【Volume 2 : လက်ထောက်လေး ၀၆】
Chapter 29
"ကိုယ် ဒီခေါင်းစဉ်တစ်ခုကို ဖတ်ပြီးတာနဲ့ မနက်စာ သွားစားကြမယ်လေ"
ကျန်းကျင်ယန်နှင့် မနက်စာအတူစားသည်က သာမန်အဆန်ဆုံး ကိစ္စဖြစ်သော်လည်း ကျန်းယွီချွမ်းက အရေးကြီး ကိစ္စလို ပြောလိုက်သည်။
"စာမျက်နှာ နည်းနည်းပဲ ကျန်တော့တာ။ မြန်ပါတယ်"
ကျန်းကျင်ယန် ငြင်းပယ်ဖို့ အကြောင်းပြချက် ရှညမရခဲ့ဘူး။ ထို့ကြောင့် မနက်စာ မစားသော်လည်း ရိုးရိုးသားသား ခေါင်းသာ ညိတ်ပြလိုက်သည်။
"ကောင်းပါပြီ မစ္စတာကျန်း"
သေလိုက်ပါတော့.. နောက်တစ်ခါဆို အပြင်မထွက်ခင် ရက်ရာဇာ ကြည့်ခဲ့ဖို့ သတိထားရမယ်..
ကျန်းယွီချွမ်း သူ့ကို စူးစိုက်ကြည့်ပြီး စကားမပြောတော့ပေ။ ထို့နောက် ဆက်ပြီး စာဖတ်ကာ မှတ်စုတွေ ထုတ်နေလိုက်သည်။
သူ စာရေးနေသည့် ပုံစံက အတော် ကောင်းမွန်သည်။ ကျောကို ဖြောင့်ကာ ပုခုံးများလည်း တည့်မတ်နေသည်။ လက်တစ်ဖက်က ဘောပင်ကိုင်ထားပြီး ကျန်တစ်ဖက်က စာရွက်ကို ဖိထားသည်။ လက်ချောင်းများက ရှည်လျား တည်ငြိမ်ကာ လက်ဆစ်များလည်း သေးငယ်လှသည်။ အသားအရေမှာလည်း ဖြူနေ၍ ကြည့်လိုက်ရုံနှင့်တင် ဂရုစိုက်ထားသော လက်ဖြစ်ကြောင်း ထင်ရှားနေသည်။ လူတကာ ကြည့်ပျော်ရှုပျော် ဖြစ်ရသည်။
စာရေးနေသောကြောင့် ကျန်းယွီချွမ်း သူ့ အင်္ကျီလက်ကို တစ်ဝက်ခေါက်တင်ထားကာ လက်မောင်း အနည်းငယ်ကို မြင်နေရသည်။
ကျန်းကျင်ယန် မတတ်နိုင်ဘဲ ကျန်းယွီချွမ်း၏ လက်ကို စိုက်ကြည့်နေမိသည်။
ဝိုး ဒါက ငါ မငြင်းဆန်နိုင်တဲ့ အင်္ကျီလက် ခေါက်တင်တဲ့ အကွက်ပဲ...
အမှန်ပင်။ အချိုးအစားကျသော လက်ဖျံက ကြွက်သားတွေ၊ ချောမွေ့နေသည့် အရိုးတည်ဆောက်ပုံ၊ မှိန်ဖျော့ဖျော့ မြင်ရနေသည့် အပြာရောင်သွေားကြောများ၊ ခေါက်တင်ထားသော အင်္ကျီလက် စတာတွေ အားလုံးက ကျန်းကျင်ယန်၏ "ယောက်ျားတွေ မတော်တဆ ထုတ်ဖော်မိသော ဆွဲဆောင်မှုများ" စာရင်းထဲတွင် အဆင့်တစ်ချိတ်လေသည်။
ဒုတိယကတော့... "မင်းရဲ့ လက်ချောင်းတွေနဲ့ နက်ကတိုင်ကို ဖြေလျော့ကာ ညှပ်ရိုး တစ်စွန်းတစ်စ ပေါ်လာခြင်း"......
တတိယတစ်ခုက...."ခေါင်းကိုမော့ပြီး ရေသောက်ရင် ပေါ်လာသော အပေါ်အောက် ရွေ့လျားနေတဲ့ လည်စလုတ်".....
