(2)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ခုနှစ်စင်ကြယ်နန်းတော်


Chapter (2)

နှစ၅၀ ကြာပြီးနောက်



နှစ် ၅၀ ကြာပြီးနောက် ဟန်ကျိုးမြို့၊ ဟဲဖန်းလမ်း၊ ရှီးလင်လူမှုအဖွဲ့အစည်း။ 


လူတစ်ယောက်သည် အဘိုးကြီး တစ်ယောက်ကြောင့် သူ့အတွေးတွေ ပြတ်တောက်သွားခဲ့သည်။ ဝူရှဲ့ သူ့အဖိုးရဲ့ မှတ်စုစာအုပ်ကို ပိတ်ပြီး အဘိုး​ကြီးကို ကြည့်လိုက်သည်။


“ဒီမှာ ခဲခြစ်စာရွက်တွေ လက်ခံလား?”


သူက ထူးထူးခြားခြား ရည်ရွယ်ချက် တစ်ခုခုရှိထားသလိုမျိုး ထူးဆန်းစွာ မေးလာခဲ့သည်။


ယာယီလုပ်ငန်းကို သူ ဂရုမစိုက်ပါဘူး။ ရှေးဟောင်းဈေးကွက်မှာ အရောင်းအဝယ် အများစုကိုသာ သီးသန့် ပြုလုပ်ခဲ့သည်။ ယာယီလုပ်ငန်းက အများသူငှာ အတွက် သေးငယ်တဲ့ သဘောတူညီချက် တစ်ခုသာ ဖြစ်လို့ပင်။ ခဲခြစ်စာရွက်မျိုး ဆိုတာကလည်း ငွေများများစားစား မရတဲ့အတွက် တစ်ဖက်လူကို ဝတ်ကျေတမ်းကျေသာ ပြောလိုက်တော့သည်။


"လက်ခံတယ်... ဒါပေမဲ့ ဈေးသိပ်မရဘူး" 


ဆိုလိုတာက တစ်ဖက်လူမှာ ကောင်းတဲ့ပစ္စည်း မရှိဘူးဆိုရင် သူစာဖတ်တာကို မနှောင့်နှေးစေလိုချေ။


"အိုး... မင်းငါ့ကို ဈေးလေး မိတ်ဆက်ပေးနိုင်မလား?" 


ထိုလူကြီးက ဈေးစုံစမ်းနေသလိုမျိုး စူးစမ်းလာခဲ့သည်။


ဝူရှဲ့ နည်းနည်းတော့ စိတ်မရှည်တော့ချေ။ သူတို့အလုပ်က မဖွင့်တာ သုံးနှစ်ရှိပြီ။ အလုပ်ပိတ်ရက်တွေမှာ အေးအေးဆေးဆေး ဖြတ်သန်းနေရတာကို သဘောကျတယ်လေ။ ဒီလိုရှေးဟောင်း ပစ္စည်းဆိုင်းတိုင်းရဲ့ နောက်ကွယ်မှာ ပုံပြင်တွေ ရှိနေတတ်တာပဲ မဟုတ်လား။ 


ရိုးရိုးသားသား ပြောရရင် ဖောက်သည်တိုင်းကို မိတ်ဆက်ပေးဖို့ မဖြစ်နိုင်ဘူး။ သူ ဒီစီးပွားရေးကို လုပ်စရာ မလိုတော့ရင်တောင် လက်ဖက်ရည် ဆိုင်လေးလည်း ဖွင့်ပြီး အေးအေးဆေးဆေး စားသောက်လို့ရတယ်။


သူလက်ကို ဝှေ့ယမ်းပြီး မိတ်ဆက်ပေးဖို့ စိတ်မပါကြောင်း အချက်ပြလိုက်သည်။ သို့သော် အဲဒီလူက ကသူ့ကို ရှက်ရွံ့စွာ ကြည့်နေပေမယ့် အပြင်ကို မထွက်သွားဘဲ 


“ဒါဆို ငါတစ်ခုလောက် မေး​ကြည့်ချင်တယ်... စစ်မတ်ကာလ ပိုးထည်စာအုပ်တွေရဲ့ ခဲခြစ်စာရွက်တွေရော ဒီမှာ ရှိလား? လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်က ချောက်ရှားကနေ ခိုးယူလာပြီး အမေရိကန် တစ်ယောက်က ခိုးသွားခဲ့တယ်တဲ့ အဲဒီပိုးထည်စလေ??"


"ခင်ဗျားပဲ အမေရိကန်တွေ ခိုးသွားတယ်လို့ မ​ပြောဘူးလား? ဟိုမှာပဲ ရှိနေမှာပေါ့" 


သူကြားတော့ ဒေါသ ထွက်လာတော့သည်။


"ခင်ဗျား ခဲခြစ်စာရွက် ဒါမှမဟုတ် ပိုးထည်စကို လိုချင်ရင် အဲဒီကိုသာ သွားရှာ ဒီနေရာကို လာရှာတော့ ဘယ်လိုလုပ် ရှာတွေ့မှာလဲ?"


"မင်းနဲ့ အဆက်အသွယ် ရှိတယ်ဆိုတာ ငါကြားပါတယ်...လောင်ယန် ငါ့ကို မိတ်ဆက်ပေးခဲ့တာ"


လောင်းန် ဆိုတဲ့ နာမည်ကို ကြားလိုက်ရတော့ ဝူရှဲ့ အံ့ဩသွား၏။ လွန်ခဲ့တဲ့ တစ်နှစ်က လောင်ယန်ဟာ အချုပ်ခန်းထဲ ဝင်သွားခဲ့ပြီ မဟုတ်လား။ ဘယ်လိုလုပ် သူ့နာမည်က ပေါ်လာခဲ့တာလဲ။ 


ထိုနာမည်ကို ကြားတော့ ရုတ်တရက် ထိတ်လန့်တကြားနဲ့ စကားထစ်သွားပြီး 


“ဘယ်သူလဲ… ဘယ်က လောင်ယန်လဲ မသိဘူး”


"နားလည်ပါတယ် နားလည်ပါတယ်" 


ထိုခူက ရယ်မောပြီး အိတ်ကပ်ထဲက နာရီကိုထုတ်ကာ 


"ဒါကိုမြင်တာနဲ့ မင်းနားလည်မှာပါလို့ လောင်ယန်က ပြောတယ်"


လောင်ယန် အရှေ့မြောက် ဒေသမှာ ရှိစဉ်တုန်းက သူ့ရဲ့ပထမဆုံးအချစ်က သူ့ကိုပေးခဲ့တဲ့ နာရီပဲ။ ဒီနာရီကို သူ့ဘဝ အမှတ်တရအဖြစ် မှတ်ယူခဲ့သည်။ သူမူးလာချိန်မှာတော့ 'လှပတဲ့ ငှက်လေး' လို့ အော်ဆိုနေတတ်သည်။ 


