အခန်း ၁၉
ယခုညနေဆိုလျှင် ယဲ့မုန့်ယောင် ချင်းရွှေရွာ ကိုရောက်ပြီး ဟန်မိသားစုနှင့်အတူ ညစာစားခဲ့သည်မှာ တစ်လကျော်ကြာလေပြီ။ ဒီလထဲတွင် မုန့်ယောင်က ဆယ်ရက်ကျော် ဂျင်းစိုက်ခဲ့ရပြီး ကျန်ဆယ်ရက်တွင်ကန်စွန်းဥစိုက်ပျိုးခဲ့သည်။ ဤခေတ်တွင် ဆန်က မလုံလောက်သည့်အတွက် သူမက ကန်စွန်းဥကိုသာ အဓိကအစားအစာအဖြစ် စားခဲ့ရသည်။
တပ်စုက ကန်စွန်းဥကို အထူးလိုအပ်ချက်ရှိရာ ကန်စွန်းဥများစွာ စိုက်ပျိုးရန် လိုအပ်နေသည်။ ကန်စွန်းဥစိုက်ပျိုးရန်အတွက် မြေများကျန်ရှိသေးပြီး အကုန်မစိုက်ပျိုးနိုင်သေးချေ။
“ယောင်ယောင်
မနက်ဖြန် မြို့ဈေးကို သွားမလို့လား”
ဟန်ရှုယောင်က မေးလိုက်သည်။
မြို့ဈေးက ခုနစ်ရက်တစ်ခါ ကျင်းပရာ
မနက်ဖြန်က ခုနစ်ရက်မြောက်နေ့ ဖြစ်သည်။
မြို့ထဲကိုသွားသည့်လမ်းက ခရိုင်ရုံးသွားသည့် လမ်းနှင့်အတူတူပင်ဖြစ်၏။ တစ်ခဏမျှ လမ်းလျှောက်ပြီးလျှင် လမ်းခွဲတစ်ခုတွေ့ရကာ ထိုလမ်းက မြို့ထဲကို ဦးတည်နေသည်။ မြို့အတွင်း ထဲသို့သွားသည့်ခရီးက ပိုတိုပြီး ခရိုင်ရုံးသွားသည့် အချိန်၏တစ်ဝက်သာ ကြာလေသည်။
“ညီမ မြို့က စာတိုက်ရုံးကိုသွားမယ်
အမေတို့ကိုလည်း ဖုန်းဆက်ချင်တယ်”
ယဲ့မုန့်ယောင်က ပြန်ဖြေသည်။
နောက်တစ်နေ့ မြို့ကိုရောက်ပြီးတဲ့နောက်
စာတိုက်တွင် စာပို့ရန် ဟန်ရှုယောင်ကို အကူအညီတောင်းခဲ့သည်။
“မင်း ဖုန်းခေါ်ချင်တယ်ဆိုရင်
ကိုယ်တို့ စာတိုက်ကိုပဲ သွားကြစို့
မင်းပြောမှပဲ အန်တီပိုင်တို့က
ဒီနေ့ ကိုယ့်ယူနစ်ကို ဖုန်းဆက်ပြီး
ယောင်ယောင် ဘာလို့ သူတို့ကို ဖုန်းမဆက်တာလဲလို့
မေးခဲ့သေးတယ်”
ဟန်ရှုယောင်က ပြောလိုက်သည်။
“ယောင်ယောင်
စာတိုက်သွားတဲ့အခါ သမီးတောင်ပေါ်က
ရှာတွေ့ခဲ့တဲ့ မှိုတွေ၊ ကန်စွန်းရွက်တွေ၊ ဝါးမျှစ်တချို့ကို သမီးမိဘတွေဆီပို့ပေးလိုက်နော်”
ကျန်းလင်းက ပြောလိုက်သည်။
“အမေလည်း ဟန်ရှုယောင်နဲ့ သမီးတို့ အဖွဲ့ခြောက်ယောက်အတူ တောဟင်းသီးဟင်းရွက်တွေ ရှာဖို့
တောင်တွေကို သွားမယ်”
"အို့ ကောင်းပါပြီ”
ယဲ့မုန့်ယောင်က ထူးမခြားစွာ ပြောလိုက်သည်။
ရွာတွင် အသီးအရွယ်ခူးရန် ဘယ်နေရာသို့ သွားသွား ပိုက်ဆံပေးစရာမလိုချေ။
ယဲ့မုန့်ယောင်တို့ ညစာစားပြီးသွားချိန်မှာ