ကျစ် မတတ်နိုင်ပေမဲ့လည်း...အချစ်ရဲ့အရသာကို ခံစားကြည့်ချင်တယ်..
ကျန်းကျင်ယန် အရူးအမူးတွေးနေစဉ် ကျန်းယွီချွမ်း စာရေးနေသည်မှာ ခဏရပ်သွားသည်။ ထို့နောက် အင်္ကျီလက်အနားသားကို ခေါက်တင်လိုက်ကာ လက်ဖျံကို ပေါ်လွင်သွားစေခဲ့သည်။ ခေါက်တင်ပြီးသွားသည်နှင့် လက်ချောင်းများက နက်ကတိုင်ကို ဆွဲကာ ကော်လန်ကို ဖြေလျော့လိုက်၍ ညှပ်ရိုးက ပေါ်လာခဲ့သည်။ ထိုအရာနှစ်ခုကို အမှတ်မထင်လုပ်လိုက်ပြီးတော့ ကျန်းယွီချွမ်း စားပွဲခုံပေါ်က တစ်ဝက်ကျန်နေသာ ရေသန့်ကို ခေါင်းမော့ကာ သောက်လိုက်၍ သူ၏ လည်စလုတ်မှာ အပေါ်အောက် ရွေ့ချားနေခဲ့သည်။
တစ်မိနစ်အတွင်းမှာပင် ကျန်းကျင်ယန်၏ G-spot ကို သုံးကြိမ်ဆက်တိုက် မြန်မြန်နှင့် အတိအကျထိသွားလေသည်။ သူ မထိန်းထားနိုင်တော့မလိုတောင် ဖြစ်သွားသည်။
ဝါး...ဒီလိုလက်ဖျံ....ညှပ်ရိုးနဲ့ လည်စလုတ်...
ငါ တကယ်ကြီး သွားလျှက်လိုက်ချင်တယ်.....သေစမ်း တွေးတာ ရပ်လိုက်တော့..
ရေဆာနေသည့် ရေခဲတောင်ကြီးက သူ၏ ကိုယ်ပိုင် အတွေးတွေကြောင့် ထိတ်လန့်သွားသည်။
သေလိုက်ပါတော့.. ငါယောက်ျားတွေနဲ့ ပတ်သတ်ပြီး ရူးသွားတာလား.. ငါတကယ်ကြီး ဒီ အကြံသမား အပေါ် ထပ်ခါထပ်ခါ စိတ်ကူးယဉ်မိသွားတယ်ပေါ့...
ကျန်းယွီချွမ်းကတော့ ဘာမှ မဖြစ်သလို ဟန်ဆောင်ကာ ကျန်းကျင်ယန်ကို တစ်ချက်တောင် လှည့်မကြည့်ဘဲ စာဆက်ရေးနေခဲ့သည်။
ဒါပေါ့ အစကတည်းက ဘာမှကို မဖြစ်ခဲ့တာလေ...
ကျန်းကျင်ယန်တစ်ယောက် ကျန်းယွီချွမ်း၏ သိမ်မွေ့သော ဖြားယောင်းသွေးဆောင်မှုကြောင့် နှောင့်ယှက်ခံလိုက်ရပြီး စိတ်ထဲ အကုန်ရှုပ်ထွေးသွားသည်။ သူ မနေ့က ရေကန်အထဲမှာ ဖြစ်တုန်းကလို အရိုင်းဆန်တဲ့ sex မြင်ကွင်းများ ပွဲကြည့်စင်အတွင်းတွင် ထပ်မံစိတ်ကူးယဉ်မိတော့မလို ဖြစ်သွားသည်။
ထို့ကြောင့် သူ ကျန်းယွီချွမ်းကို ဆက်မကြည့်ရဲတော့ဘဲ ပြတင်းပေါက်အပြင်က ရေကန်အလယ်တွင်ရှိသော ပွဲကြည့်စင်ကိုသာ အေးစက်စက်မျက်နှာဖြင့် အကြည့်လွှဲထားလိုက်သည်။ ရေကန်အတွင်းက ပွင့်လန်းနေသော ကြာပန်းတွေကို စူးစိုက်ကြည့်နေသော်လည်း ရင်ထဲတွင်တော့ သူ့ကိုယ်သူ ပြန်ဆူနေခဲ့သည်။
ကျန်းကျင်ယန် ဘယ်မှာလဲ မင်း အရမ်း ဂုဏ်ယူနေခဲ့တဲ့ ကိုယ့်ကိုကိုယ် ထိန်းချုပ်တဲ့စိတ်က...ဟမ်...
