(14)
Viewers 5k

Chapter (14)

ကုတင်အောက်က အလောင်းခြောက်



မွန်းတည့်ချိန်တွင် ဟုန်ကျွင့်သည် အခြားလူသုံးယောက်နှင့် ချိန်းထားသည့် စားသောက်ဆိုင်သို့ ရောက်ရှိလာ၏။ ၎င်းက 'ငါးခုန်နဂါးတံခါး' ဟုခေါ်သော စားသောက်ဆိုင်ကြီး တစ်ခုဖြစ်သည်။ ဟုန်ကျွင့်ရဲ့စိတ်က မငြိမ်သေးတာကြောင့် ရောက်ရောက်ချင်း ဖောက်သည် ချလိုက်သည်။ 


"ဒီနေ့...ပြဿနာကြီး တစ်ခု ဖြစ်သွားပြီ!"


ချိုးယုံစစ်၊ မော့ရစ်ကန်းနဲ့ အားထိုက်တို့လည်း ထိုင်နေခဲ့ကြပြီး အားလုံးက အံ့အားသင့်သွားကာ။ 


"လာ လာ....လာ... မြန်မြန်ပြော​ပြ...အမ် ခေါင်းဆောင် မရောက်သေးဘူးလား"


ဟုန်ကျွင့်: "သူက ကြောင်နဲ့ပြန်သွားပြီ ငါတို့ကို အရင်စားနှင့်တဲ့ သူလာတဲ့အခါ အသေးစိတ်ရှင်းပြမယ် ပြောတယ်"


"သူ တကယ်တွေ့သွားပြီလား" 


မော့ရစ်ကန်း အံ့သြစွာ ပြောလိုက်သည်။ သုံးယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ကမန်းကတန်း မေးလိုက်ကြသည်။ လီကျင်လုံသည် ကြောင်ကို ထိန်းသိမ်းထားရန်အတွက် နတ်ဆိုးနှင်ဌာနသို့ ပထမဆုံး ပြန်သွားကြောင်း ဟုန်ကျွင့်က ရှင်းပြခဲ့သည်။ အလောင်းကို တွေ့ရှိသောကြောင့် တလီတရားရုံးကို သွားကာ တစ်စုံတစ်ယောက် ပျောက်ဆုံးသွားခြင်း ရှိမရှိ မေးမြန်းရန်နှင့် ဆက်စပ်မှုရှိတဲ့ အမှုတွေ ဖြစ်ပေါ်လာလေမလား စုံစမ်းလိမ့်မည်။ ဒီကိစ္စက အရေးကြီးတာမလို့ အရင်ရှင်းရမည်။


"စား​ကြပါတော့... ငါငတ်သေ​တော့မယ်"


စားပွဲထိုးက ဟင်းအမည်ကို အစီရင်ခံခဲ့ပေမယ့် အားထိုက်က တိုင်းတစ်ပါးသားမို့ ဘာမှ အကျွမ်းတဝင် မရှိ၊ မော့ရစ်ကန်းက မြက်ခင်းပြင်မှာ မွေးဖွားခဲ့ပြီး ထန်မင်းဆက်ရဲ့ အဆုံးစွန်သော ဟင်းပွဲတွေကို တစ်ခါမှ မမြည်းစမ်းဖူးပေ။ ဟုန်ကျွင့်လည်း ထိုနည်းတူ တစ်ခါမှ မမြည်းဖူးချေ။ 


ချိုးယုံစစ်က ကျိုးနွံစွာ ပြောလိုက်သည်။ 


"မင်းတို့ မှာပေးလို့ရတယ် ငါမင်းတို့နဲ့အတူ စားမယ်"


ဟင်းပွဲများ၏ အမည်များကို ကြားသောအခါတွင် အားလုံး ကြောင်အနေတာမို့ စိတ်မရှည်တော့တဲ့ ငါးကြင်းနတ်ဆိုးသည် အိတ်ကိုဖွင့်ကာ ဟုန်ကျွင့်နောက်ကွယ်မှ ဟစ်အော်လိုက်သည်။ 


“ကြက်သားဟင်းရည် ခြောက်ခွက်၊ ​ကြက်ဥမွှေကြော် တစ်ခွက်၊ ကြက်သာယ ရှာလကာရည်၊ လိမ္မော်သီး၊ ရုံးပတီသီးနှင့် အသီးအရွက်ငါးပွဲ၊ တော်ဝင်ဘုရင်မထမင်း ခြောက်ပန်းကန်၊ နှင်းမွှေးတစ်ပန်းကန်နဲ့ နွေဦးတောင်တန်း တစ်ခွက်... ငါးပေါင်းရှိရင်ချ ငါးကြင်းတော့ မသုံးနဲ့!"


"ဘယ်သူလဲ! ဘယ်သူ စကားပြောနေတာလဲ" စားပွဲထိုးလေးခမျာ ဖြူဖတ်သွားတော့သည်။ 


"အသံတုပါ!" ဟုန်ကျွင့် ချက်ချင်း ထပြောလိုက်သည်။


"လူလေးယောက်အတွက် ထမင်း ၆ပန်းကန်?"


ဟုန်ကျွင့်: "မစားရသေးတဲ့ လူတစ်ယောက် ရှိသေးတယ်... ထမင်းစားခါနီးရင် လာလိမ့်မယ်"


“ငါးကြင်းမှာ ကျောရိုးတွေ အများကြီးရှိတယ်၊ ဘယ်သူ စားမှာလဲ” စားပွဲထိုးက ပြောပါ၏။


"မင်း ဘာပြောလိုက်တယ်!" ငါးကြင်းနတ်ဆိုးသည် ဟုန်ကျွင့်နောက်တွင် သူ့မျက်လုံးများကို ပြူးပြကာ စော်ကားခံ​နေရသလို ခံစားလိုက်ရသည်။


စားပွဲထိုး: "???"