အဘွားကြီး နာမည်က ဘာလဲလို့မေးတော့ သူက အချိန်အတော်ကြာအောင် တွေးပြီး မေ့သွားပြီလို့ ဆိုကာ အော်ဟစ် ငိုကြွေးခဲ့​ပြန်၏။ ဒီနာရီ အဟောင်းကို ဒီလူဆီ ပေးတယ်ဆိုတော့ ဒီလူမှာ နောက်ခံတစ်ခုခု ရှိတယ်ဆိုတာ ပြနေတာပဲ။


ဒါပေမယ့် ဒီလူကို ဘယ်လိုပဲကြည့်ကြည့် သူက ရွံမုန်းစရာကောင်းပြီး လေးနက်တဲ့ပုံ မပေါ်ဘူးလို့ သူ ခံစားနေရ၏။ လောင်ယန်က သူ့ကို မိတ်ဆက်ပေးတဲ့အတွက် တစ်ဖက်လူကို မျက်နှာသာ ပေးစရာ မလိုတာတော့ မဟုတ်ပါ။ သူ့စကား မဆုံးအောင်တောင်မှ ခင်မင်ရင်းနှီးမှု ရသွားနိုင်တယ်လေ။


သူခဏလောက် တွေးပြီး ရွှင်မြူးစွာ ပြောဖို့ ဆုံးဖြတ်လိုက်တော့သည်။


"ဒီကလူကြီး...ခင်ဗျားက လောင်ယန်ရဲ့ မိတ်ဆွေဆိုတော့ ကျုပ်ကိုရှာတာ ဘာလိုချင်လို့လဲ?"


ရွှေသွားကြီး တစ်ချောင်းကို ထုတ်ပြရင်း သူက ပြုံးစိစိနဲ့ 


"ငါ့သူငယ်ချင်း တစ်ယောက်က ရှန်းရှီးကနေ တစ်ခုခု ယူလာလို့ အဲဒါအစစ် ဟုတ်မဟုတ် မင်းကို ပြပေးစေချင်တာ"


သူနားထောင်ပြီးတော့ အနည်းငယ် နားလည်သွားသည်။ ဒီလူက ဂူသင်္ချိုင်းဖောက်သူ မဖြစ်နိုင်ဘူး။ မမြင်ဖူးသေးတဲ့ ပစ္စည်းကောင်းတွေကို ဆွဲထုတ်ပြီး ခန့်မှန်းဖို့ တစ်စုံတစ်ယောက်ကို ရှာချင်နေတာပဲ။


နေရာတိုင်းမှာ ငှက်မျိုးစုံရှိလို့ ကြီးကြီးကျယ်ကျယ်နဲ့ တရားဝင်နေရာကို မသွားရဲသေးဘူး။ ဒါကြောင့် ရှေးဟောင်း ဈေးတစ်ခုထဲက သူ့နေရာကို ရောက်လာခဲ့တာပဲ။


ဒါပေမဲ့ ဒီလိုလူတွေဟာ ယေဘူယျအားဖြင့် စိတ်ပျက်အားငယ် တတ်ကြပြီး သူတို့ကို မစော်ကားတာ ပိုကောင်းတယ်။ ဝန်ဆောင်မှုလုပ်ငန်းမှာ စံအပြုံးတစ်ခုလို ပြုံးနိုင်အောင် ကြိုးစားပြီး 


"ခင်ဗျားရဲ့ ပေကျင်း လေယူလေသိမ်းနဲ့ ပြောနေတာကို ကြည့်ရတာတော့ ခင်ဗျား ပေကျင်းကနေ တောင်ပိုင်းအထိ ကျုပ်ကို လာရှာတာပေါ့... ဆိုတော့ ကျုပ်ကို တော်တော်လေး မျက်နှာသာပေးနေတယ်လို့ ပြောရမှာပဲ... ပေကျင်းမှာလည်း အဆင့်မြင့်သူတွေ အများကြီး ရှိပါတယ်.. ခင်ဗျားက မမူးတတ်ဘဲ အရက်သောက်ဖို့ ကြံနေမှာ ကြောက်ရတယ်"


ထိုအခါ တစ်ဖက်လူက ရယ်မောရင်း


"တော်တော်များများက တောင်ပိုင်းသားတွေ လိမ္မာပါးနပ်တယ်လို့ ပြောကြတယ်.... ကြည့်ရတာ မင်းက ငယ်ငယ်ကတည်းက ဥာဏ်အရမ်း ကောင်းပုံရတယ်... ရိုးရိုးသားသား ပြောရရင် ငါ မင်းကိုလာရှာတာ မဟုတ်ဘူး... မင်းအဘိုးကို တွေ့ချင်လို့"


သူ့ နှလုံးသားတွေ တုန်လှုပ်သွားပြီး သူ့ အမူအရာကလည်း ရုတ်တရက် ပြောင်းလဲသွားတော့သည်။ သူ့အဘိုးဟာ အလွန်ထူးဆန်းတဲ့ နောက်ခံ ရှိသူဖြစ်ပြီး သူ့အကြောင်းကို သိတဲ့ လူအနည်းငယ်သာ ရှိခဲ့၏။ တစ်စုံတစ်ဦးက မေးလာခဲ့ရင် ဒါဟာ ကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ 


"အဘိုးကို ရှာနေတာလား? ခင်ဗျား ဘာလုပ်ချင်လို့လဲ?"


ရွှေသွား တစ်ချောင်းနဲ့လူက ရုပ်ဆိုးတဲ့ မျက်နှာကြီးနဲ့ ပြုံးပြလာသော် လှည့်ကြည့်လိုက်တဲ့ သူ့ခမျာ လန့်သွားပြီး ထွက်ပြေးလုနီးပါး ဖြစ်သွားတော့သည်။ 


“ဘာရည်ရွယ်ချက်မှ မရှိပါဘူး... ငါက သာမန်ရှေးဟောင်းပစ္စည်း ချစ်သူတစ်ယောက်ပါပဲ... မင်းအဘိုး ချောင်ရှားပြည် ဖျောက်ဇစ်တောင်းတန်းကနေ ပိုးထည်စကို ခိုးသွားတာ သိထားတယ်... သူက ခဲခြစ်စာရွက် နှစ်ရွက် ချန်ထားခဲ့တယ်ဆို... ငါတစ်ရွက်လောက် ဝယ်ချင်လို့ပါ... အဲဒါက ငါ့လက်ထဲမှာ ရှိတဲ့ဟာနဲ့ တူမတူ သိချင်လို့...."


ထိုလူ စကားမဆုံးခင်မှာပဲ သူက ဘေးနားက စားပွဲထိုးကို လက်ပြလိုက်၏။


"ဝမ်မုန့် ဧည့်သည်ကို ပြန်ပို့လိုက်တော့!"


ရွှေသွားနဲ့ အဘိုးအိုက စိုးရိမ်တကြီးနဲ့။


"မလောပါနဲ့ဦး....ဒီအကြောင်းပြောရုံနဲ့ လူကို ဘာလို့ အတင်းတွေ နှင်ထုတ်နေရတာလဲ?"


