Chapter - 2
[သာမန်လူများနှင့် သာမန်မဟုတ်သော လူများ]
ယွမ်လော့ရီ အသက်ခုနစ်နှစ် ရောက်ချိန်တွင် နိုင်ငံခြား၌ နှစ်ပေါင်းများစွာ ပညာသင်ကြားနေခဲ့သော
သူမ၏ အစ်ကိုယွမ်အောင်း ပြန်ရောက်လာခဲ့သည်။
ယွမ်မိသားစု၏ အကြီးဆုံးသားတစ်ယောက်အနေနှင့် ယွမ်အောင်းမှာ
အလွန်ပြီးပြည့်စုံ၍ မိသားစု အာဏာနှင့် ကွန်ရက်အား အမွေဆက်ခံရမည့်သူ ဖြစ်ပြီး အခြားကလေးများမှာမူ
မိသားစုပိုင်ဆိုင်မှုထဲမှ ရှယ်ယာအနည်းငယ်ကိုသာ ရရှိပေမည်။
ယွမ်အောင်းပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ အကြည့်သည့်
ယွမ်လော့ရီထံသို့ ကျရောက်သွားပြီးနောက် တန်းတန်းမတ်မတ်ဖြင့်
သူမထံ လျှောက်သွားခဲ့၏။
ယွမ်လော့ရီမှာ ကြောက်လန့်နေခဲ့သည်။
သူ့ကြည့်ရတာ ဘာလို့ ဒီလောက်တောင် ကြောက်စရာ ကောင်းနေရတာလဲ။
အရင်တုန်းက သူ့ကို စော်ကားခဲ့ဖူးလို့လား။
မဟုတ်သေးပါဘူး၊ မဖြစ်နိုင်ဘူး။ ဒီနေ့မှ ငါတို့
ပထမဆုံးအကြိမ် တွေ့ဖူးတယ်ဆိုတာ အသိသာကြီးကို။
ယွမ်အောင်းပို၍ နီးလာသည်နှင့်အမျှ ယွမ်လော့ရီမှာ
ပို၍ တုန်ယင်လာပြီး ဝမ်းနည်းမှုများနှင့် ပြည့်နှက်လာခဲ့လေသည်။
ငါ ဒီကမ္ဘာကနေ အသက်ခုနစ် နှစ်နဲ့ ထွက်သွားရဖို့
ကံပါလာခဲ့တာများလား။
ယွမ်အောင်းသည် ခြေလှမ်းများကို ရပ်လိုက်ကာ အကွာအဝေးတစ်ခု
ခြား၍ တိတ်တဆိတ် သူ့ ညီမလေးအား စိုက်ကြည့်နေလေ၏။
ဒုတိယအစ်ကို ယွမ်ဖာ့သည် ယွမ်လော့ရီအား ပြောလိုက်သည်။
“ဒါက ညီမလေးရဲ့ အစ်ကိုအကြီးဆုံးပဲ၊ ညီမလေး မှတ်မိလား”
ယွမ်လော့ရီမှာ ယွမ်ဖာ့အနောက်၌ ပုန်း၍ သူမ၏ ခေါင်းကို
ခါယမ်းပြလေသည်။
ယွမ်ဖာ့၏ မျက်နှာပေါ်၌ ငမန်းတစ်ကောင်ကဲ့သို့ ဆိုးရွားသည့်
အပြုံးတစ်ခုပေါ်လာခဲ့၏။
“သူ ကောကို မမှတ်မိဘူး၊ နောက်ဆုံးတော့လည်း ကျွန်တော်က
ကော မရှိတဲ့အချိန် သူ့ကို စောင့်ရှောက်ပေးနေတဲ့ ယုံကြည်အားကိုးရတဲ့ အစ်ကိုပဲလေ”
ယွမ်အောင်းအား ဝန်းရံထားသည့် ကြောက်မက်ဖွယ်အရှိန်အဝါများမှာ
ပို၍ပင် အားကောင်းလာခဲ့ပြီး ညီအစ်ကိုနှစ်ဦးမှာ အချင်းချင်းစိုက်ကြည့်နေကြသည်။ လေထဲ၌
ဓါးမီးတောက်များ၊ ဓါးအရိပ်များ ရှိနေသကဲ့သို့ ဖြစ်နေပြီး ပြင်းထန်သည့် တိုက်ပွဲတစ်ခု၌
ပါဝင်ဆင်နွှဲနေကြပြီ ဖြစ်၏။
ယွမ်လော့ရီမှာ ကြားထဲ၌ ရှိနေပြီး တုန်ယင်နေကာ
သူမ ခန္ဓာကိုယ်ထဲရှိ ဆဲလ်များအားလုံးသည် “မြန်မြန် ထွက်ပြေးတော့” ဟု အော်ဟစ်နေကြလေသည်။
