Chapter (26)
ကရုဏာ
လီလုန်ကျီး: "လီကျင်လုံ... မင်းနဲ့ မင်းရဲ့လက်အောက် ငယ်သားတွေက နန်းတော်ထဲမှာ ခေတ္တနေကြ... ကျန်တဲ့သူတွေ နောက်ဆုတ်ကြတော့... အရမ်းလည်း နောက်ကျသွားပြီ... ကော်ကျုံး မနက်ဖြန် မင်းနဲ့ ချန်ချင်က စာမေးပွဲခန်းကို အတူတူ သွားကြ!"
လူတိုင်း ဦးညွှတ်ပြီး တဖြည်းဖြည်း နောက်ပြန် ဆုတ်သွားကြသည်။ လီကျင်လုံသည် ယနေ့ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်သည် အရှင်မင်းကြီးအတွက် အံ့အားသင့်စရာ ကောင်းလွန်းနေမှန်း သိပါသည်။ အရှင်မင်းမြတ် အနေဖြင့် ခဏအတွင်း ရှင်းရှင်းလင်းလင်း မတွေးနိုင်တော့ပြီမို့ အချိန်တစ်ခု ပေးခဲ့ရသည်။ ထို့နောက် သူသည် သူ့ဓားကိုထုတ်ပြီး မီးလောင်နေသော မြေခွေးမိစ္ဆာ၏ ခန္ဓာကိုယ်များကို ထိုးကြည့်လိုက်သည်။
ချိုးယုံစစ်? "ခေါင်းဆောင်... မင်း မင်းရဲ့ဓားကို ကောင်းကောင်းဆက်ဆံတာ ပိုကောင်းမယ်နော်... အဲဒါက မီးတုတ်နဲ့ မတူဘူးလေ"
လီကျင်လုံ ချိုးယုံစစ်ကို စိုက်ကြည့်လိုက်ပေမယ့် မော့ရစ်ကန်းက ရယ်လေသည်။
"တမင်နန်းတော်ကို ငါတို့ လျော်ကြေးပေးဖို့ မလိုအပ်တော့ဘူးမလား"
အားထိုက်က ပြုံးပြီး "ကောင်းလိုက်တာ!"
ဟုန်ကျွင့်ကလည်း သက်ပြင်းချလိုက်လေသည်။ ထိုသက်ပြင်းချသံကြောင့် လီကျင်လုံက ခေါင်းလှည့်ကြည့်လာသည်။
"ဘာလဲ? မင်းရဲ့ဆန္ဒကို ငါလိုက်နာပေးပြီးပြီလေ... မင်းကဘာလို့ စိတ်ဓာတ်ကျနေသေးတာလဲ?"
ဟုန်ကျွင့်သည် ထိုနေ့ညက လီကျင်လုံ ပြောခဲ့သည့်စကားကို တွေးနေမိခြင်းပဲ ဖြစ်သည်။ မြေခွေးလေး ပြောသည့် စကားက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ယခင်က မည်သူ့ကိုမျှ သတ်ခဲ့ဖူးသည်ဖြစ်စေ သူက တိတိကျကျ မသိခဲ့ပေ။ ဘာပဲဖြစ်ဖြစ် လီကျင်လုံ မှန်ကန်ကြောင်း ချက်ချင်း သိလိုက်ရတာကြောင့် စိတ်ဓာတ်မကျဘဲ မနေနိုင်ပေ။
"ကျေးဇူးတင်ပါတယ်... ကျွန်တော်က အမြဲတမ်း လှည့်စားခံနေရတယ်လို့ ခံစားရတယ်... တုဟန်ချင်းက ပြောတယ်...သူ..."
"ဘဝမှာ စိတ်ရှုပ်စရာတွေက ရှိတတ်တာပဲ" လီကျင်လုံက သူ့လက်ကို ဦးစွာ ဝှေ့ယမ်းလိုက်သည်။
"အရာရာတိုင်းကို သိပ်အလေးအနက် မထားပါနဲ့ အဲဒါကို မေ့ပစ်လိုက်တော့... ဝတ်မှုန်ကို ဖယ်ထုတ်ပြီး နောက်တစ်နေ့ကျရင် လွှတ်ပေးလိုက်မယ်"
"အရမ်းစိတ်ထဲမထားပါနဲ့" မော့ရစ်ကန်းကလည်း ပြုံး၍ နှစ်သိမ့်ပေးပါသည်။
ဟုန်ကျွင့်: "ကောင်းပါပြီ"
ထိုအချိန်တွင် ဘုရင်မင်းမြတ်က မနက်စာ တည်ခင်းနေသောကြောင့် လီကျင်လုံအား နန်းတွင်း၌ စောင့်ဆိုင်းရန် မိန်းမစိုးတစ်ယောက်က လာပြောလေသည်။ သန့်ရှင်းရေး အလုပ်သမားများလည်း ရောက်လာပြီ။ လီကျင်လုံတို့ အားလုံးကရှင့်ချင်နန်းတော်၏ တော်ဝင်ဥယျာဉ် အတွင်းသို့ မိန်းမစိုးနောက်မှ လိုက်သွား၍ ဘေးဘက်ခန်းမတွင် ထမင်းစားရင်း စောင့်ဆိုင်းနေကြသည်။
လီလုံကျီးသည် ထူးထူးခြားခြား "လူများဆီနှင့် လူဆီမွှေး" (မင်ကျစ်မင်မုန့်) ကို အထူးပြင်ဆင်ထားသည့်အတွက် ဟုန်ကျွင့်တစ်ယောက် အလွန်ပျော်ရွှင်သွားသည်။ လီကျင်လုံလည်း ထိုမုန့်ကိုမြင်တော့ သူ့စိတ်ထဲမှာ တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။
ချိုးယုံစစ်: "အခုဒါက ဆုလာဘ်လား?"
