Chapter (15)
မှုန်ဝေးဝါးသော အတိတ်ပုံရိပ်များ
"ဒါဆို ငါတို့ အဲဒီအခန်းထဲ ပြန်သွားရမယ်...ဟုန်ကျွင့်?"
လီကျင်လုံ မှတ်ဉာဏ်တွေအတိုင်း ပြန်သုံးသပ်ပြီး မျက်မှောင်ကြုတ်နေ၏။ အားလုံးက ဟုန်ကျွင့်ကို တစ်ချိန်တည်းမှာ လှည့်ကြည့်နေပေမယ့် ဟုန်ကျွင့်ကတော့ မသိစိတ်အလျောက် မတ်တပ်ထရပ်ကာ အိမ်ရှေ့ခန်းထဲက ထွက်လာပြီး ခြံဝန်းထဲက စင်္ကြံမှာ ရပ်နေလိုက်သည်။
ဤနေရာသည် ရင်းနှီးသော နေရာတစ်ခု ဖြစ်သော်လည်း သူ့မှတ်ဉာဏ်ထဲတွင် အရာအားလုံးက ခြားနားသွားသလိုပင်။ ဟုန်ကျွင့် ပတ်ပတ်လည်ကို ကြည့်ကာ သူ့ထံ၌တစ်ခါမှ မရှိခဲ့ဖူးသော အမှတ်တရ တစ်ခုခုကို ပြင်းပြင်းထန်ထန် သတိရနေမိသည်။
--ဘာဖြစ်တာလဲ? ဝိညာဉ်ထွက်ပန်း ဝတ်မှုန်ကြောင့်လား။ သို့သော် ဝိညာဥ်ထွက်ပန်းသည် မှတ်ဉာဏ် မေ့ပျောက်ထားတွေ အပေါ် အကျိုးသက်ရောက်မှု မရှိဘူး မဟုတ်ပါလား။ အတိတ်ကို ဘယ်လိုလုပ် သတိရနိုင်မှာလဲ။
"ဖေဖေ--ဖေဖေ!"
သူ့မှတ်ဥာဏ်ထဲမှာ ဟုန်ကျွင့်အငယ်လေးဟာ သူ့အဆုတ်ထိပ်မှ အော်ဟစ်လိုက်ပေမယ့် အနက်ရောင် အရိပ်တစ်ခုက ပြေးလာပြီး ခြံထဲမှာ ဆင်းသက်လာခဲ့လေသည်။ အဲဒါကတော့ ချင်းရှူံပါပဲ။ ဟုန်ကျွင့် ရုတ်တရက် သူ့ခေါင်းကိုလှည့်လိုက်တော့ ယခင် ချင်းရှုံကို တွေ့လိုက်သည်။
သူ့၀တ်ရုံက ပျံဝဲလျက် ရှိကာ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ “သတ်ရတာ လုံလောက်ပြီလား” ဟု လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ရွှေရောင် အလင်းတန်းအောက်တွင် ခန်းမအတွင်း၌ တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်သေဆုံးသွားသော စုံတွဲတစ်တွဲ ရှိကာ ဟုန်ကျွင့်အငယ်လေးက ထိုအလောင်းများဘေး၌ အရူးအမူး အော်ဟစ်နေသည်။ ချင်းရှူံက ကလေးငယ်ကို ကောက်ဆွဲကာ သူ့ဘက်သို့ ခေါ်ဆောင်လိုက်သည်။
"အဖေ--!"
ဟုန်ကျွင့်အငယ်လေး၏ အော်သံများကြားတွင် ချင်းရှုံအသံက သူ့နားထဲတွင် ထွက်ပေါ်လာသည်။
"ဟင့်အင်း ငါ့ကိုကြည့် ငါ့ကိုကြည့်"
ချင်းရှူံက ဒူးထောက်ပြီး ဟုန်ကျွင့်အငယ်လေးကို သူ့ဘက်လှည့်ခိုင်းပြီး မျက်လုံးစူးစူးတွေနဲ့ စိုက်ကြည့်နေသည်။ သူ့နှုတ်ခမ်းတွေက အနည်းငယ် လှုပ်သွားကာ တစ်ခုခုကို ပြောလိုက်ပုံပါပဲ။
ဟုန်ကျွင့်လေးသည် ခြံထဲတွင် မသိဘဲ ရပ်နေကာ ချင်ရှုံကသူ့ကို နောက်တစ်ကြိမ် ပြန်ကြည့်ရန် တွန်းအားပေးကာ ခေါင်းကို ဖိ၍ ပြောသော်လည်း စကားများက မှုန်ဝါးသွားခဲ့သည်။
ချင်းရှူံ ဘာပြောလိုက်တာလဲ။ ဟုန်ကျွင့်သာ့ ထိုစကားများက မကြာခဏ ပြောနေပုံရသော်လည်း လေးလေးနက်နက် မျက်မှောင် ကြုတ်လိုက်သည်။ ဒါပေမဲ့ နတ်ဆိုးနှင်ဌာနနဲ့ သေဆုံးသွားတဲ့ ဇနီးမောင်နှံက ဘာဖြစ်သွားတာလဲ ဆိုတာ ဟုန်ကျွင့်မှတ်ဉာဏ်ထဲ၌ မရှိနေချေ။
"ဟုန်ကျွင့်!" လူတိုင်းက အော်လိုက်ကြသည်။
လီကျင်လုံသည် လေဟာနယ် ဟင်းလင်းပြင်ထဲသို့ သူ့လက်ကို မြှောက်ကာ ဟုန်ကျွင့်ရှေ့တွင် ဝှေ့ယမ်းကာ "အဆင်ပြေရဲ့လား" ဟု မေးလာသည်။
ဟုန်ကျွင့်မှာ ချင်းရှူံပြောတဲ့ အရေးကြီးတဲ့ စကားတစ်ခွန်းကို မေ့သွားတယ်လို့ အမြဲတမ်း ခံစားမိပေမယ့် သူက မျက်လုံးတွေကို မှိတ်ထားပြီး ခေါင်းကိုသာ ပြင်းပြင်းထန်ထန် ခါယမ်းနေမိသည်။ သူ့စိတ်ထဲမှာ ရှုပ်ထွေးနေတဲ့ အမှတ်တရတွေကို အတက်နိုင်ဆုံး ဖယ်ထုတ်ဖို့ ကြိုးစားနေ၏။
လီကျင်လုံက အံ့သြစွာနဲ့ "ဘာဖြစ်တာလဲ"
ဟုန်ကျွင့် အသက်ပြင်းပြင်း ရှူရင်း အဆင်ပြေကြောင်းပြရန် သူ့လက်ကို ဝှေ့ယမ်းကာ ပင်မခန်းမသို့ ပြန်လာရင်း ထိုင်ချလိုက်သည်။ အဲဒီနောက် မျက်ခုံးပင့်ကာ ဆွေးနွေးမှု၏ ရလဒ်ကို မေးသည်။
"ဒီညပဲ လှုပ်ရှားကြရအောင်" လီကျင်လုံက ပြောလိုက်သည်။
"ငါတို့မှာ အကြမ်းဖျင်း အကြံတစ်ခု ရှိတယ်...ငါတို့ ယီရှစ်လန်မှာ သဲလွန်စတချို့ ထပ်တွေ့နိုင်လောက်တယ်... ဒါပေမဲ့ အတည်ပြုဖို့ လိုပါသေးတယ် အခု သွားပြီးတော့ အနားယူကြရအောင် ညနေကျရင် ငါတို့ အတူတူ လုပ်ကြမယ်"
