Chapter 19
Viewers 2k

【Volume 1 : ဆင်းရဲခြင်းနတ်ဘုရားလေး ၁၉】


Chapter 19


စူးချုံ၏အမှတ်တရများကို နားထောင်ပြီးနောက် လင်ဖုက ခံစားချက်သိပ်မကောင်းချေ။


"အဲဒီလူက… တကယ်တော့ မင်းပေါ့။" စူးချုံကို ရင်ဆိုင်တိုင်း အမြဲတမ်း တည်ငြိမ်သောအမူအရာရှိသည့် လင်ဖုသည် သူ့လက်ကို နဖူးပေါ်တင်ရင်း သူ၏အနည်းငယ် နီရဲနေသောပါးများကို သူ့လက်မောင်းများဖြင့် ဖုံးအုပ်ပြီး ရှက်ရွံ့စွာ ပြောသည်။ "ကိုယ်က မြေပြင်ပေါ်ကနေ ဘူးအလွတ်ကိုကောက်ပြီး မင်းကို ပေးလိုက်သေးတာပေါ့။"


ဥက္ကဋ္ဌလင် သူ့ချစ်သူကို ပေးခဲ့သော ချစ်ခြင်းမေတ္တာသင်္ကေနှစ်ခုက ရေများနှင့်ရောထားသော သဲပုံစံခွက်နှင့် ပလပ်စတစ်ဘူးအလွတ်နှစ်လုံးဖြစ်သည်။ နောက်ပိုင်းမှာ အသံများဝေဝါးနေသော ပုံစံဟောင်းမိုဘိုင်းဖုန်းနှင့် တစ်ပတ်ရစ်တီဗီတို့က 'ဆင်းရဲခြင်း' ဆိုသောစကားလုံးကို တိုက်ရိုက်ထိမှန်နေသည်…


"မင်းကရှက်နေတာလား။ မလိုပါဘူး။" စူးချုံသည် လင်ဖု၏လက်မောင်းမဖုံးထားသော တခြားဘက်သို့ လျှောက်သွားကာ သူ့ကို အပြုံးဖြင့် ကြည့်ရင်း အနည်းငယ်ရှက်ကိုးရှက်ကန်းကို ပြသနေပြီး ရိုးသားစွာ ပြောသည်။ "မင်းက အမှိုက်လာကောက်တဲ့ သူစိမ်းတစ်ယောက်ကို အရမ်းကြင်နာတတ်တယ်လေ။ မင်းက အရမ်းသဘောကောင်းတယ်လို့ ငါထင်တယ်။"


လင်ဖုသည် အသက်ရှူထုတ်ပြီး သူ၏ပုံမှန်မိမိုက်ပြီး လွှမ်းမိုးသောအခြေအနေကို ချက်ချင်း ပြန်ရောက်သွားသည်။ သူက မျက်ခုံးပင့်ပြီး စူးချုံကို ပြုံးပြရင်း ပြောလေသည်။ "အဲဒီနေ့ကစပြီး မင်းကိုယ့်ကို ပိုသဘောကျသွားတာပေါ့။"


စူးချုံသည် ‌သူ့မျက်လုံးများကို အောက်ချပြီး အနည်းငယ် ခေါင်းညိတ်ပြသည်။ "အင်း။"


"ချိုချဉ်" လင်ဖုသည် စူးချုံ စုဆောင်ထားသော ‌ဘူးအဝိုင်းထဲက ချိုချဉ်များကို ဆော့ကစားရင်း "ဒါက မင်း‌ သေမျိုးကမ္ဘာကိုရောက်လာတော့ ပထမဆုံးစားခဲ့ဖူးတဲ့ အစားအစာဖြစ်ပြီး ကိုယ်မင်းကို ကျွေးခဲ့တာလေ။"


"အဲဒါကြောင့် ငါအရမ်းကြိုက်တာ။" စူးချုံက တိုးတိုးလေး ဝန်ခံလိုက်သည်။


အဲဒါက ပါးစပ်ထဲမှာ ချိုမြိန်နေသလို ခံစားရတယ်။


အခု ငါ့ပါးစပ်ထဲမှာ ချိုချဉ်မရှိပေမဲ့ အရမ်းချိုနေတုန်းပဲ… ဆင်းရဲခြင်းနတ်ဘုရားလေးသည် သူ့မျက်လုံးများက အနည်းငယ် ရှုပ်ထွေးသောအကြည့်ဖြင့် တွေးလိုက်သည်။