"ဟုတ်တယ်"
ဒီလိုသတိပေးလာတဲ့အခါ လီကျင်လုံက ချက်ချင်းပြုံးရယ်ပြီး "မင်းရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ် ညီအစ်ကိုတို့"
လက်ဖက်ရည် သောက်ပြီးနောက် လီလုန်ကျီးက သူတို့ကို ထပ်ဆင့်ခေါ်လာသည်။ အားလုံးက လက်ဆေးပြီး မျက်နှာကို သန့်ရှင်းလိုက်သည်။ ထို့နောက် ကျင်းဟွားနန်းဆောင် လို့ ခေါ်တဲ့ ခမ်းနားတဲ့ ခန်းမတစ်ခုဆီ ရောက်လာခဲ့၏။
မိန်းမစိုး: "အရှင်မင်းကြီးက ထိုက်ကဲလားကို ခေါ်ခိုင်းလိုက်ပါတယ်"
လီလုန်ကျီးက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ သူက အားထိုက်ကို ဦးစွာ ဆင့်ခေါ်ပြီး အားထိုက်ကလည်း ခေါင်းညိတ်ကာ အားရပါးရ ပြုံးကာ ဖိနပ်ကို ချွတ်၍ ခန်းမထဲသို့ ဝင်သွားခဲ့သည်။ ကိုယ်လုပ်တော်ယန်က ကျန်တဲ့လူတွေကို ပန်းတွေ ရှုစားရင်း လက်ဖက်ရည်သောက်ဖို့ ကျင်းဟွာနန်းဆောင် အပြင်မှာ စောင့်နေဖို့ တောင်းဆိုလိုက်ပြန်သည်။
ဆောင်းဦးညသည် စောစောစီးစီး မှောင်လာတတ်ရာ ဘယ်ပန်းတွေကို သွားပြီး ရှုစားရပါ့မလဲ။ လီကျင်လုံသည် ဘာမှလုပ်စရာ မရှိသောကြောင့် ခန်းမအပြင်ဘက်ကို ရိုးရိုးရှင်းရှင်း ငုံ့ကြည့်လိုက်သည်။ ဒီရက်ပိုင်းထဲ သူ့ခန္ဓာကိုယ်တစ်ဝက်သည် မောပန်းနွမ်းနယ်နေပြီးမလို့ အနည်းငယ် အနားယူချင်မိသည်။ သူ တဖြည်းဖြည်း အိပ်ပျော်သွားချိန်မှာတော့ ခေါင်းက ဟုန်ကျွင့်ဘက်သို့ စောင်းသွားပြီး နောက်ဆုံး ထိုလူငယ်ရဲ့ ရင်ခွင်ထဲ ရောက်သွားခဲ့သည်။
ဟုန်ကျွင့်လည်း သူ့ကို လက်နှစ်ဖက်ဖြင့် ထိန်းကိုင်ထားပေးကာ မော့ရစ်ကန်းနဲ့ ချိုးယုံစစ်တို့ကို တိတ်တဆိတ် စကားပြောနေရသည်။ တစ်နာရီကြာပြီးနောက် အားထိုက် ထွက်လာပြီး လီလုန်ကျီးက ချိုးယုံစစ်နဲ့ မော့ရစ်ကန်းကို ထပ်ခေါ်ခဲ့သည်။ လီကျင်လုံ နိုးလာသောအခါ သူ့မျက်နှာပေါ် ချွေးတွေကို သုတ်လိုက်ပြီး ရှုပ်ပွနေတဲ့ပုံနဲ့ ဟုန်ကျွင့်ဘက် လှည့်မေးလိုက်သည်။
"ငါတို့ကို ခေါ်သေးလား?"
"မခေါ်ဘူး"
ဟုန်ကျွင့်လည်း သူတို့နှစ်ယောက်ကို အမြဲတမ်း တစ်ယောက်ပြီး တစ်ယောက် ဆင့်ခေါ်တာကို ထူးဆန်းသလို ခံစားခဲ့ရပေမယ့် ဒီတစ်ကြိမ်မှာတော့ မော့ရစ်ကန်းတို့လည်း စကားအနည်းငယ် ပြောပြီး ထွက်လာခဲ့သည်။
"ငါတို့ အရင်ပြန်ကြရအောင်.... ဒါက ငါတို့ကိစ္စ မဟုတ်တော့ဘူး" မော့ရစ်ကန်းက ပြောသည်။
လီကျင်လုံ: "သွားပါ... ကျောက်ကျစ်လုံက နတ်ဆိုးနှင်ဌာနမှာ စောင့်နေတုန်းပဲ"
မော့ရစ်ကန်းတို့ ကျန်သုံးယောက်က ချက်ချင်းပဲ လှည့်ထွက်လာခဲ့၏။ လီကျင်လုံ မှိန်းခနဲ အိပ်ပျော်သွားလို့ သူ့မျက်နှာကို ပွတ်သပ်နေပုံမှာ ထိန်းပင်မထိန်းနိုင်တော့ချေ။ ခဏကြာတော့ အထဲက ခေါ်သံကို ကြားရရာ ဟုန်ကျွင့်နဲ့ နှစ်ယောက်သား အတူဝင်သွားကြသည်။
ရွှေကြာပန်းများကြားတွင် ကြည်လင်သော ရေကန်တစ်ခုရှိသည်။ ရေကန်ဘေးတွင် ခင်းထားသော ကုလားကာ မျက်နှာပြင်သည် မီးရောင် မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလတ်နေ၏။ ရေကန်ထဲတွင် ရာစုနှစ်တစ်ခုနီးပါး သက်တမ်းရှိ ဂျင်းပင်တစ်ပင်သည် ရွှေရောင်အရွက်များကို ဖြည်းညှင်းစွာ ကြွေကျပေးလျက် ရှိကာ ခမ်းနားလှသော ရွှေပန်းပွင့်များ ကဲ့သို့ပင်။
လီကျင်လုံ သူ့မျက်နှာကို သပ်ရပ်သွားအောင် သုတ်လိုက်သည်။ လီလုန်ကျီးက ပုလ္လင်ပေါ်တွင် ထိုင်လျက်ရှိကာ ယန်ယွိဟွမ်က လက်ဖက်ရည်များ ရောစပ်နေသည်။ ဧကရာဇ်ကျွန်က ထိုင်ခုံတွေကို ပြင်ဆင်ပေးလာရာ လီကျင်လုံနဲ့ ဟုန်ကျွင့်လည်း ထိုင်ရင်း လက်ဖက်ရည် တစ်ခွက်စီ သောက်လိုက်သည်။
"လီကျင်လုံ... မင်း ဒီတစ်ကြိမ်မှာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ရခဲ့တယ်... မင်းဘာဆုလိုချင်လဲ ငါ့ကို ပြောပါ"
လီကျင်လုံ: "ဒါက တိုင်းပြည်အတွက် လုပ်ဆောင်ရမယ့် တာဝန်ဖြစ်ပြီး ဆုလာဘ်တွေကို လက်မခံဝံ့ပါဘူး... ဘုရင်မင်းမြတ်က တမင်နန်းတော် ပျက်စီးခဲ့တဲ့ အပြစ်ကနေ ကင်းလွတ်ခွင့် ပေးခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်"
ဤစကားများသည် နှိမ့်ချသော်လည်း လီကျင်လုံ၏ ပါးစပ်ဖျားမှ ထွက်လာသောအခါတွင် နှိမ့်ချမှု နှင့် မောက်မာမှု ခံစားချက်မျိုး မရှိကြောင်း ခံစားရစေသည်။ ထိုအခါ ယန်ယွိဟွမ်ကလည်း အနည်းငယ်ပြုံးကာ ဝင်ဆိုလိုက်လေ၏။
"ကြည့်! ကျွန်မထင်တာ မှန်နေပါတယ်ဆို"
လီလုန်ကျီးလည်း ရယ်မောလိုက်သည်။ ထိုအခိုက် လေးနက်သော လေထုက အလွန်အေးချမ်းသွားသည်။
လီကျင်လုံ: “ဒါပေမယ့် မကောင်းဆိုးဝါးတွေကို ချေမှုန်းရေး တာဝန်ပြီးသွားတော့ ရက်အနည်းငယ် အတွင်းမှာ မိစ္ဆာတွေ ပိုက်ကွန်ထဲ ခုန်မဝင်အောင် တားဆီးဖို့ သူတို့ကို ဖျင်ကန်းလီမှာ သွားစုံစမ်းရမယ်”
"ဟုတ်ပြီ မင်း တရားဝင်တာဝန်တွေ ထမ်းဆောင်တဲ့အခါ မင်းလုပ်သင့်သလောက် လုပ်သွားသင့်တယ်"
"ကျွန်တော်မျိုး စိုးရိမ်တာက ချန်အန်းက ပြည်သူတွေ......"
