(30)
Viewers 5k

Chapter (30)

မြေအောက်ရှာဖွေမှု



"ဒီမှာစောင့်ကြည့်ရအောင်" 


ညမိုးချုပ်လာပြီ။ လီကျင်လုံ အကြံပေးလာသော် ဟုန်ကျွင့်က စားဖို့ အစာခြောက်တွေကို တူး​ဖော်ရှာ​ဖွေ​ပြီး စမ်းရေကို သောက်ဖို့ သွားခပ်ကာ အခင်းနေရာ၌ပင် စခန်းချလိုက်သည်။ 


လီကျင်လုံ: "မင်းရဲ့ ကြိုးစားအားထုတ်မှု အတွက် ကျေးဇူးတင်ပါတယ်... အစကတည်းက ဒီဖြစ်ရပ်မှာ နတ်ဆိုးတစ်ကောင် တကယ်ရှိ​နေတယ်လို့ ယုံကြည်ခဲ့တယ်... ပြီးသွားတဲ့အခါကျရင် မင်းကို ကစားဖို့ အချိန်ကောင်းလေးပေးပါ့မယ်"


ဟုန်ကျွင့် မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းရင်း လီကျင်လုံအား ဘေးတိုက်ကြည့်နေသည်။ 


"ကျွန်တော် တောင်ပေါ်က ဆင်းလာပြီး လမ်းတစ်လျှောက်လုံး ဒီအတိုင်း အိပ်ခဲ့ရတာ...ဒါက ကျင့်သားတောင် ရနေပြီ... ဒါပေမဲ့ ခင်ဗျား ဘယ်လိုလုပ် မြင်သွားတာလဲ?"


လီကျင်လုံ: "သက်တော်စောင့် တစ်ယောက်က လူအုပ်ထဲက လူအားလုံးကို ရုတ်တရက် သတ်ပစ်လိုက်တယ်.... ချန်အန်းကို မရောက်ခင် နောက်ဆုံးနေ့မှာ သူ့ကိုယ်သူလည်း တကယ်သတ်သေသွားခဲ့တယ်။း ဒါက ယုတ္တိမရှိဘူးလို့ မင်းထင်နေတာလား?"


"အင်း... ဒါပေမဲ့ မိစ္ဆာက သူအသုံးချထားတဲ့ ဘယ်လူသတ်သမားကိုမှ သူ့ကိုယ်သူ သတ်သေခိုင်းမှာ မဟုတ်လောက်ဘူး... ဒီမှာ ဘာတွေ​ဖြစ်ခဲ့တာလဲ"


"ဒါက အဓိက သဲလွန်စ ဖြစ်နိုင်တယ်" 


ဟုန်ကျွင့် ခက်ခက်ခဲခဲ တွေးနေပေမယ့် အခုလောလောဆယ်တော့ အဖြေရှာလို့ မရသေးပေ။ ဒါကြောင့် လီကျင်လုံက ပြောလိုက်သည်။ 


"သူတို့နဲ့ ပြန်ဆွေးနွေးပြီးရင် ပိုရှင်းတဲ့ ကောက်ချက်တစ်ခု ရနိုင်မှာပါ... ပျော်ရွှင်စရာတစ်ခုခုကို စဉ်းစားကြည့် ဘယ်ကို သွားချင်လဲ"


"ကျွန်တော် ဖျင်ကန်းလီကို မသွား​တော့ဘူး" 


"နောက်ဆုံးအကြိမ် ငါမင်းကို တားတုန်းက ကိစ္စကြောင့်လား"


ဟုန်ကျွင့်လည်း ဘာကြောင့်မှန်းမသိပေမယ့် မနေ့က ငါးကြင်းနတ်ဆိုး ပြောတာကို ရုတ်တရက် သတိရသွားသည်။ လီကျင်လုံ၏ နောက်တွင် သူသည် စားသောက်ပုံနှင့် ကစားနည်းကို သိရှိပြီး နေ့စဉ်နှင့်အမျှ အသစ်အဆန်းများစွာ ဖြစ်ပျက်နေကာ ဘဝသည် ပိုမိုပျော်ရွှင်လာပုံရသည်။


လီကျင်လုံ: "?"


ဟုန်ကျွင့်က ဆောင်းဦးည ကောင်းကင်ယံက ကြယ်တွေကို ရုတ်တရက် ညွှန်ပြပြီး ပြောလိုက်သည်။ 


"ခေါင်းဆောင် ကြယ်တွေကို ကြည့်လိုက်... သူတို့က အရမ်းလှတာပဲ" 


လီကျင်လုံ "အင်း" လို့ဆိုရင်း ရိုးရိုးလေး လှဲချလိုက်ပြီး သူတို့နှစ်ယောက် ကြယ်တွေကို အတူတူ ကြည့်နေကြသည်။


လီကျင်လုံ: "ငါ ချင်ဝူကို မကြိုက်ပါဘူး... မင်းအဲဒီကိစ္စကြောင့် နည်းနည်းလေး သဝန်တိုနေတာလား?


ဒီမေးခွန်းကို မေးလိုက်တဲ့အခါ ဟုန်ကျွင့်နှလုံးသားက အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ပြင်းထန်စွာ ​ဆောင့်ခုန်သွားပြီး နည်းနည်း ရှက်သွားသည်။ 


"မ.. မဟုတ်ဘူး!"


"ငါသူ့ကို စိတ်ပူနေတာတွေ့လို့ စိတ်ထဲမှ မသက်မသာ ဖြစ်နေတာလား?"


ဟုန်ကျွင့် ချက်ချင်း လှည့်ကြည့်လိုက်ပြီး သူ့ဘေးမှာ လဲလျောင်းရင်း တိတ်ဆိတ်သွားသည်။


လီကျင်လုံ: "သူနဲ့ငါ သူငယ်ချင်းကောင်းတွေ ဖြစ်ဖူးပေမယ့် ဒီအခြေအနေမှာ သူ့ကိုမြင်ရတာ သည်းမခံနိုင်ဘူး..." လီကျင်လုံက ကြယ်တွေကိုကြည့်ရင်း ကြောင်တက်တက်နဲ့ ပြောပြသည်။ 


"ငါမင်းကိုသိပေမယ့် တစ်လမပြည့်ခင်မှာပဲ မင်းရဲ့အပြောအဆိုနဲ့ အကျင့်က မသေမျိုးမိသားစုက ဆင်းသက်လာသလို သိသာထင်ရှားတဲ့ အငွေ့အသက်​တွေကို တွေ့ရတယ်... မင်းရဲ့အပြုအမူက သာမန်လူတွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ?"


လီကျင်လုံ သူ့ကို အလွန်ချီးမွမ်းနေသည်ကို ကြားလိုက်သောအခါ ဟုန်ကျွင့် ချက်ချင်းပင် အံ့အားသင့်သွားကာ ချာကနဲ လှည့်ကြည့်လိုက်သည်။ 


"တကယ်လား? ခင်ဗျား ကျွန်တော့်ကို ချီးကျူးတာ ကျွန်တော်အရမ်းပျော်တယ်!"


လီကျင်လုံက ဝမ်းသာအားရနဲ့ "ငါ မင်းကို ချော့နေတာလို့ပဲ တွေးလိုက်ပါ"


ဟုန်ကျွင့် အနည်းငယ် အိပ်ငိုက်နေပြီး မှင်တက်စွာနဲ့ ပြောလာလေသည်။


"တုဟန်ချင်းနဲ့ ရှောင်ဝူ(ချင်ဝူ) ကြည့်ရင်း တခါတလေ မိစ္ဆာဘဝမှာ ကြီးပြင်းလာတာမျိုး မရှိခဲ့ဘူးဆိုရင် ... မိသားစုထဲမှ သူတို့ထက် ပိုကောင်းတဲ့သူ မရှိတော့ဘူးလို့ ခံစားရတယ်... ကျွန်တော်သာဆို ပိုဆိုးလိမ့်မယ် ဒီတော့ ကျွန်တော်ရခဲ့တဲ့ အားသာချက်က လူဝင်စားတာပဲ"


လီကျင်လုံ: "လူတိုင်းက သူ့သဘော သဘာဝနဲ့သူ ရှိကြတယ်... တချို့လူတွေက တစ်သက်လုံး စိတ်ဓာတ် ကျနေရင်တောင်မှ အလုပ်အများကြီးလုပ်ဖို့ စိတ်မ၀င်စားကြပါဘူး...အဲ့နေ့က မင်းပြောခဲ့တာ...မင်း ခေါင်းဆောင်ကို သဘောကျတယ်တဲ့ ...”