"ဘာမှမဖြစ်​ပါဘူး...." ​


နောက်​​တော့ ဟုန်ကျွင့်မှာ စားပွဲထိုးကို အမြန်​နှင်လွှတ်​လိုက်​ရတော့သည်​။


စားပွဲထိုးသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အစားအသောက်များကို ပြင်ဆင်လို့ရန် ထွက်သွားခဲ့သည်။ ဟုန်ကျွင့်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က လမ်းပေါ်တွင် သူစားခဲ့သော ဟင်းလျာများကို ထမင်းအဖြစ် လုံးဝ ထည့်မတွက်နိုင်ခဲ့ကြောင်း သိလိုက်ရသည်။ အနက်ရောင် ကြက်သားဟင်းရည်ကို ဝါးနှင့်တူသောကြွေပန်းကန်လုံး တစ်လုံးထဲတွင် ထည့်ထားသည်။


ငါးနှင့် သိုးသားကြော်၊ ကြက်သွန်နှင့် ရှာလကာရည်ကြက်သားဟင်း၊ အဖြူနှင့်အဝါရောင် ရှိပြီး မွှေးကြိုင်သော အနံ့ကြောင့် အားလုံးကို ဆွဲဆောင်သွားခဲ့သည်။ တော်ဝင်ဘုရင်မ ထမင်းသည် လူလေးယောက်နှင့် ငါးတစ်ကောင်ကြောင့် ချက်ချင်း ပြုတ်ထွက်သွားသည်။


ဟုန်ကျွင့် : "အရင်က ကျောက်ကျစ်လုံက ချန်အန်းထဲက စားသောက်ဆိုင်မှာ တည်းခိုဖူးတယ်လေ... သူရှိနေလို့ ကံကောင်းသွားတာ သူက အများကြီး ကြားဖူးတယ်"


"အိုး?" မော့ရစ်ကန်းက။ "စားဖိုမှူးလား... မထင်ရဘူးနော်"


“အစာဖြစ်နေတာ” ငါးကြင်းနတ်ဆိုးက ပြန်ဖြေသည်။


လူတိုင်း: "..."


ဟုန်ကျွင့် "သူအရင်ဆုံး ဈေးထဲက​နေ အရောင်းခံရပြီး စားသောက်ဆိုင်က ဝယ်သွားတယ်လေ...ပြီးနော့ ရေကန်ထဲမှာ ထည့်ထားလိုက်တယ် နောက်ပိုင်းမှာ စိတ်ကောင်းရှိတဲ့ ဘုန်းကြီးတစ်ပါးက ဝယ်ပြီး သူ့ကို ပြန်လွှတ်​​ပေးလိုက်တာ..."


ငါးကြင်းနတ်ဆိုးသည် ဗိုက်ပြည့်သွားသောအခါ ခွက်ထဲတွင် ခေါင်းကို မြှုပ်ပြီး ဝိုင်အနည်းငယ် သောက်လိုက်သည်။ သူ့ခန္ဓာကိုယ်က တုန်လှုပ်သွားကာ စားပွဲပေါ်မှာ ခြေလှမ်း အနည်းငယ် လှမ်းပြီး နောက်ဆုံးတွင် မူးနောက်စွာ လဲကျသွား​တော့သည်။


အားထိုက် :"လာ.... ဒီနေ့ မင်းတို့ကိုငါဒကာခံမယ်... ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုနဲ့ ငါတို့ရဲ့ မရှိ​သေးတဲ့ ခေါင်းဆောင်ကို ဂုဏ်ပြုလိုက်ကြရအောင်"


သူတို့လေးယောက် နတ်ဆိုးနှင်ဌာနထဲကို ဝင်ပြီးကတည်းက ဒါဟာ သူတို့ရဲ့ ပထမဆုံး တရားဝင်စုဝေးမှု ဖြစ်ပြီး မကြာခဏဆိုသလို ပျင်းနေကြပေမယ့် ဟုန်ကျွင့်နဲ့ လီကျင်လုံတို့နှစ်ယောက်ကတော့ ရင်းနှီး​နေကြပါပြီ။ သူတို့က လီကျင်လုံ အကြောင်း ချက်ချင်းမေးကြပြီး ဟုန်ကျွင့်က ယေဘုယျအဖြေအချို့ကို ပေးခဲ့သည်။ မကြာသေးမီက သူသည် မော့ရစ်ကန်းတို့ သုံးယောက်နှင့် အခြားလှုပ်ရှားမှုများတွင် ပါဝင်ခဲပြီး ယခု သူသည်လည်း သူ့လုပ်ဖော်ကိုင်ဖက်များ အကြောင်းကို အလွန်သိချင်နေသည်။


"ငါ့အဖေက ငါ့ကို ချန်အန်းကို ပို့လိုက်တာ..."


ဟုန်ကျွင့်က ပြောလိုက်သည်။ ကျောက်ကျစ်လုံက လမ်းမှာ မူးပြီး သတိလစ်နေပြီ။ သူ့အကြောင်းတွေ အများကြီး မပြောဖို့ ပြောထား၏။ ပြောလွန်းရင် သူ အမှားလုပ်မိတော့မှာ ကြောက်တာကြောင့် ဟုန်ကျွင့် လိုရင်းကိုသာ ပြောပြလိုက်သည်။ 


"ငါ့အဖေကငါ့ကို ချန်အန်းက နတ်ဆိုးတွေ အကုန်လုံးကို မောင်းထုတ်ခိုင်းတာ... အင်း"


အားထိုက် ရယ်ပြီး "ချန်အန်ူမှာရှိတဲ့ နတ်ဆိုးတွေက ဘယ်မှာလဲ"


မော့ရစ်ကန်းကလည်း ရယ်ပြီး "ဒါပေမဲ့ နတ်ဆိုးတွေ မရှိရင် ငါတို့ ဘာလုပ်ကြမလဲ"


ဟုန်ကျွင့်: "ခေါင်းဆောင်ကလည်း ချန်အန်းမှာ နတ်ဆိုးတွေ ရှိတယ်လို့ ပြောတယ်... ဒါပေမဲ့ ခဏခဏ ထွက်မလာတတ်ဘူးတဲ့"


ဟုန်ကျွင့် အရင်က မသောက်ဖူးသလို ဒီနေ့လည်း ပထမဆုံးအကြိမ် သောက်ဖူးတာပင်။ ဟုန်ကျွင့် သောက်ကောင်းတယ်လို့ ဆိုတဲ့အတွက် မော့ရစ်ကန်းနဲ့ အားထိုက်က တစ်ခွဲလောက် ထပ်သောက်ခိုင်းလေသည်။ အရက် စွမ်းအင်တွေ တက်လာတာနဲ့ ထိန်းမနိုင်သိမ်းမနိုင် မူးဝေသွားကာ ဘေးကို လှဲချလိုက်ပြီး အိပ်ပျော်သွားတော့သည်။ 


ဟုန်ကျွင့် မူးသွားပြီး သိပ်မကြာခင်မှာပဲ လီကျင်လုံ ရောက်လာကာ လဲလျောင်းနေတဲ့ ဟုန်ကျွင့်ကိုတွေ့တော့ ချက်ချင်း ဒေါသထွက်သွားသည်။ 


"အလုပ်ချိန်ရောက်ပြီ... မင်းက ဒီမှာ အရက်သောက်နေတာလား... ပြီးတော့ သူ့ကိုပါ မူးအောင် တိုက်လိုက်သေးတယ်...." 


