(23)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (23)

ပဟေဠိကို ဆက်ဖြေရှင်းခြင်း



သူက ထ၍ စင်္ကြံလမ်းဘက်က ကျောက်တံခါးဆီသို့ လျှောက်သွားကာ တံခါးဘောင်ကို ထိလိုက်သည်။


"ဒါက တကယ့် ယန္တရားတစ်ခုပဲ... ပြီးတော့ အရမ်းရိုးရှင်းလွန်းတယ်... ကလေးတွေကိုတောင် လှည့်စားနိုင်တာမို့ လွန်ခဲ့တဲ့ အနှစ်၂၀လောက်က မင်းရဲ့ ဦးလေးသုံး သတိထားပြီး မကြည့်ခဲ့ဘူး.. အဲဒါကြောင့် နောက်အနှစ်၂၀ရောက်မှ ဒါကို ရှာတွေ့သွားခဲ့တာ"


ဖက်တီးလည်း မျက်နှာသေက တစ်ခုခုကို သိသွားပုံရတယ်လို့ မြင်တာကြောင့် ဝင်ပြောလိုက်သည်။ 


"အစ်ကိုလေး မင်းသိရင်လည်း မြန်မြန်ဆန်ဆန်ပဲ ပြောလိုက်... ဟန်ဆောင်မနေနဲ့ ငါဒီမှာလောလို့ သေတော့မယ်!"


မျက်နှာသေကလည်း ရှင်းပြလာခဲ့သည်။ 


"မင်းကို ဥပမာတစ်ခု ပြောပြမယ်... အဲဒါကို ကြားတာနဲ့ မင်းနားလည်သွားလိမ့်မယ်.... အခန်းတစ်ခန်းစီပါတဲ့ နှစ်လွှာ တိုက်တစ်လုံး ရှိတယ် ဆိုပါတော့... မင်း ဒုတိယလွှာရဲ့ အခန်းထဲကနေ ထွက်လာတဲ့ အချိန်မှာ ငါက အောက်ထပ်မှာ နောက်ထပ် အလွှာတစ်ထပ် ထပ်ဆောက်လိုက်မယ်...ပြန်စဥ်းစားကြည့်လိုက်ရင် ဒုတိယလွှာက တတိယလွှာ ဖြစ်နေပြီ... ပထမလွှာရဲ့ အခန်းတွေက ဒုတိယလွှာမှာ ဖြစ်သွားမယ်"


ဤဥပမာက အမှန်တော့ မကောင်းပေ။ ဖက်တီးမှာ ထိုစကားကို နားမလည်နိုင်စွာ ကြားလိုက်ရပြီး လက်နှစ်ချောင်းကို ဆန့်တန်းကာ စဉ်းစားလိုက်ရသည်။ 


“တစ် နှစ်၊ နှစ်တစ်၊ တစ်နှစ်တစ်... ငလူးတဲ့! ဘာတစ်နှစ်သုံးတွေတုန်း? မင်း များများပြောလေ ငါ ပိုစိတ်ရှုပ်လာလေပဲ!" 


ဝူရှဲ နားလည်သွားသည်။ ဦးလေးသုံးရဲ့ စကားထဲက ဓာတ်လှေကားဆိုတဲ့ စကားလုံးရဲ့ ဆိုလိုရင်းက ဒီလိုဖြစ်နေတာကိုး။ ဒီလျှို့ဝှက်ချက်တွေကို သူပြောပြနေတုန်း မျက်နှာသေရဲ့ စိတ်ထဲမှာ ပထမဆုံး ပေါ်လာတာက ဒီစကားလုံးပဲ ဖြစ်နေတာပဲ။ ဝူရှဲ သက်ပြင်းချလိုက်ပြီး တစ်ချိန်တည်းမှာ တုန်လှုပ်သွားမိပြန်သည်။ 


မထင်မှတ်ဘဲ ကျိုးကြောင်း ဆီလျော်မှုတွေက ၂ခု ဖြစ်နေသည်။ ဒီလို ယန္တရားစက် ဖွဲ့စည်းပုံသည် ရှုပ်ထွေးခြင်း မရှိဘဲ ကလေးများကိုသာ လှည့်ဖြားနိုင်သည့် ယန္တရား တစ်ခုအဖြစ်သာ မှတ်ယူနိုင်သည်။


