Chapter 28
Viewers 2k

【Volume 2 : လက်ထောက်လေး ၀၅】


Chapter 28


အာရုံကို ပိုမဆွဲဆောင်စေရန်အတွက် ကျန်းကျင်ယန်သည် စကားတစ်ခွန်းမှ မပြောဝံ့ပေ။ သူသည် နေရာတွင် တိတ်တဆိတ် ထိုင်နေကာ ကျန်းယွီချွမ်းကို ဆေးလိမ်းခွင့်ပြုလိုက်သည်။


နှုတ်ခမ်းသေးသေးလေးက အနည်းငယ်ဆူနေကာ မည်သူ့ကိုမျှ မကြည့်ရဲသောမျက်လုံးများက ငုံ့ထားရင်း ထိုမျက်နှာသည် အလွန်စိတ်လှုပ်ရှားနေသော်လည်း တည်ငြိမ်ဟန်ဆောင်ထားကာ… ကျားက စိုက်ကြည့်နေသော ယုန်ဖြူလေးလိုပင်။


တစ်ခဏချင်းမှာပဲ မစ္စတာကျန်း၏အာရုံက နှစ်ဆတိုးလာသည်...


ကျန်းယွီချွမ်း၏အေးစက်စက်အကြည့်သည် ကျန်းကျင်ယန်၏မျက်နှာကို လွှမ်းခြုံသွားပြီး သူ့လက်များက ဆေးလိမ်းရာတွင် ပို၍သတိထားလာသည်။


“နာသေးလား” ကျန်းယွီချွမ်းက ဆေးလိမ်းပြီးနောက် မေးလိုက်သည်။


ခါတိုင်းလို အေးစက်စက်လေသံနှင့် မတူဘဲ ဒီစကားသုံးလုံးကိုပြောလိုက်သောအခါ သူ့လေသံက နူးညံ့သိမ်မွေ့နေသည်။


အမှန်မှာ ပွန်းပဲ့ဒဏ်ရာ အသေးစားနှစ်ခုသာရှိသည်။ သာမန်အခြေအနေများအောက်တွင် ကျန်းကျင်ယန်သည် ၎င်းတို့ကို ဒီအတိုင်းထားပြီး သက်သာပျောက်ကင်းစေလိမ့်မည်။ သူသည် ထိုကဲ့သို့ အဆင့်မြင့်မားသော ကုသမှုကို ခံယူလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် ဘောင်းဘီခြေထောက်များကို အမြန်ချလိုက်ပြီး ယဉ်ကျေးစွာ ပြောသည်။ “မနာတော့ပါဘူး။ ဒုက္ခပေးမိပြီ မစ္စတာကျန်း”


ကျစ်၊ ဒီအလိုလိုက်ခံရတဲ့ ထင်ယောင်ထင်မှားက ဘာဖြစ်တာလဲ…


ငါက ဇာတ်ပို့သရုပ်ဆောင်သက်သက်ပါ။


“ရပါတယ်” ကျန်းယွီချွမ်းသည် လက်ကျန်ဆေးကို ကုတင်ဘေး စားပွဲပေါ်တင်ကာ ငုံ့ကိုင်းပြီး ပြောလိုက်သည်။ “ဒါဆို…”


ကျန်းကျင်ယန်သည် သူထွက်သွားတော့မည်ဟု တွေးပြီး သက်ပြင်းချမိချိန်မှာ မမျှော်လင့်ဘဲ ကျန်းယွီချွမ်းသည် ဘေးနားတွင် ပစ်ချထားသော ‘နှလုံးသားခိုးယူထားသောလက်ထောက်’စာအုပ်ကို ကောက်ယူပြီး ပြောလေသည်။ “ဒီစာအုပ်ကို ငှားပေးလို့ရမလား”


ကျန်းကျင်ယန် မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်…


ခဏနေပါဦး၊ မင်းက ဂုဏ်သိက္ခာရှိတဲ့ဥက္ကဋ္ဌလေ၊ ဒီလိုစာအုပ်မျိုးကို ဘာလို့ငှားချင်ရတာလဲ။


ဒုတိယဇာတ်လိုက်ရေ... မင်းဇာတ်ကောင်က ပျက်စီးတော့မယ်။


“ဘာပဲဖြစ်ဖြစ်” ကျန်းယွီချွမ်းက အလေးပေးပြောသည်။ “မင်းမဖတ်ဘူးမလား”


