Chapter (13)
ဖျင်ကန်းလီသို့ ပြန်သွား
ဟုန်ကျွင့်သည် သူ့လက်ထဲမှာ စာရွက်တစ်ရွက်ကို ကိုင်ထားပြီး သူ့နောက်ကျောမှာတော့ ငါးတစ်ကောင် ပိုးထားလေသည်။ မနက်အစောကြီး ကျောက်ကျစ်လုံ အိပ်ပျော်နေတုန်း သူ့နောက်ကျောပေါ် ကောက်တင်လာတာကြောင့် ငါးခမျာ သူ့ပါးစပ်ကို ဖွင့်ဟပြီး သမ်းဝေနေရှာ၏။
"ကြောင်အမဲလိုက်တဲ့ သတိပေးချက် ထုတ်ပြန်ထားရင် အသုံးဝင်မယ်လို့ထင်လား"
"မင်းရဲ့ တစ္ဆေပုံဆွဲနည်းနဲ့ ကြောင်တစ်ကောင်လို့ ဘယ်သူက ပြောနိုင်မှာလဲ?"
ဟုန်ကျွင့်သည် လူအနည်းငယ်သာ ရှိသော နံနက်ခင်းကို အခွင့်ကောင်းယူပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ အဲဒီနောက် ချိတ်ကို လွှင့်ပစ်လိုက်ရာ သံကြိုးလေးက တံစက်မြိတ်ပေါ်မှ ပျံသန်းကာ ငန်းရိုင်းအဆောက်အအုံ အစွန်းကြီးပေါ်သို့ ချိတ်မိသွား၏။ ဟုန်ကျွင့်လည်း ပေါ့ပါးစွာ ခုန်တက်လိုက်ပြီး ခြေလှမ်း အနည်းငယ် လှမ်းကာ အဆောက်အအုံမြင့်၏ ထိပ်သို့ တက်သွားလိုက်သည်။ ထို့နောက် ငန်းရိုင်းမျှော်စင်ပေါ်၌ ထိုင်နေလိုက်သည်။
အပြာရောင်နှင့် အဖြူရောင်တိမ်တိုက်များအောက်တွင် ချန်အန်းရှိ ကြွေပြားအုတ်ကြွပ် ထောင်ပေါင်းများစွာသည် နံနက်ခင်း လေနုအေးအောက်တွင် တောက်ပနေကြသည်။ ကုန်းမြေကြီးတွင် လူသားမျိုးနွယ်သည် ဇိမ်ကျကျနှင့် ကြီးကျယ်ခမ်းနားသော မြို့တစ်မြို့ကို အမှန်တကယ် ဆောက်လုပ်ခဲ့ကာ စိတ်အေးလက်အေး ပျော်ရွှင်စေခဲ့သည်။
ဟုန်ကျွင့် ယောင်ကျင်းနန်းတော်ကိုပင် သတိရသွား၏။ အပြင်မထွက်မီ သူဆွဲထားသော ကြောင်ပုံများကို ထုတ်ကြည့်ရင်း ယောင်ကျင်းနန်းတော်မှာ ရှိနေခဲ့ရင် ချင်းရှူံနဲ့ ချုံမင်တို့က ငှက်များနှင့် စကားပြောတတ်ကြလို့ ကြောင်ရှာရန် သိမ်းငှက်နှစ်ကောင်ကို စေလွှတ်လိုက်ခြင်းက သူ့ထက်ပင် ပိုမြန်လိမ့်မည်ဟု တွေးမိသွားသည်။
"လေနည်းနည်း ခံပြီးရင် ပြန်သွားတော့" ငါးကြင်းနတ်ဆိုးက ပြောသည်။
"ဆောင်းဦးရာသီမှာ အပြင်လေက အမြဲခြောက်သွေ့တယ် သိပ်အဆင်မပြေဘူး"
ဟုန်ကျွင့်: "သူ အရမ်းစိတ်ဆင်းရဲနေသလိုပဲ...ဟူး.... လူတိုင်းအတွက်လည်း မလွယ်ပါဘူးလေ... ကြောင်ကို ရှာတွေ့ရင် ပိုကောင်းမယ်"
ငါးကြင်းနတ်ဆိုးက “ကိုယ်ချင်းစာတရားက ပြည့်လျှံနေတိုင်း အဆင်မပြေဘူးကွ!"
"ကြောင်ကိုတွေ့ခဲ့ရင် နောက်ဆို အဲဒီအရာရှိတွေက သူ့ကို ပိုကောင်းအောင် ဆက်ဆံမှာလား"
ဟုန်ကျွင့် မနေ့ညက ငါးကြင်းနတ်ဆိုးထံမှ အကြမ်းဖျင်း သင်ယူခဲ့သည်။ လူသားလောကတွင် အဆင့်အတန်းကို သုံးတန်း၊ ခြောက်တန်း၊ ကိုးတန်းအထိ ခွဲခြားထားကာ လီကျင်လုံ မအောင်မြင်ရခြင်း၏ အကြောင်းအရင်းမှာ အဆင့်အတန်းကြောင့်လည်း ပါသည်။ ဟုန်ကျွင့် ဒါကို အပြည့်အ၀ နားမလည်နိုင်သော်လည်း ၎င်းကို အခြေခံအားဖြင့် နားလည်နိုင်ပါသေးသည်။ ဧကရာဇ်မင်းနှင့် မှူးမတ်တို့ကြောင့် မည်သူမျှ လီကျင်လုံကို မတွေ့ချင်ကြချေ။
ငါးကြင်းနတ်ဆိုးက "မတုံးစမ်းပါနဲ့... လူ့အစွဲတွေက ဖယ်ရှားပစ်ဖို့ ခက်တယ်... လူတချို့က စွန့်စားလိုစိတ် ရှိလာရင် နတ်ဆိုးမျိုးရိုးထက်တောင် ပိုဆိုးတဲ့ အရာတွေကို လုပ်လိမ့်မယ်...ဘယ်သူ့မှ လီကျင်လုံ ကြောင်ရှာတွေ့မှာ အရည်အချင်း ရှိသွားမှာကို မလိုချင်လောက်ဘူး.... အဲ့လိုဖြစ်လာရင် အဲ့အရာရှိတွေ သူတို့ပါး သူတို့ပြန်ရိုက်သလို ဖြစ်နေမှာပေါ့...သူ့ဘာသာသူပဲ ဆက်ရှာပါစေ..."
