(27)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ခုနှစ်စင်ကြယ်နန်းတော်


Chapter (27)

လိမ်​နေတယ်



ဒီစကား ထွက်လာတာနဲ့ တပြိုင်နက် ဝူရှဲ စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာပြီး တစ်ခုခုကို သဘောပေါက်သွားသလိုဖြင့် မေးလိုက်သည်။


"ဒါဆို ဒီလူနှစ်ယောက်က နောက်ဆုံးအခိုက်အတန့်မှာ လူချင်းလဲခဲ့တာလား?" 


မျက်နှာသေက ခေါင်းညိတ်ပြပြီး အလောင်းကို ကြည့်လိုက်သည်။ 


"ဒီလူက ဘုရင်လုရှန်ရဲ့ အစွမ်းအစကို အသုံးချပြီး သူ့ရဲ့ မသေနိုင်တဲ့ ပန်းတိုင်ကို ရောက်အောင် တမင်တကာ ကြိုးစားနေခဲ့တာ"


"ဒါကို ခင်ဗျားက ဘယ်လိုလုပ် သိတာလဲ? ခင်ဗျားကိုယ်တိုင် ကြုံဖူးနေတဲ့အတိုင်းပဲ"


"ဒါကို ငါအရင်က မကြုံဖူးဘူး" မျက်နှာသေက ခေါင်းခါကာ 


"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂူဖောက်ရင်း စစ်မတ်ကာလရဲ့ ပိုးထည်စာအုပ်တွေကို စုန့်မင်းဆက် ဂူသင်္ချိုင်းထဲမှာ တွေ့ခဲ့တာ.. တကယ်တော့ သံမျက်နှာလူကြီးမင်းရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိပဲ... သံမျက်နှာလူကြီးမင်းက သူ့အကြံအစည်တွေ အတိုင်း အားလုံးကို ဘုရင်လုရှန်ဆီ သင်ပေးပြီး သူ့မိသားစုကိုပါ မီးရှို့သတ်ပစ်ခဲ့တာ.... သူတောင်းစား အလောင်းတစ်​​လောင်းကို မီးထဲပစ်ချပြီး သူ့ကိုယ်သူတော့ သူတောင်းစားလို ဟန်ဆောင်လိုက်ပြီး သေဘေးကနေ လွတ်မြောက်သွားခဲ့တယ်... ဘုရင်လုရှန်လည်း ထူးဆန်းနေမှန်းတော့ သိပေမယ့် သူ့မှာ ရွေးစရာမရှိတော့ဘူး... နောက်ဆုံး ဘုရင်လုရှန်ကို သင်္ဂြိုဟ်ပြီးတော့ သံမျက်နှာလူကြီးမင်းက သင်္ချိုင်းထဲကို အလွယ်တကူ ခိုးဝင်သွားခဲ့တယ်.. သူက အကာအကွယ်မဲ့ ဘုရင်လုရှန်ကို ကျောက်စိမ်းရုပ်ထုထဲက ဆွဲထုတ်ပစ်ပြီး အဲဒီနေရာမှာ သူကိုယ်တိုင် ဝင်အိပ်နေခဲ့တာ... ဘုရင်လုရှန်က အရမ်းအလုပ် ကြိုးစားပေမယ့် သူကိုယ်တိုင် ချုပ်ထားတဲ့ မင်္ဂလာဆောင် အဝတ်အစားတွေက သူများ ယူဝတ်သွားမယ်လို့ မမျှော်လင့်ထားမိ ကြောက်ရတယ်" (တခြားသူက အခွင့်ကောင်း ဝင်ယူသွား)


"ဘုရင်လုရှန်ရဲ့ ရုပ်အလောင်းကို ဆွဲထုတ်လိုက်ရင် နောက်ထပ် သွေးအလောင်း တစ်လောင်း ထွက်လာမှာမလား? ဒါဆို ဒီမှာအလောင်းက နှစ်လောင်းရှိရမှာ မဟုတ်ဘူးလား"


"သူ အဲဒီစာကို သူ့စာအုပ်ထဲမှာ မရေးထားဘူး.... ဘုရင်လုရှန်က ကျောက်စိမ်းရုပ်ထဲကို ဝင်တဲ့အချိန်က အရမ်းတို​တောင်းတဲ့ အတွက် သွေးအလောင်းအဖြစ် မပြောင်းလဲနိုင်တာကြောင့်လည်း ဖြစ်နိုင်တယ်" 