"မင်းကိုမင်း စိုးရိမ်နေတာလား"
လီလုန်ကျီးက ဟာသရောလျက် ဆိုလိုက်လေရာ အားလုံးကလည်း ရယ်မောလိုက်ကြသည်။ ထိုအချိန်တွင် ဟုန်ကျွင့်က လည်ပင်းကိုကုတ်ပြီး ရုတ်တရက် ဝင်ပြောလာသည်။
"အရှင်မင်းကြီး... ဝတ်မှုန်နံ့သာပေါင်း ၆,၄၀၀ ကိုရောင်းတဲ့ဆိုင်မှာ အကြွေးတင်နေတုန်းပဲ၊ ပေးချေပေးပါလား"
လီကျင်လုံ: "..."
ယန်ယွိဟွမ်: "အဲဒါကဘာလဲ... ဘာလို့ ပိုက်ဆံ အရမ်းများနေတာလဲ"
ဟုန်ကျွင့် ရှင်းပြလိုက်တော့ ယန်ယွိဟွမ် အရမ်းအံ့သြသွားတော့သည်။
"ဒီကမ္ဘာမှာ ဒီလိုပစ္စည်းမျိုးလည်း ရှိသေးတာလား?"
လီလုန်ကျီး: "အာဃာတတွေနဲ့ မုန်းတီးမှုတွေအားလုံးကို မေ့ထားနိုင်ပါတယ်... ဒီမှော်ဆေးတစ်မျိုးက ကမ္ဘာပေါ်မှာ ရှားပါးနေလိမ့်မယ်... လူတွေရဲ့ နာကျင်မှုကိုလည်း သက်သာစေနိုင်တယ် ဆိုတော့ တကယ်ကို အံ့သြစရာကောင်းပါတယ်"
ယန်ယွိဟွမ်ကလည်း ပြုံးပြီးပြောလေ၏။
"ဒါပေမယ့် ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုတွေက မင်းအတွက်ပဲ ဖြစ်နေတုန်းပဲ... ဒါက မင်းဘဝအတွက် စိတ်ဝင်စားဖို့ ကောင်းတဲ့အရာပဲ မဟုတ်ဘူးလား... အဲဒီဝတ်မှုန်ကို မင်းငါ့ကို အနံ့ခံခွင့်ပေးရင်တော့ ငါကတော့ အနံ့ခံမှာမဟုတ်ဘူး...."
လီလုန်ကျီးက ဝမ်းသာအားရနဲ့ "မှန်တယ်.... မင်းကိုငါ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပေးဖို့ တောင်းဆိုရင် မပေးပါနဲ့... ရှူလိုက်ရင်တောင် မေ့လို့မရတဲ့အရာတွေ ရှိနေမှာကို ကြောက်ရတယ်"
ယန်ယွိဟွမ်က ဒေါသတကြီးနဲ့ ပြန်ပြောလေသည်။
"ဘယ်သူကသိမှာလဲ"
ဟုန်ကျွင့်ရော လီကျင်လုံရော အရှင်မင်းကြီးနဲ့ ကိုယ်လုပ်တော်တို့ကြားက အသေးအမွှားကိစ္စနဲ့ ပတ်သက်ပြီး နားမလည်တဲ့အတွက် ဟုန်ကျွင့် သူ့အတွေးကိုပဲ ပြောလိုက်သည်။
"ဒါဆို ကျွန်တော် နောက်တစ်ခါ ဝယ်ပြီးရင် အရှင့်အတွက် တစ်ခုပေးမယ်လေ"
"ယန်ကော်ကျုံးကိုပဲ ပေးလိုက်ပါတော့... ငါ့ချစ်ဇနီးမယားက ဒီလိုပြောတယ် ဆိုမှတော့ ငါ နှမြောလိုက်ပါမယ်"
ဟုန်ကျွင့် ခေါင်းညိတ်ပြပြီး တစ်ခုခုစားဖို့ တောင်းချင်နေပေမယ့် လီကျင်လုံက သူ့ကို တံတောင်ဆစ်နဲ့ ထိုးလိုက်တာကြောင့် ဘာမှ မတောင်းရဲတော့ဘဲ ငြိမ်သွားခဲ့လေသည်။
ယန်ယွိဟွမ်: "ငယ်ငယ်ကတည်းက ကံကြမ္မာကို သေချာအောင် ကောင်းကင်က လုပ်ပေးခဲ့တာပဲ... မင်းတို့တွေက ဒီထူးဆန်းတဲ့ စွမ်းအားတွေနဲ့ မွေးဖွားလာကြတာ... နတ်ဘုရားတွေနဲ့ ရှုပ်ထွေးနေတဲ့ အရာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ တော်ကြတော့ တခြား အသစ်အဆန်းတွေ ရှိနေလားလို့တောင် တွေးမိတယ်"
လီကျင်လုံသည် ခြိုးခြံချွေတာခြင်းနှင့်ပတ်သက်၍ အသိပညာအချို့ ရှိသော်လည်း သူက သာမန်လူ ဖြစ်နေဆဲပင်။ ငယ်စဉ်ကတည်းက အတွေ့အကြုံ များစွာဖြင့် ဆက်ဆံခဲ့သော်လည်း အခြားသော နတ်ဆိုးနှင်သူများကဲ့သို့ မတော်သေးကြောင်း သူ့ကိုယ်သူ သိသည်။ ဒါကြောင့် ဟုန်ကျွင်အား လှည့်ပြောလိုက်၏။
"ကွေဖေးကို မင်းပဲ ပြောပြနိုင်မလား"
ဟုန်ကျွင့်လည်း ယန်ယွိဟွမ်ကို သဘောကျသည်။ သူသည် သူမကို တွေ့တိုင်း "နွေဦးလေပြေ" ကဲ့သို့ပင် ခံစားရသည်။ သူမသည် လူအများကို သက်တောင့်သက်သာ ဖြစ်စေကာ ငဲ့ညှာတတ်သော မိန်းကလေး ဖြစ်သည်။ ထို့နောက် သူက ခေါင်းထဲရှိ မိစ္ဆာပုံပြင်များကို ကောက်ယူပြီး ၎င်းတို့အကြောင်း ပြောပြလိုက်သည်။
ယန်ယွိဟွမ်လည်း ဤစကားကို ကြားပြီးနောက် စိတ်လှုပ်ရှားလာ၏။ ဟုန်ကျွင့်သည် ကောင်းကင် သွေးကြောများအထိ အရာအားလုံးကို စတင်ပြောဆိုခဲ့သည့။ ထို့နောက် "လျှို့ဝှက်ဆန်းကြယ်သော၊ အံ့ဩဖွယ်ရာ တံခါးပေါက်" သို့ စတင်ပြောဆိုခဲ့သည့။ ကောင်းကင်နှင့်မြေကြီး နှစ်ခုစလုံးကို ပရမ်းပတာမှ ဖြစ်ပေါ်လာစေသော နတ်ဆိုး အကြောင်းလည်း ပါသေးသည်။
လီကျင်လုံသည် နတ်ဆိုးနှင်ဌာနရှိ လူများကြားတွင် ဟုန်ကျွင့် အကြောင်းကို သိပ်မသိခဲ့ပေ။ ဟုန်ကျွင့်ကသာ သူ့ကိုယ်ပိုင်လက္ခဏာကို အားကိုးပြီး ခေါင်းညိတ် သို့မဟုတ် "အို" ဟုသာ ပြောလေ့ရှိသည်။ ဒါပေမဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေအကြောင်း ပြောတဲ့အခါမှာတော့ သူက တကယ်ကို ခုန်ပေါက်နေ၏။
လီလုန်ကျီး: "မင်းက တာအိုသမားလား"
"အမ်... "
ဟုန်ကျွင့်လည်း သူ ဘယ်မိသားစုက လာတယ်ဆိုတာ ပြောရခက်နေသည်။ ချင်းရှုံ ပြောသလောက် ဆိုရင်တော့ တာအို အတွေးတွေထက် သာလွန်လေ၏။
"ဗုဒ္ဓဘာသာကလို့ ပြောရမလား... အမ် ချိုးယုံစစ်ကတော့ တာအိုတစ်ယောက်နဲ့ ပိုတူတယ်"
"မင်းရဲ့ လုပ်ဖော်ကိုင်ဖက် ရှစ်ဝေက ဘယ်လိုလဲ" ယန်ယွိဟွမ်က မေးသည်။
"သူက ပါရှားလူမျိုးပဲမှတ်လား" ဟုန်ကျွင့် မဝံ့မရဲလေး ပြောသည်။
အားထိုက်က ထိုက်ကဲလားရှစ် မျိုးဆက်ထဲက သားတော်ဖြစ်ကြောင်း သိပြီးသားမလို့ လီလုန်ကျီးက ဆိုလေသည်။
"ဖျင်ကန်းလီမှာ ရန်ဖြစ်ရင် လူတိုင်းက ကိုယ့်နတ်ဘုရားတွေကို ဖိတ်ရမှာပဲ မဟုတ်ဘူးလား..."
