို့အကုန်လုံး သေရမှာပဲ"
ထိုအခါ လီကျင်လုံက ခေါင်းမော့ပြီး သခင်မကော်ကို ကြည့်လိုက်သည်။
"သွေးကန်ထဲမှာ ဘာရှိလဲ"
သခင်မကော်က ခပ်တိုးတိုးလေးပဲ ပြောသည်။
"ဒါက ငါစုဆောင်းထားတဲ့ လူတိုင်းရဲ့ အနှစ်သာရနဲ့ သွေးပဲ... မြေခွေးမျိုးနွယ်က လူတွေအဖြစ် ပြောင်းလဲနိုင်တဲ့ စွမ်းအားတွေရဖို့အတွက် လူသားတွေရဲ့ ဝိညာဉ်တွေကို မျိုချလိုက်ပြီး စုပ်ယူလိုက်တဲ့ အနှစ်သာရနဲ့ သွေးတွေကို ဒီနေရာကနေ ဖြည့်သွင်းပေးလိမ့်မယ်..... သွေးကန်ကို တော်ဝင် စာမေးပွဲဖြေပြီးရင် မင်းတို့ကို ဘယ်လို ဆွဲဆောင်ရမလဲ ဆိုတာကို တွေးနေခဲ့တယ်"
"...နောက်တော့ ဒါက ငါ့အတွက် အသုံးအဝင်ဆုံးပဲ.... ငါ့ရဲ့ နောက်ထပ် ကလေး-" သူမက သွေးကန်ကို လှည့်ကြည့်လိုက်ပြီး
"ဒီသွေးကန်ကို ဖြည့်ချင်ရင် သွေးလိုရမယ်... ငါသိပါတယ် မင်းတို့က ဘယ်တော့မှ သဲလွန်စတွေကို လက်လွှတ်မှာ မဟုတ်ဘူး..."
"အဲဒါက သွေးတွေကို ကြားခံအဖြစ်သုံးတဲ့ ပို့ဆောင်ခြင်းအစီအရင်ပေါ့"
ဟုန်ကျွင့် ဆိုလိုက်သည်။ ဂူရဲ့အလယ်မှ သွေးကန်ကြီးကို ကြည့်၍ သွေးကန်ရဲ့ အပေါ်က တောက်ပနေတဲ့ ပို့ဆောင်ခြင်းအစီအရင်ကိုလည်း ကြည့်လိုက်သည်။
“မှန်တယ် မင်းတို့လို ဥာဏ်ကောင်းတဲ့သူတွေက သဲလွန်စတွေ နောက်ကို လိုက်နိုင်ပြီး ငါ့မှာ ရှိနေတဲ့နေရာနဲ့ အစီအစဉ်တွေကို ဖော်ထုတ်နိုင်တယ်ဆိုတာ အမြဲခံစားရတယ် ဒါပေမယ့် မင်း ထောင်ချောက်ထဲကို ခြေလှမ်းတစ်လှမ်း မှားပြီး ဝင်သွားနေတယ်လို့ မထင်ခဲ့ဘူးမလား... ယိုင်ကျန်းက သွေးယူတဲ့ နေရာမှာ အကြေးခွံတစ်ခု ထားခဲ့ဖို့အထိ တုံးနေတယ်လို့များ ထင်လား"
ဟုန်ကျွင့် : "..."