ဖက်တီးက တကယ် နားမလည်တာကို တွေ့တော့ ပြန်ရှင်းပြလိုက်သည်။ အဲဒါမှ သဘောပေါက်သွားတယ်။ ရုတ်တရက် သူစိတ်ဝင်တစား ပျောက်သွားပြီး 


"လတ်စသတ်တော့ ဒီလိုကိုး... တကယ်ကြီး ရိုးရှင်းတာပဲ... ငါက ပိုကြီးတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ရှိမယ်လို့ ထင်နေတာ...နောက်ဆုံးတော့ ဒါ​လေးပဲပေါ့"


ဝူရှဲ တိတ်တိတ်လေး ရှက်သွားခဲ့သည်။ သူဆိုတာဟာ မူလက ဗိသုကာပညာကို လေ့လာခဲ့ပြီး ဒီယန္တရာ အဖွဲ့အစည်းမျိုးဟာ ဗိသုကာပညာနယ်ပယ်မှာ ရှိနေခဲ့တာကို လုံးဝကို သတိမထားမိခဲ့ဘူး။ သူ့ကိုယ်သူ သေသေချာချာ ပြန်သုံးသပ်သင့်ပြီ ထင်ပါရဲ့။


မျက်နှာသေရဲ့ အမူအရာမှာ သတိပေါ့လျော့ မသွားဘဲ တံခါးဘောင်ကို သေချာစစ်ဆေးပြီးနောက် ရေကိုကြည့်ရန် လျှောက်လာခဲ့သည်။ သူအပြုအမူကို ကြည့်ပြီး ဝူရှဲလည်း မထင်မှတ်ထားသော အရာတစ်ခု ရှိနေပုံပေါ်တယ်လို့ ထင်တာကြောင့် မေးကြည့်လိုက်သည်။


"ဘာလို့လဲ? ပြဿနာ ရှိသေးလို့လား?"


သူက ခေါင်းညိတ်ပြီး ပြောလာခဲ့၏။ 


"ဦးလေးသုံး ပြောခဲ့တဲ့ စကားနဲ့ ငါတို့ရဲ့ အတွေ့အကြုံကြားမှာ ကြီးမားတဲ့ ကွဲလွဲမှုတစ်ခု ရှိနေနိုင်တယ်.... အဲဒါကို မင်းတို့ သတိထားမိလိုက်လားလို့ တွေးနေတာ"


ဝူရှဲ သူ့ကို သံသယနဲ့ ကြည့်လိုက်မိသည်။ တကယ်တော့ သူပြောတဲ့ စကားက နည်းနည်းတော့ မသင့်တော်ဘူးလို့ ခံစားမိပေမယ့် ဘယ်နေရာလဲ ဆို​တာကို တွေးလို့ မရချေ။ မျက်နှာသေက ပြောလာ၏။


"ဦးလေးသုံးက အခန်းထဲမှာပဲ အိပ်နေပြီး အပြင်ကို မထွက်ခဲ့ဘူးလို့ ပြောတယ်... အခန်းက ဘယ်လိုပဲ ပြောင်းသွားပါစေ သူအဲ့တုန်းက ရှိနေခဲ့တဲ့ အခန်းက ဒီအခန်းပဲ ဖြစ်နိုင်တယ်... ဆိုတော့ ဘယ်လိုပြောင်းသွားတာလဲ?"


