Chapter (31)
ယုန်ကို ထိုင်စောင့်
ညဉ့်နက်အချိန် နတ်ဆိုးနှင်ဌာန၌။
"ခေါင်းဆောင်--"
"ခေါင်းဆောင်?"
ဟုန်ကျွင့်နဲ့ အားထိုက်တို့ဟာ စွန့်စားခန်းကနေ အမြန်ပြန်လာခဲ့ပေမယ့် ငါးကြင်းနတ်ဆိုးနဲ့ တခြားသူတွေကိုတော့ မတွေ့ရချေ။
"လူတွေ ဘယ်ရောက်ကုန်တာလဲ"
ဟုန်ကျွင့် အံ့သြစွာ ပြောလိုက်သည်။ သူ့လက်ထဲတွင် ရောင်စုံနတ်အလင်းရောင် ငါးရောင်လွှမ်းထားသည့် အမှုန်အမွှားလေးကို ကိုင်ကာ မျက်မှောင်ကြုတ်ပြီး ဘာမှ ထပ်မပြောလာပေ။ သူတို့နှစ်ဦးသည် ဌာန၌ စောင့်ဆိုင်းနေကြပြီး မော့ရစ်ကန်းနဲ့ ချိုးယုံစစ်တို့ ပြန်မလာသေးဘဲ ၎င်းတို့အား သတင်းပေးဖို့ သွားသည့် ငါးကြင်းနတ်ဆိုးလည်း ပျောက်ဆုံးနေသည်။
“ထွက်ပြီး လိုက်ရှာရအောင်”
တစ်အောင့်ကြာတော့ အားထိုက်က အကြံပေးလာသည်။
ထိုအချိန်တွင် သူတို့နှစ်ဦးသည် ကျင်းချွီ တံတားရှေ့သို့ ပြန်သွားကာ မြစ်ကမ်းတစ်လျှောက် ရှာဖွေခဲ့သော်လည်း ဘယ်သူ့ကိုမှ မတွေ့ခဲ့ပေ။ နတ်ဆိုးနှင် ဌာနကို ပြန်ရောက်လာတဲ့အခါ ဟုန်ကျွင့် ဆက်မထိန်းနိုင်တော့ပေမယ့် အားထိုက်က ထပ်စောင့်ကြည့်ဖို့ ပြောလာသည်။ ဟုန်ကျွင့် ခဏအိပ်ပျော်သွားပြီး သူပြန်နိုးလာတဲ့ အချိန်ကျတော့ မွန်းတည့်နေပြီ။
အားထိုက်: “သူတို့ ပြန်မလာသေးဘူး မနေ့ညက ထောင်ချောက်လိုမျိုး တစ်ခုထက်မက ရှိသေးနိုင်တယ်”
ဟုန်ကျွင့် လုံးဝ ထိတ်လန့်သွားသည်။
"သူတို့ သုံးယောက်ကို မိစ္ဆာတွေက ခြုံခိုတိုက်ခိုက်နေပြီလား?"
“ဒါက ဖြစ်နိုင်ချေ အရမ်းများတယ်... အဲ့မှော်အစီအရင်ကို ငါတို့တောင် မကိုင်တွယ်နိုင်ဘူးလေ"
ဟုန်ကျွင့်ငည် နက်နက်ရှိုင်းရှိုင်း မျက်မှောင်ကြုတ်ကာ သူ့လက်ထဲတွင် အလင်းငါးရောင်ကို ဆုပ်ကိုင်ထားရင်း လျှို့ဝှက်လမ်းထဲသို့ ဝင်သွားတဲ့ သွေးတစ်စက်ကို မနေ့ညက တွေ့ရှိခဲ့သည်ကို ပြန်စဥ်းစားမိလာသည်။ သွေးစက်များသည် ပုံသဏ္ဌာန် ပြောင်းလဲနေဆဲပင်။
ဟုန်ကျွင့်: "အင်း.... ငါတို့ ဘာလုပ်ရမှာလဲ"
"စိတ်မပူပါနဲ့... ခေါင်းဆောင်မှာ အထက်အရာရှိ ရှိသေးတယ်မလား? သူ့အကြီးအကဲကို သွားမေးကြည့်ရင်ရော?"