ကျန်းကျင်ယန်က လေးနက်စွာဆိုသည်။ “ကျွန်တော် သေချာပေါက် မဖတ်ပါဘူး”


ငါ အခုလေးတင်မှ စိတ်လှုပ်ရှားစရာအခန်းကို မြင်လိုက်ရတာ ကောင်စုတ်ရဲ့။ လက်ထောက်လေးက ဒုတိယဇာတ်လိုက်ဥက္ကဋ္ဌလက်ထဲကနေ အောင်အောင်မြင်မြင် လွတ်မြောက်ပြီး လွှမ်းမိုးခြင်းဥက္ကဋ္ဌဆီ ပြန်သွားပြီလားဆိုတာ ငါမမြင်ရသေးဘူး။


မင်းငါ့ကို ဒီညတစ်ညလုံး နိုးစေချင်နေတာလား။


သို့သော်လည်း ကျန်းယွီချွမ်းသည် သူ့လက်ထဲကစာအုပ်ဖြင့် မတ်တတ်ရပ်ပြီး တံခါးဆီကို သွားနေပြီဖြစ်သည်။ သူ့လက်ထဲက စာအုပ်ကို ခါပြပြီး ပြောလိုက်သည်။ “သုံးရက်နေရင် ကိုယ်မင်းကို ပြန်ပေးမယ်”


ကျန်းကျင်ယန်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “မစ္စတာကျန်း အချိန်ယူပြီးဖတ်ပါ။ ပြန်ပေးဖို့ အလျင်မလိုပါနဲ့”


ဒါပေမဲ့ ငါ့ရင်တွေ ပူလောင်နေတယ်…


အားးးးး ငါဖတ်လို့မပြီးသေးဘူး၊ ငါ့ကိုပြန်ပေးစမ်း။ ငါ့ကိုပြန်ပေးစမ်း၊ ငါ့ကိုပြန်ပေးစမ်း အားးးးး။


ကျန်းယွီချွမ်းကို လိုက်ပို့ပြီးနောက် အဖော်ပြုရန် ဘာမျှမရှိသော ကျန်းကျင်ယန်သည် ဒေါသတကြီး ခုတင်အစွန်းတွင်ထိုင်ကာ စာအုပ်ကိုယူသွားသော ကျန်းယွီချွမ်းကို သူ့ရင်ထဲတွင် ဆဲဆိုနေပြီး သူ၏တက်ကြွမှုက အားလျော့လာသည်…


သူ့ဒေါသကို ဖြေဖျောက်ပြီးနောက် ကျန်းကျင်ယန်သည် တံခါးဘေးရှိ နံရံရှေ့တွင် ရပ်ကာ အိပ်ရာမဝင်မီ ညတိုင်းလုပ်လေ့ရှိသော လေ့ကျင့်ခန်းကို စတင်လုပ်ဆောင်ခဲ့သည်။


နောက်ခြေထောက်မြှောက်ခြင်း ရှစ်ကြိမ်ကိုမှ၊ ခြေထောက်တစ်ချောင်းစီအတွက် ဆယ်ကြိမ်၊ စုစုပေါင်း အကြိမ်နှစ်ဆယ်ဖြစ်သည်။


အချိန်အကြာကြီး မဆုတ်မနစ်ကြိုးစားပါက တင်ပါးသေးသေးလေးများသည် လုံးဝန်းတောင့်တင်းကာ လိုက်လျောညီထွေဖြစ်ပြီး ဂေးများအတွက် မသင်မနေရ သင်တန်းတစ်ခုဖြစ်သည်။


ကျန်းကျင်ယန်သည် နံရံကိုထောက်ကာ လေ့ကျင့်ခန်းလုပ်ရင်း တိတ်တိတ်လေး သူ့အတွက်သူ လက်ခုပ်တီးလိုက်သည်။


တစ် နှစ် သုံး လေး ငါး ခြောက် ခုနစ် ရှစ်....


တစ် နှစ် သုံး လေး ငါး ခြောက် ခုနစ် ရှစ်....