မျက်နှာသေရဲ့ မျက်လုံးများက အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသလိုပင်။


"အဲဒါတွေကို နည်းနည်းလေးပဲ ရေးသားထားတာ အသေးစိတ် မှတ်တမ်းတော့ မရှိဘူး"


မျက်နှာသေကို ကြည့်လိုက်ရင်း အကြောင်း တစ်ခုခုကြောင့် သူပြောတာ နည်းနည်း မုသားပါတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။ ဝူရှဲ သူ့ဦးလေးသုံးကို ကြည့်လိုက်တော့ ဦးလေးသုံးလည်း မယုံနိုင်ကြောင်း ထင်ရှားလေ၏။ ပြောချင်တာက သူလိမ်ညာပြီးပြီမို့ သူ့ကို ဖော်ထုတ်ဖို့ ကြိုးစားလိုက်ရင် ကောင်းတဲ့ အကြံတော့ မဟုတ်နိုင်ပေ။ 


တစ်ဖက်ကလည်း မပြောချင်ဘူး ဆိုတော့ သူတို့လည်း ထပ်မမေးချင်ချေ။ မျက်နှာသေက သူ့တာဝန် ပြီးသွားသလိုမျိုး သူ့​မျက်နှာအမူအရာ ဗလာနဲ့ ပြန်ဖြစ်သွားပြီး မတ်တပ်ရပ်ကာ ပြောလာ၏။


"မိုးလင်းခါနီးပြီ ငါတို့ အပြင်ထွက်သင့်ပြီ"


"ဟင့်အင်း... ငါတို့အခုထိ တစ္ဆေတံဆိပ်တုံးကို မတွေ့သေးဘူးလေ" ဖက်တီးက ဆိုသည်။


"ကြည့်စမ်း.... ဒီမှာ ပစ္စည်းကောင်းလေးတွေ အများကြီး ရှိနေပြီပဲကို.... ဘာလို့ အလကား ထားခဲ့ရမှာလဲ?"


မျက်နှာသေ သူ့ကို အေးစက်စွာ ​ပြန်ကြည့်လိုက်သည်။ သူက ဖက်တီးအပေါ်ကို ရန်လိုနေပုံပင်။ ဖက်တီးက ပြဿနာကို သိတာကြောင့် ပခုံးတွန့်ပြလိုက်ပြီး 


"ကောင်းပြီ ကောင်းပြီ.... ဒါပေမဲ့ ဒီကျောက်စိမ်းရုပ်ကို ဘာလို့ မယူသွားရမှာလဲ? လောကကြီးမှာ ဒီလိုမျိုးပစ္စည်းက ဒီတစ်ခုပဲ ရှိနိုင်တယ်.... ဖက်တီး ငါကဒါကို လူတိုင်းအတွက် လုပ်တာပါ"


ဒီစကားကလည်း မှန်းနေ၏။ ဦးလေးသုံးကတော့ သူ့ကို ရိုက်ချလိုက်ပြီး 


"ဒါဆို မင်းဘာလို့ ငြိမ်နေတာလဲ? မြန်မြန်ဆုံးဖြတ်ပြီး မြန်မြန် လုပ်စမ်း! ငါတို့ ဒီ​နေရာကြီးက မြန်မြန် ထွက်သွားရအောင်"


ထိုအရာတွေကို ဝူရှဲ ရုတ်တရက် စိတ်မဝင်စားတော့ဘဲ သူတို့ကို မကူညီချင်တော့ပေ။ သူက မျက်လုံးတွေကို မှိတ်ပြီး အနားယူတော့မယ့် အချိန်မှာပဲ ရေစက်လေးတွေက သူ့မျက်နှာပေါ် ရုတ်တရက် ကျလာခဲ့သည်။ မိုးရွာနေတယ်ထင်ရဲ့။ သို့သော် မော့ကြည့်လိုက်တော့ သွေးတွေ ဖုံးလွှမ်းနေတဲ့ အလောင်းရဲ့ ထူးဆန်းတဲ့ မျက်နှာကို တွေ့လိုက်ရလေသည်။


