(19)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (19)

ကြွေအိုးကြီး



အလောင်းကောင်ဖယောင်းသည် များ​သောအားဖြင့် ရေထဲ သို့မဟုတ် စိုစွတ်သော မြေတွင် မြှုပ်နှံထားသော အလောင်းကောင် ဖြစ်သည်။ ဖယောင်း ဟုခေါ်ဆိုရခြင်းမှာ အလောင်း၏ ခန္ဓာကိုယ်အတွင်း၌ အဆီနှင့် သတ္တုဓာတ်များကို ပေါင်းစပ် ဖွဲ့စည်းထားသောကြောင့်သာ။


ခြေရာတွေကို လိုက်ကြည့်တော့ အပြာရောင် တိမ်နဂါး ကြွေထည် အကြီးကြီးရဲ့ အနောက်က အခန်းထောင့်အထိ ပြန့်ကျဲသွားတာကို တွေ့လိုက်ရသည်။ ဝူရှဲ နှလုံးခုန်သံက ရုတ်တရက် ဆောင့်ခုန်သွားလေသည်။ 


လူတွေ ပြောကြတဲ့ စကားတစ်ခွန်း ရှိ၏။ ငရဲမင်းကြီးကို ပြန်ပို့ရတာ လွယ်ပေမယ့် ကလေးသရဲကတော့ ထိန်းရခက်လှသည်တဲ့။ ဒီနေရာမှာ အသက်မပြည့်သေးတဲ့ ကလေးဖုတ်ကောင် တစ်ကောင်နဲ့ တွေ့နေတာလား? ဝူရှဲ ခြေရာတွေကို သေချာကြည့်ရင်း ဖက်တီးအား ဆိုလိုက်သည်။ 


"ကြည့်လိုက်... ဒီခြေရာတွေက ဒီဘက်ကို ပြန်မလာသေးဘူး... ဆိုတော့.."


သူ့စကားတဝက် အရောက်မှာပဲ ဖက်တီးက သူ့လက်ကို ဝှေ့ယမ်းပြီး စကားမပြောဖို့ အချက်ပြလာခဲ့သည်။ ဝူရှဲ လှည့်ကြည့်လိုက်တော့ ကြွေအိုးကြီး တစ်လုံးက ရုတ်တရက် သူ့ဘာသာသူ တုန်ခါသွားတာကို တွေ့လိုက်ရသည်။ 


“အဲ့ကောင် အဲဒီနောက်မှာ ပုန်းနေတုန်းပဲ” 


ဖက်တီးက တိုးတိုးလေး ပြောလာခဲ့သည်။


ထိပ်ပြောင်ကျန်းမှာ သူ့ခန္ဓာကိုယ်ရ ကိရိယာ တစ်ဝက်ကို ချွတ်ထားသော်လည်း သူ့ခါးမှာ ပတ်ထားသော ခါးပတ်ကိုတော့ မချွတ်ရ​​​သေးပေ။ ယခုတော့ သူ ရိုးရိုးရှင်းရှင်း မဖြုတ်တော့ဘဲ အောက်ဆီဂျင်ဘူးကို ယူလာကာ ဖက်တီးအား မေးလိုက်သည်။ 


"ဘာဖြစ်တာလဲ"


ဖက်တီးက သူ့အား စိတ်အနှောင့်အယှက် အဖြစ်စေဆုံး ဖြစ်သည့် ထိပ်ပြောင်ကျန်းအား တစ်ဖက်က ကျိန်ဆဲရင်း တစ်ဖက်ကလည်း ပြောလိုက်သည်။ 


"ဖုတ်ကောင်!"


"ဖုတ်ကောင်? ကြွေထည်ထဲ ထည့်မြှုပ်ထားတဲ့ ဖုတ်ကောင် ကျုံးကျီလား?"


ဖက်တီးက ခေါင်းခါပြပြီး သူ့ကို လျစ်လျူရှုလိုက်သည်။ ဝူရှဲလည်း ဝင်မေးလိုက်၏။ 


"ဒီလို ဖုတ်​ကောင် သေးသေးလေးကို ငါ တစ်ခါမှ မမြင်ဖူးဘူး... မင်း သေချာရဲ့လား"


“ငါလည်း အဲဒီကောင်က ဖုတ်ကောင်ဟုတ်မဟုတ် မသေချာဘူး...ဘာပဲဖြစ်ဖြစ် ငါတို့ သွားကြည့်ရသေးတာပဲလေ မဟုတ်ရင် ဘေးဥပဒ်တွေ ဖြစ်လိမ့်မယ်... ဒီတိုက်ပွဲမှာ မအောင်မြင်ရင် အဆင်မပြေဘူးကွ!” 