ဟုန်ကျွင့် ရုတ်တရက် စဉ်းစားမိပြီး "အဲဒီကြောင်က ဘာလို့ထွက်ပြေးသွားတာလဲဟင် ဘာကိုကြောက်သွားတာလို့ ထင်လဲ"
"မင်းလည်း ငါနဲ့အတွေး တူတယ်မလား...သူလည်း အတူတူပဲ... မင်း မမြင်သင့်တဲ့ အရာကို ငါမြင်ရမှာ ကြောက်နေသလိုမျိုးလေ"
ငန်းရိုင်းမျှော်စင်၏ အမြင့်ဆုံးထပ်တွင် ထိုင်နေတုန်း လီကျင်လုံရဲ့ အသံက ရုတ်တရက် သူ့ကျောနောက်ကနေ ထွက်ပေါ်လာတာကြောင့် ဟုန်ကျွင့်မှာ လန့်ဖျပ်သွားပြီး ချော်လဲလုနီးပါး ဖြစ်သွားသည်။
သူနှင့် လီကျင်လုံတို့သည် တူညီသော အတွေးအမြင်များ ရှိကြပြီး ချန်အန်း၏ အမြင့်ဆုံးနေရာသို့ တက်လာခဲ့ကြသည်။ မြို့၏ရှုခင်းကို ကြည့်ရင်း တွေးတောခဲ့ကြသည်။ ဟုန်ကျွင့် ချိတ်ကို လျှော့လိုက်ပြီး လီကျင်လုံကို တက်လာခိုင်းကာ နှစ်ယောက်သား မျှော်စင်ထိပ်မှာ ထိုင်နေလိုက်သည်။
"မင်း ဘယ်အချိန်တုန်းက ရောက်လာတာလဲ"
ဟုန်ကျွင့် အနည်းငယ် စိတ်ပူပြီး လီကျင်လုံကို မကြည့်ဘဲ မနေနိုင်တော့ပေ။
"သူအရမ်း စိတ်ဆင်းရဲနေတယ်လို့ ပြောလိုက်တုန်းက..."
ဟုန်ကျွင့် အလွန်အရှက် ကွဲသွားသော်လည်း လီကျင်လုံ က မျက်မှောင်ကြုတ်ကာ ပြောပြလာသည်။
"ငါ သခင်မချင်းရဲ့ အိမ်ဆီ သွားခဲ့တယ် အဲဒီညတုန်းက ကြောင်က တစ်ခုခုကို မြင်ပြီး ထိတ်လန့်သွားတာတဲ့... ကြောင်တွေက မကောင်းဆိုးဝါး ခန္ဓာကိုယ်အတွက် ထူးခြားတဲ့ နာမ်ဝိညာဉ် ရှိတယ်... သူတို့က အစာကို မှတ်မိနေသရွေ့ လွယ်လွယ်ကူကူ အိမ်မပြောင်းတတ်ဘူး... ချန်အန်းမှာ သခင်မချင်းအိမ်ထက် အစားအသောက်နဲ့ နေရာထိုင်ခင်း ပိုကောင်းတဲ့ နေရာ မရှိဘူး..ဒီအဖြစ်အပျက်က ကြောင် မပြန်ချင်လောက်အောင် ကြောက်စရာ ကောင်းတဲ့ အရာတစ်ခုကို သူ တွေ့လိုက်လို့ ဖြစ်မယ်"
"ငါ လမ်းပျောက်နေတာ ဖြစ်နိုင်လား" ဟုန်ကျွင့် မေးကြည့်လိုက်သည်။
"မဖြစ်နိုင်ဘူး" လီကျင်လုံ ခေါင်းခါလိုက်သည်။
"အဝှက်ခံထားရတာလား"
"သခင်မချင်းရဲ့ကြောင်ကို ဝှက်ရဲတဲ့သူကတော့ သေလမ်း ရှာနေတဲ့လူပဲ... တပ်၆တပ်က ဆယ်ရက်ကျော်ရှာပြီး ဆုတွေတောင် ပေးထားတာ မတော်တဆတောင် ဖွက်ထားရဲမှာ မဟုတ်ဘူး... သူ ပုန်းအောင်းနေတာ ဖြစ်ရမယ်... ငါတို့ သခင်မချင်းနန်းဆောင်နဲ့ နီးတဲ့နေရာကို သွားကြည့်ရအောင်"
ဟုန်ကျွင့်မှာ လီကျင်လုံရဲ့ ယခုပုံစံက အလွန်မိမိုက်နေပုံပေါ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ လီကျင်လုံက မျှော်စင်ထိပ်မှ ဆင်းသွားချင်သော်လည်း ဟုန်ကျွင့်သည် လှည့်ပတ်ကာ ချိတ်ကို ပစ်ချလိုက်ပြီး ငန်းရိုင်းမျှော်စင် အနီးနားရှိ အိမ်ခေါင်မိုးပေါ်သို့ လှမ်းချိတ်၍ လီကျင်လုံကို ဆွဲတင်လိုက်သည်။ အဲဒီနောက် အိမ်ခေါင်မိုးပေါ်မှ ခုန်ဆင်းသွားခဲ့သည်။
"ချန်အန်းမှာ နတ်ဆိုးတွေ အများကြီးရှိနေမယ်လို့ မင်းထင်လား?"
ဟုန်ကျွင့် ရုတ်တရတ် အကြံတစ်ခုရသွားပြီး ရှေ့ကလျှောက်သွားတဲ့ လီကျင်လုံကို လှမ်းမေးလိုက်သည်။
လီကျင်လုံ: "ဆိုးရွားတဲ့ လေထုနဲ့ တစ္ဆေမြူတွေက ထိန်းမနိုင်သိမ်းမနိုင် ဖြစ်နေတာ ကြာပြီ... ညဘက်မှာ နတ်ဆိုးတွေက ရိုင်းရိုင်းစိုင်းစိုင်း ကပြတဲ့အခါတိုင်း မင်းရှေ့က ချန်အန်းက နေ့ဘက်က ချန်အန်းနဲ့ မတူတော့ဘူး"
"မင်း ဘယ်လိုခံစားရလဲ?"
ဟုန်ကျွင့် ကိုယ်တိုင်လည်း နည်းနည်း ခံစားလိုက်ပေမယ့် လီကျင်လုံရော ခံစားရလား သူမသိပေ။ ညတိုင်းလိုလို ညနေဗုံ သုံးချက်တီးပြီးတဲ့အခါ ချန်အန်း တစ်ခုလုံး ပြောင်းလဲသွားသလို သူမသိတဲ့ တစ်နေရာရာမှာ မကောင်းတာ တစ်ခုခု ဖြစ်ပျက်နေသလို ခံစားရလေသည်။
လီကျင်လုံ သူ့ခါးမှဓားကို ပုတ်လိုက်ပြီး ပြန်မဖြေချေ။
"ဒီဓားက မင်းကိုပြောပြတာလား... ချန်အန်းမှာ နတ်ဆိုးဘယ်နှစ်ကောင် ရှိမယ်ထင်လဲ"
"သောင်းချီတယ်"
လီကျင်လုံ ဟုန်ကျွင့်ကို ပြန်ကြည့်ကာ ဖြေလိုက်သည်။
"ဘာကြီး?"