ငါးမိနစ်ကြာပြီးနောက် ကျန်းယွီချွမ်း စာအုပ်နှင့် မှတ်စုစာအုပ်ကို ပိတ်ကာ မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
“သွားကြရအောင် ကိုယ် အခန်းသုံး ဖတ်လို့ ပြီးသွားပြီ”
ကျန်းကျင်ယန် တည်ငြိမ်စွာ ပြန်ကြည့်လိုက်သည်။
“အို..”
အာ ငါ မနေ့က အခန်းသုံး တစ်ဝက်ပဲ ဖတ်လိုက်ရသေးတယ်...
သေပါတော့...လက်ထောက်က ပြန်သွားလိုက်လား... ငါတကယ်သိချင်တယ်..
ကျန်းယွီချွမ်းက သူ့ကို တည်ငြိမ်စွာ ကြည့်၍ ရုတ်တရက်ပြောလိုက်သည်။
“ဒုတိယ ဇာတ်လိုက်နဲ့ လက်ထောက်တို့ အတူသွားကြတယ်...”
ကျန်းကျင်ယန် အံ့ဩသွားသည် : .......
ဟားဟား... အမှိုက်လိုဇာတ်ကွက်ကြီး ငါ့ငယ်ရွယ်မှုကို ဖျက်ဆီးပြီးတော့ လိင်စိတ်တမ်းညွှတ်မှုကို ရှုပ်ထွေးအောင်လုပ်တယ်... အဲ့ စာရေးဆရာက တစ်သက်လုံး အသားမဲနေလိမ့်မယ်.....
ကျန်းယွီချွမ်း၏ အကြည့်ကို ခံစားမိသောကြောင့် ကျန်းကျင်ယန် ချက်ချင်း ရှုပ်ထွေး၍ အပြစ်ကင်းစင်သော အမူအရာဖြင့် ခြောက်သွေ့စွာ ရယ်မောပြလိုက်သည်။
“ဟားဟား.... အဲ့ဒါက ဝတ္ထုထဲပါတဲ့ ဇာတ်ကွက်လား.. ကျွန်တော် နားမလည်ဘူး”
ကျန်းယွီချန်းက မရေရာဖြစ်စေသော အပြုံးနှင့် လှောင်ပြုံးလိုက်သည်။
ကျန်းကျင်ယန် : .......
ငါနဲ့ လာမရှုပ်စမ်းနဲ့ အမျိုးသားဇာတ်လိုက် နံပါတ်၂။ ဒီဇာတ်ကွက်က ငါ့ကို အခု စိတ်ညစ်အောင် လုပ်လိုက်တာပဲ။
သူတို့နှစ်ယောက်သား ဘေးချင်းကပ်ရပ် စားသောက်ဆိုင်သို့ ပျဉ်ခင်းလမ်းအတိုင်း လျှောက်သွားကြသည်။
ကျန်းယွီချွမ်းက အရှေ့ကနေ စာအုပ်ကို ကိုင်ပြီး လမ်းလျှောက်နေသည်။
အမှန်ဘဲ။ သူ ဒီကနေ့ အရှေ့ကနေ လျှောက်ဖို့ ဆန္ဒရှိနေသည်။
ကျန်းကျင်ယန် ထိုလူ၏ နောက်ကျောကို ကြည့်ကာ အံကြိတ်လိုက်မိသည်။ : ......
မနေ့က ရေပူစမ်းမှာတုန်းက သူ့အရှေ့ကလျှောက်ရင် သေပါတော့မယ် ဆိုတဲ့ တစ်ယောက်ရော ဟုတ်သေးရဲ့လား....
မင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိတယ်ဆိုတာ အသိသာကြီးဘဲ....