"လိမ္မာပါးနပ်မှုက အမှားတွေကို ဖြစ်ပေါ်စေတယ်" သခင်မကော်က ထပ်မံရယ်မောပြီး
"ဒါပေမယ့် ဒီသွေးကန်ကို မြင်ဖို့ မလွယ်ပါဘူး... မြေခွေးမျိုးနွယ်ရဲ့ စွမ်းအားနဲ့ လူသားတွေရဲ့ သွေးတွေနဲ့ သန့်စင်ထားတာ... အဲဒါကို ပြုပြင်ဖို့ ငါ အများကြီး ပေးဆပ်ခဲ့တာ... လက်ရှိအခြေအနေရောက်အောင် ဆယ်နှစ်လောက် ကြိုးစားခဲ့ရပြီး အဲဒီအထဲမှာ စိမ်ထားတဲ့သွေးတစ်စက်က သူတို့ကို လူသားတစ်ယောက်အဖြစ်အသွင်ပြောင်းဖို့ ခွန်အားပေးခဲ့တယ်"
သခင်မကော်ရ သူမရဲ့ နှုတ်ခမ်းမှာ အပြုံးလေးနဲ့ ပေါ့ပေါ့ပါးပါး ပြောပြနေခဲ့သည်။
"ဒါပေမယ့် ဘာလို့ ကျွန်တော့်ဖြစ်လာတာလဲ?"
ဟုန်ကျွင့်သည် သူ့ကိုယ်သူ သွေးကန်ထဲမှာ မြင်လိုက်ရတာကို မယုံနိုင်သေးချေ။
"အဲဒါက ခေါင်းဆောင်လီရဲ့ဓားကို ကျေးဇူးတင်ရမှာ....သူက သူ့ဘာသာသူ တံခါးဝအထိ ယူလာတာလေ... "
ဟုန်ကျွင့် သူနဲ့ လီကျင်လုံ ရန်ဖြစ်ခဲ့သည့် အခိုက်အတန့်ကို အမှတ်တမဲ့ သတိရမိသွားသည်။ နတ်ဆိုးနှင်သူ ဌာနတွင် တွေ့ကြသောအခါတွင် နှစ်ယောက်သား တိုက်ခိုက်ရင်း သူ့လက်ချောင်းများ ခြစ်မိသွားခဲ့ဖူးသည်။
"ကဲ... နောက်ဆုံး သေမျိုးရဲ့သွေးကို ထည့်လိုက်ရင်...အားလုံး ပြီးသွားပါပြီ မင်းမမြင်နိုင်တော့တာ သနားစရာပဲ"
"မင်းက ဘယ်သူ့ကို အသွင်ပြောင်းချင်နေတာလဲ?" လီကျင်လုံ၏ ကျောတစ်ခုလုံး အေးစက်သွားသည်။
ဟုန်ကျွင့်: "မဖြစ်နိုင်ဘူး!...မင်းမြေကြီးပေါ်က ဧကရာဇ်မင်းကို မထိနိုင်ဘူး သူ့ကို ကျစ်ဝေးကြယ်က ကာကွယ်ထားတယ်"
သခင်မကော်: "ဟုတ်တယ်....ဒါပေမယ့် ငါ သူ့ကို အကျယ်ချုပ်ချထားပြီး တစ်ပုံတည်းတူတဲ့ ဧကရာဇ်တစ်ပါးနဲ့ အစားထိုးလို့ ရတယ်လေ... ဘယ်သူက ရှာတွေ့မှာလဲ ငါ့ရဲ့ မိုက်မဲတဲ့ ညီမကလွဲရင်ပေါ့ မဟုတ်ဘူးလား"
လီကျင်လုံ မထိန်းနိုင်ဘဲ မောဟိုက်လာသည်။
"မေးပြီးပြီလား မင်းပြောစရာ မရှိတော့ရင် ငါ အလုပ်စတော့မယ်..."