၎င်းက ကျောက်စိမ်း ကုတင်ပေါ်ကနေ ထထိုင်နေပြီး သူ့ရဲ့ မျက်စံမပါတဲ့ မျက်လုံးတွေက ဝူရှဲရဲ့ မျက်ခုံးမွှေးတွေပေါ်မှာ ကပ်လုနီးပါး ဖြစ်နေပြီ။


ဝူရှဲ ထိတ်လန့် တုန်လှုပ်စွာဖြင့် ထခုန်ချလိုက်သည်။ ထိုအခါ သွေးစွန်းနေသော အလောင်း၏ ဦးခေါင်းသည် ကျောက်စိမ်း ကုတင်ပေါ်တွင် လူးလိမ့်နေသေးတာကို မြင်လိုက်ရသည်။ ထိုအချိန်တွင် အတွင်း၌ တစ်ခုခု ရှိနေသကဲ့သို့ မြေပြင်ပေါ်သို့ လှိမ့်ဆင်းသွားသည်။


ဖက်တီးလည်း ကြည့်ချင်ပေမယ့် ရုတ်တရက် မျက်နှာသေက တားလိုက်သည်။ 


"မလှုပ်နဲ့...အရင်ကြည့်"


ဖက်တီးလည်း ခေါင်းညိတ် ပြလိုက်သည်။ ထိုအချိန်တွင် အလွန်သေးငယ်သော အလောင်းစား အကောင်သည် အနီရောင် အလောင်းကောင်၏ ဦးရေပြားကို ဖောက်၍ တွားသွား ထွက်လာလေသည်။ တခွေက ၎င်းကို ကြည့်ကာ ကျိန်ဆဲလိုက်၏။


"သောက်ချီး!! ဒီလောက်သေးတဲ့ အကောင်က ဒီအဘိုးရှေ့မှာလာပြီး မျက်နှာ ပြရဲတယ်ပေါ့လေ!"


တခွေ သူ့လက်ထဲက တူရွှင်းကို မြှောက်ကာ ထိုသတ္တဝါအား ခေါက်ပစ်ချင်နေခဲ့သည်။ ဦးလေးသုံးက တခွေက ပွေ့ဖက်တားထားလိုက်ပြီး


"အရူး.... အဲဒါက အလောင်းစား ပိုးကောင်ဘုရင်ပဲ... မင်းသတ်လိုက်ရင် ဒုက္ခ ရောက်သွားလိမ့်မယ်"


တခွေ အံ့အားသင့်သွားပြီး 


"ဒီလို အကောင်သေးသေးလေးက ဘုရင်လား? ဒါဆို အဲဒီအ​လောင်ကောင်ကြီး သေတဲ့အထိ စိတ်ဓာတ်ကျသွားမှာ မဟုတ်ဘူးလား?"


မျက်နှာသေလည်း အလွန် အံ့သြသွားလေ၏။ သူက ဝူရှဲပုခုံးပေါ်ကို အသာပုတ်လိုက်ပြီး 


"မြန်မြန် ထွက်သွားရအောင်.... ဘုရင်ကြီးရောက်လာပြီ.... ဒီအလောင်းစား အကောင်တွေကို ငါမထိန်းနိုင်တော့မှာ ကြောက်ရတယ်!"


ထိုအချိန်တွင် အနီရောင် အလောင်းစား အကောင့လေးသည် ရုတ်တရက် အော်ဟစ် မြည်ဟီးကာ သူတို့ကို မြင်​နေရသကဲ့သို့ အတောင်ပံများကို ဖြန့်ကာ ရုတ်တရက် ပျံသန်းလာတော့သည်။ မျက်နှာ​သေက 


"သူ့မှာ အဆိပ်ရှိတယ်.... ထိမိရင် သေလိမ့်မယ် မြန်မြန် ထွက်သွားတော့!"


