(27)
Viewers 5k

Chapter (27)

နွေဦးအာရုဏ်တက်



ဆောင်းဦးလေက ဖျင်ကန်းလီမှာတော့ ညစ်ညမ်းနေပါပြီ။ ညနေခင်းမှာတော့ လီကျင်လုံက ကတိပေးထားတဲ့အတိုင်း ပြည့်တန်ဆာအိမ်ကို လာရောက်လည်ပတ်ခဲ့သည်။


"အိုး.... စစ်သူ​ကြီးလီ.... မဟုတ်ဘူး အဲဒါက ဌာနခေါင်းဆောင်လီ--!"


လျိုယင်းချွန်းရှောင်သည် ချန်အန်းရှိ အကြီးဆုံးနှင့် တေးဂီတ အစုံအလင်ကို နားဆင်နိုင်သော ပြည့်တန်ဆာအိမ်ကြီးဖြစ်ပြီး သေးငယ်ပြီး ကဗျာဆန်သော ယီရှစ်လန်၊ ထောင်လင်ထင်းတို့နှင့် နှိုင်းယှဉ်ပါက ဤနေရာသည် လူတိုင်း၏ လိုအပ်ချက်နှင့်အညီ ပိုမိုဇိမ်ခံရှိတာကြောင့် ပိုမိုထင်ရှားပါသည်။


"ထွက် ထွက် သွား...ငါနဲ့ဝေးဝေးမှာ နေစမ်း!" 


လီကျင်လုံမှာ မိန်းကလေးများ ထွက်လာသည်နှင့် စိတ်မသက်မသာ ခံစားလာရပြီး သူ့ရှေ့ကို ပိတ်ဆို့ရန် ဟုန်ကျွင့်ကို အလျင်အမြန် ဆွဲထုတ်လိုက်သည်။ ဟုန်ကျွင့်မှာလည်း ပထမဆုံးအကြိမ် တရားဝင်လာရောက် လည်ပတ်ခြင်း ဖြစ်ရာ သူရုတ်တရက် ထိတ်လန့်သွားပြီး လီကျင်လုံ အနောက်တွင် အမြန် ဝင်ပုန်းနေခဲ့သည်။


"မင်းပဲ ဖျင်ကန်းလီကို လာချင်နေတာ မဟုတ်ဘူးလား? ဘာတွေ ပုန်းနေတာလဲ"


လီကျင်လုံမှာ အတော်လေး ရင်ခုန်နေတာကြောင့် သူ့အသံက အနည်းငယ် ကျယ်လောင်လာသွားသည်။ ဟုန်ကျွင့် မျက်နှာမှာ နီရဲလာပြီး ချက်ချင်းဆိုသလို လီကျင်လုံဆီက နွေးထွေးမှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။


"အိုး! အဲဒါ ဟူလူမျိုး ကိုကိုလေးပဲ!"


တစ်စုံတစ်ယောက်သည် အားထိုက်ကို တွေ့ရှိသွားခဲ့တာကြောင့် ချက်ချင်းထအော်ကာ အားထိုက်ဆီသို့ ဝိုင်းအုံလာခဲ့သည်။ အားထိုက်သည် ဖျင်ကန်းလီတွင် လူသိများပြီးသား ဖြစ်သောကြောင့် အနီရောင် ချယ်ရီပန်းများနှင့် စိမ်းလန်းသော မိုးမခပင်များက လာရောက် ကြိုဆိုကြရာ ဝင်ရောက်ရာတွင် အတော်လေး သက်တောင့်သက်သာ ရှိသလို ခံစားခဲ့ရသည်။


အားထိုက်: "ဒီနေ့ မတီးတော့ဘူး..... မင်းတို့တီးတာ နားထောင်မယ်"


ကောင်မလေးများသည် ခဏတာမျှ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ကြပြီး ခန်းမထဲတွင် အကျယ်ဆုံးနှင့် ဇိမ်ကျကျဆုံး ထိုင်ခုံများကို လီကျင်လုံတို့ ဖြတ်သွားသောအခါတွင် ဧည့်ခန်းထဲတွင် သီချင်းဆိုတာတွေ ကခုန်တာတွေ မစသေးပေ။ လီကျင်လုံ ဖြတ်လာတဲ့အခါ သူတို့အားလုံး တိတ်ဆိတ်သွားကြသည်။


လီကျင်လုံ ဖြတ်လျှောက်သွားကာ ကြာပန်း အမြောက်အမြားရှိသော ရေကန်ကြီးကို ရောက်တော့ အထည်အိတ်ကို လှုပ်ခါကာ ငါးကြင်းနတ်ဆိုးကို ရေကန်ထဲ ထည့်ပေးလိုက်သည်။ 


"သွားပျော်တော့" လီကျင်လုံက ပြောသည်။


"ကျေးဇူးပါ!" 


ငါးကြင်းနတ်ဆိုးက ပေါ်လာပြီး ငါးကန်ကြီးထဲကို ပျော်ရွှင်စွာ ကူးခတ်၏။ ငါးကြင်းနတ်ဆိုးမှာ ငါးတစ်ကောင်ကို ပွေ့ဖက်လိုက်သော်ငြား ငါးက ထွက်ပြေးသွားလေသည်။ 


"မသွားနဲ့လေ အလှလေး...."


သိပ်မကြာခင်မှာပဲ ဆွေးနွေးသံတွေ ထပ်မံ ထွက်ပေါ်လာသည်။ တော်ဝင် စာမေးပွဲကိစ္စသည် မကြာသေးမီရက်ပိုင်းက ချန်အန်းတွင် လူပြောအများဆုံး စကားဝိုင်းတစ်ခု ဖြစ်လာခဲ့ပြီး လီကျင်လုံ၏ မိစ္ဆာဖမ်းဆီးမှု အကြောင်းကလည်း မြို့တော်အတွင်း အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ ထိုသတင်းသည် ရပ်တန့်၍ မရဘဲ လျင်မြန်စွာ ပျံ့နှံ့သွားကာ ကောလဟာလမှ မဟုတ်မမှန်သော ကောလဟာလများ အဖြစ်ပင် နေရာတိုင်းတွင် ပျံ့နှံ့စေခဲ့သည်။


အစေခံက သူတို့ကို ခန်းမထံရှိ အကြီးဆုံး စားပွဲသို့ ပို့ဆောင်​​ပေး​ပြီး ဘေး၌ သစ်သားမျက်နှာပြင်များကို တပ်ဆင်ထားလေ၏။ ညာဘက်မှ သုံးယောက်၊ ဘယ်ဘက်မှာ နှစ်ယောက် ထိုင်နေသည်။ ချိုးယုံစစ်နဲ့ အားထိုက်က အတူထိုင်ကာ လီကျင်လုံ၊ ဟုန်ကျွင့်နဲ့ မော့ရစ်ကန်းတို့က အခြားတစ်ဖက်တွင် ထိုင်နေကြသည်။ လီကျင်လုံက တစ်စုံတစ်ဦးအား သစ်သားမျက်နှာပြင် သေးသေးလေး ရွှေ့ခိုင်း၍ ချိုးယုံစစ်နဲ့ အားထိုက်တို့ကို ပိတ်ဆို့ရန် ဘယ်ညာ အနည်းငယ် ခွဲထားသည်။ 