သူပြောသလိုပဲ သူ့လက်ထဲက လေသေနတ်ကို ကောက်ကိုင်လိုက်သည်။ ဝူရှဲကတော့ သူ့စိတ်ထဲကနေ မသွားဘူးလို့ အော်ဟစ်ရင်း ခေါင်းကို ခါယမ်း​ပြလိုက်သည်။


ဖက်တီးလည်း သက်ပြင်းချလိုက်ပြီး ထိပ်ပြောင်ကျန်းကို ခေါ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ ထိပ်ပြောင်ကျန်းမှာ ပထမဆုံးအကြိမ် တိုက်ပွဲဝင်ရမယ် ဆိုတာကြောင့် အလွန် စိတ်လှုပ်ရှားသွားသည်။ သူက ချက်ချင်းပင် ဖက်တီးအတိုင်း အတုယူကာ အဖြူအပြာ ကြွေအိုးကြီးဆီ လမ်းလျှောက်သွားခဲ့သည်။ 


ဝူရှဲ ကြောက်နေပေမယ့် မိန်းက​လေးရှေ့မှာ အရမ်းရဲဘောကြောင်တဲ့ အပြုအမူမျိုး မလုပ်နိုင်တာကြောင့် ထိပ်ပြောင်ကျန်းရဲ့ အနောက်ကနေ ဟန်ဆောင်လိုက်ရင်း ဂရုတစိုက် ကြည့်နေ၏။ 


သူတို့ ​တစ်ခုခု ရုတ်တရက် ခုန်ထွက်လာမှာကို ကြောက်လို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့ကြသည်။ ဖက်တီးက ဓာတ်မီးကို အရင်ဆုံး လင်းထိန်သွားအောင် ထွန်းလိုက်သည်။ ကြွေအိုးကြီးကြီးက ကြီးလွန်းတော့ သူ့အနောက်ကို ဘာမှ မမြင်ရပေ။ သူက လေသေနတ်နဲ့ ဟိုထိုးဒီထိုး ထိုးကြည့်နေသေး၏။


ဖက်တီးပုံစံကို ကြည့်ရင်း ဝူရှဲလည်း သူငယ်ငယ်တုန်းက ပိုးကောင်တွေ လိုက်ဖမ်းရင်း ကစားတဲ့ လှုပ်ရှားမှုနဲ့ အတော်လေး တူလှသည်။ သို့သော် သူဖက်တီးကို မလှောင်ရဲချေ။ ဖက်တီးက ငါးကြိမ် ခြောက်ကြိမ် ထိုးကြည့်ပြီးတော့ နောက်မှာ ဘာတစ်ခုမှ မရှိတော့သလို ခံစားရခါမှ ဆက်လျှောက်လှမ်းဖို့ သတ္တိရှိသွားသည်။ သူက ချက်ချင်း လျှာကို ကိုက်ကာ ကျိန်ဆဲလိုက်​​တော့သည်။ 


"သောက်ချီးတဲ့မှ! ငါကတော့ အရမ်းစိတ်တွေ လှုပ်ရှားနေတာ လတ်စသတ်တော့ သေတ္တာလေးတစ်လုံးပဲ!!"


ဝူရှဲတို့လည်း နောက်ကနေ ပြေးလာကြည့်တော့ တယောသေတ္တာ အရွယ်သာရှိပြီး ဖီးနစ်ရုပ်နှစ်ကောင်ပါတဲ့ ကလေးအခေါင်းကို တွေ့လိုက်ရသည်။ ခေါင်းတလားရဲ့ အဖုံးက ဖွင့်ထားပြီး ဘေးဖယ်ထားကာ အလောင်းကတော့ မရှိတော့​ပေ။ ဖက်တီးကောင်က သေတ္တာပဲလို့ ထင်နေတာ အံ့သြစရာတော့ မဟုတ်ပေ။ 


ထိုအခါ ဝူရှဲက


"ဒါက သေတ္တာ မဟုတ်ဘူး... ခေါင်းတလား"


ဖက်တီးက ခဏတာ မယုံနိုင်စွာဖြင့် ငြိမ်ကျသွားပြီးမှ သဘောပေါက်လာခဲ့သည်။ 


"ဒါက ဖုတ်ကောင်းကလေးရဲ့ ခေါင်းတလားလား?"