ဟုန်ကျွင့်: "ကမ္ဘာပေါ်က နည်းဥပဒေသအားလုံးက မတူညီတဲ့ လမ်းကြောင်းတွေကနေ မတူညီတဲ့ ဦးတည်ရာကို ဦးတည်နေပါတယ်... ကျွန်တော့်အဖေကို တောင့်တပြနေဖို့ မလိုပါဘူး ဒါပေမဲ့ နှလုံးသားထဲကနေ တောင်းတနေဖို့ပဲ လိုတာ"
လူတိုင်းက ဖြည်းညှင်းစွာ ခေါင်းညိတ်ကြသည်။
လီကျင်လုံသည် မူလက ဧကရာဇ်မင်းအား သတင်းအချက်အလတ် တောင်းနေသည်ဟု ထင်ခဲ့သော်လည်း သူသည် ကိစ္စနှင့်ပတ်သက်ပြီး အကြံအစည် တစ်ခု ရှိနေသည်ကို ရိပ်မိလိုက်ပါ၏။ ဒါကြောင့် သူ၏နောက်ထပ် အစီအစဉ်အကြောင်း မမျှော်လင့်ဘဲ မေးချင်ခဲ့သည်။ အမှန်တကယ်တော့ သူသည် ညသန်းခေါင်ယံတွင် ထိုကိစ္စနှင့်ပတ်သက်၍ မေးမည့်အစား၊ တစ္ဆေများနှင့် နတ်ဘုရားများအကြောင်း အချိန်အတော်ကြာအောင် လှည့်ပတ်ပြောနေခဲ့သည်။
အချိန်ဖြုန်းနေတာပဲ။ အိမ်ပြန်အိပ်တာကမှ ပိုကောင်းသေးတယ်။
ထိုစဥ် ယန်ယွိဟွမ်က ထပ်မေးပြန်သည်။
"အမ်... ဟုန်ကျွင့် ငါ မင်းကို မေးစရာရှိတယ်"
"မေးပါ..."
ဟုန်ကျွင့်သည် လက်တစ်ဖက်တွင် လက်ဖက်ရည် ပန်းကန်တစ်လုံးကို ကိုင်ထားပြီး လီကျင်လုံ၏ ဒူးပေါ်တွင် ခြေတစ်ဖက်ကို ကွေးလျက် တင်ထားကာ ရှင့်ချင်နန်းတော်ကို ၎င်း၏အိမ်အဖြစ် သဘောထားနေသည်။
"ကောင်းကင်နဲ့ မြေကြီးကြားက မသေနိုင်တဲ့အရာကဘာလဲ"
ဒါကိုကြားတော့ လီကျင်လုံလည်း မသိချင်ယောင်ဆောင်ကာ မနေနိုင်တော့ဘဲ ဟုန်ကျွင့်ရဲ့ ခြေထောက်ကို ဖယ်လိုက်ကာ သူ့ကို ဘေးတိုက် ကြည့်နေလိုက်သည်။ ဟုန်ကျွင့်လည်း အရမ်းသရမ်းလာတာကို သဘောပေါက်သွားပြီး သူ့ဘာသာ မတ်မတ်ထိုင်လျက် ခဏလောက် စဉ်းစားပြီး ပြန်ဖြေလိုက်၏။
"မရှိဘူး"
"မရှိဘူး ဟုတ်လား?"
"ဟုတ်တယ် မရှိဘူး" ဟုန်ကျွင့်က လေးလေးနက်နက်ပြောပြီး
"ထာဝရ တည်နေတဲ့ အရာကို ပြောချင်နေတယ်ဆိုရင်တော့ သခင်မရဲ့ဦးခေါင်းထက်က ဒီကမ္ဘာပဲရှိတယ်"
ဟုန်ကျွင့်က သူ့လက်ဖက်ရည် ပန်းကန်ကို ရွှေ့လိုက်ပြီး လီလုန်ကျီးနဲ့ ယန်ယွိဟွမ်တို့အား နန်းတော်အပြင်ဘက် ဆောင်းဦးညရဲ့ ကောင်းကင်မှာ ကြယ်တွေကို မော့ကြည့်ဖို့ လှုံ့ဆော်ပေးလိုက်သည်။
" 'ကောင်းကင်နဲ့ မြေကြီး ဘာကြောင့် ထာဝရတည်မြဲနေနိုင်တာလဲ' လို့ ရှင်းပြရင် သူက ကိုယ့်ဘဝအတွက်ကြောင့် ထာဝစဉ်အသက်ရှင်နိုင်တာ....သဘောက ကိုယ့်အတွက်မဟုတ်တဲ့ မွေးဖွားလာတဲ့ အရာတွေကပဲ ထာဝရ အသက်ရှင်နိုင်မှာ...အသက်ရှည်ဆေးက ကိုယ့်အတွက်ကိုယ် ရှာနေတာ... လောကကြီးထဲမှာ မသေနိုင်တဲ့အရာ မရှိပါဘူး..."
ထိုအချိန်တွင် ဟုန်ကျွင့်သည် ပန်းကန်လုံးကို ကိုင်ဆောင်ကာ ဧကရာဇ်မင်းမြတ်၊ မြင့်မြတ်သော ကိုယ်လုပ်တော်များနှင့် ကောင်းကင်နှင့်မြေကြီး၏ နတ်ဘုရားများကိုပင် ကြောက်ရွံ့ခြင်း မရှိသည့်အတိုင်း သူ၏အမူအရာမှာ ထင်ရှားပြတ်သား လွန်းလှသည်။
ဟုန်ကျွင့် သူ့အကြည့်တွေကို ကောင်းကင်ဆီကနေ ပြန်ရုတ်သိမ်းလိုက်ပြီး လီလုန်ကျီးနဲ့ ယန်ယွိဟွမ်ကို တိုက်ရိုက် စိုက်ကြည့်လိုက်သည်။
"ဒါပေမဲ့ တစ်ခါတလေ လူဝင်စားတာက မသေနိုင်ဘူးလို့ ခံစားရတယ်... တစ်ခါတလေ နိဗ္ဗာန်ဆိုတာ မသေနိုင်တဲ့ အမျိုးအစားတစ်ခုပဲတဲ့... ဒီဘဝမှာ ထားရစ်ခဲ့တဲ့သူတွေက နောက်ဘဝမှာ မဆုံစည်းနိုင်တော့တာလည်း ဖြစ်နိုင်တယ်"
"ဒါဆို လူတွေကို အသက်ပိုရှည်စေနိုင်တဲ့ ဆေးရှိလား"
ယန်ယွိဟွမ် တိုးတိုးလေး မေးလိုက်သည်။ ထိုအခိုက် လီလုန်ကျီးလည်း ယန်ယွိဟွမ်လက်ကို ဆုပ်ကိုင်ထားပြီး သူမ ဒီမေးခွန်းကို မေးပြီးတဲ့အခါ လီလုန်ကျီးကို မနေနိုင်စွာ မော့ကြည့်လိုက်သည်။
ဟုန်ကျွင့်: "အသက်ပိုရှည်လေလေ ကောင်းကင်နဲ့မြေကြီးနဲ့ ပိုနီးလေပဲ...."