ကလေးတွေကို မကောင်းတာတွေ မသင်ပေးရဘူး။


သူတို့သုံးဦးသည် ဧရိယာ တစ်ဧကနီးပါးခန့် ကျယ်ဝန်းပြီး ပြောင်လက် တောက်ပနေသော ခန်းမကြီး တစ်ခုဆီသို့ မျက်နှာမူကာ ပိတ်သားပြင်များစွာဖြင့် အလွန်ဇိမ်ကျကျ အလှဆင်ထားတဲ့အပြင် အမျိုးသမီးငယ်များ၏ ရယ်မောသံများကို ရံဖန်ရံခါ ကြားနေရသည်။ ဟုန်ကျွင့် မျှော်ကြည့်လိုက်သောအခါ အဆောက်အအုံ၏ အထပ်သုံးထပ်ကြားက တစ်ထပ်သည် အခြားတစ်ထပ်ထက် မြင့်ပြီး အိပ်မက်ထဲ ရောက်နေရသလို ရောင်စုံမီးပုံးများဖြင့် ဖုံးလွှမ်းထားသည့် သစ်သားတံတားတစ်ခု ရှိနေတာကို မြင်လိုက်သည်။


"လူကြီးမင်းတို့ ကြိုက်တဲ့ ကောင်မလေးများ ရှိလား"


"မရှိဘူး" လီကျင်လုံက သူမကို ရိုးရိုးရှင်းရှင်းပဲ ငြင်းလိုက်သည်။ 


"ဒါဆို မိန်းခလေးတွေ ထား..."


လီကျင်လုံ: "မလိုဘူး"


"ဒီဘက်က သခင်လေးနှစ်ယောက်ကရော လိုသေးလား..."


လီကျင်လုံ: "မလိုဘူး!"


ဟုန်ကျွင့် : "..."


မော့ရစ်ကန်း : "..."


"ငါတို့ ဒီမှာ ဘာလုပ်နေတာလဲ" ဟုန်ကျွင့်မှ မေးလိုက်သည်။


မော့ရစ်ကန်းက ရယ်မောပြီး "ဒါကတော့ ခေါင်းဆောင်ကို မေးရမှာပေါ့.... ငါမသိဘူး"


လီကျင်လုံက စားပွဲပေါ်ရှိ စပျစ်သီးကို ယူစားရင်း ပြန်ဖြေ၏။


"သီချင်းနားထောင်.... အကကြည့် ပိုက်ဆံဖြုန်း ပြီးတော့ ညဘက်အိပ်ဖို့ နတ်ဆိုးနှင်ဌာနကို ပြန်သွားမယ်" 


ဟုန်ကျွင့်: "အနောက်မှာ ကတဲ့သူရှိလား"


လီကျင်လုံ - "ဟုတ်တယ်.... စောင်းတီးသူလည်း ရှိတယ်... မော့ရစ်ကန်း မင်းနံဘေးမှာ ထိုင်ဖို့ မိန်းကလေးကို ရှာချင်လား"


မော့ရစ်ကန်းက ပြုံးပြီး "ဒါက ငါ့ရဲ့ ပထမဆုံး အကြိမ် လာတာလို့ မင်းကို ပြောခဲ့သားပဲ... ဒါကြောင့် ငါ အဲဒါကို ထိန်းထားရမယ် ဒီညတော့ သီချင်းနားထောင်ပြီး ပျော်အောင်နေမယ်" 


"မထားဘူးပေါ့?" လီကျင်လုံ အနည်းငယ် အံ့သြသွားသည်။


မော့ရစ်ကန်း ခေါင်းညိတ်ပြပြီး ဟုန်ကျွင့်ဘက်သို့ လှမ်းကြည့်လိုက်သည်။ 


"တကယ်လို့ ခေါင်းဆောင်က ဟုန်ကျွင့်ကို ပေးမယ်ဆိုရင်..."


"သူ မလိုပါဘူး"


လီကျင်လုံက မော့ရစ်ကန်းရဲ့ ကရုဏာမဲ့ စကားတွေကို ဖြတ်ပစ်လိုက်ပြီး ဟုန်ကျွင့်ကို ကြည့်လိုက်သည်။ 


"ဟုတ်တယ်မလား?"


ဟုန်ကျွင့်သည် ထိုညက လီကျင်လုံ သူ့အား ရှင်းပြခဲ့သည်ကို တွေးတောရင်း အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း ယခုတော့ သူ့အပေါ် ရေအေးတွေ လောင်းချခံလိုက်ရသလို ခံစားလိုက်ရတာမို့ မကူညီနိုင်တော့ဘဲ ပြောလာသည်။ 


"တကယ်တော့ ခေါ်လည်း ရပါတယ်" 


"ဒါဆို မင်းဘေးနားမှာ သွားထိုင်" လီကျင်လုံက အားထိုက်နဲ့ ချိုးယုံစစ်တို့ဘက်သို့ ညွှန်ပြလိုက်သည်။ 


"ဒီမှာ အလေးအနက် ထားတဲ့သူတွေပဲ ထိုင်တာ... မင်း ငါတို့နဲ့ အတူထိုင်ချင်လား ဒါမှမဟုတ် ဘေးကိုသွားမလား"


ဟုန်ကျွင့် ခဏလောက်စဉ်းစားပြီး ရွေးစရာလမ်း မရှိတော့ဘဲ နောင်တရသွားသလို တိုးတိုးလေး ပြော၏။ 


"ဒီမှာနေတာပဲ ပိုကောင်းပါတယ်" 


လီကျင်လုံ: "မင်း အဲဒါကို စဉ်းစားရမယ်... ခဏနေဆို မင်း လှုပ်ရှားခွင့် မရှိတော့ဘူး... ငါတို့ နောက်မှာ ချယ်ရီကောက်ညှင်းတွေ စားရတော့မယ်"


ဟုန်ကျွင့် : "ဘာလဲ? ဘာ​စားရမှာလဲ... ချယ်ရီကောက်ညှင်းကိတ်လား? ဘာလဲဟင်.... ငါမသွားတော့ဘူး ဒါဆို.... သေရည်ရော သောက်လို့ရမလား"


သောက်တာက အဆင်ပြေတဲ့အတွက် လီကျင်လုံ သူ့အတွက် အစားအသောက်နဲ့ သေရည်ကို ဝမ်းသာအားရ မှာပေးလိုက်သည်။ နာမည်ကြီး ချယ်ရီကောက်ညှင်းကို ဝယ်ဖို့ ဘေးက အစေခံအား စစ်သူ​ကြီးဟန်က ဖွင့်ထားတဲ့ ဆိုင်ကို သွားခိုင်းလိုက်သည်။ ဟုန်ကျွင့်ကို စိတ်ကျေနပ်​စေရန် အလွန်လွယ်ကူဆဲ ဖြစ်ပေ၏။ သူ့တွင် အရောင်အသွေး မရှိသည့်တိုင် အစားအသောက်နှင့် လိင်ပိုင်းဆိုင်ရာဆို သူ့သဘောသဘာဝအရ လီကျင်လုံပြောသည့် အရသာရှိသော အစားအသောက်ကိုသာ ရွေးချယ်ပေလိမ့်မည်။ 


"ဒါပေမဲ့ လူကြီးမင်းတို့က သီချင်းဆို ကခုန်နေတာကို ရှုစားတော့မှာဆိုတော့ တစ်ယောက်ယောက်က သေရည်ငှဲ့ပေးရမှာပေါ့... တစ်ယောက်ယောက် စီစဥ်ပေးရမလား?" 