လီကျင်လုံရဲ့ စိတ်တွေ ယောက်ရပ်ခတ်သွားသည်။ သူ အချိန်ဆွဲထားချင်ပေမယ့် သခင်မကော်က ချက်ချင်း ဆက်ပြောလာသည်။
"နှောင့်နှေးတာက အသုံးမဝင်ဘူး... ခေါင်းဆောင်လီ ဒါက ငါ့ရဲ့ မှော်ပညာနဲ့ ဖန်တီးထားတဲ့ ပျက်ပြယ်တဲ့ နယ်ပယ်တစ်ခုပဲ မင်း ထောင်က လွတ်မြောက်ရင်တောင် ငါ့ရဲ့ လွန်ကဲတဲ့ မှော်ပညာနဲ့ ဒီသွေးကန်ထဲက ဘယ်တော့မှ မထွက်နိုင်ဘူး"
ထိုစကားကို ပြောပြီးနောက် သူမသည် ဟုန်ကျွင့်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလေရာ လီကျင်လုံ အသက်ရှုကြပ်သွားတော့သည်။
"မင်း ဘာလုပ်ချင်နေတာလဲ" လီကျင်လုံ တုန်တုန်ယင်ယင်နဲ့ ဟစ်အော်လိုက်သည်။
"မင်းရဲ့ ကြွက်သားတွေကို ရိုက်ပြီး မင်းရဲ့ အရေပြားကို ခွာပစ်လိုက်မယ်... မင်းကို ခေါင်းဆောင်လီရဲ့ ရှေ့ကို ဆွဲထုတ်လိုက်မယ် ပထမဦးဆုံး မင်းရဲ့ ဦးရေပြားကို ဖြတ်ပြီး မင်းရဲ့ လှပတဲ့ မျက်နှာကို ဖြည်းဖြည်းချင်း ခွာမယ် မင်းရဲ့ သွေးတွေ ညှစ်ထုတ်လိုက်ရင် နောက်ဆုံး ဘာဖြစ်သွားမယ် ထင်လဲ.... မင်းရဲ့စိတ်ဝိညာဉ်ကိုစားပြီး မင်း အသွင်ယူလိုက်မယ်... မင်းရဲ့ဌာနမှာ မင်းရဲ့လုပ်ဖော်ကိုင်ဖက် ဖြစ်လာမယ်ဆို ဘယ်လိုလဲ?"
ဟုန်ကျွင့် : "..."
လီကျင်လုံ: "..."
ခဏလောက်ကြာတော့ ဂူထဲမှာ လူအနည်းငယ်မှာ အလွန်အမင်း မောဟိုက်လာသည်။ သခင်မကော်က သူမလက်ကို မြှောက်လိုက်ပြီး ဟုန်ကျွင့်ရဲ့ ခန္ဓာကိုယ်ကို မြှင့်တင်လိုက်ပါ၏။
"မင်းရဲ့ မှော်လက်နက်ကို ငါ မတွေ့ဖူးသေးပါဘူး.... ကြည့်လိုက်စမ်းပါဦး မင်းရဲ့ ဓားပျံက အရမ်းထက်မြက်နေပုံရတယ်...ပါ့ရှာ့.... သူ့ရဲ့ မှော်လက်နက်ကို ယူလိုက်...."
ပါ့ရှာ့သည် လူသားအဖြစ်သို့ ပြောင်းလဲသွားပြီး ဟုန်ကျွင့်၏ မှော်လက်နက်များကို လက်နှစ်ဖက်ဖြင့် သိမ်းယူသွားတော့သည်။
"မင်းက ဒီဓားကို သုံးနေတာလား။ ဒါမှမဟုတ်..."
သခင်မကော်မှာ ဒေါင်းအမွေးတွေကို မတော်တဆ တစ်ချက် ကြည့်လိုက်ပြီးတော့ သူမရဲ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
"မင်း..." သခင်မကော်မှာ ဟုန်ကျွင့်ကို ပြန်ကြည့်လိုက်ရင်း သူမက မယုံကြည်နိုင်တဲ့ အရိပ်အယောင်ပြလာသည်။
"ဒီမှော်လက်နက်က ဘယ်ကလာတာလဲ... မဟုတ်ဘူး မဖြစ်နိုင်ဘူး မင်းက ယောင်ကျင်း နန်းတော်ကလား?"
ဟုန်ကျွင့်လည်း သူမကို စိုက်ကြည့်နေသည်။ ပြီးတော့ တိုးတိုးလေး ပြော၏။
"မင်းငါ့ကိုထိရင် ငါ့အဖေက မင်းကို ပြာဖြစ်အောင် မီးရှို့ပစ်မယ်!"