ဟုန်ကျွင့် အိပ်ချင်မူးတူးဖြင့် "အင်း" ဟု ဖြေရင်း သူ့မျက်ခွံတွေ ညောင်းလာခဲ့သည်။ ပင်ပန်းနွမ်းနယ်နေတာကြောင့် လီကျင်လုံ ပြောတာကို မကြားရတော့ဘဲ မှေးကနဲ အိပ်ပျော်သွားတော့သည်။ လီကျင်လုံ အရမ်းအံ့သြသွား၏။ တစ်ဖက်လူက စကားပြောနေရင်း အိပ်ပျော်သွားလေပြီ။ ထိုစဥ် မီးသည် တဖြည်းဖြည်း လောင်ကျွမ်းသွားပြီး ကမ္ဘာကြီးကလည်း အမှောင်ကျသွားသည်။


ဟုန်ကျွင့် အမှောင်ထဲတွင် ရုတ်တရက် နိုးလာပြီး အဝတ်အစားတစ်ခုက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်ဟု ခံစားလိုက်ရသည်။ သူဘာမှ မလုပ်ရသေးခင် သူ့ဘေးနားရှိ လီကျင်လုံက သူ့လက်ချောင်းတွေကို ချက်ချင်း လှမ်းဆွဲလာ၏။ တစ်ချိန်တည်းတွင် လီကျင်လုံ ရွေ့လျားလာကာ ဟုန်ကျွင့်နှင့်အတူ ကပ်လျက် လဲလျောင်းလိုက်သည်။ သူတို့နှစ်ဦး၏ ၀တ်ရုံများက တစ်ဖက်နှင့်တစ်ဖက် ကပ်လျက် ရှိနေသည်။


"မင်း ထပ်ပြီး အိပ်မက်ဆိုး​တွေ မက်နေတာလား" လီကျင်လုံက စိုးရိမ်စိတ်နဲ့ မေးသည်။ 


"မင်းဘာလို့ အိပ်မက်ဆိုးတွေပဲ အမြဲမက်နေတာလဲ"


ဟုန်ကျွင့်ကလေကို ညင်သာစွာ ရှူရှိုက်ရင်း "မိစ္ဆာက... လူတွေကို သတ်ပစ်တယ်လို့ အိပ်မက်မက်နေတာ" 


ကျောက်တုံးကြီး အနောက်မှာ ပုန်းနေတဲ့ အလောင်းကို အိပ်မက်မက်ခဲ့သည်။ အနက်ရောင် အရိပ်တစ်ခုက ရှေ့ကို ထွက်လာပြီး သူ့လက်ကို ဆန့်ထုတ်လိုက်တာနဲ့ မြေပြင်ပေါ်က သွေးတွေဟာ လှည့်ပတ်ပျံသန်းနေတဲ့ သက်ရှိပိုးကောင်တွေအဖြစ် ပြောင်းလဲသွားကာ နောက်ဆုံးမှာတော့ ၎င်းရဲ့လက်ဆီသို့ ရွေ့လျားသွားလေသည်။ ထိုမိစ္ဆာက သွေးတွေကို အဆက်မပြတ် စုစည်းနေခြင်းပင်။ 


"မကြောက်နဲ့...." လီကျင်လုံက တိုးတိုးလေးပြောသည်။ 


"မင်း နာကြည်းမှု​တွေကို ခံစားမိခဲ့လို့ပါ..."


ဟုန်ကျွင့် "အင်း" ဟုသာ တုံ့ပြန်လိုက်သည်။ သူသည် လီကျင်လုံ၏ ကြွက်သားများအပြင် ခန္ဓာကိုယ်မှ ပြင်းထန်သော နှလုံးခုန်သံကိုပင် ခံစား​နေရပြီး သူ့နှလုံးသားထဲတွင် မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခု ရှိနေသလို ခံစားရစေသည်။ သူသည် လီကျင်လုံအနား အနည်းငယ် နီးကပ်သွားကာ အိပ်မက်ဆိုးကြောင့် စိတ်အနှောက်အယှက် ဖြစ်ခဲ့ရသော်လည်း ရင်ခွင်တစ်ခု၌ အခြေချပြီး ပြန်အိပ်ပျော်သွားသည်။ 


နောက်နေ့မနက် အိပ်ရာက နိုးတော့ ဘာမှမဖြစ်ခဲ့ပေ။ လီကျင်လုံ နောက်တစ်ကြိမ် စစ်ဆေးပြီးနောက် ဟုန်ကျွင့်ကိုခေါ်၍ ချန်အန်းမြို့သို့ ပြန်လာခဲ့သည်။ နတ်ဆိုးနှင်ဌာနသို့ ရောက်သောအခါ လူသုံးဦးသည် ပင်မခန်းမဆောင်တွင် အိပ်​​နေကြပြီး စာလိပ်များကို တစ်ညလုံး စစ်ဆေးနေခဲ့ပုံရသည်။


"မနေ့ညက အမှုအသစ်တွေ ထပ်ရှိသေးတယ်" အားထိုက်က အိပ်ချင်မူးတူးနဲ့ ပြောပြသည်။ 


"လူသတ်မှုတွေ၊ မိစ္ဆာတွေ... သက်သေတွေလည်း ရှိတယ်"


လီကျင်လုံက ခဏလောက် စဉ်းစားပြီး "ဒီအမှုကို ခဏဘေးဖယ်ထားပြီး ငါတို့ရဲ့ စုံစမ်းစစ်ဆေးမှုရလဒ်ကို နားထောင် ကြည့်ရအောင်... ဟုန်ကျွင့် မင်း ဒီတစ်ခါတော့ အရင်ပြောကြည့်!"


"အာ?" ဟုန်ကျွင့် မေ့သွားပြီး "မနေ့က ငန်းခေါက်ဆွဲနှစ်ပန်းကန် အရင်စားခဲ့တယ်..."


"ကောင်းပြီ မင်းတို့ကောင်တွေ!" အားထိုက်က ဒေါသတကြီး ထပြောသည်။ 


"ငါတို့ အကျင့်ပျက်ခြစားတဲ့ ဌာနမှာ ခေါင်းစားနေချိန် မင်းကဘာလို့ အရသာရှိရှိ စားဖို့ အပြင်ထွက်သွားတာလဲ"


လီကျင်လုံ မျက်နှာက တကယ်ကို ပိုနက်မှောင်လာပြီး ဒေါသတကြီးနဲ့ အော်လိုက်သည်။ 


"အဓိကအချက်ကို သွား!"


ဟုန်ကျွင့်လည်း သူ့မှတ်ဥာဏ်ကို အခြေခံပြီး အစာတွေ အန်ကျလာတဲ့ အကြောင်းကို ကြားအခါ ငါးကြင်းနတ်ဆိုးဘအပါအဝင် အားလုံးက "မင်းနဲ့ ထိုက်တန်တယ်!" လို့ ကျိန်ဆဲလေ၏။ ဖျင်ဟဲလျန်အကြောင်း အဆုံးသတ်အနေနဲ့ ပြောတဲ့အခါ အားလုံးက ယဉ်ယဉ်ကျေးကျေး မေးကြပါ၏။ ဒီတစ်ခါတော့ လီကျင်လုံက အကြောင်းတရားနဲ့ အကျိုးကို စနစ်တကျ ရှင်းပြပြီး ဟုန်ကျွင့်ကို မေးလိုက်သည်။ 


"မင်း တစ်ခုခုကို မေ့သွားပြီလား" 


ဟုန်ကျွင့်မှာ ဘာဆို​တာကို မစဉ်းစားမိပေ။ ထိုစဥ် မော့ရစ်ကန်းက ဝင်ဆိုလေ၏။ 


"ပထမသုံးပုံက မိစ္ဆာတွေလား မသေချာပေမယ့် နောက်ဆုံးတစ်ခုကတော့ မိစ္ဆာ လက်ချက်ပဲ ဖြစ်ရမယ်... တစ်ခုခုကိုလည်း ဖုံးကွယ်ထားတယ်..."


လီကျင်လုံ: "မင်း ချင်ဝူကိုပါ ထည့်တွက်ထားလား?" 


“ဒီကိစ္စ လေးခုကြားမှာ တူညီမှု တစ်ခုရှိတယ်လို့ ခံစားမိလား” အားထိုက် ညည်းညူလိုက်သည်။


"ယေဘူယျအချက်က တလီတရားရုံးကတောင် မကိုင်တွယ်နိုင်ဘူး" ချိုးယုံစစ်က ဆိုသည်။


လူတိုင်း: "..."