လီလုန်ကျီးက ရယ်ပြီး "မေ့လိုက်ပါတော့ ငါ အဲဒါကို မတွေးချင်တော့ဘူး ခုန်ဟုန်ကျွင့်... မင်းက ဝိညာဉ်အသိရှိတဲ့ ကလေးပဲ"
ယန်ယွိဟွမ်က သက်ပြင်းချလိုက်ပြီး "အရှင့်ရဲ့ဘုန်းအာနုဘော်ကို ကျွန်မ အနှစ်တစ်ထောင်အထိ သက်တမ်းတိုးနိုင်မယ် ဆိုရင် နတ်ဆိုးဖြစ်လာအောင် လေ့ကျင့်ပြီး အရှင့်ရဲ့အသက်ကို ကယ်တင်နိုင်််မယ် ဆိုရင် ကျွန်မ ကျေကျေနပ်နပ်ကြီး လုပ်မှာပါ"
“လူသားအဖြစ် မွေးဖွားလာတဲ့ သတ္တဝါတွေက မသိနားမလည်တဲ့ သတ္တဝါတွေထက် အများကြီးသာလွန်တယ်... သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးက မဖွံ့ဖြိုးတဲ့ သတ္တဝါတွေထက် ပိုသာတယ်"
ဟုန်ကျွင့်က ဝင်ဆိုလေ၏။
“ကြိုးကြာငှက်တွေက နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ပြီး လိပ်တွေက နှစ်သောင်းနဲ့ချီပြီး နေထိုင်ကြတယ်တဲ့... ကမ္ဘာပေါ်က သတ္တဝါတိုင်းမှာ သူတို့ရဲ့ ကံကြမ္မာကိုယ်စီ ရှိကြတယ် အတင်းလုပ်လို့ မရဘူး..."
လီကျင်လုံ: "တကယ်လို့ လူတွေကို လိပ်တွေနဲ့ လဲလှယ်ပြီး ရွှံ့ထဲမှာ တစ်နေကုန် တွားသွားချင်တယ် ဆိုရင်တော့ သေသွားတဲ့လူကလည်း ဒီလို လုပ်ဖို့ ဆန္ဒမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်"
လီလုန်ကျီးနဲ့ ယန်ယွိဟွမ်တို့ နှစ်ယောက်လုံး ရယ်မောလိုက်ကြပြီး လီလုန်ကျီးက သူ့ကိုယ်သူ ပြောနေသလိုမျိုး ခေါင်းညိတ်လိုက်၏။
"ဒါအမှန်ပဲ"
ဟုန်ကျွင့်က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ထပြောလာသည်။
"အသက်ရှည်ဖို့တော့ နည်းလမ်းရှိမယ် ထင်တယ်"
"ဘာ!" သုံးယောက်သား တပြိုင်နက် တုန်လှုပ်စွာ မေးသည်။
"ဗုဒ္ဓဖြစ်သွားတာလေ"
လီကျင်လုံ: "ကောင်းပြီ... အရမ်းစိတ် မလှုပ်ရှားကြပါနဲ့"
လီလုန်ကျီးနဲ့ ယန်ယွိဟွမ်တို့မှာ ကိုယ့်နဖူးကို ကိုင်ထားပြီး အခက်တွေ့သွား၏။
ဟုန်ကျွင့်: "သက်ရှိသတ္တဝါ အားလုံးမှာ ဗုဒ္ဓသဘာဝ ရှိတယ်...ဖြူစင် မြင့်မြတ်တဲ့ စိတ်ထားရှိတဲ့ သတ္တဝါအားလုံးကို ကယ်တင်တာက ကိုယ့်ကိုယ်ကို ကယ်တင်တာပဲတဲ့"
ယန်ယွိဟွမ်: "မင်းက ဉာဏ်ရည် ထက်မြတ်တဲ့ ကလေးတစ်ယောက်ပဲ....မင်း 'ဗုဒ္ဓဖြစ်မယ်' လို့ ပြောလိုက်တာနဲ့ ရုတ်တရက် လူတစ်ယောက်ကို တွေးမိသွားတယ်"
ဟုန်ကျွင့်က ပြုံးပြီး "ဘယ်သူလဲ?"
ယန်ယွိဟွမ်က ဟုန်ကျွင့်ကို အပြုံးတစ်ခုဖြင့် ကြည့်ရင်း ရုတ်တရက် သူမ၏ အမူအရာ ပြောင်းလဲသွားကာ တစ်စုံတစ်ခုကို မှတ်မိရန် ကြိုးစားနေသကဲ့သို့ မျက်ခုံးများက အနည်းငယ် တွန့်ချိုးသွားသည်။
"ငါ မင်းကို မြင်ဖူးသလို ခံစားနေရတယ်"
"ကျွန်တော်တို့ အရင်က တွေ့ဖူးတယ်မလား?"
"အင်း...အဲဒါက မင်းကို ပထမဆုံးတွေ့ဖူးတာဘဲ" ယန်ယွိဟွမ်က မျက်ခုံးမွှေးတွေကို ပွတ်သပ်ရင်း ဆိုသည်။
"မင်းရဲ့အပြုံး အရမ်းရင်းနှီးတယ်လို့ ငါခံစားနေရတာ... ဒါပေမယ့် ငါအရင်က ဘယ်နေရာမှာ မြင်ဖူးလဲဆိုတာ မမှတ်မိတော့ဘူး"
လီလုန်ကျီး: "ကောင်းပြီ... ထားလိုက်ကြရအောင်... ငါတို့ဒီနေ့ လုံလောက်တဲ့ ပြဿနာတွေ ကြုံလာပြီးပြီ စောစောပြန်ပြီး အနားယူလိုက်ပါ... ကျင်လုံ မင်းအချိန်ရရင် မင်းညီငယ်လေးကို ကမ္ဘာကြီးရဲ့ နက်နဲမှုတွေအကြောင်း ပြောဖို့ ခေါ်သွားလိုက်ပါ"
လီကျင်လုံလည်း သူတို့ အိပ်ရတော့မယ်ဆိုတာ သိတာကြောင့် ဟုန်ကျွင့်ကို အရှင်မင်းမြတ်တို့အညး နှုတ်ဆက်ဖို့ အလျင်အမြန် ခေါ်ခဲ့ပြန်သည်။
"ဟုန်ကျွင့် ဒီကိုလာခဲ့...."