မော့ရစ်ကန်း၊ အားထိုက်နဲ့ ချိုးယုံစစ်တို့က ခေါင်းညိတ်ပြသော်လည်း အားလုံးက ဟုန်ကျွင့်ကို တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။ ဟုန်ကျွင့်က သူ့ကို စိတ်မပူဖို့ လူတိုင်းကို အလျင်စလိုပြောပြီး လူစုခွဲလိုက်၏။ ဟုန်ကျွင့် နေ့ခင်းဘက် အိပ်ပြီးတာနဲ့ လီကျင်လုံက သူ့ကိုတွေ့ဖို့ လာကြည့်လေသည်။ သူက ကုတင်ဘေးမှာ ထိုင်ပြီး။
"ခုန်ဟုန်ကျွင့်... ဒီနေ့ မင်းဘာဖြစ်နေတာလဲ" (TN - သူတို့ နည်းနည်း တိုးတက်လာပြီ)
ထိုအချိန်တွင် လီကျင်လုံသည် သူ့လက်ကို မြှောက်လိုက်ပြီး ဟုန်ကျွင့်ရဲ့ လက်ဖမိုးလေးပေါ် တင်လိုက်သည်။ ဟုန်ကျွင့်ရဲ့ နှလုံးခုန်သံတွေ ရုတ်တရက် မြန်လာပြီး သူ့ရင်ထဲမှာ တွန်းအားတစ်ခု ပေါ်လာ၏။ သူက လီကျင်လုံရဲ့လက်ကို ကိုင်ထားပြီး သူ့အမှတ်တရတွေကို ပြောပြချင်ပေမယ့် ဘာဖြစ်သွားမှန်း မသိတာကြောင့် ပြန်ဖြေလိုက်သည်က။
"ဘာမှမဖြစ်ပါဘူး"
"မင်းစိတ်ထဲမှာ တစ်ခုခုရှိနေရင် မင်းငါ့ကို အချိန်မရွေး ပြောလို့ရတယ်"
ဟုန်ကျွင့်လည်း ဝိညာဥ်ထွက်ပန်းနဲ့ ဘာမှမဆိုင်ဘူးလို့ မြန်မြန် ပြောပြလိုက်တော့ လီကျင်လုံလည်း ခေါင်းညိတ်ပြီး လှည့်ထွက်သွားလေသည်။ ဟုန်ကျွင့်လည်း လှည့်၍ သမ်းကာ ခေတ္တ အိပ်ပျော်သွားခဲ့သည်။
.......
နေဝင်သည်နှင့်အမျှ တောင်တန်းများ၏ အရိပ်များသည် တမင်နန်းတော်အား ဖုံးလွှမ်းထား၏။ လှပသော အဝတ်အစားများ ဝတ်ထားသည့် အမျိုးသမီးသည် တိတ်ဆိတ်နေသော နန်းတော်နံရံအောက် အရိပ်ထဲတွင် တစ္ဆေတစ်ကောင်လို လျင်မြန်စွာ လျှောက်လာခဲ့သည်။
"ငါခံစားရတယ်... ချန်အန်းမြို့မှာပဲ"
နဖူးမှာ အမာရွတ်ရှိတဲ့ အနက်ရောင် ၀တ်ထားတဲ့ အမျိုးသားတစ်ယောက်ဟာ တိတ်ဆိတ်နေသည့်ကြားမှ ဆိုလာသည်။
"ဖေးအောင်... သွားကြည့်စမ်း" ထိုအမျိုးသမီးက ပြောသည်။
"ငါ့ကို စားစရာတစ်ခုခု ပေး!"
အမည်းရောင် ၀တ်စုံ ဝတ်ထားတဲ့ အမျိုးသားက ရဲရင့်တဲ့ အကြည့်နဲ့ ပြန်ပြောသည်။
“ရှိမယ်” အမျိုးသမီးက ခပ်တည်တည်ပဲ ပြောသည်။
“အဲဒီကောင်ကို တွေ့မှရမယ်... ကောင်းကင်နတ်ဆိုးက မတည်ငြိမ်သေးဘူး…”
"ငါ့ကိုစားစရာ တစ်ခုခုပေး!"
"အဲဒါ မင်းစားစရာ မဟုတ်ဘူး!" အမျိုးသမီးက ရှေ့ကို တိုးလာပြီး။
"သူ့ကိုပြန်ခေါ်ခဲ့.... ငါမင်းကို ကျွေးစရာ တစ်ခုရှိတယ်"
သူမ၏ မျက်လုံးများသည် ရုတ်တရက် နီရဲလာလေရာ ဖေးအောင်သည် ခြေတစ်လှမ်းမျှ နောက်ပြန်ဆုတ်သွားကာ ခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက် လှည့်ကြည့်ကာ နန်းတော်တံတိုင်းကို ကျော်တက်၍ နေဝင်ရီတရော လေထုထဲတွင် ပျောက်ကွယ်သွားသည်။
"သခင်မ.... ဒီမှာ လူရှိလို့လား....သ..."
အစေခံ တစ်ယောက် ရောက်လာသော်လည်း ဘယ်သူ့ကိုမှ မတွေ့ရပေ။ အမျိုးသမီးက ချက်ချင်းပဲ ခေါင်းကို လှည့်လိုက်သော် အစေခံက စူးစူးဝါးဝါး အော်ဟစ်လိုက်ပါတော့သည်။
"ကယ်.....-"
အစေခံလေး မငိုမီတွင် သူမသည် အနက်ရောင် အခိုးအငွေ့ဖြင့် ဖုံးအုပ်သွားသည်။ သူမက မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ထားကာ လှပသော အဝတ်အစားများ ဝတ်ထားသည့် အမွေးအမှင်များနှင့် သတ္တဝါမျက်နှာကို ကြည့်ရင်း အကြီးအကျယ် တုန်လှုပ်နေလေသည်။ ထို့နောက် သူမ၏အရေပြားသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ရှုံ့သွားကာ အရိုးစုကဲ့သို့ လူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး တခဏချင်းပင် အသံများလည်း ပျော့၍ မြေပေါ်သို့ လဲကျသွားသည်။
အဖိုးတန် အဝတ်အစားများကို ၀တ်ဆင်ထားသော အမျိုးသမီးသည် နေဝင်ချိန်၌ ပြန်လည် လျှောက်ထွက်လာခဲ့သည်။ တောင်ကုန်းများဆီသို့ ရောက်သော် အူသံတစ်ချက် ပေးလိုက်သောအခါ တောရိုင်းမြေခွေး အမြောက်အမြား ရောက်လာကာ အစေခံရဲ့ အလောင်းကို ပါးစပ်ထဲသို့ ကိုက်ဆွဲယူကာ တမင်နန်းတော်မှ ဆွဲထုတ်ကာ ချိုင့်ဝှမ်းထဲသို့ ပစ်ချလိုက်လေသည်။
......
"ဟုန်ကျွင့် ထဦး!"