"ခင်ဗျား လာတာဖြင့် နောက်ကျနေပြီ... ကျုပ်အဘိုးက မနှစ်ကမှ အနောက်ဖက်ကို ခရီးထွက်သွားပြီ(သေပြီ).... ခင်ဗျား သူ့ကို ရှာချင်ရင် ပြန်သွားပြီး လည်ပင်းကောက်နေတဲ့ သစ်ပင်မှာ ခင်ဗျားကိုယ်ခင်ဗျား ကြိုးဆွဲချကြည့်လိုက်... ခင်ဗျား ပြန်တွေ့နိုင်မလားတော့ မပြောတတ်ဘူး"


သူ ရွှေသွားကို တွန်းထုတ်ပြီး တံခါးခုံကို တွန်းပိတ်လိုက်တော့သည်။ မထင်မှတ်ဘဲ ရွှေသွားကြီးနဲ့ အဘိုးအိုက အရှက်မဲ့ပြီး တံခါးခုံအပြင်ဘက်က တိုင်ကို ပွေ့ဖက်ပြီး ထွက်သွားဖို့ ငြင်းဆန်နေ၏။


“မလောပါနဲ့ မလောပါနဲ့ နောက်တစ်ခါ ထပ်ပြောပါရစေ.... တစ်ခုခု ထပ်ပြောပါရစေ!"


ထိုလူကို အချိန်အတော်ကြာ ဆွဲခေါ်ပေမယ့် လုံးဝ မလှုပ်တာကြောင့် သူ့ခမျာ ဘာမှ မလုပ်နိုင်တော့ဘဲ။


"ပြောစရာရှိရင် မြန်မြန်ပြော...ကျုပ်စီးပွားရေးကို နှောင့်နှေးအောင် မလုပ်နဲ့!"


"ဘာဖြစ်လို့လဲ ငါ့မြေးရယ်... မင်းစကားပြောတာက တဖြည်းဖြည်း ခါးသီးလာလိုက်တာ"


ထိူလူက လေးနက်တဲ့ အပြုံးနဲ့ ပြောလာ၏။ 


"မင်းအဘိုး ဆုံးသွားတော့လည်း ကိစ္စမရှိပါဘူး.... ငါလည်း ဘာမှ မပြောပါဘူး ငါယူလာပေးတဲ့ အရာကို မင်းပဲ ကြည့်ပေးလိုက်တော့... ဘာပဲဖြစ်ဖြစ် လောင်ယန်ကိုတော့ မျက်နှာသာ ပေးလိုက်ပါ မဟုတ်ဘူးလား?"


သူ့ကို မော့ကြည့်လိုက်တော့ ပြုံးနေပေမယ့် လိုချင်တာမရရင် ပြန်မယ့်ပုံလည်း မပေါ်ချေ။ ဒီမှာ သူ့ပုံပန်းသဏ္ဍာန်ကြောင့် အပြင်က ခရီးသွားတွေကို စောင့်ကြည့်ဖို့ ဆွဲဆောင်ထားပြီးသား ဖြစ်နေပြီ။ ဒီပြဿနာသာ ဆက်ရှိနေရင် မနက်ဖြန် သတင်းစာမှာ ပါနေမှာမို့လို့ လက်ခံရုံမှလွဲ၍ သူ့မှာ ရွေးချယ်စရာ မရှိတော့ချေ။


"အိုကေ...ကြည့်တာတော့ ကြည့်ပေးမယ်... ဒီမှာ မျောက်တစ်ကောင်လို လုပ်မနေနဲ့... ကျုပ်တစ်ခုတော့ ကြိုပြောထားမယ်နော် ဒါက ဘယ်လို ရလဒ်မျိုးမဆိုး ဖြစ်သွားနိုင်တယ်...ကျုပ် အာမတော့ မခံပေးနိုင်ဘူး"


"ဟုတ်ပါပြီ ငါလည်း ဒီလုပ်ငန်းမှာ ပါဝင်ဖူးလို့ စည်းကမ်းတွေကို နားလည်ပါတယ်!"


တကယ်တော့ ဒီစစ်မတ်ကာက ပိုးထည်စာအုပ် အတွဲက အတွဲ၂၀ ကျော်ရှိပြီး အတွဲတစ်ခုစီက ကွဲပြားကြသည်။ အဲဒီအချိန်တုန်းက အဖိုးခိုးယူခဲ့တဲ့ အပိုင်းဟာ တိုတောင်းလွန်းတဲ့ အပိုင်းတစ်ပိုင်းပဲ ရှိပါသေးသည်။ 


ဒီနေ့အထိ ထိန်းသိမ်းထားဆဲ ဆိုပေမယ့် အဲဒါက သူတို့မိသားစု သေတ္တာအောက်ခြေက ရတနာတွေထဲမှာပဲ။ တချို့အရာတွေက ပိုက်ဆံရှိရင်တောင်မှ ဝယ်လို့မရဘူး။ သူက အဓိပ္ပာယ်မဲ့ လျှောက်ပြောနေရင်တောင် ဒီအဖိုးအို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး။


ကျွန်တော်တို့ထဲက တချို့က နောက်ဖေးခန်းကို ပြန်လာခဲ့သည်။ အဖိုးအိုအတွက် လက်ဖက်ရည်တစ်ခွက် ဧည့်ခံပေးဖို့ ဝမ်မုန့်ကို တောင်းဆိုပြီး သူ့ပစ္စည်းတွေကို ထုတ်ယူ လာခိုင်းလိုက်သည်။ သူ့လက်ထဲက စာရွက်ဖြူဖြူကို ပေးလာတော့ ကြည့်ရုံနဲ့ မိတ္တူဖြစ်နေတာ တွေ့ရတဲ့အခါ သူအနည်းငယ် စိတ်ဆိုးသွားခဲ့၏။


"မှန်တယ်... ဒီရတနာလေးက နေရာတိုင်း သယ်သွားလို့ရတယ်...အဲဒီတုန်းက တိုက်ပွဲပြီးတော့ အစိတ်စိတ် အမြွှာမြွှာ ကွဲသွားတယ်လေ... ငါသာ သေချာဖွက်ယူမလာရင် အစောကတည်းက နိုင်ငံခြားကို ပါသွားလောက်ပြီ ဟုတ်တယ်မလား?


သူလည်း ရယ်လိုက်ရင်း


"ခင်ဗျားကို ကြည့်ရတာ အရန် ဂူဖောက်သူ တစ်ယောက်ကို လှောင်ပြောင်နေသလိုပဲ...ခင်ဗျား ပေါ်ပေါ်ထင်ထင် လှုပ်ရှားရဲမယ် မထင်ပါဘူး... ဒါက နိုင်ငံတော်ဘဏ္ဍာလေ ခင်ဗျား အသက်ကို မလိုချင်တော့ဘူးလား!"


