Chapter (16)
ညဥ့်နက်ချိန်၌ မြေခွေးအမဲလိုက်ခြင်း
ထိုအချိန်တွင် အားထိုက်နှင့် ချိုးယုံစစ်တို့သည် ဖျင်ကန်းလီထဲမှ လွတ်မြောက်သွားသော အခြားအမျိုးသမီးနှစ်ဦးကို မြင်ပြီးနောက် ပြေးလိုက်သွားတော့သည်။ ၎င်းတို့ အသီးသီးသည် အရှေ့ဈေး အတွင်း၌ပင် မြေခွေးကောင်အဖြစ် ပြောင်းလဲသွားကြသည်။ တစ်ကောင်က ဈေးနှင့် တခြားတစ်ယောက်က ခေါင်မိုးပေါ်သို့ တက်ကာ တောင်ဘက်သို့ ပြေးသွားပြီး အမှောင်ညထဲသို့ မြှားပစ်ခွင်းလိုက်သလို တခဏချင်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
အားထိုက်နှင့် ချိုးယုံစစ်တို့သည်လည်း ရုတ်တရက် လမ်းကြားထဲမှ ထွက်လာစဥ် လီကျင်လုံ၊ ဟုန်ကျွင့်နှင့် မော့ရစ်ကန်းတို့က သူတို့နောက်မှ လိုက်လာကာ သူတို့ ဘာမှပြန်မပြောမီ လီကျင်လုံက အမိန့်ပေးလေသည်။
"မင်းတို့ထိပ်က တစ်ကောင်ကို လိုက်လိုက်... ငါတို့ အောက်က တစ်ကောင်ကို လိုက်မယ်! မြန်မြန်!"
သို့နှင့် အားထိုက်တို့ နှစ်ယောက်သည် အိမ်ခေါင်မိုးပေါ်တက်ပြီး ပြေးထွက်သွားကြသည်။ လီကျင်လုံ၊ ဟုန်ကျွင့်နှင့် မော့ရစ်ကန်းတို့သည် ညဘက်တွင် ပိတ်ထားသော အရှေ့ဈေး၏ အနက်ရှိုင်းဆုံးနေရာသို့ ပြေးလာခဲ့ကြသည်။
ယီရှစ်လန်ထဲတွင် ငါးကြင်းနတ်ဆိုးတစ်ကောင် ပြေးဝင်လာ၏။ လူတိုင်း တုန်လှုပ်နေကြဆဲ အချိန်၌ ဧည့်သည်တစ်ဦးက အော်ပြောလိုက်လေသည်။
“မြို့ကို ကင်းလှည့်ထွက်နေတဲ့ လုံဝူစစ်တပ်ကို မြန်မြန်ခေါ်လိုက်…”
ငါးကြင်းနတ်ဆိုးသည် လူအုပ်ကြားတွင် မြုပ်သွားကာ။
"တိမ်မှုန်လေးတွေ လွင့်လာပြီဝေ့!"
ထိုသို့ပြောပြီးနောက် အိတ်ကို ထုတ်ကာ ၀တ်မှုန်များ ပြန့်ကျဲသွားကာ ပတ်ဝန်းကျင်ရှိ လူအားလုံး ရုတ်တရက် အဆက်မပြတ် နှာချေလိုက်ကြတော့သည်။
"ဟား ဟက်ချိုး!"
"အားလုံး ဟက်ချိုး!"
ငါးကြင်းနတ်ဆိုးသည် ခန်းမအလယ်ရှိ စားပွဲပေါ်မှ ခုန်ဆင်းကာ ဝိညာဉ်ထွက်ပန်း၏ ဝတ်မှုန်များကို ဖြန်းချလိုက်သည်။
"ဟား ဟက်ချိုး!"
ထို့နောက် ငါးကြင်းနတ်ဆိုးသည် ချက်ချင်း တတိယထပ်သို့ လှေကားမှ ခုန်တက်ကာ ဘရိုကိတ်အိတ်ကို လှုပ်ယမ်းကာ နောက်ဆုံးတွင် ဝတ်မှုန်ကို ခန်းမထဲသို့ လောင်းထည့်လိုက်သည်။
"ဟား ဟက်ချိုး!"
"အားလုံး စားကြသောက်ကြ ပျော်ကြနော် ငါသွားပြီ!!"
ငါးကြင်းနတ်ဆိုးသည် ပြတင်းပေါက်မှ ခုန်ထွက်သွားကာ ဟုန်ကျွင့်နဲ့ တခြားသူများကို တွေ့သောအခါ သူလည်း ထိုဘက်သို့ ထွက်ပြေးသွားခဲ့သည်။ အရှေ့ဈေးတွင် မှောင်မည်း တိတ်ဆိတ်နေပြီး လက်ချောင်းများကိုပင် မမြင်နိုင်ပေ။
လီကျင်လုံ: "မင်း အခု မိစ္ဆာဘယ်မှာလဲ ခံစားလို့ရလား"
ဟုန်ကျွင့်: "ဝေးလွန်းတယ် မမြင်ရတော့ဘူး... အခုနတုန်းက အဲဒီ့ဘက်မှာ အလင်းတန်းတစ်ခု ရှိနေသေးတယ်"
မော့ရစ်ကန်းကလည်း သူ့မျက်လုံးများဖြင့် အမှောင်ထုကို စိုက်ကြည့်နေတာကြောင့် လီကျင်လုံ လှမ်းမေးလိုက်သည်။
"မင်းမြင်ရလား?"
မော့ရစ်ကန်းက လေးလေးနက်နက် မျက်မှောင်ကြုတ်ပြီး။
"မမြင်ရဘူး အရမ်းမှောင်နေတယ်"
မော့ရစ်ကန်းသည် မျက်စိအမြင်အာရုံ ကောင်းမွန်သည်။ ၎င်း၏ နောက်ကျောပေါ်ရှိ မြှားများကို သံမဏိကောင်းဖြင့် ပြုလုပ်ထားပြီး သဲကန္တာရ မြက်ခင်းပြင်တွင် ကောင်းကင်မြင့်မှ ပစ်သောအခါ မြှားတစ်စင်းသည် ကောင်းကင်ယံ၌ မိုင်ထောင်ပေါင်းများစွာသော ငှက်များကိုပင် ထိမှန်နိုင်သည်။ သို့သော် ဤမှောင်မိုက်ဈေးကွက်တွင် မျက်စိက အသုံးမပြုနိုင်ချေ။
"ဟိုမှာ..."
ဟုန်ကျွင့် သံသယတွေ အပြည့်နဲ့ သူ့မျက်လုံးတွေကို တစ်ဖက်ကို လှည့်လိုက်သည်။ ထိုစဥ် မော့ရစ်ကန်းက လီကျင်လုံ လက်မောင်းကို ပုတ်ပြီး ပြောလာ၏။
"မင်းရဲ့ဓားက... တောက်ပနေတာလား?"
လီကျင်လုံလည်း ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ဟုန်ကျွင့် ညွှန်ပြသည့် ဦးတည်ရာဆီသို့ ညွှန်ပြလိုက်သည်။ ဓားရှည်ပေါ်ရှိ စာလုံးများက တောက်ပနေသောကြောင့် ဟုန်ကျွင့်နဲ့ မော့ရစ်ကန်းတို့ပင် တခဏတာမျှ အံ့အားသင့်သွားကြသည်။ လီကျင်လုံ ဓားရှည်ကို ကိုင်လိုက်စဥ် ဓားပေါ်ရှိ အလင်းသည် ပိုမိုတောက်ပလာပြီး နောက်တစ်ဖန် မှိန်သွားပြန်သည်။
"ဘာကိုဆိုလိုတာလဲဟင်"
ဟုန်ကျွင့်က စူးစူးရဲရဲ စိုက်ကြည့်ကာ မေးလေသည်။
"ဒီဓားက နတ်ဆိုးတွေရဲ့ စွမ်းအင်ကို အာရုံခံနိုင်သလို မင်းရဲ့ ဓားပျံကို အာရုံခံနိုင်တယ်"
လီကျင်လုံ ဓားကိုယပ်တောင် ပုံသဏ္ဌာန်ဖြင့် ဖြည်းညှင်းစွာ လှည့်လိုက်သည်နှင့်အမျှ သူသည် တည်ငြိမ်သော အလင်းရောင်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
"ဒီမြေခွေးက လှည့်ပတ်နေတာ!...သူ့ကို အရှေ့ဈေးထဲကနေ မလွတ်သွားစေနဲ့!"