လင်ဖုသည် အလွန်ညှစ်လို့ကောင်းမည့်ပုံရသော သူ့ပါးပြင်ကို မနေနိုင်ဘဲ ညှစ်လိုက်ပြီး ပျော်ရွှင်စွာ ပြောသည်။ "ကိုယ့်ကိုအမှန်အတိုင်းပြော၊ မင်းကိုယ့်ကို တခြားဘယ်နေရာကနေ ချောင်းကြည့်သေးလဲ။"


"အများကြီးပဲ... " စူးချုံသည် သူ့လက်ချောင်းများကို တစ်ချောင်းချင်းရေတွက်ကာ သူ့မျက်လုံးများက အပြစ်ရှိစိတ်ဖြင့် လင်းလက်နေသည်။ "မင်းကျောင်းသွားကျောင်းပြန်တာကို ငါကျောင်းဂိတ်ပေါက်ကနေ ကြည့်တယ်၊ မင်းသင်တန်းသွားတာကြည့်တယ်၊ မင်းဘတ်စကတ်ဘောကစားတာ ကြည့်တယ်၊ မင်း အိမ်နားမှာ ခွေးနဲ့ လမ်းလျှောက်တာကို ကြည့်တယ်…"


လင်ဖုသည် စူးချုံနှင့် ဆင်တူသော ပုံသဏ္ဌာန်ရှိသည့် လူများကို ရှာဖွေရန် သူ၏အမှတ်တရများကို ပြန်လည်စဉ်းစားခဲ့သော်လည်း ဘာမှမတွေ့ခဲ့ပေ။


စူးချုံသည် စကားပြောလေလေ ယုံကြည်မှုနည်းလေလေ ဖြစ်လာသည်။ သူသည် စိုးရိမ်စွာ သူ့လက်များဖြင့် မျက်နှာကိုအုပ်ပြီး ယုန်ငယ်လေးကဲ့သို့ တိုးတိုးလေး ပြော‌သည်။ "ဒီလိုလုပ်တာက ငါ ဒဏ္ဍာရီလာ 'နှာဘူး' ဖြစ်လာမှာလား…"


လင်ဖုသည် ချစ်စဖွယ်ကောင်လေးကြောင့် နှာဘူးအဖြစ်သို့ ပြောင်းလဲသွားတော့မည်ဟု ရုတ်တရက် ခံစားလိုက်ရသဖြင့် ချက်ချင်း ပြောလိုက်သည်။ "အင်း"


စူးချုံက စိတ်ပျက်အားငယ်စွာကြည့်လိုက်သည်။ "ထင်ထားသလိုပဲ…"


လင်ဖု၏မျက်လုံးများသည် စူးချုံ၏အင်္ကျီအိတ်နှစ်ခုဆီသို့ လှည့်လာပြီး သူက အဓိပ္ပါယ်ရှိစွာ ပြုံးပြလိုက်သည်။ "ဒါဆို မင်းကိုယ်နဲ့အတူ အမြန်လာပြီး အိပ်ရာအသစ်ကို စမ်းကြည့်ပါလား။"


"ဟမ်..." စူးချုံလည်း မတုံးချေ။ သူသည် မျက်တောင်ခတ်ပြီး ရှုပ်ထွေးစွာ မေးလိုက်သည်။ "တကယ်တော့ ဒီလိုမျိုးနှာဘူးမရှိဘူးမလား။"


လင်ဖုသည် ရယ်မောလိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ စူးချုံကို လှမ်းဆွဲကာ ဘေးတိုက် ပွေ့လိုက်သည်။


ကုတင်ပေါ်တွင် အိပ်ရာခင်းထားပြီးဖြစ်သည်။ ခဏတာကြောင်သွားပြီးနောက် စူးချုံသည် လွတ်လမ်းမရှိဘဲ အိပ်ရာပေါ်တွင် လေးလံစွာ ဖိခံထားရသည်။


လင်ဖုသည် ခေါင်းငုံကာ သူ့နှုတ်ခမ်းကို နမ်းလိုက်သည်။ အနမ်းတွင် ပြင်းပြခြင်းမရှိဘဲ စိတ်ရှည်မှုနှင့် နူးညံ့မှုများသာ ပါဝင်နေသည်။ သူ့လျှာဖျားသည် သူ၏နှုတ်ခမ်းနှင့် သွားများကို ဖြတ်ကျော်သွားကာ စူးချုံ၏တောင့်တင်းနေသော ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပြေလျော့သွားသည်အထိ အသာအယာ ပွတ်သပ်ကာ စူးစမ်းနေလေသည်။ လင်ဖု၏အနမ်းပြင်းပြင်းများက တိုးလာသည်။ အနမ်းကြောင့် အခန်းတွင်း အပူချိန် ဒီဂရီ အနည်းငယ် တိုးလာပုံရသည်။