"ယန်ကော်ကျုံးလား? သူက မိစ္ဆာဘုရင် ဟုတ်မဟုတ် မသိရသေးဘူး... သူက ဧကရာဇ်မင်းဘေးက မိစ္ဆာဘုရင် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ"
“သူ့ကို သွားစမ်းကြည့်မယ်” အားထိုက်က အကြံတစ်ခုနဲ့ ပြောပြသည်။
“တကယ်လို့ သူသာ လူတွေကို ကယ်တင်ဖို့ အချိန်တန်ရဲ့သားနဲ့ လျစ်လျူရှုထားရင် ထောင်ချောက်ထဲ အရောက်ပို့မှာ သေချာပါတယ်"
သို့နှင့် နှစ်ယောက်သား အမတ်ကြီးယန်ရဲ့ စံအိမ်ကို သွားခဲ့ကြပေမယ့် သူတို့ရရှိခဲ့တဲ့ အဖြေကတော့ အမတ်ကြီးက ချန်အန်းမှာ မဟုတ်ဘဲ ခမ်ဆိုက်ကို သွားပြီဟူသော သတင်းပင်။ ဟုန်ကျွင့်က သူတို့နဲ့ အတူတူ အလုပ်လုပ်တဲ့ တလီတရားရုံးကို အကူအညီ တောင်းချင်ပေမယ့် အားထိုက်က အဲ့အသေအပျောက်တွေကို ဆွဲထုတ်ဖို့ မသင့်တော်ဘူးလို့ ခံစားခဲ့ရကြောင်း ပြောပြသည်။
နောက်ဆုံးတော့ သူတို့မဖြေရှင်းနိုင်တဲ့ အရာတွေက လူတွေကို ဒုက္ခပေးရုံမက အများကြီးလည်း ပါဝင်ပတ်သက် စေမိနိုင်သည်။ အမတ်ချုပ်ကြီး အိမ်မှထွက်လာပြီးနောက် နှစ်ယောက်လုံး စိတ်ရှုပ်သွားကြသည်။
"ငါ ဘာလုပ်ရမလဲ" ဟုန်ကျွင့် ထပ်မေးပြန်သည်။
အားထိုက် : "..."
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ခဏလောက် ကြည့်ကြပြီးနောက် အားထိုက်က ဆိုလာသည်။
"အစီအရင် ထောင်ချောက်တွေထဲက တစ်ခုကို ရှာတွေ့သရွေ့တော့ အဖြေတစ်ခုခု ရှိလိမ့်မယ်"
"သူတို့ကို လူခွဲရှာကြမလား?"
၎င်းတို့နှစ်ဦးသည် ၎င်းတို့ ရှာဖွေတွေ့ရှိထားသမျှကို ပေါ့ပေါ့တန်တန် အရေးယူမည် မဟုတ်ကြောင်း ရှာတွေ့ပါက အရင်ဆုံး ဆွေးနွေးရန် သတင်းနှင့်အတူ ဌာနသို့ ပြန်သွားရမည် ဖြစ်ကြောင်း သဘောတူထားလိုက်သည်။ ဘာတွေပဲ ရနိုင်သည်ဖြစ်စေ မရသည်ဖြစ်စေ နတ်ဆိုးနှင်ဌာနကို ပြန်လာရမည်။
ဟုန်ကျွင့်သည် မြစ်လမ်းတစ်လျှောက် တတိယအကြိမ်မြောက် ရှာဖွေခဲ့သော်လည်း ဘာမျှမတွေ့ခဲ့ပေ။
နေ့ခင်းဘက်တွင် ဆူညံလွန်းသော ဈေးထဲ၌ လမ်းသွားလမ်းလာများ ဖြတ်သွားသော်လည်း နေ့ခင်းကြောင်တောင် ဆူညံနေသော ဈေးထဲတွင် စိုးရွံ့မှု၏ မရေရာသော ခံစားချက်ကို သူ ခံစားလိုက်ရသည်။ မရေမတွက်နိုင်သော လူအစုံ၏ မျက်လုံးများက သူ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသလိုပင်။
သူ၏ လုပ်ဆောင်ချက်အားလုံးသည် ရန်သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ ဒါကိုတွေးရင်း ဟုန်ကျွင့်ရင်ထဲမှာ မလုံခြုံတဲ့ ခံစားချက်ကို ပြင်းပြင်းထန်ထန် ခံစားလာရပြီး ဘုရင်ဖူတောက်မင် အတွက် ရည်စူးထားတဲ့ ဌာနချုပ်ရဲ့ အလုံခြုံဆုံး နေရာဖြစ်တဲ့ နတ်ဆိုးနှင် ဌာနကိုပဲ မသိစိတ်ကနေ လျှောက်သွားနေခဲ့သည်။
"အားထိုက်? ခေါင်းဆောင် ပြန်လာပြီလား"