စကားများ ဆုံးသောအခါ သုံးယောက်သား လူစုခွဲကာ တစ်ဖက်စီကနေ ဝိုင်းရံဖို့အတွက် ပြေးထွက်သွားကြသည်။ မြေခွေးမိစ္ဆာသည် လိမ္မာပါးနပ်ကာ ကောက်ကျစ်တာကြောင့် လီကျင်လုံမှာ အမှားအယွင်းများ ရှိခဲ့ပါက နောက်တစ်ကြိမ် ထွက်ပြေးသွားနိုင်သည်။ သူသည် ဟုန်ကျွင့်ရဲ့ ဓားပျံကို ဆုံးရှုံးလိုက်ရမည်ကို စိုးရိမ်သောကြောင့် မလိုအပ်ပါက ကရုဏာမပြရန် ချက်ချင်း အမိန့်ထုတ်ခဲ့သည်။
အားထိုက်နဲ့ ချိုးယုံစစ်ကလည်း အိမ်ခေါင်မိုးများပေါ်မှ ပြေးလွှားနေကြကာ အားထိုက်ခမျာ အသက်ရှုကြပ်နေလေသည်။
"အစ်ကိုချိုး.... ငါ့အတွက် ခဏလောက် အရှိန်လျှော့ပေးပါဦး"
ချိုးယုံစစ် ဇဝေဇဝါဖြစ်သွားပြီး "ငါကမင်းကို အဖော်လိုက်ပေးနေတာလေ... ငါမိစ္ဆာတွေကို ဖမ်းမှာ မဟုတ်ဘူး!!"
အားထိုက် : "..."
အားထိုက်ခမျာလည်း ဆက်ပြေးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။
"ဒီဌာနခေါင်းဆောင်ကတော် အားလုံးကို တစ်ပြိုင်နက်တည်း ထွက်လာမယ်လို့ ဘာကြောင့်များ ထင်မိပါလိမ့်... အရင်ကတည်း သဘောတူထားတာလည်း မဟုတ်ဘဲနဲ့..."
"ဟီးဟီး"
ချိုးယုံစစ်က သူ့လက်ကို ဆန့်တန်းပြီး အားထိုက်ကို ခေါင်မိုးပေါ်ကနေ ခုန်ချဖို့ ဆွဲထုတ်လိုက်လေသည်။
"လီမျိုးရိုး ဒီကောင်လေးက တော်တော် ဉာဏ်ကောင်းတယ်လို့တော့ ငါထင်တယ်...ငါတို့ အတွေးတွေက အသုံးမဝင်သလို သူ့အစီအစဥ်ကလည်း ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး.... အခြေအနေကို တစ်ချက်တည်းနဲ့ ရွှေ့ပြီး အလောင်းကို ချပြလိုက်တယ် ပြင်ဆင်ချိန် မရှိလိုက်တော့ ခန်းမထဲက မြေခွေးတစ်ကောင်ကလည်း သူ့ရဲ့အမြီးကို ထုတ်ဖော်ပြလိုက်တယ်လေ.... ငါတို့ ရှာဖွေနေတာကြာပြီ ဒါပေမဲ့ ဘာတစ်ခုမှ မတွေ့ရသေးဘူးမလား...
အားထိုက်: "ဒါပေမဲ့ မင်းဒီလိုပြောပုံ အရဆိုရင် အထက်လူကြီးတွေကို အချက်ပေးမိလိမ့်မယ်မလား သူ့ဘဝက လွယ်မှာမဟုတ်ဘူး"
ချိုးယုံစစ်: "ထိုင်ပြီး စိတ်ပူမနေနဲ့... သူ့မှာ အရန်အစီအစဉ်ကို စိတ်ကူးထားပြီးသား ဖြစ်နိုင်တယ်... နောက်ကွယ်က လူကိုတောင် ခန့်မှန်းမိပြီးလောက်ပြီ"
အားထိုက်: "ငါကတော့ မထင်ပါဘူး"
......
"ဟေ့ ပေါ်လာပြီ!"
"မြန်မြန် မြန်မြန်လုပ်!"
ဓားပျံ၏ အလင်းတန်းများ လင်းလက်လာပြီး လူနှစ်ယောက် ချက်ချင်း အိမ်ခေါင်မိုးပေါ် ပြေးတက်သွားကြသည်။ ပုခုံးပေါ် ထိုးစိုက်နေသော ဓားပျံကြောင့် မြေခွေးသည် နှေးကွေးစွာ ပြေးနေ၏။ သူ့နောက်ကနေ အရှေ့ဈေး၏သို့ လိုက်ကာ လီကျင်လုံက ဓားကို ယင်တောင်တစ်ချောင်းကို ဝေ့ယမ်းလိုက်သည်နှင့် ဓားသွားက လင်းလာလေသည်။ လီကျင်လုံ အချက်ပြပြီးတာနဲ့ ကျန်နှစ်ယောက်ကလည်း ချက်ချင်း လှုပ်ရှားသွားသည်။
မြေခွေးသည် အန္တရာယ်ကို ခံစားသိရှိပုံရပြီး လေကို ရှူရှိုက်ကာ ရပ်သွားခဲ့သည်။ တခဏချင်းမှာပဲ လီကျင်လုံကလည်း အမှောင်ထုထဲ ပြေးဝင်လာပြီး သူ့ဓားကို တိတ်တဆိတ် ဆွဲထုတ်လိုက်ရာ မြေခွေးက ဟောက်လိုက်ကာ သူ့ပါးစပ်ထဲက မီးခိုးတွေ ထွက်လာတော့သည်။
နောက်တော့ နောက်ထပ် မြှားတစ်စင်းက လေထဲကို ပစ်ဝင်လာ၏။ မြေခွေးကလည်း မလွတ်မြောက်နိုင်တော့တာကို မြင်လိုက်ရတော့ ပြင်းထန်တဲ့ အလင်းတန်းတစ်ခုကို လွှတ်ချလိုက်လေသည်။ ထိုစဥ် အမျိုးသမီး တစ်ယောက်ရဲ့ ဟောက်သံကို ကြားလိုက်ရသည်။
"အရှက်မရှိတဲ့ သေမျိုးတွေ! ငါနင်တို့ကို ဘာလုပ်လို့လဲ?"
လီကျင်လုံက အေးစက်စွာနဲ့ ပြန်ပြောပါသည်။
"လူ့အသက်ကို သတ်ပစ်လိုက်တာက အပြစ်ပဲ..... ချန်အန်းက မင်းသောင်းကျန်းရမယ့် နေရာမဟုတ်ဘူး!!"