လက်ခုပ်တီးနေစဉ် ကျန်းမာရေးနည်းပြဆရာ၏ လေသံကိုလည်း တုပပြီး စိတ်ထဲမှာ တိတ်တိတ်လေးရေရွတ်ရင်း ကိုယ့်ကိုယ်ကိုယ် လှုံ့ဆော်ခဲ့သည်...


လုပ်စမ်း။ နောက်ထပ်ဆယ်ကြိမ်ပဲ။ ကိုးကြိမ်။ အရမ်းကောင်းတယ် ဆွဲဆောင်မှုရှိပြီး ပိုကြည့်ကောင်းမဲ့တင်ပါးအတွက်ပဲ။ မြင့်မြင့်မြှောက်လိုက်။ မင်းတင်ပါးက ကြွက်သားတွေ ပြင်းပြင်းထန်ထန် အလုပ်လုပ်နေတာကို ခံစားကြည့်။ ကောင်းတယ် ဒါက အရမ်းဆွဲဆောင်မှုရှိတယ်။


ယခုအချိန်တွင် ကျန်းကျင်ယန်နှင့် တံခါးတစ်ချပ်သာခြားထားသော စင်္ကြံတွင်…

 

ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်၏ အခန်းတံခါးဝတွင် နံရံကို မှီ၍ ရပ်ကာ စာအုပ်ကို ကိုင်ထားပြီး လက်ပိုက်ထားလေသည်။ သူသည် တစ်စုံတစ်ခုကို ဂရုတစိုက်နားထောင်နေသကဲ့သို့ သူ့နားရွက်များက အနည်းငယ် လှုပ်ယမ်းသွားသည်။


သို့သော် ယခုအခါ အလွန်နောက်ကျနေပြီး စင်္ကြံက အလွန်တိတ်ဆိတ်နေသည်။


သူဘာကိုနားထောင်နေသလဲမသိချေ။


ထိုအချိန်တွင် စားပွဲထိုးတစ်ယောက်သည် ဖြတ်သွား၍ ဧည့်ခန်းတံခါးဝတွင် ရပ်နေသော ကျန်းယွီချွမ်းကိုတွေ့လိုက်ကာ နှုတ်ဆက်ချင်လေသည်။ “ကျန်း…”

 

ကျန်းယွီချွမ်းသည် သူ့လက်ညှိုးကို မြှောက်ကာ တိတ်တိတ်နေရန် အမူအရာလုပ်ပြလေသည်။


စားပွဲထိုးသည် နှုတ်ဆိတ်နေပြီး မျက်နှာနီရဲကာ သတိကြီးကြီးနှင့် လျှောက်သွားသည်။


“ဟူး…” အိပ်ရာမဝင်ခင် သူ့လေ့ကျင့်ခန်းတွေပြီးသွားတော့ ကျန်းကျင်ယန်သည် ကိုယ်လုံးပေါ်မှန်ရှေ့ကို လှည့်ပြီး ကျေနပ်စွာ သူ့တင်ပါးကို ပွတ်သပ်လိုက်သည်။


တကယ့်ကို လုံးဝိုင်းပြီး လှတာပဲ။


မစ္စတာကျန်းက ငါ့ကို အမြဲသတိထားမိတာ အံ့ဩစရာမရှိပါဘူး။


စင်္ကြံမှာ ကျန်းယွီချွမ်းသည် သဘောကျစွာ ခေါင်းယမ်းရင်း သူ့အေးစက်စက် လှပသော မျက်လုံးများတွင် အပြုံးခပ်ရေးရေး ပေါ်လာသည်။


စက္ကန့်အနည်းငယ်ကြာပြီးနောက် သူလှည့်ထွက်သွားပြီး သူ့သားရေဖိနပ်က ကော်ဇောထူထူပေါ်တွင် အသံမထွက်ချေ။


နောက်နေ့မနက် ခြောက်နာရီခွဲတွင် ကျန်းကျင်ယန်သည် တုံ့ဆိုင်းစွာ မျက်လုံးဖွင့်လိုက်သည်။