အတန်ကြာနမ်းပြီးနောက် လင်ဖုသည် စူးချုံ၏အင်္ကျီအိတ်ကို ဖွင့်ပြီး ကွန်ဒုံဘူးကို ထုတ်လိုက်သည်။ သူဖွင့်လိုက်ပြီး ၎င်းက အပေါစားပုံစံဖြစ်ကြောင်း သိလိုက်ကာ လမ်းတစ်ဝက်တွင် ပေါက်သွားခြင်းမှ တားဆီးရန် ဒီဇိုင်းထုတ်ထားသောကြောင့် ဖြစ်နိုင်သည်…


လင်ဖုသည် လက်နှစ်ချောင်းဖြင့် တစ်ခုကို ကောက်ယူပြီး စူးချုံ၏မျက်လုံးရှေ့တွင် ဝှေ့ယမ်းပြကာ အနည်းငယ် ဆိုးရွားသောအပြုံးဖြင့် ပြောလိုက်သည်။ "ဒီနေ့ နှစ်ဘူးစလုံးသုံးရအောင်။"


"ကောင်း-ကောင်းပြီ…" စူးချုံသည် ရှက်လွန်း၍ ဘာမှမတွေးနိုင်တော့ပေ။ သူသည် နံရံကို စိုက်ကြည့်ပြီး လင်ဖု၏ညွှန်ကြားချက်များကို နာခံသည့်အခြေအနေကို ရောက်သွားသည်။


"ကလေးလေး" လင်ဖုသည် သူ့နဖူးကို ချစ်စဖွယ် နမ်းလိုက်ပြီး သူ့အဝတ်များကို စတင်ချွတ်လေသည်။ "‌ဘူးထဲက ဆယ့်နှစ်ခုရှိတယ်။ မင်းယောက်ျားကို ပင်ပန်းပြီးသေအောင် သတ်ပစ်နေတာလား။"


"အိုး… ဆယ့်နှစ်ခု…" လင်ဖုက သူ့အင်္ကျီနှင့် ဆွယ်တာကို ချွတ်နေစဉ် စူးချုံက စိတ်ရှုပ်နေသည်။ ဤအခိုက်အတန့်တွင် သူ့ခါးပတ်ကို ပတ်ထားဆဲဖြစ်သည်။ သူ့ခေါင်းက ရှုပ်ပွနေပြီး ဆယ့်နှစ်ခုဆိုတာ ဘာကိုဆိုလိုသည်ကို သူခက်ခက်ခဲခဲ စဉ်းစားနေရသည်။


နောက်ဆုံးအလွှာအဝတ်ကို ချွတ်ရန်ကျန်သောအခါ စူးချုံသည် စောင်ထဲသို့ လျင်မြန်စွာ တွားသွားရင်း ကြက်ဥကြော်ကဲ့သို့ နီရဲနေသော သူ့မျက်နှာကိုသာ ဖော်ထုတ်ပြီး လက်နှစ်ဖက်က စောင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။


လင်ဖုသည် ညင်သာစွာပြုံးပြီး သူ့အဝတ်အစားများကို စတင်ချွတ်လေသည်။ သူသည် ပုံမှန်အားဖြင့် ကွက်တိကျမှုကို အထူးအာရုံစိုက်သည်။ သူ အဝတ်အစားများဝတ်သောအခါ သူ၏ပိန်ပါးရှည်လျားသောခါး၊ ဖြောင့်စင်းသောခြေထောက်များက ချောမောသောလူငယ်တစ်ယောက်အဖြစ် ထင်ဟပ်‌နေသည်။ သူ အဝတ်အစားများချွတ်လိုက်သောအခါ အဆီလုံးဝမရှိဘဲ အချိုးအစားကျသော ကြွက်သားတွေချည်းသာ ရှိသည်။ သူ၏ဝမ်းဗိုက်နှစ်ဖက်စလုံးကနေ အနက်ရောင်အဝတ်၏အောက်ခြေအထိ နက်နက်နဲနဲချဲ့ထွင်ထားသော ရေသူမလိုင်းများက လူတွေကို မျက်‌စိမလွဲနိုင်အောင် ပြုလုပ်လေသည်။