မြေခွေးသည် ပေါက်ကွဲသံနှင့်အတူ မြူခိုးများထဲမှ ပြေးထွက်လာပြီး ၎င်း၏ရုပ်သွင်ထဲမှ ထက်မြက်သော ခြေသည်းများ ထွက်ပေါ်လာပြီး လီကျင်လုံဆီသို့ ပြေးဝင်သွားခဲ့သည်။ လီကျင်လုံ သူ့ဓားဖြင့် ပိတ်ဆို့ရန် ချက်ချင်း မြှောက်လိုက်သော်လည်း လူက မြေပြင်ပေါ်သို့ ချက်ချင်း ပြုတ်ကျသွားသည်။ မြေခွေးမိစ္ဆာက ဒီလောက် ကြီးကြီးမားမား ဖြစ်လာနိုင်မယ်လို့ သူဘယ်တုန်းကမှ မမျှော်လင့်ထားဘူးလေ။ ဒီမြေခွေးက သူတို့ကို ဒီဘက်အထိ ခေါ်လာပြီး သတ်ပစ်ချင်တာပဲ ဖြစ်၏။
မော့ရစ်ကန်းရဲ့ မြှားက ပျံသန်းသွားသည်။ မြေခွေးပုခုံးကို ထိမှန်သွားသော်လည်း ၎င်းက မော့ရစ်ကန်းရဲ့ မြှားကို မကြောက်ပေ။ ဤမြေခွေးနတ်ဆိုးသည် ယီရှစ်လန်တွင် အလောင်းခြောက်ကို မီးရှို့ခဲ့သူပဲ ဖြစ်သည်။
သူ့မျက်လုံးများသည် သွေးအပိုင်းအစများ အဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်း၏ ပါးစပ်မှ မီးတောက်များ ထွက်ကျလာသည်။ မီးတောက်များက လီကျင်လုံကို ဖုံးအုပ်တော့မတတ် ပြေးထွက်လာလေသည်။ ထိုစဥ် ဟုန်ကျွင့် လီကျင်လုံအပေါ်မှ ခုန်ထွက်ကာ ငါးရောင်ခြယ်အလင်းဖြင့် ၎င်းတို့နှစ်ဦးကို ဖုံးအုပ်လိုက်လေသည်။ တခဏချင်းမှာပဲ မီးတောက်တွေက ငြိမ်းသွားပြီး မြေခွေးနတ်ဆိုးက သူပြန်ရှူသွင်းလိုက်မိတဲ့ မီးကြောင့် သူ့မျက်နှာပါ မီးလောင်သွားသလို နာကျင်စွာ ဟောက်လိုက်လေသည်။
မီးတောက်ပြီးတာနဲ့ မြေခွေးနတ်ဆိုးက တိတ်တိတ်ဆိတ်ဆိတ်နဲ့ လူသူကင်းမဲ့တဲ့ ဈေးထဲက စျေးကုပ်တွေကို ဖြိုချပစ်ခတ်လိုက်သည်။ လီကျင်လုံသည် ဟုန်ကျွင့်ကို လက်တစ်ဖက်ဖြင့် ပြေးပွေ့ဖက်လိုက်ပြီး ပြိုကျနေတဲ့ ဆိုင်တွေကို ရှောင်ဖို့ တခြားနေရာကို လှိမ့်လိုက်သည်။
"ခေါင်းဆောင်!" မော့ရစ်ကန်းက ခေါင်းမိုးထက်မှ ငုံ့ပြီး ပြေးလိုက်နေသည်။
"ငါ သူ့ကို အာရုံလွှဲထားမယ်!! မင်းတို့ သူ့နှလုံးသားကို ထိအောင်ပစ်!!"
လီကျင်လုံက ပြောပြီး ပြိုကျနေတဲ့ ဆိုင်အောက်ကနေ ပြေးထွက်လာသည်။ ဟုန်ကျွင့်နှင့် မော့ရစ်ကန်းသည်လည်း အပျက်အစီးများ အောက်မှ ပြေးထွက်လာကာ အပြင်ကို လှမ်းကြည့်လိုက်သည်။ မြေခွေးမိစ္ဆာမှာ မော့ရစ်ကန်းရဲ့ မြှားတစ်ချောင်းနဲ့ ပုခုံးမှာ ဟုန်ကျွင့်ရဲ့ဓားပျံ တစ်ချောင်း ကျန်နေသေးတာကို မြင်လိုက်ရပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုကတော့ အလွန်ပင်ပန်းနေပုံပါပဲ။
ဟုန်ကျွင့်သည် မြေခွေးမိစ္ဆာက မီးကို ထပ်ပြီး တံတွေးထွေးလာမှာကို ကြောက်တဲ့အတွက် သူ့ရဲ့ ညာလက်နဲ့ နောက်ဆုံးဓားပျံကို ခါလိုက်ကာ ဘယ်ဘက်လက်က အလင်းငါးရောင်နဲ့ ဖုံးအုပ်ထားပြီး အချိန်မရွေး ရိုက်ခတ်ဖို့ အသင့်ဖြစ်နေပါပြီ။ မော့ရစ်ကန်းသည် ဟုန်ကျွင့်ကို ပေါ့ပေါ့ပါးပါး လက်ပုတ်၍ နောက်ဆုတ်ခိုင်းလိုက်သည်။
မြေခွေးမိစ္ဆာ ရင်တထိတ်ထိတ်ဖြင့် မထိန်းနိုင်ဘဲ လီကျင်လုံကို တိုက်ရိုက် ကြည့်နေ၏။ ထိုအချိန်တွင် ဟုန်ကျွင့်သည်လည်း အလွန်ထိတ်လန့်သွားသည်။ ထိုစဥ် လီကျင်လုံက ဓားရှည်ဖြင့် ရှေ့သို့ တိုးလာကာ အေးစက်စွာ ပြောလာသည်။
"ထန်မင်းဆက်ရဲ့ နတ်ဆိုးနှင်ဌာနက လွန်ခဲ့တဲ့ အနှစ်ငါးဆယ်လောက်က ညှိုးနွမ်းသွားခဲ့ပြီ... ဒီဓား ဒီနေ့ဒီနေရာမှာ ရှိနေသရွေ့ ချန်အန်းက မင်းတို့မိစ္ဆာတွေ မောက်မောက်မာမာမာ ပြုမူရမယ့် နေရာ မဟုတ်ဘူး!"
ထိုသို့ပြောပြီးနောက် လီကျင်လုံသည် သူ၏ဓားကို မြေခွေးမိစ္ဆာကို ညွှန်ပြလိုက်ရာ မြေခွေးမိစ္ဆာ၏ ခန္ဓာကိုယ်ရှိ ဓားပျံက ပြင်းထန်သောအလင်းရောင်ဖြင့် တောက်ပလာသည်။ မြေခွေးမိစ္ဆာက။
"နင်တကယ်ကြီး နင့်ကိုယ်နင် ဟုတ်လှပြီလို့ ထင်နေတာလား? ချန်အန်းက နင်တို့ လူသားမျိုးနွယ်ရဲ့ နေရာ မဟုတ်တော့ဘူး... စောင့်ကြည့်နေလိုက်..."
မော့ရစ်ကန်းသည် လေးနှင့်မြှားကို သိမ်းဆည်လိုက်ပြီး သစ်သားပုံပေါ်က ခပ်မြင့်မြင့် နေရာ၌ရပ်ကာ အရှေ့ဈေး၏အဆုံးတွင် အရပ်ရှည်ရှည်ဖြင့် ရပ်နေ၏။ ဟုန်ကျွင့်သည် ဓားပျံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့လက်ဖဝါးတွင်တော့ ချွေးစေးများဖြင့် ပြည့်နေသည်။
လီကျင်လုံရဲ့ ထိုစကားကို ကြားသောအခါ လန့်ဖျပ်သွားသော်လည်း ဤအချိန်တွင် မြေခွေးမိစ္ဆာသည် ၎င်း၏ချွန်ထက်သော သွားများကို ပြသကာ လီကျင်လုံအား ခုန်အုပ်လိုက်သည်။ ချွန်ထက်သော ခြေသည်းများက ညအလင်းရောင်အောက် တောက်ပနေရာ လီကျင်လုံသာ ဖမ်းမိသွားပါက အသားတွေ ပွင့်ကုန်လိမ့်မည်။
လီကျင်လုံလည်း သူ့ဓားရှည်ကို တစ်ချက် ဝေ့ယမ်းလိုက်ရင်း ခြေသည်းတွေကို ခုခံထားလိုက်သည်။ ပြီးတော့ နောက်သို့ ခုန်ကာ ရှောင်လိုက်၏။ ထိုအချိန်တွင် မြင်းခွာသံများ နီးကပ်လာကာ လုံဝူစစ်တပ်မှ စစ်သည်တစ်စု ရောက်ရှိလာသည်။
“ညကြီးအချိန်မတော် ဘယ်သူ လာမိုက်နေတာလဲ”
မော့ရစ်ကန်း သူ့မြှားကို ချက်ချင်း ပြန်ရုတ်လိုက်သည်။ ဟုန်ကျွင့်လည်း ချက်ချင်းပင် ခေါင်းကိုလှည့်လိုက်ကာ လီကျင်လုံလည်း နောက်ပြန် ခုန်ချလိုက်သောအခါတွင် မြေခွေးနတ်ဆိုးသည် အခွင့်အရေးကို မြင်သည်နှင့် သူ့အမြီးကိုယမ်း၍ အနီးရှိ လုံဝူစစ်တပ် စစ်သည်များဆီသို့ ပြေးသွားလေသည်။ လီကျင်လုံက ဒေါသတကြီး ဟောက်သည်။
"ပြေးတော့-!"