ဒီကိစ္စသည် အမှန်တကယ် သံသယဝင်စရာ ရှိကြောင်း ဝူရှဲလည်း ခံစားမိသည်။ မျက်နှာသေက ဆက်ပြောလာ၏။


"ဒါ့​အပြင် ရှေးခေတ် ဂူသင်္ချိုင်းအတွင်းက နားခန်းတွေက အမြဲတမ်း အချိုးညီညီ ဆောက်ထားတာ... အခန်းတစ်ခန်းတည်းတော့ မရှိနေနိုင်ဘူး.. ယုတ္တိဗေဒအရ ပြောရရင် ငါတို့ရဲ့ ဆန့်ကျင်ဘက်မှာ တခြားအခန်းတွေ ရှိနေနိုင်တယ်"


သူတို့စင်္ကြံ လမ်းထဲသို့ လျှောက်သွားကာ ဓာတ်မီးတစ်ချောင်းကို ကောက်ယူ ကြည့်လိုက်ရာ တစ်ဖက်ခြမ်းတွင် အဖြူရောင် ကျောက်စိမ်း အုတ်နံရံတစ်ခုသာ ရှိ၍ တံခါးမရှိပေ။ မျက်နှာသေက အုတ်နံရံမှာ ရှိတဲ့ အက်ကွဲကြောင်းတွေထဲကို သူ့ရဲ့ လက်နှစ်ချောင်းနဲ့ ဖိပြီး ဆယ်မိနစ်ကျော်ကျော်လောက် လမ်းလျှောက်လာခဲ့သည်။


အုတ်နံရံကို လှမ်းထိလိုက်ရင်း သူက ခေါင်းကို ခါယမ်းလိုက်၏။ ကြည့်ရတာတော့ ဒီအုတ်နံရံက တကယ်မာကျောတဲ့ ကျောက်တွေနဲ့ ဆောက်ထားတာ ဖြစ်နိုင်သည်။ 


ဖက်တီးက စိတ်မရှည်တော့ဘဲ ဝင်ဆိုလာခဲ့သည်။ 


"နားခန်းအတွက် ဂရုမစိုက်တော့နဲ့... အခုထိ ထွက်လမ်းကို မတွေ့သေးဘူး... ဘာဖြစ်နေတယ် ဆိုတာ သိရင်တောင် သေလမ်းနဲ့ နီးလာတာပဲ အဖက်တင်တယ်"


ဖက်တီး ပြောတာကလည်း အဓိပ္ပာယ် ရှိလှသည်။ ဝူရှဲလည်း ဦးလေးသုံးတစ်ယောက် ဘယ်လို နည်းလမ်း​တွေနဲ့ အကြိမ်တိုင်း လွတ်သွားနိုင်လဲ ဆိုတာကို သက်ပြင်းချလိုက်ပြီး တွေးကြည့်မိတော့သည်။


ဦးလေးသုံး ဒုတိယအကြိမ် ရေထဲက ထွက်လာတော့ အသက်ရှူကိရိယာတွေ မပါလာတော့ပေ။ ဆိုတော့ သူက အသက်ရှု အကြပ်ခံပြီး ရှေးခေတ် သင်္ချိုင်းတွင်းကနေ ကူးခတ်လာခဲ့တာလား။


ဦးလေးသုံး ကြုံဖူးတဲ့ အကြောင်းအရာတွေထဲမှာ သူ မသိ​သေးတာ တစ်ခုခု​တော့ ရှိချင်ရှိမယ် ဒါပေမဲ့ အဲဒီလူအိုကြီးက သူ့ကို ဘာမှ မပြောခဲ့ဘူးလေ။


ဦးလေးသုံးရေ ဦးလေးသုံး။ ဦးလေး တွန့်တိုပြီး မပြောပြခဲ့တဲ့ စကားလုံးတွေကြောင့် ဦးလေးရဲ့ တူ ပင်လယ်အောက်ခြေက ဆယ်မီတာကျော် နက်တဲ့ နေရာမှာ သေရတော့မယ်နော်။ 


သူတို့နှစ်ယောက်လုံးလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ အားလုံးကို တွေးနေပုံပေါ်သည်။ ဝူရှဲလည်း စိတ်ထဲမှာ တွေးလိုက်မိ၏။ တကယ်တော့ ရှေးဟောင်း သင်္ချိုင်းထဲကနေ ရုန်းထွက်ဖို့ နည်းလမ်း အနည်းငယ်ပဲ ရှိသည်။ ပထမအချက်က မူလလာရာ လမ်းအတိုင်း ပြန်သွားဖို့က ဒါကတော့ လုံးဝ မဖြစ်နိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ 