ကျန်ယင်းယင်း၊ လီမင်ဟွေ့နှင့် ရှန်ရိယင်းတို့ ရောက်လာကြသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူတို့ခြောက်ယောက်က ညနေတိုင်း စကားပြောရန် သို့မဟုတ် တောဟင်းသီးဟင်းရွက်များ ရှာရန် အတူတူသွားခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အတူနေထိုင်ပြီးနောက် သူတို့ကသူငယ်ချင်းကောင်းများ ဖြစ်လာခဲ့ကြသည်။
လူအချို့က ခြံထဲက ကန်စွန်းဥများကို စားရင်း စကားပြောနေကြသည်။ ဟန်ရှုယောင်က ယနေ့ ဝယ်လာသည့် ကန်စွန်းဥများကို စားရင်း မနက်ဖြန် မြို့ထဲမှ ဈေးကို အတူတူသွားရန် သဘောတူခဲ့ကြပြီးနောက် ကျန်ယင်းယင်းတို့က ပြန်သွားကြသည်။
နောက်တစ်နေ့ မနက်စာစားပြီးနောက် လီမင်ဟွေ့နှင့်ရှန်ရိယင်းတို့က တစ်ယောက်တစ်လှည့် စက်ဘီးတွန်းလာပြီး ကျန်ယင်းယင်းတို့ မိန်းကလေးနှစ်ယောက်က နောက်က လိုက်လာကြသည်။ သူတို့လေးယောက်က ဟန်အိမ်တွင် ဆုံရန်သွားကြသည်။
ရွာတွင် နွားလှည်းများရှိပြီး မြို့ထဲကိုသွားလိုလျှင်တစ်ယောက် နှစ်ဆင့်သာ ပေးရသည်။ သူတို့က နှစ်ဆင့်ပေးရန် နှမြောတာကြောင့်မဟုတ်ဘဲ။ နွားလှည်းက သတ်မှတ်ထားသည့် အချိန်နောက်ပိုင်းရောက်လျှင် ပြန်သွားလိမ့်မည်ဖြစ်ပြီး အထူးအခြေအနေမရှိလျှင် လူကို ကြာကြာစောင့်နေမည် မဟုတ်ချေ။ အကယ်၍ စက်ဘီးဖြင့် သွားမည်ဆိုရင် မည်သည့်အချိန်မဆို ပြန်လာလို့ရသည်။
ယဲ့မုန့်ယောင်က ဟန်ရှုယောင်၏ စက်ဘီးနောက်တွင်ထိုင်ပြီး သူတို့လေးယောက်ကို ကြည့်လိုက်သည်။ သူမ လီလော့ယန်သည် ရှန်ရိယင်းဘက်သို့တန်းတန်းမတ်မတ် လျှောက်သွားသည်ကို မြင်လိုက်သည်။
သူမက စာအုပ်ထဲမှာ ဖော်ပြထားသည့်အတိုင်း အမျိုးသားဇာတ်လိုက် နှင့် အမျိုးသမီးဇာတ်လိုက်တို့က ယခုအချိန်တွင် တစ်ယောက်နှင့် တစ်ယောက် ခံစားချက်ရှိနေပြီဆိုတာ သတိရသွားသည်။ ဤသည်ကို မြင်သောအခါ ကျန်ယင်းယင်းက လီမင်ဟွေ့နှင့်သာ ထိုင်နိုင်တော့သည်။
လီမင်ဟွေ့က သူ၏အစ်မ ပါသွားတော့မည်ဆိုတာကို မသိခဲ့ပါချေ။ သူက လီလော့ယန် သူနှင့် ကျန်ယင်းယင်းအတွက် အခွင့်အရေး ဖန်တီးပေးနေသည်ဟု ထင်ပြီး ပျော်ရွှင်စွာ ပြုံးလိုက်၏။ ထို့နောက် သူတို့က ခရိုင်မြို့ကို သွားခဲ့ကြသည်။