ချိုးယုံစစ်က သူ့လက်ကို ဝှေ့ယမ်းပြီး ဝမ်းသာအားရနဲ့ပြောပါ၏။ 


"ဒါက သွေးနဲ့ဆိုင်တဲ့ အရာတစ်ခုပဲ ဖြစ်လိမ့်မယ်"


ဟုန်ကျွင့် : "ဟုတ်သားပဲ"


"မြို့က လွတ်မြောက်လာတဲ့ သမားတော်ကလွဲလို့ ငါတို့မှာ သဲလွန်စတွေ အကုန်ပျောက်ကုန်ပြီ" လီကျင်လုံက လေးနက်စွာ ဝင်ရောက် ပြောကြားခဲ့သည်၊ 


"ရာဇ၀တ်မှုပဲဖြစ်ဖြစ် ပြစ်မှုကျူးလွန်တဲ့ နည်းလမ်းက အရမ်းပြင်းထန်တယ်"


မော့ရစ်ကန်း: "ဒါက ဆင်တူယိုးမှားနဲ့ အတုခိုးထားလို့ရတာမျိုး မဟုတ်ဘူး... လူသတ်မှုတိုင်းက သွေးထွက်တာ အရမ်းများတယ်


လီကျင်လုံ: "လူသတ်သမားတွေ အကုန်လုံးက တစ်ချိန်တည်းမှာ သူတို့အသိစိတ်တွေ ပျောက်ဆုံးသွားခဲ့တယ်" 


ချိုးယုံစစ်: "လူတွေက စိတ်ဆိုးတဲ့အခါ အတွင်းစိတ်နတ်ဆိုးတွေရဲ့ တွန်းအားကြောင့် စိတ်မြန်တဲ့ အရာတွေကို လုပ်ကြလိမ့်မယ် ..."


"အတွင်း စိတ်နတ်ဆိုးလား??"


လီကျင်လုံက ချိုးယုံစစ် ပြတ်ပြတ်သားသား ပြောသည့်စကားကို ထောက်ပြသည်။ အားလုံး တိတ်ဆိတ်သွားပြန်ပြီ။ 


ဟုန်ကျွင့်: "ချင်ဝူလည်း ဒီလိုပဲ ဖြစ်သွားတာများလား...နောက်​ပြီးတော့ တခြား လူသတ်သမားတွေကို ငါတို့ မတွေ့ဖူးသေးဘူး"


လီကျင်လုံ: "ကိုယ်ကိုကိုယ် သတ်သေခဲ့တဲ့ သက်တော်စောင့်...."


ဟုန်ကျွင့်သည် မိမိကိုယ်မိမိ သတ်သေခြင်း၏ အရိပ်အယောင်ဟာ သူ့ကိုယ်သူ လူသတ်သမားဟု ရှာဖွေတွေ့ရှိခဲ့သော သဲလွန်စတစ်ခုဖြစ်နိုင်ကြောင်း ချက်ချင်း သတိရမိသွားသည်။


မော့ရစ်ကန်း: "သူ့မိန်းမကိုသတ်တဲ့ ပန်းပဲသမားကို ငါတို့ရှာရမယ်... သူကလည်း ချင်ဝူနဲ့ ဆင်တူရင် ပြဿနာရှိနိုင်တယ်"


"ပန်းပဲဆရာရဲ့ အိမ်နီးချင်းက သူ့ကို သာမန်နေ့တွေမှာ တွေ့နေကျဆို သူ့အကြောင်း သိထားသင့်တယ် မဟုတ်လား" အားထိုက်က မေးသည်။


လီကျင်လုံ: "ဖိုင်ထဲမှာ ပါတယ် သူက ရိုးသားတဲ့လူပဲ"


ပန်းပဲဆရာရဲ့ အမှုခေါင်းစဉ်ကို လှည့်ကြည့်လိုက်တော့ ဟုန်ကျွင့်သည် ပန်းပဲဆရာအိမ်မှာ ရှာတွေ့တဲ့ လ​ခြမ်းပုံစံ သံ​ပြားချပ်ကို ရုတ်တရတ် သတိရမိသွားသည်။


"ကျွန်တော့်အထင် ဒါက...."


"ခဏနေဦး!" 


ချိုးယုံစစ်က ချက်ချင်း ရှေ့ကို ​တိုးလာပြီး ဟုန်ကျွင့်လက်ထဲက ပြားချပ်ချပ် အရာကို ယူလိုက်သည်။ ထိုအရာကိုကိုင်ထားလျက်မှ သူ့အသက်ရှူသံက မြန်ဆန်လာသည်။


"ဒီ မှော်လက်နက်က ဘာလဲ" 


ဟုန်ကျွင့်က မေးသည်။ ဤသံအပိုင်းအစကို မြင်သောအခါတွင် အလွန်ယုတ်ညံ့သော နတ်ဆိုးတစ်ကောင် ရှိပုံရသည်ဟု ခံစားမိသော်လည်း ၎င်းက မည်သည့်ကလာမှန်း မသိနိုင်ပေ။ လူငါးယောက်ထဲတွင် ချိုးယုံစစ်က ဗဟုသုတ အရှိဆုံးဖြစ်လို့ ဤအရာ၏ ဇာစ်မြစ်ကိုလည်း သိရှိနိုင်သည်။


ချိုးယုံစစ်: "ဒါက မှော်လက်နက် မဟုတ်ဘူး အကြေးခွံ တစ်ခုပဲ..."


...........


နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် အကျဥ်းထောင်မှူးသည် နတ်ဆိုးနှင်ဌာနက လူများနှင့် တလီတရားရုံးက စာရေး လန်ဟောက်တို့ကို ထောင်၏အနက်ရှိုင်းဆုံး တစ်နေရာသို့ ပို့ဆောင်​ပေးခဲ့သည်။


"ကျွန်​တော်တို့အားလုံး စစ်ဆေးမေးမြန်းပြီး ဝန်ခံပြီးပါပြီ....လူသတ်သမားက လူသတ်မှုကျူးလွန်တုန်းက ပြုစားခံရတယ်လို့ပဲ ပြောနေပါတယ်" 


လန်ဟောက်က ထောင်မှူးကို သော့ဖွင့်ခိုင်းပြီး အချုပ်ခန်းတံခါးကို ဖွင့်၍ သူတို့အားလုံးကို ဝင်ခွင့်ပေးလိုက်သည်။ လူသတ်သမားသည် မှောင်မိုက်သော ထောင့်တွင် ပုန်းအောင်းနေပြီး အသက်ငါးဆယ်ကျော်ရှိ ပန်းပဲဆရာသည် ရှက်ရွံ့ကာ ဆံပင်တွေလည်း ရှုပ်ပွနေသည်။ 


လီကျင်လုံ သူ့ကို ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်လိုက်တာနဲ့ ပန်းပဲဆရာက ချက်ချင်းပဲ နှလုံးကွဲမတတ် အော်ဟစ်လေတော့သည်။ 


"သရဲ—! သရဲ!"


မော့ရစ်ကန်းက ဒူးတစ်ဖက်ထောက်ကာ ပန်းပဲဆရာရှေ့ လျှောက်သွားကာ သူ့အမူအရာကို သတိပြုမိတာကြောင့် တိုးတိုးလေး မေးလိုက်သည်။ 


"မင်းဘာတွေ့တာလဲ.... မကြောက်ပါနဲ့ ငါတို့ကိုပြောပါ"


ပန်းပဲဆရာသည် တုန်လှုပ်ရုံမျှဖြင့် မထိန်းနိုင်ဘဲ တုန်တုန်ယင်ယင်ပါ ဖြစ်နေကာ မျက်နှာသွင်ပြင်ကလည်း တုန်ယင်နေသည်။ လည်ချောင်းထဲတွင် အူသံများ ထွက်ပေါ်နေသော်လည်း ဘာမှမရှင်းပြပေ။ လီကျင်လုံ လေးလေးနက်နက် မျက်မှောင်ကြုတ်ကာ ဟုန်ကျွင့်ကို စေ့စေ့ကြည့်ရင်း သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် နားလည်သွားကြသည်။ နှစ်ယောက်လုံးက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် သက်တော်စောင့်၏ အိပ်ယာပေါ်မှ စကားရပ်ကို မှတ်မိသွားကြသည်။


“သရဲ သရဲ…” 


ပန်းပဲဆရာက ထပ်ခါထပ်ခါ လှည့်ကြည့်ပြီး ဒါကိုပဲ ပြောနိုင်ခဲ့၏။ 


လူတိုင်း အချုပ်ခန်းမှ ထွက်သွားသောအခါ ဟုန်ကျွင့် မတော်တဆ တစ်ချက်ကြည့်လိုက်ရာ အခြားအကျဉ်းခန်းထဲတွင် ချုပ်နှောင်ခံထားရသော ချင်ဝူကို တွေ့လိုက်ရသည်။ ချင်ဝူသည် ကြိုးတိုက်ဝတ်စုံ၊ လက်ထိတ်များနှင့် ခြေအိတ်များကို ဝတ်ဆင်ထားပြီး ကောက်ရိုးဖုံးမြေပေါ်တွင် လဲလျောင်းကာ အိပ်ပျော်​နေခဲ့သည်။ သံကြိုးများ မြည်လာသောအခါ ထောင်မှူးက သော့ကိုဖွင့်​ပေးပြီး ဟုန်ကျွင့် ဝင်သွားလိုက်သည်။ ချင်ဝူ နိုးလာကာ ရုတ်တရက် ထိတ်လန့်သွားပြီး ဟုန်ကျွင့်လက်ကို ဖမ်းကိုင်လိုက်သည်။


"ငါ့ကိုကယ်ပါ..ငါ့ကို...ကယ်ပါ..." ချင်ဝူခမျာ တုန်လှုပ်နေပြီး။ 


"ငါအဲ့လိုမလုပ်သင့်ဘူး...ငါမှားပါတယ်..."