လီကျင်လုံနဲ့ ဟုန်ကျွင့်တို့ နှစ်ယောက်လုံး စိတ်ရှုပ်နေကြစဥ် အရှေ့ဈေး အပြင်ဘက်က ခေါင်မိုးပေါ်တွင် တစ်စုံတစ်ခု ရုတ်တရက် ပျံကျလာပြီး လီကျင်လုံရဲ့ မျက်နှာကို ထိမိသွားလေသည်။ တစ်ချိန်တည်းမှာပင် ဟုန်ကျွင့်လည်း လန့်ဖျပ်ကာ လှည့်ကြည့်လိုက်သည်။ အဆက်မပြတ် အော်ဟစ်နေသည့် အသံတစ်ခုနှင့်အတူ ခေါင်မိုးပေါ်တွင် မျောက်လေးတစ်ကောင် ထိုင်နေပြီး သူတို့နှစ်ဦးကို ကြည့်နေ၏။
"ဒီကောင်..."
လီကျင်လုံက သူ့ကို မောင်းထုတ်ဖို့ ခြေလှမ်းပြင်တော့မှာ ဖြစ်ပေမယ့် ဟုန်ကျွင့်သည် ထိုမျောက်ဟာ အဲဒီနေ့က ဈေးမှာ လှည့်စားခံနေရလို့ သူ လွှတ်ပေးလိုက်တဲ့ မျောက်တစ်ကောင် ဖြစ်ကြောင်း ရုတ်တရက် သတိရသွားပြီး ပြုံးပြုံးလေးနဲ့ ပြောလိုက်သည်။
"အာ.... မင်းကိုး!"
ဟုန်ကျွင့် မျောက်ကလေးအား လက်ပြနှုတ်ဆက်ပြီး မျောက်သည် ကြိုးကိုဆွဲကာ ပြေးလာခဲ့သည်။ မျောက်မုဆိုးထံမှ လွတ်မြောက်ပြီးနောက် သူ့မျက်နှာက ပြည့်ပြည့်လေး ဖြစ်လာသည်။ ရံဖန်ရံခါတွင် ကြင်နာတတ်သူများထံမှ အစာအချို့ကိုပင် ရခဲ့ပုံပါပဲ။ သူ့လက်ထဲတွင် မှိုတက်နေသော ပေါင်မုန့်ကို ကိုင်ဆောင်ကာ ဟုန်ကျွင့်ကို ကျွေးရန် လက်မြှောက်လိုက်သည်။
ဟုန်ကျွင့်လည်း သူ့ရဲ့ ရည်ရွယ်ချက်တွေကို သိတာကြောင့် ငါးကြင်းနတ်ဆိုးကို အစာကျွေးဖို့ အပိုင်းတချို့ကို ဖြတ်ပေးလိုက်ရာ ငါးကြင်းနတ်ဆိုးမှာ မပျော်မရွှင် ဖြစ်သွားလေသည်။
"ဒီမုန့်..."
"စားလိုက်စမ်းပါ..."
ဟုန်ကျွင့်သည် ငါးကြင်းနတ်ဆိုး၏ ပါးစပ်ကို ဖြည်းဖြည်းချင်း ညှစ်လိုက်ပြီး ထိုးထည့်ပေးလိုက်သည်။ ထို့နောက် ဓားပျံဖြင့် မျောက်ကလေး၏ လည်ပင်းပေါ်ရှိ ခြေချင်းများကို ဆွဲဖြုတ်ပေးလိုက်သည်။
လီကျင်လုံ: "လူအနားကပ်တဲ့ မျောက်တွေက လူသားတွေရဲ့ စကားကို အားလုံး နားလည် နိုင်ကြတယ်တဲ့... သူဒီရက်ပိုင်း ပြေးပြီး လှည့်ပတ် လည်နေကြတာ ဆိုတော့ ဒီကြောင်ကို တွေ့ဖူးမလားလို့ မေးလို့ ရလောက်တယ်"
ဟုန်ကျွင့် တွေးလိုက်သည်။ ဟုန်ကျွင့် သူ့လက်ထဲမှာဆွဲထားတဲ့ အမဲလိုက်ကြောင်ပုံစံကို အမြန်ထုတ်လိုက်ပြီး မျောက်ကို ကြည့်ခိုင်းလိုက်စဥ် လီကျင်လုံကလည်း ထအော်လိုက်သည်။
"မင်းဆွဲထားတာ.....မင်းဆွဲထားတာက ကြောင်လား?"
လီကျင်လုံ နောက်တစ်ကြိမ် ဒုက္ခရောက်လုနီးပါး ဖြစ်သွားသည်။ စာရွက်ပေါ်မှာ ဟုန်ကျွင့် ရေးဆွဲထားသည့် အရာမှာ စက်ဝိုင်းကြီးသုံးလုံး၊ ကောက်ကွေးသော အင်းဆက်အမြီး တစ်ခု၊ ချွန်ထွက်နေသော နားရွက်နှစ်ခုနှင့် ဆင်တူသည့် ဘီလူးတစ်ကောင်မျှသာ ဖြစ်သည်။
မျောက်က ခေါင်းစောင်းပြီး ကြိမ်ဖန်များစွာ တေးဆိုလိုက်ပြီး ဟုန်ကျွင့်အား သူ့နောက်က လိုက်လာခဲ့ဖို့ အချက်ပြကာ အမြန် ထွက်ပြေးသွားခဲ့သည်။
ငါးကြင်းနတ်ဆိုး: "တကယ်ကြီး နားလည်တယ်ဟ!"
ဟုန်ကျွင့်လည်း အမြန်ထလိုက်ပြီး လီကျင်လုံနဲ့အတူ မျောက်နောက်ကို လိုက်သွားခဲ့သည်။ ယခုအချိန်မှာ အရှေ့ဈေးလည်း ဖွင့်ထားပြီမလို့ လူတွေနဲ့ စည်ကားနေပြီ ဖြစ်သည်။ လီကျင်လုံသည် စိတ်ပိုင်းဆိုင်ရာ အရိပ်အချို့ ရှိနေဆဲဖြစ်ပြီး သူသည် လူများနှင့် ဝေးဝေးနေကာ သူ့ကိုမမြင်အောင် ဦးညွှတ်နေခဲ့သည်။
မျောက်က ရပ်လိုက်တာနဲ့ ဟုန်ကျွင့် မြင်ပြီး "အာကနဲ" လို့ ပြောလိုက်မိသည်။
ဖျင်ကန်းလီရှိ ယင်းချွန်းရှောင်နဲ့ ယီရှီးလန်တို့ ဧည့်ခန်းနှစ်ခုကြားက တံစက်မြိတ် အဆုံးတွင် အဖြူရောင် အရာတစ်ခုသည် နေရောင်အောက်တွင် မလှုပ်မယှက် လဲလျောင်းနေ၏။
"ဒါလား?" ဟုန်ကျွင့် ချက်ချင်း ခေါင်းလှည့်ကာ မေးလိုက်သည်။
"မလောနဲ့ မလောနဲ့..."