ဟုန်ကျွင့် တံခါးတွန်းဖွင့်ပြီး အော်မေးလိုက်သည်။ အားထိုက် ပြန်မလာသေးချေ။ သို့သော်လည်း လီကျင်လုံနှင့် အခြားနှစ်ဦး ပျောက်ဆုံးနေသည်မှာ ရှစ်နာရီနီးပါး ရှိပြီဖြစ်သည်။
ကျောက်ကျစ်လုံ ပျောက်သွားတာတောင်မှ သူ အခုလောက်ထိ ထိတ်လန့်မသွားဖူးပေ။ သို့သော် လီကျင်လုံက မှော်ပညာကို အကျွမ်းတဝင် မသိသေးသူပင်။ သူအရင်က မိစ္ဆာတွေကို သတ်ပစ်လိုက်တာကြောင့် မိစ္ဆာဘုရင်ကသာ လက်စားချေလာရင် အကျိုးဆက်တွေက ဘေးအန္တရာယ် ဖြစ်လာလိမ့်မည်။
ဘာလုပ်ရမလဲ။ ဟုန်ကျွင့် ရူးသွပ်သွားသလို ခြံဝင်းထဲမှာ လမ်းလျှောက်နေမိ၏။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ စိတ်လျှော့ရမည်။ ဟုန်ကျွင့် အသက်ပြင်းပြင်း ရှူလိုက်ပြန်သည်။
ဒီမှာ အကြာကြီးနေချင်ရင် ဘာလုပ်မလဲ။ ရည်ရွယ်ချက်မဲ့ လူတွေကို ရှာနေတာက ကောင်းမွန်တဲ့ ရွေးချယ်မှုမျိုး မဟုတ်ဘူး။ ဟုန်ကျွင့် သူ့ကိုယ်သူ တည်ငြိမ်အောင် အရင်လုပ်လိုက်သည်။ နေဝင်လာသည်နှင့်အမျှ သူသည် ခြံဝန်းရှေ့တွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ အတွေးများကို စတင် ခွဲခြမ်းစိတ်ဖြာ၏။
"ပထမအချက် သူတို့ သေချာပေါက် အဖမ်းခံရမှာပဲ.... တခြားအကြောင်းပြချက် မရှိဘူး"
လီကျင်လုံ၊ မော့ရစ်ကန်းနဲ့ ချိုးယုံစစ်တို့တွင် သူတို့ကိုယ်သူတို့ ကာကွယ်ရန် နတ်အလင်းငါးရောင် မရှိပေ။ သူတို့ကဲ့သို့ ထောင်ချောက်ထဲသို့ ကျသွားခဲ့သည်ဟူသော အရိပ်အယောင်အောက်တွင် ၎င်းတို့သည် တဖျပ်ဖျပ် တ်နေသော သွေးများကို ကိုင်တွယ်ဖြေရှင်းရင်း ပျက်ကွက်သွားဖွယ်ရှိသည်။
လီကျင်လုံက ဓားကိုသုံးမယ်၊ မော့ရစ်ကန်းက လက်သည်းထိပ်နဲ့ မြှားခုနစ်ချောင်းကို အသုံးပြုပြီး ချိုးယုံစစ်က အနီးနားမှာရှိတဲ့ သားရဲလိုမျိုး မိစ္ဆာတွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရလိမ့်မည်။ ဟုန်ကျွင့် ဒါကိုတွေးလိုက်တော့ တုန်လှုပ်သွားပြီး လီကျင်လုံသာ ဒီမှာရှိနေရင် သူဘာပြောမလဲလို့ စဥ်းစားကြည့်လိုက်၏။
"မိစ္ဆာဘုရင်က သူတို့ကိုသတ်ပစ်ဖို့ အကြောင်းပြချက်ရှိလား"
ဟုန်ကျွင့် လက်ပိုက်ရင်း သူ့ကိုယ်သူ လီကျင်လုံရဲ့ လေသံကို တုပပြီး မေးလိုက်သည်။
"မိစ္ဆာဘုရင်က သူတို့ကို ဒီလောက် လွယ်လွယ်နဲ့ သတ်မှာ မဟုတ်ဘူး... ကလဲ့စားချေဖို့ လိုလားတယ် ဆိုရင် လူတိုင်းကို တစ်ချက်တည်း သတ်ပစ်မှာပဲ"
၎င်းသည် "မသတ်ခြင်း" အတွက် အကြောင်းပြချက်ဟု မထင်ထားသော်လည်း ဟုန်ကျွင့်သည် မိစ္ဆာတွေ လီကျင်လုံကို ဖမ်းမိသည်နှင့် ချက်ချင်း မသတ်လောက်ကြောင်း အခြေခံအားဖြင့် သူ့ကိုယ်သူ ယုံကြည်နေခဲ့သည်။
"ဘာလို့လဲဆိုတော့ ငါ့ကို မဖမ်းရသေးဘူးလေ... ဒါက အပြောင်းအလဲ တစ်ခုပဲဟ"
"ဒါဆို သူတို့ကို ဘယ်ခေါ်သွားတာလဲ... ဒဏ်ရာရထားတဲ့ ယိုင်ကျန်းများ သိမလား...?"