ဟုန်ကျွင့် မျက်မှောင်ကြုတ်ပြီး "ရှောင်ဝူ... ငါ့ကိုပြော... ဘာဖြစ်ခဲ့တာလဲ"


ချင်ဝူ၏ မျက်လုံးများသည် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး ငိုတော့မည်။ 


"မသိဘူး... မသိဘူး... ငါ့နောက်ကို လိုက်နေတဲ့ အရိပ်တစ်ခု ရှိတယ်... ငါ မသိဘူး....ငါ ဘာမှမလုပ်​ချင်​ခဲ့ဘူး...ကူညီ​ပေးပါ..."


ထောင်တံခါး အပြင်ဘက်ရှိ လူတိုင်းက တင်းမာစွာ ကြည့်နေကြသည်။


"ရှင်းရှင်းလင်းလင်း ပြောပါ" 


လီကျင်လုံလည်း အချုပ်ခန်းထဲသို့ ဝင်ကာ ချင်ဝူ၏ရှေ့တွင် ဒူးထောက်ကာ သူ့အမူအရာကို ကြည့်လိုက်သည်။ ချင်ဝူက တုန်တုန်ယင်ယင်နဲ့။ 


“သူတို့ကိုသတ်ပြီးတော့ အရိပ်တစ်ခု ဝင်လာတယ်…”


ဟုန်ကျွင့် ထိတ်လန့်သွားသည်။  


လီကျင်လုံ: "အရိပ်က ဘယ်လိုပုံစံလဲ" 


ချင်ဝူက ခေါင်းခါပြီး "မသိဘူး ငါ သေသေချာချာ မကြည့်ရဲဘူး.... ငါ ငါ ဆက်မနေရဲတော့လို့ ထွက်ပြေးလာခဲ့တာ....."


ထိုညတွင် ချင်ဝူသည် ရန်သူ့မိသားစု တစ်ခုလုံးကို သတ်ပြီးနောက်တွင် သူ၏သွေးဆာနေသော ရူးသွပ်မှုမှ ပြန်လည် ကောင်းမွန်မလာသေးဘဲ အရပ်ရပ်မှ ပြင်းထန်စွာ တိုက်ခတ်လာသော သွေးများသည် မြေကြီးပေါ်တွင် စုပုံကာ ပိုးကောင်များအဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့ခဲ့ရသည်။ တခဏချင်းမှာပဲ ကြောက်ရွံ့မှုနဲ့ ရူးသွပ်မှုတွေ အစားထိုးလာတဲ့အတွက် သူ့ဓားကို ကောက်ထားလျက်မှ လဲကျသွားခဲ့သည်။ 


"ဒါဟာ လှည့်စားမှုတစ်ခုပါပဲ" လန်ဟောက်က မျက်မှောင်ကြုတ်ကာ ဆိုသည်။ 


"လူသတ်သမား တော်တော်များများဟာ ရာဇ၀တ်မှု ကျူးလွန်ပြီးရင် နည်းနည်း စိတ်ရှုပ်တတ်ကြတယ်"


ဟုန်ကျွင့်သည် ထိုနေ့က သူမြင်ခဲ့သော ငြိမ်သက်နေသော ချင်ဝူဟာ သတ်ဖြတ်ပြီးနောက် သူမြင်လိုက်ရသော ထိတ်လန့်နေသော ချင်ဝူနှင့် လုံးဝ မတူတော့ပေ။ ဒါမျိုးကို လိုက်လျောညီထွေ ဖြစ်အောင် ဟန်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ 


ထိုညတွင် ဆောင်းဦးလသည် တောက်ပစွာ ထွန်းလင်းနေသဖြင့် အားလုံး ကျိုချွီ တံတားရှေ့တွင် ရပ်ကာ တိတ်ဆိတ်​နေကြသည်။ ဟုန်ကျွင့်က သူ၏လက်ချောင်းများကြားတွင် နဂါးအကြေးခွံကို လက်ညိုးမှ လက်ခလယ်အထိ၊ ထို့နောက် လက်သူကြွယ်အထိ ထို့နောက် လက်ညိုးသို့ ပြန်လှည့်ရင်း ကစားနေသည်။ 


"မင်းလက်ကို မရှမိ​စေနဲ့" မော့ရစ်ကန်းက သတိပေးသည်။


လီကျင်လုံ: "နဂါးတစ်ကောင်လား... သူက ပန်းပဲဆရာနဲ့ ချင်ဝူလို လူတွေကို သတ်ဖို့ ဘာကြောင့် လှုံ့ဆော်ခဲ့တာလဲ?"


"ဒါဟာ အ​မှော်အတတ် တစ်မျိုးမျိုးနဲ့ ဆက်စပ်နေရမယ်" ချိုးယုံစစ်က ခွဲခြမ်းစိတ်ဖြာပြသည်။ 


"ဟုန်ကျွင့် လက်ထဲမှာ နဂါးကြေးခွံတစ်ခု ရှိထားတယ် ဆိုပေမယ့် နဂါးမှာ သားကိုးယောက်ရှိတယ်... တစ်ကောင်နဲ့ တစ်ကောင်က မတူဘူး... ဒါပေမဲ့ တကယ့်နဂါးတော့ မဖြစ်နိုင်ဘူး!"


ဟုန်ကျွင့်: "ဟုတ်တယ်... နဂါးအကြေးခွံနဲ့... ဖီးနစ်အမွေး အားလုံးမှာ အရမ်းအစွမ်းထက်တဲ့ ဝိညာဉ်သားရဲ စွမ်းအား​တွေရှိတယ်... ဒါတွေက နဂါးအကြေးခွံတွေ ဖြစ်နိုင်ပေမယ့် နဂါးအစစ်​တော့ မဟုတ်ဘူး" 


ထိုအချိန်တွင် ကျိုချွီမြစ်မှ ရေသံထွက်လာပြီး ငါးကြင်းနတ်ဆိုး တစ်ကောင် ရေထဲမှ ထွက်လာသည်။ 


"မြစ်က ရွှံ့တွေချည်းပဲ ဘာမှ မမြင်ရဘူး... ဒါပေမဲ့ အတွင်းဆုံးမှာ သားရဲတစ်ကောင် တွားသွားနေတာတော့ အမှန်ပဲ... ကျင်းချစ်ရေကန်ရဲ့ အစွန်းကို ဖြတ်သန်းသွားတဲ့ သဲလွန်စတွေ ရှိတယ်... ရေကန်ရဲ့ အစွန်းမှာရှိတဲ့ ကျောက်တုံးတွေ အများကြီးလည်း ပုံပျက်နေတယ်" 


ရေနေသတ္တဝါ အားလုံးသည် နဂါးအစစ်ဖြစ်လျှင်ပင် ငါးကြင်းနတ်ဆိုးကဲ့သို့သော ကျင့်ကြံမှု နိမ့်ပါးသူများသည် ရေကန်တွင် မကြာခဏစိမ်ရန် လိုအပ်သည်။ လီကျင်လုံက ရေနေသတ္တဝါတွေ ရှိတာကြောင့် ချန်အန်းရေလမ်းမှာ ခြေရာတွေ ချန်ထားခဲ့မှာ သေချာပါ၏။


လီကျင်လုံ: "ရေလမ်းကြောင်း အားလုံးကို သီးသန့်စုံစမ်းရအောင်... ပုံမှန်မဟုတ်တာ တွေ့ရင် အချိန်မရွေး သတင်းပို့ပါ"