ဒုတိယအနေနဲ့က မူလလက်သမား ဆရာတွေ ချန်ထားခဲ့တဲ့ လျှို့ဝှက်လမ်းကြောင်းကို ရှာဖွေဖို့ပဲ ဖြစ်ပါသည်။ ဒါဟာ တစ်ဝက်တစ်ပျက် ဖြေရှင်းချက် ဖြစ်ပြီး လက်တွေ့ဆန်တာတော့ မဟုတ်ချေ။ သင်္ဘောပျက်လို ပင်လယ်အောက်ခြေမှာ မြှုပ်နှံထားတာကြောင့် ပင်လယ်ပြင်မှာ နစ်မြုပ်နေတဲ့ သင်္ချိုင်းတစ်ခုလုံးကို ပြုပြင်လိုက်ရင် ပင်လယ် အောက်ခြေအထိ နစ်မြုပ်သွားနိုင်သည်။ ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင် ပင်လယ်ထဲကို မလွဲမသွေ ရောက်သွားမှာ ဖြစ်ကာ ရေသည် ယင် နှင့် ယန်ကို သီးခြားခွဲထုတ်ရန် အဆင်ပြေဆုံး ကြားခံဖြစ်လာနိုင်သည်။


တတိယအချက်မှာ အတုံးအဆုံး လှည့်ကွက်ဖြစ်သည်။ အဲဒါက တိုက်ရိုက် ဖောက်ထွက်လိုက်ဖို့ပါပဲ။ ဝူရှဲ သင်္ချိုင်းရဲ့ မျက်နှာကျက်ထိပ်ကို မျှော်ကြည့်လိုက်တော့ အုတ်ခဲတွေပဲ တွေ့လိုက်ရ၏။ ဝူရှဲ သက်ပြင်းသာ ချလိုက်ရလေသည်။ သူတို့ တူးနိုင်ရင်တောင် ကြီးမားတဲ့ ပရောဂျက်ကြီး ဖြစ်နေတုန်းပဲ။


အရိုးရှင်းဆုံး ဗိသုကာ အခြေခံမူများကို လိုက်နာပါက အမိုးရဲ့ထိပ်ဟာ ဘယ်လိုပုံစံ တည်ဆောက်ထားတယ် ဆိုတာ သိနိုင်ဖို့ ဒီပင်လယ်အောက်က ဂူသင်္ချိုင်းကို ကိုယ်တိုင် ဒီဇိုင်းဆွဲ​ကြည့်ရန် ကြိုးစားရလိမ့်မည်။ 


အခုသေချာတာ တစ်ခုကတော့ အုတ်တွေချည်းပဲ သုံးပြီး လေလုံအောင် တည်ဆောက်လို့ မရဘူး ဆိုတာပါပဲ။ အုတ်တွေရဲ့ အက်ကွဲကြောင်းတွေကြားမှာ အဖြူရောင် အင်္ဂတေတွေကို သုံးပြီး အလုံပိတ်ထားရမယ်။ သစ်သား ပျဉ်ပြားပေါ်မှာ မီးဆေး အလွှာပေါင်းများစွာကို ရေစိုခံ အလုံပိတ်အလွှာအဖြစ် အပေါ်ဆုံး အလွှာမှ စတင်သုတ်ရမည်။ 


ဒါကို တွေးရင်း ဝူရှဲ ရုတ်တရက် စိတ်ကူး အကြံဉာဏ်တွေ ပေါ်လာခဲ့သည်။ အရမ်းရဲရင့်တဲ့ အစီအစဥ်တွေ ရှိနေပြီလို့ တွေးရင်း စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။