သူတို့နဲ့ ချနေတုန်းက ယိုင်ကျန်းဆိုတဲ့ သားရဲကောင် ဒဏ်ရာရသွားသည်။ သူသည် သေချာပေါက် မိစ္ဆာဘုရင်ဆီသို့ သွားလိမ့်မည်။ ဒီအတွေးနဲ့ ဟုန်ကျွင့် ချက်ချင်းထပြီး လေပြင်းတိုက်သလို ပြေးထွက်သွားချင်ပေမယ့် အားထိုက်လည်း ပြန်မလာသေးတာကို သတိရလိုက်၏။
အပြင်မှာက မှောင်နေပြီ။
ဟုန်ကျွင့် တံခါးဝမှာ ခဏရပ်ပြီး ညနေဗုံတီးသံ ပြီးသွားကြောင်း ကြားလိုက်ရ၏။ ဘယ်သူမှ ပြန်မလာသေးတဲ့ တစ်ခုတည်းသော ဖြစ်နိုင်ခြေကတော့ အားထိုက်ကိုလည်း ခေါ်ဆောင်သွားတာပဲ ဖြစ်ပေမည်။
ဟုန်ကျွင့် : "..."
သူ လှည့်ကြည့်လိုက်တော့ ခြံဝန်းထဲမှာ သူတစ်ယောက်တည်း ကျန်နေမှန်း သိလိုက်သည်။
"ဘယ်လိုမှ မဖြစ်ဘူး"
ဟုန်ကျွင့် သူ့ကိုယ်သူ ထူးဆန်းစွာ စကားပြောနေမိသည်။ ညက မိစ္ဆာဂိုဏ်းကို ပုန်းအောင်းစေပြီး အကောင်းဆုံး ကာကွယ်မှုလည်း ဖြစ်လာစေပုံရသည်။ သို့သော် ဟုန်ကျွင့်ကတော့ အမှောင်ထဲတွင် တစ်ယောက်တည်း ရပ်နေ၏။
သူသည် ကျင်းချောင်ဖန်း ခရိုင်ရှိ အမြင့်ဆုံး အဆောက်အဦးကို ခြေလှမ်းအနည်းငယ် လှမ်းတက်ပြီး တစ်မြို့လုံးကို ကြည့်လိုက်သည်။ ချန်အန်းမြို့ရှိ အိမ်ထောင်စုတိုင်းသည် မီးများထွန်းညှိထားပြီး အနီရောင် မီးပုံးနှစ်လုံးကို အမြင့်တွင် ချိတ်ဆွဲထားကြသည်။ တိမ်မည်းများက လကို ဖုံးလွှမ်းထားကာ မြို့၏အဝေးမှ ဂီတနှင့် ရယ်မောသံများလည်း ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည်။
ဟုန်ကျွင့်သည် ကျင်းချွီ တံတားသို့ ဂရုတစိုက်ပြန်လာခဲ့ပြီး မြစ်အကြောင်းအတိုင်း လိုက်ကာ ယမန်နေ့က ဥမင်လိုဏ်ခေါင်းဆီသို့ ရောက်ခဲ့သည်။ ရောင်စုံနတ် အလင်းတန်းအောက်မှာ မနေ့က ရန်ပွဲကြောင့် အနီးနားက အရာတွေ ပျက်စီးနေတာကို သေသေချာချာ တွေ့နေရသည်။ ဟုန်ကျွင့် သူ့အဝတ်အစားတွေကို မချွတ်ဘဲ ရေထဲခုန်ဆင်းသွားပါတော့၏။
သေချာတာကတော့ ရေအောက်မှာ ကျယ်ဝန်းတဲ့ လျှို့ဝှက်လမ်းကြောင်းတစ်ခု ပေါ်လာပါသည်။ လျှို့ဝှက် လမ်းကြောင်းအတိုင်း ကူးခတ်လာတဲ့အခါ သူ့ရှေ့မှာ ရုတ်တရက် တစ်စုံတစ်ခု ပွင့်ထွက်လာပြီး ကမ်းစပ်မှာလို သွေးစွန်းနေတဲ့ ခြေရာတွေကို တွေ့လိုက်ရသည်။