ဦးလေးသုံးသည် သူတို့ဘက်သို့ လှည့်၍ ကြည့်လိုက်သည်။ သူ့နောက်မှ တခွေသည် အနည်းငယ် စိတ်ရှုပ်ထွေးနေပြီ ဖြစ်သည်။ သူသည် ခဏတာမျှ မတုံ့ပြန်လိုက်နိုင်သောကြောင့် ပိုးကောင်က တစ်ချက် ပြန်ပစ်ကိုက်သည်။ တခွေ အံ့ဩသွားပြီးမှ ရုတ်တရက် ထအော်သည်။ သူ့လက်သည် ချက်ချင်းပင် သွေးနီရောင်ပြောင်းသွားသည် သာမက သွေးနီရဲသော အပိုင်းသည် တဖြည်းဖြည်း သူ့လက်မောင်းကို အလွန်လျင်မြန်စွာ ပျံ့နှံ့လာခဲ့သည်။


ဖက်တီးက အော်လိုက်၏။


“အဆိပ်မိသွားပြီ...သူ့လက်ကို မြန်မြန် ဖြတ်ပစ်လိုက်တော့!” 


ပြောပြီး မျက်နှာသေရဲ့ ဓားကို ဖမ်းဆွဲလိုက်သည်။ မျက်နှာသေက အရမ်းအားနည်းနေပြီ။ ဖက်တီး လှမ်းဆွဲလိုက်တာနဲ့ ဓားက သူ့လက်ထဲက ပြုတ်ကျသွားသည်။ ဖက်တီး ကောက်ကိုင်လိုက်တာနဲ့ ရုတ်တရက် ငုတ်တုတ်ကြီး ကျိန်ဆဲမိသွားလေ၏။ 


“ငလူးတဲ့မှ! ဘာလို့ ဒီလောက် လေးနေတာလဲဟ!" 


ဖက်တီး ဓားကို အကြိမ်ကြိမ် ဆွဲယူကြည့်သော်လည်း မအောင်မြင်ချေ။ 


အဲဒီအချိန်မှာ အရမ်း နောက်ကျသွားပြီ။ တခွေမှာ နာကျင်လွန်းလို့ တစ်ကိုယ်လုံး ယိမ်းယိုင်သွားသည်။ စက္ကန့်အနည်းငယ် ကြာတော့ သူ့တစ်ကိုယ်လုံးနီးပါး သွေးရောင်တွေ နီရဲလာပြီး အရေပြားတွေ ရုတ်တရက် အရည်ပျော်သွားတော့မလိုပင်။ 


တခွေ သူ့လက်တွေကို ကြည့်လိုက်ရင်း အရမ်းထိတ်လန့်ပြီး အော်ဟစ်ချင်ပေမယ့် အသံက ထွက်မလာပေ။ မျက်နှာသေက ဝူရှဲ တခွေကို ကူညီဖို့ တက်ချင်နေတာ တွေ့တော့ သူက ဝူရှဲကို ဆွဲထုတ်ပြီး သူ့သွားတွေကို အံကြိတ်ကာ ပြောလိုက်သည်။ 


"မင်း သူ့ကို မထိရဘူး... ထိရင် သေလိမ့်မယ်!"


တခွေ သူတို့အားလုံး မကောင်းဆိုးဝါးကို တွေ့သလိုမျိုး ဆုတ်ခွာသွားတာကို မြင်တော့ အရမ်းထိတ်လန့်သွား၏။ သူက "ငါ့ကိုကူညီပါ!" လို့အော်လိုက်သလိုမျိုး ပါးစပ်ကျယ်ကျယ်နဲ့ ဝူရှဲဆီ ပြေးဝင်လာ၏။ ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ဝူရှဲ ထိတ်လန့်သွားပြီး ခြေတစ်လှမ်းမှ မလှမ်းနိုင်တော့ပေ။


သူကြောင်ရပ်နေတာကို မြင်တဲ့အခါ ဦးလေးသုံးက အမြန်ပြေးလာပြီး ဝူရှဲကို ဆွဲထုတ်လိုက်သည်။ ထိုအချိန်တွင် တခွေက လေထဲမှ ခုန်ဆင်းသွားပြီး ဖန့်ကျစ်ဆီကို အရူးလိုမျိုး ပြေးဝင်သွား၏။ ဖန့်ကျစ် အခြေအနေက တော်တော်ဆိုးနေပြီမို့ တုံ့ပြန်တာတွေ မလုပ်နိုင်တော့ချေ။ 


"မကောင်း​တော့ဘူး" 