လုံဝူစစ်တပ်၏ ကင်းလှည့် စစ်သည်များသည် မြေခွေးကြီးကို မြင်သောအခါတွင် ၎င်းတို့သည် အိပ်မက်မက်နေတုန်းဟု ထင်ကာ တဆက်ဆက် တုန်လှုပ်သွားကာ ချက်ချင်း ပြန်မထနိုင်မီတွင် မြေခွေးမိစ္ဆာသည် အဖွဲ့ထဲသို့ ပြေးဝင်သွားကာ ကျောခိုင်း ပြေးထွက်သွားခဲ့သည်။ လီကျင်လုံ ၎င်းနောက်ကို လျင်မြန်စွာ ပြေးလိုက်ကာ မြေခွေးမိစ္ဆာ၏ နောက်ကျောကို ခုန်တက်လိုက်ပြီး မိစ္ဆာလည်ပင်းကို ဓားဖြင့် ထိုးချလိုက်သည်။
မြင်းများက ကြောက်လန့်တကြားဖြင့် အနီးနားရှိ အရပ်ရပ်သို့ ပြေးထွက်သွားကာ လုံဝူစစ်တပ် စစ်သည်များသည် မြေပြင်ပေါ်သို့ လဲကျပြီး အထိတ်တလန့် ဖြစ်ကုန်သည်။
"ပြေးကြ!"
ထို့နောက် စစ်သည်များသည် လှိမ့်ကာလူးကာ တွားသွားကာဖြင့် ထွက်ပြေးသွားကြသည်။ မြေခွေးမိစ္ဆာသည် လည်ပင်း အနောက်ဘက်တွင် ဓားဖြင့် အထိုးခံထားရသောကြောင့် ပြင်းထန်စွာ ဟောက်ကာ တစ်ဖန်လှည့်၍ ခါထုတ်လိုက်လေရာ လီကျင်လုံလည်း မြေပြင်ပေါ်သို့ ကြိမ်ဖန်များစွာ လှိမ့်ပစ်ရသည်။ ဟုန်ကျွင့်လည်း လီကျင်လုံ ထိခိုက်သွားမည်ကို စိုးရိမ်သဖြင့် ဓားပျံတစ်စင်း ပစ်လွှတ်လိုက်သည်။
မြေခွေးမိစ္ဆာသည် ချွန်ထက်သော ခြေသည်းများဖြင့် လီကျင်လုံအား ဖမ်းဆုပ်တော့မည်ကို မြင်လိုက်ရသောအခါ ဟုန်ကျွင့်သည် ဓားကို မသုံးစွဲမီ ခဏလောက် စောင့်ခဲ့ရသော်လည်း လီကျင်လုံရဲ့ အသက်ကို လျစ်လျူမရှုနိုင်ပေ။ သူ့ခါးနံဘေးက ပိတောက်ငှက်မွေးကို ချက်ချင်းကောက်ယူပြီး ဝိညာဉ်စွမ်းအားနဲ့ ထိုးသွင်းကယ မြေပေါ် ပစ်ချလိုက်သည်။
လီကျင်လုံ: "ငါ့ကို ဂရုမစိုက်နဲ့!"
သူ့ဓားကို မြေခွေးမိစ္ဆာရဲ့ လည်ပင်းနောက်ဘက်တွင် ထည့်သွင်းခဲ့တာမလို့ သူ့လက်ထဲတွင် လက်နက် မရှိတော့ပေ။ လုံဝူတပ်မှူး၏ လှံကို ကိုင်လိုက်ကာ အသေခံစစ်သည်ကို တွန်းထုတ်လိုက်သည်။ လှံက မြေခွေးမိစ္ဆာက်ု ထိလိုက်သည်နှင့် နှစ်ပိုင်းကျိုးသွားသည်။ လီကျင်လုံ ထိခိုက်တော့မည့် အချိန်တွင် ဒေါင်းအမွေးက ပျံတက်သွားကာ နတ်အလင်းတန်းများစွာ ထွက်ပေါ်လာကာ မြေခွေးမိစ္ဆာ၏ ခြေသည်းများကို ကာကွယ်ရန် "ကလန်ကလန်" အသံများစွာကို ပြုလုပ်ခဲ့သည်။
ထို့နောက် ချက်ချင်းပင် ဟုန်ကျွင့်က အော်လိုက်၏။
"သွား!"
ဓားပျံက လွင့်ထွက်သွားပြီး ဟုန်ကျွင့် ခိုးဝင်တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေမှန်း သိသဖြင့် လီကျင်လုံ နောက်ပြန် ဆုတ်သွားသည်။ ဓားပျံက မြေခွေးမိစ္ဆာရဲ့ ဗိုက်ကို ထိုးဖောက် ပစ်လိုက်သော်လည်း မည်သို့ပင်ဆိုစေကာမူ ၎င်းက ဟုန်ကျွင့် ဆီသို့ ပြေးသွားဆဲပင်။
လီကျင်လုံ ချက်ချင်း လှည့်ပြီး သူ့ကို ကယ်တင်ဖို့ ပြေးသွားတော့သည်။ ဟုန်ကျွင့်ရဲ့ ခန္ဓာကိုယ်ပေါ်က မှော်လက်နက်တွေက ပြန့်ကျဲနေပြီ။ သူ့ကို ဒီလိုမျိုး ဖမ်းမိရင် သေချာပေါက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားလိမ့်မည်။
လီကျင်လုံ ဟုန်ကျွင့်ကို ရုတ်တရက် ပွေ့ဖက်လိုက်ပြီး သူ့ကို အောက်သို့ ဖိလိုက်ကာ နှစ်ယောက်သား မြေခွေးမိစ္ဆာ၏ အပြေးအလွှား ရောက်လာသော ခန္ဓာကိုယ်ကို ရှောင်ရှားရန် မြေပြင်ပေါ်သို့ လှိမ့်ချလိုက်သည်။
နောက်အခိုက်အတန့်တွင် ဧရာမအကောင်ကြီး တစ်ကောင် ပေါ်လာလေ၏။ ၎င်းက အရှေ့ဈေးတစ်ခုလုံးကို ဖုံးအုပ်သွားစေတဲ့ ဝံပုလွေအသံကို ထုတ်လွှတ်လိုက်ရာ နှစ်ယောက်သား အံ့သြသွားသည်း ဧရာမသတ္တဝါကြီးသည် လူတစ်ယောက်လောက် အရပ်ရှည်သော်လည်း မြေခွေးနတ်ဆိုးထက် များစွာသေးငယ်သည်။ ၎င်းသည် အိမ်ခေါင်မိုးပေါ်မှ ခုန်ဆင်းကာ မြေခွေးမိစ္ဆာ၏ လည်ပင်းတစ်ဖက်ကို ကိုက်လိုက်ရာ ၎င်း၏သွားများကို နက်ရှိုင်းစွာ ထိုးဖောက်ပစိခဲ့သည်။
"အဲဒါကဘာလဲ" ဟုန်ကျွင့် အံ့သြသွားသည်။
လီကျင်လုံ: "အခုပဲ!"