ဝူရှဲ ခေါင်းတညိတ်ညိတ်နဲ့ အနီးကပ် ကြည့်လိုက်တော့ ခေါင်းတလားထဲမှာ အပေါက်ပေါင်းများစွာ ထိုးဖောက် ခံထားရတာကို တွေ့လိုက်ရသည်။ ကြည့်ရတာတော့ အဲဒီ အပေါက်တွေထဲကနေ မြေပြင်အထိ အရည်တစ်ခုခု ထွက်လာခဲ့ပုံရ၏။ သူ့အဘိုးကလည်း ထိုအကြောင်းကို မှတ်စုများတွင် ထည့်သွင်း ဖော်ပြထားဖူးသလိုပင်။


ဖက်တီးက ဓာတ်မီးဖြင့် အတွင်းအပြင်ကို ဂရုတစိုက် ကြည့်ကာ ဝမ်းနည်းစွာ သက်ပြင်းချကာ 


"ဒီအခေါင်းရဲ့ သတ်မှတ်ချက်တွေကို ကြည့်လိုက်ရင် ဒီကလေးမှာ ကောင်းတာတွေ အများကြီး ရှိမယ်ဆိုတာ ငါသိ​​နေတယ်... အလောင်းက ဘယ်ကို ထွက်ပြေးသွားမှန်း မသိတာ နှမြောစရာပဲ... မဟုတ်ရင်တော့ နည်းနည်းလေး ဖိလိုက်တာနဲ့ ကြေမွသွားပြီး ပုတီးစေ့လေးတော့ ရနိုင်လောက်တယ်"


ဝူရှဲကလည်း ခေါင်းတညိတ်ညိတ်နဲ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတဲ့ ကလေးတွေ ဒါမှမဟုတ် သူတို့နဲ့အတူ သင်္ဂြိုဟ်ခံရတဲ့ ကလေးတွေဟာ သူတို့ရဲ့ ခေါင်းတလားထဲမှာ ပစ္စည်းတွေ အများကြီး ရှိတတ်ပြီး အများစုကတော့ သူတို့ကိုယ်ပေါ်မှာ သယ်ဆောင် သွားတတ်ကြသည်။ အထူးသဖြင့် သူတို့နဲ့အတူ သင်္ဂြိုဟ်တဲ့ ကလေးတွေရဲ့ ဝမ်းဗိုက်တွေထဲမှာ အဖိုးမဖြတ်နိုင်တဲ့ ပိုးသတ်ဆေးပုတီးတွေ ရှိတတ်သည်။ 


အလောင်း ဘယ်​ရောက်သွားလဲ ဆိုတာကို လှည့်ပတ် ရှာကြည့်မိပေမယ့် အခေါက်ခေါက် အခါခါ ရှာကြည့်တာတောင် အပိုင်းအစလေးပင် မရှိတော့ပေ။ ​အရင်က ဂူဖောက်တဲ့ လူတွေအရင် လက်ဦးသွားတာလည်း ဖြစ်နိုင်ပေသည်။ 


ဖက်တီးမှာ ခေါင်းတလားထဲကိုတောင် အလွတ်မပေးချင်ဘဲ သိမ်းချင်နေရာ ဝူရှဲလည်း မသင့်တော်ဘူးလို့ ခံစားမိတဲ့အတွက် ဖက်တီးကို ဆွဲကိုင်လိုက်ပြီး 


"ဒီအခေါင်းက တခြားအခေါင်းတွေနဲ့ မတူဘူး.... လူသတ်နိုင်ရုံတင် မဟုတ်တာ သေချာတယ် မကိုင်တာ ပိုကောင်းပါတယ်"


ဖက်တီးက ပြုံးပြီး 


"အလောင်းကဖြင့် ရှိတောင် မရှိတော့ဘူး...ဒီအခေါင်းက ငါ့ကို ခုန်ပြီး ကိုက်လာမှာကိုတောင် မင်းက ကြောက်နေသေးတာလား"