ဖက်တီးက ရုတ်တရက် သူ့​သေနတ်ကို လှမ်းကိုင်လိုက်တော့ ဝူရှဲလည်း ထိတ်လန့်သွားသည်။ သူပစ်သတ်တော့မယ် ဆိုတာ ဝူရှဲ သိတဲ့အတွက် အမြန် ပြန်ဆွဲကိုင်လိုက်ရာ ရုန်းရင်းဆန်ခတ် ဖြစ်ကာ သေနတ်ကျည်က ရုတ်တရက် ထွက်သွားသည်။ သေနတ်သံ ထွက်လာပြီး တခွေရဲ့ ဦးခေါင်းကို သေနတ်ထိမှန်ကာ သူ့​တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ လဲကျသွား​တော့သည်။


ဝူရှဲ ခေါင်းထဲမှာ တုန်တုန်ယင်ယင် ဖြစ်သွားပြီး ရုတ်တရက် ဒူးထောက် လဲကျသွား၏။ ဖြစ်ပျက်သွားတာတွေ အားလုံးက မြန်လွန်းလှသည်။ အကောင်းကြီး ရှိနေတဲ့လူက ရုတ်တရက် ဒီလို ဖြစ်သွားတော့ သူ့စိတ်တွေ လွတ်သွားပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပေ။


အနီရောင် အလောင်းစား အကောင်ငယ်လေးသည် အတောင်ပံများကို လှုပ်ယမ်းကာ တခွေလက်မှ လက်မှ တွားသွားထွက်လာပြီး သူ့ အတောင်များကို လှုပ်ခါလိုက်သည်။ ဆူဖြိုးသူသည် ကျိန်ဆဲပြီး "မလုပ်နဲ့" ဟု အော်လိုက်သော်လည်း အချိန်နှောင်းသွားပြီ။ ဖက်တီးလည်း အသည်းအသန် ပြေး၍ ခရမ်းရောင် ကျောက်စိမ်းသေတ္တာဖြင့် ထိုပိုးကောင်ကို အကြိမ်ကြိမ် ရိုက်ချပစ်လိုက်သည်။ 


ခဏလောက် ကြာတဲ့အထိ လှိုဏ်ဂူကြီးထဲ လုံးဝ တိတ်ဆိတ်နေပြီး ဘာသံမှ မကြားရပေ။ မျက်နှာသေသည် ရုတ်တရက် မြေကြီးပေါ်မှ ကျောက်မှုန့် လက်တစ်ဆုပ်စာကို ကိုင်လိုက်ပြီး သူ့ကိုယ်ပေါ်သို့ ဖြန်းလိုက်ပြီး ဆိုလိုက်၏။ 


"မြန်မြန်သွားတော့... မဟုတ်ရင် နောက်ကျသွားလိမ့်မယ်"


ဖက်တီးက လှည့်ကြည့် လိုက်သော်လည်း ဘာမှနားမလည်ပုံဖြင့်။ 


"ဘာလို့ထွက်သွားရမှာလဲ"


သူပြောပြီးသည်နှင့် တပြိုင်နက် တိတ်ဆိတ် ငြိမ်သက်နေခဲ့သော ဂူကြီးသည် အရပ်ရပ်မှ မရေမတွက်နိုင်သော အော်သံများနှင့်အတူ ရုတ်တရက် ဆူညံလာ​တော့သည်။ ထို့နောက် ဂူကြီးပေါ်ရှိ လိုဏ်ဂူ​ပေါက်ငယ်များမှ တစ်​ကောင်၊ နှစ်​ကောင်၊ သုံး​ကောင်၊ ဆယ်​​ကောင်၊ အကောင် တစ်ရာ၊ မရေတွက်နိုင်သော စိမ်းပြာရောင် အလောင်းစား အကောင်များသည် ဒီရေကဲ့သို့ တဟုန်ထိုး ပြေးထွက်လာကြသည်။ ထိုစကေးကို လူသားဘာသာ စကားဖြင့်ပင် လုံး၀ဖော်ပြ၍ မရနိုင်ပေ။


ဝူရှဲ မြင်လိုက်တာနဲ့ အလွန်အမင်း ထိတ်လန့် အံ့ဩသွားတော့သည်။ 


ဖက်တီးက ဖန့်ကျစ်ကို သူ့နောက်ကျောမှာ ပိုးလိုက်ပြီး ခရမ်းရောင် ကျောက်စိမ်း သေတ္တာကို ကောက်ကိုင်လိုက်သည်။ ထိုအခါ ဦးလေးသုံးက အော်လိုက်၏။


“ငလူးတဲ့မှပဲ....မင်းသေချင်နေပြီလား?” 