မော့ရစ်ကန်းသည် ဟုန်ကျွင့်ပခုံးပေါ် ပုတ်လိုက်သော် ဟုန်ကျွင့်လည်း ထိုးကိုက်နေသော ခေါင်းကို ကိုင်ကာ လှည့်ကြည့်လိုက်သည်။ မော့ရစ်ကန်းလည်း ဟုန်ကျွင့်နဖူးကို လက်နဲ့စမ်းကြည့်တော့ အဖျားမရှိပေ။
"မင်း နေမကောင်းဘူးလား ခဏလောက် ထပ်အိပ်လိုက်မလား"
ဟုန်ကျွင့် နိုးလာတဲ့အခါ အိပ်မက်က ရှည်လျားပြီး ဘာမှမဖြစ်ခဲ့ဘူး ဆိုတာကို သိလိုက်သည်။ နတ်ဆိုးနှင်ဌာနရဲ့ ပင်မခန်းမထဲကို ရောက်လာတော့ အားလုံးက အဆင်သင့်ဖြစ်နေပါပြီ။ လီကျင်လုံက လေးနှင့် ဓားကို ကျောပေါ်တွင် ထမ်းကာ လူတိုင်းကို တာဝန်ပေးနေသည်။
ဟုန်ကျွင့်သည် နေ့ခင်းဘက်တုန်းက သူ့လက်ဖမိုးကို ဆုပ်ကိုင်ထားခဲ့သော လီကျင်လုံရဲ့ လက်ကို တွေးပြီး ထိုသူသည် အလွန်ယုံကြည် စိတ်ချရကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ ဒါကြောင့် သူ့အနားသို့ ခြေတစ်လှမ်းတိုးကာ စကားပြောရန် စဥ်းစားထားသော်လည်း အနည်းငယ်လည်း ချီတုံချတုံ ဖြစ်နေသည်။ တခြားသူများက အနီးနားတွင်ရပ်ကာ လီကျင်လုံ စကားကို ဘာမှပြန်မပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။
ငါးကြင်းနတ်ဆိုးသည် မြင်းပေါ်တွင် စီးနေပြီ။ ၎င်း၏ အကြေးခွံထူသော ခြေထောက်နှစ်ချောင်းသည် လေထဲတွင် တွဲလောင်းကျနေသည်။ ၎င်း၏ ဦးခေါင်းမှာ လီကျင်လုံ၏ နောက်ကျောတွင် ခွေကာ မှိန်းနေပြီး လက်များတွဲလောင်းကျနေသည်။
"အင်း... သွားကြရအောင်"
ဟုန်ကျွင့်လည်း သူ့ကို စိတ်မသက်မသာ ဖြစ်စေမယ့် ဒီကိစ္စကို မေ့ပစ်ဖို့ ဆုံးဖြတ်လိုက်သည်။
နေဝင်ရီတရော ဗုံသံများ မြည်လာကာ လူငါးဦးသည် မြင်းများပေါ်တက်ကာ ဖျင်ကန်းလီ အပြင်ဘက်သို့ ပြေးဝင်သွားကြသည်။ အားထိုက်နဲ့ ချိုးယုံစစ်က ဖျင်ကန်းလီရဲ့ ပင်မလမ်းမကြီးအတိုင်း သွားကာ လီကျင်လုံ၊ ဟုန်ကျွင့်နဲ့ မော့ရစ်ကန်းတို့ကတေည့ နောက်ဖေးလမ်းကြားသို့ ဝင်လာကြသည်။ မော့ရစ်ကန်းက သူတို့နှစ်ယောက်ကို ခေါင်းညိတ်ပြပြီး နံရံပေါ်တက်ကာ ယီရှစ်လန်၏ အိမ်နောက်ဖေးသို့ ဝင်သွားလိုက်သည်။
"ဟိုင်းမြန်ဟော်ပီ နဲ့ ချိုးယုံစစ်က အထဲက လူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ထားလိမ့်မယ်"
လီကျင်လုံက ငါးကြင်းနတ်ဆိုးကို ချလိုက်ပြီး ပြော၏။ ဟုန်ကျွင့် ခေါင်းမော့ပြီး ပတ်ပတ်လည်ကို လှမ်းကြည့်သောအခါ လီကျင်လုံက ဆက်ရှင်းပြလာသည်။
"မော့ရစ်ကန်းက အလယ်မှာ ရှိနေတယ်... ငါတို့က အခန်းထဲကို ပြန်သွားကြည့်ရအောင်။ယ"
.......
"ဝါး.... အရမ်းစည်ကားတာပဲ"
ဟုန်ကျွင့်သည် နေဝင်ရီတရော ဗုံသံပြီးနောက် ပထမဆုံးအကြိမ် ထွက်လာခဲ့သည့် ချန်အန်းက ရုတ်တရက် ပြောင်းလဲသွားတာကို တွေ့လိုက်ရသည်။ ယီရှစ်လန်ထဲတွင် သီဆိုကခုန်နေသူများနှင့် ပြည့်နေပြီး အနီရောင် မီးအိမ်များအားလုံး ထွန်းညှိထားသောကြောင့် လက်ရန်းများ၏ ရှေ့ကို တောက်ပသွားစေသည်။ အနီရောင် မီးအိမ်များ တောက်ပနေပြီး တေးဂီတ တီးမှုတ်နေသူများလည်း အတော်လေး ပေါများလှသည်။
နွေဦး အရုဏ်ဦးတွင် စီးဆင်းနေသော စောင်းအသံကိုလည်း မကြာခဏ ကြားနေရသည်။ ညာဘက်ခြမ်းတွင် ပုလဲလုံးလေးတွေ သန်းပေါင်းများစွာ ကျရောက်နေသကဲ့သို့ စီတန်းထားသော အဆင်တန်ဆာများကို တွေ့ရသည်။ ဘယ်ဘက်တွင်တော့ စမ်းချောင်းနှင့် စောင်းတူရိယာ ဒါဇင်ပေါင်းများစွာ တညီတညွတ်တည်း တီးမှုတ်နေကြသည်။
လမ်းမ နှစ်ဖက်စလုံးတွင် မြင့်မားသော အဆောက်အအုံများမှ အနီရောင် ပိတ်စများ ပျံဝဲလျက်။ ရံဖန်ရံခါ ၎င်းတို့ကြားတွင် စာတတ်သူနှင့် ကုန်သည်များ၏ လက်ခုပ်သံများနှင့်အတူ အားပေးနေကြသည်။ မိန်းကလေးများကလည်း ရယ်မောကာ ယီရှစ်လန်များတစ်လျှောက် တောက်လျှောက် လျှောက်သွားနေကြသည်။ လိုက်ကာစများကို စိမ်းမြသော ရွှေရောင်အနားကွပ်ဖြင့် ထုလုပ်ထားပြီး “သီတာ ကခြင်း” “ညချမ်း ဆယ်မိုင်ချမ်းသာ” ဟူသော စကားလုံးများ အတိုင်းပင်။
"ဒီနေရာက ဘာလုပ်ကြတာလဲ" ဟုန်ကျွင့် စိတ်ထဲ သံသယဖြင့် မေးလာသည်။
လီကျင်လုံသည် ဟုန်ကျွင့် ပြည့်တန်ဆာကို မသိလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။ သူသည် အမှန်တကယ်ပင် တုံးနေသလား၊ တုံးအချင်ဟန် ဆောင်နေသလား မသိပေ။ သူ့ရှေ့မှ ဟုန်ကျွင့်ကို ခဏကြည့်လိုက်တော့ လူငယ်ကသူ့ကို အပြစ်ကင်းစင်စွာ ကြည့်လာလေသည်။
"မင်းတကယ် မသိတာလား"
ဟုန်ကျွင့်:"?"