အားထိုက် ကမန်းကတန်း ပြောလိုက်သည်။ 


"ခေါင်းဆောင် လာလာလာ မြန်မြန်ထိုင်... ဒီနေ့ငါ ကျွေးမယ် "


လီကျင်လုံက လေးလေးနက်နက် မျက်မှောင်ကြုတ်ပြီး စားပွဲမှာ ထိုင်ချလိုက်သည်။ စားပွဲမှာ ကျန်နေတဲ့ စားပွဲကြီးကို လီကျင်လုံက စိတ်မ၀င်စားတာကြောင့် အေး​နေတဲ့ ထမင်းပန်းကန်တွေထဲက စတင် စားလိုက်သည်။ ကျန်သုံးယောက်က လီကျင်လုံကို ဘာဖြစ်တာလဲလို့ အလျင်စလို မေးနေကြ၏။ အားလုံးက လက်ဖက်ရည်သောက်ရင်း အချိုပွဲတွေ စားကာ လီကျင်လုံကို တညီတညွတ်တည်း ကြည့်နေကြသည်။


"ခုတင်အောက်မှာ လူသေတစ်ယောက် တွေ့တယ်ဆို?" မော့ရစ်ကန်းက မေးလိုက်သည်။


လီကျင်လုံက ခေါင်းညိတ်ကာ။ 


"နောက်ဆုံးတော့ မင်းတို့ စိတ်ဝင်စားပြီပေါ့? ငါ တလီတရားရုံးကို သွားခဲ့တယ် မကြာသေးမီရက် အတွင်းမှာ ပျောက်ဆုံးနေသူ ရှိတဲ့အကြောင်း ဘယ်သူကမှ သတင်းမပေးခဲ့ဘူးတဲ့"


အားထိုက်: "အဲဒါက မဟုတ်သေးဘူးလေ... အလောင်းကို ကုတင်အောက်မှာ ဝှက်ထားတာက ဘာကို ဆိုလိုတာလဲ?"


လီကျင်လုံက အေးဆေး တည်ငြိမ်စွာပဲ ပြန်ပြောသည်။ 


"ဒါက ငါတို့ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိမရှိ မသိပေမယ့် ငါ မင်းတို့​နဲ့ ဆွေးနွေးဖို့တော့ လိုသေးတယ်..."


"နတ်ဆိုးပဲ ဖြစ်ရမယ်!" မော့ရစ်ကန်းက ချက်ချင်း ပြောသည်။


"နတ်ဆိုးက ထွက်မပြေး​သေးဘူး" 


ချိုးယုံစစ် ပြုံးပြီး ပြောလိုက်သည်။ အဲဒီအပြုံးမှာ အဓိပ္ပာယ်ရှိတဲ့လို့ ပြော၏။


"ဘာလို့လဲ ငါ့ကိုပြောပါ!!" 


လီကျင်လုံက မျက်မှောင်ကြုတ်ကာ ပေါ့ပေါ့ဆဆ စားသောက်ရင်း မေးသည်။ အားထိုက်က လီကျင်လုံကို ကြည့်ကာ ခဏအကြာတွင် ဆို၏။ 


"ဒီကညီအကို နှစ်ယောက်ပဲ ပြောလိုက်ပါ"


"မဟုတ်ဘူး မဟုတ်ဘူး မင်းအရင်ပြောလိုက်ပါ..."


"မင်းအရင်ပြော မင်းအရင်ပြော..."


သူတို့သုံးယောက်က တစ်ယောက်တစ်လှည့် တွန်းထိုးနေတာကြောင့် လီကျင်လုံ ဒေါသထွက်လာသည်။ 


"​တော်လောက်ပြီ!"


ခဏအကြာတွင် မော့ရစ်ကန်းက ပြောပြ၏။


(TN - အခုအချိန်ကစပြီး မိစ္ဆာနဲ့ နတ်ဆိုးကို ခွဲခြားသုံးသွားပါမယ်၊ နတ်ဆိုးနှင်ဌာနကတော့ နတ်ဆိုး ဆိုတဲ့စကားလုံး အမှန်ပါပဲ။ ဒီမှာကျတော့ 妖怪 (ယောင်းကွိုက်) လို့ သုံးထားတော့ မိစ္ဆာလို့ပဲ ဘာသာပြန်သွားပါမယ်။)


"အလောင်းကို ကုတင်အောက်မှာ ဖွက်ထားရင် ရက်အနည်းငယ်အတွင်း ပုပ်သွားမှာ ဖြစ်ပြီး အနံ့က လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်မှာ.... လူသေကို အထူးခြောက်သွေ့​​​အောင် ထုပ်ပြီး ကုတင်အောက်မှာ ဝှက်ထားရင် ဒုက္ခအများကြီး ပေးလိမ့်မယ်... အဲဒါကို တိုက်ရိုက် မြှုပ်နှံလိုက်တာထက် ပြဿနာ နည်းပါးတယ်"


လီကျင်လုံ: "ဒါဆို ကျင့်ယွင်က မိစ္ဆာမှော်ပညာတစ်ခုခုကို လုပ်ချင်နေလို့ အလောင်းကို ဝှက်ထားခဲ့တာလား?"


လူတိုင်းက လီကျင်လုံကို ထူးဆန်းသော မျက်နှာများဖြင့် ကြည့်နေကြသည်။ သူတို့ခမျာ ရယ်ချင်သော်လည်း မရယ်ဝံ့ပေ။ လီကျင်လုံကတော့ ရှင်းရှင်းလင်းလင်းပဲ ပြန်ပြောသည်။ 


"ငါပြောတာ မှားသွားလို့လား?"