"မင်း နောက်ထပ် နတ်ဘုရားကို မှတ်မိချင်သေးလား" လီလုန်ကျီးက ပြုံးပြသည်။
ယန်ယွိဟွမ်ကလည်း ပြုံးပြီး သရေစာများကို ယူလာကာ ဟုန်ကျွင့်ကိုစားဖို့ သီးသန့် လက်ဆောင်ပေးလိုက်သည်။ ဟုန်ကျွင့် ဝမ်းသာအားရ ကျေးဇူးတင်စကား ဆိုလိုက်ပါ၏။
"ဒီကလေးက အရမ်းလှတယ်... ကျွန်မအစ်ကိုမှာ ကလေးတွေ အများကြီးရှိပေမယ့် သူ့လောက် မချော မလှကြဘူး...."
.....
မေလ၏ ညသန်းခေါင်ယံ အချိန်တွင် လီကျင်လုံနှင့် ဟုန်ကျွင့်တို့သည် နန်းတော်မှ ထွက်ခွာပြီး မြေခွေးလေး ပါရှိသော လှောင်အိမ်လေးကို သယ်ဆောင်ကာ လမ်းမပေါ် လျှောက်ထွက်ခဲ့သည်။ ဟုန်ကျွင့် လမ်းဘေးက သစ်ရွက်တစ်ရွက်ကို ကောက်ကိုင်ပြီး လက်ချောင်းတွေကြား လှည့်ကာ ကစားနေရင်း မေးလိုက်သည်။
"ဒီနေ့ ကျွန်တော်ပြောတာ မှားသွားလား"
"မမှားဘူး" လီကျင်လုံက သူ့နှုတ်ခမ်းထောင့်ကို အနည်းငယ် မြှောက်လိုက်ပြီး
"မင်းလုပ်တာ ကောင်းတယ် မင်း ပိုထက်မြက်လာပြီ။"
ဟုန်ကျွင့်က လျင်မြန်စွာ သင်ယူတတ်မြောက်ကြောင်း ခံစားရပါသည်။ သူသည် နတ်ဆိုးနှင်ဌာနသို့ စတင်ဝင်ရောက်ချိန်နှင့် နှိုင်းယှဉ်ပါက ယခုအခါ ချန်အန်း၏ နေထိုင်မှုပုံစံနှင့် လိုက်လျောညီထွေ ဖြစ်နေပြီဖြစ်သည်။
"ကျွန်တော်က အရမ်းတုံးတာ..." ဟုန်ကျွင့်က ရှက်ရွံ့စွာပြောသည်။
"ခင်ဗျားတို့စကားထဲမှာ တစ်ခုခုရှိတယ်ဆိုတာ ဘယ်တုန်းကမှ မသိတတ်ခဲ့ဘူး"
တကယ်တော့ ဟုန်ကျွင့်သည် ဤအမှုကို ရှုပ်ယှက်ခတ်လုနီးပါး လိုက်နာခဲ့သည်။ ပြီးမှသာ အလှည့်အပြောင်းများကို သူ တဖြည်းဖြည်း နားလည်သွားသည်။ အဲဒီတုန်းက သူဟာ သူတို့နောက်ကို လိုက်ဖို့ လုံလောက်တဲ့ မိုက်မဲသူတစ်ယောက်လိုပင်။
"သူတို့အားလုံးက လူသားတွေရဲ့ ဝိညာဉ်တွေပဲ" လီကျင်လုံက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်ပြောသည်။
"အဲဒါကို မင်း ရှင်းမပြနိုင်တာ သာမာန်ပါပဲ"
ဟုန်ကျွင့် ချာကနဲ လှည့်ကြည့်လိုက်တာနဲ့ လီကျင်လုံက ချက်ချင်းပင် ပြုံးမပြတော့ပေ။
"ဆက်ပြုံးနေပါဦး... အရမ်း ကြည့်ကောင်းပါတယ်ဆို... ဒီသခင်လေးအတွက် ပြုံးပြပါ လာ!"
လီကျင်လုံခမျာ သူ့နဖူးမှ အပြာရောင်သွေးပြန်ကြောတွေ ပေါက်ထွက်တော့မလို ခံစားလာရသည်။
"ဒါကို မင်းဘယ်ကနေ သင်လာတာလဲ"
ဟုန်ကျွင့် ခံစားရတာက လီကျင်လုံ ပြုံးပြတဲ့အခါ အတော်လေး ကြည့်ကောင်းပေ၏။ သူက လေးနက်ပြီး ပြုံးမပြဘဲ တည်ငြိမ်အေးဆေးတဲ့ စစ်သူကြီး တစ်ယောက်လိုပင်။ ပြုံးတဲ့အခါ လူတွေကို ဖော်ရွေတယ်လို့ ခံစားရပါသည်။
"ငါ မင်းကို စမ်းသပ်ကြည့်ချင်ရုံပဲ... အခု ငါတို့ ဘယ်သွားမလဲ" လီကျင်လုံ လေးလေးနက်နက် ပြောလိုက်သည်။
ဟုန်ကျွင့် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ နတ်ဆိုးနှင်ဌာနကို ပြန်ရောက်လာတာ မဟုတ်မှန်း တွေ့လိုက်ရတော့ သူက ခေါင်းကုတ်ပြီး။
"အရမ်းနောက်ကျနေပြီ... ဘယ်သွားချင်လို့လဲ"
သို့နှင့် နှစ်ယောက်သား နောက်ဖေးလမ်းကြားတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ လီကျင်လုံသည် လှောင်အိမ်အား ဟုန်ကျွင့်ထံ လွှဲပေးကာ နောက်ဘက်နံရံမှ ခုန်ဆင်းသွားခဲ့သည်။
"တခြားကိစ္စ ရှိသေးလား" ဟုန်ကျွင့် အံ့သြစွာပြောလိုက်သည်။
အတွင်းမှ တုံ့ပြန်မှု မရှိသောကြောင့် လီကျင်လုံ အနောက်တံခါးကို ဖွင့်ပြီး မြင်းတစ်ကောင်ကို ဆွဲထုတ်လိုက်သည်။
"မင်း သူများမြင်းကို ခိုးနေတာလား..."
"ငှားတာပါ သွားရအောင်!"
ထိုနေရာသည် လုံဝူစစ်တပ်၏ အနောက်တံခါးဖြစ်လေသည်။ လီကျင်လုံက မြင်းကို ခေါ်ထုတ်လာကာ မြင်းပေါ် ပေါ့ပါးစွာ ခုန်တက်သွား၏။ ထို့နောက် ဟုန်ကျွင့်ကို ဆွဲတင်ရန် လက်ကိုဆန့်ကာ သူ့နောက်တွင် ထိုင်စေသည်။ ရှည်လျားသောလမ်းကို ဖြတ်ကာ အနောက်တံခါးဆီသို့ မြင်းစီးသွားလေသည်။ တိတ်ဆိတ်လျက် ရှည်လျားသော လမ်းမပေါ်တွင် မြင်းခွါသံများက အထူးကြည်လင် ပြတ်သားစွာဖြင့် မြည်နေကာ မြို့တံခါးမှထွက်ပြီးနောက် တောင်ထိပ်တစ်ခုပေါ်တွင် ရပ်လိုက်ကြသည်။
"လာ..."