"ဒါက..." လီကျင်လုံမှာ တကယ်ကို ဒုက္ခရောက်နေပြီး။
"ဒါက နေရာကောင်း မဟုတ်ဘူး"
ဟုန်ကျွင့်: "ငါမင်းကို ပြီးခဲ့တဲ့ တစ်ခေါက်က ခေါ်လာတော့ မင်း ဘာလို့ စိတ်ဆိုးသွားတာလဲ"
လီကျင်လုံလည်း သူ့လက်ကို ဝှေ့ယမ်းကာ နဖူးကို ကိုင်ရင်း နောက်ထပ် မေးခွန်းများ ထပ်မမေးရန် အချက်ပြလိုက်သည်။ အမှန်မှာ ချန်အန်း အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများထဲတွင် ဘယ်သူက ထပ်လာဦးမလဲ မသိနိုင်ပေ။ သူဒီအမှုကို ဖမ်းဆုပ်ထားနိုင်ဖို့အတွက် ကိစ္စက နည်းနည်း ရှုပ်ထွေးလေသည်။
သို့သော် ဟုန်ကျွင့် သည် ပြဿနာ အောက်ခြေသို့ ရောက်သည်အထိ အမြဲသိချင်နေပြီး ဆက်မေးပြန်သေးသည်။
"မင်းအရင်က ဒီကိုရောက်ဖူးလား?"
"မရောက်ဖူးဘူး"
လီကျင်လုံ ဖြေပြီးချိန်မှာ စာပေ ပညာရှင်တစ်ယောက်က ချောမောလှပတဲ့ မိန်းကလေးကို ဖက်ပြီး လမ်းကြားက ထွက်လာတာကို တွေ့လိုက်ရသည်။ သူက မူးနေပြီးဖြစ်ပြီး နောက်တံခါးကို ဖြတ်ကာ အမှောင်ထဲကို တိုးဝင်ချင်နေလေသည်။ လီကျင်လုံလည်း ဟုန်ကျွင့်ကိုခေါ်၍ အမှောင်ထဲ ဝင်ပုန်းနေလိုက်သည်။
ဟုန်ကျွင့် အပြင်ကို မကြည့်ဘဲ မနေနိုင်ပေ။ သူ့စိတ်ထဲက သံသယတွေက ကောင်းကင်ကို ရောက်သွားတော့မည်။ လီကျင်လုံလည်း ဟုန်ကျွင့်တစ်ယောက် ဟန်ဆောင်နေပုံမပေါ်တာကို မြင်တော့ သူက လေးလေးနက်နက် ပြောလာသည်။
".... ငါမကြိုက်ဘူး.. ."
"မင်း မကြိုက်ဘူးလား?" ဟုန်ကျွင့် နောက်ပြန် လှည့်ကြည့်လိုက်တော့ နှစ်ယောက်သား အရမ်းနီးကပ်နေကြပြီး လီကျင်လုံက သဘာဝမကျစွာ လက်လျှော့လိုက်သည်။
"ဒီလို အရေးမပါတဲ့ ပေါ့ပေါ့ဆဆ လက်ထပ်တာမျိုး မကြိုက်ဘူး"
ဟုန်ကျွင့် ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်ကို မခန့်မှန်းနိုင်မှန်း သိတာကြောင့် လီကျင်လုံမှာ အံ့အားသင့်သွားပြီး။
"မင်းဘာလို့ ဘာမှ နားမလည်တာလဲ... မင်းရဲ့ မိဘတွေက မပြောရင်တော့ ငါးကြင်းနတ်ဆိုးက မင်းကို ဘယ်တုန်းကမှ မသင်ပေးဖူးဘူးလား"
"ဒါဆို မင်း ငါ့ကိုပြောပြလေ"
ဟုန်ကျွင့်မှာ သူ့စိတ်ထဲ လျှို့ဝှက်ဆန်းကြယ်စွာနဲ့ စဥ်းစားနေရာ ပိုပို စိတ်ဝင်စားလာလေပင်။
လီကျင်လုံ: "..."
.......
တစ်ချိန်တည်းမှာပဲ ယီရှစ်လန်ရဲ့ အဓိကဝင်ပေါက် အတွင်း၌။
"ဟေ့ ဟိုင်းမြန်ဟော်ပီ!"
အားထိုက်သည် ပုံကြီးချဲ့ ပြုံးပြပြီး သူ့လက်နှစ်ဖက်ကို ဖွင့်လိုက်ပေသည်။
"ဝိုး- သူ ဒီကို ရောက်လာပြန်ပြီ!"
"အဲဒါ ဟူလူမျိုးပဲ.... စောင်းတီးကောင်းတဲ့ ဟူလူမျိုး သခင်လေး ဒီကို ထပ်ရောက်လာပြန်ပြီ!"
"ချစ်လေး--"
အားထိုက်သည် သူ့ကို လာနှုတ်ဆက်တဲ့ မမကြီးရဲ့ မေးစေ့ကို မော့ပြီး “နမ်းတယ်” ဆိုတဲ့ ပျော့ညံ့တဲ့ အမူအရာမျိုး လုပ်လိုက်သည်။ ထိုအခါ မမကြီးရဲ့ မျက်နှာက ချက်ချင်း နီရဲလာတော့သည်။
“ဆရာကြီး ပြန်လာပြီပေါ့...ဒီကို ရက်အတော်ကြာအောင် မရောက်လာတော့ ကောင်မလေးတွေက လွမ်းနေတာရယ်..."
အားထိုက်က ပြုံးပြီးပြော၏။
"မတတ်နိုင်ဘူးလေ...ကျွန်တော်က လူသစ်ဆိုတော့ ကျွန်တော့်သူဌေးကို စိတ်ကျေနပ်အောင် လုပ်ပေးရမယ်လေ... ငါအချိန်ရရင် မင်းကို လာတွေ့မှာပဲ မဟုတ်ဘူးလား"
"အင်းပါ--"
အားထိုက် ခန်းမထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် ကောင်မလေးများက ဝိုင်းအော်ဟစ်ကာ အောက်ထပ်သို့ အမြန် ပြေးဆင်းလာရင်း နှုတ်ဆက်ကြလေသည်။ မြင်ကွင်းက အရမ်းတိုက်ရိုက်ဆန်လို့ ခန်းမထဲက ဧည့်သည်တွေအားလုံး မထိန်းနိုင်လဲ လှည့်ကြည့်လာကြသည်။
"ဆရာချိုးလည်း ဒီကို ရောက်လာတာပဲ!"
နောက်ထပ် မိန်းကလေးက အပြေးကလေး ရောက်လာသည်။
"ကျွန်မတို့အတွက် ကဗျာရေးစပ်ပေးချင်လို့လားဟင်"
ချိုးယုံစစ်က ပြုံးပြီး "အားထိုက်ရဲ့ စောင်းသံကိုပဲ ဒီည နားထောင်ရအောင်"
အားထိုက် ခန်းမထဲကို လျှောက်သွားတဲ့အခါ ကခုန်နေတဲ့ မိန်းကလေးတွေ အားလုံး တစ်ပြိုင်တည်း ရပ်သွားကြသည်။ အားထိုကိသည် သူတို့ထဲက တစ်ယောက်ကို ပွေ့ဖက်ပြီး သူမရဲ့ နူးညံ့တဲ့ မျက်နှာလေးကို ညင်သာစွာ နမ်းလိုက်သည်။ အဲဒီနောက် ခန်းမရဲ့ အဆုံးရှိ ထိုင်ခုံဆီကို တိုက်ရိုက် လျှောက်သွားလိုက်၏။
"ဘာလို့ သေရည် မသောက်ကြည့်တာလဲ" ချိုးယုံစစ်က ဆို၏။
စားပွဲထိုးသည် ယနေ့ညတွင် ဆောင်းဦး စာမေးပွဲအတွက် မြို့တော်သို့ လာရောက်ကြသော နိုင်ငံတစ်ဝှမ်းမှ ကိုယ်စားလှယ်လောင်း အများအပြားသည် ယီရှစ်လန်ထဲတွင် ထိုင်နေကြသည်။ ဝိုင်းကြည့်နေကြသော မိန်းကလေးများကို မြင်လျှင် လူတစ်ယောက်က မကျေမနပ် ဆိုလာသည်။
“အဲ့ဟူလူမျိုးက ဘာဖြစ်လို့လဲ?"