ဤနေရာသည် မြို့ပြင်ကျုံးဖြစ်ပြီး ခြေရာများမှာလည်း ကြေမွနေသည်။ မြက်ပင်များ အကြား၌ သွေးစ အနည်းငယ် ကျန်နေခဲ့ကာ အကြေးခွံများ ကျွတ်ကျထားတာကို တွေ့နိုင်သည်။ ဟုန်ကျွင့်၏ နှလုံးသည် ပြင်းထန်စွာ ခုန်နေပြီး သူ့လက်ထဲက ဓားပျံကို ခါလိုက်ကာ ခြေရာများနှင့် သွေးစွန်းထင်းနေသည့် တိရစ္ဆာန်များ ရှိနေပါက ၎င်းတို့ကို အနိုင်ယူနိုင်မလား မပြောနိုင်ပေ။
သွေးခြေရာများသည် တောင်နံရံသို့ ရောက်သောအခါ ရပ်တန့်ကာ ပျောက်ကွယ်သွားကြသည်။
ဟုန်ကျွင့်: "???"
သွားပြီလား။ သူ လှည့်ကြည့်လိုက်ရင်း ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲလို့ တွေးကြည့်မိသည်။
လသည် တိမ်များမှ ထိုးတက်လာသောကြောင့် မြေကြီးပေါ်တွင် ဖြည်းညှင်းစွာ ထွန်းလင်းလာကာ တောင်နှင့် ကျောက်သားနံရံများသည် နက်မှောင်ပြီး ရောင်ပြန်ဟပ်သည့် အရောင်ကိုသာ ပြသထားနိုင်သည်။ ဟုန်ကျွင့်သည် ဓားပျံ၏လက်ကိုင်ကို ဇောက်ထိုး ကိုင်ထားကာ တောင်နံရံကို ထိကြည့်ရန် ခြေလှမ်းပြင်လိုက်သော်လည်း တောင်နံရံသည် လုံးလုံးဗလာ ဖြစ်နေပြီး တစ်ကိုယ်လုံး တောင်နံရံထဲသို့ တိတ်တဆိတ် နစ်ဝင်သွားခဲ့သည်။
ဤတောင်နံရံသည် အစီအရင်တစ်ခု ဖြစ်နေသည်။
သူ ပြုတ်ကျလာသည့် အခိုက်တွင် အော်ဟစ်မိလုနီးပါး ဖြစ်ခဲ့သော်လည်း ရန်သူအား သတိပေးမိမှာကို ကြောက်သောကြောင့် ပါးစပ်ပြန်ပိတ်ထားရသည်။ တောင်နံရံနောက်တွင် ဆယ်ပေကျော်ကျော်နက်သော အခြားဥမင်လိုဏ်ခေါင်း တစ်ခုရှိသည်။ ငါးရောင်ရှိသော နတ်အလင်းကို မထုတ်ရဲသောကြောင့် တုန်လှုပ်ချောက်ချားစွာဖြင့် ဥမင်ငယ်ထဲသို့ တစ်လမ်းလုံး လှိမ့်ဆင်းကာ မရေမတွက်နိုင်သော သဲပမာဏများကို စားသောက်ရင်း နောက်ဆုံးတွင် တောင်အလယ်က တွင်းထဲသို့ ကျသွားခဲ့သည်။
"နာတယ်..." ဟုန်ကျွင့် တိုးတိုးလေး ငြီးလိုက်သည်။
မြေပြင်ပေါ်တွင် ထွင်းထုထားသည့် အနီရောင်မှော်စက်ဝိုင်းမှ ထွက်လာသော အနီရောင် အလင်းတန်းများသည် ယိုင်ကျန်း၏ ခြေရာများနှင့် သွေးများ အမှန်တကယ် ပျောက်ကွယ်မသွားမီ ဤနေရာသို့ ဆွဲထုတ်သွားခဲ့ခြင်း ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည်။ ဟုန်ကျွင့် သူ့ခေါင်းကို လှည့်ပြီး မြေပြင်ပေါ်က အစီအရင်စက်ဝိုင်းကို ကြည့်လိုက်တဲ့အခါ ဒီအစီအရင်က ထိုယိုင်ကျန်းရဲ့ ပုန်းအောင်းနေတဲ့ နေရာမှာ သူမြင်ခဲ့ရတာနဲ့ အတူတူပဲ ဆိုတာ သိလိုက်ရ၏။