ထိုအခါမှ ဟုန်ကျွင့်လည်း ချက်ချင်းပင် အသိစိတ်အာရုံများ ပြန်လည် ရောက်ရှိလာပြီး လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ မြေခွေးမိစ္ဆာ၏ သွေးနှင့်အတူ ပျံသန်းလာသော ဓားပျံနှစ်စင်း ထွက်ပေါ်လာသည်။ အဲဒီနောက် ဓားပျံနဲ့အတူ ကောင်းကင်တစ်ခုလုံး သွေးများပျံ့လွင့်ကာ ဓားပျံက သူ့လက်ချောင်းများဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
မြေခွေးမိစ္ဆာသည် သူတို့ခေါင်းပေါ်မှ ပျံသန်းသွားပြီးနောက် ဟုန်ကျွင့်လည်း လက်တစ်ဖက်စီမှာ ဓားပျံတစ်လက်းစီကို ကိုင်ထားပြီး ပစ်ခွင်းလိုက်၏။
"အလယ်မှာ!"
ပျံသန်းနေသော ရေခဲဓားပျံတစ်စင်းနှင့် မီးတောက် ဓားပျံတစ်စင်းသည် မလှမ်းမကမ်းမှ ဖြတ်ပြေးလာကာ လီကျင်လုံ၏ ဆံပင်အနည်းငယ်ကို ပွတ်သပ်သယ်ဆောင်ရင်း မြေခွေးမိစ္ဆာ၏ နှလုံးတည့်တည့်ကို ထိမှန်သွားသည်။ ချွန်းကနဲ အသံနဲ့အတူ ရေခဲများ ပေါက်ကွဲပြီး မီးတောက်များလည်း လောင်ကျွမ်းသွားသည်။ မြေခွေးမိစ္ဆာ၏ နှလုံးသည် ရုတ်တရက် ပေါက်ကွဲကာ ၎င်းပတ်ပတ်လည်တွင် ရေခဲတုံးများပါသော မီးခဲသွေးတွင်းနက် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
လေထုထဲတွင် ရုန်းကန်နေရဆဲ ဖြစ်သော မြေခွေးမိစ္ဆာ၏ မျက်လုံးများထဲက သွေးနီရောင် အလင်းတန်းများ မှိန်ဖျော့သွားကာ ၎င်း၏ခန္ဓာကိုယ်သည်လည်း လျင်မြန်စွာ ကျုံ့သွား၏။ ထိုစဥ် ဧရာမ ဝံပုလွေတစ်ကောင်၏ ပါးစပ်ထဲတွင် ပျံသန်းနေရသော မြေခွေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဓားနှင့် မြှားပေါင်းများစွာတို့ အပါအဝင် ဓားပျံများလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ဧရာမဝံပုလွေကြီးသည် မြေခွေးငယ်လေးကို ပါးစပ်ထဲမှ ထွေးထုတ်ကာ ဟုန်ကျွင့်နဲ့ လီကျင်လုံကို တိတ်တဆိတ် ကြည့်နေလေသည်။ လီကျင်လုံက ဟုန်ကျွင့်ကို ဆွဲထုတ်လိုက်သော် ဟုန်ကျွင့်က ရုတ်တရက် ဆို၏။
"ဒါက မော့ရစ်ကန်းလား?"
ဧရာမဝံပုလွေကြီးသည် "အာဝု" အသံပြု၍ ကြည့်လာပုံမှာ ၎င်း၏ မျက်လုံးများက ပြုံးနေပုံပေါ်လေသည်။ လုံဝူစစ်တပ်က စစ်သည် အစောင့်များသည် ထိတ်လန့်တကြား မတ်တပ်ထရပ်ပြီး ကြည့်လာရာ လီကျင်လုံက ဒီကိစ္စကို နောက်မှ ဆွေးနွေးပြီး အရင်စစ်ဆေးဖို့ ဟုန်ကျွင့်ကို အချက်ပြလိုက်သည်။
"စစ်သူကြီးလီ!"
လူတိုင်းက သူ့ကို တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်ကြသည်မှာ လီကျင်လုံသည် လုံဝူစစ်တပ်တွင် ရှိစဉ်ကနှင့် သိသိသာသာ ကွဲပြားသွားကာ သူတို့၏ ကြည်ညိုမှုများစွာကို မျက်လုံးတွေထဲ၌ ထင်ရှားစွာ မြင်တွေ့ခဲ့ရသည်။ ဒီအထဲမှာ လီကျင်လုံရဲ့ လက်အောက်ငယ်သားဟောင်းတွေ အများကြီး ရှိပါသည်။
လီကျင်လုံသည် မည်သူတစ်ဦး တစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း အတည်ပြုရန် တစ်ယောက်ပြီး တစ်ယောက် မေးကြည့်လိုက်သည်။ အဲဒီနောက် ဟုန်ကျွင့်ကို ပြန်ကြည့်ကာ။
"ငါး ဘယ်မှာလဲ... ဝိညာဉ်ထွက်ပန်း သုံးတော့"
ငါးကြင်းနတ်ဆိုးက အပျက်အစီးတွေ ကြားကနေ ထွက်လာရင်း ပြောလိုက်သည်။
“ကုန်သွားပြီ”
လီကျင်လုံ : "..."
"အား! မိစ္ဆာ--" လူတိုင်း ထိတ်လန့်သွားပြန်သည်။
"ငွေသုံးထောင်နှစ်ရာ! တစ်ပြိုင်နက်တည်း ကုန်သွားပြီလား?!"
ငါးကြင်းနတ်ဆိုးက “မင်းတို့ အရင်တစ်ခေါက် ရှူလိုက်မိတာကတင် ၃ပုံ၂ပုံလောက် ရှိတယ်လေ... အိတ်ထဲမှာ ရှစ်ရာဖိုးလောက်ပဲ ကျန်တော့တာ…”
လီကျင်လုံလည်း ၎င်းကို သတိရသွားပြီး အရှုံးပေးလိုက်ရသည်။ လီကျင်လုံက မိစ္ဆာတစ်ကောင်ကို ကြိမ်းမောင်းသည်ကို လူတိုင်းမြင်သောအခါ ချက်ချင်းပင် ထိတ်လန့်သွားကြပြန်သည်။
"ဒီည ဖြစ်ပျက်ခဲ့တာကို စစ်သူကြီးဟူကလွဲရင် ဘယ်သူမှ မပြောပြကြပါနဲ့.... မနက်ဖြန် ငါလုံဝူစစ်တပ်ကို သွားပြီး လူကိုယ်တိုင် သတင်းပို့လိုက်မယ်...ဘာသံမှ မကြားရတော့ဘူးဆိုရင် ညီအစ်ကိုတွေကို အကြောင်းကြားလိုက်ပါ... ဘယ်သူနဲ့မှ မပတ်သက်ပါစေနဲ့..."
လီကျင်လုံ စကားဆုံးသော် လူတိုင်းက တစ်ယောက်ပြီး တစ်ယောက် ခေါင်းညိတ်ပြကြသည်။ လီကျင်လုံလည်း ဝိညာဥ်ထွက်ပန်းက အလုပ်ဖြစ်မည်ကို မသိသောကြောင့် သူ့ကံမကောင်းကြောင်းသာ ဝန်ခံပြီး အချိန်ရောက်လာသောအခါ ရှင်းပြနိုင်ဖို့သာ ကြိုးစားရတော့မည်။
"ဒါဆို……"
လုံဝူစစ်တပ် ထွက်သွားပြီးနောက် လီကျင်လုံက ဟုန်ကျွင့်နဲ့ ဧရာမဝံပုလွေကို ကြည့်ပြီး ပြောလိုက်သည်။
"ဒဏ်ရာရှိမရှိ ပြန်စစ်ကြည့်ကြ..."