ဖက်တီး လှုပ်ရှားလို့ မဖြစ်တော့တာကို မြင်သောအခါ ရွှေပိုးသား စာလိပ်ကို ကောက်ကိုင်ကာ အိတ်ကပ်ထဲသို့ ထည့်ထားလိုက်တော့သည်။ 


သူတို့အားလုံး သစ်ပင်ပေါ် ပြေးတက်ကြသည့။ သစ်ပင်ပေါ်မှာ ရှုပ်ပွနေတဲ့ နွယ်ပင်တွေနဲ့ အချွန်အတက်တွေ အများကြီးရှိတော့ တက်ရတာ အရမ်းလွယ်၏။ ဝူရှဲလို မကျွမ်းကျင် အဆင့်ရှိတဲ့ လူတစ်ယောက်တောင် ခဏလေးအတွက် ဆယ်မီတာလောက်အထိ ရောက်သွားပြီ။ အဲဒီအချိန်မှာ အလောင်းစား အကောင်တွေ အားလုံး သစ်ပင်အောက်မှာ ဝိုင်းအုံနေကြပြီ။ 


ဝူရှဲ ငုံ့ကြည့်ကာ ဘုရားပါ တမိသည်။ သစ်ပင်တစ်ပင်လုံး စိမ်းစိုနေတော့ အောက်ကိုသာ ပြုတ်ကျသွားရင် အရိုးတွေတောင် မကျန်တော့မှာ သေချာလေ၏။ 


အလောင်းစား အကောင်တွေက သတိနဲ့စုပြီး ရုတ်တရက် ခုန်တက်လာကြသည်။ အကောင်တွေက သစ်ပင်တက်တဲ့ နေရာမှာ သူတို့ထက်တောင် အများကြီး ပိုမြန်နေကာ ခဏလေး အတွင်းမှာပဲ သူတို့ခြေရင်းကို ရောက်လာကြပြီ။


ဖက်တီးက ဝူရှဲ အနားက အပေါ်ကို တက်လာရင်း


"မင်းတို့အစ်ကိုလေးရဲ့ သွေးက ခြင်ဆေးထက် ပိုအစွမ်းထက်တယ်လို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား? အခု ဘာလို့ အသုံးမကျ​တော့တာလဲ?"


ဝူရှဲစိတ်ထဲမှာ အခုနက ပြုတ်ကျသွားတဲ့ တ​ခွေရဲ့ ပုံရိပ်တွေက ပြည့်နေသေးပြီး ဖက်တီးကို အာရုံမစိုက်ချင်တော့ပေ။ ဝူရှဲ စိတ်ဆိုးပြီး တိတ်တိတ်လေး ကျိန်ဆဲလိုက်ကာ အပေါ်ကို ဆက်တက်လာခဲ့သည်။ ရုတ်တရက် ခြေဖဝါးက စူးကနဲ နာကျင်သွား၏။ ပိုးကောင် တစ်ကောင်က သူ့ခြေသလုံးကို ကိုက်သွားခဲ့သည်။ ထိုအကောင်ကို ကန်ချလိုက်ပြီး အောက်ကို ငုံ့ကြည့်လိုက်တော့ အလောင်းစား အကောင်များမှာ ပွက်ပွက်နေသော ရေနွေးအိုးလိုပင်။ 


အလောင်းစား အကောင်တွေက အပေါ်ကိုတက်ဖို့ ပြေးလွှားနေ၏။ အဲဒီအချိန်မှာ ဦးလေးသုံးက လှမ်းအော်လခဲ့သည်။ 


“ဖောက်ခွဲရေး ပစ္စည်းတွေ!! အိတ်ထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေ ရှိနေသေးတယ်... ကျောက်စိမ်းကုတင်ဘေးမှာ!"


ဝူရှဲ ပြန်မေးလိုက်သည်။ 


"ဘယ်မှာလဲ?"


"မင်းထိုင်​နေတဲ့ အစွန်းကိုတောင် မသိတော့ဘူးလား? ဘယ်ဘက်မှာ!!"