အဆိပ်ပြင်းသောမြွေများကြားထဲ၌ ပိတ်မိနေသည့် ဟမ်းစတားတစ်ကောင်
အနေနှင့် ရှင်သန်နိုင်ဖို့ရာမှာ အတော်လေး ခက်ခဲလှ၏။
လေဆိပ်၌ တွေ့ဆုံမှုမှာ ဒေါသများပြည့်နှက်နေသည့်
လေထုဖြင့် အဆုံးသတ်သွားခဲ့သည်။
ယွမ်အိမ်တော်သို့ ပြန်လာပြီးနောက် ယွမ်အောင်းသည်
ယွမ်လော့ရီအား အမြဲတစေ ကြည့်နေခဲ့သည်။ သူသည် သူမထံ တိတ်တဆိတ် ချဥ်းကပ်၍ သူ့ လက်ကြီးများအား
ဆန့်ထုတ်ကာ သူမကို လှမ်းဆွဲရန် ကြိုးစားခဲ့သော်ညား ရလဒ်မှာ အမြဲတစေ အတူတူပင်ဖြစ်၏။
ယွမ်လော့ရီမှာ ကြောက်လန့်စွာ ထွက်ပြေးသွားပေလိမ့်မည်။
ရက်ပေါင်းများစွာ ကြာလာပြီးနောက် ယွမ်လော့ရီသည်
အိမ်မက်ဆိုးများပင် မက်လာခဲ့သည်။သူမ၏ အစ်ကိုကြီးမှာ အဘယ်ကြောင့် သူမအား အမြဲတမ်းဖမ်းချင်နေသည်ကို
နားမလည်နိုင်တော့ချေ။
တစ်ခါတစ်ရံတွင် သူမ၏ သတ္တိအား စုစည်းကာ ယွမ်လော့ရီသည်
ယွမ်အောင်းအား တိတ်တိတ်လေး ခိုးကြည့်တတ်၏။ ထိုသူမှာ အရပ်ရှည်၍ ပိန်ပါးပြီး၊ တင်းမာသည့်
မျက်နှာအမူအယာနှင့် ဖြူဖွေးနေသော အသားအရေရှိပြီး၊ နက်နဲကာ ဆန်းကြယ်သည့် မျက်လုံးများမှာ
နားလည်ရခက်လေသည်။
ပူပြင်းလှသည့် အပူချိန်၌ပင် သူသည် အင်္ကျီလက်ရှည်နှင့်
ဘောင်းဘီရှည်အား ဝတ်ဆင်၍ သူ့ကိုယ်သူ တင်းကြပ်စွာ ဖုံးကွယ်ထားပြီး အရေပြားတစ်လက်မလောက်ကိုသာ
အနည်းငယ် ဖော်ဝတ်ထား၏။
ယွမ်လော့ရီအား အရောင်တောက်ပသည့် အဆိပ်ရှိမြွေတစ်ကောင်ကို
သတိရသွားစေသည်။
ထိုအခြေအနေအတိုင်း တစ်ပတ်လောက် နေပြီးနောက် ယွမ်လော့ရီသည်
အလွန်ပင် စိတ်ပင်ပန်းသွားခဲ့သည်။ သူမမှာ အမြဲတမ်း တောင်စွန်း၌ ရပ်နေရသကဲ့သို့ ဖြစ်နေ၏။
ကံကောင်းစွာဖြင့် ယွမ်အောင်းမှာ လက်လျော့သွားပုံ
ပေါ်လေသည်။ ယွမ်လော့ရီအား ထပ်မံဖမ်းဆီးရန်
မကြိုးစားတော့ပေ။
နေ့လယ်ခင်းတစ်ခု၌ ပင်ပန်းနေသည့် ယွမ်လော့ရီမှာ
သူမ၏ ကျောပိုးအိတ်နှင့်အတူ အိမ်သို့ ပြန်လာခဲ့ပြီး သူမ အခန်းဝ၌ စုပ်လုံးတစ်လုံးကို
တွေ့လိုက်ရသောကြောင့် အံ့ဩသွားခဲ့သည်။
ဤသည်မှာ ကြောင်နားရွက် ‘မြောင် မြောင်’ တံဆိပ်ဖြစ်ကာ
သူမ အကြိုက်ဆုံး သရေစာများထဲမှ တစ်ခုဖြစ်၏။
သူမ ဝမ်းနည်းနေသည့် အချိန်တိုင်း အချိုတစ်ခုခု
စားလိုက်ရခြင်းမှာ သူမ၏ စိတ်အခြေအနေအား ပိုကောင်းလာစေသည်။
ယွမ်လော့ရီသည် စုပ်လုံးအား ကောက်ကိုင်ပြီး ဖောက်၍
စားဖို့ရာပြင်လိုက်သည်။
“ဝှစ်!”