ဟုန်ကျွင့် မြေပြင်ပေါ်သို့ ပြုတ်ကျလာသောအခါက တံတောင်က ပွန်းသွားသည်။ သူ တောင်ပေါ်မှ ဆင်းလာကတည်းက ဒီတစ်ကြိမ်ဟာ ပြင်းထန်စွာ တိုက်ခိုက်ခြင်း ဖြစ်ပြီး ခဏအတွင်း ပြန်မသက်သာသေးပါ။
ထိုအချိန်တွင် မီးရှူးမီးပန်းများကဲ့သို့ အကွာအဝေးမှ မီးလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး အားလုံးက ချက်ချင်း ခေါင်းလှည့်လိုက်ကြသည်။
လီကျင်လုံ: "ဖမ်းမိပြီ.... သွားကြရအောင်"
"မင်း ငါ့ကျောပေါ်က လိုက်စီးလှည့်!" ဟုန်ကျွင့် နည်းနည်း ပင်ပန်းနေတာကို မြင်တော့ မော့ရစ်ကန်းက ဆိုလေသည်။
"ငါ မင်းကို အဲဒီကို ခေါ်သွားပေးမယ်"
မော့ရစ်ကန်းက ပြောလာရာ ဟုန်ကျွင့်လည်း ဝံပုလွေ၏ နောက်ကျောပေါ် တက်စီးလိုက်သည်။ ဝံပုလွေက သူ့ကို မြောက်ဘက်သို့ သယ်ဆောင်သွားကာ လီကျင်လုံကလည်း နောက်မှ မြင်းတစ်ကောင်ဖြင့် အမြန်လိုက်လာသည်။
"မော့ရစ်ကန်း?" ဟုန်ကျွင့် အသံတိုးတိုးဖြင့် ခေါ်လိုက်သည်။
"ဟင်?" ဝံပုလွေက ရပ်လိုက်ပြီး အနည်းငယ် နောက်ပြန်လှည့်လိုက်သည်။
ဟုန်ကျွင့်က ဆက်သွားဖို့ အချက်ပြကာ။ "မင်းက မိစ္ဆာလား?"
"မှန်တယ်!.... ဒီလိုအသွင်ပြောင်း ခန္ဓာကိုယ်နဲ့ မျိုးနွယ်စုထဲမှာ တစ်ယောက်မှ မရှိခဲ့တာ နှစ်ပေါင်းတစ်ရာနီးပါး ရှိပြီ ငါဘယ်သူလဲဆိုတာ ငါကိုယ်တိုင်လည်း မသိသေးဘူး... အားထိုက်နဲ့ တခြားသူတွေကို မပြောနဲ့ဦး"
ဝံပုလွေကြီးသည် လီကျင်လုံကို သိပ်နားမထောင် စေချင်တာကြောင့် ခြံဝင်းတစ်ခုရှေ့သို့ ခုန်တက်ကာ ခြံဝင်းနံရံကို ခုန်တက်၍ အိမ်ခေါင်မိုး တစ်ခူပေါ်သို့ ခုန်ချလိုက်သည်။ ထိုအချိန်တွင် ချန်အန်းတွင် တိမ်မည်းများ တဖြည်းဖြည်း ပွင့်လာပြီး လရောင်သည်လည်း လင်းလက်တောက်ပ လာနေ၏။ ဝံပုလွေသည် လူငယ်လေးကို သယ်ဆောင်ကာ အိမ်ခေါင်မိုးပေါ် တိတ်တဆိတ် ပြေးတက်သွားခဲ့သည်။
"မင်းငါ့ကို ဖမ်းတော့မှာလား?" ဝံပုလွေကြီးက ရုတ်တရက် ပြောလိုက်၏။ ထိုအခါ ဟုန်ကျွင့်က ရယ်ပြီး ဝံပုလွေရဲ့ နားရွက်ကို မှီပြီး ပြောလေသည်။
"ငါလည်း မိစ္ဆာတစ်ဝက်ပဲ.."
"အမ်?" ဝံပုလွေကြီးက အလွန်အံ့သြသွားပုံရပြီး နားရွက်ကို ယမ်းကာ။
"ဒါပေမဲ့ မင်းက မတူသလိုပဲ..."
"အဖေက......"
"ရှူး.... ထပ်ပြောစရာ မလိုပါဘူး နတ်ဆိုးတွေနဲ့ လူသားတွေကြားက အကောင်းနဲ့အဆိုးက အများကြီး ကွာခြားမှုမရှိဘူးလို့ အဖေက ပြောခဲ့ဖူးတယ်"
ဝံပုလွေက ရပ်တန့်ကာ အိမ်ခေါင်မိုးပေါ်၌ ရပ်လျက် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ထိုစဥ် မြေပြင်ပေါ်တွင် သွေးကွက်များ ရှာတွေ့သွားတာကြောင့် ဦးတည်ရာကို တွေ့ရှိသွားခဲ့သည်။
"ဟုန်ကျွင့် မင်း တောက်ပတဲ့ အဖြူရောင်သမင်တစ်ကောင်ကို မြင်ဖူးလား"
ဟုန်ကျွင့်သည် ထိုက်ဟန်တောင်တွေမှာ နေထိုင်ခဲ့ဖူးပေမယ့် ဝံပုလွေကြီး ဖော်ပြတဲ့ သမင်ဖြူကို တစ်ခါမှ မတွေ့ဖူးဘူးလို့ ပြန်ဖြေပါ၏။
"ချန်အန်းကို ငါလာရတဲ့ အဓိက ရည်ရွယ်ချက်က သူ့ကို ရှာဖို့ပဲ.... သမင်ဖြူရဲ့ နေရာကို ရှာတွေ့ရင် ငါ့ကို သတိပေးဖို့ သတိရပေးပါ..."
မော့ရစ်ကန်း ဝံပုလွေတစ်ကောင် ဖြစ်လာပြီးနောက် သူ့နောက်ကျောတွင် သားရေကြိုး၊ လေးနှင့် ကျည်တောက်တစ်ခု ရှိနေသေးသည်။ ဝံပုလွေရဲ့ ကျောပေါ်မှာ စီးရတာ ခက်ခဲပြီး ဟုန်ကျွင့်မှာ အကြိမ်ပေါင်းများစွာ ချော်လဲလုနီးပါး ဖြစ်နေတာကြောင့် ပခုံးကြိုးကို လက်နဲ့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရသည်။
အကွာအဝေး တစ်ခုအတွင်း အလင်းတန်းများ ထွက်ပေါ်လာပြီး ၎င်းတို့သည် ဧကရာဇ်မြို့တော် အနားသို့ ချဉ်းကပ်လာခဲ့ရာ ဟုန်ကျွင့် ဆင်းနိုင်ရန် ဖြည်းညှင်းစွာ ချပေးလိုက်ကာ သူကလည်း လူသား မော့ရစ်ကန်း အဖြစ်သို့ ပြန်ပြောင်းသွားခဲ့သည်။ ဟုန်ကျွင့် လီကျင်လုံဘက်ကို ပြန်ကြည့်နေတုန်း လီကျင်လုံသည် မြင်းတစ်ကောင်ကို စီးပြီး သူတို့နှစ်ယောက်ကို အမီလိုက်ဖို့ ဖြတ်လမ်းကနေ ပြေးထွက်လာလေသည်။
"လာပြီ လာပြီ!"
ချိုးယုံစစ်နဲ့ အားထိုက်က နံရံအပြင်ဘက်မှာ ရပ်နေကြသည်။
ဟုန်ကျွင့်: "ငါ့ရဲ့ ဓားပျံက ဘယ်မှာလဲ"
အားထိုက်သည် အပြစ်ကင်းသော ပုံစံဖြင့် တံတိုင်း အတွင်းဘက်သို့ ညွှန်ပြသည်။
ချိုးယုံစစ်: "ငါတို့ မီးလုံးနဲ့ ပစ်လိုက်လို့ ဒဏ်ရာရသွားပေမယ့် နန်းတော်ထဲကို ခုန်ဆင်းသွားခဲ့တယ်..."