အဲ့အချိန်မှာ ကျန်းယွီချွမ်း နောက်သို့ လှည့်လာပြီး သူ့ကို စူးစိုက်ကြည့်ကာ အံကြိတ်နေသော ကျန်းကျင်ယန်ကို စနောက်သော လေသံဖြင့် ပြောလိုက်သည်။
“မနက်စာစားပြီးရင် ကိုယ်တို့ ဘိလိယက် သွားကစားရအောင်”
ကျန်းကျင်ယန်က အံကြိတ်ထားသည်ကို ချက်ချင်း ဖြေလျော့လိုက်၍ အလျင်အမြန် ငြင်းလိုက်သည်။
“တောင်းပန်ပါတယ် မစ္စတာကျန်း။ ကျွန်တော် မကစားတတ်ဘူးဗျ”
သူထိုသို့ ပြန်ဖြေလာလိမ့်မည် ဆိုတာ ကြိုတွေးထားသော ကျန်းယွီချွမ်းက ပြန်ပြောလိုက်သည်။
“ကိုယ် မင်းကို သင်ပေးမယ်လေ”
ကျန်းကျင်ယန် ရက်စက်စွာ ထပ်ငြင်းလိုက်သည်။
“တောင်းပန်ပါတယ် မစ္စတာကျန်း။ ကျွန်တော် ဘိလိယက်ထိုးရတာ စိတ်မဝင်စားလို့ပါ”
ဟမ့် ဘယ်လိုတောင် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဥဣဋ္ဌလေးလဲ.....
“အို...”
ကျန်းယွီချွမ်း မျက်ခုံးပင့်ကြည့်လိုက်သည်။
“မင်း မနေ့ညက အတန်းဖော်တွေနဲ့ ဘိလိယက် ကစားဖို့ ချိန်းသေးတယ် မဟုတ်ဘူးလား”
ကျန်းကျင်ယန် အနည်းငယ် အံ့ဩသွားသည်။
“ခင်ဗျား ဘယ်လိုသိတာလဲ”
သူပြောဖူးတာလည်း မမှတ်မိပါဘူး။ ပြီးတော့ သူက စကားများတဲ့လူလည်း အဟုတ်ပေ။ ထို့ကြောင့် အသေးအဖွဲ့ ကိစ္စလေးတွေကို ပြောဖို့ဆိုတာက ရှားလွန်းတယ်။
ကျန်းယွီချွမ်းက တည်ငြိမ်စွာဖြင့် : “မင်းကိုယ်ဘာ့သာကိုယ် မင်းပြောနေတာလေ။ မနေ့က ကိုယ်နဲ့အတူ ရေပူစမ်းသွားလိုက်လို့ မသွားရဘူးမလား။ အဲ့တာ ဒီနေ့ လိုက်ပို့ပေးမလို့လေ”
ကျန်းကျင်ယန် တွေဝေသွားပြီး မနေ့က မှတ်ဉာဏ်တွေ ပြန်ခေါ်ဖို့ ကြိုးစားလိုက်သည်။
“ကျွန်တော် ပြောမိတယ်ဆိုတာ မမှတ်မိဘူး.....”
ကျန်းယွီချွမ်းက သူ အတွေးတွေပြန်စုနေသည်ကို နှောင့်ယှက်ပြီး ပြောလိုက်သည်။
“အကယ်၍ မင်းသာ မပြောပြဘူးဆိုရင် ကိုယ်က ဘယ်လိုလုပ် သိနေမှာလဲ”
ကျန်းကျင်ယန် : .......
အဲ့တာကဘဲ ထူးဆန်းနေတာလေ..
ဟမ့်, ဘယ်လို မှော်ပညာတွေနဲ့ ကျွန်တော့်ကို ပြုစားထားတာလဲလို့..ငကြောင် ဥဣဋ္ဌလေးရေ...
ကျန်းကျင်ယန်ဘက်က ညည်းညူတာပြီးသွားသည်နှင့် ကျန်းယွီချွမ်းဆီက သရော်ပြုံးတစ်ခု ပေါ်ပေါက်လာသည်။
ကျန်းကျင်ယန် ရုတ်တရက် ထိတ်လန့်သွားကာ သူ့ရင်ထဲ တစ်ခုခုပြောမိသေးလား ပြန်စဉ်းစားလိုက်သည် : ......