ရှားရှားပါးပါး အားလပ်ရက်မှာ သူသည် မူလက မြေကြီးပြိုကျအောင် အိပ်ချင်သော်လည်း တစ်နှစ်ပတ်လုံး စောစောထတတ်သော အလေ့အကျင့်ကို မွေးမြူထားသည့် သူ၏ဇီဝနာရီက မနက်ခြောက်နာရီမှာ အချိန်မှန် အိပ်ရာနိုးစေခဲ့သည်။ နာရီဝက်လောက် အိပ်ရာပေါ်မှာလှဲနေသော်လည်း သူ မအိပ်နိုင်ပါ။


ကျန်းကျင်ယန်သည် ရှုပ်ယှက်ခတ်နေသော ဆံပင်များကို ကုတ်ကာ အိပ်ယာမှထရင်း ထူထဲသောကန့်လန့်ကာများကို ဖွင့်ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်သည်။


ပြတင်းပေါက် အပြင်ဘက်တွင် အလွန်နူးညံ့သော ရေကန်ငယ်တစ်ခု ရှိသည်။ တိမ်များမှ ဖြာကျလာသော နေရောင်ခြည်သည် ပျဉ်ခင်းသောလမ်းနှင့် ရေကန်ဘေးရှိ ပန်းပွင့်လေးများကို နွေးထွေးသောအရောင်ဖြင့် ဆေးဆိုးစေသည်။ မနက်ခင်းလေညင်းတိုက်ခတ်မှုက ကန်ရေပြင်ကို ဖြတ်သန်းရင်း လန်းဆန်းပြီး အနည်းငယ်စိုစွတ်သော အပင်ရနံ့က သူ့မျက်နှာသို့ ယူဆောင်လာသည်။


အသက်ပြင်းပြင်းရှူပြီး သူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေအားလုံး အသက်ရှင်နေတယ်ဆိုတာကို ခံစားပြီးနောက် ကျန်းကျင်ယန်သည် ရေကန်တစ်လျှောက် လမ်းလျှောက်ထွက်ပြီး မနက်စာစားရန် ဆုံးဖြတ်လိုက်သည်။


ကျန်းကျင်ယန်သည် ပေါ့ပေါ့ပါးပါး အဝတ်အစားများ ၀တ်ဆင်ပြီး ရေကန်ဘေးရှိ ပျဉ်ခင်းလမ်းပေါ်တွင် အေးအေးလူလူ လမ်းလျှောက်ရင်း သစ်ပင်များပေါ်ရှိ ငှက်ကလေးများ၏ တေးဆိုသံကို နားထောင်နေသည်။ ရေကန်အလယ်က အဆောက်အအုံတွင် ရင်းနှီးသောပုံသဏ္ဌာန်ထိုင်နေတာကို သူ မမြင်တွေ့ခင်အထိ အရာအားလုံးက လှပနေခဲ့သည်။


လခွမ်း ငါသွားလေရာရာ ဒီကောင်ကိုပဲ တွေ့နေရတယ်။


ကျန်းကျင်ယန်သည် စိတ်ထဲမှာ မကျေမနပ် ကျိန်ဆဲလိုက်ပြီး နောက်လှည့်ကာ ထွက်သွားသည်။


ငါ ဘာသံမှမထွက်သလို ကျန်းယွီချွမ်းက ဒီဘက်ကိုတောင် မကြည့်ဘူး...


ဒါကြောင့် သူ သိစရာအကြောင်းမရှိဘူး ဟားဟား။


“မင်္ဂလာနံနက်ခင်းပါ လက်ထောက်ကျန်း” ရုတ်တရက် ရေကန်အလယ်ရှိ အဆောက်အအုံ၏ဦးတည်ရာမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။


တစ်ဝက်လောက် လှည့်လိုက်သော ကျန်းကျင်ယန်သည် အဆင်မပြေစွာ သူ့ခန္ဓာကိုယ်ကို ပြန်လှည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်္ဂလာနံနက်ခင်းပါ မစ္စတာကျန်း” 


သို့သော်လည်း ကျန်းယွီချွမ်းသည် နောက်ပြန်လှည့်မကြည့်ဘဲ ရေကန်အလယ်ရှိ အဆောက်အအုံက ကျောက်ခုံတန်းပေါ်တွင်ထိုင်ကာ ကျန်းကျင်ယန်ကို ကျောခိုင်းထားဆဲဖြစ်ပြီး သူ့လက်ကို ကျောက်စားပွဲရှေ့တွင် တင်ကာ စာရေးနေပုံရသည်။