သခင်မကော်က ကြောက်သွားရမယ့်အစား ရုတ်တရက် ကြီးကြီးကျယ်ကျယ်နှင့် ဝမ်းနည်းစွာ ရယ်မောလိုက်လေသည်။
"ဟာဟားဟား- ငါသူ့ကို ကြောက်မယ်ထင်လို့လား?.... ဒါပြီးရင် မင်းရဲ့ အရိုးတွေကို ထိုက်ဟန်တောင်တွေဆီ ပို့ပေးရမှာပေါ့"
သခင်မကော်က ဓားတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ဟုန်ကျွင့်ကို ဂရုမစိုက်ဘဲ စိုက်ကြည့်နေသည်။
လီကျင်လုံ: "ရပ်စမ်း! သခင်မကော်!"
"ဘာပြောစရာရှိသေးလဲ မင်း မလွတ်မြောက်နိုင်ပါဘူး လီကျင်လုံ.... သူ့ကလေးကို သတ်တဲ့လူကို ဘယ်မိခင်က ခွင့်လွှတ်နိုင်မှာလဲ?"
လီကျင်လုံ: "ငါ အကုန်လုပ်ခဲ့တာ...မင်းက ဟုန်ကျွင့်ရဲ့ အဖေနဲ့ အဆက်အသွယ် ရှိလို့ သူတို့အကြောင်း သိမှာပေါ့.... ဒါတွေအားလုံးကို မေ့ထားပြီး သူ့ကို လွှတ်ပေးလိုက်တာက ပိုကောင်းမှာ မဟုတ်ဘူးလား"
သခင်မကော်က ခေါင်းလှည့်ပြီး လီကျင်လုံကို စိုက်ကြည့်နေသည်။
လီကျင်လုံ - "မင်းတို့နှစ်ယောက်ရဲ့ အတိတ်က ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ငါမသိပေမယ့် ရန်သူတွေ ဖြစ်အောင်လုပ်တာထက် ရန်သူကို ဖျက်သိမ်းလိုက်တာက ပိုကောင်းပါတယ်..."
"လီကျင်လုံ သူ့အဖေအရင်း လုပ်ခဲ့တာကို မင်းသိလား... မင်းသိရင် မင်း ထပ်မပြောလောက်တော့ဘူး"
လီကျင်လုံ: "..."
"သူ့အဖေက ငါ့ညီမကို သတ်ခဲ့တာ!!" ဒီနေ့ အရာအားလုံး ငါ့လက်ထဲ ရောက်လာပြီ"
ဟုန်ကျွင့်:"!!!"
သခင်မကော်က ဓားပျံကို ကောက်ယူလိုက်သည်။ ဟုန်ကျွင့် သူ၏ နောက်ဆုံးစွမ်းအားကို အသုံးပြုကာ သခင်မကော်၏ လည်ချောင်းထဲသို့ ဓားဖြင့် ထိုးဖောက်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ သို့သော် သူ့ခန္ဓာကိုယ်ရှိ မှော်စွမ်းအားအားလုံးကို ခြောက်သွေ့သွားခဲ့ပြီး ဤအင်အားအနည်းငယ်ကိုပင် ထိန်းချုပ်၍မရပေ။
ထိုအချိန်တွင် သူမလက်ထဲရှိ လက်စွပ်တစ်ကွင်းက ရုတ်တရက် အရောင် တောက်လာသည်။ သူမ လှုပ်ရှားမှုတွေကို ရုတ်ချည်း ရပ်လိုက်ပြီး ခဏလောက် တုံ့ဆိုင်းသွားကာ ဟုန်ကျွင့်ရဲ့ လက်မောင်းကို ဓားဖြင့် ခြစ်ချလိုက်လေသည်။ သွေးစွန်းနေသော ဓားကို လျှာနဲ့ သပ်ကြည့်လိုက်သေး၏။
ဟုန်ကျွင့် နာကျင်စွာအော်လိုက်သည်။
သခင်မကော်က နတ်ဆိုး ၃ ကောင်ဘက်ကို လှည့်၍ အမိန့်ပေးလိုက်သည်။