"တကယ်တော့ ငါတို့ ကြောက်နေစရာ မလိုပါဘူး.... ဒါက ပင်လယ်​​ရေပြင်နဲ့ ဆယ်မီတာပဲ ဝေးတယ်လို့ ငါ ခန့်မှန်းမိတယ်။ ဒီသင်္ချိုင်းက ဓာတ်လှေကားလို ယန္တရားနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ဒီဇိုင်းထုတ်ထားတာ.... အရမ်းမြင့်ပြီး သင်္ချိုင်းထိပ်က ပင်လယ်ရေပြင်နဲ့ သိပ်မဝေးလောက်ဘူး အဲဒါက အလုပ်မဖြစ်ရင် တိုက်ရိုက်တူးလို့ရတယ်.... ပင်လယ်ရေ အထက်က ရေက သိပ်မနက်ဘူး... ဒီကိုရေကျလာရင် သင်္ချိုင်း မပြိုကျသွားသေးသရွေ့ အပေါ်ထပ်ကနေ ထွက်ဖို့ အခွင့်အလမ်း ရှိသေးတယ်”


ဖက်တီးက သူ့လက်ကို ဝှေ့ယမ်းပြီး ပျင်းရိစွာနဲ့ ပြောလေ၏။ 


"ငါတို့ဝင်လာတုန်းက ဘာကိရိယာမှ မယူလာဘူးလေ.. ဒါတွေ အကုန်လုံးက ကျောက်အုတ်တွေနဲ့ လုပ်ထားတာ.... တူးထုတ်ဖို့ ငါတို့ ဘာကို သုံးမှာလဲ? လက်ကို သုံးရမှာလား?"


"အဲဒါကို မင်း နားမလည်တာ... သင်္ဘောပျက်နဲ့ ပင်လယ်ရေအောက် သင်္ချိုင်းအတွင်းက အုတ်အများစုက အခေါင်းပေါက်တွေလို ဖြစ်​နေလို့ ကြေမွနိုင်သလို အလွယ်တကူ ကျိုးသွားနိုင်တယ်... ငါတို့ သတ္တုပစ္စည်း တချို့ရှာပြီး အကြိမ် နည်းနည်းလောက် ခပ်ပြင်းပြင်းလေး ခေါက်နေသမျှ ကာလပတ်လုံး သေချာပေါက် ပေါက်သွားလိမ့်မယ်... အဲဒီအခါကျရင် ငါတို့ထွက်ဖို့ အခွင့်အလမ်း ရှိပြီ"


ဖက်တီးက ဒါကိုကြားတော့ ဝမ်းသာအားရနဲ့ တုံ့ပြန်လာ၏။ 


“ဟေး... အဲဒီနည်းလမ်းက နားထောင်ကြည့်တော့လည်း အလုပ်ဖြစ်ပုံပဲ...အလုပ်မှာ အနှောက်အယှက် မဖြစ်ရအောင် ကိရိယာတချို့ကို ရှာပြီး တူးလိုက်ရုံပဲမလား.... ဒီသင်္ချိုင်းက အရမ်းကြီးတယ် ပင်မသင်္ချိုင်းမှာတော့ အထဲမှာ သင်္ဂြိုဟ်ထားတဲ့ ကြေးအိုး ဒါမှမဟုတ် တစ်ခုခုတော့ ရှိရမယ်" 


ဖက်တီးကတော့ အစောက သဘောထား အတိုင်းပါပဲ။ သူကိုယ်တိုင်သာ ဆိုရင်တော့ သေလောက်ပြီ။ ဒီလိုအတွေးမျိုး ဝင်လာမိမှာတောင် မဟုတ်ဘူး။ ဒါပေမဲ့ မျှော်လင့်ချက် အလင်းတန်းတွေ ရှိနေတယ်ဆိုတာ သိတာနဲ့အမျှ ဝူရှဲဆိုတဲ့ သူလည်း သူ့ဉာဏ်ပညာတွေ အားလုံးကို စုစည်းထားမိလိမ့်မယ်။