ထို့နောက် အားလုံး ကွဲသွားကာ ချန်အန်း၏ ထောင့်မျိုးစုံသို့ ဦးတည်သွားကြသည်။ ချန်အန်း အနီးတွင်ရှိ "ဟောင်ကျင်း" သည် ရှီးကျိုး မင်းဆက်နဲ့ ဟန်မင်းဆက်ကတည်းက "ချန်အန်း မြစ်ရှစ်စင်းကို ဝန်းရံထားသည်" ဟူသော စကားတစ်ခွန်းရှိခဲ့သည်။ နှစ်ဟောင်းမြို့နှင့် ၎င်းတို့၏ မြစ်လက်တက်များသည် ရှန်းလင်ဥယျာဥ်နှင့် အခြားနေရာများကဲ့သို့ ရှုပ်ထွေးနက်နဲသည်။


ရေနေသတ္တဝါများ ဝေငှနေပါက ၎င်းတို့သည် တူးမြောင်းများ၊ မြစ်များနှင့် ခြံစည်းရိုးများတွင် ရွေ့လျားမှု ခြေရာများကို ချန်ထားခဲ့နိုင်မည်ဖြစ်သည်။ ဟုန်ကျွင့်နှင့် ငါးကြင်းနတ်ဆိုးတို့သည် လိရွှေတံတားမှတဆင့် အနောက်ဘက်သို့ ဦးတည်သွားခဲ့၏။ မြို့သည် ညမထွက်ရ အမိန့်ထုတ်ထားတာကြောင့် တိတ်ဆိတ်လျက် ရှိသည်။ တစ်ခုတည်းသော အသံမှာ အမှောင်လမ်းကြားတွင် နတ်ဆိုးတစ်ကောင်နှင့် စကားပြောနေခြင်းသာ ဖြစ်သည်။


“တချို့နတ်ဆိုးတွေက နဂါးတစ်ကောင်လို မွေးဖွားလာပေမယ့် တချို့က နဂါးမဖြစ်လာခင် နှစ်ထောင်ပေါင်းများစွာကြာအောင် လေ့ကျင့်ရဦးမယ်" 


ဟုန်ကျွင့်သည် သူ့လက်ထဲတွင် ရောင်စုံနတ်မီးအလင်း ငါးရောင်ကို ကိုင်ထားပြီး ပတ်ဝန်းကျင်ကို လင်းထိန်သွားကာ ငါးကြင်းနတ်ဆိုးအား လှည့်ပြောလိုက်၏။ 


"ငါးကြင်းအတွက်က မတရားဘူးလို့ ငါထင်တယ်... သူတို့တွေက နဂါးမျိုးရိုးနဲ့ မဆိုင်ပေမယ့် သူက နဂါးတံခါးကို ခုန်ဆင်းပြီး နဂါးဖြစ်လာနိုင်တယ်"


“ကောင်းပြီ...” ငါးကြင်းနတ်ဆိုးက ပြန်ပြောသည်။ 


“လူကြမ်းလေး... စာအုပ်ထဲက အရာအားလုံးက မင်းကို လိမ်နေတာ မင်းနားလည်ရဲ့လား ကုသိုလ်တွေ အရင်စုပြီး ကုသိုလ်တွေ များများရလာတော့မှာ နဂါးကြီးဖြစ်လာဖို့ နဂါးတံခါးကို ခုန်ရတာ" 


"အော့"


ဟုန်ကျွင့်သည် မြို့အနောက်ဘက်ရှိ ရေလမ်းတစ်ခု၏ အပြင်တွင် ရပ်နေကာ အတွင်းဘက်တွင် ငါးရောင်တောက်နေသည့် အလင်းရောင်အောက်၌ ရေများ တစ်စက်စက် ကျနေသည့် အသံများ ကြားနေရသည်။ ငါးကြင်းနတ်ဆိုး ဟုန်ကျွင့်နောက်တွင် ပုန်းနေလိုက်သည်။


အမှောင်ထုထဲတွင် အရာတစ်ခုသည် မြေအောက်ထဲ၌ လှည့်ကာ မြို့ပြင်မှတစ်ဆင့် ချန်အန်းမြို့အပြင်ဘက်ရှိ ကျုံးထဲသို့ စီးဝင်သွားခဲ့သည်။ သို့သော် ဤသည်မှာ လီရှစ်မင် လက်ထက်တွင် ချင်ချုံမှ တည်ဆောက်ခဲ့သော ချန်အန်းအရှေ့ဘက် မြို့တံတိုင်းဖြစ်ပြီး မိုးခေါင်နေချိန်တွင် ရေသည် ချန်အန်းသို့ပြန်တက်လာပြီး ရေမြင့်တက်သွားခဲ့သည်။ ရေကြီးချိန်တွင် မြို့၏ရေသည် ဝေမြစ်သို့ စီးဆင်းသွားပြီး ချင်ချွမ်းလွင်ပြင်သို့ စီးဆင်းသွားသည်။ တစ်ချိန်က မြို့တွင်းနှင့် အပြင်ဘက်တွင် ဆည်မြောင်းအတွက် ရေထိန်းသိမ်းမှု စီမံကိန်းတစ်ခု ဖြစ်ခဲ့သည်။


ဝူကျစ်ထျန်းသည် လော့ယန်သို့ ပြောင်းလာပြီးနောက် မြို့တော်ကို အချိန်အတော်ကြာအောင် ပြုပြင်မွမ်းမံခဲ့သည်။ နောက်ပိုင်းတွင် ဤနေရာက မြေအောက် ရေလမ်းကြောင်းဟာ နုန်းများဖြင့် ပြည့်နှက်လာသည်။ ထူထဲသော သံခြံစည်းရိုး အောက်တွင် အလင်းရောင် ဖျော့ဖျော့လေး ထွန်းလင်းနေ၏။ ငါးကြင်းနတ်ဆိုးသည် အကြေးခွံတစ်ခုကို ကောက်ယူရန် ပြေးသွားကာ ဟုန်ကျွင့် ယူကြည့်ပြီးနောက် အံ့အားသင့်သွားသည်။ 


"နောက်တစ်ခုလား... ဘာလို့ ကြည့်ရတာ မတူတာလဲ?"


ဟုန်ကျွင့် သံကြေးခွံနှစ်ခုကို ဘေးချင်းယှဉ်ကြည့်တော့ တစ်ခုက မီးခိုးရောင်ဖြစ်ပြီး နောက်တစ်ခုက အပြာရောင်ဖြစ်နေကာ သိသာထင်ရှားစွာ ကွဲပြားနေတာကို တွေ့လိုက်ရလေ၏။ 


"တစ်​ကောင်ထက်ပိုတယ်" ဟုန်ကျွင့် အသံနက်ကြီးဖြင့် ပြောသည်။


ဟုန်ကျွင့် သံခြံစည်းရိုးကို ဖယ်ရှားရန် ကြိုးစားသော် အလေးချိန် ကီလိုဂရမ် နှစ်ထောင်ရှိသော ခြံစည်းရိုးသည် ခိုင်ခံ့မှု မရှိသောကြောင့် ဓားပျံကို ထုတ်ကာ သံခြံစည်းရိုးကို ဖြတ်ပစ်လိုက်သည်။ ကျိုးနေသော ခြံစည်းရိုးကို လက်ထဲတွင် ကိုင်ကာ ဘေးတိုက် ဝင်သွားခဲ့သည်။ 


"ဟုန်ကျွင့်... ဒေါသတကြီး မလုပ်နဲ့ ​​ငါ သူတို့ကို သွားခေါ်ပြီး နောက်မှဆက်လုပ်ကြမယ်" 


ငါးကြင်းနတ်ဆိုးက ပြောသည်။ ဟုန်ကျွင့်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ 


"မင်းငါ့ကို အရမ်းလျှော့တွက်လွန်းတယ်" 


ဟုန်ကျွင့်သည် လမ်းတစ်လျှောက်တွင် အဖုအထစ်များနှင့် အခက်အခဲချို့ ရှိခဲ့သော်လည်း နတ်ဆိုးနှင်ဌာနရှိ သူ၏အဖော်များနှင့် နှိုင်းယှဉ်ပါက သူက အားနည်းနေသေးသည်။ ငါးကြင်းနတ်ဆိုးက လှည့်၍ သူ့အဖော်များကို အကြောင်းကြားရန် သွားကာ ဟုန်ကျွင့်ကတော့ မှောင်မည်းနေသော ရေလမ်းအတွင်း ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။


ဥမင်လိုဏ်ခေါင်းသည် ကျယ်ဝန်းပြီး နက်ရှိုင်းသည်။ အရှေ့ဘက်က ရေသံများကို ဆက်လက်ကြားနေရကာ အဆုံးတွင် လေပြင်း တိုက်ခတ်သွားကာ တစ်စုံတစ်ဦးက သစ်သားတံခါးကို တွန်းထုတ်နေသလိုမျိုး “အသံ” တစ်သံ ထွက်ပေါ်လာသည်။ 