F**k
ဘာလို့ စိတ်မမှန်တဲ့ မစ္စတာကျန်းက သူ့ဘာသာသူ သရော်ပြုံးနေရတာလဲ..
ထို့ကြောင့် မနက်စာစားပြီးသည်နှင့် ကျန်းကျင်ယန်တစ်ယောက် ကျွန်းယွီချွမ်းနှင့်အတူ ဗီလာအတွင်းက ဘိလိယက်ခန်းမကို အံကြိတ်ကာ သွားလိုက်ရသည်။
ဖွင့်တဲ့အချိန်အတိအကျ မရောက်သေးသောကြောင့် ကစားတဲ့နေရာမှာ လူအနည်းငယ်ဘဲ ရှိနေ၍ သူတို့ နှစ်ယောက် ထောင့်နားက စားပွဲကို သွားလိုက်ကြသည်။
တစ်နာရီအတွင်းမှာတင် ကျန်းယွီချွမ်းတစ်ယောက် ဒုတိယအကြိမ် အင်္ကျီလက်ကို လိပ်တင်ကာ နက်ကတိုင်ကို ဖြေလျော့ပြီး ရေမော့သောက်လိုက်သည်။ သူ ကျန်းကျင်ယန်၏ G-spot သုံးခုကို တစ်ပြိုင်တည်း ထိလိုက်လေသည်။
ကျန်းကျင်ယန် : .....
ဒါရိုက်တာရေ ငါတော့ ဒုတိယဇာတ်လိုက်က ငါ့ကို ဖြားယောင်းနေတယ်လို့ ထင်တယ်..
ကျန်းယွီချွမ်းက သူ့ကို တစ်ချက်ကြည့်ကာ ဂိမ်းကို အရင်စလိုက်သည်။ သူ့ကြည့်ရတာ ဘိလိယက် ကစားရာ၌ အလွန်တော်မည့်ပုံပင်။ အကွက်တိုင်းက ကြိုတင်စီစဉ်ထားသလို ကျက်သရေရှိကာ နှစ်လိုဖွယ် ကောင်းနေသည်။ လေးလုံးဆက်တိုက် သွင်းပြီးသွားသည်နှင့် ကျန်းယွီချွမ်းက မှင်သက်နေသော ကျန်းကျင်ယန်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။
“အကွက် နည်းနည်း ကိုယ့်ကို ကစားပြကြည့်”
ကျန်းကျင်ယန်က ဘိလိယက် ကစားရာ၌ သိပ်မတော်ပင်။ ယခု အကြောင်းတစ်ချို့ကြောင့် ရှုပ်ထွေးနေသောကြောင့် သူ၏ လှုပ်ရှားမှုများသည် အမှားပေါင်းများစွာနှင့် မသေမသပ်ဖြစ်နေခဲ့သည်။ သူ ဆက်ပြီး ကစားခင်မှာပင် ကျန်းယွီချွမ်းက သူ့ဆီ ခြေလှမ်းလာကာ မှီချလိုက်၍ ဘိလိယက် ကစားနေသော ကျန်းကျင်ယန်ကို သူ့အောက်၌ ပိတ်မိသွားစေခဲ့သည်။ သူစကားပြောသောအခါ ပါးစပ်နှင့် သွားအကြားက ထွက်ပေါ်လာသော နူးညံ့တဲ့ လေသံက ကျန်းကျင်ယန်၏ အထိမခံသော နားကို ကလိထိုးနေသလိုပင်။
“ကိုယ်ဟန်အနေအထားက မှားနေတယ်။ ကိုယ်သင်ပေးမယ်..”
ခန္ဓာကိုယ်နှစ်ခုအကြား အဟလုံးဝ မရှိတော့အောင် သူတို့နှစ်ယောက် တင်းတင်းကျပ်ကျပ် ဖိကပ်ထားသည်။
ကျန်းကျင်ယန်၏ တံတွေးမျိုချသောအသံမှာ ကျာ်လောင်စွာ ထွက်ပေါ်လာသည်.....။
အမျိုးသား...အမျိုးသားဇာတ်လိုက် နံပါတ်၂.... မင်း..မင်း...မင်း မီးနဲ့ ကစား.....ကစားနေတာနော်.....
TK Team Chapter 29