"ရှူး....."
ကောင်မလေးက သူ့ကို နောက်ထပ်မေးခွန်းတွေမမေးဖို့ အချက်ပြပေမယ့် စင်မြင့်ပေါ်ကိုတော့ မကြည့်ဘဲ မနေနိုင်တော့ပေ။
အားထိုက်၏ ခေါင်းထက်တွင် တောက်ပသော မီးလုံးများစွာ တွဲလောင်းချထားသည်။ ဒုတိယထပ်နှင့် တတိယထပ်ရှိ လက်ရန်းများတွင် မိန်းကလေးများနှင့် ပြည့်နှက်နေသဖြင့် ဧည့်သည်တွေကလည်း ကျေးဇူးရှင်များ မသိသောကြောင့် ထွက်လာကြည့်ကြသည်။ တောက်ပသော မီးရောင်အောက်တွင် အားထိုက်သည် ကောက်ကောက်ကွေးကွေး အညိုရောင် ဆံပင်၊ မျက်လုံးများက ပင်လယ်ကဲ့သို့ အပြာရောင် နှာတံမြင့်မြင့်နှင့် နို့နှစ်ရောင် အသားအရည်ဖြင့် ပရိသတ်ကို ပြုံးပြနေသည်။
ယီရှစ်လန် တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အားထိုက်သည် တင်ပျဉ်ခွေထိုင်ကာ ကြိုးများကိုမဆွဲဘဲ လည်ချောင်းကို ရှင်းထုတ်ကာ သီချင်းစဆိုလိုက်သည်။
"တစ်ချိန်က ပန်းဥယျာဉ်တွေ ဘယ်လောက်များခဲ့လဲ..."
"ဒီနေ့ နန်းတော်တွေ ဘယ်လောက်တောင် အပျက်အစီး ဖြစ်သွားပြီလဲ..."
ခေတ္တနားပြီးနောက် အားထိုက်သည် လက်ငါးချောင်းဖြင့် စောင်းကြိုးများကို တီးခတ်လိုက်ရာ ထူးဆန်းသော မှော်အစွမ်းတစ်ခု သူ့လက်ချောင်းထိပ်မှ ထွက်လာသကဲ့သို့ စောင်းသံက ပျံ့နှံ့သွားသည်။ လရောင်သည် အိမ်ဝင်းအတွင်း ပြည့်နှက်နေပြီး ငွေလက်ဝတ်ရတနာများက အသံမြည်လာသည်။ စောင်းသံက ကျားဖြူသည် စိမ်းစိုနေသော ခြံဝင်းကို ဖြတ်လျှောက်သွားကာ ဝင်းတစ်ခုလုံး နှင်းဖြူပန်းများ ရုတ်တရက် ပွင့်သွားသလိုပင်။
"မင်းမျက်လုံးလေးတွေ အရမ်းမူးနေချိန်ဆို အချိန်တွေကို မေ့လျော့နေပြီပေါ့..."
အားထိုက်သည် ခေါင်းကို အနည်းငယ် လှည့်ကာ မျက်လုံးများကို မှိတ်ထားရင်း တီးခတ်နေပုံမှာ သူ့မျက်နှာသည် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ ထိုအချိန်တွင် ယီရှစ်လန် အဆောက်အဦ တစ်ခုလုံးသည် ဂီတသံစဉ်ကို မထိန်းချုပ်နိုင်ဘဲ အိပ်မက်ထဲသို့ ရောက်သွားသလို မိန်းမောသွားလေ၏။
ချိုးယုံစစ် ပြုံးနေသည်။ သူ့နားထဲမှာ ဂွမ်းလုံးနှစ်လုံးကို ထည့်ထားပြီး ခေါင်းက အနည်းငယ် ယိမ်းယိုင်နေသည်။
......
နောက်ဖေးလမ်းကြားမှာတော့ လီကျင်လုံ ပြောတာကို နားထောင်ပြီးနောက် ဟုန်ကျွင့်ရဲ့ မျက်နှာလေးက နီမြန်းနေသည်။ သူက စိတ်လှုပ်ရှားပြီး သိချင်လာကာ။
"တကယ်လား?"
လီကျင်လုံသည် သူ့ဘဝတွင် ဟုန်ကျွင့်ကို ပြောခဲ့သည့် စကားကို ထပ်ခါတလဲလဲ မပြောချင်ပါ။
"ဘယ်သူ့ကိုမှ မပြောနဲ့!!"
လီကျင်လုံက အမိန့်ပေးလေသည်။ ဟုန်ကျွင့် အသက်၁၆နှစ်ရှိနေပြီဟု အကြောင်းပြချက်ပေးကာ လီကျင်လုံ ပြောပြခဲ့သည်။ ထန်မင်းဆက်၏ ရိုးရာဓလေ့များထဲ ချန်းအန်မြို့က ယောက်ျားလေးများသည် အသက် ၁၃ နှစ် သို့မဟုတ် ၁၄နှစ်တွင် အရွယ်ရောက်ပြီးဖြစ်လို့ ဖျင်ကန်းလီဘက်သို့ လာရောက် လည်ပတ်ခြင်းမှာ သာမာန်ကိစ္စတစ်ခု ဖြစ်သည်။ လီကျင်လုံသည် တနင်္လာနေ့များတွင် လုံဝူတပ်သားများအား ထိုကိစ္စများကို ဆွေးနွေးခြင်း မပြုရန် တားမြစ်ထားသည်။ သို့သော် ဟုန်ကျွင့်ကို ရင်ဆိုင်လိုက်ရ သောအခါတွင် ထူးဆန်းသော ခံစားချက်တစ်ခုက သူ့နှလုံးသားထဲ ရုတ်တရက် ပေါ်လာသည်။
ဟုန်ကျွင့်: "မင်း ဘာလို့ ဒီလောက်ကောင်းတဲ့နေရာကို မလာတာလဲ"
"ငါမလာဘူး!" လီကျင်လုံမှာ ဤဝါကျကြောင့် ဝိညာဥ် လွင့်ပါးလုနီးပါး ဖြစ်သွားခဲ့ပြီး။
"ငါက အဲ့လိုလူနဲ့ တူလို့လား"
ထိုစဥ် မော့ရစ်ကန်းသည် အိမ်နောက်ဖေးမှ လှည့်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ဦးကို လေချွန်ကာ ဝင်သွားနိုင်ကြောင်း ညွှန်ပြရန် လက်လည်း ဝှေ့ယမ်းလိုက်သည်။ လီကျင်လုံ ၏ အမူအရာသည် လေးနက်လာပြီး ဟုန်ကျွင့်ကို လျှို့ဝှက်ထားရမည်ဟု ညွှန်ပြခဲ့သော်လည်း ၎င်းမှာ မလိုအပ်ဘူးဟုလည်း ထင်မိသည်။
"အလုပ်စနေပြီ!"