ပုံရိပ်တစ်ခုမှာ လျင်မြန်စွာ ဖြတ်သွားပြီး စုပ်လုံးကို
လုယူသွားခဲ့၏။
ဒုတိယအစ်ကို ယွမ်ဖာ့မှာ စုပ်လုံးအား အောင်ပွဲခံသည့်
ပုံစံဖြင့် ကိုင်ထားပြီး ပြောလေ၏။
“ချစ်ညီမလေး မင်းမှာ ကောင်းတာ တစ်ခုရှိတယ်ဆိုရင်
မင်းရဲ့ ဒုတိယအစ်ကို ကို အရင်ပေးရမယ်လေ၊ မှတ်မိလား”
ယွမ်လော့ရီ ယွမ်ဖာ့အား မဖမ်းလိုက်နိုင်ခင်တွင်
သူသည် ရူးသွပ်စွာ ရယ်မော၍ ပြေးထွက်သွားခဲ့သည်။ သူသည် အမြဲတစေ ပျော်ရွှင်နေတတ်သော အရူးလေးပင်
ဖြစ်၏။
ယွမ်လော့ရီမှာ သူမ၏ ကျောပိုးအိတ်အား ချလိုက်ပြီး
ခြေတံတိုလေးများ၊ လက်သေးသေးလေးများနှင့်အတူ အသဲအသန် လိုက်ဖမ်းပါသော်ညား ဖမ်း မမိခဲ့ချေ။
ဒုတိယအစ်ကို ယွမ်ဖာ့၌ အလွန်ရှည်လျားသည့် ခြေတံများရှိသောကြောင့်
အလျင်အမြန် ပြေးလို့ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်သွားစေခဲ့သည်။
ယွမ်လော့ရီမှာ ယွမ်အိမ်တော်အတွင်း၌ အချိန်အကြာကြီး
ပတ်ရှာနေပါသော်ညား သူမ၏ တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်ဖွယ်ကောင်းသည့် ဒုတိယအစ်ကို ယန်ဖာ့အား
ရှာမတွေ့ခဲ့ပေ။
ညနေရောက်လာသည်နှင့် သူမ ယွမ်ဖာ့အား ရှာရန် လက်လျော့လိုက်လေသည်။
ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီးနောက် သူမ၏ လက်မောင်းများကြားထဲတွင် မျက်နှာအပ်လိုက်ပြီး
မျက်ရည်များဝဲလာလေသည်။
“ဘာလို့ငိုနေတာလဲ၊ ကိုကို မသေသေးပါဘူး”
ယွမ်ဖာ့၏ အသံမှာ အပေါ်မှ ထွက်လာလေသည်။
ယွမ်လော့ရီ မော့ကြည့်လိုက်ရာ လေအေးပေးစက် နေရာရှိ
ခေါင်းမိုးပေါ်၌ တွေ့လိုက်ရပြီး မတည်မငြိမ်ဖြစ်နေသဖြင့် လဲကျတော့မည့်ပုံစံ ဖြစ်နေ၏။
ဖုန်မှုန့်များနှင့် ဖုံးလွှမ်းနေကာ သူ့ အဝတ်အစားများပေါ်၌ သွေးအစအန အနည်းငယ် ရှိနေပြီး
ရိုက်နှက်ခံထားရသကဲ့သို့ပင် ဖြစ်နေလေသည်။
အစပိုင်းတွင် သူမ စိတ်မကောင်းဖြစ်ကာ မျက်ရည်များပင်
ဝဲလာပါသော်ညား ယွမ်ဖာ့၏ ထိုအခြေအနေအား တွေ့လိုက်ရသောအခါ၌ မျက်ရည်များ ပျောက်သွားပြီး