ချိုးယုံစစ်: "အမ်... ခေါင်းဆောင် အဲဒီလူက အခင်းဖြစ်တဲ့ နေရာမှာပဲ မံမီတစ်ယောက်အဖြစ် ပြောင်းလဲသွားတာလို့ ကျွန်တော် ယုံကြည်တယ်.... အဲဒါကြောင့် သူ့ဆီမှာ ဒီရလဒ်ကို ရခဲ့တာ"


လီကျင်လုံ ချက်ချင်း နားလည်သွားပြီး "လတ်စသတ်တော့ အဲ့လိုကိုး..."


မော့ရစ်ကန်း : "တစ်ကိုယ်လုံးမှာရှိတဲ့ အနှစ်သာရနဲ့ သွေးတွေကို မိစ္ဆာတွေက စုပ်ယူလိုက်တာပဲ ခဏအတွင်း ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ မသိလို့ ကုတင်အောက်မှာ ကြုံရာကျပန်း ထိုးထည့်ထားတာ ဖြစ်မယ်... ဒါက ဖြစ်နိုင်ခြေ အများဆုံးပဲ"


လီကျင်လုံက ခဏလောက် စဉ်းစားကြည့်နေသည်။ အားထိုက်က တခြားလူနှစ်ယောက်ကို ကြည့်ပြီး။ 


"ဒီည လမ်းလျှောက်ထွက်ကြမလား... ဖျင်ကန်းလီဘက် မှာ တစ်ခုခုမှားနေတယ်လို့ ငါတစ်ချိန်လုံး ခံစားနေတာ... မြေခွေးရဲ့အမြီးက ထွက်လာတော့မယ့်ပုံပဲ" 


ချိုးယုံစစ်သည် အားထိုက်ကို အကြည့်ဖြင့် ချက်ချင်း ရပ်ခိုင်းလိုက်ပြီး အပိုစကားတွေ ထပ်မပြောရန် တားလိုက်သည်။ ထိုမှသာလျှင် အားထိုက်နဲ့ ချိုးယုံစစ်က မိစ္ဆာများကို စစ်ဆေးရန် မနေ့ညက ပြည့်တန်ဆာသို့ အလည်သွားခဲ့ကြောင်း လီကျင်လုံ သဘောပေါက်သွားတော့သည်။


လီကျင်လုံ: "ဖျင်ကန်းလီဘက်မှာ မိစ္ဆာတစ်​​ကောင်​ ရှိ​​​နေတာလား" 


ချိုးယုံစစ်: "မိစ္ဆာအငွေ့အသက်က အရမ်းဆိုးတာပဲ... မိစ္ဆာအငွေ့ အပြင်းထန်ဆုံး နေရာတွေက ဖျင်ကန်းလီ၊ တမင်နန်းတော်နဲ့ ရှင့်ချင်နန်းတော်... " 


လီကျင်လုံ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။


ယီရှစ်လန်ကို ဝန်းရံပြီး လူသေအလောင်းများကို ရှာဖွေရန် ရှန်ဝူစစ်တပ်နဲ့ လုံဝူစစ်တပ်ကို အကြောင်းကြားသင့်လား သို့မဟုတ် ဘယ်သူမှ မသိလိုက်ဘဲ မိစ္ဆာကို ဖမ်းလိုက်သင့်လား။ သူ့ကံမကောင်းမှုကြောင့် ကျင့်ယွင် အမည်ရှိလူကို ဖမ်းမိလျှင်လည်း မည်သူမျှ သူ့ကို ယုံမှာမဟုတ်တဲ့အပြင် ၎င်းသည် သူ့ကို များစွာဒုက္ခပေးလိမ့်မည်။ မထင်မှတ်ပဲ ဒီလက်အောက်ငယ်သား တစ်ဦးစီက သူ့ထက် ပိုသိနေလေသည်။ 


"ဒါဆို ဒီညက မင်းတို့ဘာတွေ စွမ်းဆောင်နိုင်လဲ ဆိုတာ ကြည့်ဖို့ အချိန်ကောင်းပဲ"


လီကျင်လုံက ပြောလိုက်သည်။


မော့ရစ်ကန်း: "ညီအစ်ကို ဟုန်ကျွင့်ရေ... ထွက်ပြီး အကောင်သေးသေးလေးတွေကို ဖမ်းလိုက်ကြရအောင်... "


နေ့ခင်းဘက်တွင် မိုးခြိမ်းသံကြောင့် ချန်အန်း၌ မိုးအနည်းငယ် ရွာသွန်း​နေခဲ့သည်။ လီကျင်လုံက လျင်မြန်စွာ ဦးဆောင်ခဲ့ပြီး မော့ရစ်ကန်းက အရက်မူးနေသော ဟုန်ကျွင့်ကို သူ့နောက်ကျောပေါ်တင်ကာ မိုးရေထဲတွင် နတ်ဆိုးနင် ဌာနသို့ အမြန် ပြန်သွားခဲ့သည်။ အားထိုက်နဲ့ ချိုးယုံစစ်က အနောက်ကနေ အမြန်လိုက်သွား၏။ လမ်းတလျှောက် မိုးရွာလို့ မိုးခိုနေတဲ့ ချန်အနိးမိန်းကလေးတွေက သူတို့သုံးယောက်ကို သတိထားမိသွားသော် သူတို့ အပေါင်းအဖော် အမျိုးသမီးကို ကြည့်ဖို့ တိုးတိုးလေး ကပ်ပြောလိုက်ကြသည်။ 


လီကျင်လုံသည် အရပ်ရှည်ပြီး ချောမောသည်။ မော့ရစ်ကန်းက သွယ်လျသော ရုပ်သွင်ရှိပြီး ချောမောသော အသွင်အပြင်၊ အားထိုက်သည် ပုလဲကဲ့သို့ ချောမောသည်။ ချိုးယုံစစ်က ချစ်စရာကောင်းသော အသွင်အပြင်ရှိပြီး မော့ရစ်ကန်း ပိုးထားသော ဟုန်ကျွင့် ဆိုလျှင်လညိး အပြစ်ကင်းစင်သော အဖြူရောင် ကျောက်စိမ်းကဲ့သို့၊ ချောမောသော မျက်နှာလေး ရှိ၏။ သူ့နောက်ကျောမှာ ငါးကြင်းတစ်ကောင်ကိုလည်း ထမ်းထားသေးသည်။ 


မော့ရစ်ကန်း လှည့်ကြည့်လိုက်တော့ ကောင်မလေးတွေက သူတို့နောက်မှ အမြန် လိုက်လာနေကြလေသည်။ 