လီကျင်လုံလည်း ဒီကြောင်ကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။ ဟုန်ကျွင့်ရဲ့ ကံကြမ္မာက ပိုကောင်းမလာဘူး ဆိုတာ ထင်ရှားပါသည်။ ဒီကြောင်ကို ဖမ်းပြီးရင် ယီရှီလန်ကြောင့် ဂုဏ်ယူစရာ မလိုပေမယ့် တပ်၆တပ်ရဲ့ မျက်နှာကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်နိုင်ပြီ။ တစ်မြို့လုံး ဘယ်မှာမှ ရှာမတွေ့တဲ့ ကြောင်က သူတို့လက်ထဲ အလွယ်တကူ ရောက်လာမယ် ဆိုတာကို ဟုန်ကျွင့်မှာလည်း မယုံနိုင်ပေ။
"ငါတို့ မော့ရစ်ကန်းနဲ့ တခြားသူတွေကို လာခိုင်းရမလား... အဲဒါမဟုတ်ရင် ဘယ်လိုလုပ်မလဲ"
လီကျင်လုံ ကိုယ်တိုင်ကလည်း အဲဒါကို ရှာတွေ့တာက ကံကောင်းတယ်လို့ ထင်ပေမယ့် သက်ဆိုင်ရာကို အရင်အကြောင်း ကြားသင့်တယ်လို့ ခံစားနေရလေသည်။ ဒီကြောင် ဟုတ်လားမဟုတ်လား ဘယ်သူက သိမှာလဲ။
ဒါပေမဲ့ သခင်မချင်းရဲ့ နန်းဆောင်ကို သွားတုန်းကတော့ ချန်အန်းမြို့တစ်ခွင်မှာ ဒီလိုကြောင်မျိုးက ဈေးကြီးမှန်း သိလိုက်ရသည်။ နောက်တစ်ကောင်ကို ရှာတွေ့ဖို့က မဖြစ်နိုင်ချေ။
"မလိုဘူး" လီကျင်လုံ အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။
"သူတို့က ပျင်းနေကြတာ...ဘာပဲဖြစ်ဖြစ် သူ့ကို အရင်ဖမ်းပြီးတော့မှ ထပ်ပြောရအောင်...မင်းက အပေါ်ကသွား ငါအောက်ဖက်က သွားမယ်...ပိုက်ကွန်ရှိလား"
"ရှိတယ် ရှိတယ်..." ဟုန်ကျွင့် အလျင်စလိုနဲ့ ပြောလိုက်သည်။
“အောက်က လမ်းသွားလမ်းလာတွေကို မနှောင့်ယှက်မိစေနဲ့”
လီကျင်လုံက ထပ်ပြီး သတိပေးလာတော့ ဟုန်ကျွင့်လည်း ဗြောင်ကျကျ ခေါင်းညိတ်လိုက်သည်။ လီကျင်လုံက လက်ဟန်ခြေဟန်နဲ့ ပြနေတာကို တွေ့လိုက်ရပြီးနောက် ဟုန်ကျွင့် ဦးညွှတ်ပြီး လျှောက်သွားလိုက်သည်။
“အဲ့လောက်အထိ လုပ်နေစရာ မလိုပါဘူး” ငါးကြင်းနတ်ဆိုးက “ကြောင်လေးတစ်ကောင်ပဲကို”
ဟုန်ကျွင့် : "ခဏစောင့်နေ..."
ငါးကြင်းနတ်ဆိုး : "ပြောစရာ မလိုဘူး! ငါကမင်းတို့ကို အဖော်လုပ်ပြီး လိုက်ခဲ့မှာ မဟုတ်ဘူး ငါဘယ်သူလဲဆိုတာ မင်းမေ့သွားပြီလား?"
ဟုန်ကျွင့်သည် ငါးကြင်းနတ်ဆိုးဟာ ငါးတစ်ကောင်ဖြစ်ပြီး ကြောင်များနှင့် ဝက်ဝံများကို သဘာဝအတိုင်း ကြောက်လန့်တတ်ကြောင်း သတိရသွား၏။ လီကျင်လုံကို လှည့်ကြည့်လိုက်တော့ လူကို မမြင်နိုင်ရတော့ဘဲ ခြေလှမ်းငါးဆယ်နီးပါး အကွာက အနက်ရောင် အစက်လေးလို ဖြစ်သွားပြီး ကြောင်ဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားနေသည်။
ဟုန်ကျွင့်လည်း ပိုက်ကွန်ကို ကိုင်ထားပြီး အသံမထွက်စေရန် သတိကြီးကြီးနှင့် ချဉ်းကပ်သွား၏။ ကြောင်ကတော် ပျင်းရိကာ တံစက်မြိတ်အောက်တွင် နေပူခံနေပုံရသည်။ နှစ်ယောက်သား တဖြည်းဖြည်း တဖြည်းဖြည်း ပိုနီးလာတဲ့အထိ အလယ်မှ ကြောင်က မလှုပ်မယှက်ပင်။ သူ့ခန္ဓာကိုယ်က ငြိမ်သက်နေကာ အိပ်ပျော်နေသကဲ့သို့ အသက်ရှုသံနဲ့အတူ ခန္ဓာကိုယ် ဖြည်းညှင်းစွာ လှုပ်ရှားနေသည်။
လီကျင်လုံက ကြောင်နှင့် တစ်ပေခန့်အကွာတွင် ရပ်လိုက်ပြီး ဟုန်ကျွင့်ဆီသို့ လက်ဟန်ပြသည်။ ဟုန်ကျွင့်ကလည်း ပိုက်ကွန်ကို လက်နှစ်ဘက်ဖြင့် ကိုင်ကာ ဦးညွှတ်၍ တလှမ်းချင်း လျှောက်သွားသည်။ ရုတ်တရက် ကြောင်က မျက်လုံးပွင့်လာရာ နှစ်ယောက်စလုံး အံ့အားသင့်သွား၏။
လီကျင်လုံ: "လုပ်လိုက်တော့!"
လီကျင်လုံက ချက်ချင်းပဲ ရှေ့ကို အမြန်ပြေးသွားပြီး ဟုန်ကျွင့်လည်း သူ့ပိုက်ကိုဖွင့်ပြီး ရှေ့ကို ပြေးထွက်သွားခဲ့သည်။
လီကျင်လုံ၏ စံပြအခြေအနေထဲတွင် ကြောင်သည် လီကျင်လုံကြောင့် ကြောက်သွားကာ သူ့အနောက်က ဟုန်ကျွင့်၏ ပိုက်ကွန်ထဲသို့ ဝင်သွားသင့်သည်။ သို့သော် ကြောင်သည် ရုတ်တရက် အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ဘေးတိုက် ရှောင်ထွက်သွားပြီး လီကျင်လုံ လည်ချောင်းနားမှ လျှောကျသွားသည်။
လီကျင်လုံ : "!!!"