အမျိုးသမီး တစ်ယောက်က လာရောက် မေးမြန်းလေ၏။ လီကျင်လုံ ငြင်းခါနီးတွင် ဟုန်ကျွင့်က ရုတ်တရက် လူတစ်ယောက်ကို သတိရသွားတာကြောင့် လှည့်မေးလိုက်သည်။ 


"မင်း စန်းအာကို သိလား" 


အမျိုးသမီးက သူမကို သိကြောင်း ဆို၍ တစ်စုံတစ်ယောက်ကို ခေါ်လာခဲ့​ပေးဖို့ တိုက်တွန်းလိုက်သည်။ လီကျင်လုံလည်း လိုက်လျောပေးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ ထိုစဥ် ဟုန်ကျွင့်က ကတိပေးလာသည်။ 


"ဒီမှာ ကျွန်​တော်ဘယ်တော့မှ ​ပြဿနာမှာ မဟုတ်ဘူး"


"မင်း ကောင်းကောင်းသိသားပဲ" မော့ရစ်ကန်း ပြုံးလိုက်သည်။


ခဏအကြာတွင် စန်းအာ ရောက်ရှိလာပြီး ဟုန်ကျွင့်လည်း သူမအား နှုတ်ဆက်လိုက်သည်။ စန်းအာက ဟုန်ကျွင့် ချန်အန်းတွင် ပထမဆုံးတွေ့သော "သူငယ်ချင်း" ဖြစ်ကာ သူမကို ပြန်တွေ့ရတာ အလွန်ဝမ်းသာပါသည်။ ယခုအချိန်တွင် စန်းအာသည် လျိုယင်းချွန်းရှောင်တွင် ထိပ်တန်း အကူမိန်းကလေးအဖြစ် တာဝန်ထမ်းဆောင်နေသော လူတစ်ဦးဖြစ်ပြီး မမျှော်လင့်ဘဲ ယနေ့တွင် ဖောက်သည်တစ်ဦးက ရောက်ရှိလာ၏။ သူမကို အထူးတလည် ခေါ်သောကြောင့် သူမ အလွန်ပျော်ရွှင်သွားခဲ့သည်။


နှစ်ယောက်သား တွေ့တဲ့အခါ တစ်ပြိုင်တည်း ရယ်လိုက်ကြသည်။ စန်းအာသည် လီကျင်လုံကို ကြည့်ပြီးနောက် ဟုန်ကျွင့်ကိုလည်း သံသယများဖြင့် ကြည့်လိုက်သည်။ ၎င်းတို့၏ ဆက်ဆံရေးက ဘယ်လိုလဲ မသိသောကြောင့် စန်းအာက ရုတ်တရက် မေး၏။ 


"ဟေး... လူငယ်အလှလေး ရှင်တို့နှစ်ယောက်က ဘယ်အချိန်ကစပြီး အတူတူ ဖြစ်သွားတာလဲ?"


လီကျင်လုံမှာ ရေသောက်နေချိန် ဖြစ်သဖြင့် ရုတ်တရက် ရေတစ်လုတ် ထွေးထုတ်မိသွားသည်။ မော့ရစ်ကန်းကလည်း အပြုံးဖြင့် ထိုကိစ္စရပ်ကို ငုံ့ကြည့်​နေသည်။


ဟုန်ကျွင့်: "ငါတို့အတူတူနေတာ ကြာပြီ! စန်းအာ သေရည်ငှဲ့တာ ကူညီ​ပေးဖို့ မင်းဒီမှာ​နေပါ့လား... ငါမင်းကိုပိုက်ဆံပေးမယ်"


စန်းအာက ပြုံးပြုံးရွှင်ရွှင်ဖြင့် ​​ကြမ်း​ပြင်ပေါ်တွင် ဒူးထောက်ထိုင်လိုက်သည်။ သူမက သေရည်အိုးကို ယူကာ စပျစ်ရည်ကို တစ်လှည့်စီ လောင်းထည့်လိုက်သည်။ သေရည်ကို ပယင်းရောင်ဖြင့် ပြုလုပ်ထားသော အကောင်းဆုံး အဖြူ​ရောင် ​ကြွေဖလားထဲသို့ လောင်းချလိုက်ပြီး ဝိုင်၏ အမွှေးအကြိုင်များ ချက်ခြင်း ထွက်ပေါ်လာသည်။ ဆိုရိုးအတိုင်း ဝိုင်ကောင်းကောင်းက ပယင်းအလင်းရောင်နဲ့ ပြည့်နေတဲ့ ကျောက်စိမ်းအိုးလိုပင်။


"လျှော့သောက်..." လီကျင်လုံ ဟုန်ကျွင့်ဘက် လှည့်ပြောလိုက်၏။ 


"ဒီသေရည်က ပြင်းတယ်" 


မော့ရစ်ကန်းက သစ်သီးခြောက်ကို စားရင်း မေးလာသည်။ 


"ဒါက ချဥ်(မနာလို​)တာလား?"


စန်းအာ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒါက ကျွန်မတို့ဆီက အကောင်းဆုံးသေရည်ပဲ..."


မော့ရစ်ကန်း အနံ့ခံပြီး "ဘာလို့များ ငါတို့နေရာက ရှာလကာရည် အနံ့လို ချဉ်စူးစူး အနံ့တွေ ရနေပါလိမ့်?"


လီကျင်လုံ: "..."


စန်းအာက ချက်ချင်း နားလည်သွားပြီး ပြုံးလိုက်၏။ 


"လူငယ်အလှလေးက.. ဒီမှာ ထိုင်ပါ..."


လီကျင်လုံ : "မော့ရစ်ကန်း မင်း..."


စန်းအာသည် ဟုန်ကျွင့်ကို လီကျင်လုံဘက်သို့ တွန်းတင်လိုက်သည်။ ထို့နောက် ထိုင်ခုံကို ရွှေ့ကာ မော့ရစ်ကန်းဘေးတွင် ဝင်ထိုင်ရင်း ပြုံးကာ ပြောလိုက်သည်။ 


"ဒီလိုဆို မှန်သွားပြီမလား?" 


ဟုန်ကျွင့်: "???"