ခရိုင်မြို့သို့ ရောက်ပြီးသည့်နောက် သူတို့က ယဲ့မုန့်ယောင်နှင့် ကျန်ယင်းယင်းတို့နောက်ကို လိုက်ပြီး စာတိုက်သို့ ပစ္စည်းပို့ရန် သွားခဲ့ကြသည်။ ကျန်ယင်းယင်းကလည်း သူမ လွန်ခဲ့သည့် ရက်အနည်းငယ်က ရှာတွေ့ခဲ့သည့် တောဟင်းသီးဟင်းရွက်များကို သူမ၏မိသားစုထံ ပြန်ပို့ချင်ခဲ့သည်။
စာကတော့ အိမ်ကတည်းကရေးထားခဲ့ပြီး စာတိုက်ကိုပဲ ပို့လိုက်သည်။ စာအား ဝန်ထမ်းများကို ပေးလိုက်ရုံသာ အချက်အလက်များ အကုန်ဖြည့်ပြီး ပိုက်ဆံပေးရသည်။
ယဲ့မုန့်ယောင်က ဖုန်းနှင့် ဖုန်းခေါ်ရန်ဘေးဖက်ကို ထွက်သွားသည်။ ကျန်ယင်းယင်းက စာတစ်စောင်ပို့လိုက်ပြီး ဖုန်းမခေါ်ခဲ့ချေ။ ယနေ့ခေတ်တွင် ကြီးမားသည့် ယူနစ်များတွင်သာ ဖုန်းရှိတတ်သည်။ လူများက ဖုန်းခေါ်ချင်လျှင် ပိုက်ဆံပေးရသည်။
တစ်ခါခေါ်လျှင် တစ်ဆင့်ကျသင့်ပြီး အလွန် စျေးကြီးသောကြောင့် မည်သူမှ ဖုန်းမခေါ်ကြချေ။ အရေးကြီးသည့်အကြောင်းအရာ တစ်ခုခုရှိမှ သို့မဟုတ် ပိုက်ဆံကို ဂရုမစိုက်သည့် သူဌေးများသာခေါ်တတ်ကြသည်။
ယဲ့ချင်ဖုန်း၏အထည်စက်ရုံတွင် တယ်လီဖုန်းနှစ်လုံးရှိသည်။တစ်လုံးက ဘုတ်ခန်းမှာရှိပြီး နောက်တစ်လုံးက ယဲ့ချင်ဖုန်း၏ရုံးခန်းထဲတွင်ရှိသည်။ ယဲ့မုန့်ယောင်က ယဲ့ချင်ဖုန်း၏ ရုံးခန်းထဲမှ ဖုန်းကို ခေါ်လိုက်သည်။
ဖုန်းက မြန်မြန်ဆန်ဆန်ပဲ ကိုင်လိုက်ပြီး ယဲ့ချင်ဖုန်း၏အသံက တစ်ဘက်ကနေ ထွက်ပေါ်လာခဲ့သည်။
“ဟယ်လို”
“ဖေဖေ သမီးပါ”
ယဲ့မုန့်ယောင်က ယဲ့ချင်ဖုန်း အသံကို ကြားရတော့ အလွန်ပျော်နေခဲ့သည်။
“ယောင်ယောင်
ဘာလို့ အခုမှဖုန်းဆက်ရတာလဲ”
ယဲ့မုန့်ယောင် ဖုန်းဆက်ခြင်းကြောင့် ယဲ့ချင်ဖုန်းက အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
သူ၏ဘေးတွင် ရပ်နေသည့် ပိုင်ယွင်က ယဲ့မုန့်ယောင် ဖုန်းခေါ်ကြောင်း သိသည့်အခါ စိတ်လှုပ်ရှားစွာနှင့် ယဲ့ချင်ဖုန်းထံလျှောက်သွားသည်။ သူမ၏ ဘေးရှိ လူ၏လက်ထဲက ဖုန်းကို ဆတ်ကနဲ ဆွဲယူသွားသည်။
“ယောင်ယောင် ရွာမှာ အဆင်ပြေရဲ့လား”
ပိုင်ယွင်က စိုးရိမ်တကြီး မေးသည်။
“မေမေ စိတ်မပူပါနဲ့
သမီး ဒီမှာအားလုံး အဆင်ပြေပါတယ်
မေမေနဲ့ ဖေဖေ သမီးအတွက် စိတ်ပူစရာမလိုပါဘူး”
ယဲ့မုန့်ယောင်က ပြန်ဖြေလိုက်သည်။
“ဒါနဲ့ မေမေက
ဘာလို့ ဒီနေ့ ဆေးရုံကို
အလုပ်သွားမလုပ်တာလဲ”