စာကြောင်း တစ်ကြောင်းတည်းနဲ့ ထိတွေ့မိသွားတဲ့အခါ အဘိုးကြီးရဲ့ မျက်နှာက စိမ်းသွားပေမယ့် ကျွန်တော့်ဆီက တစ်စုံတစ်ခုကို လိုချင်တာကြောင့် ခံနိုင်ရည်ရှိအောင် ထိန်းထားရင်း ပြန်ပြောလေ၏။


“မင်းအဲ့လိုပြောလို့ မရဘူးလေ... အလုပ်တိုင်းက သူ့သဘောနဲ့သူ အမှန်တရား တစ်ခုဆိုတာ ရှိတယ်... မင်းအဘိုး အဲဒီအချိန်တုန်းက ချောင်ရှားမှာ ဂူဖောက်တုန်း ဒီအကြောင်းကလည်း ကျယ်ကျယ်ပြန့်ပြန့်ကို ကျော်ကြားလာခဲ့တာပဲ"


သူ့နှာခေါင်းကို လက်ညိုးထိုးပြီး 


"စကားအများကြီး မပြောနဲ့ ကျုပ်အဘိုးရဲ့ နာမည်ကို ထပ်ပြောရင် ဒီအရာကို ပြန်ယူသွားပြီး ကိုယ်တိုင်သာ ကြည့်လိုက်တော့!"


"ကောင်းပြီ...ကောင်းပြီ ငါတို့ ရပ်လိုက်ကြရအောင်... မင်း မြန်မြန်ကြည့်... ဒါဆို ငါလည်း မြန်မြန် ထွက်ပြေးနိုင်ပြီ"


စာရွက်ဖြူကို လှန်ပြီး အတွင်းဘက် အပြင်အဆင်ကို ကြည့်လိုက်တော့ ဒီစာအုပ်ဟာ စစ်မတ်ကာလခေတ်က ကောင်းကောင်း ထိန်းသိမ်းထားတဲ့ ပိုးသားစာအုပ် တစ်အုပ်မှန်း သိပေမယ့် အဘိုး ခိုးယူထားတာက မိတ္တူတော့ မဟုတ်ပေ။ မူရင်းနဲ့ လုံးဝကို ကွဲပြားနေတာကို တွေ့ရလေ၏။


တစ်ဖက်လူကို ကူ​​ကြည့်ညီပေးဖို့ သဘောတူလိုက်တဲ့ အတွက် စိတ်ရောကိုယ်ပါ မလုပ်ချင်ပေမယ့် အနာဂတ်မှာ သူ့ လာနှောက်ယှက်ဖို့ အတင်းအကြပ် လုပ်ခိုင်းတာတွေ ရှိလာနိုင်တဲ့ အတွက် ထိုအရာကို မှန်ဘီလူးအောက်မှာ ထည့်ထားလိုက်ပြီး သေသေချာချာ ကြည့်လိုက်သည်။


စီးကရက် တစ်လိပ်သောက်သည့် အချိန်ကိုကြည့်ပြီးနောက် စိတ်ထဲမှာ တဖြည်းဖြည်း ယုံကြည်မှုတစ်ခု ရလာခဲ့သည်။ ကျွန်တော့်ကို မျှော်လင့်ချက်ကြီးစွာ ကြည့်နေသော ရွှေသွားနဲ့လူကို ကြည့်ကာ ခေါင်းခါလိုက်ပြီး 


"မိတ္တူစာကြောင်းတွေက သက်တမ်းတော်တော် ရင့်နေပြီလို့ ထင်ရပေမယ့် ရှေးမင်းဆက်တွေ လက်ဆင့်ကမ်းလာတဲ့ အတုတွေ ဖြစ်နိုင်တယ်... ဆိုလိုတာက ရှေးဟောင်းပစ္စည်း အတုလို့ ဆိုရမှာပဲ အရမ်း ရှက်စရာကောင်းတဲ့ အမှတ်အသား တစ်ခုဖြစ်နေပြီ... ပြီးတော့ ခင်ဗျားရဲ့ မိတ္တူက အရမ်းဆိုးနေလို့ ကျုပ်သေချာ မပြောနိုင်ဘူး... ဟန်မင်းဆက်ကလို့ပဲ ခန့်မှန်းရတယ်.... ဘယ်လို ပြောရမလဲ အတုလို့ပြောရင်လည်း အတု မဟုတ်ဘူး အစစ်လို့... ပြော​ပြန်ရင်လည်း မမှန်ဘူး... ဒါက အဲ့လိုပစ္စည်းပဲ"


"ဒါဆို မင်းအဘိုး ခိုးယူထားတဲ့ အဲဒီအပိုင်းလိုပဲလား..."


"ကျုပ် ခင်ဗျားကို ပြောမယ်... အမှန်တိုင်းပြောရရင် ကျုပ်အဘိုး အဲဒီအပိုင်းကို ကြည့်တောင် မကြည့်ရသေးဘူး အမေရိကန်တွေက ခိုးသွားရော...ခင်ဗျား မေးခွန်းကို ကျုပ်တကယ် မဖြေနိုင်ဘူး" 


သူ စိတ်ရင်းမှန်ဟန်နဲ့ သက်ပြင်း ချလိုက်သည်။ သူလက်ထဲမှာ ခဲခြစ်စာရွက် အပိုင်းအစ ရှိနေတယ်ဆိုတာကို အသိပေးလိုက်ရင် ချက်ချင်း သတင်း ပြန့်နှံ့သွားလိမ့်မယ်။ တခြားလူတွေကို ဆွဲဆောင်ဖို့ လွယ်ကူနိုင်တာကြောင့် သူ့ကို လှည့်စားပြီး တခြားနေရာမှာ အဖြေရှာခွင့်ပေးလိုက်တာ ပိုကောင်းပါတယ်။


ရွှေသွားနဲ့ လူကြီးက ကျွန်တော့်ကို ကြည့်ပြီး ခဏကြာတော့ တကယ် ယုံသွားလေသည်။ သူသက်ပြင်းချရင်း။


"ဒါက ကံမကောင်းတာပဲ... အဲဒီအမေရိကန်ကို ရှာမတွေ့ရင် မျှော်လင့်ချက် မရှိတော့မှာကိုတောင် ကြောက်ရတယ်"


"ဘာလို့ ဒီအတွဲကို အရမ်း ဂရုစိုက်​နေတာလဲ?"