ထို့နောက် ဟုန်ကျွင့်သည်လည်း ဘေးတိုက်လှည့်ကာ လျင်မြန်စွာ ပြေးသွားသည်။
"မပြေးနဲ့!"
ဟုန်ကျွင့် ပိုက်ကွန်ကို ကိုင်လိုက်ပြီး ကြောင်ကို ဖမ်းဖို့ လုပ်နေပေမယ့် ကြောင်က ထပ်လွတ်သွားပြန်ရာ သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်လာ၏။ ဒီကြောင်က အရမ်းလိမ္မာ ပါးနပ်တယ်။ သူက အားလုံးရဲ့ အကြံအစည်ကို သိနေသည့်အတိုင်းပင်။
နောက်အခိုက်အတန့်တွင် ဟုန်ကျွင့်သည် ယင်ချွန်းရှောင်မှ ထွက်ခွာပြီး ယီရှစ်လန် အောက်ထပ်သို့ ခက်ခက်ခဲခဲ လဲကျသွားသည်။ အောက်ထပ်တွင် အသစ်ဖွင့်ထားသော အစားအသောက်ဆိုင်များ ရှိသော်လည်း ဟုန်ကျွင့် ရှောင်ဖို့ အချိန်နှောင်းသွားပြီ။ ကံကောင်းစွာနဲ့ လီကျင်လုံက သူ့ကို ဆွဲထုတ်လိုက်သည်။
ဟုန်ကျွင့် ခေါက်ဆွဲဆိုင်မှ ဟင်းချိုအိုးကြီးတစ်လုံးကို မျက်နှာမူကာ လမ်းကြားကို ငုံ့ကြည့်လိုက်ပြီး ခဏတာ တုန်လှုပ်သွားသည်။ သူဒီလိုသာ ပြုတ်ကျသွားရင် ကျောက်ကျစ်လုံကတော့ အဲဒီအိုးထဲမှာ ထာဝရနေဖို့ကလွဲလို့ ရွေးစရာလမ်း မရှိတော့လောက်ချေ။
ကြောင်တစ်ကောင်ကတော့ ယီရှစ်လန်၏ တတိယထပ်သို့ ခုန်တက်သွားသည်။ ပြတင်းပေါက် လှုပ်နေသည်ကို မြင်ရုံမျှဖြင့် သူအဲဒီနောက်တွင် ပုန်းနေမှန်း သိသာသည်။ ဟုန်ကျွင့် ခပ်ဖွဖွလေး ပြောလိုက်သည်။
"ငါ အကောင်းဆုံး ကြိုးစားထားပါတယ်..."
"ကိစ္စမရှိပါဘူး" လီကျင်လုံက ဆိုသည်။
"ဘယ်မှာလဲဆိုတာ သိပြီမလို့ ပိုလွယ်သွားပြီ"
နှစ်ယောက်သား ခုန်ချပြီး တံစက်မြိတ်ကနေ အောက်ကို ဆင်းလာကြစဥ် ဟုန်ကျွင့်က တိုးတိုးလေး ထပ်ပြောပြန်သည်။
"ငါလုပ်ပါရစေ... မင်းထပ်ပြီး..."
"အခုလည်း ကံမကောင်းနေပါဘူး" လီကျင်လုံ တိုးတိုးလေး ပြောလိုက်သည်။
ယီရှစ်လန်သည် ချန်အန်းမြို့ရှိ လူမျိုးများ အနှစ်သက်ဆုံးသော ပြည့်တန်ဆာအိမ် ဖြစ်ပြီး အခြားသော ခြံဝင်းများကိုလည်း သပ်ရပ်စွာ အလှဆင်ထားသည်။ ပြတင်းပေါက်ထဲသို့ ဝင်ပြီးနောက် ဆင်းသက်ရသည့် နေရာသည် ကျဉ်းမြောင်းသော လမ်းတစ်ခုဖြစ်သည်။ ကျဉ်းမြောင်းသော လမ်းမအတွင်းတွင် အိမ်နံပါတ်များ ဖြစ်သည့် "ကျန်းကျင့်ကျို", "ချွန်းရှောင်း", "ယွိထိုင်ချွန်း" စသဖြင့် အများကြီး ရေးထားသည်။
"လူခွဲရှာမယ်..." လီကျင်လုံက ဆိုသည်။
"ကျောက်ကျစ်လုံလည်း ကူညီပေး... မျောက်ရောပဲ ဟုန်ကျွင့် ကျေးဇူးပြုပြီး တစ်ခုခု ပြောပေးပါလား"
ငါးကြင်းနတ်ဆိုးသည် မူလက ငြင်းဆိုသော်လည်း ဟုန်ကျွင့်က သူ့ကိုအိတ်ထဲက ချလိုက်ပြီး ဖြစ်သောကြောင့် ရွေးချယ်စရာ မရှိသောကြောင့် လှုပ်ရှားရတော့သည်။ သူက ငါးဦးခေါင်းကို ပိတ်ထားသော တံခါးဝမှ သတိထားပြီး ချောင်းကြည့်လိုက်သည်။ မျောက်က ဟုန်ကျွင့်၏ အချက်ပြမှုကို တုံ့ပြန်ပြီး ချက်ချင်း သဘောပေါက်ကာ အခြားတစ်ခန်းသို့ ပြေးသွားခဲ့သည်။
ဟုန်ကျွင့်: "မင်း တွေ့ပြီဆိုရင် တိတ်တိတ်လေး ထွက်လာခဲ့ ဖမ်းစရာမလိုဘူး ဟုတ်ပြီလား"
ထို့နောက် ငါးကြင်းနတ်ဆိုးကို တွန်းထည့်လိုက်သည်။
လီကျင်လုံ: "မင်းက ဘယ်ဘက်သွား ငါက ညာဘက်က သွားမယ်"
မနက်သုံးနာရီ။ ယီရှစ်လန်က ကောင်မလေးတွေ ဘယ်ရောက်သွားမှန်း မသိပေ။ ဟုန်ကျွင့်က အခန်းတစ်ခန်းကို လှမ်းကြည့်ရင်း သူ့နှာခေါင်းထဲကို နံ့သာမှုန့် အနံ့တွေ တိုးဝင်လာတော့သည်။ အခန်းတိုင်းရှိ အလှဆင်မှုများသည် သပ်ရပ်ပြီး ဇိမ်ကျကျဖြစ်သည်။ ဤနေရာတွင် နေထိုင်သော မိန်းကလေးများက အနီရောင်ကို ကြိုက်ကြပုံပါပဲ။ လီကျင်လုံ မှန်းဆထားတာ မှန်ပေ၏။ ဒီကြောင်က ချငိးအိမ်နဲ့ နီးတဲ့နေရာမှာ ပုန်းနေခဲ့ခြင်း ဖြစ်ပေသည်။
ငါးကြင်းနတ်ဆိုးသည် စောစောက သူစားခဲ့သော ခေါက်ဆွဲခြောက်များကြောင့် ရင်ကြပ်သွားသဖြင့် ရေသောက်ရန် ရေကန်သို့ ပြေးသွားလေသည်။ ရေသောက်နေရင်း တစ်ခုခု ထူးဆန်းနေသလို ခံစားရလေတာကြောင့် ရေသောက်တာ ရပ်သွားခဲ့သည်။ အနီးနားကို လှမ်းကြည့်လိုက်တော့ ကျန်းရွှမ်ရဲ့ လက်ရာဖြစ်သော နံရံပေါ်က ပန်းချီကားတစ်ချပ်ကို ရုတ်တရက် တွေ့လိုက်ရသည်။ ပန်းချီကားသည် ကွက်ကွက်ကွင်းကွင်း ဖြစ်ပြီး မိုးမခအကိုင်းအခက်များက ယိမ်းနွဲ့နေသဖြင့် ချက်ချင်းပင် ပါးစပ်ကို ဖွင့်ဟကာ မလှုပ်မယှက် ဖြစ်သွားစေသည်။
"အလှလေး အလှလေး!"