"ပါ့ရှာ့... ထိုက်ကဲလားကို သွားရှာ... ယာကျစ်နဲ့ စွမ်းနင်က သူတို့ကို စောင့်ကြည့်နေ ဘယ်သူ့ကိုမှ မသေစေနဲ့ ငါ မကြာခင် ပြန်လာခဲ့မယ်"
မိစ္ဆာသုံးကောင်က ခေါင်းညိတ်ပြကြသည်။ သခင်မကော်ရဲ့ လက်ပေါ်က လက်စွပ်ဟာ တောက်ပစွာ ထွန်းတောက်လာပြီးတော့ သူမ ဒုတိယလက်ညှိုးကို မြှောက်လိုက်ပြီး လေထဲမှာ အလျင်အမြန် စာလုံးပေါင်းတစ်ခု ထွက်ပေါ်လာပြီး "ဝုန်းကနဲ" အသံနဲ့အတူ သူမဟာ လေထုထဲမှာပဲ ပျောက်ကွယ်သွားခဲ့သည်။
လီကျင်လုံသည် သခင်မကော်၏ လှုပ်ရှားမှုကို ကြည့်နေသော်လည်း မောပန်းမှုကြောင့် တုန်လှုပ်နေသည်။ ဟုန်ကျွင့်၏ မျက်လုံးများကို မော့ကြည့်ကာ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ယိုင်ကျန်း လျှောက်လာပြီး ဟုန်ကျွင့် ဝမ်းဗိုက်ပေါ် ဆောင့်နင်းပစ်လိုက်သည်။ ဟုန်ကျွင့်လည်း ပြင်းထန်စွာ ချောင်းဆိုးလိုက်ပြီး တစ်ကိုယ်လုံး နာကျင်ကိုက်ခဲလာကာ သံကြိုးကို ဆွဲဆွဲကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
"မင်းဘာစားချင်လဲ"
ယိုင်ကျန်းက ဟုန်ကျွင့်ရဲ့ သူ့ဆံပင်တွေကို ဆွဲ၍ မြေပြင်ပေါ်ကနေ မြှောက်ယူလိုက်ပြီး။
"ဓားကို မျိုချနိုင်ပါ့မလား မသိဘူးနော်"
ဟုန်ကျွင့် မနည်းထိန်းထားရပေမယ့် စွမ်းနင်လို့အမည်ရတဲ့ လူမည်းအမျိုးသားက "သူ့ကိုမသတ်နဲ့" လို့ ဝင်ပြောလာသည်။
"ထိုက်ကဲလားကောင်ကို ငါပိုင်တယ်"
ယိုင်ကျန်းမှာ ဝမ်းဗိုက်တွင် မီးလုံးကြောင့် ဖြစ်ပေါ်လာသော အနက်ရောင် ဒဏ်ရာများ ရှိနေသေးသဖြင့် သွေးကန်စွန်းသို့ တုန်တုန်ယင်ယင်ဖြင့် သွားရင်း နစ်မြုပ်ကာ ညည်းညူသံများ ထွက်လာသည်။
"ငါသွားပြီ"
ပါ့ရှာလို့ အမည်ရတဲ့ အမျိုးသားကလည်း ပြောပြီး သွေးကန်ထဲက သွေးအနည်းငယ်ကို ယူ၍ အနက်ရောင် မီးတောက်အဖြစ် ပြောင်းလဲကာ ဂူရဲ့ထိပ်က မှော်စက်ဝိုင်းထဲကို ပြေးဝင် ပျောက်ကွယ်သွားသည်။
လီကျင်လုံ ပါ့ရှာ့၏ လှုပ်ရှားမှုကို ကြည့်နေသည်အား စွမ်းနင် သတိပြုမိသွားသောအခါ လီကျင်လုံ ချက်ချင်း အဝေးကို လှမ်းကြည့်သော်လည်း တစ်ဖက်မိစ္ဆာက သူ့ဆီသို့ လှမ်းလာခဲ့ပြီ။
"သူ့ကိုမထိနဲ့!" ဟုန်ကျွင့် မြေပြင်ပေါ်တွင် လှဲလျောင်းရင်း ခက်ခက်ခဲခဲ ပြောသည်။
"သူက သာမန်လူ!"