အားထိုက်: "မီးလုံးနဲ့ ဒဏ်ရာရအောင် လုပ်ခဲ့တာက ငါပါနော်... ညီအစ်ကိုချိုး မင်း ဘာမှ မလုပ်ခဲ့ဘူး!"
ချိုးယုံစစ်: "... ငါတို့ ခေါင်းဆောင်ကို ထပ်ပြီး ဒုက္ခပေးမိမှာ ကြောက်လို့ အရူးအမူး မလိုက်ရဲဘူး မင်းတို့လာတာကို စောင့်ပြီး အရင်မေးမလို့"
လီကျင်လုံလည်း သူ့မြင်းပေါ်က ဆင်းပြီး နန်းတော်ထဲကို မြေခွေး လွတ်သွားကြောင်း သိလိုက်ရတော့ ချက်ချင်း စိတ်ရှုပ်သွားသည်။
"မင်း..."
လီကျင်လုံမှာ သေမတတ် ဒေါသထွက်နေပြီး "မင်းတို့ ဒီအတိုင်း လွှတ်ပေးလိုက်တာလား?"
အားထိုက်: "မလွတ်သေးဘူး... ငါတို့ ဝင်ဖမ်းလို့တော့ ရသေးတယ်"
မြေခွေးမိစ္ဆာက နန်းတော်ထဲသို့ လွတ်မြောက်သွားသည်။ လီကျင်လုံ လေးလေးနက်နက် မျက်မှောင် ကြုတ်ထား၏။ အားထိုက်နဲ့ ချိုးယုံစစ်ကို ပြုံးပြပြီး တိတ်တဆိတ် နားလည်သွားပုံရသည်။ ခဏကြာအတွင် လီကျင်လုံသည် ၎င်းတို့၏ ရည်ရွယ်ချက်များကို နားလည်ပြီး အဓိပ္ပာယ်ရှိစွာ ခေါင်းညိတ်လိုက်ရသည်။
—— စစ်သားများက အုပ်စုနှစ်စုခွဲကာ ရန်သူများထံ မြှူဆွယ်ရန်အတွက် အရှေ့ဈေးသို့ ထွက်ပြေးခဲ့ကြသည်။ တခြားတစ်ယောက်က စစ်ကူတွေရှိနိုင်တဲ့ နေရာကို ပြေးသွားတာလား မသိ။ အားထိုက်နဲ့ ချိုးယုံစစ်တို့သည် ပြင်းထန်သော လှုပ်ရှားမှုမျိုး မလုပ်ခဲ့ဘဲ မည်သည့်နေရာကို လွတ်မြောက်သွားကြောင်း သိနိုင်ရန် လိုက်ခဲ့ရုံသာ ရှိသည်။
တစ်နည်းဆိုရသော် နန်းတော်ထဲတွင် ပုန်းအောင်းနေသည့် မိစ္ဆာတစ်ကောင် ရှိနေတာ ဖြစ်နိုင်ချေများသည်။ ဒါပေမဲ့ ဟုန်ကျွင့်ရဲ့ ဓားပျံက မြေခွေးမိစ္ဆာပေါ်မှာ သံမှိုစွဲနေသေးတဲ့အတွက် သူပေးထားတဲ့ ကတိအတိုင်း ပြန်ရယူဖို့ နည်းလမ်းရှာရမှာပဲ။
လီကျင်လုံ သူ့စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးများ စီးဆင်းစေနေခိုက် သူ့နားထဲတွင် အလွန်သိမ်မွေ့သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ယခု ညဘက်တွင် အရာအားလုံးက တိတ်ဆိတ်နေပြီး ဆောင်းဦးနှောင်းပိုင်းတွင် အင်းဆက်ပိုးကောင်များ၏ အော်သံက မှိန်ဖျော့သွားပြီ။ ချန်အန်းတွင် လေမတိုက်သေးပေ။ ဒါကြောင့် ခြေလှမ်းတစ်ရာနီးပါးဝေးသော အရပ်တွင် ပုန်းအောင်းနေသည့် မြေခွေးတစ်ကောင်၏ အသံတစ်ခုသာ ဖြစ်နိုင်သည်။ ရှင့်ချင်နန်းတော်ရဲ့ နောက်ခန်း တံစက်မြိတ်နဲ့ ဓားပျံက ထိခတ်သွားတဲ့ အသံပင်။
ဟုန်ကျွင့် ပြောခါနီးတွင် လီကျင်လုံသည် "ရှူး...." ဟူသော အမူအရာလုပ်ကာ အသက်အောင့်လျက် ဆက်နားထောင်ကြည့်ရာ အသံသေးသေးလေးများကို ကြားလိုက်ရသည်။
"အဝေးကြီးကို မရောက်သေးဘူး... သူက မင်းရဲ့ဓားပျံကို ဆွဲထုတ်ဖို့ ခေါင်မိုးပေါ်မှာ ပုန်းနေတာ... ငါမင်းရဲ့ ဓားပျံအသံကို ကြားရတယ်"
လီကျင်လုံက အလွန်နိမ့်သော အသံဖြင့် ပြောသည်။
"အသုံးမဝင်ဘူး" ချိုးယုံစစ်က ခေါင်းခါပြီး "မင်းအနားကို ရောက်တာနဲ့ ပြေးသွားလိမ့်မယ်... မြေခွေးမိစ္ဆာက ဉာဏ်ကောင်းလွန်းတယ်... နန်းတော်မှာ တစ်ခုခုဖြစ်သွားရင် အဲဒါကို ကိုင်တွယ်ဖို့ လွယ်မှာ မဟုတ်ဘူး"
လီကျင်လုံ သူ့နောက်ကျောက လေးကို ချွတ်လိုက်စဥ် လူတိုင်းက သူ့ကို အံ့သြစွာ ကြည့်နေကြလေသည်။
"ငါတို့မြှားတွေ သာမန်စစ်သည်တွေ အတွက်ပဲ... မိစ္ဆာကို မသတ်နိုင်ဘူး... မော့ရစ်ကန်း မင်းမြှားခဏငှား"
မော့ရစ်ကန်း မယုံကြည်နိုင်စွာနဲ့ "မင်းဒါကို ပစ်နိုင်လို့လား?"