လီကျင်လုံ လှောင်အိမ်အား ဟုန်ကျွင့်ထံ ပေးကာ လှောင်အိမ်ပေါ်မှ စက္ကူကို ချွတ်လိုက်သည်။
"ဒီမှာထားခဲ့မှာလား"
လီကျင်လုံ: "မဟုတ်ရင်ရော မင်းက ပြန်ယူသွားချင်သေးလို့လား"
ဟုန်ကျွင့်လည်း ဒါကလည်း ကောင်းတယ်လို့ ထင်တဲ့အတွက် လှောင်အိမ်ထဲက မြေခွေးလေးကို ထုတ်လိုက်သည်။ လီကျင်လုံက လက်ချောင်းတချို့ ဆန့်ထုတ်ပြီး မြေခွေးရဲ့ မေးစေ့ကို အပြန်ပြန်အလှန်လှန် ပွတ်သပ်လိုက်ပါ၏။
ကောင်းကင်ယံတွင် ကြယ်နီပေါ်လာပြီး တဖြည်းဖြည်း ဖြူဖွေးလာသည်။ ကုန်းမြေကြီးသည် နေ့ဘက်သို့ ပြောင်းလဲသွားကာ ဟုန်ကျွင့်သည် နံနက်နှင့် နေဝင်ရီတရော ရောယှက်နေသည့် အပြာရောင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ မြေကြီးသည် ထာဝရတည်မြဲနေမည့် သင်္ဘောကဲ့သို့ပင်။
"ဟေး နိုးပြီလား"
လီကျင်လုံ အသံသည် ဤအခိုက်အတန့်တွင် ပို၍ နူးညံ့လာပြီး မြေခွေးငယ်၏ မေးစေ့ကို အကြိမ်ကြိမ် ကုတ်နေလေသည်။
ဟုန်ကျွင့်က ရယ်ပြီး "ကျွန်တော်ဒီတစ်ခါ ဆေးအများကြီးလည်း မသုံးထားဘူး"
မြေခွေးလေးသည် "အုကနဲ" ဖြင့် လန့်နိုးလာပြီး လီကျင်လုံကို ချက်ချင်းသတိဖြင့် ကြည့်ရင်း လီကျင်လုံလက်ညှိုးကို လှမ်းကိုက်ဖို့ ပြင်သည်။ လီကျင်လုံက လက်မြှောက်ကာ ၎င်းရဲ့ခေါင်းကို ရိုက်ချလိုက်သည်။
"မင်း ဟုန်ကျွင့်ကို ကိုက်ထားတဲ့ အကြွေးကိုတောင် ငါ မရှင်းရသေးဘူး"
ဟုန်ကျွင့်က ကိစ္စမရှိကြောင်း လက်ဝေ့ယမ်းပြလေသည်။ မြေခွေးလေးက ဟုန်ကျွင့်ကို ချက်ချင်း တုန်လှုပ်စွာ ကြည့်ပြီးနောက် အဖြစ်အပျက်ကို သိသွားခဲ့သည်။ ထိုအခိုက် လီကျင်လုံက သူ့နှာခေါင်းကို လက်ညိုးနဲ့ ထိုးလိုက်သည်။
သူ့လက်ချောင်းများကြားမှ ပြတ်သားသော လျှပ်တစ်ပြက် တစ်ချက်နှင့်အတူ လက်ထဲက လွင့်ထွက်သွားသော ဝတ်မှုန်များကြောင့် မြေခွေးလေးက ရုတ်တရက် နှာချေလိုက်ကာ သူ့မျက်လုံးများက စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားသည်။ သူ့လက်ကို လွှတ်လိုက်တာနဲ့ မြေခွေးလေးဟာ မြေပြင်ပေါ် ချက်ချင်း လဲကျသွားပြီး တောထဲကို မြှားတစ်စင်းလို ပြေးဝင်သွားတော့သည်။
လီကျင်လုံ: "ချန်အန်းကို နောက်တစ်ကြိမ် ပြန်မလာပါနဲ့ ငါမင်းကို ထပ်တွေ့ရင် အလွတ်ပေးမှာ မဟုတ်ဘူး"
မြေခွေးလေးသည် ချုံပုတ်ထဲတွင် ပုန်းနေပြီး အပြင်ကို လှမ်းကြည့်လိုက်သည်။ ဟုန်ကျွင့်လည်း သူ့ကိုလက်ပြ နှုတ်ဆက်ပြီး လီကျင်လုံနှင့်အတူ တောင်ပေါ်မှ ဆင်းလာခဲ့သည်။
နေထွက်သည်နှင့် မိုင်ရှစ်ရာဝေးသော နေရာက ငှက်များအားလုံး နိုးလာကြပြီး တောင်များနှင့် သစ်တောများတွင် တေးသီချင်းများ သီဆိုမေကြလေသည်။
ဟုန်ကျွင့်: "ခေါင်းဆောင်...."
"ဟမ်?" လီကျင်လုံ မြင်းကို ရှေ့ကဦးဆောင်ပြီး ဆွဲသွားနေစဥ် ဟုန်ကျွင့်က မထင်မှတ်ပဲ သူ့ကျော်ပေါ် ခုန်တက်လာခဲ့သည်။
"ကျွန်တော်ခင်ဗျားကို အရမ်းသဘောကျတာပဲ!"
"မြန်မြန်ဆင်း... ဘယ်လိုပုံစံတွေ လုပ်နေတာလဲ"
"ဒီမှာ ဘယ်သူမှ မရှိပါဘူး"
လီကျင်လုံ ဟုန်ကျွင့်ကို သူ့ခန္ဓာကိုယ်ပေါ်ကနေ ဖယ်ထုတ်လိုက်ပြီး။
"မင်းဘာလို့ ရူးနေတာလဲ"
"တကယ်တော့ ခင်ဗျားက မိစ္ဆာတွေကို မုန်းတာလည်း မဟုတ်ပါဘူး" ဟုန်ကျွင့်က ဂုဏ်ယူစွာ ပြောလိုက်သည်။
"မကောင်းမှု မလုပ်ဖူးတဲ့ မိစ္ဆာတွေကို ငါ မမုန်းပါဘူး။"
"ဒါဆို မြေခွေးလေးကို ကြိုက်လား"
"ချစ်ဖို့ကောင်းတဲ့ အကောင်တွေကို ဘယ်သူက မကြိုက်လို့လဲ ဒါပေမယ့် မင်းရဲ့ ချစ်စရာကောင်းတဲ့ စည်းကမ်းမဲ့မှုကို အားကိုးရင်တော့ အလုပ်မဖြစ်ဘူး"
လီကျင်လုံ ပြောပြီးနောက် ဟုန်ကျွင့်ကို မြင်းပေါ် မြန်မြန် တက်ရန် အချက်ပြလိုက်သည်။ ဒီစကားတွေက သူ့အား စော်ကားသလို ခံရသည်ဟု အမြဲလိုလို ခံစားမိသော်လည်း ဟုန်ကျွင့်မှာ နားမလည်သေးပေ။ သူက မြင်းစီးရင်း လီကျင်လုံကို လှည့်မေးလိုက်သည်။
"ခေါင်းဆောင် ကျွန်တော့်ကို ဘယ်အချိန်မှ ဖျင်ကန်းလီကို ခေါ်သွားပေးမှာလဲ"
လီကျင်လုံ: "..."