စွမ်းနင် လှောင်အိမ်တံခါးကို ဖွင့်လိုက်သည်။ တစ်ဖက်က လီကျင်လုံ တိုက်ခိုက်ခါနီးတွင် စွမ်းနင်က အနက်ရောင်စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး လီကျင်လုံအား နံရံသို့ ပစ်ပေါက်ပစ်လိုက်သည်။ လီကျင်လုံခမျာ ဂူနံရံကို ထိပြီး ချက်ချင်းပင် မေ့လဲသွား၏။ ဟုန်ကျွင့် အော်ဟစ်လိုက်သော်လည်း လီကျင်လုံက သူ့ဘေးမှာ ပြင်းပြင်းထန်ထန် လဲကျသွားသည်။
စွမ်းနင် ရယ်ပြီး "အမှိုက်ကောင်" ဟု အပြစ်ပြောသွားသည်။
လီကျင်လုံ၏ ခေါင်းက ပွန်းပဲ့နေပြီး သူ့နှာခေါင်းမှလည်း သွေးများ ဖြည်းညှင်းစွာ စီးကျနေသည်။ သွေးတွေ မြေပြင်ပေါ်တွင် စီးဆင်းနေသည်ကို မြင်လိုက်ရသောအခါတွင် ဟုန်ကျွင့် မျက်လုံးများ ပြူးကျယ်သွားကာ တုန်တုန်ယင်ယင် ဖြစ်လာသည်။
စွမ်းနင်သည် လီကျင်လုံအား လှောင်အိမ်ထဲသို့ ပြန်ပစ်ထည့်ရန် စိတ်မ၀င်စားပေ။ သူက လှည့်ထွက်ကာ ဂူကြီး၏အမြင့်သို့ ရောက်ရှိသွားကာ ဘာလုပ်ရမှန်းမသိသော ကျောက်စာတိုင်ဆီသို့ လှည့်သွားသည်။
ဟုန်ကျွင့် လီကျင်လုံ၏သွေးခုန်နှုန်းကို စစ်ဆေးရန် သူ့လက်ကို ဆန့်ထုတ်လိုက်သော်လည်း မြေပြင်ပေါ်တွင် သတိလစ်နေသော လီကျင်လုံက ရုတ်တရက် လှုပ်လာသည်။ သူက ဟုန်ကျွင့်ရဲ့ လက်ချောင်းလေးကို ညင်သာစွာကိုင်ကာ မျက်လုံးကို အသာဖွင့်၍ "ရှူး" ဟူသော အမူအရာ လုပ်ပြ၏။
ထိုမှသာ ဟုန်ကျွင့် စိတ်သက်သာသွားတော့သည်။ နှစ်ယောက်သား မခွာဘဲ မြေပြင်ပေါ်တွင် လှဲလျောင်းနေကာ သွေးပင်လယ်၏ အသံမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။
ဟုန်ကျွင့်ရဲ့ မျက်လုံးများက လီကျင်လုံကို မလှုပ်မယှက် စိုက်ကြည့်နေခဲ့သည်။ အချိန်က အေးခဲသွားပုံရသော်လည်း တဖြည်းဖြည်းနဲ့ ကုန်ဆုံးသွား၏။ လီကျင်လုံ၏ မျက်လုံးများ နီရဲလာပြီး လည်ချောင်း အနည်းငယ် လှုပ်ရှားလာသည်ကို မြင်လိုက်ရသောကြောင့် သူ့ကိုယ်သူ ထိန်းထားရန် ရုန်းကန်နေကြောင်း ဟုန်ကျွင့် သိသည်။ ဟုန်ကျွင့် မျက်ရည်တွေက သွေးတွေနဲ့ရောပြီး နှာခေါင်းအောက်ကို ဖြည်းညှင်းစွာ စီးကျလာခဲ့သည်။
လီကျင်လုံရဲ့ နှုတ်ခမ်းတွေက နည်းနည်းလှုပ်သွားပြီး ပါးစပ်ပုံစံက…
--တောင်းပန်ပါတယ်။
ဟုန်ကျွင့်မှာလည်း လီကျင်လုံအတွက် ဝမ်းနည်းလွန်းလို့ သူ့ကို ပြုံးပြဖို့ အစွမ်းကုန် ကြိုးစားနေခဲ့သည်။ အချိန်အတော် ကြာပြီးနောက် ဟုန်ကျွင့် လီကျင်လုံကို တိုးတိုးလေး မေးလိုက်သည်။
"ငါတို့ အသက်ရှင်နေသေးတာလား?"