မနေနိုင်ဘဲ မေးလိုက်မိသည်။ ဒါက ထူးဆန်းလွန်းတယ်လေ။ ရှေးဟောင်းစာအုပ်တွေ စုစည်းမှုက ကံကြမ္မာပေါ်မှာ မူတည်သေးတယ်။ စစ်မတ်ကာလရဲ့ ရှေးဟောင်းစာအုပ် အတွဲ ၂၀ တွဲကို ရှာရတာက လောဘ ကြီးလွန်းတယ် မဟုတ်ပါလား။


"ညီလေး အမှန်တိုင်းပြောရရင် ငါက ဂူဖောက်သူ မဟုတ်ပါဘူး... ငါ့ခန္ဓာကိုယ်ကို ကြည့်ဦး တော်တော်လေး ရုန်းကန်ရတယ်လေ... ဒါပေမဲ့ ငါ့သူငယ်ချင်းက ကျွမ်းကျင်တယ် သူဘာရောင်းလဲတော့ ငါမသိဘူး... ဘာပဲဖြစ်ဖြစ် တခြားသူတွေမှာ ကိုယ်ပိုင် အကြောင်းပြချက်တွေ ရှိတော့ ငါလည်း အများကြီး မမေးချင်ဘူး” 


ထိုသူက တခစ်ခစ်ရယ်လျက် ခေါင်းယမ်းကာ သက်ပြင်းချရင်း 


“ကောင်းပြီ... မင်းဒီလို ပြောလာပြီဆိုတော့ ငါမင်းအလုပ်ကို မနှောင့်နှေးဖို့ ဆုံးဖြတ်လိုက်ပါပြီ... အရင် သွားလိုက်ပါဦး"


အဲဒီလိုပြောပြီးတာနဲ့ သူက မတ်တပ်ရပ်ပြီး ကျွန်တော့်ကို လက်သီးဆုပ်ကာ နှုတ်ဆက်ပြီး နောက်ပြန် လှည့်မကြည့်ဘဲ ထွက်သွားလေတော့သည်။ သူစိတ်ပျက်လက်ပျက်နဲ့ ထွက်သွားတာကို မြင်တော့ ကျွန်တော်လည်း သည်းမခံနိုင်တော့ချေ။ 


ဒါပေမဲ့ ကျွန်တော်တို့ အလုပ်မှာက အရာရာကို သတိမထားမိဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ သူ့လို အသေးအမွှား ကိစ္စတစ်ခုအတွက် အဆိုးဆုံးကတော့ အချိန်ကို သုံးစွဲရတာပဲ။ အချိန်တွေ ပိုကြာလာလို့ တွေးပြီး စိတ်မသက်မသာ ဖြစ်သွားသည်။


ဒီအချိန်မှာ အဲဒီရွှေသွားဟာ မိတ္တူစာရွက်ကို ​ပြန်ယူမသွားတာ ရုတ်တရက် တွေ့လိုက်ရသည်။ အစောနက စကားက သူ့နှလုံးသားကို ထိမိသွားလို့ ဖြစ်ကောင်းဖြစ်နိုင်၏။ အကြောင်းအရာ မည်မည်ရရ မရှိဘဲ ကောက်ကိုင် ကြည့်လိုက်တော့ စိတ်ဝင်စားစရာ ကောင်းတဲ့ ပုံစံတစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။ 


မြေခွေးနှင့်တူသော လူမျက်နှာတွင် မျက်လုံးများ မရှိချေ။ စက္ကူမှာ ရှုးနေသကဲ့သို့ သုံးဖက်မြင် ပုံစံရှိသည်။ ၎င်းတို့ကို မြင်လိုက်ရသောအခါ သူ့ခမျာ အသက်ရှူမဝသလို ဖြစ်လာသည်။ ဒါက ရှားရှားပါးပါး ရတနာတစ်ခုလည်း ဖြစ်တယ်ထင်ပါရဲ့။ ဒီကော်ပီကို အတုအပလေးတွေ လုပ်ဖို့အတွက် အနည်းငယ် စိတ်ဝင်စားလာခဲ့သည်။


ဒစ်ဂျစ်တယ် ကင်မရာနဲ့ ဓာတ်ပုံရိုက်ပြီး စက္ကူကို ဝမ်မုန့်အား အပြင်ကို ယူသွား​စေပြီး ရွှေသွား ပြန်လာရင် သူ့ဆီ တိုက်ရိုက် ပြန်ပေးဖို့ မှာလိုက်သည်။ 


အဖိုးက သင်္ချိုင်းဖောက်သူ ချောင်ရှား ဇာတိဖြစ်ပြီး ဒီလုပ်ငန်းကို စတင် လုပ်ကိုင်လာခဲ့တာကလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒီနေ့ခေတ်အခေါ်အရတော့ မျိုးရိုးလိုက်တာပေါ့။ အဘိုးရဲ့ အသက် ၁၃ နှစ် အရွယ်တုန်းက တရုတ်ပြည် အလယ်ပိုင်းမှာ မိုးခေါင်ခဲ့ပါသည်။


မိုးခေါင်တဲ့အချိန်တိုင်း အငတ်ဘေးကြုံရင် ပိုက်ဆံရှိရင်တောင် စားဖို့ ဘာမှမဝယ်နိုင်ဘူး။ အဲဒီအချိန်က ချောင်ရှားထောင့်မှာ ဘာမှမရှိပေမယ့် ရှေးဟောင်းသင်္ချိုင်းတွေ အများကြီး ရှိတော့ အဘိုးတို့က အားကိုးတကြီးနဲ့ စားဖို့ တောင်တွေနဲ့ သင်္ချိုင်းတွေကို တရွာလုံးက ဝိုင်းပြီး ဖောက်ကြရတယ်။ အဲဒီနှစ်တွေတုန်းက အားလုံးက စားနပ်ရိက္ခာတူးပြီး နိုင်ငံခြားသားတွေနဲ့ ဖလှယ်စားဖို့ကိုပဲ အားကိုးနေကြတယ်လေ။


အချိန်ကြာလာတာနဲဲ့ အမျှ ဒါက ယဉ်ကျေးမှုတစ်ခုလို ဖြစ်လာခဲ့သည်။ အဖိုး၏ မျိုးဆက်တွင် စည်းကမ်းနှင့် ဂိုဏ်းခွဲများ ရှိနေပြီဖြစ်သည်။ သမိုင်းကြောင်းအရ သင်္ချိုင်းဖောက်သူများကို မြောက်နှင့် တောင်ဘက်ဟူ၍ နှစ်ပိုင်းခွဲထားသည်။ 


ဒေသခံသခင်တို့၏ ဓလေ့ထုံးစံအရ အဘိုးတို့သည် တောင်ပိုင်းအဖွဲ့ ဖြစ်သည်။ ရှေးဟောင်းသင်္ချိုင်းများကို ရှာဖွေရန် မြေဆီလွှာကို အဓိကအားကိုး၍ ရှာဖွေကြသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မတိုင်မှီက ထန့်ကျွေးကို အသုံးပြုကြပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အပြီးတွင် လော့ရန်ဂေါ်ကြားကို အသုံးပြုကြသည်။ 


ယခုခေတ်တွင်လည်း လော့ရန်ဂေါ်ပြားကို မကြာခဏ အသုံးပြုလေ့ ရှိပါသည်။ အမှန်တော့ မြောက်ပိုင်းသားများက လော့ရန်ဂေါ်ပြားကို အသုံးမပြုကြချေ။ ၎င်းတို့နှင့် ဆက်ဆံရာတွင် ကောင်းမွန်သည့် အချက်မှာ သင်္ချိုင်း၏ တည်နေရာနှင့် ဖွဲ့စည်းပုံကို တိကျစွာဆုံးဖြတ်ခြင်းသည့် 'နဂါးသွေးကြောရှာဖွေခြင်း' ဟူသည့် အရာ ဖြစ်သည်။