ဝူရှဲရဲ့ ဦးနှောက်လည်း အရမ်းမြန်ဆန်စွာ အလုပ်လုပ်နေပြီး ဒီတွင်းကို ဘယ်လို ဖန်တီးရမလဲ ဆိုတာကို စဥ်းစားနေတော့သည်။ ကောလိပ်မှာ ဗိသုကာပညာကို လေ့လာခဲ့တာကြောင့် ဒီလိုအရာတွေနဲ့ အရမ်းရင်းနှီးခဲ့၏။ သေချာစဉ်းစားပြီးမှ ကဏ္ဍပေါင်းစုံက အခြေအနေတွေ ပြည့်စုံနေသမျှ ကာလပတ်လုံး ဒီအပေါက်ကနေ ဒီရေတက်ချိန် မိနစ်အနည်းငယ် အတွင်းမှာ ဒါဇင်နဲ့ချီပြီး ရေတွေဝင်လာရင် ထွက်ပြေးဖို့ အခွင့်အလမ်းကောင်း ရှိလာနိုင်သည်။ 


ထို​အချိန်တွင် မျက်နှာသေက ဝင်ပြောလာခဲ့သည်။ 


"ဒီရေမတက်ခင် အချိန်အတော် ကျန်နေသေးတယ်... ဒီထဲက အောက်ဆီဂျင်တွေ အဲဒီအချိန်အထိ ခံနိုင်မလားဆိုတာ မသိနိုင်ဘူး.... အားလုံးက ဘုရားရှင်ရဲ့ အလိုတော် အပေါ်မှာ မူတည်သွားပြီ"


ဖက်တီးလည်း ခုန်ထပြီး ပြောလိုက်သည်။ 


"fu*k.... ဒီရေကျလား တက်လားဆိုတာ အရင် ဆုံးဖြတ်ဖို့ တစ်ယောက်​ယောက်ကို ရှာပေးရမလား? ဒီလို​နေရာမျိုးမှာ အသက်ရှူကျပ်ဖို့ အရမ်း စိတ်ပျက်ဖို့ ကောင်းတယ်နော်... အဲဒီလို အဖြစ်ခံမယ့်အစား ငါတော့ ဖုတ်ကောင်တစ်ကောင်ကို သွားရှာပြီး အပိုင်းပိုင်း အကိုက်ခံရပြီးသာ သေလိုက်ချင်တယ်!"


ဝူရှဲ အစကတော့ ဖက်တီးကို ပြောပြချင်ခဲ့သည်။ သူတို့ခေါင်းပေါ်က ရေက အနည်းဆုံး 2 မီတာ နက်လိမ့်မယ်။ ဒီရေမတက်ဘဲ တူးလိုက်ရင် ရေက တချက်တည်းနဲ့ တဟုန်ထိုး ထိုးကျလာမှာမလို့ အပေါ်ကို ကုတ်တက်ဖို့ နေနေသာသာ ရေကူးဖို့တောင် အချိန်ယူရလိမ့်မယ်။ 


အခုလို ကြီးမားတဲ့ သင်္ချိုင်းကြီး တစ်ခုလုံးကို ရေပြည့်သွားဖို့ မိနစ်အနည်းငယ်သာ ကြာသွားနိုင်သည်။ ဒါပေမဲ့ ဝူရှဲလည်း သူ့ကို စိတ်ဓာတ် မကျစေချင်ပေ။ အခုလောလောဆယ် ဖက်တီးရဲ့ စိတ်ဓာတ်တွေက မြင့်မားနေတာကို သူမြင်နေရတယ်လေ။ 


သူတို့ သုံးယောက် ပစ္စည်းတွေ ထုပ်ပိုးပြီး စင်္ကြံလမ်းမပေါ် လျှောက်သွားကြသည်။ စင်္ကြံကျောက်တံခါးကနေ ထွက်လာတာနဲ့ပဲ ငါတို့ သုံးယောက် တပြိုင်တည်း အံ့ဩသွားကြ၏။ ဖက်တီးက ဆိုလာခဲ့သည်။ 


"ဒီနေရာက တော်တော်တော့ ဆိုးဝါးလာပြီ!"


အုတ်တံတိုင်း တစ်ခု ရှိခဲ့ဖူးသော သူတို့ရှေ့က နေရာမှာ တံခါးတစ်ခု ပေါ်လာခဲ့သည်။ လက်နှိပ်ဓာတ်မီးကို ထွန်းလိုက်ရာ တံခါးအတွင်း၌ ကြီးမားသော ရွှေရောင် သစ်သား ခေါင်းတလားကို တွေ့လိုက်ရသည်။