"ဘယ်သူလဲ!" ဟုန်ကျွင့် ချာကနဲ လှည့်ပြောလိုက်သည်။


တုံ့ပြန်မှု တစ်စုံတစ်ရာ မကြားရဘဲ ဟုန်ကျွင့်သည် အမှောင်ထုထဲတွင် တစ်ယောက်တည်း ရပ်နေပြီး ပြတ်သားသော "ပေါ့ပ်"ကနဲ အသံဖြင့် သူ့လက်ချောင်းများကြား အလင်းတစ်ခု လွှင့်စင်သွားသည်။ မှော်ပညာသည် လင်းလက်တောက်ပနေပြီး ဖီးနစ်တစ်ကောင်၏ ပျံသန်းနေသော အတောင်ပံများ၏ ပုံသဏ္ဌာန်ကို မသိမသာပြသကာ တကယ့်မီးများ ပေါက်ကွဲသလို ဒါဇင်ပေါင်းများစွာသော ဥက္ကာမီးခဲများအဖြစ် ပြောင်းလဲ၍ ဥမင်နံရံနှစ်ခုဆီသို့ ပစ်လွှတ်လိုက်လေသည်။ မီး​တောက်သံများ ဆက်လက် ထွက်ပေါ်လာပြီး ဂူနံရံပေါ်ရှိ မီးရှူးတိုင်များ တဖြုတ်ဖြုတ် ထွန်းညှိကာ အလင်းရောင်သည် ဥမင်လိုဏ်ခေါင်း အတွင်း လင်းထိန်သွားသည်။


ဟုန်ကျွင့် ဖြည်းညှင်းစွာ လျှောက်သွားကာ လမ်းထောင့်ကို ကွေ့လိုက်တဲ့အခါ စွန့်ပစ်ထားသော စစ်သင်္ဘောများစွာဖြင့် မြေအောက်နေရာကို ဖြည်းညှင်းစွာ ခြေချလိုက်မိတာကို တွေ့လိုက်ရလေသည်။ မြစ်ထဲတွင် ရေများ စီးဆင်းလျက်ရှိကာ စက်ဝိုင်းပုံ ဘီးတစ်ခုက လှည့်ပြီးတိုင်း ရေသံများ ထွက်ကျလာသည်။


ထိုအခိုက် သူ့ပုခုံးကို တစ်စုံတစ်ခုက ရုတ်တရက် လာဖိမိသွားသည်။ တစ်ဆက်တည်း သူ့နားထဲတွင် ဝမ်းနည်းစွာပြောနေသည့် အသံတစ်ခုက ထွက်ပေါ်လာ၏။ 


"ဟိုင်း....မြန်း....ဟော်...ပီ....."


ဟုန်ကျွင့် ရုတ်တရက် တုံ့ပြန်လိုက်တာကြောင့် နံဘေးက အားထိုက်၏ လက်ကို ဓားဖြင့် ဖြတ်မိလုနီးပါး ဖြစ်သွားသည်။ သူလှည့်ကြည့်လိုက်တော့ အားထိုက်က သူ့ကို တိတ်တိတ်နေဖို့ အချက်ပြ၏။ ငါးကြင်းနတ်ဆိုးနဲ့ အနီးနားတွင် တွေ့ရှိခဲ့ရပြီး အခြားသူများ မလာသေး​ကြောင်း ပြောပြသည်။ 


"ဒီစကားက ဘာကိုဆိုလိုတာလဲ" ဟုန်ကျွင့် အထိတ်တလန့်​ဖြင့်။


"မင်္ဂလာပါ ဟုန်ကျွင့် ပေါင်​ပေ့လေး" 


အားထိုက်က ရတနာခေါက်ယပ်​တောင်ကို ကိုင်ထားပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောပါ၏။


"​နောက်ကစကားကတော့ မင်းအတွက်ပဲ သိမ်းထားလိုက်!" 


ဟုန်ကျွင့် ပြောပြီး နောက်ထပ် နဂါးအကြေးခွံကို အားထိုက်ဆီသို့ ပစ်ချလိုက်သည်။ အားထိုက်သည် ဟုန်ကျွင့်အား မြေပြင်ကိုကြည့်ရန် အချက်ပေးပြီးနောက် ၎င်း၏ယပ်​တောင်ကို ဝှေ့ယမ်းကာ မီးတောက် အနည်းငယ် ပေါက်ကွဲထွက်သွားစေပြီး တိတ်ဆိတ်နေသော မြစ်ကမ်းခြေကို လင်းထိန်သွားစေခဲ့သည်။


မြစ်ကမ်းစပ်မှာ ခြေရာတွေ ပေါ်ထွက်နေသည်။ သူတို့နှစ်ယောက် ခဏလောက် အကဲခတ် ကြည့်ရင်း ငြိမ်သက်နေတဲ့ ရေပြင်ကို ကြည့်လိုက်သည်။


"ရေထဲမှာ ပုန်းနေနိုင်တယ်" အားထိုက်က တိုးတိုးလေးပြောပြီး။ 


"အလောင်းအစား လုပ်မလား?"


"နတ်ဆိုးက ဒီမှာ မရှိဘူးလို့ ငါထင်တယ်"


ဟုန်ကျွင့် အသံတိုးတိုးနဲ့ ပြန်ဖြေလိုက်သည်။ အားထိုက်က 'ဘယ်လိုသိတာလဲ' မျက်ခုံးပင့်ပြ၏။ 


"ရက်ပေါင်းများစွာ ဆက်တိုက် ညဘက်တွေမှာ လူသတ်မှုတွေ ဖြစ်ခဲ့တာ မဟုတ်ဘူးလား"


"ဉာဏ်ကောင်းတယ်" အားထိုက်က အပြုံးလေးနဲ့ ပြောပြီး သတိမမူသလို သူ့လက်ထဲက ယပ်တောင်ကို ဝှေ့ယမ်းပြီး မြေအောက်မြစ်ရေကို ရုတ်တရက် လှုပ်ယမ်းလိုက်သည်။


ဟုန်ကျွင့်: "ဝိုး.... ငါက ခန့်မှန်းလိုက်တာလေ!"


အားထိုက်ရဲ့ လက်ထဲက ဟာရီကိန်း ယပ်တောင်က ကျယ်လောင်တဲ့ အသံနဲ့အတူ မြစ်ထဲက ရေတွေ အားလုံးကို ကြီးမားတဲ့ ရေပိုက်ခေါင်းကြီးထဲကို လှိမ့်ဝင်သွား​စေသည်။ ထို့နောက် ဂူနံရံတွေမှာ ရေတံခွန်တွေနဲ့ ပြည့်နှက်သွားသည်။ 


"​ပေါင်​ပေ့​လေး... မင်းထင်တာမှန်တယ် သေချာတာပေါ့... သူအိမ်မှာမရှိဘူး... ငါတို့နှစ်ယောက် တစ်ဖက်စီကို လိုက်ရှာ​ကြမလား မင်းအရင် ရွေးမလား"


ဟုန်ကျွင့်သည် ဂူနံရံ၏ နှစ်ဖက်စလုံးကို အားထိုက်နှင့်အတူ စူးစမ်းလေ့လာရန် စတင်ခဲ့သည်။ ထိုအချိန်တွင် ပုပ်နေသော သစ်သား စစ်သင်္ဘောများသည် နေရာတိုင်းတွင် ပြန့်ကျဲနေကာ နှစ်ယောက်သား သင်္ဘော၏ ကုန်းပတ်ပေါ်ကို ဂရုတစိုက် နင်း​လျှောက်​လာခဲ့သည်။


ဟုန်ကျွင့်: "အားထိုက်! မင်း ဒီကိုလာကြည့်ပါလား"


အားထိုက်သည် သင်္ဘောများစွာ၏ ရွက်တိုင်များပေါ်မှ လျင်မြန်စွာ ခုန်ချလာပြီး ဟုန်ကျွင့်နံဘေးတွင် ပေါ်လာသည်။ ကုန်းပတ်ပေါ်တွင် အနီရောင် အစီအရင် မှော်အဝိုင်းတစ်ခုက နေရာအပြည့် ယူထားတာကို တွေ့ရှိရပြီး အဆက်မပြတ် စီးဆင်းနေသော ထူးဆန်းသည့် အနီရောင် အရည်များကိုလည်း တွေ့ရသည်။ 


နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းမော့ပြီး တစ်ဖက်ကိုလည်း လှည့်ကြည့်လိုက်သည်။


"ဒါက ယာယီယဇ်ပလ္လင် တစ်ခုလိုပဲ" အားထိုက်က မျက်မှောင်ကြုတ်ပြီး ဆိုသည်။ 


"ယဇ်ပူဇော်ဖို့.... ဒီမှော်အစီအရင်က ဘာကို ဆိုလိုတာလဲ?"