မြောက်ပိုင်းနှင့် တောင်ပိုင်းသားများသည် စာတတ်မြောက်သော ဂိုဏ်းကြီးများ ဖြစ်သည်။ မူလအားဖြင့် ၎င်းတို့သည် လောကီရေးရာများနှင့် မသက်ဆိုင်ချေ။ နောက်ပိုင်းတွင် အကြိမ်ပေါင်းများစွာ ဒုက္ခရောက်ပြီးနောက် ထိုလမ်းခရီးတွင် လူများ ပိုများလာကာ ဤအရာများကို နည်းပညာများဖြင့် တဖြည်းဖြည်း သယ်ဆောင်လာကြသည်။ 


အဖိုးက သူ့ကိုယ်သူ တစ်ခါမှ မပေးဖူးဘူးလို့ ပြောပေမယ့် အဖိုးလက်အောက်က တပည့်တွေကို မေး​ကြည့်တဲ့အခါ အဘိုးလုပ်နေတာတွေက တောင်ပိုင်းအဖွဲ့နဲ့ ပတ်သက်တာ ဖြစ်နိုင်ကြောင်း သိလိုက်ရသည်။ 


အဖွဲ့နှစ်ဖွဲ့ဟာ စတင် တည်ထောင်ကတည်းက သဘောထား ကွဲလွဲနေခဲ့တာလို့ တောင်ပိုင်းအဖွဲ့က ဆိုသည်။ မြောက်ပိုင်းအဖွဲ့မှာ လက်တွေ့မကျသလို လှည့်ကွက်တွေ များလွန်းတာကြောင့် သင်္ချိုင်းကို လုယက်တာကတောင် ပိုကောင်းနေ၏။ 


တောင်ပိုင်းအဖွဲ့မှာ စည်းကမ်း အများကြီး မရှိသလို လူသေတွေကို ဘယ်တော့မှ မတားမြစ်ဘူး။ မြောက်ပိုင်းအဖွဲ့က ဒေသဆိုင်ရာ ခွေးတွေစုပြီး ယဉ်ကျေးမှု အမွေအနှစ်တွေကို ဖျက်ဆီးပြီး လူသေတွေကိုတောင် ဆွဲထုတ်ရောင်းချဖို့ လုပ်ကြတာ ထင်ရှားပါသည်။ 


မြောက်ပိုင်းအဖွဲ့ကို ကြောင်သူတော်လို့ ခေါ်ကြ၏။ သူခိုးတစ်ယောက်လို လုပ်တတ်သည်။ နောက်ပိုင်းတွင် ဂိုဏ်းနှစ်ဂိုဏ်းက ပန်းကန်ပြားပေါ် နင်းမိလိုက်တာနဲဲ့ တူညီသည့် အချက်ကို မကြာခဏ ဆွဲထုတ်ကာ ထိပ်တိုက်တွေ့ကြပြီး ရှန်းရှီးတွင် အလောင်းရန်ပွဲများပင် ရှိခဲ့​လေသည်။


နောက်ဆုံးတွင် အုပ်စုနှစ်စုသည် ယန်ဇီမြစ် တစ်လျှောက် ကွဲသွားခဲ့သည်။ မြောက်ပိုင်းအဖွဲ့ကို ဂူ​ဖောက်သူအဖွဲ့ ဟုခေါ်သည်။ တောင်ပိုင်းအဖွဲ့ကို သဲဆေးသူ (ဂူဖောက်သူပဲ) ဟုခေါ်​ကြသည်။ လော့ရန်ဂေါ်ပြားကို သဲတူးခြင်း သို့မဟုတ် မြေတူးခြင်းအတွက် အသုံးမပြုမီအထိ တီထွင်ခဲ့ခြင်း ဖြစ်ပြီး မြောက်ပိုင်း လူမျိုးများကတော့ ၎င်းကို လုံးဝအသုံးမပြုခဲ့ပေ။


မြောက်ပိုင်းနှင့် တောင်ပိုင်းအဖွဲ့များကြား နယ်နိမိတ်သည် ရှင်းရှင်းလင်းလင်း မရှိခဲ့ပေ။ အဖိုးက တောင်ပိုင်းအဖွဲ့ကဟု ဆိုသော်လည်း သူ့သူငယ်ချင်းဟောင်းများ ကြားတွင် မြောက်ပိုင်းအဖွဲ့သားများ အများအပြား ရှိသဖြင့် သားသမီးများအထိ အသေးစိတ် သွားရလျှင် ပို၍ပင် စိတ်ရှုပ်သွားရလိမ့်မည်။


အဘိုးက စာမဖတ်တတ်လို့ စာ​ပေတတ်မြောက်ဖို့ အတန်းတက်ခဲ့တယ်။ အဲဒီတုန်းက သဲထဲရေဆေးနည်းလောက်ပဲ သိခဲ့တာ။ စကားလုံး နည်းနည်းလေ့လာပြီး စာလုံးတွေ ရေတွက်ရတာက သူ့အတွက် ရုန်းကန်နေရသလိုပင်။


သို့သော် ချောင်ရှားတွင် သူ၏အတွေ့အကြုံ တချို့ကို မှတ်တမ်း တင်ထားနိုင်ခဲ့သည်။ ဖျောက်ဇစ်တောင်က တတိယမြောက်သားဟာ ကျွန်တော့်အဖိုးပဲ ဖြစ်သည်။ သူသည် ဤအရာအားလုံးကို သူ၏မှတ်စု စာအုပ်ဟောင်းထဲတွင် စကားလုံး တစ်လုံးချင်း မှတ်တမ်း တင်ခဲ့သည်။ 


ကျွန်တော့်အဖွားသည် ယဉ်ကျေးသိမ်မွေ့သူ တစ်ဦးဖြစ်ပြီး အမျိုးသမီးတစ်ဦး ဖြစ်သောကြောင့် သူ့ဇာတ်လမ်းများက သူမကို စွဲဆောင်သွားခဲ့သည်။ နောက်ဆုံးတော့ သူတို့ လက်ထပ်လိုက်ကာ ကျွန်တော့်အဘိုးက ဟန်ကျိုးကို ရောက်လာပြီး ဒီမှာပဲ အခြေချခဲ့သည်။


အဲဒီမှတ်စု စာအုပ်က ကျွန်တော့်မိသားစုရဲ့ အမွေအနှစ်ပင်။ အဖိုးရဲ့ နှာခေါင်းက လုံးဝပျက်စီးသွားခဲ့ပြီ။ နောက်ပိုင်းမှာ အညစ်အကြေးတွေကို အနံ့ခံဖို့ ခွေးတစ်ကောင်ကို လေ့ကျင့်ပေးခဲ့ပြီး “ခွေးဘုရင်” လို့တောင် နာမည်ပြောင် အပေးခံခဲ့ရသည်။ အခုနောက်ပိုင်း မျိုးဆက်က လူတွေဟာ ချောင်ရှားမှာ ထိုနာမည်ကိုသာ ရင်းနှီး​ကြသည်။