အော်ပြီး အောက်ကို ငုံ့ကြည့်လိုက်တော့ ဖောက်ခွဲရေး ပစ္စည်းတွေ ထည့်ထားတဲ့အိတ်က အလောင်းစား ပိုးကောင်ပင်လယ်ထဲမှာ မြှုပ်သွားတာကို တွေ့လိုက်ရသည်။ လုံးဝ မတွေ့ရတော့ရာ သေနတ်ကို ကမန်းကတန်း ပစ်ခတ်လိုက်သော်လည်း ပိုးကောင် အနည်းငယ်ကိုသာ ပစ်သတ်မိလေသည်။


ထိုအချိန်တွင် မျက်နှာသေက သူ့အိတ်ထဲမှ မီးတုတ် အနည်းငယ်ကို ထုတ်၍ မီးညှိကာ ကျောက်စိမ်းကုတင်ပေါ် ပစ်ချလိုက်သည်။ပိုးကောင်သည် သူ့သွေးကို မကြောက်တော့သော်လည်း မီးကို ကြောက်နေဆဲ ဖြစ်သည်။ "ဖျတ်ခနဲ" ဆိုတဲ့ အသံနဲ့အတူ သူတို့က စက်ဝိုင်းကြီးတစ်ခုလို လုပ်ပြီး ကျောပိုးအိတ်ကို ရုတ်တရက် ဖော်ထုတ်လိုက်ပါတော့သည်။


ဖက်တီးရဲ့ တင်ပါးမှာ ပိုးကောင်တွေ အများအပြား ချိတ်ဆွဲနေကြပြီ။


"အမေရေ.... မြန်မြန် ဖောက်ပေးကြပါဟ... ငါ မထိန်းနိုင်တော့ဘူး!"


ဖန့်ကျစ်ကလည်း အပေါ်စီးကနေ လှမ်းအော်လေ၏။ 


"မဖြစ်ဘူး... အထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေ အရမ်းများတယ်.... ပေါက်ကွဲသွားရင် ငါတို့ အသက်ရှင်မှာ မဟုတ်ဘူး" 


အလောင်းစား အကောင်တွေ ထပ်ပြီး တက်လာတာကို ဝူရှဲလည်း မြင်နေရသည်။ သူအဲ့လောက်ထိ မတွေးချင်တော့ပါ။ တုံ့ဆိုင်းနေတာက သေဖို့ သေချာနေပြီဆိုတာ သိတာကြောင့် 


"သေရင်လည်း သေပါစေတော့!" 


ဝူရှဲ့ ဟစ်အော်လိုက်ပြီး သွားတွေကို အံကြိတ်ပြီး ကျောပိုးအိတ်အား သေနတ်ကျည် တစ်ချက် ပစ်ခတ်လိုက်သည်။ 


ပေါက်ကွဲသံက မြန်လွန်းပြီး ကျယ်လောင်လွန်းတဲ့ အသံကိုပဲ ကြားလိုက်ရသည်။ လှည့်ပတ်ပြီး လှည့်ကြည့်လိုက်တော့ မေးစေ့၊ တင်ပါးနဲ့ ပေါင်တွေကို ယာဉ်မောင်းက တပြိုင်တည်း ဝင်တိုက်မိသလို ခံစားနေရ၏။ တစ်ကိုယ်လုံးက လေလှိုင်းတွေထဲ လွင့်စင်သွားသလိုပင်။ နောက်တော့ တစ်ခုခုကို ထိမှန်လိုက်သလို ရုတ်တရတ် မူးနောက်လာကာ သွေးတွေ ပါးစပ်ထဲက အန်ထွက်လာပြီး အမြင်တွေ မည်းမှောင်၊ နားတွေ ဘာမှ မကြားရတော့ချေ။


အာရုံတွေ ပြန်ကောင်းလာဖို့ အချိန်အတော်ကြာ ယူခဲ့ရသည်။ အောက်ကို ပြန်ငုံ့ကြည့်လိုက်တော့ အောက်ခြေက အလောင်းစား အကောင် တော်တော်များများကို လေလှိုင်းတွေလို လွင့်ထွက်လာတာကို တွေ့လိုက်ရသည်။ နောက်လှည့် ကြည့်လိုက်တော့ တခြားဘယ်သူကိုမှ မမြင်ရတဲ့အတွက် လက်ခြေတွေကို သုံးပြီး အပေါ်ကိုပဲ ဆက်တက်ခဲ့သည်။