အားထိုက်: "အိုး.. တကယ် စိတ်ဆင်းရဲစရာပဲကွာ.... ဘာလို့များ နေရာတကာ လိုက်နေကြတာလဲ... မြန်မြန် သွားကြရအောင်"


နေ့ခင်းဘက်၌ လူတိုင်းသည် ပင်မခန်းမရှေ့ရှိ စင်္ကြံလမ်းရှေ့တွင် ရပ်နေကြ၏။ လီကျင်လုံက ကြောင်ကို ကြိုးဖြင့် ချည်ပြီး ခေါင်းကို အပြင်သို့ ဆွဲထုတ်လိုက်ကြသည်။ ဒီနေ့ ကြီးကြီးမားမား တစ်ခုခု ဖြစ်ခဲ့တာကြောင့် လီကျင်လုံက ကြောင်ကို မနက်ဖြန်မှာ ပြန်ပို့ဖို့ စီစဉ်ခဲ့ပါသည်။


ငါးကြင်းနတ်ဆိုးကတော့ မိုးရေတွေ တဖျောက်ဖျောက် ကျနေသော ခြံဝင်းထဲတွင် လဲလျောင်းနေကာ မလှုပ်မယှက် ဖြစ်နေသည်။ ဟုန်ကျွင့်ကတော့ ခန်းမထဲတွင် လဲလျောင်းနေ၏။ လီကျင်လုံသည် ထိုနှစ်မှစ၍ တိရန်ကျယ် စာရင်းပြုစုထားသေည အမှုတွဲအားလုံးကို တိတ်တဆိတ် ပြန်ရှာ၍ ဖျင်ကန်းလီက မိစ္ဆာများအကြောင်းကို စုံစမ်းရန် စတင်ခဲ့သည်။


သို့သော် ကြည့်ပြီးသောအခါတွင် တိရန်ကျယ်က နတ်ဆိုးများရှိကြောင်း မှတ်တမ်းတင်ထားသူများ ရှိခဲ့သော်ငြား အများစုမှာ မြင့်မြတ်သော မြို့တော် လော့ယန်မှ ဧကရာဇ်မင်းမြတ် ချန်အန်းသို့ ပြောင်းရွှေ့ပြီးနောက် ဒေသဆိုင်ရာ မှတ်တမ်းများလည်း အရွှေ့အပြောင်းဖြင့် အလွန်နည်းပါး သွားခဲ့သည်။


"ဘယ်လိုမိစ္ဆာမျိုးက လူ့အနှစ်သာရနဲ့ အသွေးကို စုပ်ယူနိုင်သလဲ" 


လီကျင်လုံ လှည့်မေးလိုက်သည်။


"လူတော်တော်များများ သိကြပါတယ်" 


မော့ရစ်ကန်းက အမှုကို စစ်ဆေးရန် ခေါင်းငုံ့ကာ ပေါ့ပေါ့ပါးပါး ပြောလာ၏။ 


"မြေခွေး၊ မြွေ၊ ပန်း၊ ပန်းချီ....."  


အားထိုက်: "အများကြီး မပြောနဲ့... ဒီအလောင်းက ကျင့်ယွင်ရဲ့ ချစ်သူသာဆိုရင် ဘယ်လိုလုပ်မလဲ?"


လူတိုင်း အံ့အားသင့်သွားပြီး ချိုးယုံစစ်က လှည့်မေးသည်။ 


"အဲဒါတော့ မဟုတ်​သေးပါဘူး အားထိုက်... မင်းမှာ ဒီလိုဝါသနာလည်း ရှိသေးတာလား?"


"ငါက နတ်ဆိုးဖြစ်ရတာ ပိုကြိုက်တယ်လေ"


အားထိုက်က ပြုံး​​ပြီး ရွှတ်နောက်​နောက်ဖြင့် ပြောသည်။ လီကျင်လုံက ရုတ်တရက် လှည့်မေးလိုက်သည်။ 


"အားလုံး... မင်းတို့ နတ်ဆိုးနှင်ဌာနကို အတူတူ ရောက်လာခဲ့တာလား"


အားထိုက်က ပြုံး၍ “ရှေ့ဆင့်နဲ့ နောက်ဆင့်ပဲ” 


လီကျင်လုံ: "ဘာလို့ မင်းတို့က တစ်ယောက်ကို တစ်ယောက် အရင်ကတည်းက သိနေကြသလို ဖြစ်နေတာလဲ" 


ခဏကြာတော့ လီကျင်လုံ စကားရပ်သွားကာ အားလုံးလည်း စကားစဲသွားပေမယ့် တကယ်တမ်းတော့ သူက လူသုံးယောက်ရဲ့ တုံ့ပြန်မှုကို သတိပြုမိပြီးသား ဖြစ်သည်။ 


"အကြံဉာဏ်တွေ ထပ်တောင်းရတော့မှာပေါ့ ဒါကြောင့် ဒီညတော့ မင်းတို့လက်ထဲ အပ်ထားခဲ့လိုက်မယ်"


သူတို့သုံးယောက်က လီကျင်လုံကို ခေါင်းညိတ်ပြလိုက်သည်။ ဟုန်ကျွင််က မူးနေပြီမို့လို့ မော့ရစ်ကန်း သူ့ကို လှမ်းကိုင်ထားရသည်။ 


"ဟုန်ကျွင့်?"


ဟုန်ကျွင့်မှာ ညအထိ မူးနေခဲ့ပြီး သူ့ကိုလှုပ်နှိုးဖို့ ကြိုးစားတဲ့အခါ ယိုင်ထိုးနေသေးသည်။ အားလုံးက ငါးကြင်းနတ်ဆိုး အပြင်မှာ နိုးလာပြီး မူးလဲသွားပြန်သည်။ ဟုန်ကျွင့်ကတော့ မတ်တတ်ထပြီး နည်းနည်းလေး လှုပ်ပြီး ပြောလာသည်။ 


“ပြန်ရောက်လာပြီလား…အွန်း” 


ငါးကြင်းနတ်ဆိုး တုံ့ဆိုင်းသွားကာ စင်္ကြံဆီသို့ လျှောက်လာခဲ့သည်။ ကြောင်ကလည်း ငါးကြင်းနတ်ဆိုးကို မြင်သောအခါ ချက်ချင်းပင် စိတ်ဝင်တစား ဖြစ်လာကာ ကြိုးကွင်းထဲမှ ခေါင်းကို ဆွဲထုတ်ကာ ငါးကြင်းနတ်ဆိုးဆီသို့ ပြေးသွားလေသည်။ ငါးကြင်းနတ်ဆိုးခမျာ ခြင်္သေ့ကြောင် တစ်ကောင်ကို ကြည့်ရင်း ကြောက်လန့်တကြား အော်လိုက်၏။


"ကြောင် ထွက်ပြေးနေပြီဟေ့!