သူမ အနည်းငယ်ပင် ရယ်ချင်လာသလို ခံစားလိုက်ရလေ၏။
ယွမ်လော့ရီမှ မေးလိုက်သည်။
“ကိုကိုယွမ်ဖာ့၊ ကိုကိုရဲ့ ဘယ်ဘက်မျက်လုံးက ဘာလို့
အညိုအမဲတွေနဲ့ ဖြစ်နေရတာလဲ”
ယွမ်ဖာ့က ပြန်ဖြေလေ၏။
“အမ် ပြုတ်ကျသွားတာ”
“အဲဒါဆိုရင် ကိုကိုဘာလို့ ဒီလို အန္တရာယ်များတဲ့
နေရာမှာ ရပ်နေရတာလဲ”
“တစ်ခါတလေ ဘဝမှာ မင်းက ခဏရပ်ထားဖို့ ခလုတာကို
နှိပ်ပြီးတော့ တိတ်ဆိတ်တဲ့ ထောင့်တစ်ထောင့်ကို ရှာပြီး၊ မင်းရဲ့ အတိတ်ကို တိုးတက်လာတဲ့
ပုံစံကနေပြန်ကြည့်ပြီးတော့ ဆူညံနေတဲ့ လေတိုက်သံကို နားထောင်တာမျိုး၊ ပျောက်သွားတဲ့
အလင်းရောင်ကို ကြည့်တာမျိုး လိုအပ်တယ်၊ ကိုကိုက ကိုယ့်ဘာသာ လမ်းပျောက်တာကနေ ကိုယ့်ရဲ့စစ်မှန်တဲ့ပုံစံကို
လက်ခံနိုင်သွားတာပဲ”
“ကိုကိုယွမ်ဖာ့၊ ကိုကိုတကယ်ပဲ ကိုကိုရဲ့တကယ့်ပုံစံအစစ်အမှန်ကို
လေအေးပေးစက်နေရာအပေါ်မှာ ရှာဖို့ လိုလို့လား”
“မင်းက ခုနစ်နှစ်ပဲ ရှိသေးတဲ့ ကောင်မလေးလေ၊ မင်း
ကိုကို့ လို လူငယ်တွေရဲ့ ပြဿနာတွေ၊ လွမ်းဆွေးမှုနဲ့ အလှတရားကို နားလည်နိုင်မှာ မဟုတ်ပါဘူး”
“ညီမရဲ့ စုပ်လုံးကရော၊ ညီမကို ပြန်ပေး”
“အဟားဟား ဘာမှမကျန်တော့ဘူးလေ”
ထိုစကားများသည် ကလေးမလေး၏ သကြားလုံးအိမ်မက်အား
အညှာအတာကင်းမဲ့စွာ ကွဲကြေသွားစေခဲ့၏။
အရွယ်ရောက်ပြီးသား သူများအတွက် ဤကိစ္စမှာ ဘာမျှ
အရေးမပါပါသော်ညား ယွမ်လော့ရီအတွက်မူ ဤသတင်းမှာ
ဟိုက်ဒရိုဂျင်ဗုံးပေါက်သွားပြီး သူမ၏ ကမ္ဘာအား ပြိုကွဲသွားစေသကဲ့သို့ပင် ဖြစ်စေသည်။
သူမ၏ အစ်ကိုငါးယောက်အနက် ဒုတိယအစ်ကို ယွမ်ဖာ့သာလျှင်
သူညီမလေးထံမှ ပစ္စည်းများလုယူရသည်ကို နှစ်သက်လေ၏။ သူသည် ထိုသို့လုယူခြင်းကို မရှက်ရုံသာမက
ဂုဏ်ပင်ယူနေသေးသည်။
တစ်ခဏမျှ ကြာပြီးနောက် ယွမ်လော့ရီ ပြန်အဆင်ပြေသွားခဲ့၏။
မတည်မငြိမ်ဖြစ်နေသော ယွမ်ဖာ့အား ကြည့်၍ သူမ အနည်းငယ် စိုးရိမ်သွားခဲ့သည်။
“ကောင်းပြီ ညီမ ကိုကို့ ကို လက်ဆောင်ပေးလိုက်တယ်လို့ပဲ
တွေးလိုက်တော့မယ်၊ ကိုကိုက ညီမ အစ်ကို မလို့ ခွင့်လွှတ်ပေးလိုက်မယ်၊ ဆင်းလာတော့လေ အဲမှာက