မြင်းခွာသံများ မှိန်ဖျော့သွားကာ ချန်အန်း၏ နံနက်ခင်း ခေါင်းလောင်းသံကို လှမ်း၍ ကြားရလေသည်။ မြင်းတစ်ကောင်နှင့် လူ၂ယောက်သည် နံနက်ခင်း နေရောင်အလင်းဖြင့် ပြည့်နှက်နေသော လမ်းမပေါ်တွင် ဖြတ်သန်းလာခဲ့သည်။ ဆောင်းဦး၏ နံနက်စောစောတွင် နေရောင်ခြည်သည် နတ်ဆိုးနှင်ဌာနအပေါ် လှလှပပ ဖြာကျနေ၏။ ဟုန်ကျွင့် လမ်းပေါ်တွင် မြင်းစီးနေရင်းမှ အိပ်ပျော်သွားခဲ့လေရာ လီကျင်လုံ သူ့ကိုပွေ့ချီလျက် အခန်းထဲသို့ ခေါ်သွားပေးခဲ့သည်။ ကုတင်ပေါ် တင်ပေးလိုက်တော့ ကောင်လေးက အသက်ကို ဖြည်းဖြည်းချင်း ရှူရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။
"အိပ်လိုက်ပါ...."
ထို့နောက် လီကျင်လုံသည် မြင်းကို ပြန်ထားရန် ထွက်သွားသည်။ သူပြန်ရောက်တော့ လစာငွေ ပေးတဲ့လူက ရောက်နေပြီ။ လီကျင်လုံ သူ၏ လက်အောက်ငယ်သားများကို မနှိုးတော့ဘဲ လစာငွေ ငွေတုံး၉၀ကို လက်ခံခဲ့သည်။ တချို့သော အဆာပြေမုန့်၊ ဘဏ္ဍာတိုက်မှ ထုတ်ပေးသော မှတ်စုအပြင် တခြားဆုလာဘ်တွေလည်း ပါသေးသည်။ ဤငွေစာရင်းမှတ်စုကို ငွေနှင့်လဲလှယ်ရန်အတွက် သုံးနိုင်တာကြောင့် ဝိညာဥ်ထွက်ပန်း ရောင်းသူထံ လွှဲပြောင်းပေးနိုင်သည်။
အရာအားလုံး ပြီးသွားပြီးနောက်တွင် လီကျင်လုံလည်း ညနေစောင်းသည်အထိ အိပ်ပျော်သွားခဲ့သည်။
......
"ချိုးမိသားစုရဲ့ အကြီးဆုံးသား ဖြစ်တဲ့ ချိုးယုံစစ်.... ရှစ်ဝေဇာတိ ရီးစီးအိုက်ရဲ့ သားစဉ်မြေးဆက်က မှော်အစွမ်းမရှိတဲ့ သေမျိုးတွေ..."
"အဲဒီလူငယ်လေးရဲ့ အထောက်အထားက အဆန်းကြယ်ဆုံးနဲ့ အရမ်းထူးဆန်းတယ်လို့ ထင်တယ်..."
"သူဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး!! နင့်နှာခေါင်းအောက်မှာ ဒီလိုဖြစ်ပျက်နေတာကို နင် တကယ်ပဲ ကြည့်နေနိုင်လား"
"ဒါဆို မင်းက ငါ့ကို ဘာလုပ်စေချင်လဲ"
အစိမ်းရောင်ဝတ်လုံ ၀တ်ထားသူက လက်ကို ခဏလောက်ဖြန့်ပြီး မေးလေသည်။
“မင်းရဲ့ မြေခွေးသားမြေးတွေ ဒုက္ခရောက်ကုန်ပြီး ရှုံးနိမ့်သွားတာကို ဝန်ခံဖို့ ဆန္ဒရှိလား”
အမျိုးသမီးကြောင့် ဒေါသကြောင့် မထိန်းနိုင်ဘဲ မောဟိုက်နေကာ သူမ မျက်လုံးများကလည်း နီရဲတေသည်။ သူမ၏ မျက်လုံးများထဲမှ သွေးများ ဖောက်ထွက်လုမတတ်ပင်။
“ငါ သူတို့အတွက် လက်စားချေချင်တယ်…”
ထိုလူနှင့် အမျိုးသမီးသည် နေဝင်ချိန်၌ ရှင့်ချင်နန်းတော် အတွင်းက မှောင်ရိပ်ထဲတွင် ရပ်နေကာ ၎င်းတို့၏ ရှည်လျားသော ရုပ်ပုံများသည် သွားများနှင့် ခြေသည်းများပါသော ရက်စက်သော ဘီလူးများကဲ့သို့ ဖြစ်နေသည်။
"သူတို့ကို ရှင်းပစ်ဖို့ လွယ်ပါတယ်" ယောက်ျားက အမျိုးသမီးရဲ့နားထဲမှာ တိုးတိုးလေး ပြောလိုက်သည်။
"ဒါပေမဲ့ မြေကြီးပေါ်က ဧကရာဇ်မင်း မင်းက နတ်ဆိုး ဆိုတာကို စောစောတွေ့ခွင့် ပေးလိုက်ရင်..."
"နှစ်အနည်းငယ် အတွင်း" အမျိုးသမီးက ထိုလူ၏မျက်နှာကို စေ့စေ့ကြည့်ကာ တိုးတိုးလေး ပြန်ပြောသည်။
"သူ့ရဲ့စွမ်းအင်နဲ့ ထန်မင်းဆက်ရဲ့ ခွန်အားတွေက မကြာခင်မှာ ကုန်ဆုံးတော့မှာပါ"
လို့ အဲဒီလူက အေးစက်စွာ ပြောပြန်၏။
"ဒါပေမဲ့ မင်းမှာသူ့ကို တိုက်ခိုက်ဖို့ နည်းလမ်း မရှိသေးဘူး.... မင်းငါ့အတွက် ပိုကောင်းမယ်လို့ တွေးပြီး အပြောင်းအလဲတွေ ထပ်ကြုံရအောင် တွေးထား... ဒီနတ်ဆိုးနှင်သူ အုပ်စုက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူတို့ မခံနိုင်ဘူး... ကောင်းကင်နတ်ဆိုးက လူပြန်ဝင်စားတော့မယ်.... သေးငယ်တဲ့ စိတ်မရှည်မှုက ကြီးမားတဲ့ အစီအစဥ်တစ်ခုဆီ ဦးတည်သွားနေတဲ့ လမ်းကို ဖျက်စီးပစ်နိုင်တယ်... ငါမင်းကို သတိမပေးဘူးဆိုပြီး အပြစ်မတင်ပါနဲ့"
မြင့်မြတ်သော အမျိုးသမီးသည် ရုတ်တရက် တုန်လှုပ်သွားပြီး ကြမ်းတမ်းသော လေသံဖြင့် အော်လိုက်သည်။
"ဒါကို နင်သိနေတာကြာပြီပေါ့လေ"
အဲဒီလူက ပြုံးပြီး “မင်း သံသယတွေ အရမ်းများနေတယ်”
အမျိုးသမီးက တုန်တုန်ယင်ယင်ဖြင့်: "နင် သူတို့ရဲ့ အစီအစဥ်ကို သိထားပြီးသား... မပတ်သက်ဖို့ပဲ တွေးထားပြီးတော့ ငါ့သားမြေးတွေ အားလုံးကို စတေးခဲ့တာပေါ့လေ..."
ထိုလူက ဘာမှ ဆက်မပြောတော့ဘဲ လှည့်ထွက်သွားသော် အမျိုးသမီးက လှည့်အော်လိုက်သည်။
"မဟုတ်ရင် နင် ဘာလို့ စာမေးပွဲခန်းကို မသွားတာလဲ?... ဒီနေ့အဖြစ်အပျက်ကို နင် မှတ်ထား!"