အစီအရင်၏ အလယ်တွင် ကြေးပြားအလွတ်တစ်ခု ရှိသည်။
ဒါက ဘယ်လို အစီအရင်လဲ။ ယိုင်ကျန်းကရော ဘယ်ရောက်သွားတာလဲ။
ဟုန်ကျွင့်သည် မနေ့ညက သူတို့နှစ်ဦး အစီအရင်စက်ဝိုင်းကို တွေ့ရှိသောအခါ ယိုင်ကျန်း ပြန်ရောက်လာခဲ့တာကို သတိရသွား၏။ ၎င်းတို့သည် အစီအရင် ဖွဲ့စည်းမှု၏ မျက်လုံးများပေါ်ရှိ သွေးစက်များကို မိမိကိုယ်ကို ကာကွယ်မှုအဖြစ် သုံးကာ ပေါ်ပေါက်လာခြင်းပဲ ဖြစ်သည်။
အစီအရင်စက်ဝိုင်းမှ မထွက်ခွာသွားသရွေ့ အတွင်း၌ သွေးစက်များကို ရှိထားသင့်သည်။ ဟုန်ကျွင့် မကြောက်ပါ။ သူ့ရဲ့ နတ်အလင်းငါးရောင်ဟာ ဘယ်အရာကိုမဆို တားဆီးနိုင်တယ်လေ။ မနေ့ညက သူရရှိသော သွေးစက်ကို အစီအရင်စက်ဝန်းထဲ ပစ်ထည့်လိုက်သည်။
"ကြည့်ရတာ ကြားခံတစ်ယောက်လိုပဲ ဖြစ်မယ်"
ဟုန်ကျွင့် သူ့ခေါင်းကို ကုတ်ပြီး မျက်ခုံးတွေလည်း တွန့်သွားသည်။ ဒဏ်ရာရသွားတဲ့ ယိုင်ကျန်းက ဒီကို ထွက်ပြေးလာတာတယ် ဆိုတော့ ဘာကို ဆိုလိုတာလဲ။ တခြားနည်းလမ်း မရှိဘူးဟု တွေးကြည့်လျှင် ၎င်းကို မှော်အစီအရင်က သယ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။
"ဒါဆို ဒီမှော်စက်ဝိုင်း..."
ဟုန်ကျွင့် ခေါင်းငုံ့ကာ ခဏလောက် ကြည့်ပြီးနောက် ဒူးထောက်ကာ ယိုင်ကျန်း၏ နောက်ဆုံးခြေရာများဘေးတွင် ရပ်လိုက်သည်။ ထိုစဥ် စက်ဝန်းပေါ်၌ လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတတစ်ခု ဖြစ်လာသည်။ မှော်စွမ်းအင်ကို ထိုးသွင်းဖို့ ကြိုးစားရင်း သူ့လက်ကို ထိုသင်္ကေတပေါ် တင်လိုက်သည်။
ထိုစဥ် မှော်စက်ဝိုင်း၏ တောက်ပမှုက ပိုတိုးလာပြီးနောက် ကြေးနီပြား၏ အလယ်ဗဟိုရှိ သွေးစက်များသည် သေးငယ်သော အမှုန်အမွှားများ ထွက်လာကာ မီးရှူးမီးပန်းများနှယ် လမ်းကြောင်းတိုင်းတွင် ပေါက်ကွဲသွားလေသည်။
ဟုန်ကျွင့် သူ၏ မှော်စွမ်းအားများကို အားကောင်းစေခဲ့ရာ မကြာမီတွင် အစီအရင်ထဲက သွေးစက်များ ပိုကြီးလာသည်။
ဟုန်ကျွင့်:"!"