အဘိုး ဘယ်လို လွတ်မြောက်ခဲ့လဲ? ဒုတိယဦးလေး၊ ဘဘနဲ့ အဘိုးကရော ဘယ်လို ဖြစ်သွားတာလဲ? ဒါကိုတော့ အဘိုးက ကျွန်​တော့်ကို ပြောပြဖို့ ငြင်းနေတုန်းပဲ။ ကျွန်တော် မှတ်မိသလောက်တော့ မျက်လုံးတစ်ဖက်နဲ့ လက်နက်ကိုင်ထားတဲ့ ဒုတိယဦးလေး ကို တစ်ခါမှ မတွေ့ဖူးဘူး။ 


တကယ်ကို ဘေးအန္တရာယ် တစ်ခုခု ဖြစ်ခဲ့ပုံပဲ။ ဒီကိစ္စကို ပြောပြီးတာနဲ့ ကျွန်တော့်အဘိုးက သက်ပြင်းချပြီး “ဒါက ကလေးတွေအတွက် ပုံပြင်မဟုတ်ဘူး” လို့ အမြဲတမ်း ပြောခဲ့သည်။ နောက်ဆုံးတော့ အသက်ကြီး လာတာနဲ့အမျှ ငယ်စဉ်ကလေး ဘဝရဲ့ စူးစမ်းလိုစိတ်တွေ တဖြည်းဖြည်း ပျောက်သွားတော့၏။


**********


အဲဒီနေ့ညနေ ဆိုင်ပိတ်ချိန်မှာ ဝူရှဲ့တစ်ယောက် မက်ဆေ့ခ်ျတစ်စောင် လက်ခံရရှိခဲ့သည်။ ဖွင့်ကြည့်လိုက်တော့ သူ့အိမ်က တတိယဦးလေးဆီက လာတာကို တွေ့လိုက်ရ၏။


ကျွန်တော့်ရဲ့ တတိယဦးလေးကတော့ သင်္ချိုင်းဖောက်မှု ပါဝင်နေဆဲဖြစ်တဲ့ ကျွန်တော့်မိသားစု ဖြစ်ပေ၏။ သူကတော့ ငယ်ငယ်ကတည်းက လူကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာ ခဏတာ ကြားသိခဲ့ရသည်။ 


သူ့ကိုယ်ရည်ကိုယ်သွေးကြောင့် သူ့ဘာသာသူ ရှေးဟောင်း ပစ္စည်းရောင်းဖို့ ထွက်သွားသည်။ တတိယဦးလေးသည် အခြားသူများထက် စော၍ ပွဲဦးထွက် ပြုလုပ်နိုင်ခဲ့ကြောင်း မကြာခဏ ကြွားဝါလေ့ရှိသည်။ 


သူသည် ခြောက်နှစ်သား အရွယ်တွင်ပင် တစ်ဦးတည်းလုပ်ကိုင်ခဲ့ပြီး ဆယ်နှစ်သား အရွယ်တွင် နိုင်ငံခြား ဂိုဏ်းရှစ်ဂိုဏ်းကြားတွင် ကျော်ကြားနေပြီဖြစ်သည်။ 


သို့သော် ဤသင်္ချိုင်းဖောက်သည့် အလုပ်သည် အခြေခံအားဖြင့် ဦးသူရ အလုပ် မဟုတ်တော့ပေ။ လူတချို့၏ ပြောကြားချက်အရ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူသည် ပစ္စည်းများကို ကောက်ယူရန် သင်္ချိုင်းသို့ ရံဖန်ရံခါ သွားလေ့ရှိသည်။ 


ပြန်ထွက်လာတိုင်း အမြတ်အစွန်းက မယုံနိုင်လောက်အောင် ကြီးမားလွန်းလှသည်။


သူ့စာတိုကို ဖွင့်ကြည့်တော့ သူ့ကို ညစားစားဖို့ ခေါ်နေတဲ့ စာဖြစ်ကာ "၉ နာရီ ပြောင်းဖူးနဲ့ သဲဝါ" လို့ ရေးထား​လေ၏။ 


ဤသည်မှာ သူတို့၏ အွန်လိုင်းပေါ်တွင် အသုံးပြုတတ်သော စကားဝှက် တစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ ကုန်ပစ္စည်းအသစ်များ ရောက်ရှိလာပြီး ၎င်းတို့ကို ရွေးထုတ်ခိုင်းခြင်း ခံရပါသည်။ 


တတိယဦးလေးသည် မန်ရှန်းဘက်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး တပည့်များစွာရှိသည်။ ဂူသင်္ချိုင်း တစ်ခုထဲက ပစ္စည်းတွေကို ထုတ်လာပြီး ဟန်ကျိုးမြို့ထဲသို့ ရောက်ရှိခဲ့ပုံ ရသည်။ သွားမလားလို့ တွေးနေတုန်း စာထပ်ပို့လိုက်သည်။ 


"နောက်ကျောမှာ နဂါးတစ်ကောင် ရှိတယ်... မြန်မြန်လာ"


မကြာသေးခင်ကမှ ငွေတွေ ကျပ်နေခဲ့တယ်။ မဝယ်နိုင်တဲ့ ပစ္စည်းကောင်းတွေ မြင်ရရင် မကြည့်ရဲ​တော့ဘူး။ ဒါပေမဲ့ နဂါးရှိတယ်လို့ ပြောတဲ့အခါမှာတော့ သူ့မျက်လုံးတွေ တောက်ပလာခဲ့တယ်။ 


နဂါးရဲ့နောက်ကျော ဆိုတာကက ရတနာလို့ အဓိပ္ပာယ်ရတယ်။ တတိယဦးလေးရဲ့ အမြင်က အံ့သြစရာ ကောင်းလောက်အောင် မြင့်မားတယ်။ သူက အားလုံးဟာ ကောင်းတဲ့အရာလို့ ထင်ကြပေမယ့် တကယ်ကို ရှားပါးတဲ့ ရတနာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီအခွင့်အရေးကို လွဲချော်ရင် ပျောက်ကွယ်သွားလိမ့်မယ်။


စိတ်ထဲချက်ချင်း ဆိုသလိုပဲ တွေးရင်း စတိုးဆိုင်တံခါးကို ပိတ်ပြီး ကျိုးနေတဲ့ ကျင်းပေကားကို မောင်းပြီး တတိယဦးလေးရဲ့ နေရာကို တန်းတန်းမတ်မတ် သွားလိုက်သည်။ သူ့နေရာက အရောင်းတွေနဲ့ အရမ်းရှုပ်နေတော့ နောက်မှသွားရင်တော့ ဘာမှဖြစ်မှာ မဟုတ်ဘူး။ 


ထွက်ခွာသွားတော့ စိုးရိမ်စိတ် နည်းနည်းရှိတဲ့အတွက် သတိမထားမိဘဲ အရှိန်မြှင့်တဲ့ နေရာကို အကြိမ်အနည်းငယ် နင်းမိသွားခဲ့သည်။ ရလဒ်အနေနဲ့ လမ်းဆုံတစ်ခုမှာ ယာဉ်ထိန်းရဲနဲ့ တည့်တည့်တိုးလေရာ တစ်နာရီလောက် ကြာတော့မှ ရောက်တော့သည်။


“ကောင်စုတ်လေး... ငါမင်းကို မြန်မြန်လာဖို့ ပြောရဲ့သားနဲ့... မင်းလာတာ နေ့တစ်ဝက်လောက်တောင် ကြာနေပြီ အခုတော့ အသုံးမဝင်​တော့ဘူး!"