လီကျင်လုံက ငါးကြင်းနတ်ဆိုးဘက်ကို အကြည့် ရွှေ့လိုက်ပြီး အမိန့်ပေး၏။
"မင်းက ယီရှစ်လန်ဘက်ကို သွား!!"
နှစ်ယောက်သား လှည့်ကြည့်ကာ အိမ်နောက်ဖေးသို့ အမြန် ပြေးဝင်သွားကြသည်။ ဒုတိယထပ်နှင့် တတိယထပ်တို့သည် အမှန်တကယ်ပင် လုံး၀ ဗလာဖြစ်နေ၏။ ဟုန်ကျွင့်က ချိတ်ကို ထုတ်လိုက်ပြီး လီကျင်လုံနှင့်အတူ ဒုတိယထပ်သို့ ပြေးတက်သွားသည်။ မော့ရစ်ကန်းက ဒုတိယထပ်၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေကာ သူတို့နှစ်ယောက်ကို ဂွမ်းလုံး နှစ်လုံးစီ ပေးလယသည်။ လီကျင်လုံ သူ့နားထဲကို ချက်ချင်း ထည့်လိုက်ပေမယ့် ဟုန်ကျွင့်ကတော့ ဘာကိုဆိုလိုမှန်းကို မသိတာကြောင့် ခဏလောက် ကိုင်ထားလိုက်သည်။
လီကျင်လုံ ရှေ့သို့ လျှောက်သွားကာ ဟုန်ကျွင့်သည်လည်း အဆောက်အဦးအနီးရှိ ခြံစည်းရိုးဆီမှ ငုံ့ကြည့်လိုက်သော် စောင်းသံသည် သဘာဝသံကဲ့သို့ ထွက်ပေါ်လာသော်ငြား ယီရှစ်လန်ထဲရှိ လူတိုင်းသည်တော့ အေးခဲနေသော ရုပ်သေးများကဲ့သို့ ၎င်းကို စွဲလန်းနေကြသည်။
ဟုန်ကျွင့် : "..."
အားထိုက်၏ သီဆိုမှုတွင် စီးဆင်းနေသော လရောင်နှင့် သာယာဝပြောသော ခြံဝင်းတို့ပါ၀င်သည်။ မော့ရစ်ကန်း ဟုန်ကျွင့်ကို လှမ်းဆွဲကာ သူ့နားထဲသို့ ဂွမ်းစကို ထိုးထည့်ပေးလိုက်သည်။ တခဏချင်းတွင် စန္ဒယားသံနှင့် သီချင်းဆိုသံတို့သည် အဝေးသို့ ရောက်ရှိသွား၏။ ပြီးတော့ ဟုန်ကျွင့်ဟာလည်း ချက်ချင်းဆိုသလို လက်တွေ့ကမ္ဘာကို ပြန်ရောက်လာခဲ့သည်။
လီကျင်လုံက သူ့ကို ရှေ့ကနေ ဆွဲထုတ်ပြီး အခန်းထဲကို ဆွဲခေါ်သွားကာ တိုးတိုးလေး ပြောလိုက်ပါ၏။
"နားထောင်မနေနဲ့ မြန်မြန် လုပ်ကြစို့!"
မော့ရစ်ကန်းသည် နောက်ထပ် မတော်တဆမှုမျိုး မဖြစ်စေရန် တံခါးအပြင်ဘက်တွင် ရပ်ကာ အပြင်ဘက်သို့ လှမ်းကြည့်ကာ မေးလာသည်။
"အဲဒါက အားထိုက် တီးနေတာလား"
ဟုန်ကျွင့်သည် ဤအရာဟာ အားထိုက်၏ အရည်အချင်း အစစ် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ခန့်မှန်းမိသော်လည်း သူသည် ကိလေသာဌာန၌ ဖျော်ဖြေရန် စောင်းတီးလေ့ရှိသည့် သီချင်းကိုတော့ ယခင်က မတီးခဲ့ဖူးပေ။ အထဲမှာတော့ ဟုန်ကျွင့်သည် ကုတင်အောက်ကို လှဲချလိုက်ပြီး အတွင်းကို ကြည့်လိုက်တော့ လီကျင်လုံက သူ့ဓားကို ဖယ်လိုက်ပြီး ကုတင်ကို လာကာ အံကြိတ်ကာ ပင့်မလိုက်သည်။
လီကျင်လုံ: "မင်း မကြားဖူးဘူးလား?"
"ဒီနေ့လိုမဟုတ်....တွေ့ပြီ!"
ဟုန်ကျွင့်သည် ကုတင်အောက်မှ အထည်အိတ်ရှည် တစ်အိတ်ကို တွေ့လိုက်ရပြီး အမြန်ဆွဲထုတ်လိုက်တော့ လူသေခေါင်းက ရှုံ့သွားပြန်သည်။
"အား!"
ဟုန်ကျွင့် ကြောက်လန့်တကြား အော်လိုက်သည်။
"ဒါကြီး ဖြစ်ပြန်ပြီ!"
မော့ရစ်ကန်း အပြင်ဘက်မှနေ၍ တံခါးကို ခေါက်လိုက်သည်။ လီကျင်လုံလည်း သူတို့အထဲမှာ အဆင်ပြေကြောင်း ပြန်ဖြေပါတယ်။
"အယ်? ငါဘာလို့ 'ဖြစ်ပြန်ပြီ' ဆိုတာကြီးကို ထပ်ပြောမိပါလိမ့်?"
ဟုန်ကျွင့် သူ့ကိုယ်သူ ပြောလိုက်သည်။
လီကျင်လုံ: "အဲဒါကို ဆွဲထုတ်လိုက်!!"
ဟုန်ကျွင့် အဝတ်ထုပ်ကို ဆွဲထုတ်လိုက်တဲ့အခါ လီကျင်လုံက ၎င်းကို အိပ်ရာပေါ်မှ လှဲချလိုက်သည်။ ထို့နောက် မထိတ်လန့်ဘဲ အဝတ်စကို ဖွင့်ကာ အနက်ရောင် ပိုးလက်အိတ်တစ်စုံကို ဝတ်ကာ အလောင်းကို စတင်စစ်ဆေးနေခဲ့သည်။ ဟုန်ကျွင့်ခမျာတော့ ခါးသက်သက်ကြီး စိုက်ကြည့်ကာ လီကျင်လုံနောက်တွင် ပုန်းနေလိုက်လေ၏။
လီကျင်လုံ: "အဲဒီလူက အသက်သုံးဆယ်နဲ့ လေးဆယ်ကြားရှိပြီ... အဝတ်အစားကို ကြည့်ကြည့်လိုက် သူက စီးပွားရေးသမား ဒါမှမဟုတ် အရာရှိတစ်ယောက်လို မဟုတ်ဘူး သူက စာမေးပွဲဖြေဖို့ မြို့တော်ကို သွားဖူးတဲ့ စာသင်သား တစ်ယောက် ဖြစ်နိုင်တယ်... ဟုန်ကျွင့်?"
"ငါ မကြည့်ရဲဘူး!"
ဟုန်ကျွင့်သည် တစ်ဖက်က ပါးစပ်ကျယ်ကျယ် ဖွင့်ကာ သွားဖုံးများက ပေါ်လွင်နေပြီး မည်းမှောင်နေသည့် မျက်နှာကို မြင်လိုက်ရသောအခါ ဖော်မပြနိုင်လောက်အောင်ပင် စက်ဆုပ်သွားခဲ့သည်။
လီကျင်လုံ: "မကြောက်ပါနဲ့... မင်းကို မစားနိုင်ဘူး ကြည့် ဘယ်လိုနတ်ဆိုးက သူ့အနှစ်နဲ့အသွေးကို စုပ်ယူသွားတာလဲ... ဒါက နှေးနှေးကွေးကွေးနဲ့ စုပ်ယူသွားတဲ့ အကျိုးသက်ရောက်မှုတော့ မဖြစ်နိုင်ဘူး"
"ဒီအခန်းရဲ့ ပိုင်ရှင်များလား?"