ဟုန်ကျွင့် တုံ့ပြန်ရန် အချိန်မရမီတွင် မှော်အစီအရင်သည် တောက်ပသော အလင်းရောင်အဖြစ် ပေါက်ကွဲသွားပြီး ကျယ်လောင်သော အသံနှင့်အတူ သူ့တစ်ကိုယ်လုံး အလင်းထဲ တိမ်မြုပ်သွားခဲ့သည်။
နောက်တော့ သူဟာ လေထဲမှာ ရပ်တန့်ထားရသလို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်က တုန်လှုပ်ခြောက်ခြားသွားသည်။ တုန်လှုပ်သွားတဲ့ ခန္ဓာကိုယ်က ပထမဆုံး တုံ့ပြန်သည့်အနေဖြင့် ဓားပျံကိုကိုင်ကာ အရေးပေါ် အခြေအနေများကို ရင်ဆိုင်ဖြေရှင်းရန် အသင့်ပြင်ထား၏။
သို့သော် သူလှည့်ကြည့်လိုက်တော့ ရုတ်တရက် လန့်ဖြတ်သွားရသည်။
သူ့ကိုယ်သူ ပြန်မြင်လိုက်ရပြီ။
သူ့လက်ထဲတွင် ဓားသုံးချောင်းကိုလည်း ကိုင်ဆောင်ထားကာ သူ့မျက်နှာပေါ်တွင် ဆိုးညစ်သော အပြုံးတစ်ခုဖြင့် သူနဲ့တူသော လူငယ်တစ်ယောက်ပင်။
ဟုန်ကျွင့် : "..."
ဘယ်လိုဖြစ်တာလဲ !
ဟုန်ကျွင့်နှင့် သူ့ကိုယ်ပိုင် မှန်ပုံသည် လေထဲတွင် အပြင်းအထန် တိုက်မိပြီး ချက်ချင်းပင် တစ်ဖက်လူ၏ ဓားကို ပိတ်ဆို့ရန် မြှောက်လိုက်သော်လည်း လူငယ်သည် "ဝှစ်" ဟူသော အသံနဲ့အတူ နက်မှောင်သော သွေးနီစက်များ ပြန့်ကျဲသွားလေသည်။ တစ်ဖန် လက်တစ်ဖက်ဖြင့် ဟုန်ကျွင့်ခါးမှ ဒေါင်းမွေးကို ကောက်ကိုင်လိုက်သည်။
ဟုန်ကျွင့် "မင်းဘယ်သူလဲ!"
"ဟုန်ကျွင့်!" လီကျင်လုံရဲ့ အော်သံကို ကြားလိုက်ရ၏။
ထို့နောက် ချက်ချင်းပင် ဟုန်ကျွင့် ဓားပျံကို ထုတ်ပစ်လိုက်သော်လည်း လေထဲတွင် လွင့်ပျံနေသော ဓားပျံ ငါးရောင်စလုံးသည် သွေးနီရောင် အရည်ထဲတွင် နစ်မြုပ်သွားခဲ့သည်။ သူ့ရှေ့တွင် အနီရောင် ပင်လယ်ကြီးတစ်ခု ရှိ၍ သွေးပင်လယ်သည် နီးကပ်လာသည်နှင့်အမျှ ဟုန်ကျွင့်လည်း အနီရောင် ပင်လယ်ထဲသို့ ကျသွားတော့သည်။
"ဟုန်ကျွင့်--!"
"လေးယောက်မြောက်!" သခင်မကော်က ရယ်မောလိုက်သည်။
ဟုန်ကျွင့် သွေးအိုင်ထဲတွင် ပြင်းပြင်းထန်ထန် ရုန်းကန်ရင်း ဂူ၏ထိပ်ကို မျှော်ကြည့်လိုက်မိရာ ချက်ချင်းပင် ထိုနေရာတွင် တောက်ပနေသော မှော်အစီအရင် စက်ဝိုင်းတစ်ခု ရှိနေသည်ကိုပါ သူနားလည်လိုက်သည်။
သူသည် မီးကိုခေါ်ရန် သူ၏ မှော်ပညာကို အသုံးပြုချင်သော်လည်း သူ့ပတ်ဝန်းကျင်တွင် သွေးအိုင်များ လျှံတက်လာပြီး အလွန်စေးကပ်ကာ သူ့ကို တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားကာ ဟောက်သံနှင့်အတူ ယိုင်ကျန်းက ကမ်းပေါ်မှ ပြေးဆင်းလာသည်။
လီကျင်လုံ: "ရပ်လိုက်--!"