ထိုစဥ် အားနင်က ဝင်ပြောလာခဲ့သည်။ 


"ကျွန်မတို့ဒီကို လာရတဲ့ ရည်ရွယ်ချက်က မရဏလက်နက်​တွေကို ထုတ်ဖို့ မဟုတ်ဘူး.... ကျွန်မတို့အဓိက သင်္ချိုင်းအခန်းကို မြန်မြန် သွားသင့်တယ်....အချိန်မဖြုန်းနဲ့ မြန်လေကောင်လေပဲ... "


ဖက်တီူက သူ့အမှားကို သိပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး သူဘာမှ မလုပ်နိုင်ဘူးလေ။ ရေငုပ်ကိရိယာတွေကို အရင်ထုပ်ပိုးပြီး နေရာတကျ စီဥ်ထားလိုက်သည်။ ဖက်တီးက သူ့ကျောပိုးအိတ်ကို လွယ်ရင်း ဝူရှဲဘက်ကို ရုတ်တရက် ကြည့်လာခဲ့သည်။ သူ့ပါးစပ်လှုပ်သွားပေမဲ့ စကားရပ်သွားကာ သူ့မှာ ပြောစရာရှိပုံရပေမဲ့ ပြောဖို့နည်းနည်း ရှက်သွားသလိုပင်။


ဝူရှဲ ကျိန်ဆဲလိုက်ပြီး


"မင်း ပြောစရာရှိတာကို ပြော! ဘာကိစ္စလဲ?"


"မင်းတို့ပြောကြည့်! ဖုတ်ကောင်လေးက နံဘေးက ကြွေအိုးကြီးထဲကို တွားသွား တက်သွားနိုင်လိမ့်မယ်လို့ ထင်လား?"


ဝူရှဲလည်း ကြွေအိုးကြီးကို ကြည့်လိုက်တော့ ဒါက တကယ် ဖြစ်နိုင်တာပဲလို့ တွေးလိုက်မိသည်။ ဖက်တီးက အနည်းငယ် မျက်ရည်ကျတော့မယ့် ပုံနဲ့။


"အစောတုန်းက ငါအိုးဘက်က ထွက်လာတဲ့ အသံကို ကြားလိုက်ရတယ်....ကြည့်ရတာ အိုးအတွင်းထဲက ထွက်လာပုံပဲ ... ဖုတ်ကောင်က ကြွက်မဟုတ်ဘူးလေ.. အဲဒါ​ကြောင့် ငါထင်ခဲ့တာ သူက အိုးထဲကို ဘယ်လိုဝင်သွားတာလဲပေါ့? ငါကြားတာ မှားတယ်လို့ ထင်မိပေမယ့် အခုငါက ပေါ့ပေါ့ပါးပါး ပြောလိုက်ရုံပဲနော် တခြား ရည်ရွယ်ချက် မရှိဘူး"


ဝူရှဲလည်း ဖက်တီးတို့က အလောင်းပေါ်က ရတနာတွေ အကြောင်း တွေးနေသေးတာ သိလိုက်သည်။ ဒါကြောင့် သူ့ကို ရွဲ့စောင်းပြီး ပြောလိုက်ချင်ပေမယ့် အဲဒီအချိန်မှာ ကြွေအိုးကြီးဟာ ရုတ်တရတ် ဗြုန်းခနဲ မြေပြင်ပေါ် ပြုတ်ကျသွားတော့သည်။ 


ဝူရှဲခမျာ ဒါက ဖက်တီးပြောလို့များ ဖြစ်သွားတာလားလို့ တွေးလိုက်မိလေ၏။


သူတို့လေးယောက်လုံး တိတ်ဆိတ်သွားပြီး ကြွေအိုကြီးဘက်ကို ထိတ်လန့်တကြား ကြည့်နေကြသည်။ အိုးသည် အကြိမ်အနည်းငယ် စက်ဝိုင်းပုံသဏ္ဌာန် လှည့်ပတ်ပြီး “ဂယက်”ဟူသည့် အသံဖြင့် သူတို့ဆီသို့ လှိမ့်ဝင်လာ​တော့သည်။




ဘာသာပြန် - ဖက်တီး အခုတုန်းတော့ ထိပ်ပြောင်ကျန်းကို လျစ်လျူရှုထားဦးပေါ့ကွာ