ငါးကြင်းနတ်ဆိုးက အော်ရင်း သွားရည်တွေ ကျမလိုတောင် ဖြစ်နေသည်။
ထိုအခိုက်တွင် ငါးကြင်းနတ်ဆိုးသည် အနောက်မှ ခြေသည်းများ ကုတ်နေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ငါးကြင်းနတ်ဆိုးလည်း ၎င်း၏ အကြေးခွံများနှင့် ခြေထောက်အမွေးများ ထောင်တက်လာကာ ပါးစပ်မှ အသံတိုးတိုးလေးဖြင့် ကြောက်လန့်တကြား ပြန်လှည့်ကြည့်လာသည်။
ခြင်္သေ့ကြောင်သည် စိမ်းပြာရောင်မျက်လုံးတစ်ဖက်၊ ရွှေရောင် မျက်လုံးတစ်လုံးဖြင့် မြင့်မားသော စားပွဲထိပ်တွင် ထိုင်ချလိုက်ပြီး ငါးကြင်းနတ်ဆိုးကို စိုက်ကြည့်နေသည်။ ငါးကြင်းနတ်ဆိုးလည်း ရုတ်တရက် အသိစိတ် ပျောက်သွားကာ အော်ဟစ်လေတော့၏။
"လာကြပါဦး—-!"
နောက်အခန်းထဲက လီကျင်လုံနဲ့ ဟုန်ကျွင့်တို့သည် အလယ်ခန်းမှ အသံတစ်ခုကို တစ်ပြိုင်တည်း ကြားလိုက်ရပြီးနောက် ချက်ချင်းပင် လေပြင်း တိုက်ခတ်သွားသလို ပြေးတက်သွားသည်။
ခြင်္သေ့ကြောင်သည် ခုန်ဆင်းလာပြီး ငါးကြင်းနတ်ဆိုးဆီသို့ ဦးတည်နေပြီ။ ငါးကြင်းနတ်ဆိုးသည် အလွန်ထိတ်လန့်သွားသဖြင့် ကုတင်အောက်၌ ပုန်းအောင်းကာ ပုန်းနေ၏။
လီကျင်လုံနဲ့ ဟုန်ကျွင့် တံခါးကို တွန်းဖွင့်ပြီး အထဲဝင်လိုက်သော် ကြောင်က “မြောင်”ဟု အသံထွက်ပြီး ကုတင်အောက်ခြေက ငါးကြင်းနတ်ဆိုးက ရိုင်းစိုင်းစွာ ဟောင်ပြီး ကုတင် တစ်ဖက်စွန်းကနေ အမြန် ပြေးထွက်လာသည်။ ၎င်းက တတ်နိုင်သလောက် အမြီးကို ဝေ့ယမ်း၍ ကုတင်အောက် ပြေးဝင်သွား၏။
"တွေ့ပြီ!"
လီကျင်လုံ လှည့်ပြီး တံခါးကို ပိတ်ချလိုက်သည်။ ဒီလိုဆို ကြောင်လည်း မလွတ်နိုင်တော့ဘူး။
ဟုန်ကျွင့်လည်း ၎င်းကို ဖမ်းယူရန် ကုတင်အောက်ခြေသို့ တွားသွားခဲ့သော်လည်း ဤသစ်သားကုတင်သည် သူအိပ်လေ့ရှိသော ကုတင်နှင့် မတူပေ။ အဖိုးတန် မဟော်ဂနီဖြင့် ပြုလုပ်ထားပြီး နံရံသုံးဖက်ကို မျက်နှာမူထားသည်။ အောက်၌ အလုံပိတ်ထားသလို သစ်သားထောက်တိုင် အနည်းငယ်သာ အလွတ်အနေဖြင့် ကျန်တော့သည် အမှောင်ထဲတွင် ပုန်းနေသည့်ကြောင်က ဟုန်ကျွင့်ကို ယင်ယန် မျက်လုံးနှစ်လုံးဖြင့် ကြည့်နေသည်။
လီကျင်လုံ ကြောင်ကို ဖမ်းဖို့ သူ့လက်ကို ကိုင်ထားပေမယ့် ကြောင်က ဘေးကနေ ပုန်းအောင်းနေနိုင်တုန်း။
"ဘယ်လိုလုပ်ရမလဲ"
လီကျင်လုံ၏ တံတောင်ဆစ်သည် သန်မာလွန်းပြီး တုတ်ခိုင်လွန်းသဖြင့် အထဲအထိ တိုးမဝင်နိုင်ပေ။
ဟုန်ကျွင့် : "..."
လီကျင်လုံ: "..."
ဟုန်ကျွင့် သူ့လက်ကို ဆန့်ထားပေမယ့် ကြောင်က ငြိမ်နေပြီး သူတို့ နှစ်ယောက်ကို လုံးဝ ဂရုမစိုက်ချေ။
"ငါ ကုတင်ကို မြှောက်လိုက်မယ်"
ဟုန်ကျွင့်: "မဖြစ်ဘူး... မင်း မြှောက်လိုက်ရင် ထွက်ပြေးသွားလိမ့်မယ် မင်း နည်းနည်းလေးပဲ ဖွင့်ပေး! ငါဝင်ဖမ်းမယ်"
သို့နှင့် လီကျင်လုံသည် သူ၏ခွန်အားကို အသုံးပြုကာ အလေးချိန် 400 ကီလိုဂရမ်ကျော်ရှိသော ကုတင်ကြီးကို မြှောက်လိုက်ကာ လူတစ်ဦးတည်းသာ ဝင်နိုင်သော ကွက်လပ်တစ်ခုကို ထုတ်ဖော်ပြသလိုက်ရာ ဟုန်ကျွင့်လည်း ချက်ချင်း ကြမ်းပြင်ပေါ်သို့ လှိမ့်ဝင်သွားသည်။
ဆိုဖာအောက်ရှိ နေရာအကျယ်အဝန်းသည် ကြီးမားခြင်း မရှိသည့်အပြင် သစ်သားတိုင်များနှင့် လိပ်များကဲ့သို့ အရာဝတ္ထုများ အစုအပုံများပါရှိသည်။ ကြောင်က ချက်ချင်းပင် အမွေးများ ထောင်ကာ ထွက်ပြေးရန် ကြိုးစားလေ၏။ ဟုန်ကျွင့် လက်ဆန့်ကာ ၎င်း၏ခြေသည်းကို လှမ်းဖမ်းထားလိုက်သည်။
"မိပြီ!"