အန္တရာယ်များတယ်”
ယွမ်ဖာ့ တိတ်ဆိတ်သွားခဲ့သည်။
ယွမ်လော့ရီမှာ သူမ၏ သေးသွယ်လှသည့် လက်မောင်လေးများအား
ဖွင့်ကာ အတည်ကြီး အော်ပြောလိုက်၏။
“ခုန်ချလိုက်၊ ညီမလေး ကိုကို့ကို ဖမ်းလိုက်မယ်”
ယွမ်ဖာ့မှ ပြောလေ၏။
“ဒါက အမြင့်ကြီးလေဖ မင်းကိုကို့ ကို ကယ်ဖို့လုပ်နေတာလား၊
သတ်ဖို့လုပ်နေတာလား၊ တကယ်ပါပဲ…”
ရုတ်တရက် ယွမ်ဖာ့ စကားဆက်မပြောတော့ချေ။ ယွမ်လော့ရီ၏
အနောက်ရှိ တစ်စုံတစ်ယောက်အား စိုက်ကြည့်နေရင်း သူ၏ မျက်နှာအမူအယာမှာ မှုန်မှိုင်းလာလေသည်။
ယွမ်လော့ရီ အလျင်အမြန်လှည့်လိုက်ရာ သူမ အကြောက်ဆုံး
အကြီးဆုံးအစ်ကို ယွမ်အောင်းမှာ သူမအနီးနား၌ ရပ်နေသည်ကို တွေ့လိုက်ရသောကြောင့် သူမအား
အလွန်ပင် စိတ်လှုပ်ရှားသွားစေခဲ့၏။
ကျော့ရှင်းစွာ ခါးကိုင်းချလိုက်ပြီးနောက် ယွမ်အောင်းမှာ
စုပ်လုံးတစ်လုံးကိုင်ထားသည့် သူ၏ သွယ်လျကာ လှပသောလက်အား ဆန့်ထုတ်လာလေသည်။
သူသည် ယွမ်လော့ရီအား သိမ်မွေ့စွာပြောလိုက်၏။
“ယူလေ”
ကြောက်ရွံ့မှု၊ ပဟေဠိဖြစ်မှုနှင့် ပျော်ရွှင်မှုလေး
အနည်းငယ်မှာ သူမ၏ နှလုံးသားထဲ၌ ပြည့်နှက်သွားလေသည်။
တုန်ယင်နေသည့် လက်လေးများဖြင့် ယွမ်လော့ရီမှာ
စုပ်လုံးအားယူ၍ ထိုနေရာမှ အလျင်အမြန် ပြေးထွက်သွားခဲ့၏။
ယွမ်အောင်းမှာလည်း သူ၏ညီမလေးအား ထွက်သွားစေချင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် နောက်ဆက်ဖြစ်မည့် အရာမှာ ကြမ်းတမ်းသည့် သွေးထွက်သံယိုများ ဖြစ်သောကြောင့်ပင်။
ယွမ်ဖာ့အား သူ လိုက်ရှာနေသည်မှာ ကြာလှပြီဖြစ်ပြီး
သူ့အား ထိုနေရာ၌ ပုန်းနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ယွမ်မိသားစုမှာ အဆင့်အား အသက်အလိုက် သတ်မှတ်ထားပြီး
အကြီးဆုံး အစ်ကိုကြီးတစ်ယောက်အနေနှင့် ယွမ်အောင်းတွင် သူ့ ညီအား ညီမလေးထံမှ ပစ္စည်းများ
လုမယူစေရန် သွန်သင်ပေးဖို့အတွက် တာဝန်ရှိလေသည်။
ရလဒ်အနေနှင့် ယွမ်ဖာ့မှာ ယွမ်မိသားစုဝင်များထဲမှ