သူ့ခန္ဓာကိုယ်ကို အလောင်းရဲ့ ကျောက်စိမ်းစင်အောက်က အမှုန့်တွေနဲ့ ဖုံးအုပ်ထားလို့ တစ္ဆေလက်လို နွယ်ပင်တွေက သူကိုမြင်တဲ့အခါ ချက်ချင်းပဲ ရှောင်သွားကြသည်။ အဲဒီအချိန်မှာ အောက်ထပ်က ဆူဆူညံညံ အော်သံတစ်ခု ထွက်လာ၏။ အောက်ကို ငုံ့ကြည့်လိုက်တော့ အလောင်းစား အကောင်တွေ စုပုံနေတာ တွေ့လိုက်ရပြန်သည်။ 


ဒီရေတက်လာသလိုပဲ သူတို့ တွားသွား တက်လာတာက အရမ်းမြန်သည်။ လုံးဝ မဖြစ်တော့ဘူး ဆိုတာ သိလိုက်ရတော့ တစ်ကိုယ်လုံး ဘယ်လောက်ပဲ နာကျင်နေပါစေ ဆက်​ပြီး တက်လာခဲ့သည်။ မျက်လုံးတွေကို အမြန် မှိတ်ပြီး အသဲအသန် ထပ်တက်ပြန်၏။ 


အက်ကွဲကြောင်းပေါ်ကို တက်ခါနီးမှာ ရုတ်တရက် နောက်ကျောက စူးကနဲ နာကျင်သွားလို့ ပြန်ကြည့်လိုက်တော့ အလောင်းစား အကောင်က ခုန်တက်လာပြီး သူ့​ကျောကို ကိုက်နေတာ တွေ့လိုက်ရသည်။ ဝူရှဲ့ လှည့်ပြီး သေနတ်တစ်ချက်နဲ့ အတူ ထိုပိုးကောင်ကို အပိုင်းပိုင်း ခွဲပစ်လိုက်သည်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ နောက်ထပ် ပိုကြီးတဲ့ တစ်ကောင်က သူ့ပေါင်ကို ကိုက်လာပြန်ရာ အံကြိတ်ကာ သေနတ်ဖြင့် ပစ်ချလိုက်သည်။ 


ဒါပေမဲ့ နောက်တစ်ကောင်က ချက်ချင်းပဲ သစ်ကိုင်းမှာ ခိုတွယ်ပြီး နောက်တစ်ကြိမ် ထပ်ခုန်ဖို့ ကြိုးစားခဲ့​ပြန်သည်။ ဝူရှဲလည်း ပြန်ခုခံလိုက်သည်။ တတိယအကောင်နဲ့ စတုတ္ထ အကောင်ကလည်း ချက်ချင်း ခုန်တက်လာ၏။ 


အပေါက်ကို လှမ်းကြည့်လိုက်တဲ့အခါ ခြေလှမ်း အနည်းငယ်သာ ဝေးတာကို မြင်လိုက်ရတော့ သူ့ကိုယ်သူ အားပေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒီအကောင်တွေ သူ့ကို အချိန်တိုလေး အတွင်းမှာ သေအောင် မကိုက်နိုင်ဘူး။ သူမြေကြီးပေါ် ရောက်မှ ဒီကောင်တွေကို ကောင်းကောင်းကြီး ထိုင်ကြည့်နေလိုက်မယ်။ 


ဝူရှဲ့ ဆက်တက်ဖို့ တွေးလိုက်မိသည်။ အဲဒီအခိုက်အတန့်မှာ သစ်ကိုင်းကို ဆုပ်ကိုင်ထားတဲ့ လက်က ရုတ်တရက် နာကျင်သွားလေသည်။ ခေါင်းကို လှည့်ကြည့်လိုက်တော့ သစ်ပင်ရဲ့ ပင်စည်နောက်ကနေ ထွက်​ပေါ်လာတဲ့ သွေးစွန်းနေတဲ့ မျက်နှာကို မထင်မှတ်ဘဲ တွေ့လိုက်၏။ ပေါက်ကွဲလုမတတ် မျက်လုံးများက သူ့ကို တည့်တည့်ကြီး စိုက်ကြည့်နေ​တော့သည်။