ယခင်က လီကျင်လုံသည် ကြောင်လည်ပင်း ညှစ်သွားမည်ကို ကြောက်သောကြောင့် တင်းတင်းကြပ်ကြပ် မချည်နှောင်ထားရာ မထင်မှတ်ဘဲ ငါးကြင်းနတ်ဆိုးကို ချက်ခြင်း ထွက်ပြေးသွားလေသည်။ 


"တံခါးကို မြန်မြန်ပိတ်ပါ!"


ကျန်လူများက ငါးကြင်းနတ်ဆိုး အတိုင်း အလွန်ထိတ်လန့်သွားသည်။ သူ့ခမျာ ကြောက်လွန်းလို့ သေးတောင် ထွက်တော့မလိုပင်။ သဘာဝရန်သူများ အပေါ် ကြောက်ရွံ့မှုကြောင့် ဟုန်ကျွင့်ကျောပေါ်မှ ခုန်ဆင်းကာ ပြေးတော့သည်။ ငါးကြင်းနတ်ဆိုးဟာ စားပွဲပေါ်ကို အရင်ခုန်ချပြီး နောက်တစ်ဖက်က ယဇ်ပလ္လင် စားပွဲပေါ်ကနေ ခုန်ချကာ အသက်နဲ့ သေခြင်းရဲ့ အရေးကြီးတဲ့ အခိုက်အတန့်မှာ ထူးခြားတဲ့ စွမ်းအားကို အသုံးချပြီး စားပွဲထိပ်ကို မြှားတစ်စင်းလို “ဝူး”ကနဲ ပျံသန်းသွား​တော့သည်။ 


ထို့နောက် ချက်ချင်းပင် အားထိုက်နှင့် မော့ရစ်ကန်သည်လည်း ပြေးဖမ်းလေ၏။ သို့သော် ခြင်္သေ့ကြောင်က အလွန်လျင်မြန်ပြီး ငါးကြင်းနတ်ဆိုးအား စားပွဲထိပ်အထိ ခုန်ကာ ပွတ်ဆွဲလိုက်လေသည်။


လီကျင်လုံလည်း ကြီးလေးသော ပြဿနာတစ်ခုတော့ ဖြစ်ပြီမှန်း ရုတ်တရက် သဘောပေါက်လိုက်တာကြောင့် နံရံပေါ်သို့ တက်သွားကာ ငါးကြင်းနတ်ဆိုးကို ကယ်တင်ရန် အပြေးအလွှား သွားတော့မည်။


 —— သိပ်နောက်ကျသွားပြီ။


ငါးကြင်းနတ်ဆိုးက “အို ဘုရားရေ......” ဟု အော်ဟစ် ခုန်ဆင်းကာ လီကျင်လုံ၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားပြီးနောက် ခြင်္သေ့ကြောင်တစ်ကောင်သည်လည်း လှည့်ကာ ဝိညာဉ်ထွက်ပန်း၏ ဝတ်မှုန်များပြည့်နေသော သေတ္တာကို တိုက်ရိုက် ကန်ထုတ်ပစ်လိုက်သည်။


လူတိုင်း၏ အကြည့်များ အောက်တွင် ဝိညာဥ်ထွက်ပန်းသည်သည် ဗီရို၏ထိပ်မှ အကွေးတစ်ခုကို ဆွဲထုတ်လိုက်သည့်နှယ် လွင့်သွားပြီး ဟုန်ကျွင့်၏ခေါင်းကို ထိမှန်သွားကာ ဘူးအဖုံးကလည်း ပွင့်လာလေ၏။ ထိုအခိုက် ဝတ်မှုန်များ ကောင်းကင်တစ်ခုလုံး ပျံ့နှံ့သွား​တော့သည်။


လူတိုင်း: "..."


တံခါးများနှင့် ပြတင်းပေါက်များ ပိတ်ထားကာ ဝတ်မှုန်များ ပြန့်ကျဲနေပြီး လူငါးဦးသည် တစ်ချိန်တည်းတွင် မြေကြီး ကွဲအက်တော့မတတ် ဆက်တိုက်ဆိုသလို နှာချေမှုများ စတင်လာခဲ့သည်။


"ဟက်ချိုး--!"


"ဟက်ချိုး!"


"ဟက်ချိုး! ဟက်ချိုး! ဟက်ချိုး!"


"ဟက်ချိုး!"


အားထိုက်၊ မော့ရစ်ကန်း၊ ချိုးယုံစစ်၊ ဟုန်ကျွင့်နှင့် လီကျင်လုံကတို့သည် အရူးအမူး နှာချေလိုက်ကြပြီး နှာချေသံများကြား တယောက်ပြီးတယောက် အံ့သြတုန်လှုပ်သွားကာ အခန်းထဲတွင် ခဏရပ်ကာ မူးဝေသွားကြသည်။


ဟုန်ကျွင့်: "ဘာဖြစ်တာလဲ ဟက်ချိုး!"


အားထိုက်: "ငါက ဘယ်သူလဲ... ဟက်ချိုး!"


မော့ရစ်ကန်း: "မင်း...ဘယ်မှာလဲ...မင်းဘယ်မှာလဲ? ဟက်ချိုး!"


ချိုးယုံစစ်: "ဟေး ခဏနေ ဒီညီလေးက ဟေး!"


ခြင်္သေ့ကြောင်တောင်မှ တခဏတာမျှပင် တုံ့ဆိုင်းသွားသည်။ သူက ငါးကြင်းနတ်ဆိုးကို မျှော်လင့်ချက် မျက်လုံးများဖြင့် ကြည့်နေခဲ့ရာ တခဏတာမျှ နှာချေပြီးနောက် လူတိုင်းလိုပဲ သံသယများဖြင့် ပြည့်နှက်သွားကြသည်။


"ငါတို့ အပြင်ထွက်​ကြမလား... ဟက်ချိုး!" 