ဟုန်ကျွင့်သည် လီကျင်လုံဘေးတွင် ကပ်ထိုင်လိုက်သည်။ သူက စန်းအာနှင့် စကားပြောရန် အနည်းငယ် လှည့်လိုက်တဲ့အခါ သူ့နောက်ကျော တစ်ခြမ်းက လီကျင်လုံဘက်ကို မှီထားသလို ဖြစ်သွားသည်။ လီကျင်လုံကတော့ ဟုန်ကျွင့်ကို မှီခိုင်းထားပြီး နှုတ်ဆိတ်နေလိုက်သည်။ သိပ်မကြာခင်မှာ သူတို့ဝယ်ထားတဲ့ ချယ်ရီဖက်ထုပ်တွေ ရောက်လာရာ ဟုန်ကျွင့် မျက်လုံးတွေလည်း ကပ်ပါသွားတော့သည်။ 


ချယ်ရီကောက်ညှင်းကို အဓိကအဆာအဖြစ် ကြိတ်ထားတဲ့ ချယ်ရီသီးတွေနဲ့ ပြုလုပ်ထားတာပင်။ ကြက်ဥမုန့်၊ သိုးခြေထောက် အသားကင်၊ လတ်ဆတ်တဲ့ ချိစ်၊ ခြစ်ထားတဲ့ နေကြာစေ့နဲ့ ဟင်းရွက်အူတိုင်တွေလိုမျိုး အဆာတွေနဲ့ လှိမ့်ထားတဲ့ မုန့်တွေလည်း ပါဝင်သေးသည်။ ပြီးလျှင် အဆီမပါဘဲ ချိုမြိန်သော အရသာက လျှာပေါ်ကျန်ခဲ့သလို မွှေးရနံ့ကလည်း အလွန်အားကောင်းလှသည်။ 


"ဘာအရသာရှိတာတွေ စားနေတာလဲ?" ချိုးယုံစစ်က ဘေးတံခါးကနေ လှမ်းကြည့်ရင်း မေးလေသည်။ 


"စစ်သူ​ကြီးဟန်အိမ်က မုန့်တွေလား"


လီကျင်လုံက အေးစက်စက်နဲ့ ပြန်ဖြေသည်။ 


"ငါတို့ စားပွဲမှာ ငါတို့စားဖို့ပဲ ရှိတော့တယ်... စားချင်ရင် ကိုယ်တိုင်သွားဝယ်!"


လီကျင်လုံမှာ လေးပိုင်းသာ ဝယ်ထားသည်။ မထင်မှတ်ပဲ စန်းအာလည်း ရောက်လာတာကြောင့် သူမအတွက်လည်း ဝေစုခွဲပေးလိုက်သည်။ ဟုန်ကျွင့် အမြန်စားပြီးသည်နှင့် ချက်ချင်း လှည့်ကြည့်ရင်း။ 


"နောက်ထပ်ရှိသေးလား? သွားဝယ်ပါဦး..."


လီကျင်လုံမှာ သူကိုယ်တိုင် စားဖို့ ချန်ထားတဲ့ အပိုင်း ပေးလိုက်ပြီး ခန်းမထဲကို လှည့်ကြည့်လိုက်သည်။ တစ်ဖန် ပြန်လှည့်ကြည့်လိုက်တော့ တခြား ချယ်ရီသီးကိတ်တွေက မရှိတော့ပေ။ 


"နောက်ထပ် ရှိသေးလားဟင်?" 


လီကျင်လုံ: "မင်း ကျောက်ကျစ်လုံဆီက သင်ယူသင့်တယ်! ရသမျှကို ပါးစပ်ထဲ အတင်းထိုးထည့်မနေနဲ့"


"စားလို့ ကုန်သွားတာကို"


"မဟုတ်​သေးဘူး... ငါ မင်းကို လုံလောက်အောင် မစားနိုင်ဘူး ဒါကြောင့် မင်း အမြဲတမ်း အစားပုတ်နေလို့ မဖြစ်ဘူး..."


ဟုန်ကျွင့် စွန့်စားပြီး မော့ရစ်ကန်းရဲ့လက်ထဲက အစားအစာ တစ်ဝက်ကို လုစားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိပေမယ့် မော့ရစ်ကန်းကလည်း စားပြီးလုနီးပါး ဖြစ်နေပြီ။ 


လီကျင်လုံ: "ကမ္ဘာပေါ်မှာ အရသာရှိတဲ့ အစားအစာတွေ အများကြီးရှိတယ်... အဲဒါတွေကို ဖြည်းဖြည်းချင်းစားဖို့ မင်းကို ငါ ခေါ်သွား​ပေးမယ်"


ဒုတိယထပ်နှင့် တတိယထပ်တွင် ဖြတ်သွားသော လူများဆီမှ မီးရောင်မှိန်မှိန်လေး ထွက်ပေါ်လာသည်။ ခန်းမအတွင်းရှိ မီးရောင်များ မှိန်သွားကာ စကားစမြည် ရယ်သံများ တဖြည်းဖြည်း ရပ်တန့်သွားသည်။ အမှောင်ထဲတွင် "ဒိန်း" ဟူသော အသံတစ်သံ ထွက်ပေါ်လာပြီး ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထိုခဏ၌ ရေတံခွန်ပေါ်မှ ဖြာကျ စီးဆင်းနေသော ရေစီးသံကဲ့သို့ အသံများ ထွက်ပေါ်လာပြီး အဆက်မပြတ် တီးမှုတ်ခြင်းက စတင်တော့၏။အပေါ်ထဲမှ နှင်းဖြူဖြူများသည် ထောင်ပေါင်းများစွာသော ရေစက်များအဖြစ်သို့ သွန်ချလာလေသည်။


ပြီးသွားသောအခါတွင် စောင်းတီးခတ်သံများ ထွက်ပေါ်လာသည်။ မိန်းကလေးများက ရာပေါင်းများစွာသော ငှက်များသည် ဖီးနစ်များကဲ့သို့ ထိပ်တန်းတေးဂီတသံကို သယ်ဆောင်ကာ ခန်းမကို ဝန်းရံကာ ကောင်းကင်သို့ ပျံသန်းသွားကြသည်။


ခန်းမထဲက လူတွေဟာ ဂီတကို အဆက်မပြတ် ကြားရစေဖို့ ဟောက်သံတွေနဲ့အတူ အားလုံးက အားရပါးရ လက်ခုပ်တီးပြီး အားပေးကြလေသည်။ ဟုန်ကျွင့် ဘာပြောရမယ်ဆိုတာကို မေ့သွားလေရာ ခန်းမထဲကိုပဲ လှည့်ကြည့်ရင်း အရမ်းကောင်းတယ်လို့သာ ချီးကျူးလိုက်သည်။


ဂီတသမား၏ ရင်တွင်းစကားသံ ထွက်ပေါ်လာပြီးနောက် သစ်သားပြင်အောက်တွင် စောင့်ဆိုင်းနေသော မိန်းကလေးများသည် လက်ထဲတွင် ကိုင်ဆောင်ထားသော ခွက်ကလေးများဆီမှ မီးရောင်များ တောက်ပလာခဲ့သည်။ သူတို့သည် ရောင်စုံ သစ်သား ကုလားကာထဲမှ ထွက်ကာ စင်​မြင့်ထက်သို့ အမြန်လျှောက်သွားကြသည်။


ဒုတိယနှင့် တတိယထပ်တွင် အထပ်တစ်ခုစီတွင် အကမယ်များသည် လှပသော ဝတ်စုံလေးများ ဝတ်ဆင်ထားသည်။ သူတို့က လက်ထဲတွင် မီးပုံးပျံများကို ကိုင်ဆောင်ကာ ခါးပတ်ပတ်လည်တွင် ဖဲစဖြင့်ပတ်ထားပြီး မြင့်သောအရပ်မှ ဆင်းသက်လာကြသည်။


"ဝိုး..." 


ဟုန်ကျွင့် ဤမြင်ကွင်းကို သူ့ဘဝတွင် ပထမဆုံးအကြိမ် မြင်ဖူးတာ​ကြောင့် လီကျင်လုံက ရှင်းပြလေသည်။ 


"ဆောင်းဦးအာရုဏ် စီးဆင်းမှုတဲ့ နာမည်ပေးထားတဲ့ အတိုင်း အတိအကျပဲ.."