ကျန်းကျင်ယန်: “…”


ဒီကောင်က သူ့ခေါင်းနောက်ဘက်မှာ မျက်လုံးတွေများရှိနေတာလား ဒါမှမဟုတ် တစ်ခုခုများလား။


“မစ္စတာကျန်း အလုပ်ဆက်လုပ်ပါ။ ကျွန်တော် ရေကန်ဘေးမှာ လမ်းလျှောက်လိုက်ဦးမယ်” ကျန်းကျင်ယန်သည် ခဏလောက် နှုတ်ဆိတ်နေခဲ့ပြီး ကျန်းယွီချွမ်းက သူ့ကို ခေါ်ရန် ရည်ရွယ်ချက်မရှိတာကိုမြင်တော့ အကြောင်းပြချက်တစ်စုံတစ်ရာကို တွေးလိုက်သည်။


ကျန်းယွီချွမ်းက အေးစက်စက်ပြောလိုက်သည် “ဒီကိုလာခဲ့”


“…” ကျန်းကျင်ယန်သည် လျှောက်သွားရန်ကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။


ဒုတိယဇာတ်လိုက်က ခွင့်ပြုချက်မရှိဘဲ နောက်ထပ်ဒရမ်မာခန်းထပ်ထည့်မယ်လို့ ငါခံစားချက်ရနေတယ်။


ဟားဟား ဂနာမငြိမ်တဲ့ကောင်။


ကျန်းကျင်ယန်သည် ပျဉ်ခင်းလမ်းအတိုင်း ရေကန်အလယ်ရှိ အဆောက်အအုံဆီသို့ လျှောက်သွားသည်။


ရေကန်အလယ်တွင် ကျောက်စားပွဲတစ်ခုနှင့် ကျောက်ကုလားထိုင်လေးခုရှိသည်။


ကျန်းယွီချွမ်းသည် လက်ထဲတွင် ဘောပင်တစ်ချောင်းကိုကိုင်ကာ မှတ်စုစာအုပ်တစ်အုပ်တွင် မှတ်စုများကို အလွန်အလေးအနက် လျင်မြန်စွာ ရေးနေပြီး စားပွဲပေါ်တွင် ဖြန့်ထားသော စာအုပ်တစ်အုပ်ရှိနေသည်။


ကျန်းကျင်ယန် အနီးကပ်ကြည့်လိုက်တော့ သူ့မျက်နှာက စိမ်းဖန့်သွားသည်: “...”


သေစမ်း ဒါက ‘နှလုံးသားခိုးယူထားသောလက်ထောက်’ပဲ။


ဒုတိယဇာတ်လိုက် မင်းရူးနေတာလား။ မင်းက လွှမ်းမိုးခြင်းဥက္ကဋ္ဌရဲ့ ဝတ္ထုကိုဖတ်ရင်း မှတ်စုတွေယူနေတာလား။


“ထိုင်လေ” ကျန်းယွီချွမ်းသည် သူနှင့်ဆန့်ကျင်ဘက် ကျောက်ကုလားထိုင်ကို လက်ပြပြီး ရှင်းပြသည်။ “ဒီမှာ စာဖတ်ရတာ ကိုယ်သဘောကျတယ်။ တိတ်ဆိတ်တယ်လေ” 


ကျန်းကျင်ယန်က သူ့ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ “...”


ကျန်းယွီချွမ်းက ဆက်ပြောသည်။ “ကိုယ်က စာဖတ်တဲ့အခါ မှတ်စုရေးတတ်တဲ့ အလေ့အကျင့်ရှိတယ်”


ကျန်းကျင်ယန်က ဂရုမစိုက်သလို ကြည့်နေသည်။ “မစ္စတာကျန်းမှာ အလေ့အကျင့်ကောင်းရှိတာပဲ”


ငါနားလည်ပြီ။


ဒီအကြံအစည်နဲ့ ယုတ်မာတဲ့မစ္စတာကျန်းက စာအုပ်ထဲက ဒုတိယဇာတ်လိုက်ရဲ့လှည့်ကွက်တွေကို သင်ယူပြီး အဖြူရောင်‌ပန်းလေးကို အပိုင်သိမ်းဖို့ အသုံးချချင်နေတာဖြစ်မယ်။


TK Team Chapter 28