လီကျင်လုံက ခေါင်းညိတ်လိုက်ပြီး သွေးကန်ထဲမှာ နစ်မြုပ်နေတဲ့ ယိုင်ကျန်းကို ကြည့်နေသည်။ အမြင့်မှာ လမ်းလျှောက်နေတဲ့ စွမ်းနင်ကိုလည်း အကဲခတ်နေရ၏။ အားထိုက်က ဘယ်ရောက်နေမှန်း မသိတဲ့အတွက် သူ့ကိုယ်သူ ကယ်တင်ဖို့ နည်းလမ်းရှာရမယ်။
"ငါ ဘာလုပ်ရမလဲ" လီကျင်လုံ အလွန်နိမ့်သော အသံဖြင့် ပြောလိုက်သည်။
ဟုန်ကျွင့်: "သူတို့ဘယ်မှာလဲ?"
နှစ်ယောက်သား ထောင့်စွန်းမှ ချိုးယုံစစ်နဲ့ မော့ရစ်ကန်းကို လှမ်းကြည့်လိုက်သည်။ တကယ်တော့ ဟုန်ကျွင့် ဒီကိုရောက်ကတည်းက သတိလစ်သွားသလိုပဲ ကျန်လူနှစ်ယောက်ကလည်း နှုတ်ဆိတ်နေခဲ့ပါသည်။
လီကျင်လုံ: "မြေခွေးမိစ္ဆာ သူတို့ရဲ့ မှော်စွမ်းအင် အားလုံးကို စုပ်ယူထားလို့ အားလုံး မေ့လဲသွားခဲ့တယ်"
ဟုန်ကျွင့်လည်း ထိုတော့မှ လီကျင်လုံက သာမန်လူ ဖြစ်သည်ကို ရုတ်တရက် သတိရမိသွားသည်။ သခင်မကော်မှာ သူ့ဆီက ဘာမှော်စွမ်းအင်ကိုမှ မစုပ်နိုင်တာကြောင့် လီကျင်လုံ သတိမလစ်နေခဲ့တာ ဖြစ်မည်။
"မင်း ဓားပျံကို ထိန်းနိုင်သေးလား?"
လီကျင်လုံလည်း သူ့ညာလက်ကို မြှောက်လိုက်ပြီး ဟုန်ကျွင့်ကို ကြည့်ဖို့ ပြလိုက်သည်။ သူ၏လက်ချောင်းများက ကျိုးသွားကာ ကြောက်မက်ဖွယ်ကောင်းသော အနေအထားဖြင့် နောက်သို့ လှည့်သွားပြီ။ ဟုန်ကျွင့် ဒါကို မြင်လိုက်ရသောအခါ နာကျင်စွာ ခံစားရသော်လည်း လီကျင်လုံက ခေါင်းခါကာ။
"မနာတော့ပါဘူး မကြောက်နဲ့နော်.... မင်းလက်မောင်းက ဒဏ်ရာကို အရင်ပတ်တီးစည်းရအောင်"
ဟုန်ကျွင့်က တိုးတိုးလေး ပြောသည်။
"ခဏလေးပဲ... ကျွန်တော့် ခွန်အားတွေ ပြန်ရနိုင်ရင် ဓားပျံကို ပြန်ခေါ်လာနိုင်ပြီ မျှော်လင့်ချက် ရှိသေးတယ်လေ။"
"ဘယ်လောက်ကြာမှာလဲ သခင်မကော်က မကြာခင် ပြန်လာတော့မှာ"