သူပြောတာကို ကြားတော့ ပစ္စည်းက ရောင်းထွက်သွားပြီ ဆိုတာ သိလိုက်သည်။


“မဟုတ်​သေးဘူးလေ... ဦးလေးသုံး ပစ္စည်းကောင်းလေး ဆိုလည်း ကျွန်တော့်အတွက် ချန်ထားပေးလေ...ဘာလို့ မြန်မြန်ကြီး ရောင်းပစ်လိုက်တာလဲ?” 


"ငါ ကောင်းကောင်း သိတယ်... ဒါကြောင့် မင်းကို မြန်မြန်လာဖို့ ပြောတာပေါ့.... မင်းကငါ ပထမဆုံး အကြောင်းကြားတဲ့သူပဲ!"


သက်ပြင်းချပြီး မရှင်းပြချင်တော့တဲ့ အချိန်မှာတော့ လူငယ်တစ်ယောက်က သူ့နောက်ကျောမှာ ပရုတ်သစ်သားပုံး သေတ္တာရှည်ကို ထမ်းပြီး အိမ်ရှေ့တံခါးက ထွက်လာခဲ့၏။ အပြင်ဘက်ကတော့ အဝတ်နဲ့ တင်းတင်းကျပ်ကျပ် ထုပ်ထားသည်။ 


ဓားသွားတွေကို သိမ်းဆည်းရာမှာသုံးတဲ့ ဓားသေတ္တာလို့ ခေါ်တဲ့ ဓားအိမ်မှန် သူသိပါသည်။ ဒီအရာဟာ အလွန်တန်ဖိုး ရှိတယ်။ အဲဒီဓားအိမ်ထဲမှာ ဓားတစ်ချောင်း ရှိ​နေရင် လုံးဝ တန်ဖိုးရှိတဲ့ပစ္စည်း ဖြစ်သွားပါလိမ့်မည်။


နဂါးရဲ့နောက်ကျော ဆိုတာက နဂါးရဲ့နောက်ကြောင်းမို့လို့ လူငယ်လေးရဲ့ ကျောပြင်ကို ဦးလေးသုံးက ညွှန်ပြလိုက်လေ၏။


အဲဒီအခိုက်အတန့်မှာ စိတ်မဝင်စားသလို ခံစားရပြီး ပြန်လာရာ လမ်းအတိုင်း ပြန်သွားတော့မယ် အခိုက်မှာ တတိယဦးလေးက သူ့ကို စောင့်ခိုင်းပြန်၏။ အပေါ်ထပ်က လူတော်တော်များများက သူ့စာကြည့်တိုက်က ပစ္စည်းတွေကို ကောက်ပြီး လာကူပေးစေချင်တယ်လို့ ပြောလေသည်။


သူလည်း ညဘက်ဆို ဘာမှလုပ်စရာ မရှိဘူးလို့ ထင်တာကြောင့် အပေါ်တက်ပြီး ပျော်ပျော်ပါးပါး ကစားချင်သွားသည်။


ကိစ္စပြီးသွားတော့ ဝူလန်ယဲ့ ခွက်တစ်ဝက်လောက်ကို အတူသောက်ရင်း ရွှေသွားနဲ့ အဘိုးအိုအကြောင်း အပါအဝင် ဒီနေ့ ဖြစ်ပျက်ခဲ့တာကို ပြောပြလိုက်သည်။ ဦးလေးသုံးတစ်ယောက် ကြားပြီး လျှာကို သပ်လိုက်မယ်လို့ မမျှော်လင့်ထားခဲ့ချေ။


"ပေကျင်းက ရွှေသွား...အဟား ဒါက မြစ်ထဲကို ခုန်ချမယ့်အစား တံတားပေါ်မှာ သေကြောင်း ကြံချင်​နေတာပဲ.."


တတိယဦးလေး သူတို့ချင်း သိနေမှန်း ကြားရတော့ အံ့ဩသွားကာ ဘာဖြစ်တာလဲလို့ မေးကြည့်တဲ့အခါ တတိယဦးလေးက ရွှေဆိုင်ရောက်တဲ့အခါ အရမ်းမောက်မာတဲ့ သူတွေ ရှိတတ်တယ်လို့ ဆိုလာ၏။


တတိယဦးလေးဟာ မကြာသေးခင် နှစ်တွေတုန်းက ပေကျင်းမှာရှိတဲ့ ရွှေသွားရဲ့ အရောင်းကိုယ်စားလှယ်သည် ၎င်းတို့အား ရောင်းချရန် တာဝန်ရှိသော ကုန်ပစ္စည်းများ အကြောင်း ဆိုလာခဲ့သည်။ ရှန်ရှီးတွင်ရှိ ရတနာဂူကို မကြာသေးမီကမှ ဖွင့်လှစ်ခဲ့ပြီး ၎င်းတို့အတွက် ရတနာများစွာကို အမှန်တကယ် ရိတ်သိမ်းနိုင်ခဲ့သည်ဟု ဆို​​ကြသည်။


ပိုးစာအုပ်သည် ရှန်ရှီးသင်္ချိုင်းမှ လာသည်ဟု ထင်ရသည်။ ထို့ကြောင့် ဒစ်ဂျစ်တယ် ကင်မရာထဲက အကြောင်းအရာများကို ကြည့်ရန်အတွက် ရိုက်နှိပ် ပေးလိုက်သည်။ တတိယဦးလေး၏ မျက်နှာမှာ ကွက်လပ်များနှင့် ပြည့်နှက်နေပြီး မျက်နှာအရောင်ကလည်း ပြောင်းသွား၏။


"ဘာဖြစ်နေတာလဲ?" ဝူရှဲ့ မေးလိုက်သည်။ 


"ဒီပစ္စည်းက ဘာဖြစ်လို့လဲ?"


သူက မျက်မှောင်ကြုတ်ပြီး ပြောလာ၏။


"ကောင်လေး... ငါ့ဆီက ပိုပိုသင်ယူဖို့ ငါပြောခဲ့ပေမယ့် မင်းက နားမထောင်ဘူး.... ဉာဏ်ပညာရှိတဲ့လူက ဒါက မြေပုံတစ်ခုလို့ တစ်ချက်လောက် ကြည့်ရုံနဲ့ကို ပြောနိုင်တယ်ကွ!"