ဟုန်ကျွင့်: "သူတို့ ဘာလို့ မလာသေးတာလဲ"


ထိုစဥ် အားထိုက်က တစ်ခုခုမှားနေတယ်လို့ အမြဲလိုလို ခံစားလာရတာကြောင့် ဆိုသည်။ 


"ပစ္စည်းပဲ ယူချသွားတာပေါ့" 


အားထိုက်သည် ကြေးပြားကို ကောက်ယူရန် လက်လှမ်းလိုက်ပြီး ဟုန်ကျွင့်ကလည်း သူ့လက်မောင်းမှ အလွန်သေးငယ်သော ဖန်ပုလင်းကို ထုတ်ကာ အဆို့ကို ဖြုတ်ကာ သွေးတစ်စက်ဆီသို့ တစ်ချက် ကြည့်လိုက်သည်။ ရွှင်းကနဲ အသံနဲ့အတူ အလင်းရောင်တစ်ခုက သူတို့ဦးခေါင်းကို ဖုံးအုပ်သွား၏။ 


"သတိထား!" အားထိုက် အော်လိုက်သည်။


ဟုန်ကျွင့် မတုံ့ပြန်နိုင်ခင်မှာ အားထိုက်က ယပ်တောင်ကို တစ်ချက်ချင်း လှန်လိုက်ပြီး ပြင်းထန်တဲ့ လေတွေ မှုတ်ထုတ်လိုက်ကာ သူတို့နှစ်ယောက်ကို မှော်အစီအရင် စက်ဝိုင်းထဲကနေ သီးခြားစီ လွှတ်ထုတ်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် မြစ်ထဲသို့ သွေးယိုစီးကျလာကာ မြစ်ရေသည် သွေးနီရောင်အဖြစ်သို့ ပြောင်းလဲကာ သူတို့နှစ်ဦးဆီသို့ တဟုန်ထိုး ပြေးဝင်လာလေ၏။ 


ဟုန်ကျွင့်: "ဒါကဘာ​တွေလဲ?!"


အားထိုက်: "ဒီကနေ ထွက်သွား! သွားပြီး အကူအညီ တောင်းတော့!"


ထို့နောက် ချက်ချင်းပင် အားထိုက်သည် သူ၏ယပ်တောင်ကို ဝှေ့ယမ်းရန် ခွန်အားကို အားပြင်းပြင်း အသုံးပြုလိုက်သည်။ ထို့နောက် သူက ဟုန်ကျွင့်၏ ကောင်းကင်တစ်ခုလုံးကို ပိတ်ဆို့လုနီးပါး သွေးရည်များကို ဝင်ရောက် ပိတ်ဆို့ထားလိုက်သည်။


ဟုန်ကျွင့် လေထဲ၌ ရှိနေဆဲပင်။ သူကသူ့ထံ အပြေးအလွှား ပြေးလာသော ပြင်းထန်သည့် မျက်နှာကိုသာ မြင်လိုက်ရသည်။ ယိုင်ကျန်း၏ မျက်နှာသည် အသားစများနှင့် ပြည့်နေပြီး အစွယ်ကိုဖွင့်ကာ ချွန်ထက်သော ခြေသည်းများကို ဖွင့်၍ ဟုန်ကျွင့်ဆီသို့ ပြေးသွားခဲ့သည်။


"အားထိုက်--!"


ဟုန်ကျွင့် ​အော်​လိုက်​သည်​နှင့်​ အားထိုက်သည်လည်း လေလှိုင်း​တွေထဲ စုပုံ​နေသည့်​ ​သွေး​တွေကို ဖယ်ထုတ်လိုက်သည်။ ဟုန်ကျွင့်က ဘယ်​ညာ လက်​ဖြင့်​ ဓားပျံ​လေး​တွေ ထွက်​လာပြီး ချွန်​ထက်​သည့်​ လက်​သည်းများဆီသို့ ပျံသန်းသွား၏။ သားရဲက သူ့ပါးစပ်ကို ဖွင့်လိုက်သည်နှင့် သူ့မျက်လုံးများသည် ကြေးခေါင်းလောင်းများကဲ့သို့ တောက်ပနေသဖြင့် ဟုန်ကျွင့် တစ်ကိုယ်လုံး လုံးဝ တုန်လှုပ်သွားသည်။


ရောင်စုံအလင်း ငါးရောင်သည် တခဏချင်းပင် လျင်မြန်စွာ ထွက်ပေါ်လာပြီး ဟုန်ကျွင့်ကို အကာအကွယ် ပေးလိုက်သည်။ သို့သော်လည်း ရန်သူကို ယခင်က လျှော့တွက်ခဲ့သော ဤလူငယ်သည် ချက်ချင်းပင် နောက်ပြန်ဆုတ်သွားရကာ ပုပ်ပွနေသော သင်္ဘောကို ပြင်းပြင်းထန်ထန် တိုက်မိသွားလေသည်။ ရွက်တိုင်က သွေးအိုင်ထဲသို့ ဗုန်းကနဲ လဲကျသွား၏။


ဟုန်ကျွင့်၏ ရောင်စုံအလင်း ငါးရောင်သည် ကမ္ဘာပေါ်ရှိ အစွမ်းထက်ဆုံး ခံစစ်မှော်လက်နက် ဖြစ်သည်။ 


"အားထိုက်!" ဟုန်ကျွင့် အော်လိုက်သည်။


လေပွေလှိုင်းကြီး လှိမ့်တက်လာပြီး နှစ်ဖက်စလုံးက သွေးလှိုင်းများကို ဆုတ်သွား​စေသည်။ ရေခဲများ ဖြာထွက်လာသည်။ မီး၊ မိုးကြိုး၊ လျှပ်စီးများ ရံဖန်ရံခါ ထွက်လာသည်။ သွေးပင်လယ်ထဲတွင် အားထိုက်တစ်ယောက် ခက်ခက်ခဲခဲ ရုန်းကန်နေရသော်လည်း သွေးပင်လယ်သည် ပုံသဏ္ဌာန်မဲ့ပြီး လှိုင်းလုံးများ ဖန်တီးပေးနိုင်သော ယပ်တောင်က သူ့ရှေ့ကို အဆက်မပြတ် ဝေ့ယမ်းနိုင်ခဲ့သည်။ အားထိုက်သည် သင်္ဘောလေးပေါ်၌ မတ်တပ်ရပ် မနေနိုင်ပေမယ့် လှိုင်းလုံးကြီးတစ်ခုက ဝင်လာပြီး သူ့ကို ထပ်ခေါက်ချလုနီးပါး ဖြစ်သွား၏။ 


သွေးပင်လယ်သည် ဆက်လက် မြင့်တက်နေပြီ။ အားထိုက် ဆင်းသက်သည့် နေရာက သွေးပင်လယ်ထဲတွင် သီးခြားကျွန်းတစ်ခု ဖြစ်လာခဲ့သည်။ မကြာခင်မှာပဲ ဟုန်ကျွင့်က ချိတ်ကြိုးကို လှိုဏ်ဂူရဲ့ထိပ်မှာ ပတ်ရစ်ပြီး ချိတ်ကြိုးကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်ကာ ဂူနံရံကို အလျင်အမြန် ပြေးသွားကာ အားထိုက်ဘက် လှည့်ကြည့်လိုက်သည်။ 


"ဖမ်းထား--!"


ရူးသွပ်​​နေသော သွေးပင်လယ်သည် အားထိုက်ရှိရာ ဦးတည်ရာအရပ်ဆီသို့ တဟုန်ထိုး ပြေးဆင်းလာသည်။ အားထိုက်လည်း ဒေါသတကြီးဟောက်ကာ ပြင်းထန်သော လေပြင်းများကို ဝေ့ယမ်းလိုက်ပြန်သည်။ လှိုင်းတံပိုးများက သူ့ကို ရေတွင်းထဲက လှိမ့်ထွက်လာအောင် အားယူပေးနိုင်ကာ သူ့ခေါင်းပေါ်သို့ ပက်လက်လှန် ကျွမ်းထိုးလိုက်လေသည်။ ထို့နောက် ခြေဖဝါးအား ရွက်တိုင်များကို ခြေကုပ်ယူကာ ဂူထိပ်သို့ တက်သွားနိုင်ရန် တွန်းအားပေး အသုံးပြုခဲ့သည်။