ဟုန်ကျွင့် ရုတ်တရက် အကြံတစ်ခု ရသွားပြီး ဗီရိုနဲ့ အံဆွဲတွေထဲ လျှောက်ရှာကြည့်ဖို့ လျှောက်သွားလိုက်သည်။
လီကျင်လုံ: "လျှောက်မထိနဲ့ တွေ့သွားလိမ့်မယ်"
ဟုန်ကျွင့် ဇတ်လေးပုသွားသည်။
"တကယ်လို့ မိစ္ဆာတစ်ကောင်ဆိုရင် သယ်ဆောင်သွားနိုင်တဲ့ မှော်လက်နက် ဒါမှမဟုတ် မကောင်းဆိုးဝါး ပစ္စည်းတွေ ရှိရမယ်... ဒါပေမဲ့ ဒီမှာ မရှိဘူး"
လီကျင်လုံ ခဏလောက် စဉ်းစားကြည့်နေသည်။ အားထိုက်က အောက်ထပ်မှာ စောင်းတီးနေတုန်း ဖြစ်ပြီး မော့ရစ်ကန်းကလည်း အပြင်မှာ စောင့်နေပေးသည်။ လှည့်ပတ်ကြည့်ပြီးနောက် ဟုန်ကျွင့်က ပြောလိုက်သည်။
"ဒီအခန်းထဲမှာ မိစ္ဆာတွေ မရှိဘူး"
"ငါ့ကို မေးခွန်းတစ်ခုမေးပါရစေ... မင်း မိစ္ဆာအငွေ့အသက်ကို ခံစားမိလား"
ဟုန်ကျွင့် ခေါင်းခါလိုက်ပြီး လီကျင်လုံက ဆက်ပြောသည်။
"မိစ္ဆာက ဒီအဆောက်အဦးမှာ ရှိရမယ်... တစ်ခုတည်းသော ဖြေရှင်းချက်က ရဲရင့်နေဖို့ပဲ... ဟုန်ကျွင့် မင်းရဲ့ချိတ်နဲ့ ကြိုးတစ်ချောင်း ငှားပေး... နောက်ပြီးရင် မင်းနဲ့ မော့ရစ်ကန်းက အဆောက်အဦးကို တစ်ဖက်စီကိုသွား... ခန်းမထဲက လူတိုင်းကို စောင့်ကြည့်ပြီး သံသယရှိတဲ့ လူတွေ့ရင် ဓားပျံတွေကို အချိန်မရွေး ပစ်လွှတ်လိုက်..."
"ငါ့မှာ ဓားပျံသုံးချောင်းပဲ ကျန်တော့တယ်။"
"ငါ့လက်ထဲ အပ်ထားလိုက်ပါ... ငါသေချာပေါက် ပြန်ယူပေးမယ်!!"
ယီရှစ်လန်၏ မှီ၍ ပင်မခန်းမဆောင်တွင် တီးခတ်နေသော အားထိုက်သည် တိမ်တောက်နေသော ရေများ၊ အရှိန်အဟုန်ဖြင့် မီးတောက်နေသည့် ဂီတသံကို အထွတ်အထိပ်သို့ ရောက်ရှိသွားသည်အထိ တီးခတ်နေဂါ ဂီတသံသည် လေညှင်းနှင့်ပင် တူလာသည်။ တိမ်များသည် လပြည့်နေ့ကို ဖုံးလွှမ်းထားပြီး ထောင်ပေါင်းများစွာသော သစ်ရွက်ခြောက်များကဲ့သို့ ကောင်းကင်နှင့် မြေကြီးကို ဖုံးအုပ်ထားသည်။
"ဒီမုန်တိုင်းထဲမှာ ငါရှာနေတာ.."
အားထိုက်၏ သီဆိုသံသည် အဆောက်အဦး တစ်ခုလုံး ပဲ့တင်ထပ်နေ၏။ ထိုအခိုက် ရုတ်တရက် ပေါက်ကွဲသံနှင့်အတူ လည်ပင်းတွင် ကြိုးဖြင့်ချည်ထားသော အလောင်းတစ်လောင်း အပေါ်ထပ်မှ ပြုတ်ကျလာခဲ့သည်။ ချိုးယုံစစ်နဲ့ အားထိုက်တို့က တစ်ချိန်တည်းမှာပင် လန့်ဖျပ်သွားခဲ့ပြီး အားထိုက်သည်လည်း ဘာဖြစ်သွားသည်ကို မသိသဖြင့် ဒုတိယထပ်သို့ လှည့်ကြည့်လိုက်သည်။
သီချင်းဆိုသံက ရုတ်တရက် ရပ်သွားပြီး ခန်းမထဲက လူရာပေါင်းများစွာလည်း ကြောင်အစွာ စိုက်ကြည့်နေလေသည်။ အသက်ရှူချိန် အနည်းငယ် ကြာပြီးနောက် ပေါက်ကွဲသံများ ရုတ်တရက် ထွက်ပေါ်လာ၏။
ယီရှစ်လန်ထဲက မိန်းကလေးတစ်ယောက် ထိတ်လန့်စွာ အော်ဟစ်လိုက်ရာ ဧည့်သည်များလည်း ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားကာ တစ်ယောက်ပြီး တစ်ယောက် အော်ဟစ်ကာ ထပြေးကြလေသည်။ မိန်းကလေးများစွာလည်း မေ့လဲသွားကုန်သည်။
ထိုအချိန်တွင် လီကျင်လုံ၊ ဟုန်ကျွင့်နှင့် မော့ရစ်ကန်းတို့သည် ဒုတိယထပ်ရှိ ထောင့်သုံးထောင့်မှနေ၍ ဧည့်ခန်းမဆောင် အတွင်းမှ ဧည့်သည်များကို တချိန်တည်းတွင် စောင့်ကြည့်နေသည်။ ထောင့်စွန်းမှ အမျိုးသမီးတစ်ဦး၏ မျက်နှာအမူအရာ ပြောင်းသွားတာကို တွေ့လိုက်ရသည်။
ခန်းမ၏ အခြားထောင့်နှစ်ဘက်တွင် စာသင်သားနှင့် လိုက်ပါလာသည့် နောက်ထပ် မိန်းကလေး နှစ်ယောက်သည်လည်း လန့်ဖျပ်သွားပြီး ထိုအမျိုးသမီးကို ကြည့်လိုက်ကြသည်။ ၎င်းတို့သုံးဦးသည် ဒုတိယထပ်ရှိ ကျင့်ယွင်၏ တံခါးဘက်သို့ တညီတညွတ်တည်း မျှော်ကြည့်လိုက်ကြပေသည်။
ခဏကြာတော့ ဓားပျံသုံးစင်းက လေထဲမှ ပျံထွက်လာပြီး အဲဒီမိန်းကလေးတွေကို ပစ်ခတ်လိုက်သည်။ မိန်းကလေးများသည် သူမ၏ အထောက်အထားကို ဖော်ထုတ်လိုက်မိမှန်း မသိသော်လည်း ဘေးဥပဒ်တစ်ခု ကျရောက်တော့မည်ကို သိသောကြောင့် ချက်ချင်းပင် သူမလက်ကို ဝှေ့ယမ်းလိုက်သည်။ ပိုးထည်စတစ်စ လွင့်သွားကာ ခရမ်းရောင်မှိန်ဖျော့ဖျော့ အလင်းမှုန်များ လွင့်သွားလေသည်။ မမျှော်လင့်ဘဲ ပျံသန်းနေသော ဓားသည် ခရမ်းရောင်အလင်းကို လုံးဝ မကြောက်ဘဲ တောက်လောင်နေသော မီးဖြင့် ပစ်လိုက်သလို အမျိုးသမီး၏ ပခုံးထဲသို့ တခဏချင်း နစ်မြုပ်သွားခဲ့သည်။
"ဓားပျံနောက်ကို လိုက်! သူတို့ကို မလွတ်သွားစေနဲ့!!"