ရောင်စုံပန်းပွင့်များပါသည့် ရောင်စုံမီးလုံးများက နွေဦးအလင်းရောင်လို မှိတ်တုတ်မှိတ်တုတ် ကခုန်နေသည်။ မိန်းကလေးတစ်ဦးက လူတိုင်း၏ အရှေ့တွင် မတ်တတ်ရပ်ကာ ချိုသာစွာ ပြုံး​ပြနေပါသည်။ ခန်းမထဲမှာ ဒီအကကို မြင်ဖူးသူတွေ ရှိပေမယ့် ဟုန်ကျွင့်ကတော့ ပထမဆုံးမို့ ချီးကျူးမိပါ၏။ 


"အရမ်းလှတာပဲ!"


နွေဦးရာသီတွင် ငှက်ပေါင်းတစ်ရာ တေးဆိုသကဲ့သို့ ကချေသည်များ လက်ထဲတွင် စဉ့်မီးအိမ်များ ကိုင်ဆောင်ထားကြသည်။ ကချေသည်များသည် စင်မြင့်ပေါ်တွင် စတင်စုရုံးကာ ခန်းမနောက်ကွယ်တွင် လှည့်ပတ်နေပြီး အလယ်က မီးပုံးတစ်ခုလို မျက်နှာပြင်ကို ပေါ်လွင်လာစေသည်။ အလယ်တွင်တော့ စောင်းကိုင်ထားတဲ့ မိန်းကလေးက သီချင်းဆိုလေ၏။ မိန်းကလေးက သူမ၏ နှုတ်ခမ်းနီများကို ဖြည်းညှင်းစွာ ဖွင့်ဟလိုက်သည်။ 


"ဝေချောင်မှာ.... မနက်ခင်း မိုးရွာချိန် တည်းခိုခန်းနံဘေးက မိုးမခတွေလည်း စိမ်းနေလေရဲ့..."


ဟုန်ကျွင့် :"!!!"


ဤ "ယန်ကွမ်းစန်းတျယ်" သီချင်းသည် ချန်အန်းတွင် အကျယ်ပြန့်ဆုံးသော သီချင်းတစ်ပုဒ် ဖြစ်သည်။ ယွဲ့ဖူတေးသွားကို အကြိမ်ပေါင်း မရေတွက်နိုင်​​​အောင် နားထောင်ဖူးသော်လည်း ဤတောက်ပသော နွေဦး အလင်းရောင်အောက်တွင် ပတ်ဝန်းကျင်ရှိ မီးရောင်များနှင့် အရိပ်များသည် တဖြည်းဖြည်း လင်းလာသောကြောင့် သီချင်းကို ပို၍အဓိပ္ပာယ် ရှိသွားစေသည်။


စန်းအာက သေရည်ငှဲ့ပေးဖို့ လှမ်းကြည့်လိုက်တော့ ဟုန်ကျွင့်က မူးနေပြီ။ သူက လီကျင်လုံရဲ့ ပုခုံးကို မှီပြီး စောင်းတီးနေတဲ့ ကောင်မလေးကို ငုံ့ကြည့်လျက်ရှိသည်။ သူသည် ပါးစပ်ကနေလည်း ရွတ်နေသေးသည်။ 


“မင်းကို တစ်ခွက်သောက်ဖို့ တိုက်တွန်းတယ်... နောက်ထပ် ဝိုင်တစ်ခွက်..🎵🎵."


လီကျင်လုံသည် လက်တစ်ဖက်ကို စားပွဲပေါ်တင်လိုက်ပြီး လက်တစ်ဖက်ကိုတော့ ဟုန်ကျွင့်ပုခုံးကို ညင်ညင်သာသာ ပုတ်လိုက်ရင်း နှစ်ယောက်အတူ လိုက်ဆိုပြသည်။ 


"...🎵🎵 ယန်ကွမ်းကို အနောက်ဘက်မှာ ထားခဲ့လိုက်ပါ... သူငယ်ချင်းဟောင်းမရှိသော သူငယ်ချင်းများ..."


စင်မြင့် အလယ်မှာထိုင်နေတဲ့ မိန်းကလေးက သူမရှေ့က ထိုင်ခုံလေးများကို ညင်သာစွာ တွန်းထုတ်လိုက်ပြီး ပင်မခန်းမထဲမှ လီကျင်လုံနဲ့ ဟုန်ကျွင့်ထိုင်နေတဲ့ ထိုင်ခုံနားကို ဖြည်းညှင်းစွာ ကပ်လိုက်ပြီးတော့ နောက်တစ်ပုဒ် ထပ်ဖြည့်ပြီး ဆိုလိုက်သည်။ 


“မြက်နဲ့ နွယ်တွေရဲ့ အကိုင်းအခက်တွေကလည်း စိမ်းလန်းနေတယ်…”


"လီပိုင်! အဲဒါ လီပိုင်ရဲ့ သီချင်းပဲ!" 


ဟုန်ကျွင့်သည် သူ့​ကြိုက်တဲ့ ဆရာတစ်​ယောက်ရဲ့ ကဗျာကို ကြားလိုက်တာနဲ့ ချက်ချင်း စိတ်လှုပ်ရှားသွားတယ်။ လီကျင်လုံ မထိန်းနိုင်ဘဲ ရယ်ချလိုက်သည်။ သူက ဟုန်ကျွင့်ပုခုံးပေါ် လက်တင်ပြီး ကောင်မလေးကို ထိုင်ခုံရှေ့မှ တွန်းချလိုက်ကာ ဟုန်ကျွင့်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။ 


"မင်းအတိတ်ကို လွမ်းဆွတ်မိတဲ့အခါ ကိုယ့်နှလုံးသားတွေ ကြေကွဲရလိမ့်မယ် ...”


ဟုန်ကျွင့် ပြုံးပြလိုက်သည်။ သူ့အပြုံးက မျက်စိထဲကနေ တစ်ဆင့် နှလုံးသားထဲအထိ ကြည်နူးသွားစေလေသည်။ လီကျင်လုံက စောင်းတီးနေသော ကောင်မလေး ပြုံးနေတာကို မြင်လိုက်သောအခါ သူ့မျက်နှာက လေးနက်လာပြန်သည်။


 "...နွေဦးလေညင်းက မင်းကိုမမှတ်မိရင် နန်းတော်ထဲကို ဘယ်လိုဝင်ရမှာလဲ" 


လှပသော ကောင်မလေးက ဝမ်းနည်းသောအကြည့်ဖြင့် ခေါင်းငုံ့ကာ သူမ၏ အသံသည် နူးညံ့သိမ်မွေ့စွာ ဆက်လက် သီဆိုရင်း သူမ ထိုင်နေခဲ့တဲ့ စင်မြင့်ပေါ် ပြန်တက်သွားခဲ့သည်။ 


ထိုအချိန်တွင် ခန်းမရှိလူတိုင်းက ရွှင်မြူးကြနေကြသည်။ မိန်းကလေးက တောက်ပစွာ ပြုံးပြနေစဥ် ခေါင်းထက်မှ မီးဟောက်သံကို ကြားလိုက်ရာ ဟုန်ကျွင့် လန့်သွားပြီး ခေါင်းကို အမြန် မော့ကြည့်လိုက်သည်။ လှည့်ပတ်နေသော မီးပုံးကြီးကို ဒုတိယထပ်နှင့် တတိယထပ်တွင် ချိတ်ဆွဲထားသည်။