လီကျင်လုံလည်း နောက်ထပ် နှာချေမှု လှိုင်းများကို လုပ်လိုက်သည်။ ငါးကြင်းနတ်ဆိုးလည်း ခုန်ဆင်းပြီး တံခါးကို ဖွင့်ဖို့ ပြေးထွက်သွားခဲ့၏။


ငါးကြင်းနတ်ဆိုး၏ နှာခေါင်းသည် ရေထဲတွင်သာ ထိရောက်မှုရှိပြီး ကုန်းပေါ်တွင် လူတွေလောက် အသုံးမဝင်ပေ။ နှာခေါင်းပေါက်များက သေးငယ်လွန်းသဖြင့် မကြာခဏ ပိတ်ဆို့နေသော်လည်း ကြောင်တစ်ကောင်မှာ ကြောင်အနေပြီး မလိုက်နိုင်သောကြောင့် တံခါးကို အမြန်ဖွင့်လိုက်သည်။


"မြန်မြန်ထွက်ကြ!" ငါးကြင်းနတ်ဆိုးက အော်လိုက်သည်။ 


ဒီလို စိတ်ရှုပ်ထွေးပြီး သိက္ခာမရှိတဲ့ အခြေအနေမှာ ဟုန်ကျွင့်လည်း သူ့ကို ခေါ်နေတာကို ခံစားလိုက်ရလေသည်။ ဟုန်ကျွင့် ရုတ်တရက် တုန်လှုပ်သွားပြီး တံခါးဘက်သို့ လူတွေအားလုံး တစ်ယောက်ပြီး တစ်ယောက် ပြေးထွက်လာကြ၏။


ဟုန်ကျွင့်မှာ ငါးကြင်းနတ်ဆိုးကို ကြည့်ရင်း မူးဝေနေဆဲပင်။ လီကျင်လုံနှင့် အခြားသူများ တစ်စုံတစ်ခုကို တွေးတောရန် ကြိုးစားသော်လည်း သူ့စိတ်ထဲတွင် ကြောင်တစ်ကောင်က ခုန်ထွက်သွားပြီး ဘယ်ကိုသွားရမည်ကို မသိဖြစ်နေတာကို တွေ့လိုက်ရစဥ် ငါးကြင်းနတ်ဆိုးက အော်လိုက်သည်။ 


"ဟုန်ကျွင့်! မြန်မြန်လုပ်! သူ့ကို​ဖမ်း!"


ဟုန်ကျွင့်လည်း မသိစိတ်က ကြောင်လေးကို ပွေ့ဖက်လိုက်၏။ ငါးကြင်းနတ်ဆိုးက စုတ်တံသေးသေးလေးကို ကောက်ယူလိုက်ပြီး ဝိညာဉ်ထွက်ပန်းရဲ့ ဝတ်မှုန်​တွေကို ဖယ်ထုတ်ဖို့ ဝင်သွားလေသည်။ 


လီကျင်လုံ: "အခုနက ဘာဖြစ်တာလဲ" 


ကျန်လေးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ခဏအကြာတွင် အားထိုက်မှာ တစ်ခုခုကို မှတ်မိသွားဟန်ဖြင့် ပြောလိုက်သည်။ 


"မင်းက ခေါင်းဆောင်လီပဲ!"


"အာ!" လီကျင်လုံက "ဟုတ်တယ် ဟုတ်တယ်.... ငါက လီကျင်လုံပဲ ဒါက နတ်ဆိုးနှင်ဌာနပဲ"


"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်!" 


လူတိုင်းက အိပ်မက်ကနေ နိုးလာသလိုပဲ ခေါင်းတဆက်ဆက် ညိတ်လျက် ထောက်ခံလိုက်ကြသည်။ ထိုစဥ် ဟုန်ကျွင့်က ကြောင်ကို ပွေ့ဖက်ပြီး။ 


"ဒါပေမဲ့ ငါက ဘာလို့ ကြောင်ကို ဘာလို့ ကိုင်ထားရတာလဲ"


"မြောင်?" ခြင်္သေ့ကြောင်မှာလည်း သံသယစိတ်ဖြင့် လှည့်ပတ်ကြည့်သည်။


"ငါတို့.... ဘာလုပ်နေကြတာလဲ" 


လီကျင်လုံက မေးလိုက်သည်။ လူတိုင်း၏ ခေါင်းထဲတွင် အတွေးပေါင်းစုံဖြင့် စိတ်ရှုပ်နေကြစဥ် မော့ရစ်ကန်းသည် ရှုပ်ယှက်ခတ်နေသော ဟင်းလင်းပြင် တစ်ဝိုက်တွင် လှည့်ပတ်ကာ သွားရင်း။ 


"လူတိုင်း နတ်ဆိုးနှင်ဌာနကို သတင်းပို့နေကြတာကိုတော့ ငါ နည်းနည်း မှတ်မိနေသေးတယ်"


ချိုယုံစစ်: "မင်းဘာလို့ လူတိုင်းက ပထမဆုံးအကြိမ် တွေ့ဖူးတာ မဟုတ်သလို ခံစားနေရတာလဲ"


လီကျင်လုံ: "စိတ်အေးအေးထား... တစ်ခုခု​တော့ ဖြစ်နေပြီ..."


အထဲမှာ ငါးကြင်းနတ်ဆိုးက မြေပြင်တစ်ပြင်လုံးမှာ ထားရှိတဲ့ ဝတ်မှုန်တွေကို ကောက်ယူပြီး လက်ဖဝါးအရွယ် အိတ်တစ်ခုထဲ ထည့်ကာ ဆိုလာသည်။ 


"မင်း ဝိညာဉ်ထွက်ပန်း ဝတ်မှုန်ကို အနံ့ခံပြီ မေ့ကုန်တာ!" 


"ဟုတ်တယ် ဟုတ်တယ်!" 