လင်ဖုသည် စောင်ကိုမပြီး အထဲသို့ဝင်လိုက်သည်။ သူတို့နှစ်ဦးသည် ကိုယ်ဗလာဖြစ်လုနီးပါးဖြင့် ပူးကပ်နေကြသည်။ စူးချုံ၏မျက်လုံးများက အလွန်စိတ်လှုပ်ရှားနေကာ စက္ကန့်တိုင်း တစ်နေရာတည်းကိုသာ စိုက်ကြည့်နေသည်။ လင်ဖုသည် သူ့ကို စူးစိုက်ကာ ချစ်ခင်စွာ ကြည့်နေပြီး စောင်အောက်က သူ့လက်သည် မရိုးသားသောကြောင့် စူးချူံကို နူးညံ့စွာ အော်ဟစ်စေသည်။


"ကိုယ့်ကို ယောက်ျားလို့ခေါ်" လင်ဖုက သူ့လက်များဖြင့် ပြဿနာရှာလေသည်။


စူးချုံသည် ရေထဲက ငါးတစ်ကောင်လို တွန့်လိမ်နေပြီး တောင်းပန်လေသည်။ "ခဏနေဦး… မင်းတခြားနေရာ အရင်ထိလို့မရဘူးလား… ငါအရင်ဆုံး ကျင့်သားရအောင် လုပ်ဦးမယ်…"


"ကောင်းပြီ" လင်ဖုသည် စိတ်အခြေအနေကောင်းနေပြီး စူးချုံ၏ရှက်ရွံ့သောအကြည့်ကို အရသာခံနေသည်။ သူက သူ့နားထဲကို တိုးတိုးပြောလိုက်သည်။ "ကိုယ့်ကို အရင်ဆုံး ယောက်ျားလို့ခေါ်ရင် ကိုယ်အချိန်ယူပေးမယ်။"


စူးချုံသည် သူ့နှုတ်ခမ်းကို သပ်လိုက်ပြီး ကြောင်လေးလို အသံတိုးတိုးခေါ်လိုက်သည်။ "ယောက်ျား…"


အလွန်ဆိုးသော မစ္စတာလင်သည် သူ့နားရွတ်များကို ကုတ်ပြီး ဖြည်းညှင်းစွာ ပြောသည်။ "ဟမ်…"


စူးချုံသည် ရွေးချယ်စရာမရှိတော့ဘဲ လင်ဖု၏နားသို့ သူ့ခေါင်းကိုကပ်ပြီး သူ့အသံကို အနည်းငယ်မြင့်ကာ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။ "ယောက်ျား…"


"…လိမ္မာတယ်။" လင်ဖု၏စိတ်ဝိညာဉ်သည် ရုတ်ခြည်း တစ်စစီဖြစ်သွားကာ စူးချုံကို ဝံပုလွေတစ်ကောင်ကဲ့သို့ အိပ်ရာပေါ်သို့ တွန်းချလိုက်သည်။ နုပျိုပြီး ရှက်ရွံ့သော ရှောင်ချုံလေးသည် အလွန်အရသာရှိပြီး ပုံမှန်အားဖြင့် ကိုယ့်စည်းကမ်းနှင့်ကိုယ်နေသော လင်ဖုပင် သူ၏တိုးပွားလာသောဆန္ဒကို မထိန်းချုပ်နိုင်တော့ပေ။ လူကို မဖော်ပြနိုင်အောင် ထပ်ခါထပ်ခါ ပြုလုပ်စေသည်။


နီရဲနေသော ဖုန်မှုန့်များနှင့် တရွေ့ရွေ့ ရွေ့လျားနေသော နှစ်များတစ်လျှောက် အပြစ်ကင်းစင်သော ဤမျိုးစေ့သည် ကံကြမ္မာ၏ လမ်းညွှန်မှုအောက်တွင် မြေပြင်မှ ပေါက်ထွက်သွားပြီး နောက်ဆုံးတွင် စိုက်ပျိုးသူနှင့် ပြန်လည်ဆုံတွေ့ကာ လေးလံသောပန်းများပြည့်နေသည့် သစ်ပင်တစ်ပင်တွင် ပွင့်လန်းလာခဲ့သည်။


TK Team Chapter 19