ဟုန်ကျွင့် အချိန်အကြာကြီး စောင့်ဆိုင်းကြည့်သည်။ သူ့တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်နေသည့် အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။ တစ်ကိုယ်လုံးက စွမ်းအင်တွေကို မခံစားရတာကြောင့် စွမ်းအင်တွေ မရှိတော့ဘူးလားဟုပင် ခံစားလာရသည်။
မဖြစ်နိုင်ပါဘူး။ ဟုန်ကျွင့်သည် ချုံမင် သင်ပေးခဲ့တဲ့ မှော်လက်နက် အသုံးပြုနည်းကို စဥ်းစားနေခဲ့သည်။ စိတ်စွမ်းအင်တွေဟာ ဝိညာဥ်သွေးကြောတွေကနေ သူ့အလိုလို မွေးဖွားလာပြီး အချိန်ကြာသ၍ အဆုံးမရှိပဲလို့ ပြောခဲ့ပါသည်။ ဒီလေ့ကျင့်မှုက ဘယ်တော့မှ ပျောက်မှာမဟုတ်ဘူး။
"မသိဘူး" ဟုန်ကျွင့် စိုးရိမ်တကြီးနဲ့ ပြောသည်။
လီကျင်လုံ ဟုန်ကျွင့်ကို စိတ်တည်ငြိမ်စေရန် အချက်ပြလိုက်သည်။ သူက ဟုန်ကျွင့်၏ ညာလက်ကို လက်နှစ်ချောင်းဖြင့် အသာအယာ ဆုပ်ကိုင်လိုက်ပြီး ဆို၏။
"ကူညီပါဦး... မင်းလက်ထဲ အပ်ထားလိုက်ပြီ!"
ဟုန်ကျွင့်မှာ တစ်ဖက်လူရဲ့ကျိုးနေတဲ့ လက်ချောင်းတွေကို မမြင်နိုင်ပေမယ့် လီကျင်လုံကတော့ မကြောက်ဘူးလို့ပဲ ပြောနေသည်။ ခဏမျှ တုံ့ဆိုင်းသွားပြီး သူ့လက်ကို လှည့်ကာ လီကျင်လုံ၏ သွယ်လျသော လက်ခလယ်ကို ဆုပ်ကိုင်ကာ ပြတ်ပြတ်သားသား အသံထွက်လာတဲ့အထိ နောက်သို့ အတင်းဆွဲထုတ်လိုက်သည်။
လီကျင်လုံခမျာ ချက်ချင်းပင် မူးလဲလုနီးပါး ဖြစ်သွားသည်။ သူက ညာလက်ကို ဘယ်ဘက်လက်ဖဝါးဖြင့် ဖုံးအုပ်ကာ အနည်းငယ် ကွေးကောက်ရင်း လေကို ပြန်လည်ရရှိရန် အချိန်အတော်ကြာ ရှူရှိုက်နေပြီးမှ ငြိမ်သက်သွားလေသည်။
"နာနေသေးလား" ဟုန်ကျွင့် စိုးရိမ်တကြီးနဲ့ မေးသည်။
လီကျင်လုံ သူ့လက်ချောင်းတွေကို ရွှေ့ဖို့ အတတ်နိုင်ဆုံး ကြိုးစားပြီး တိုးတိုးလေး ပြောပါသည်။
"ကျိုးတဲ့လက်ဆစ်က လှုပ်လို့ မရတော့ဘူး ဒါပေမဲ့ ခွန်အားတော့ နည်းနည်း သုံးနိုင်ပါသေးတယ်"
သူ့အသက်ရှူသံက အနည်းငယ် ငြိမ်သက်သွားပြီး။
"ဟုန်ကျွင့်.... ငါ့ခန္ဓာကိုယ်မှာ နှလုံးမီးအိမ် ရှိတယ်လို့ မင်းပြောခဲ့တာကို မှတ်မိသေးလား...?"