အားလုံးက မှတ်မိသွားပြီး ထပ်ခါတလဲခဲ ခေါင်းညိတ်ပြလိုက်ကြသည်။ အခုဆို အကြမ်းဖျင်းအားဖြင့် အကြောင်းတရားနဲ့ အကျိုးဆက်ကို ချိတ်ဆက်လာနိုင်ပုံပါပဲ။


နာရီဝက်အကြာတွင် လူတိုင်းသည် အချို့သောအရာများကို တဖြည်းဖြည်း မှတ်မိကြသော်လည်း အရေးကြီးဆုံးမှာ ဝိညာဉ်ထွက်ပန်း၏ ဝတ်မှုန်ကို မရှူမီ ၎င်းတို့လုပ်ဆောင်နေကြသည့် အရာမှာကို လုံးလုံး မေ့သွားကြသည်။ ဘာလဲဆိုတာ စဉ်းစားရခက်နေ၏။ 


ငါးကြင်းနတ်ဆိုးက ကြောင်ကိုဖမ်းဖို့ အတိုချုံးပြောခဲ့ပေမယ့် ကျန်တာကို မသိတဲ့အတွက် "မေ့သွားတဲ့အရာ" ဟာ သူတို့ရင်ဆိုင်ရမယ့် အဓိကပြဿနာ ဖြစ်လာပါတော့သည်။ 


ကြောင်ကို လှောင်အိမ်ထဲမှာ ထည့်ထားပြီး ငါးကြင်းနတ်ဆိုးကို ကူကယ်ရာမဲ့ ကြည့်နေပေမယ့် သူဘာမှ မလုပ်နိုင်ခဲ့ပါဘူး။


"ဘာဖြစ်တာပါလိမ့်" 


လီကျင်လုံ လေးလေးနက်နက် မျက်မှောင် ကြုတ်လိုက်သည်။


"သူ လက်ဖက်ရည်သောက်နေတာ ဖြစ်နိုင်လား?" ချိုးယုံစစ်ကလည်း ဆို၏။ 


"ဒါမမှန်ဘူး" လီကျင်လုံ သူ့ကိုယ်သူ ပြန်ကြည့်ရင်း။ 


"လက်ဖက်ရည် သောက်ရင် စားပွဲပေါ်မှာ စာအုပ်တွေ အများကြီးနဲ့ ဘာလုပ်မှာလဲ? ထူးဆန်းတယ် အခုနတုန်းက ​​အရေးကြီးတဲ့ ကိစ္စတစ်ခုခုကို လုပ်နေတာ ဖြစ်မယ်"


"ပထမဆုံးအနေနဲ့ ကြောင်ကို ဖမ်းတုန်းက ဟုန်ကျွင့်နဲ့ငါ ကုတင်အောက်မှာ ပုန်းနေခဲ့တယ်..."


"ပြီးတော့..."


လီကျင်လုံသည် အစိတ်စိတ် အမွှာမွှာ ဖြစ်နေသော မှတ်ဉာဏ်များကို အခြေခံ၍ ခွဲခြမ်းစိတ်ဖြာ ကြည့်နေသည်။ ဟုန်ကျွင့်လည်း သူ့ကိုယ်သူ ဘယ်သူလဲ၊ သူဘယ်ကလာသလဲဆိုတာကို တဖြည်းဖြည်း တွေးတောရင်း ရပ်နေ၏။ သူဟာ ဟောင်ကျင်း နန်းတော်ကနေ ကြီးပြင်းလာခဲ့တာကို သတိရလာသည်။ ခဏတာ ပျောက်ကွယ်သွားပြီးနောက် သူသည် ချုံမင်ကို သတိရပြီး ချုံမင်ကို ပထမဆုံးတွေ့သည့် အချိန်ကိုပင် သတိရသွားခဲ့သည်။


ဟုန်ကျွင့် သက်ပြင်းတစ်ချက် ချကာ သူစကားပြောခါနီးတွင် ရုတ်တရက် ထူးဆန်းသော မှတ်ဉာဏ်တစ်ခုထဲသို့ ကျသွားခဲ့ပြီး လီကျင်လုံ၏ အသံက သေးငယ်သွားသလို ခံစားလာရသည်။ 


သူ့မှတ်ဉာဏ်ထဲမှာ နေရောင်က တောက်ပနေပြီး သဖန်းပင်တွေရဲ့ အရိပ်နဲ့ ဖျပ်ဖျပ်ဖျပ်ခတ်နေတဲ့ အလင်းရောင်တွေက သူ့ကို နေရောင်အောက်မှာ အိပ်မက်တစ်ခု မက်နေသလိုပဲ ခံစားရစေသည်။ သူ့အသိစိတ်က ပိုပိုပြီး ဝေးကွာလာသလို အချိန်တွေ ကုန်ဆုံးသွားသလို ဖြစ်လာသည်။ သူသည် လှည့်ပတ်နေသော ရေပိုက်ကြီးထဲ ရောက်နေကဲ့သို့ မူးဝေသွားပြီး ယောင်ကျင်း နန်းတော်၏ ညနေခင်းဆီသို့ ပြန်ရောက်သွားခဲ့သည်။


မရေမတွက်နိုင်သော မြင်ကွင်းများသည် တစ်နေ့ပြီးတစ်နေ့ ရုတ်တရက် အေးခဲသွားကာ နောက်ပြန် ဆုတ်သွားခဲ့ပြန်သည်။


"ဟုန်ကျွင့်က ကုတင်အောက်မှာ လူသေတစ်ယောက် တွေ့ခဲ့တယ်လို့ ပြောတယ်..."


"လူသေလား?"


လူတိုင်း ချက်ချင်း ထိတ်လန့်သွားပြီး ငါးကြင်းနတ်ဆိုးက အခန်းထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလာသည်။


ဟုန်ကျွင့်၏ သူငယ်အိမ်များသည် ဝိညာဉ်ထွက်ပန်း ဝတ်မှုန်များကို ရှူရှိုက်ပြီးနောက် ပြင်းထန်စွာ ကျုံ့သွားပြီးနောက် ​ယောင်ကျင်း နန်းတော်သို့ သူပထမဆုံး ရောက်သည့် ညကို ရုတ်တရက် သတိရသွားသည်။ သူ မြင်လိုက်ရသည်မှာ ချုံမင်မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာခဲ့သည်။ 


တခဏချင်းမှာပဲ သူ့မှတ်ဥာဏ်တွေက တဖန်ပြန်ကျလာပြီး အမှောင်ထုထဲကို သူရပ်နေကာ ပတ်ပတ်လည်က ကွက်လပ်​​ကြီးကို ကြည့်နေ၏။ 


"....ငါ့ရဲ့ တစ်ဦးတည်းသောသားပါ..."


သူ့နားထဲတွင် ထူးဆန်းသော သူစိမ်းတစ်ယောက်၏ အသံက ထွက်ပေါ်လာသည်။