လီကျင်လုံ လက်ရန်းပေါ်မှ ခုန်ချလိုက်ပြီး ပထမထပ်ရှိ ခန်းမထဲသို့ ပြေးဆင်းလာချိန်တွင် အားထိုက်သည်လည်း စောင်းကို ဖယ်ကာ ချိုးယုံစစ်နှင့်အတူ ပြေးထွက်လာခဲ့သည်။ မော့ရစ်ကန်းကလည်း ဒုတိယထပ် ပြတင်းပေါက်ကို ဖွင့်ကာ ထွက်သွားသည်။
ခန်းမတံခါးနားက အမျိုးသမီး သုံးယောက်မှာ ဓားပျံတစ်လက်စီ ထိုးစိုက်လျက် နတ်ဆိုးနှင်သူ ရောက်လာမှန်း သိလိုက်သဖြင့် အော်ဟစ်လိုက်ကြသည်။ အဲဒီနောက် မတိုက်ဝံ့တော့ဘဲ လှည့်ထွက်ပြေးသွားတော့သည်။
အစွမ်းထက်ဆုံး အမျိုးသမီးဟု ထင်ရသည့် အမျိုးသမီးတစ်ဦးသည် ပြတင်းပေါက်မှ ခုန်ဆင်းကာ ခန်းမအတွင်းမှ မီးတောက်မီးလျှံများကို မှုတ်ထုတ်လိုက်ရာ ခန်းမဆောင်အတွင်း မီးတွေ လောင်ကျွမ်းသွားခဲ့သည်။
ထိုအချိန်တွင် ဟုန်ကျွင့်သည် ဒုတိယထပ်မှ ခုန်ဆင်းလာခဲ့ရာ မီးလုံးတစ်လုံးက သူ့ဆီ တည့်တည့်ပင်။
လီကျင်လုံ: "ဟုန်ကျွင့် သတိထား!"
ဟုန်ကျွင့် ရုတ်တရက် သူ့ခေါင်းကို လှည့်လိုက်တဲ့အခါ မီးတောက်တွေက သူ့အပေါ်ကို ဖြတ်ပြေးသွား၏။ သို့ပေမယ့် ပစ်မှတ်က သူ မဟုတ်ဘဲ အလောင်းခြောက် ဖြစ်နေ၏။ အလောင်းခြောက်မှာ မီးတောက်နဲ့ ထိလိုက်တာနဲ့ ချက်ချင်း လောင်ကျွမ်းသွားပြီး ပြာကျသွားတော့သည်။
တံခါးနားက အမျိုးသမီးက အမြန်ထွက်သွားတာနဲ့ မော့ရစ်ကန်းလည်း ဒုတိယထပ်က ပြတင်းပေါက်ကို ဖြတ်ပြီး လေထဲမှာ ပျံထွက်သွားခဲ့သည်။ လက်ထဲ လေးကို အမြန်ကွေးပြီး တစ်ချက်တည်းနဲ့ မြှားသုံးစင်းကို ဆက်တိုက် ပစ်ခတ်လိုက်သည်။
အမျိုးသမီးကလည်း ပြေးထွက်လာပြီးတာနဲ့ လိုက်ရှာသူတွေကို ပြန်မကြည့်ဘဲ နောက်ပြန် လှည့်ကြည့်တဲ့အခါ လည်ပင်းကို မြှားတစ်စင်း ထိမှန်သွားခဲ့သည်။ “ဝူး”ကနဲ အသံနှင့်အတူ အဖြူရောင် အလင်းတန်းများကြားတွင် အညိုရောင်အမွေးရှိသော မြေခွေး တစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ ၎င်းက ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ လည်ပင်းမှ သွေးများလည်း ထွက်ကျလာခဲ့ပြီး နောက်ထပ် မြှားနှစ်စင်းက ဝမ်းဗိုက်နှင့် ခြေထောက်တို့ကို ထိမှန်သွားတာမို့ သေဆုံးသွားခဲ့သည်။
လီကျင်လုံ ဒေါသတကြီး ဟောက်လိုက်သည်။
"အရမ်းကြမ်းတယ်... ငါ့ကို တစ်ခါလောက် သတိပေးစမ်းပါဦး... ကျန်တဲ့နှစ်ယောက် ဘယ်မှာလဲ"
မော့ရစ်ကန်းလည်း ဆင်းသက်ပြီး သူ့လက်ကို ဝှေ့ယမ်းကာ မြှားသုံးစင်းကို ပြန်ယူလိုက်သည်။ အဲဒီနောက် အပြစ်ကင်းစင်စွာ အော်လိုက်၏။
"ငါလည်း လည်ပင်းကို မပစ်ချင်ပါဘူး!"
အဲဒီအချိန်မှာ ဟုန်ကျွင့်လည်း သူ့လည်ပင်းကို ပြန်ဆုတ်ပြီး ယီရှစ်လန်ထဲမှ တွန်းထွက်လာခဲ့သည်။ အထဲမှာတော့ တော်တော်လေးကို ရှုပ်ပွသွားခဲ့ပြီ။ ဟုန်ကျွင့် လက်ဝှေ့ယမ်းလိုက်သော် မြေခွေးသေဆီမှ ဓားပျံက သူ့လက်ထဲကို ပြန်ဝင်လာသည်။ ဟုန်ကျွင့်မှာ အံ့သြတကြီးနဲ့။
"မြေခွေး?"
လီကျင်လုံ: "မြေခွေးမိစ္ဆာ.... မင်းရဲ့ ဓားပျံကို မြန်မြန်သွားရှာ!"
ဟုန်ကျွင့်က ဦးတည်ရာ တစ်ဖက်ကို လှည့်ကြည့်လိုက်ပြီး။
"လမ်းကြားထဲမှာ!"
လီကျင်လုံ: "ကျောက်ကျစ်လုံ ဘယ်မှာလဲ... ဝိညာဥ်ထွက်ပန်းကို မြန်မြန် သုံးစမ်း!"
ငါးကြင်းနတ်ဆိုးလည်း အမြီးကိုယမ်းခါကာ “လာ လာပြီ” ဟုဆိုကာ ပြေးလာခဲ့သည်။
လီကျင်လုံသည် ငါးကြင်းနတ်ဆိုးကို အဆောက်အဦထဲသို့ ကန်သွင်းခဲ့ပြီး ဟုန်ကျွင့်၊ မော့ရစ်ကန်းတို့နှင့်အတူ အခြားမြေခွေး မိစ္ဆာနှစ်ကောင်ကို ချက်ချင်း ခြေရာခံ လိုက်သွားခဲ့သည်။