မကြာခဏရိုက်နှက်ခံရသည့် မိသားစုဝင်တစ်ဦး ထပ်ဖြစ်လာကာ သေခြင်းအစွန်းလေး၌ ရုန်းကန်နေရပြီး
ငရဲမင်း၏ ရှေ့သို့ မကြာခဏ ရောက်နေခဲ့၏။
သို့သော်ညား ယွမ်လော့ရီ၏ ပျော်ရွှင်မှုမှာ ကြာကြာမခံခဲ့ပေ။
စုပ်လုံးမှာ ချိုသော်ညား သူမတွင် သူမ၏ ပျော်ရွှင်မှုအား
မျှဝေရန်အတွက် မည်သူမှမရှိသည့်အတွက် ချိုမြိန်မှုမှာ သူမ နှလုံးသားထဲ၌ များစွာမသာယာခဲ့ပေ။
နောက်တစ်နေ့တွင် ယွမ်လော့ရီ စောစောထကာ အဆင်သင့်ပြင်ပြီး
သူမ၏ ကျောပိုးအိတ်အား ယူ၍ ကျောင်းသို့သွားလေသည်။
ကားထဲသို့ ဝင်လိုက်ပြီးနောက် ကြက်ခြေထောက်ကြော်ဆိုင်ဘေးမှ
ဖြတ်သွားချိန်တွင် သူမ အော်လိုက်၏။
“ကားရပ်ပါဦး”
ကားဆရာ ရှောင်ဖုန်း ကားရပ်ပေးချိန်တွင် ယွမ်လော့ရီမှာ
ကားတံခါးအား ဖွင့်၍ ကြက်ခြေထောက်ကြော် ဆိုင်အဝင်ဝသို့ လျှောက်သွားကာ ဆိုင်ပိုင်ရှင်ကို
ပေးရန်အတွက် ပိုက်ဆံအနည်းငယ် ထုတ်လိုက်သည်။
“ကျေးဇူးပြုပြီး သမီးကို ကြွပ်ရွတဲ့ကြက်ခြေထောက်
တစ်ချောင်းပေးပါ”
ပိုင်ရှင်မှာ ချစ်စရာကောင်းသည့် ကောင်မလေးအား
မြင်လိုက်ရသောကြောင့် ပြုံး၍ ယွမ်လော့ရီအား သေချာပြင်ဆင်ထားသော ကြက်ခြေထောက်တစ်ချောင်း
ကမ်းပေးလေ၏။
သူမ “ကျေးဇူးတင်ပါတယ်” ဟု မပြောနိုင်ခင်တွင် အားဖြင့်
ယွမ်လော့ရီအား ရုတ်တရက်ဆွဲလိုက်သောကြောင့် ကြက်ခြေထောက်မှာ ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီးနောက်
မြေပြင်ပေါ်သို့ မကျသွားခင်တွင် အကြိမ်အနည်းငယ် လှည့်သွားခဲ့သည်။
ယွမ်လော့ရီ၏ ပတ်ဝန်းကျင်မှာ သူမ ကားထဲသို့ အတင်းအကြပ်
အသွင်းခံရချိန်တွင် ဖရိုဖရဲဖြစ်သွားလေ၏။
အမျိုးသားတစ်ဦးမှ အော်လိုက်သည်။
“ငါသူ့ကို ဖမ်းလာပြီ မောင်း”
“ဗွန်း ဗွန်း ဗွန်း”
ကားအင်ဂျင်သံမှာ မြှားတစ်စင်းကဲ့သို့ ထွက်လာပြီး
ဝတ်ချ်ဆိုသည့် အသံနှင့်အတူ အရှိန်တင်လိုက်သောကြောင့် ကြည့်နေသူများအား လန့်ဖြန့်သွားစေသည်။
ရှောင်ဖုန်းမှာ ယွမ်မိသားစု၏ အဖိုးတန်သမီးလေးထံ၌