ဟုန်ကျွင့်မှာလည်း ငယ်ငယ်လေးကတည်းက ဓားနဲ့ပေါက်တမ်း ကစားတာဆိုတော့ မြှားပစ်မကျွမ်းပေ။ တခြားလေးယောက်မှာ လီကျင်လုံ ပြောတဲ့အတိုင်း အသံကို ဘာမှမကြားရပေမယ့် ကြားရင်တောင် ဟုန်ကျွင့်က အရင်သိမှာပင်။ သူသည် ခြေလှမ်းတစ်ရာ အကွာက ဓားပျံအသံသာ တခြား အရာဝတ္ထုတွေနဲ့ ရောနေရင် သူဘယ်တော့မှ ခွဲခြားလို့ မရနိုင်တော့ပေ။
"စမ်းကြည့်တာပေါ့" လီကျင်လုံ အမှောင်ထဲတွင် ရှည်လျားသော လေးကို ဆွဲဆန့်လိုက်ပေသည်။
သူသည် ခြေလှမ်းတစ်ရာ အကွာမှ အသံများကို ခွဲခြားသိရန် ခေါင်းငုံ့ကာ နားစွင့်နေသည်။ ငယ်ရွယ်စဉ်တွင် သူ၏ မြင်းရေးစီးနင်းမှုနှင့် မြှားပစ်ခတ်မှု စွမ်းရည်သည် နှစ်တစ်ရာအတွင်း အကောင်းဆုံး ဖြစ်ပြီး သူသည် ရီဖေးစစ်သူကြီး လီကွမ်းရဲ့ နောက်မျိုးဆက်ဟုပင် မကြာခဏ ကြွားဝါခဲ့သည်။ သို့သော် အချိန်တွေကုန်လွန်ပြီး နှစ်ပေါင်းများစွာ တခြားသူတွေရဲ့ နှိမ့်ချခံရတယ်။ သူသည် စစ်မြေပြင်သို့ သွားရန် အခွင့်အလမ်း မရှိသည့်အပြင် သူ၏ စွမ်းဆောင်ရည်ပုံစံ မြှားပစ်စွမ်းရည်ကို ဂုဏ်သရေရှိသူများ အတွက် မျောက်ရှိုးတစ်ခုအဖြစ် မှတ်ယူထားကြတာကြောင့် လီကျင်လုံ ၎င်းတို့ကို အသုံးပြုရန် တွန့်ဆုတ်နေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ သူ၏ အရည်အချင်းများကို ဖော်ပြခြင်း မပြုတော့ဘဲ လီမိသားစု၏ ဇာစ်မြစ်ကို သက်သေ မပြနိုင်တော့ဘဲ ချန်အန်း၏ ရယ်မောစရာ ဖြစ်လာခဲ့သည်။ ဒီအချိန်မှာတော့ သူအရမ်း စိတ်လှုပ်ရှားနေပြီး သူ့လက်ကလည်း အနည်းငယ်တုန်နေတယ်။
ရှင့်ချင်နန်းတော်၏ နောက်ခန်းထိပ်တွင် မြေခွေးမိစ္ဆာသည် အန္တရာယ်ကို ခံစားရပုံပေါ်ပြီး မြင့်မားသော နံရံနောက်ကွယ်ရှိ အမှောင်ထုဆီသို့ လှမ်းကြည့်ကာ ခြေထောက်များကို မြှောက်၍ အနည်းငယ် ဆုတ်သွားခဲ့သည်။
"အရင်ပြန်သွားရအောင်လေ..." ဟုန်ကျွင့်က အမှောင်ထဲမှ တိုးတိုးလေး ပြောလေသည်။
"ခေါင်းဆောင်... ငါ့မှာ နောက်ထပ် နှစ်စင်းကျန်ပါသေးတယ်... ဒါနဲ့လည်း ပြဿနာရှိမှာ မဟုတ်ပါဘူး"
လီကျင်လုံသည် အသက်ပြင်းပြင်းရှူရင်း ရှည်လျားသော လေးကို ဆွဲထုတ်ကာ ဟုန်ကျွင့်ကို ဘေးတိုက် လှည့်ကြည့်လိုက်သည်။ သူ့ကို ကြည့်လိုက်စဥ် ဓားပျံ၏ကြွေများကို နူးညံ့စွာ တိုက်မိသွားသည့် အသံကိုပါ ကြားလိုက်ရသည်။
တခဏချင်းမှာပဲ လီကျင်လုံ ကြိုးကို ပြတ်ပြတ်သားသား ဖြေလျော့လိုက်ပါ၏။
မြှားတစ်စင်းသည် တိတ်တိတ်ဆိတ်ဆိတ် ပျံထွက်သွားပြီး နန်းတော်အတွင်း လမ်းပိတ်ဆို့နေသော မိုးမခပင်များကို ဖြတ်သွားကာ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ မြှားသည် ကြယ်လေးတစ်ပွင့်ကဲ့သို့ ပြေးထွက်သွားကာ ခြေလှမ်းတစ်ရာ အကွာက အသံလည်း တိတ်သွားလေသည်။ မြေခွေးမိစ္ဆာက ဝမ်းဗိုက်တွင် အပစ်ခံရကာ သွေးများထွက်နေပြီ။
ခဏတာမျှ ညည်းသံကို မကြားရတော့တဲ့အခါ လီကျင်လုံ မောပန်းစွာ သက်ပြင်းချလိုက်ပြီး ဟုန်ကျွင့်ကို နောက်တစ်ကြိမ် ကြည့်လိုက်တော့ သူ့မျက်လုံးများတွင် အပြစ်ရှိစိတ်များ အပြည့်ဖြင့်။
"ငါ မလေ့ကျင့်တာကြာပြီ... ငါ့လက်တွေက နည်းနည်း တင်းနေတယ်"
လီကျင်လုံက လေးလေးနက်နက် မျက်မှောင်ကြုတ်ကာ စိုးရိမ်စိတ်များ ပြည့်နှက်နေပြီး သူ့လက်ထဲက လေးကို နှစ်ပိုင်းခွဲပစ်လိုက်ချင်သည်။ အားလုံးက ခေါင်းဆောင်ဒီက ကောင်းကောင်း လုပ်ခဲ့တယ် နှစ်သိမ့်ပေးခါနီးမှာပဲ မြေခွေးသည် နန်းတော်ခေါင်မိုးတစ်လျှောက် လှိမ့်ဆင်းလာခဲ့သည်။
ရေကန်ထဲ တစ်ခုခု ပြုတ်ကျသွားသလို ရေသံတွေ မြည်နေသည်။
“ထိသွားတာလား” မော့ရစ်ကန်း အံ့အားသင့်စွာပြောသည်။
ဟုန်ကျွင့်: "ထိသွားပြီလား... ငါဝင်ပြီး ရှာကြည့်မယ်"
ဟုန်ကျွင့်လည်း ချိတ်ကို ချက်ချင်းထုတ်လိုက်ပြီး ခြံဝင်းနံရံသို့ တက်သွားကာ လူတိုင်းသည် လီကျင်လုံကို ထိတ်လန့်စွာ ကြည့်နေကြသလို လီကျင်လုံမှာလည်း ခဏတာမျှ စကားပင် မပြောနိုင်ခဲ့ပေ။
"မင်း တွေ့ပြီဆိုတာနဲ့ ချက်ချင်း ပြန်ထွက်လာခဲ့!" လီကျင်လုံက အမိန့်ပေးလေသည်။
ခဏအကြာတွင် ဟုန်ကျွင့်သည် တတိယမြေခွေးကို ပစ်ချကာ တံတိုင်းအပြင်ဘက် ပြန်ရောက်လာခဲ့သည်။ မြေခွေးမိစ္ဆာမှာ ညာဘက်ရင်ဘတ်ကို မြှားဖြင့် ပစ်သတ်ခံရကာ သေဆုံးနေပြီ ဖြစ်တာကို တွေ့လိုက်ရသည်။ လီကျင်လုံလည်း သက်ပြင်းတစ်ချက်ချကာ ပြုံးလိုက်သည်။
"မင်းကို ပြန်ရှာပေးမယ်လို့ ကတိပေးထားတဲ့ ဓားပျံ ပြန်ရပြီ"
လီကျင်လုံ လူတိုင်းရှေ့မှာ ဒီလိုအပြုံးမျိုး ဘယ်တုန်းကမှ မပြုံးခဲ့ဖူးသလို လူတိုင်းမှာလည်း သူ့ကို ကြည့်ပြီး နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ အားထိုက်နဲ့ ချိုးယုံစစ်မှာလည်း ပါးစပ်အဟောင်းသားဖြင့်။
"ခေါင်းဆောင်.... မင်းပြုံးလိုက်ရင် အရမ်း ကြည့်ကောင်းတာပဲ...အမြဲတမ်း ရုပ်တည်ကြီး လုပ်မနေပါနဲ့..."
လီကျင်လုံလည်း သဘာဝမကျစွာ ချောင်းဆိုးပြီး အေးစက်စွာ ပြောလိုက်သည်။
"သွားကြရအောင်.... ငါတို့ပြန်ပြီး ဆွေးနွေးကြည့်ရအောင်"
အားလုံးက လီကျင်လုံနောက်က လိုက်၍ နတ်ဆိုးနှင်ဌာနသို ပြန်လာခဲ့သည်။