ဟုန်ကျွင့် မီးမှော်ကို လွှတ်လိုက်သော်လည်း ယိုင်ကျန်းက သူ့ပုခုံးကို ကိုက်လိုက်ရာ ချက်ချင်းပင် နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ထို့နောက် လေထဲသို့ ပစ်ချခံရကာ ရုန်းကန်နေရဆဲ အချိန်မှာပဲ တစ်ကိုယ်လုံး ရုတ်တရက် ဖျတ်ခနဲ တုန်သွားပြီး ကမ်းစပ်သို့ ပစ်ပေါက်ခံလိုက်ရသည်။ တစ်ဆက်တည်း သူ့သွေးကြောထဲရှိ ဝိညာဥ်စွမ်းအင်များ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။
သခင်မကော်သည် ဟုန်ကျွင့်ရှေ့တွင် ရပ်ကာ ဂါထာကို ရေရွတ်ကာ သူမ၏ သွေးမဲ့နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟထားသည်။ ဟုန်ကျွင့်၏ ခန္ဓာကိုယ်သည် ဝိညာဥ်စွမ်းအင်များဖြင့် တောက်ပနေပြီး သခင်မကော်က ထိုစွမ်းအင်များကို ပါးစပ်ထဲသို့ အဆက်မပြတ် စုပ်ယူနေခဲ့သည်။
"ရပ်တော့...ရပ်!"
လီကျင်လုံသည် ဂူအတွင်းရှိ သံလှောင်အိမ်ထဲတွင် ချည်နှောင်ခံထားရပြီး သံလှောင်အိမ်အား ပခုံးဖြင့် ဝင်တိုက်ပစ်ကာ မရပ်နိုင်သေးတဲ့ သခင်မကော်အား စူးစူးဝါးဝါး ဟစ်အော်နေ၏။
"ငါ့ဆီလာစမ်း! သူ့ကို မထိနဲ့!"
ဟုန်ကျွင့်သည် မြေပြင်ပေါ်တွင် လူးလဲနေရကာ သူ့တစ်ကိုယ်လုံး စေးကပ်နေသော သွေးများဖြင့် ဖုံးလွှမ်းသွားလို့ သူ မရုန်းကန်နိုင်တော့ပေ။ သခင်မကော်သည် အဆုံးမရှိသော စမ်းချောင်းထဲက ဝိညာဥ်စွမ်းအင်များကို စုပ်ယူခံနေသလို သူမဘဝတွင် ပထမဆုံးသော သန့်စင်သော စွမ်းအင်ကို စုပ်ယူလိုက်ခြင်းပင်။ ဒါကြောင့် သူမမျက်နှာက ပုံပျက်လာသည်။
ဟုန်ကျွင့် မော့ကြည့်မိစဥ် သခင်မကော်၏ မြေခွေးနတ်ဆိုး မျက်နှာကို မြင်လိုက်ရလေသည်။ သခင်မကော်၏ မျက်လုံးများသည် အလွန်အမင်း ကြည်နူးမှု ရှေ့တွင် ဗလာဖြစ်ပြီး သူမ၏ လည်ချောင်းမှာ ကြောက်မက်ဖွယ် အသံတစ်ခုပင် ထွက်ပေါ်လာသေးသည်။
"ငရဲကိုသွားစမ်း... နတ်ဆိုးမ!"
ဟုန်ကျွင့် သူ့သွားတွေကို အံကြိတ်ပြီး ဓားပျံသုံးချောင်းကို ထိန်းချုပ်ဖို့ သူ့အစွမ်းရှိသမျှ အသုံးချလိုက်ပါ၏။
မီးပွားများ ပေါက်ကွဲပြီး သခင်မကော်၏ ရင်ဘတ်ကို ထိမှန်သွားသည်။ သို့သော် သူမနောက်က စောင့်နေတဲ့ မိစ္ဆာသုံးကောင် ရုတ်တရတ် ပြေးတက်လာကာ သူ့ခေါင်းကို ဖမ်းဆုပ်ကာ ချောင်းရိုက်လိုက်သည်။ ပြင်းထန်သော ဆူညံသံကြောင့် ဟုန်ကျွင့်ခေါင်းက မြေပြင်ပေါ်တွင် ဆူညံသံများဖြင့် ထိမှန်သွားလေသည်။ သူ့ဦးခေါင်းက အက်ကွဲသွားပုံရပြီး သွေးများ စီးကျလာကာ မေ့လဲသွားသည်။