အန္တရာယ်ရှိနေသည်ကို သဘောပေါက်သွားပြီး သူတို့အနောက်သို့ အသဲအသန်လိုက်ဖမ်းလေ၏။ ကားနှစ်စီး
နီးကပ်လာသည်နှင့် ကြီးမားသော ကုန်ကားတစ်စီးမှာ အလျင်အမြန် ထွက်လာပြီး ယွမ်မိသားစု၏
ကားနှင့်တိုက်မိသွားကာ ယွမ်မိသားစုကားအား မိုးပေါ်သို့ ပျံတက်သွားစေခဲ့သည်။
ကားအတွင်းထဲရှိ အမျိုးသားများမှာ ရုပ်ရှင်ကားများထဲမှ
ပြန်ပေးဆွဲသမားများကဲ့သို့ အနက်ရောင် ခေါင်းစွပ်အား ဝတ်ဆင်ထားကြပြီး သူတို့၏ မျက်လုံးမှလွဲ၍
အရာအားလုံးကို ဖုံးထားလေသည်။ သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် ရယ်မောနေကြလေ၏။
“ငါတို့တွေ ယွမ်မိသားစုရဲ့ ကားကို ခြေရာဖျောက်လိုက်နိုင်ပြီ”
“ငါတို့ ယွမ်မိသားစုကို နောက်ယောင်ခံလိုက်နေတာ
တစ်ပတ်လောက်ရှိနေပြီ၊ နောက်ဆုံးတော့ အောင်မြင်ပြီ”
“ဒါက ယွမ်မိသားစုရဲ့ ဆက်ခံသူပဲ၊ အဲမိသားစုက ပိုက်ဆံအများကြီးရှိတဲ့
ရှေးဟောင်းမိသားစုလေ၊ သူတို့တွေ သေချာပေါက် ပြန်ရွေးဖို့ပိုက်ဆံ အများကြီးပေးလိမ့်မယ်”
“ဒီအလုပ်ပြီးရင်တော့ ငါတို့ရဲ့ ပိုက်ဆံပြတ်လပ်နေတဲ့
အခက်အခဲတွေ အဆင်ပြေပြီ”
တစ်ခဏမျှ အောင်ပွဲခံပြီးနောက် သူတို့သည် ယွမ်လော့ရီအား
သတိရသွားကြလေသည်။ သူမသည် ထောင့်လေး၌ ထိုင်နေပြီး သူမ၏ လက်များမှာ နာခံစွာဖြင့် ဒူးပေါ်တင်ထားကာ
မျက်လုံးဝိုင်းဝိုင်းလေးများနှင့် ဤသူစိမ်းများအား ပဟေဠိဖြစ်စွာ စိုက်ကြည့်နေလေ၏။
“ကလေးမ မကြောက်နဲ့၊ ပြီးတော့ မအော်နဲ့ ကြားလား”
“ဦးလေးတို့မှာ စည်းရှိပါတယ်၊ သမီးရဲ့မိဘတွေ ပိုက်ဆံပေးတာနဲ့
ဦးလေးတို့ သမီးကို ပြန်လွှတ်ပေးမယ်နော်”
ယွမ်လော့ရီမှာ နားမလည်သော်လည်း ခေါင်းညိတ်လိုက်လေသည်။
သူ ဘာလို့ ကြောက်နေသင့်တာလဲ။
သူမ၏ လူသတ်ခြင်း၊ သွေးများဖြင့် ဖုံးလွှမ်းနေခြင်း၊
စာနာစိတ်နည်းပါးခြင်း၊ အကြမ်းဖက်မှုနှင့် သေခြင်းအား ဂုဏ်ယူတတ်သည့် အစ်ကိုများနှင့်
ယှဥ်လျှင် ဤပြန်ပေးဆွဲသူများမှာ သာမန်လူများပင် ဖြစ်၏။
ထိုလူများမှာ သူတို့မည်သည့်အရာနှင့် ရင်ဆိုင်ရမည်ကို
မသိကြချေ။