ထိုအရှိန်အဟုန် အောက်မှာ သင်္ဘောက ပြုတ်ကျပြီး ဟုန်ကျွင့်လည်း လေထဲကနေ ခုန်ဆင်းကာ အားထိုက်ကို လက်တစ်ဖက်နဲ့ တင်းတင်းကျပ်ကျပ် ဖမ်းကိုင်ထားလိုက်သည်။ အားထိုက်က တစ်ပတ်လှည့်ပြန်ပြီး လေပြင်းတစ်ချက် တိုက်ခတ်သွားစေရာ သူတို့နှစ်ယောက်ကို ကြိုးတစ်ချောင်းနဲ့အတူ မြှားတစ်စင်းနှယ် တံခါးပေါက်ဆီ ပို့ပေးလိုက်တော့သည်။ 


သွေးပင်လယ်သည် ​လေထုအားလုံးကို မျိုချလိုက်ပြီး ဂူနံရံဆီသို့ အပြေးအလွှား ဝိုင်းရံကာ သူတို့နှစ်ဦးဆီသို့ ပြေးဆင်းလာ​ပြန်သည်။ ဟုန်ကျွင့် သူ့ဘယ်လက်ကို ယမ်းလိုက်သည်နှင့် နတ်အလင်းငါးရောင်က နံရံတစ်ခုကို ဖန်တီး၍ သွေးပင်လယ်ကို ဖြတ်သွားလို့ မရတော့အောင် တားထားလိုက်သည်။ ဟုန်ကျွင့် သူ့လက်​ကောက်ဝတ်ကို လှည့်နေစဥ် အားထိုက်က ပြောလေသည်။ 


"ကောင်းသွားပြီ!"


သွေးပင်လယ်ကို ဟုန်ကျွင့်က တွန်းထုတ်ထားခဲ့သော်လည်း ထိတ်လန့် တုန်လှုပ်စရာ ကောင်းတဲ့ သွေးရေလှိုင်း ပြိုကျပြီးတာနဲ့ ရုပ်ဆိုးသော မိစ္ဆာတစ်ကောင်သည် ရေထဲမှ ထွက်လာပြီး အလင်း​ရောင် ငါးရောင်ရှိသော နတ်အလင်းတန်း၏ အတားအဆီးထဲသို့ ထိုးကျသွားသည်။


သားရဲက နောက်ဆုံးတွင် ပေါ်လာသော်လည်း ဟုန်ကျွင့်၏ မှော်ဆန်သော လက်နက်ကို မဖြတ်နိုင်ခဲ့ပေ။ ဤမြင်ကွင်းကို ကြည့်လိုက်တော့ ဂူကြီးတစ်ခုလုံးသည် ကီလိုဂရမ် 10,000 ကျော်ရှိသော သွေးစွန်းနေသော မြစ်ရေကို ပိတ်ဆို့ကာ ကြီးမားသော ဖန်ငါးကန်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ သွေးလှိုင်းတွေက ဟုန်ကျွင့်ရဲ့ အတားအဆီးကို အရူးအမူး တိုက်ခိုက်နေကြသည်။


အားထိုက်: “ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ” 


ဟုန်ကျွင့်: "မနက်ဖြန် မနက်အထိတော့ အဆင်ပြေသင့်တယ်.... ငါ့လက်တွေ နာနေပြီ"


အားထိုက်: "နောက်ဆုတ်ဖို့ ငါပြောရင် မင်းပြန်ဆုတ်....ပြီးရင် လှည့်ပြီး ပြေး... ငါ ရပ်ခိုင်းရင် ရပ်လိုက်... တားဆီးဖို့ မင်းရဲ့ မှော်လက်နက်ကိုလည်း သုံး!"


"ကောင်းပြီ... သတိထား!!"


ထိုအချိန်တွင် သားရဲသည် နတ်အလင်း ငါးရောင်ဆီသို့ တစ်ဖန် ပြေးသွားကာ အလင်းအတားအဆီးကို ပြင်းပြင်းထန်ထန် ထိမှန်ပြီးနောက် နတ်အလင်းသည် ပို၍ လင်းလက်တောက်ပလာသည်။


"ထွက်သွား!" အားထိုက် အော်လိုက်သည်။


ဟုန်ကျွင့်လည်း နတ်အလင်းငါးရောင်ကို ရုတ်သိမ်းလိုက်သည်။ သွေးပင်လယ်သည် မြေပြိုကျလာသကဲ့သို့ ဟိန်းဟောက်ပြီးနောက် သူတို့နှစ်ဦးအား ဖုံးလွှမ်းလာလေရာ အားထိုက်လည်း သူ့လက်များကို အကြမ်းပတမ်း ဝေ့ယမ်း၍ အော်ဟစ်လိုက်၏။ 


"ပြေး!"


ဟုန်ကျွင့် လှည့်ပြီး ပြေးသွားသည်။ အားထိုက်ကလည်း နောက်ပြန်ခုန်ပြီး သူ့လက်ကို ဆန့်လိုက်ပြီး ဘယ်ဘက်လက်ရှိ လက်စွပ်ထဲက မီးလုံးတွေ ထွက်လာ​စေပြီး ညာလက်နဲ့ မီးလုံးတွေက သွေးအိုင်ဆီ ပြန့်ကျဲသွားအောင် ယပ်ခတ်ပေးလိုက်သည်။ 


ထိုအချိန်တွင် သားရဲသည် သွေးအိုင်ဒီရေမှ ထိုးထွက်လာပြီး ဟောက်သံဖြင့် သူတို့နှစ်ဦးဆီသို့ ပြေးသွားပြန်သည်။ ဟုန်ကျွင့် လှည့်ကြည့်လိုက်တော့ ပါးစပ်ကျယ်ကျယ်နဲ့ သားရဲသည် သူ့ကို စောင့်နေတဲ့ ဒါဇင်နဲ့ချီတဲ့ မီးလုံးတွေကို ကိုက်ဝါးမိသွားလေသည်။ ဟုန်ကျွင့် ခန္ဓာကိုယ်က ကွေးညွှတ်သွားပြီး သူ့လက်တွေကို ဖိလိုက်တော့ ငါးရောင်ရှိတဲ့ နတ်အလင်း အတားအဆီးက ပြန်တက်လာ၏။ 


တစ်စုံတစ်ယောက်သည် နံရံကို ဦးထိပ်တိုက်မိသကဲ့သို့ သားရဲမျိုချလိုက်သော မီးလုံးများ ပေါက်ကွဲသွားသည်။ ပေါက်ကွဲသံ၏ အရှိန်ကြောင့် သူ့ဝမ်းဗိုက်အတွင်းမှ သွေးများ ပေါက်ကွဲသွားသည်။ အလင်းနှင့် သွေးပင်လယ်သည် လွင့်စင်သွားကာ အတားအဆီးနောက်ကွယ်မှ လွင့်ထွက်သွားသည်။


ဟုန်ကျွင့် :"ဟားဟားဟား--"


ထိုမြင်ကွင်းသည် အလွန်ရယ်စရာ ကောင်းသည်ဟုသာ ထင်တာကြောင့် ရုတ်တရက် ရယ်လိုက်မိစဥ် အားထိုက်က ထပ်ဆို၏။  


"သိမ်း....."


ဟုန်ကျွင့်လဘ်း လက်နှစ်ဘက်စလုံးဖြင့် အလင်းတန်းများကို ဖိထားပြီး သားရဲ၏ သွေးပင်လယ်ကို ပိတ်ဆို့ထားရန် ကြိုးစားနေတုန်း ထူးဆန်းစွာပင် သွေးပင်လယ်က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။


သူတို့နှစ်ယောက် နောက်သို့ ခြေလှမ်း အနည်းငယ် လှမ်းလိုက်သည်နှင့် သွေးပင်လယ်၏ အရောင်သည် တစ်စတစ်စ ဆုတ်ယုတ်လာပြီး အနီရောင် တောက်တောက် သည် ရေထဲတွင် ကျုံ့သွားသည့်အတိုင်း ပျောက်သွားလေ၏။ ဟုန်ကျွင့် သူပထမဆုံး မြင်လိုက်ရတာကို သတိရသွားသည်။ အစီအရင်စက်ဝန်းပေါ်က သွေးတွေဟာ တဖျပ်ဖျပ် စီးကျနေပြီး နတ်အလင်း အတားအဆီးကို ဖယ်ထုတ်ဖို့ ကြိုးစားနေသည်။ 


စိုစွတ်သော မြေပြင်ပေါ်တွင် နီရဲတောက်တောက် သွေးခြေရာများက ဖြည်းညှင်းစွာ လှည့်ပတ်နေပါ၏။ သားရဲသည် ဝမ်းဗိုက်ကို ဖောက်ထုတ်ခံလိုက်ရပြီးနောက် သူဘယ်ကို ပြေးသွားသလဲ မသိလိုက်ပေ။


ဟုန်ကျွင့် မျက်မှောင်ကြုတ်ပြီး အားထိုက်နဲ့ အကြည့်ချင်း ဖလှယ်လိုက်သည်။