တစ်နာရီလောက်မှာ လှည့်ပတ်နေတဲ့ မီးပုံးကြီးများက လင်းလာပြီး ခန်းမတစ်ခုလုံး ရုတ်တရက် လင်းထိန်သွားသလို အလင်းရောင်အောက်မှာ မရေမတွက်နိုင်အောင် ပိတ်သားတွေက တစ်ခုနဲ့တစ်ခု ရောင်ပြန်ဟပ်နေ၏။ လှည့်ပတ်နေတဲ့ မီးပုံးကြီးက ဖြည်းညင်းစွာ ရွေ့လျားသွားစဥ် မရေမတွက်နိုင်တဲ့ ငှက်တွေ ဖြတ်သွားသလိုပင် ခံစားရစေ​ပါသည်။ 


ဟုန်ကျွင့် နောက်တစ်ကြိမ် မော့ကြည့်လိုက်တော့ သီဆိုသူကောင်မလေးက စင့်မြင့် အနောက်ကို ဖြည်းညှင်းစွာ လှည့်သွားသည်။ သူမ လက်လှမ်းလိုက်စဥ် လက်ထဲမှာ ပိန်ပိန်ပါးပါး လူလတ်ပိုင်း အမျိုးသားတစ်ဦး ပါလာတာကို တွေ့လိုက်ရ၏။


ကခုန်နေသော မိန်းကလေးများ ဆုတ်ခွာသွားကာ တောက်ပပြီး ကျယ်ဝန်းသော ခန်းမသည် လူလတ်ပိုင်း အမျိုးသားအတွက် ဇာတ်စင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ထိုအမျိုးသားက သူ၏ ဂီတစွမ်းရည်ကို ပြသရန် ရည်ရွယ်ချက် မရှိပုံပေါ်သည်။ 


ဤလူ၏သီဆိုသံသည် အားထိုက်၏ အသံနှင့်အညီနီးပါး ပြတ်သားနေတာကို ခံစားမိသည်။ ဤလူ၏အသံသည် ထူထဲပြီး အနည်းငယ် ပြာနေသော်လည်း စူးရှသော ခံစားမှုသည် ဟုန်ကျွင့်၏ ဦးရေပြားကို တုန်လှုပ်သွားစေသည် ။


"လီကွေးနျန်?!"


လျိုယင်းချွန်းရှောင်က ဧည့်သည်များ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြပါပြီ။ ဂီတသမား၏ အမည်ကို တစ်စုံတစ်ယောက်မှ လှမ်းအော်လိုက်သည်နှင့် အခြားလူများက သူ့ကို တိတ်ဆိတ်စွာနေရန် ပြောကြသည်။ တံခါးဘေးရှိ သစ်သားပိတ်နံရံနောက်တွင် ခွက်များနှင့် ပန်းကန်များ ခေါက်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။


ဟုန်ကျွင့်: "သူဆိုတာ ​အရမ်းကောင်းတယ် သူက ဘယ်သူလဲ?"


"လီကွေးနျန်..." 


ထိုလူသည် မြို့တော်ရှိ နံပါတ်တစ် ဂီတပညာရှင် လီကွေးနျန် ဖြစ်သည်။ သူက လီကျင်လုံကို တွေ့သောအခါ ခေါင်းတညိတ်ညိတ်နှင့် ပြုံးပြပြီး သီချင်းဆက်ဆိုသည်။ 


"မင်း သူ့ကိုသိလား" 


"အင်း" 


လီကျင်လုံသည် သစ်သား အကာအရံကို မှီ၍ ဟုန်ကျွင့်ကိုလည်း ပေါ့ပေါ့တန်တန် ကိုင်ကာ သူ့ကို အနီးကပ်လာခိုင်းပြီး ပြောပြသည်။ 


"ဒီလူက ​စောင်းတီးဖို့ အတွက်တော့ လျိုယင်းချွန်းရှောင်ကို မကြာခဏ မရောက်လာတတ်ဘူး... ဒီနေ့ သူဒီကို ငါ့ကြောင့် သက်သက် လာခဲ့တာ"


ထိုအခါမှ လီကွေးနျန်သည် လီကျင်လုံဆီမှ အထူးဖိတ်ကြားခံရကြောင်း ဟုန်ကျွင့် သိလိုက်ရ၏။ လီကွေးနျန်သည် ကြိုးတွေကို ထပ်တီးခတ်ကာ ဒီတစ်ခါတော့ တစ်ပုဒ်ပြောင်းဆိုပြန်သည်။ 


“နွေဦးမြစ်ရဲ့ ဒီရေဟာ ပင်လယ်ရေမျက်နှာပြင်ကို ရောက်သွားပြီ... ပင်လယ်ထဲက လရောင်ဟာ ဒီရေနဲ့အတူ တက်လာတယ်… လှိုင်းတွေက လှိုင်းတွေနောက်ကို လိုက်နေတယ်.... မိုင်ထောင်ချီဝေးပေမယ့် လမရှိတဲ့နွေမြစ်က ဘယ်မှာလဲ”


အမြင့်ကြီးမှာ လှည့်ပတ်နေသော မီးပုံးသည် မှိန်ဖျော့သွားကာ မိန်းကလေးများသည် လီကွေးနျန် နောက်တွင် တန်းစီပြီး ရပ်လိုက်သည်။ လီကွေးနျန်၏ နက်နဲသောအသံနှင့် ညီညီညာညာ ယှဉ်တွဲကာ ဒီရေကဲ့သို့ ဖြည်းညှင်းစွာ ကခုန်နေသည်။ တောက်ပသော မီးပုံးများကလည်း ကောင်းကင်က နွေဦးလကဲ့သို့ လှပသည်။


ဟုန်ကျွင့်: "လမင်းစောင်းနေပြီ.... ပင်လယ်မြူများ ဖုံးကွယ်ပြီ.... ကျဲရှစ်နဲ့ ရှောင်ရှန့်ကို သွားရာလမ်းများ အဆုံးမရှိပေ" 


ထိုအချိန်တွင် လီကွေးနျန်၏ အသံသည် တဖြည်းဖြည်း တိုးသွားသည်။ 


"ဘယ်လိုလုပ်ရမှန်းမသိ... လက ကြွေကျလာတဲ့အခါ လက အချစ်ကို လှုပ်ခါပြီး မြစ်ပြင်ကလည်း သစ်ပင်အရိပ်တွေနဲ့ ပြည့်စေတယ်ပြီ..." 


စောင်းသံက တဖြည်းဖြည်း မှိန်ဖျော့သွားပြီး ဟုန်ကျွင့်ရဲ့ နှလုံးသားကလည်း တဖြေးဖြေးနဲ့ ဒီရေစီးဆင်းမှုနဲ့အတူ နဂိုအနေအထားကို ပြန်ရောက်သွားသည်။ ခန်းမသည်လည်း တဖြည်းဖြည်း မှောင်ကျလာ၏။


"ဒီည သူနဲ့ ကစားလို့ရမလား"


"လီကွေးနျန်က သူ့ကိုယ်သူ မရောင်းဘူး"


လီကျင်လုံ အနည်းငယ် မူးနေပြီး မရယ်နိုင်တော့ပေ။ 


"ကျွန်တော် သူ့ဆီကနေ ပညာ သင်ယူချင်တာပါ" ဟုန်ကျွင့် စိတ်လှုပ်ရှားစွာဖြင့်။ 


"သူ သီချင်းဆိုတာ အရမ်းကောင်းတယ်!"