လီကျင်လုံ "သေသေချာချာ ဆုပ်ကိုင်ထား... နောက်တစ်ခါ ထပ်မပြေးစေနဲ့!"
ထိုအချိန်တွင် အပြင်ဘက်မှ အသံတစ်ခုထွက်လာသည်။
"ညဘက်ကျ ရောက်မလာနိုင်ဘူးလေ... အဲဒါကြောင့် နေ့ခင်းဘက်မှာ လာတွေ့ရတာ..."
လီကျင်လုံ ချက်ချင်းပင် ခေါင်းကို လှည့်လိုက်သည်။ ထိုလူအသံကို သူ အလွန်ရင်းနှီးတာကြောင့် သူငယ်အိမ်များက ပြင်းထန်စွာ ကျုံ့သွားသည်။ ကုတင်အောက်က ဟုန်ကျွင့်မှာတော့ ကြောင်လေးကို ပွေ့ဖက်ထားပြီး သူ့အပေါ်က သစ်သားကုတင်ကို တွန်းတင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေ၏။
"ခေါင်းဆောင် နည်းနည်းလောက် မြှောက်ပေးပါဦး... ငါ ထွက်လာ..."
သို့သော် သူစကား ဆက်ပြောရန် အချိန်နှောင်းသွားလေပြီ။ လီကျင်လုံသည် လွန်နေသည့် နေရာပေါ်မှ လှိမ့်ဝင်သွားပြီး တစ်ချိန်တည်းတွင် သူသည် ကုတင်ကို ဒူးဖြင့် ထောက်ကာ ဂရုတစိုက် ချလိုက်သည်။
ဟုန်ကျွင့် စကားပြောခါနီးတွင် လီကျင်လုံက သူ့ကို အနောက်ကနေ ပွေ့ဖက်လိုက်ပြီး စကားမပြောဖို့ ပါးစပ်ကို အမြန်ပိတ်လိုက်သည်။ သစ်သားကုတင်ကို ချလိုက်ပြီးတာနဲ့ တံခါးက တွန်းဖွင့်ခံလိုက်ရသည်။ ကောင်မလေးရဲ့ ရယ်မောသံနဲ့အတူ တည်ငြိမ်ခိုင်မာတဲ့ ခြေလှမ်းတွေက အခန်းထဲကို ဝင်လာခဲ့သည်။
သူတို့နှစ်ဦးသည် ဆိုဖာပေါ်တွင် ထိုင်ကာ စကားပြောနေကြ၏။
"လီကျင်လုံဆိုတဲ့ အဲဒီလူက ယင်ချွန်းရှောင်ဘက်ကို လမ်းလျှောက်သွားနေတယ်လေ... အခုတလော လုံဝူတပ်ကလည်း နည်းနည်း ရှုပ်နေတော့ အခုရက်ပိုင်းအတွင်း မင်းဆီ မရောက်လာနိုင်ခဲ့ဘူး... ကိုယ့်မှာ လွမ်းနေတာ"
ဟုန်ကျွင့်သည် မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ လီကျင်လုံကို ဘေးတိုက် ကြည့်လိုက်သော် လီကျင်လုံက သူ့လက်ကို ဖြည်းညှင်းစွာ လွှတ်လိုက်သည်။ သူက ရှိုက်တငင်ငင် အမူအရာလုပ်ကာ ဟုန်ကျွင့်ကလည်း လက်နှစ်ဖက်ဖြင့် ကြောင်ကို ပွေ့ထားကာ ကြောင်ပါးစပ်ကိုလည်း ပိတ်ထားလိုက်သည်။
ဟုန်ကျွင့် ကြောင်ကို ပွေ့ဖက်ထားစဉ် လီကျင်လုံကလည်း သူ့ကို အနောက်ကနေ ပွေ့ဖက်ထားရာ သူ လီကျင်လုံ၏ နှလုံးခုန်သံကို ပြင်းထန်စွာ ခံစားရလေသည်။ သူ့ရင်ဘတ်သည် ကျယ်ပြီး သန်မာကာ သူ့ခန္ဓာကိုယ်မှာလည်း အလွန်ပူနေသည်။
လီကျင်လုံသည် ယခုနေရာသို့ ရောက်လာသော လူသည် လုံဝူစစ်တပ်က ခေါင်းဆောင် ဟူရှန်း ဖြစ်သောကြောင့် ဒေါသထွက်နေပုံရသည်။ သူ့ကိုတော့ ဘယ်သူကမှ မယုံကြဘဲ စစ်တပ်ရှိ လူတိုင်း၏ လှောင်ပြောင်ခြင်းကို ခံရပြီး ယန်ကော်ကျုံးကပင် လှောင်ပြောင်ခဲ့သေးသည်။
ယခုအချိန်တွင် ဟူရှန်းသည် ကောင်မလေးကို ပွေ့ဖက်ကာ ကုတင်ပေါ်တွင် နမ်းလိုက်ပြီး “ကျင့်ယွင်” ဟုလည်း တဖွဖွ ဆိုနေသေးသည်။ မကြာမီပင် သူတို့သည် ကုတင်ပေါ်တွင် လူးလဲကာ စကားများက အနမ်းများအဖြစ် ပြောင်းလဲသွားတော့သည်။
ဟုန်ကျွင့်၏ နှလုံးခုန်သံများက ရုတ်တရက် အရှိန်တက်လာခဲ့သည်။ သူသည် ၁၆ နှစ်ကြာအောင် မည်သူကိုမျှ မတွေ့ခဲ့ရ မထိတွေ့ခဲ့ရသော်လည်း ယခုတော့ လီကျင်လုံက လက်နှစ်ဖက်ဖြင့် အနောက်မှ ဆုပ်ကိုင်ထားကာ အလွန်ရှုပ်ထွေးသော အနေအထားဖြင့် ပွေ့ဖက်ထားကြသည်။ ထိုအသံသည် သူ့အတွက် ကြီးမားသော ထိတ်လန့်စရာကို ဖြစ်စေခဲ့ပြီး ဟူရှန်း လှည့်ကွက်မျိုးစုံကို ဆက်တိုက်ဆိုသလို ထုတ်ပြလာရာ ဟုန်ကျွင့်ကို ရှက်ရွံ့စေခဲ့သည်။