"မင်းငါ့ကို မေ့သွားပြီလား" 


ထိုစဥ် အားထိုက်က ဘေးကနေ ဒေါသတကြီးနဲ့ ပြောလာပါ၏။ ဟုန်ကျွင့်ကလည်း ပြုံးပြီးပြောသည်။ 


"တစ်နေ့မှာ မင်းနှစ်ယောက် စင်ပေါ်မှာ အတူတူရှိနေလိမ့်မယ်လို့ ငါတကယ် မျှော်လင့်တယ်... သေချာပေါက် နားထောင်လို့ကောင်းမှာပဲ"


အားထိုက်: “ငါက သူနဲ့ ယှဉ်လို့ မရသေးပါဘူး" 


ချိုးယုံစစ်: "ခေါင်းဆောင် လီကွေးနျန်ကို သိလား?" 


လီကျင်လုံ: "သူသိပ်မကျော်ကြားတဲ့ ဂီတဆရာသမား.. အစောပိုင်း နှစ်တွေမှာ သူ့ကိုယ်သူ ထောက်ပံ့ဖို့ ပိုက်ဆံတွေ မကြာခဏ သုံးခဲ့ရတယ် အခု သူက ဘုရင်မင်းမြတ်ရဲ့ တော်ဝင်ဂီတသမား ဖြစ်နေပြီဆိုတော့ တခြားသူတွေ သူ့သီချင်းကို နားထောင်ဖို့ မတတ်နိုင်တော့ဘူး"


ခန်းမထဲတွင် ရုတ်တရက် မီးတောက်လာသည်။ ဤတစ်ကြိမ်တွင် တေးဂီတအားလုံး တညီတညွတ်တည်း တီးမှုတ်နေကြပြီး ခန်းမအတွင်းရှိ အမျိုးသမီးများသည် ရောင်စုံအ၀တ်အစားများ၊ အမွေးအမှင်များဖြင့် ကပြခဲ့ကြသော်လည်း လီကွေးနျန် ရှေ့မှာ ပေါ်လာသည်နှင့် တပြိုင်နက် ယနေ့ညတွင် ကျန်သီချင်းများနှင့် အကများသာ ဖြစ်ခဲ့သည်။ ဟုန်ကျွင့်၏ စိတ်ထဲတွင် အကများက လီကွေးနျန်ရဲ့ "ဆောင်ဦး ညဥ့်နက်ပန်း" လောက်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ မကောင်းနိုင်သေးပေ။


ဒုတိယနာရီတွင် ဂီတသံက အဆုံးသတ်သွားပြီး လူတိုင်းလူစုခွဲသွားသည်။ ဧည့်သည်များသည် အရက်အလွန်အကျွံ သောက်ပစ်ရန် မိန်းကလေးများကို ပွေ့ဖက်ကာ ဒုတိယထပ်နှင့် တတိယထပ်သို့ သွားကြသည်။ ဟုန်ကျွင့်ဟာလည်း တစ်ညလုံး သေရည်ကို ရေအဖြစ်သာ သောက်ပြီး မူးလာသဖြင့် စားပွဲပေါ် မှောက်သွားချေပြီ။ လီကျင်လုံ သူ့ကို လှုပ်ယမ်းပြီး မေးကြည့်လိုက်သည်။ 


"ဟေး မင်းပြန်နိုင်သေးလား?" 


ကျန်တဲ့လူတွေက ပေါ့ပေါ့ပါးပါးပဲ ဆောင်းဦးလကို ကြည့်ဖို့ ထွက်လာခဲ့သည်။ လီကျင်လုံ ဟုန်ကျွင့်ကို ပြန်ခေါ်သွားချင်နေခဲ့၏။ အရမ်းအေးတဲ့ ညဖြစ်တာကြောင့် နွေးထွေးတဲ့ နေရာမှာ အနားယူဖို့ လိုသည်။ ဟုန်ကျွင့်တစ်ကိုယ်လုံး အရက်နံ့တွေ မွှန်ထူနေကာ လီကျင်လုံကို ရီဝေဝေဖြင့် မော့ကြည့်လာသည်။ 


"ခေါင်းဆောင်..."


"ရေသောက်မလို့လား" 


"ခင်ဗျား...ကျွန်တော့်နှလုံးမီးအိမ်ကို ပြန်ပေး.... ကျွန်တော် အိမ်ပြန်ချင်တယ်"


လီကျင်လုံ: "..."


ပြောပြီးတဲ့အခါ ဟုန်ကျွင့် လှည့်ပြီး အိပ်ပျော်သွားသည်။ လီကျင်လုံလည်း ကူကယ်ရာမဲ့ ​ဖြစ်သွားကာ အဝတ်အစားကို ချွတ်ကာ ဟုန်ကျွင့်ဘေးတွင် လှဲအိပ်လိုက်ပြီး သူတို့နှစ်ယောက်သား ဘေးချင်းကပ်လျက် အိပ်နေလိုက်သည်။


မိုးလင်းခါနီး အချိန်တွင် မော့ရစ်ကန်း ဘယ်ကိုရောက်သွားတယ် မသိပေ။ လီကျင်လုံ ဟုန်ကျွင့်ကို လက်ဖြင့် ပုတ်နှိုးလိုက်သည်။ အမူးလွန်သွားတာကြောင့် ခေါင်းက သိပ်မကြည်သေးပေ။ သူတို့နှစ်ယောက်က ကျင်းချွီ တံတားကိုဖြတ်ပြီး လျှောက်လာတဲ့အခါ ဟုန်ကျွင့် အသံမထွက်တာကို မြင်တော့ လီကျင်လုံ နည်းနည်းတော့ အရှိန်လျှော့ပြီး လှည့်မေးလိုက်သည်။ 


"အောက်ဆင်းပြီး လမ်းလျှောက်မလား?" 


ဆောင်းဦးနံနက်ခင်းတွင် မြူများထူထပ်နေပြီး ဟုန်ကျွင့်ခမျာ အေးစက်သော လေများ တိုက်ခတ်သောအခါ အနည်းငယ် ကြက်သီးထသွားသည်။ သူ အန်ချင်သောကြောင့် တံတားအောက်တွင် အန်ခဲ့သည်။ သူ ပြန်လှည့်လာသောအခါတွင် လီကျင်လုံက ရေထည့်ထားသော ဝါးပြွန်ကို ကိုင်လာ၏။ ဟုန်ကျွင့် ပါးစပ်ကို ဆေးကြောပြီးနောက် မေပယ်ပင်၏ အောက်ခြေသို့ တဖြည်းဖြည်း ရောက်လာခဲ့သည်။ 


မနေ့ညက ငှက်ကလေးတွေ ပျံဝဲပြီး သီချင်းဆိုနေတဲ့ မြင်ကွင်းက ဟုန်ကျွင့်အား ယောင်ကျင်းနန်းတော်ထဲက ရွှေရောင်တိမ်တိုက်တွေကို တွေးပြီး ဝမ်းနည်းကြေကွဲလာစေသည်။


"ငါမင်းရဲ့နှလုံးမီးအိမ်ကို ဖျက်စီးခဲ့တာက မင်းအိမ်ပြန်မရအောင် တားခဲ့သလို ​ဖြစ်သွားတာလား?"