ပိုရှက်စရာကောင်းတာက သူ့နောက်မှာ သူ့ကိုပွေ့ဖက် ဆုပ်ကိုင်ထားတဲ့ လီကျင်လုံဟာ အသက်ပြင်းပြင်း ရှူနေပြီး အရာဝတ္ထုတစ်ခုက ခက်ခက်ခဲခဲ လာထိနေသေးတာကို သူခံစားလိုက်ရတာပါပဲ။
ဟုန်ကျွင့် ခက်ခက်ခဲခဲ တံတွေး မျိုချလိုက်သည်။ မသိစိတ်က ကြောင်ကို ပွေ့ဖက်လိုက်ပြီး ကြောင်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရာ ကြောင်မှာ အလွန် စိတ်မသက်မသာ ဖြစ်လာတာကြောင့် ခြေသည်းနှစ်ချောင်းကို ကုတ်ခြစ်ကာ ယက်ကန်ယက်ကန် လုပ်လာတော့သည်။
ဟုန်ကျွင့်လည်း ထိုဆူညံသံကြောင့် ကုတင်ပေါ်ရှိ လူနှစ်ယောက်ကို အနှောက်အယှက် ဖြစ်စေမှာကို စိုးရိမ်တာကြောင့် ကြောင်ရဲ့ခြေဖဝါးကို ဆွဲကိုင်ပြီး လှဲချလိုက်ပါ၏။ မထင်မှတ်ပဲ ကြောင်ရဲ့ ခြေသည်းတွေက ကုတင်အောက်က အမျိုးမျိုးသော ပစ္စည်းတွေနဲ့ ထုပ်ထားတဲ့ ပိတ်စကို ဖမ်းမိပြီး ကုတ်ခြစ်မိသွားသည်။
ပိတ်စကို ဆွဲထုတ်လိုက်သည်နှင့် တပြိုင်နက် သေဆုံးသွားသော အမျိုးသားတစ်ဦး၏ ဦးခေါင်းကို ဟုန်ကျွင့် ရုတ်တရက် နောက်ပြန်ငုံ့ကာ အော်ဟစ်လိုက်သည်။
ဟုန်ကျွင့် :"အာ--!"
လီကျင်လုံ : "!!!"
လီကျင်လုံ ဟုန်ကျွင့်ပါးစပ်ကို ပထမဆုံး ဖုံးအုပ်လိုက်ပြီး မျက်လုံးများကို ဖုံးအုပ်ပေးကာ လူကိုလည်း တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်ပြန်သည်။
အဲဒီအချိန်မှာပဲ ကုတင်ပေါ်ရှိ ကျင့်ယွင်က အော်ဟစ်နေပြီ ဖြစ်တာကြောင့် ဟုန်ကျွင့်အသံကို သူတို့ သတိမထားမိသေးပါဘူး။
ဟုန်ကျွင့် ဆံပင်များက အဆုံးအထိ ထောင်နေပြီ။ သူ လူသေ၏မျက်နှာကို ဤမျှအကွာအဝေးတွင် စိုက်ကြည့်မိသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ မယုံနိုင်လောက်အောင် ထိတ်လန့်သွားစဥ် လီကျင်လုံက သူ့ကို လက်နှစ်ဖက်ကို တင်းတင်းကလေး ဖက်လာပြီး မကြောက်ဖို့ အချက်ပြလိုက်သည်။
ကုတင်ပေါ်တွင်တော့ ဟူရှန်းမှာ မောဟိုက်နေပြီ ဖြစ်သော်ငြား ကိစ္စကပြီးသွားကာ ကျင့်ယွင်နှင့် စကားပြောနေဆဲ ဖြစ်သည်။
ဟုန်ကျွင့် လူသေ၏မျက်နှာကို ကြည့်လိုက်ရာ ဒီလူ သေထားတာက အချိန်အတော် ကြာနေပုံရသည်။ သူ့ပါးစပ်က ပွင့်နေပြီး သူ့မျက်နှာပေါ်ရှိ အရေပြားများက ခြောက်ကာ မည်းလာပြီး မျက်လုံးများက လွတ်နေသည်။ လီကျင်လုံသည် ဖြည်းညှင်းစွာ လက်ဆန့်ပြီး အထည်တစ်စကို ဖြည်လိုက်ရာ အဖြူထည် ဝတ်ထားသည့် အလောင်းဟာ ကြောက်ရွံ့ထိတ်လန့်သော လှုပ်ရှားမှုဖြင့် ကုတင်၏ အတွင်းဘက်စွန်းတွင် ထုပ်ပိုးခံထားရတာ တွေ့လိုက်ရသည်။
ဟုန်ကျွင့် လီကျင်လုံ လက်မောင်းကို ထိလိုက်သည်။ လီကျင်လုံလည်း ကြက်သီးတွေ ထလာလေ၏။
ထိုစဥ် ဟူရှန်းက ပြုံးပြီး "ကဲ သွားရအောင်" လို့ပြောလိုက်သည်။
"အခုထွက်သွားတော့မလို့လား"
ကျင့်ယွင်က မဝံ့မရဲနဲ့ ပြောသည်။
"နောက်နေ့မှ တွေ့မယ်လေ"
ဟူရှန်းက ကျင့်ယွင်ကို ပွေ့ဖက်လိုက်ပြီး "မွတ်ကနဲ" ကို နမ်းလိုက်ပြီး သူ့အဝတ်အစားတွေ ဝတ်ကာ တံခါးကို တွန်းဖွင့်ကာ ထွက်သွားလေသည်။ ထိုအခါ ကျင့်ယွင်လည်း တစ်ဖက်လူကို လိုက်ပို့ပေးဖို့ ထသွား၏။
သိပ်မကြာခင်မှာဘဲ သူတို့နှစ်ယောက် ကုတင်အောက်ကနေ ထွက်လာပြီး လီကျင်လုံမှာ အသက်ရှူမဝသလို ရှုပ်ယှက်ခတ်နေတဲ့ မျက်လုံးတွေနဲ့ ဟုန်ကျွင်း ကြည့်လိုက်သည်။
ဟုန်ကျွင့်: "ဘယ်လိုလုပ်မလဲ"
လီကျင်လုံက ခဏလောက် စဉ်းစားပြီးမှ ပြောလာသည်။
"ဒီမှာ အကြာကြီးနေဖို့က မသင့်တော်ဘူး... အရမ်း အရေးကြီးတဲ့ ကိစ္စပဲ... အရင်ဆုံး သူတို့ကို သတိပေးမနေနဲ့ဦး"