လီကျင်လုံ အနည်းငယ် မျက်မှောင်ကြုတ်ကာ ဟုန်ကျွင့်ကို ကြည့်လိုက်သည်။ လီကျင်လုံ သူ့ကို သစ်ပင်အောက်မှာ ခဏထိုင်ခိုင်းထားသည်။ ဈေးထဲက ထမင်းဆိုင်ဖွင့်ပြီး မနက်စာစားဖို့ ပြင်ဆင်ရင်း ပြန်သွားကြစဥ် ဟုန်ကျွင့်က အရက်မူးနေတုန်းပင်။ သူက လီကျင်လုံကို မူးမူးနဲ့ ပြောသည်။ 


"မင်းကို ငါ့အိမ်ပြန်ခေါ်သွားမယ်... တောင်အနောက်မှာ... ငှက်တွေ အများကြီးရှိတယ်..."


လီကျင်လုံက ရယ်ပြီး "ဘယ်တော့လဲ?"


"အင်း... မနက်ဖြန် စောစောထွက်မယ်..."


ဟုန်ကျွင့်သည် လီကျင်လုံပေါ် တစ်ကိုယ်လုံးမှီကာ အိပ်နေပြီး လီကျင်လုံလည်း သူ့ကို မတွန်းလှန်ချင်ပေ။ မေပယ်ပန်းများသည် ကျင်းချွီ တံတားအောက်တွင် ပျံဝဲနေပြီး ဟုန်ကျွင့်က သူ့ဦးခေါင်းကို လီကျင်လုံ ရင်ဘတ်ပေါ်တွင် တင်ထားကာ အလွန်သက်တောင့်သက်သာ ရှိနေသည်။ ငယ်စဉ်ကပင် သစ်ကိုင်းပေါ်၌ လှဲလျောင်းရင်း သစ်ပင်ပေါ်၌ ချိတ်ကာ အိပ်စက်တတ်သူက အခုတော့ လွတ်လပ်မှု အပြည့်နှင့် အိပ်နေလေသည်။ 


လီကျင်လုံမှာ မှီထားရင်း ခေါင်းက နာလာသည်။ 


"ဟေး... ပြန်အိပ်တော့မယ်...ထတော့" 


ဟုန်ကျွင့် ဘာမှပြန်မဖြေတော့ဘဲ လီကျင်လုံအား ခေါင်းအုံးထားသည်။ သူက ငုံ့ထားရင်း အသက်ရှုသံတွေ တဖြေးဖြေး ပိုလေးလာပြီး သစ်ပင်အောက်မှာပဲ အိပ်ပျော်သွားသည်။ ရထားလုံးများနှင့် မြင်းများသည် ကျင်းချွီ တံတားပေါ်မှ ဖြတ်သန်းသွားလာနေသည်။ မြူခိုးများကြားတွင် သခင်မကော်ကော်သည် ရထားလုံး ကန့်လန့်ကာကို ဖွင့်ကာ တံတားအောက်က မြင်ကွင်းကို အဝေးမှ လှမ်းကြည့်လိုက်သည်။


ကောင်းကင်တစ်ခွင်ရှိ မေပယ်ရွက်များ အောက်တွင် လီကျင်လုံက သစ်ပင်ကိုမှီကာ လဲလျောင်းနေပြီး ခွေး​ပေါက်​​​လေးကဲ့သို့ အရက်မူးနေသော ဟုန်ကျွင့်က သူ့ခန္ဓာကိုယ်ပေါ်တွင် တစ်ကိုယ်လုံး ပစ်တင်ကာ လဲလျောင်းနေပါသည်။


"သခင်မ..." ရင်ခွင်ထဲကလူက တိုးတိုးလေး ပြော၏။ 


“သူက ဘယ်သူလဲ” သခင်မကော်ကော်က အသံနက်ကြီးဖြင့် ပြောသည်။


အဲဒီလူက ခေါင်းယမ်းပြီး "ရွှမ်ယင် အထူးတလည် စစ်ဆေးခဲ့ပေမယ့် သူ့ရဲ့ဇာစ်မြစ်ကို မသိခဲ့ရပါဘူး" 


သခင်မကော်ကော်က ကျင်းချွီ တံတားအောက်မှ သူမ၏အကြည့်ကို ဆုတ်ခွာလိုက်ပြီး ထိုအမျိုးသားကို လှည့်ကြည့်လိုက်သည်။ သူ့အကျီကို ချွတ်ကာ အလွန်ရုပ်ဆိုးပြီး ကြမ်းတမ်းသော မျက်နှာ၊ ရှုံ့တွနေသော အသားနှင့် ပြင်းထန်သော မျက်ခုံးများက ပေါ်လွင်လာသည်။ ထိုလူရဲ့ ပါးစပ်ထောင့်မှာ အစွယ်လေးခု ပေါ်လာပြီး လည်ပင်းအောက်မှာလည်း မီးအမှတ်အသား တစ်ခု ရှိလေ၏။ ၎င်းမှာ လုံရှန်းရဲ့ သားကိုးယောက်ထဲက 'ယာကျစ်' ဟူသော လူငယ်ပဲ ဖြစ်သည်။ 


သခင်မကော်ကော်က ဆိုလိုက်သည်။ 


"သွား... ပါ့ရှာ့နဲ့ စွင်းနီတို့ကို အကြောင်းကြားလိုက်..အချိန်တန်ရင် ငါတို့ သီးခြားစီ လှုပ်ရှားကြမယ်... လီကျင်လုံကိုတော့ နောက်မှာ ထားခဲ့ဦး.... ပြီးမှ သူ့အရေခွံကို ခွာပြီး ချန်အန်းတံခါးမှာ ချိတ်ဆွဲထားလိုက်မယ်" 


ယာကျစ်: "ဒီညတော့ ကျွန်​တော်တို့ လှုပ်ရှားလို့ရတယ်... ဘယ်လောက်ပဲ အားကောင်းနေပါစေ နတ်ဆိုးနှင်ဌာနမှာ လူငါးယောက်ပဲ ရှိတယ်... သူတို့က ကျွန်​တော်တို့နဲ့ ရွှမ်ယင်ရဲ့ ပြိုင်ဘက်တွေ မဟုတ်ဘူး"


"ငါတို့ တည်ငြိမ်မှုကို ရှာရမှာပေါ့... ထန်မင်းဆက်က စွမ်းအင်တွေ အပြည့်ရှိနေတုန်းပဲ... မိုးခြိမ်းသံနဲ့ ဘေးဥပဒ်တွေ မဖြစ်စေဖို့ နောက်ဆုံး အခိုက်အတန့်အထိ စစ်မတိုက်သေးနဲ့ဦး"


ယာကျစ်လည်း လေးညွှတ်ပြီး ရထားပေါ်မှ ဆင်းရန် မှတပါး ရွေးချယ်စရာ မရှိတော့ပေ။ ရထားလုံးသည် ကျင်းချွီ တံတားမှ ထွက်ခွာပြီး နန်းတော်ဆီသို့ ပြေးထွက်သွားခဲ့သည်။